← Chapters

ပြန်လည်လုယက်ခြင်း...

Vol. 57 Ch. 824

ပြန်လည်လုယက်ခြင်း...

Vol. 57 Ch. 824

ရွှယ်ယန်က ထိုကြီးမားသော ဘီလူးကြီးကို ဖရိုဖရဲအရှင်သခင်တစ်ယောက်အဖြစ် မတွေးမိဘဲ မနေနိုင်ပေ။ သီအိုရီအရ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ကိုသာ မွေးထုတ်ပေးနိုင်သော်လည်း သူတို့က ထိုသို့မတွေးမိဘဲမနေနိုင်ကြပေ။

" ရွှယ်ယန် " မြွေနတ်ဆိုးကလည်း ထိတ်လန့်နေပြီး သူလည်း တစ်စုံတစ်ခုကို နားလည်သွားသည်။

" မင်းတို့နှစ်ယောက် ငါ့ကို လုယက်ဖို့ ရည်ရွယ်ထားတာလား။ " ထိုအချိန်တွင် အနီးမှ အသံတစ်သံ ထွက်ပေါ်လာသည်။

ရွှယ်ယန်နှင့် မြွေနတ်ဆိုးတို့က ရုတ်တရက် လှည့်ကြည့်လိုက်ပြီး မလှမ်းမကမ်းတွင် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုသူ၏ အော်ရာက အလွန်တည်ငြိမ်နေပြီး သူ၏ တည်ရှိမှုကို သူတို့နှစ်ယောက်လုံး အာရုံမခံမိကြပေ။

" အရှင်..." ရွှယ်ယန်က လင်းယွမ်ကို ချက်ချင်း အရိုအသေပေးလိုက်သည်။

" ကျွန်တော်က ဒီအတိုင်းဖြတ်သွားတာပါ။ လုယက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ "

" ကျွန်တော်လည်း အတူတူပါပဲ။ " မြွေနတ်ဆိုးလည်း လျင်မြန်စွာ ပြောလိုက်သည်။

ထိုသူက စကြာဝဠာထဲမှ ထွက်လာသော ကြီးမားသည့် ဘီလူးကြီးဖြစ်သည်ကို သူတို့ သေချာသိနေကြသည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် အင်အားကြီးသူကိုသာ ရိုသေရမည်ဖြစ်သည်။

" ဖြတ်သွားတာပေါ့။ လုယက်ဖို့ ရည်ရွယ်ချက်မရှိဘူးပေါ့။ " လင်းယွမ်က အေးစက်စွာ ပြောလိုက်ပြီး သူတို့၏ စကားကို မယုံကြည်သည်မှာ ရှင်းနေသည်။

ဖရိုဖရဲဟင်းလင်းပြက ကျယ်ပြောလှသည်။ ပျက်ဆီးလုနီးပါးဖြစ်သော စကြာဝဠာ၏ အပြင်ဘက်တွင် လွှမ်းမိုးခြင်းအဆင့်ရှိသူနှစ်ယောက်က တိုက်ဆိုင်စွာဖြင့် ဖြတ်သွားမည်မဟုတ်ပေ။

" ငါ့ကို ကြည့်စမ်း။ " လင်းယွမ်က မြွေနတ်ဆိုးနှင့် ရွှယ်ယန်တို့ကို ကြည့်လိုက်သည်။

ရွှယ်ယန်နှင့် မြွေနတ်ဆိုးတို့က ရုတ်တရက် အဆုံးမဲ့ ချောက်နက်ကြီးများကဲ့သို့ အလွန်နက်ရှိုင်းလှသော မျက်လုံးတစ်စုံကို မြင်တွေ့လိုက်ရသည်။ စိတ်စွမ်းအားလျို့ဝှက်နည်းစနစ် ရှန်းယွမ်မျက်လုံး။

ဝုန်း ဝုန်း ဝုန်း....

မြွေနတ်ဆိုးနှင့် ရွှယ်ယန်တို့၏ စိတ်စွမ်းအားများက ရိုက်ခတ်ခြင်းခံလိုက်ရပြီး မထိန်းချုပ်နိုင်ဘဲ နက်ရှိုင်းရာသို့ ကျဆင်းသွားကြသည်။

လင်းယွမ်က ကမ္ဘာနတ်စွမ်းရည်ကို အသုံးပြုချိန်ကတည်းက ထိုနှစ်ယောက်ကို ချေမှုန်းပစ်နိုင်စွမ်းရှိသည်။ သူက သူတို့နှစ်ယောက်ကို ဖမ်းဆီးရန် ရည်ရွယ်ထားသောကြောင့် ယခုအချိန်ထိ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ သူက ရှန်းယွမ်မျက်လုံးကို အသုံးပြုပြီး သူတို့၏ စိတ်ဝိညာဉ်များကို ရှာဖွေရန် စတင်လိုက်သည်။

