နီဖန်းကျိုးနှင့် ကျင်းယွမ်ကျန်း
Vol. 17 Ch. 256
စတုတ္ထအဆင့်၏ ကျန်ရှိသော ပြိုင်ပွဲများသည်လည်း စိတ်လှုပ်ရှားဖွယ် တိုက်ပွဲများအဖြစ် ဆက်လက်ဖြစ်ပေါ်ခဲ့သည်။
ပြိုင်ပွဲဝင်အများစု၏ အင်အားအရှိဆုံးသူနှင့် အနိုင်ရနိုင်မည့် သူများအကြား ကွာဟမှုကို အလွယ်တကူ သတိပြုမိနိုင်သော်လည်း အနည်းဆုံး တစ်မိနစ်မပြည့်ခင် ပြီးဆုံးသွားသည့် တိုက်ပွဲများထက်တော့ ပိုမိုကြည့်ကောင်းလှသည်။
တစ်ပွဲကိုသာ ချန်ထားရလျှင် ၎င်းသည် ချူကျီယန်၏ တိုက်ပွဲပင် ဖြစ်သည်။
သူမ၏ ပြိုင်ဘက်သည် သုံးချက် လှုပ်ရှားမှုပင် မခံနိုင်ဘဲ ကျရှုံးသွားခဲ့သည်။ သို့ရာတွင် အစကတည်းက မည်သူမျှ မျှော်လင့်ချက်ကြီးကြီး မထားခဲ့ကြသောကြောင့် ပရိသတ်အများစုသည် အလွန် စိတ်ပျက်မနေခဲ့ကြသော်လည်း ပိုင်ရွှယ်ချင်းနှင့်ရွှေလျန်အာတို့၏ ပြိုင်ဘက်များ လျင်မြန်စွာ ကျဆုံးသွားချိန်ကလို မဟုတ်ခဲ့ပေ
သို့သော် အရေးမကြီးပေ
စတုတ္ထအဆင့်၏ နောက်ဆုံးတိုက်ပွဲသည် မကြာမီ စတင်တော့မည် ဖြစ်ပြီး ယင်းသည် ဤအဆင့်အတွင်း အမျှော်လင့်ဆုံးသော တိုက်ပွဲများထဲမှ တစ်ပွဲ ဖြစ်သောကြောင့်ပင် ဖြစ်သည်။
နီဖန်းကျိုးနှင့် ကျင်းယွမ်ကျန်း
၎င်းတို့သည် လူတိုင်း၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်လား?သို့မဟုတ် စိတ်ပျက်ဖွယ် တိုက်ပွဲတစ်ပွဲအဖြစ်သာ ပြီးဆုံးသွားမည်လား?
မကြာခင်မှာပင် အဖြေကို သိရတော့မည် ဖြစ်သည်။
လူနှစ်ဦးသည် ပြိုင်ပွဲစင်ပေါ်သို့ ခုန်တက်လာကြပြီး လှိုင်းနှစ်ခု တိုက်ခတ်သည့်အလား သူတို့၏ အာရုံစိုက်မှုများသည် တစ်ခါတည်း ထိပ်တိုက် ထိတွေ့သွားခဲ့သည်။
တစ်ဖက်မှာတော့ နီဖန်းကျိုး၏ အနက်ရောင်ဓားသည် သဲလွန်စမရှိသော တိတ်ဆိတ်မှုအောက်တွင် ချိတ်ထားသော်လည်း အရောင်အဝါသည် လေကို ဖြတ်တောက်နိုင်လောက်အောင် စူးရှလှ၏
အခြားတစ်ဖက်တွင် အရပ်ရှည်၍ ပခုံးကျယ်ပြန့်သူ ကျင်းယွမ်ကျန်း။ သူ့ လှံသည် အနီရောင် တောက်လောင်နေကာ သံရည်ပူထဲမှ ထုတ်လာသကဲ့သို့ပင်။
ပရိသတ်တစ်စုလုံး အသက်တောင် မရှုရဲကြပေ
