လမ်းစဉ်တစ်သောင်းခန်းမ၏ ကြောက်စရာကောင်းပုံ...
Vol. 57 Ch. 827
ဖရိုဖရဲကုန်းမြေ၏ နက်ရှိုင်းရာတွင် အရှင်ကုမင်က မျက်လုံးများဖွင့်လိုက်ပြီး သူ၏ မျက်နှာတွင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။
" ဘယ်သူငါ့ကို ကြည့်နေတာလဲ။ အဲ့ဒါ ဖြတ်သွားတဲ့ ဖရိုဖရဲအရှင်သခင်တစ်ယောက်ဖြစ်ရမယ်။ "
အရှင်ကုမင်က သူ့ကို ချောင်းကြည့်နေသော အကြည့်မှာ လျင်မြန်စွာ ဆုတ်ခွာသွားသည်ကို အာရုံခံမိပြီး စိတ်ထဲမှ ခန့်မှန်းလိုက်သည်။ ဖရိုဖရဲကုန်းမြေ၏ အစီအရင်ကို ထိုးဖောက်ပြီး သူကျင့်ကြံသော နေရာသို့ ချောင်းကြည့်နိုင်ခြင်းမှာ အချိန်လေဟာနယ် နားလည်မှုတွင် အနည်းဆုံး အဋ္ဌမအဆင့်တွင် ရှိရပေလိမ့်မည်။
" ဒီနေရာကို မကြာသေးခင်က ရောက်လာတာ ဖရိုဖရဲအရှင်သခင်တစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားတာလား။ " အရှင်ကုမင်က စိတ်ထဲမှ တွေးလိုက်သည်။
အချိန်လေဟာနယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနိုင်ခြင်းမှာ အတွေ့အကြုံရှိသော ဖရိုဖရဲအရှင်သခင်နယ်ပယ်တွင်သာရှိသည်။ သာမန်အသစ်တက်လာသော ဖရိုဖရဲအရှင်သခင်များက အချိန်လေဟာနယ် သတ္တမအဆင့် အထွတ်အထိပ်တွင်သာ ရှိကြသည်။
ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာတွင် လင်းယွမ်က အချိန်လေဟာနယ် အဋ္ဌမအဆင့် နားလည်မှုကို အသုံးပြုပြီး ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်ကို အဆက်မပြတ် လေ့လာနေသည်။
" လေဟာနယ်သွားလာနိုင်တဲ့ အကွာအဝေးနဲ့ အချိန်လေဟာနယ်အပေါ် နားလည်မှုက သိသိသာသာတိုးတက်လာတာပဲ။ " လင်းယွမ်က စိတ်ထဲမှ အံ့ဩနေမိသည်။
ယခုအခါ သူက ဖရိုဖရဲအရှင်သခင်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင် အချိန်လေဟာနယ် နယ်ပယ်တွင် သူက ဖိနှိပ်ခံရတော့မည် မဟုတ်ပေ။ အချိန်လေဟာနယ် နားလည်မှုတွင် ဦးဆောင်မှုကို ရယူနိုင်ခြင်းက တိုက်ခိုက်ခြင်းနှင့် ဆုတ်ခွာခြင်းကို စိတ်ကြိုက် ထိန်းချုပ်နိုင်သည်။
" အချိန်လေဟာနယ် နဝမအဆင့်က ဘယ်လိုဖြစ်မလဲမသိဘူး။ " လင်းယွမ်က ရေရွတ်လိုက်သည်။
အချိန်လေဟာနယ် အဋ္ဌမအဆင့်က ဖရိုဖရဲအရှင်သခင်များသာ ရောက်နိုင်ပြီး နဝမအဆင့်မှာ ဖရိုဖရဲမဟာသူတော်စင်များ သို့မဟုတ် ပြိုင်ဘက်ကင်းမဟာသူတော်စင်များသာ ရောက်နိုင်သည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ပါးအနေဖြင့် ဧကရာဇ်ရွှမ်ဟွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ ၃၃၃၃၃ ခုကို ဖွင့်လှစ်ခဲ့ပြီး ၎င်းက အချိန်လေဟာနယ် နဝမအဆင့် နားလည်မှုအပေါ်တွင် မူတည်နေသည်။
" ဒီတစ်ခါ တံခါးပိတ်ကျင့်ကြံတာ ပြီးဆုံးပြီလို့ သတ်မှတ်လို့ရပြီ။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်သည်။