" မဖြစ်ဘူး။ " ရွှယ်ယန်၏ မျက်လုံးများက ရုတ်တရက် နီရဲလာပြီး လင်းယွမ်၏ ဖိနှိပ်မှုမှ သီသီလေး လွတ်မြောက်သွားကာ ဆန့်ကျင်ဘက်သို့ ရူးသွပ်စွာ ထွက်ပြေးလေသည်။

" ငါ့ရဲ့ စိတ်ဝိညာဉ်ရှာဖွေတာကို နှောက်ယှက်လိုက်တာလား။ " လင်းယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် သူက လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သာ ရှိနေသေးသည်။ သူ၏ နည်းစနစ်များက လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်နေသော်လည်း လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်များကို စိတ်ဝိညာဉ်ရှာဖွေရန် ကြိုးစားခြင်းက အလွန်ခက်ခဲနေဆဲ ဖြစ်သည်။

" ထားလိုက်တော့။ " လင်းယွမ်က ဆက်လက်ကြိုးစားရန် မရွေးချယ်တော့ဘဲ သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်သည်။

သူက အလင်းနှစ်ရာချီ အဝေးမှ ရွှယ်ယန်ကို ရိုက်လိုက်သည်။ လက်ဝါးချက်တစ်ခုတည်းကို လင်းယွမ်က သူ၏ ရုပ်ခွန်အားနှင့် အတွင်းစကြာဝဠာ၏ စွမ်းအားအားလုံးကို အသုံးပြုလိုက်သည်။ ထိုစွမ်းအားက လွှမ်းမိုးခြင်းအဆင့်ထက် များစွာကျော်လွန်နေသည်။

ရွှယ်ယန်၏ ခန္ဓာကိုယ်က အနီရောင်အလင်းတန်းများစွာ ထွက်ပေါ်လာပြီး ခဏအတွင်း အပိုင်းပိုင်း ပေါက်ကွဲသွားခဲ့သည်။ သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က တစ်ပြိုင်နက် ပျောက်ကွယ်သွားခဲ့ရသည်။

ဝုန်း...

ဘေးရှိ မြွေနတ်ဆိုးကလည်း အသိပြန်ဝင်လာပြီး ဆန့်ကျင်ဘက်သို့ အသည်းအသန် ထွက်ပြေးတော့သည်။ လင်းယွမ်က မည်မျှကြောက်စရာကောင်းသည်ဖြစ်စေ စိတ်ဝိညာဉ်ရှာဖွေခံရမည်ကို မစွန့်စားရဲပေ။ စိတ်ဝိညာဉ်ရှာဖွေခံရခြင်းက မိမိ၏ မှတ်ဉာဏ်များ နှောက်ယှက်ခံရခြင်းဖြစ်သဖြင့် အင်အားကြီးသူတိုင်းက ထိုနည်းစနစ်ကို ကြောက်ရွံ့ကြသည်။

ဝုန်း....

လင်းယွမ်က နောက်တစ်ကြိမ် ရိုက်လိုက်ရာ မြွေနတ်ဆိုး၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။ အသက်ရှုချိန်အနည်းငယ်အတွင်း လွှမ်းမိုးခြင်းအဆင့် နှစ်ယောက်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်များက မူလစွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်၏ သိမ်းဆည်းခြင်း ခံလိုက်ရသည်။

" အရှင် ကျွန်တော်တို့ကို ချမ်းသာပေးပါ။ " အနက်ရောင်သင်္ဘောနှင့် လွင့်မျောနေသော ကျွန်းပေါ်မှ မြွေနတ်ဆိုးနှင့် ရွှယ်ယန်တို့၏ လက်အောက်ငယ်သားများက တောင်းပန်လိုက်ကြသည်။

" မင်းတို့ကို ချမ်းသာပေးရမှာလား။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

သူတို့ကလည်း လွှမ်းမိုးခြင်းအဆင့် နှစ်ယောက်နောက်သို့ လိုက်ကာ လုယက်ရန် ရည်ရွယ်ချက်ဖြင့် စကြာဝဠာ၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသူများဖြစ်သည်။ သူတို့က အခြားသူများကို လုယက်ချင်ကြသောကြောင့် သူတို့ကိုယ်တိုင်လည်း လုယက်ခံရရန် အသင့်ပြင်ထားရမည်ဖြစ်သည်။