အချိန်ခဏအတွင်း ဘာမှ မလှုပ်ရှားခဲ့
ပေ
ထိုအခိုက်
“စတင်”
ဒိုင်လူကြီး၏ လက်မောင်းသည် အောက်သို့ တစ်ချက် ချလိုက်သည်နှင့်တပြိုင်နက် ကျင့်ကြံသူ နှစ်ဦးစလုံးသည် အင်အားအပြည့်ဖြင့် ပေါက်ကွဲထွက်လာကြသည်။
သူတို့၏ ခြေအောက်ရှိ ကျောက်ပြားများသည် ချက်ချင်း ကွဲအက်သွားခဲ့သည်။
ချီသည် ထိတ်လန့်ဖွယ် လှိုင်းနှစ်ခုအဖြစ် ပြင်ပသို့ ပေါက်ကွဲထွက်လာပြီး တစ်ဖက်တွင် ဓားအလင်း၊ တစ်ဖက်တွင် မီးတောက်လောင်မှုဖြင့်သာ
“ဟား”
ချက်ချင်းပင် ကျင်းယွမ်ကျန်း၏ နောက်ဖက်တွင် ရွှေရောင်မီးတောက်တစ်ခု ပေါက်ဖွားလာပြီး ကောင်းကင်သို့ တက်သွားကာ သေးငယ်သော နေတစ်လုံးလိုပင် ဖြစ်နေ၏။
နီဖန်းကျိုးသည်လည်း လှုပ်ရှားလေ၏သူ၏ ဓားသည် အေးမြသည့် အလင်းတန်းဖြင့် တောက်ပလာကာ အပေါ်ဘက်သို့ တစ်ချက် ဖြတ်ထိုးလိုက်သည်။
မီးပင်လယ်ကြီးသည် ချက်ချင်း နှစ်ပိုင်းကွဲသွားပြီး အန္တရာယ် မရှိသော မီးစက်သေးသေးများအဖြစ် ပြိုကွဲသွားကာ သေဆုံးသည့် မီးတောက်များလို မြေပြင်သို့ ကျဆင်းလာခဲ့သည်။
ကျင်းယွမ်ကျန်း၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည်။ သို့သော် သူမတုန်လှုပ်ပေ
သူ၏ မီးတောက်များသည် ပြင်းထန်စွာ လိမ်ကွေးသွားပြီး အပေါ်တွင် မီးမြွေအကြီးတစ်ကောင်၏ ပုံသဏ္ဍာန်ကို ဖွဲ့စည်းလာခဲ့သည်။ ၎င်း၏ အော်သံသည် ပြိုင်ပွဲစင်ကို ဖုံးအုပ်ထားသော အကာအရံကိုပါ တုန်ခါစေခဲ့သည်။
မီးမြွေကြီးသည် နီဖန်းကျိုးဆီသို့ တိုက်ရိုက် ခုန်ဆင်းလာခဲ့သည်။
နီဖန်းကျိုး၏ ဓားသည် ကပြနေသလို လှုပ်ရှားလာခဲ့သည်။
တိကျသေချာသော လှုပ်ရှားချက်များဖြင့်
သူသည် မီးမြွေ၏ အလွှာတစ်ခုချင်းစီကို ဖြတ်တောက်သွားခဲ့ပြီး အစိတ်အပိုင်းလိုက် ဖျက်ဆီးသွားကာ နောက်ဆုံးတွင် မီးစက်များ၏ မုန်တိုင်းအဖြစ် ပြိုကွဲပျောက်ကွယ်သွားခဲ့သည်။
ပရိသတ်သည် ကြွေးကြော်အော်ဟစ်လာခဲ့သည်။
“အဲ့ဒီလို ထိန်းချုပ်နိုင်စွမ်းက…”
“ ကျင်းယွမ်ကျန်းရဲ့ အင်အားအမြင့်ဆုံး နည်းစနစ်ကို ဘာမှ မဟုတ်သလို လုပ်ပြနေတယ်”
သူတို့အားလုံးတွင် မကြာခဏ ခံစားဖူးသည့် ခံစားချက်တစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့သည်။ သူ၏ သန့်ရှင်းသပ်ရပ်လှသော နည်းစနစ်သည် အခြားတစ်ယောက်ကို မှတ်မိစေခဲ့သည်။
ကျင်းယွမ်ကျန်းလည်း ထိုအရာကို ခံစားမိခဲ့သည်။
ထိုသူက လင်းရွှမ်သာ
သို့သော် အနည်းငယ် ဂရုပြုကြည့်မည်ဆိုပါက နီဖန်းကျိုး၏ ထိန်းချုပ်နိုင်စွမ်းသည် လင်းရွှမ်ထက် အနည်းငယ် နိမ့်နေဆဲ ဖြစ်သည်။
သို့သော်လည်း သူ၏ ဓားနည်းစနစ်သည် အမှန်တကယ် အထင်ကြီးဖွယ် ဖြစ်သည်။
ကျင်းယွမ်ကျန်း၏ မီးတောက်များသည် သူ၏ ခန္ဓာကိုယ်ကို ပိုမို တင်းကျပ်စွာ ဝန်းရံလာပြီး သူကိုယ်တိုင်ပင် အသက်ရှင်နေသော မီးတောက်တစ်လုံးအဖြစ် ပြောင်းလဲသွားသည်။
သူ၏ လှံသည် မီးလောင်လာပြီး ထိုးချက်တစ်ချက်ချင်းစီသည် မီးတောင်ပေါ က်ကွဲသကဲ့သို့ နီဖန်းကျိုးဆီသို့ ထိုးချလိုက်သည်။
တိုက်ခတ်သံက ထွက်လာသည်။
ဘုန်း
ဓားသည် မီးနှင့်ထိတွေ့သွားသည်။ မီးပွါးများနှင့် လှိုင်းသက်ရောက်မှုများသည် ပြိုင်ပွဲစင်အနှံ့ ပျံ့နှံ့သွားခဲ့သည်။
နီဖန်းကျိုးသည် မရွှေ့လျားခဲ့ပေ။ သူ၏ ဓားသည် ရေလို လှုပ်ရှားလာပြီး ပေါက်ကွဲသည့် ထိုးချက် တစ်ချက်ချင်းစီအား လွယ်ကူစွာ ဖယ်ရှားပစ်ခဲ့သည်။
သူ၏ အခြေအနေသည် ဆန့်ကျင်ဘက်ကို ပိုမို ထင်ရှားစေခဲ့သည်— သူသည် အပြည့်အဝ ထိန်းချုပ်မှုအောက်ရှိ ဓားသမားတစ်ဦး၏ တည်ငြိမ်မှုဖြင့် လှုပ်ရှားနေသည်။
ကျင်း၏ ထိခိုက်ဒဏ်ရာရရှိနေသည့် စွမ်းအင်အခြေခံသည် နာကျင်မှုဖြင့် အော်ဟစ်နေသကဲ့သို့ ဖြစ်လာပြီး သူ၏ ပါးစပ်ထောင့်မှ သွေးစက်များ စီးကျလာခဲ့သည်။ သို့သော် သူ၏ မီးတောက်များသည် ပိုမို ပူလောင်လာခဲ့သည်။
သူ လက်မလွှတ်ခဲ့ပေ
အော်ဟစ်သံတစ်ချက်နှင့်အတူ သူသည် ချီကို
ဖျက်ဆီးမှု အပြည့်ဖြင့် တိုက်ခိုက်နိုင်မည့် နည်းလမ်းတစ်ခုအဖြစ် စုစည်းလိုက်သည်။
သူ၏ နောက်ဖက်တွင် မီးတောက်လောင်သည့် နေတစ်လုံး ပေါက်ဖွားလာခဲ့ပြီး မမြင်နိုင်လောက်အောင် အပူနှင့် ဖျက်ဆီးမှုစွမ်းအားများကို ဖြန့်ချိနေခဲ့သည်။