လင်းယွမ်၏ ခွန်အားက အလွန်ကြီးမားသောကြောင့် ရွှယ်ယန်နှင်လ မြွေနတ်ဆိုးတို့က ဘာမှနားမလည်ဟန်ဆောင်ပြီး ချက်ချင်း ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။ သို့သော် လင်းယွမ်ကသာ သာမန် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်တစ်ယောက်ဖြစ်လျှင် စကြာဝဠာပျက်ဆီးခြင်းမှ အသည်းအသန် လွတ်မြောက်လာပြီးမှ ရက်စက်သော လုယက်သူများနှင့် တွေ့ဆုံရမည်ဖြစ်သည်။

ထိုအချိန်ကျလျှင်လည်း ထိုလုယက်သူများက လင်းယွမ်ကို သနားညှာတာမည်မဟုတ်ပေ။ လင်းယွမ်က ရှန်းယွမ်မျက်လုံး လျို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး အားလုံးကို ဝှေ့ကြည့်လိုက်သည်။ လွှမ်းမိုးခြင်းအဆင့်များကို စိတ်ဝိညာဉ်ရှာဖွေခြင်းက ခက်ခဲသော်လည်း လမ်းစဉ်ခွဲထွက်ခြင်းအဆင့် သက်ရှိများအတွက်မူ ရိုးရှင်းလွန်းလှသည်။

" ရွှယ်ယန်.... မြွေနတ်ဆိုး...." လင်းယွမ်က လွှမ်းမိုးခြင်းအဆင့်နှစ်ယောက်၏ အချက်အလက်များကို ရရှိလိုက်သည်။

သူတို့က နာမည်ဆိုးဖြင့် ကျော်ကြားပြီး အနိုင်ကျင့်တတ်သော ခေါင်းဆောင်များ ဖြစ်ကြသည်။ သူတို့၏ စွမ်းအားက ကြောက်စရာကောင်းပြီး မြွေနတ်ဆိုးပင် လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်သည်။

" ဒီရတနာတွေက...." လင်းယွမ်က လွှမ်းမိုးခြင်းအဆင့်နှစ်ယောက်၏ လက်အောက်ငယ်သားများကို ရှင်းလင်းပြီးနောက် ရတနာများကို စစ်ဆေးလိုက်သည်။

ရွှယ်ယန်တွင် ဖရိုဖရဲအဆင့် ရတနာနှစ်ခု တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးတို့အပြင် အခြားရတနာများလည်းရှိနေသည်။ စုစုပေါင်းတန်ဖိုးမှာ ဖရိုဖရဲသလင်းကျောက် ခြောက်သိန်းထက် ကျော်လွန်လေသည်။ မြွေနတ်ဆိုးတွင်လည်း ဖရိုဖရဲအဆင့်ရတနာ နှစ်ခုရှိနေပြီး စုစုပေါင်း ဖရိုဖရဲသလင်းကျောက် ငါသိန်းတန်ဖိုးရှိသည်။

" သူတို့က တကယ် ချမ်းသာကြတာပဲ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။ ကန်ဝေယန်းကဲ့သို့ လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်ရှိသူတစ်ယောက်ပင် ပိုင်ဆိုင်မှု စုစုပေါင်း ဖရိုဖရဲသလင်းကျောက် လေးသိန်းသာ ရှိခဲ့သည်။

" လုယက်တာက အရင်းအမြစ်တွေ ရယူဖို့ အလွယ်ကူဆုံး နည်းလမ်းပဲ။ " လင်းယွမ်က တွေးလိုက်သည်။ " ရွှမ်ဟွမ်မူလခန္ဓာ လွှမ်းမိုးခြင်းအဆင့်အတွက် အရင်းအမြစ်တွေက ပြည့်စုံလုနီးပါး ဖြစ်သွားပြီ။ "

" ငါကိုယ်တိုင်တောင် မသိဘဲ ဒီလောက်တောင် သန်မာလာတာလား။ " လင်းယွမ်က ပစ္စည်းများကို သိမ်းဆည်းရင်း စဉ်းစားလိုက်ရသည်။

သူက ရွှယ်ယန်နှင့် မြွေနတ်ဆိုးတို့ကို လက်တစ်ချက် ဝှေ့ရမ်းရုံနှင့် ရှင်းလင်းနိုင်ခဲ့သည်။ ယခင်နှင့် ယခုကြား ခွန်အားကွာခြားချက်က လင်းယွမ်ကို စိတ်လှုပ်ရှားသွားစေသည်။