ပြိုင်ပွဲခန်းမသည် ၎င်း၏ ဖိအားအောက်တွင် တုန်ခါလာခဲ့သည်။
နေသည် အတွင်းသို့ ချုံ့ကာ နောက်တစ်ချက်တွင် ပေါက်ကွဲသွားပြီ
ကမ္ဘာကိုတောင် လောင်ကျွမ်းစေနိုင်သည့် မီးမုန်တိုင်းတစ်ခုအဖြစ် နီဖန်းကျိုးဆီသို့ တိုက်ရိုက် လှမ်းသွားခဲ့သည်။
ပထမဆုံးအကြိမ်အဖြစ် နီဖန်းကျိုး၏ မျက်လုံးများသည် အရေးကြီးသလို ထက်မြက်လာ၏
သူ၏ ဓားကို မြှောက်လိုက်သည်။
ခုတ်ချက် တစ်ခု ကျရောက်လာခဲ့သည်။
ထိုထိုးချက်သည် သန့်ရှင်းလွန်းသဖြင့် ကောင်းကင်နှင့် မြေပြင်ကိုတောင် ဖြတ်တောက်သွားသကဲ့သို့ ထင်မြင်စေခဲ့သည်။
မီးမုန်တိုင်းသည် နှစ်ပိုင်းကွဲသွားပြီး မီးတောက်သည် အန္တရာယ်မရှိသော အလင်းအစိတ်အပိုင်းများ အဖြစ် ပြိုကွဲသွားခဲ့သည်။
အလင်း ပျောက်ကွယ်သွားချိန်တွင်
နီ၏ ဓားသည် ကျင်းယွမ်ကျန်း၏ လည်ချောင်းရှေ့တွင် တိတိကျကျ ရပ်တန့်နေခဲ့သည်။
ပြိုင်ပွဲခန်းမတစ်ခုလုံး အေးခဲသွားခဲ့သည်။
ဒိုင်လူကြီးသည် အနိုင်ရသူကို ကြေညာရန် လက်ကို မြှောက်လိုက်သည်
သို့သော် သူ၏ စကားသံမဆုံးသေးခင်မှာပင် ကျင်းယွမ်ကျန်း၏ ခန္ဓာကိုယ်သည် မီးလောင်လာခဲ့သည်။
ပြင်းထန်သော ချီလှိုင်းတစ်ခုသည် သူ့ထံမှ ပေါက်ကွဲထွက်လာပြီး မီးတောက်များသည် ရူးသွပ်သော မီးငရဲတစ်ခုအဖြစ် လိမ်ကွေးသွားခဲ့သည်။
သူ၏ လှံတံသည် လောင်ကျွမ်းနေသော စုရပ်၏ ဖိအားအောက်တွင် ကွဲအက်ပြီး တုန်ခါနေသော်လည်း မီးပူပြင်းလှသော အလင်းရောင်ဖြင့် ထပ်မံ တောက်ပလာခဲ့သည်။
ပရိသတ်ထဲမှ အသက်ရှူသံများ ပေါက်ကွဲထွက်လာခဲ့သည်။
“သူ… သူ ထပ်ပြီး လုပ်နေပြန်ပြီ”
“မဖြစ်နိုင်ဘူး.. ပထမအဆင့်ပြီးပြီးနောက်တောင် သူကနေတာအိုကျောက်တုံး တစ်ကြိမ် မီးလောင်ပြီးသား—ဒါတောင် ဘယ်လို ဆက်လုပ်နိုင်သေးတာလဲ”
အမှန်တော့ လင်းရွှမ်နှင့် ယှဉ်ပြိုင်စဉ်က သူသည် အနိုင်ရရန်အတွက် မိမိ၏ စွမ်းအင်စုရပ်ကိုပင် အလောင်းအစား လုပ်ခဲ့ပြီး မီးလောင်စေခဲ့ပြီးသား ဖြစ်သည်။
ထပ်မံ လုပ်ဆောင်ခြင်းသည် သေဆုံးခြင်းကို ကိုယ်တိုင် ခေါ်ယူခြင်းနှင့် မခြားပေ
သို့ရာတွင် ကျင်းယွမ်ကျန်း၏ မျက်လုံးများသည် သူ၏ မီးတောက်များထက်ပင် ပိုမို တောက်လောင်နေခဲ့သည်။
သူသည် အော်ဟစ်လိုက်ပြီး သူ၏ အသံသည် နာကျင်မှုကြောင့် တုန်ခါနေသော်လည်း မလှုပ်မယှက်သော ဆုံးဖြတ်ချက်ဖြင့် ပြည့်နေခဲ့သည်။
“ဒီနေရာမှာ… ငါ မကျရှုံးဘူး”
သူ၏ မီးတောက်များသည် ကောင်းကင်သို့ တက်လှမ်းလာကာ ဒုတိယ နေတစ်လုံးအဖြစ် စုစည်းလာခဲ့ပြီး သေဆုံးစေနိုင်၏
သူ၏ အသားအရေပေါ်တွင် ကွဲအက်မှုများ ပျံ့နှံ့လာပြီး မီးအလင်းရောင် အနည်းငယ် တောက်လောင်နေကာ သူ၏ ခန္ဓာကိုယ်သည် အတွင်းမှ စားသုံးခံနေရသကဲ့သို့ပင်
နီဖန်းကျိုး၏ မျက်ခုံးများ တွန့်ကွေးသွားသည်။ သူ့ဓားသည် တည်ငြိမ်နေသည့်တိုင် သူ့အကြည့်များက ထက်မြက်နေ၏
"ကျင်းယွမ်ကျန်း..တော်ပြီ။ ဒီမိုက်မဲမှုကို ရပ်လိုက်ပါ - နောက်ထပ်မတိုက်ခိုက်ပါနဲ့၊ မင်းကိုယ်မင်း ဖျက်ဆီးပစ်ရာ ကျလိမ့်မယ်။"
သူ့အူတိုင်ကို တစ်ခါ လောင်ကျွမ်းပြီးချေပြီ။ နောက်တစ်ကြိမ်တောင် တိုက်ခိုက်လို့မရပေ။
သို့တိုင် အံ့ဖွယ်နည်းဖြင့် သူတိုက်ခိုက်ခဲ့သည်။
အခု ထပ်လောင်ကျွမ်းဖို့လား? ၎င်းသည် မိမိကိုယ်ကိုသတ်သေမှုပင်
နီဖန်းကျိုးသည် သူ့ကို ရပ်တန့်ဖို့ ကြိုးစားခဲ့သည်။
သို့တိုင် ကျင်းက နားမထောင်ပေ
သူသည် ဟိန်းဟောက်ပြီး လှံကို ရှေ့ကိုထိုးလိုက်သည်။
ဒုတိယနေသည် မီးလျှံလှံအဖြစ် ပြိုလဲသွားပြီး ကွင်းကြမ်းပြင်ကို အရည်ပျော်သွားစေလောက်အောင် ဖျက်ဆီးနိုင်စွမ်းရှိ၏
ဝှူး
တစ်ဖန် ကျင်းယွမ်ကျန်းသည် သူ့တိုက်ခိုက်မှုကို စတင်လိုက်သည်။ နီဖန်းကျိုးကို ခုခံဖို့ အတင်းအကျပ်ခိုင်းစေခဲ့သည်။
ကလန့်! ကလန့်
တိုက်ပွဲသည် ပဲ့တင်ထပ်သွားချေသည်။ ဓားအလင်းရောင်သည် နေရောင်ကို ဆန့်ကျင်ပြီး ဖျက်ဆီးမှုမီးပွါးများသည် ဥက္ကာပျံကဲ့သို့ ပြန့်ကျဲနေ၏
နီဖန်ကျိုး ရှောင်တိမ်းသွားပေမဲ့ ဒီတစ်ခါတော့ သူကိုယ်တိုင် တင်းမာနေသည်ကို ခံစားလိုက်ရသည်။ သူ့လက်မောင်းသည် ထိခိုက်မှုကြောင့် အနည်းငယ်တုန်နေပြီး အနက်ရောင်ဓားသည် အပြင်းထန်ဆုံးအားအောက်၌ မြည်ဟိန်းနေသည်။