ဖရိုဖရဲဟင်းလင်းပြင်၏ လွင့်မျောနေသော ဥက္ကာခဲတစ်ခုပေါ်တွင် ပုံရိပ်တစ်ခုပေါ်လာပြီး သူက ရွှယ်ယန်ပင်ဖြစ်သည်။ သူက ထိုဥက္ကာခဲပေါ်တွင် အသက်ကယ်နည်းလမ်းတစ်ခု ချန်ထားခဲ့ပြီး သူ၏ မူလခန္ဓာကိုယ် ပျက်ဆီးသွားတိုင်း သူက ထိုနေရာတွင် ပြန်လည်ရှင်သန်လာမည်ဖြစ်သည်။

" ငါ တကယ်ပဲ ဖရိုဖရဲအရှင်သခင်တစ်ပါးရဲ့ လက်ထဲမှာ သေဆုံးခဲ့တာလား။ " ရွှယ်ယန်က ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

" ငါသေရတော့မယ်။ " ရွှယ်ယန်က လုံးဝ စိတ်ပျက်အားငယ်သွားခဲ့သည်။

အကယ်၍ ဖရိုဖရဲအရှင်သခင်တစ်ယောက်သာ ဆန္ဒရှိလျှင် ကြောင်းကျိုးဆက်နွယ်မှုများမှတစ်ဆင့် သူ၏ ပြန်လည်ရှင်သန်နိုင်စွမ်းကို လုံးဝ ဖျက်ဆီးပစ်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် ခဏစောင့်ဆိုင်းပြီးနောက် သူမသေသေးကြောင်း တွေ့လိုက်ရသည်။

" အဲ့ဒီအရှင်သခင်က ငါ့ကို အရေးမလုပ်တာထင်တယ်။ " ရွှယ်ယန်က စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ " ထွက်သွားမယ်။ ဒီနေရာကို ဘယ်တော့မှ ပြန်မလာတော့ဘူး။ "

ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်က ပင်မစကြာဝဠာကို စိုက်ကြည့်နေသည်။ စကြာဝဠာပျက်ဆီးခြင်းပြီးဆုံးသွားသောအခါ စကြာဝဠာတစ်ခုလုံးက အတွင်းဘက်သို့ ကျုံ့ဝင်သွားပြီး မီးခိုးရောင်စွမ်းအားလုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုစွမ်းအားလုံးက အားနည်းသည်ဟုဆိုနိုင်သော်လည်း ဖရိုဖရဲဟင်းလင်းပြင်က နိယာမများစွာဖြင့် ကာကွယ်ထားသောကြောင့် လုံးဝ မဖျက်ဆီးနိုင်ပေ။ ဖရိုဖရဲမဟာသူတော်စင်များပင် ၎င်းတို့ကို ထိခိုက်အောင်မလုပ်နိုင်ပေ။

" ကုမင်ဖရိုဖရဲကုန်းမြေကို သွားရမယ့်အချိန်ရောက်ပြီ။ " လင်းယွမ်က ပင်မစကြာဝဠာကို တစ်ချက်ကြည့်ပြီးနောက် တွန့်ဆုတ်ခြင်းမရှိဘဲ ထွက်ခွာသွားသည်။

သူက လူသားမျိုးနွယ်အတွက် အိမ်အသစ်ကို ကုမင်ဖရိုဖရဲကုန်းမြေတွင် ပြင်ဆင်ထားပြီဖြစ်ရာ ယခုအခါ သူတို့ကို ထိုနေရာသို့ ခေါ်သွားရန်သာ လိုအပ်သည်။

လအနည်းငယ် ကြာပြီးသောအခါ ကုမင်ဖရိုဖရဲကုန်းမြေ၏ အပြင်ဘက်တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။

" နောက်ဆုံးတော့ ရောက်လာပြီ။ " လင်းယွမ်က စည်ကားလှသော ဖရိုဖရဲကုန်းမြေကို ကြည့်လိုက်သည်။

ကုမင်ဖရိုဖရဲကုန်းမြေက ဤနေရာသို့ ပြောင်းရွှေ့လာခြင်းကြောင့် ကုန်သွယ်မှုမှာ ပို၍ စည်ကားလာပြီး ပတ်ဝန်းကျင်မှ အင်အားကြီးပုဂ္ဂိုလ်များကို ဆွဲဆောင်လျက်ရှိသည်။ သူ၏ အော်ရာကို ဖုံးကွယ်ရန် လင်းယွမ်က အလွှာဆယ့်သုံး အမွေအနှစ်ဖြစ်သော အဆုံးမဲ့ဟင်းလင်းပြင်ကို အသုံးပြုလိုက်သည်။

မကြာမီ လင်းယွမ်က ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာထဲသို့ ဝင်ရောက်လာပြီး သူ၏ အတွင်းစကြာဝဠာထဲမှ လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ကို ထုတ်ပေးလိုက်သည်။

All Chapters