ပရိသတ်များ အသက်ရှူဖို့တောင် ခက်ခဲနေကြသည်။
"နီဖန်ကျိုး...တကယ်ကို နောက်ဆုတ်သွားတာလား”
"သူ့ရဲ့အူတိုင်ဒဏ်ရာရသွားပြီ၊ သူရပ်တောင်မရပ်သင့်ဘူး—ဒါပေမယ့်”
"ရှူး….သူ့ကိုယ်သူသတ်သေသလို ဖြစ်လိမ့်မယ်”
ကျင်းယွမ်ကျန်း သွေးအန်လိုက်ပေမဲ့ သူ့မျက်နှာအမူအရာက ပိုပြင်းထန်လာသည်။
သူ့လှံသည် မီးလျှံလို တောက်လောင်နေပြီး လှုပ်ရှားမှုတိုင်းသည် ဆုံးရှုံးစရာ မရှိသော လူတစ်ယောက်၏ စိတ်ပိုင်းဖြတ်မှုနဲ့ ပြည့်နှက်နေသည်။
နီဖန်ကျိုးမျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။
သူခံစားနိုင်၏ မတည်ငြိမ်မှု၊ အသက်၏ လောင်ကျွမ်းမှုကို ခံစားနိုင်သည်။
"ဘာလို့ဒီလောက် လုပ်ရတာလဲ?"
သူညည်းညူလိုက်ပြီး နောက်ထပ် ထိုးနှက်ချက်တစ်ခုကို ခုခံလိုက်သည်။
လူတစ်ယောက်အသက်သည် ယှဉ်ပြိုင်ရကျိုးနပ်သည်လား။
လူတိုင်း၌ ကိုယ်ပိုင်အဖြေရှိ၏
နီဖန်းကျိုးအတွက်တော့ သူ့အတိတ်က အရှက်ရမှုကို ဖျောက်ဖျက်ဖို့၊ သူ့၏ချစ်သူဟောင်းသည် မှားယွင်းသော ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြောင်း သက်သေပြဖို့ အခွင့်အရေးသာ။
တခြားသူများအဖို့ ကျော်ကြားမှုနဲ့ ဆုလာဘ်များ ဖြစ်နိုင်၏
သို့တိုင် ကျင်းယွမ်ကျန်းသည် သူ့အသက်ကို ဘာကြောင့် စွန့်လွှတ်ဖို့ ဆန္ဒရှိခဲ့သနည်း —နီဖန်းကျိုးအနေနဲ့ မသိနိုင်ပေ
သို့တိုင် သူလည်း ရှုံးလို့ မဖြစ်ပေ
"ဒါဆို ကျွန်တော့်ကို ခွင့်လွှတ်ပါ။"
သူ့ရပ်တည်ချက် ပြောင်းလဲသွားသည်။ ဓားအလင်း ပေါက်ကွဲထွက်လာ၏ တည်ငြိမ်ပြီး ထက်မြက်ကာ ပြတ်သားပေ၏ ။
ဓားချက်တိုင်းသည် ကာကွယ်ရုံတင်မကဘဲ ရှေ့ကို ဖိထားပြီး ပြင်းထန်သော မီးလျှံကို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်လေ၏
သံမဏိသည် မီးလျှံနှင့် ထိပြီး စွမ်းအားချင်း ပြိုင်နေ၏
ဒီမှာ မရှုံးဖို့ စိတ်ပိုင်းဖြတ်ထားသော လူနှစ်ယောက်။
သူတို့ တိုက်ပွဲအောက်၌ ကွင်းတစ်ခုလုံး တုန်ခါသွားသည်။
ကျင်းယွမ်ကျန်းပတ်လည်တွင် မီးလျှံများသည် အရည်ပျော်နေသော ချော်ရည်ပင်လယ်လို ဟိန်းဟောက်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးအဖြစ် ပြောင်းလဲနေသလို တောက်ပနေ၏
သူ့ လှံ၏ ထိုးချက်တိုင်းသည် ဖျက်ဆီးခြင်းအလေးချိန်ကို သယ်ဆောင်လာချေပြီ။
ထိုးချက်တိုင်းသည် လေထုကို ကွဲကြေစေခဲ့သည်။ ထိုးချက်တိုင်းသည် လောင်ကျွမ်းနေသော အလင်းတန်းများကို ချန်ထားခဲ့ပြီး လေထဲ၌ အမာရွတ်လို ကျန်နေခဲ့သည်။
ပရိသတ်များသည် မျက်လုံးကို မဖွင့်နိုင်ကြပေ။ အပူဒဏ်သည် မွန်းကြပ်စေပြီး အကာအကွယ်အတားအဆီးကိုတောင် ဖိသိပ်နေ၏
"သူ့ခန္ဓာကိုယ်က ကြာရှည်မခံတော့ဘူး”
ကျင်း အရေပြားသည် ပိုအက်ကွဲလာပြီး ကျောက်ရည်ပူ အက်ကွဲကြောင်းများလို တောက်ပနေ၏ မီးနှင့်ရောနှောနေသည့်
သွေးများသည် သူ့လက်မောင်းပေါ် စီးကျလာပြီး လေကိုထိသည့်အခါ မီးခိုးအဖြစ် တရှူးရှူးမြည်ဟီးသွားသည်။
သို့တိုင် လှံကို ဆုပ်ကိုင်ထားသော သူ့ ဆုပ်ကိုင်မှုက လျော့မသွားပေ
နီဖန်းကျိုးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့ဓားသည် ကြောက်ရွံ့မှုကြောင့် မဟုတ်ဘဲ ရည်ရွယ်ချက်ဖြင့် ပဲ့တင်ထပ်ပြီး တုန်ခါနေသည်။
သူ ကြာရှည်မခံပေ
ကျင်း ဆက်လုပ်နေပါက သူတို့ရှေ့၌ ပြာအဖြစ် လဲကျသွားလိမ့်မည်။
နောက်ထပ် အပြန်အလှန်ပြောဆိုမှုသည် အရာအားလုံးကို ဆုံးဖြတ်ပေးမည်သာ။
ကျင်းယွမ်ကျန်းသည် အော်ဟစ်လိုက်ပြီး သေလုမျောပါး ဖြစ်နေသော သားရဲတစ်ကောင်လို သူ့လည်ချောင်းကနေ ထွက်လာသည်။
"ငါ မီးလောင်သွားရင်တောင် ငါ မကျရှုံးဘူး”
သူ့မီးလျှံများသည် လှံထိပ်၌ တစ်ခုတည်းသော အချွန်အဖြစ် ဖိသိပ်ခံလိုက်ရသည်။
မျက်စိစူးစေသော ရောင်ခြည်တစ်ခု ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ဝင်ရောက်သွားသလို ထက်မြက်သော မီးလျှံလှံတံတစ်ခုအဖြစ် ပြိုကွဲသွားသည်။
"တောက်လောင်နေတဲ့ နေမင်းက ကောင်းကင်ကို ငြိမ်းသတ်ပစ်လိုက်တယ်”
၎င်းသည် သူ့အရာအားလုံး ဖြစ်၏ ။ အသက်၊ အူတိုင်၊ ဝိညာဉ်နဲ့ ခန္ဓာကိုယ် - တစ်ချက်တည်းနဲ့ စီးဆင်းသွားသည်။
လူအုပ်ကြီးသည် မျက်လုံးများ ပြူးကျယ်ပြီး အေးစက်စွာ ရပ်နေကြသည်။ လည်ချောင်းများ ခြောက်ကပ်နေသည်။
နီဖန်းကျိုး လောင်ကျွမ်းသွားမည်လား။
အနည်းဆုံးတော့ ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ်အောက်က မည်သူမဆို ကာကွယ်နိုင်ပုံမပေါ်ပေ
အေးစက်နေသော နေမင်းသည် ဖျက်ဆီးခြင်းမီးတောက် ကြယ်တစ်လုံးအဖြစ် ပေါက်ကွဲထွက်လာပြီး ပြိုကွဲနေသော ကမ္ဘာကြီး အလေးချိန်နှင့်အတူ နီဖန်းကျိုးဆီ ကျရောက်လာ၏
ပရိသတ်များ မတ်တပ်ရပ်လိုက်ကြသည်။
နီဖန်းကျိုး အသက်ရှူထုတ်လိုက်၏ သူ့၏ တည်ငြိမ်သော မျက်လုံးများသည် ဓားအဖြစ် ထက်မြက်သွားသည်။
"ငါ ဒီမှာတင် အဆုံးသတ်လိုက်မယ်။"
သူ ဓားကို မြှောက်လိုက်သည်။ အနက်ရောင်သံမဏိသည် အဆုံးမရှိသော ရောင်ခြည်ဖြင့်တောက်ပနေ၏
"လုံးဝခွဲခြမ်းစိတ်ဖြာမှု”
ဓားတစ်ချောင်းကျဆင်းသွားသည်။
အရာအားလုံးကို အဆုံးသတ်ဖို့ ဓားတစ်ချောင်းတည်း။
သူ့၏ အနက်ရောင်ဓားသည် တောက်လောင်နေသော နေမင်းကို ငြင်းပယ်လိုက်သလို တောက်ပနေ၏
ကမ္ဘာကြီး တိတ်ဆိတ်သွားချေသည်။
ထို့နောက်
ရွှမ်!
တစ်ချက်တည်းသော ခုတ်ချက်။
အလွန်သန့်ရှင်းပြီး တိကျလွန်းတာကြောင့် မီးလှံသည် ပျက်စီးသွားပြီး အန္တရာယ်မရှိသော အလင်းတန်းအဖြစ် ကွဲသွားပေသည်။
စင်မြင့်သည် နားကွဲမတတ် အက်ကွဲသံနဲ့အတူ ကွဲထွက်သွားပြီး မျက်နှာပြင်တစ်လျှောက် ရှည်လျားသော အမာရွတ်တစ်ခု ထွင်းထုထားသည်။
ကျင်းယွမ်ကျန်း တောင့်တင်းသွား၏
သူ့လက်ထဲရှိ လှံကျိုးသွားချေပြီ
သူ့ခန္ဓာကိုယ်ပတ်လည်မှ မီးလျှံများ တစ်ကြိမ် လင်းလက်သွားသည်။ ထို့နောက် သေဆုံးသွားပေသည်။
သူ ရှေ့ကို ယိုင်ထိုးသွားပြီး နှုတ်ခမ်းမှ သွေးများ စီးကျလာကာ မခံမရပ်နိုင်အောင် ဖိစီးမှုအောက်၌ သူ့ခန္ဓာကိုယ် ပြိုလဲသွားချေသည်။
နီဖန်းကျိုး ဓားသည် ရင်ဘတ်နားလောက်တွင် ရပ်တန့်သွား၏
တိုက်ပွဲကို ဆုံးဖြတ်လိုက်ချေပြီ
ဒိုင်လူကြီး အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အသက်ရှူဖို့ မေ့သွားသလိုပင်
"အနိုင်ရသူ—နီဖန်းကျိုး”