အချိန်လေဟာနယ် အဋ္ဌမအဆင့်သို့ ရောက်ရှိသွားသော်လည်း လင်းယွမ်က မောက်မာခြင်းမရှိပေ။ အချိန်လေဟာနယ် အဋ္ဌမအဆင့်က ဖရိုဖရဲအရှင်သခင်များကိုသာ ရင်ဆိုင်နိုင်သည်။ ဖရိုဖရဲမဟာသူတော်စင်တစ်ပါးဆိုလျှင် ရင်ဆိုင်ရခက်ခဲပေလိမ့်မည်။
အရိပ်နတ်ဆိုးမဟာသူတော်စင်နှင့် နဝမဖီးနစ်မဟာသူတော်စင်တို့၏ တိုက်ပွဲကြောင့် ပင်မစကြာဝဠာက ပျက်ဆီးသွားခဲ့သည်။ အစမှအဆုံးထိ လင်းယွမ်က မဟာသူတော်စင်နှစ်ပါးကို မြင်တွေ့ဖူးခြင်းမရှိပေ။ သူတို့၏ ထိပ်တိုက်တွေ့ဆုံမှုမှ ကျန်ရှိနေသော စွမ်းအားလှိုင်းကပင် အရာအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။
" ငါ့ရဲ့ လက်ရှိအခြေခံနဲ့ဆို လွှမ်းမိုးခြင်းအဆင့်ကို တက်လှမ်းနိုင်ရင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်လောက်ပြီ။ အနည်းဆုံးတော့ မဟာသူတော်စင်တစ်ပါး နင်းခြေပစ်နိုင်တဲ့ ပုရွက်ဆိတ်တစ်ကောင်မဟုတ်တော့ဘူးပေါ့။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
လမ်းစဉ်ခွဲထွက်ခြင်းအဆင့်မှ လွှမ်းမိုးခြင်းအဆင့်ကို တက်လှမ်းခြင်းက အလွှာဆယ့်နှစ်တွင် အဆင့်ကြီးတစ်ခု တက်လှမ်းခြင်းဖြစ်ပြီး ၎င်းက တိုက်ခိုက်ရေးစွမ်းအားကို တိုးတက်ပြောင်းလဲသွားစေပေလိမ့်မည်။
" လွှမ်းမိုးခြင်းအဆင့်နဲ့ နီးစပ်နေပါပြီ။ " လင်းယွမ်က သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ အထွတ်အထိပ်သို့ ရောက်ရန် နီးကပ်နေပြီဖြစ်သည်ကို ခံစားမိလိုက်သည်။
" ဒီတစ်ခါ တံခါးပိတ်ကျင့်ကြံတာ အချိန်လေဟာနယ် အဋ္ဌမအဆင့်ကို ရောက်သွားတာက မမျှော်လင့်တဲ့ ကံကောင်းမှုတစ်ခုပဲ။ " လင်းယွမ်၏ စိတ်ထဲတွင် သိုင်းတာအိုလမ်းစဉ်ခွဲများ ထွက်ပေါ်လာသည်။
" သိုင်းတာအိုလမ်းစဉ်ခွဲ ၇၃ခု.... သီအိုရီအရ ဒီလမ်းစဉ် ၇၃ခုလုံးက အလွှာဆယ့်နှစ်ကို တက်လှမ်းနိုင်တယ်။ " လင်းယွမ်က စိတ်ထဲမှ အတော်လေး ကျေနပ်နေသည်။ သိုင်းတာအိုလမ်းစဉ်ခွဲများ ပိုများလေ သိုင်းတာအိုက ပို၍ ကျယ်ပြောလေဖြစ်သည်။
" လူသားမျိုးနွယ်အတွက် အလွှာဆယ့်နှစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေ ဝယ်ရမှာ အခု ဘာလို့ဝယ်ဖို့ လိုနေဦးမှာလဲ။ ဒါတွေအဆင်သင့်ရှိနေပြီပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။ အလွှာဆယ့်နှစ်သို့ ဦးတည်နေသည့် သိုင်းတာအိုလမ်းစဉ်ခွဲ ၇၃ခုက လူသားမျိုးနွယ်အတွက် နောက်နှစ်ပေါင်းများစွာ အသုံးပြုရန် လုံလောက်ပေသည်။
" တကယ်တော့ ငါသာ တံခါးပိတ်ကျင့်ကြံနေရင် သိုင်းတာအိုလမ်းစဉ်ခွဲတွေ ပိုပြီး ဖန်တီးနိုင်လိမ့်မယ်။ ဒါပေမယ့် အဲ့လိုလုပ်ဖို့တော့မလိုပါဘူး။ " လင်းယွမ်က တွေးလိုက်သည်။
" ဝမ်ချူးက ငါ့ကို တွေ့ချင်လို့လား။ " လင်းယွမ်က ကိုယ်ပွားတစ်ခုကို ခွဲထုတ်ကာ ကြယ်မျက်ရည်ကမ္ဘာမှ ထွက်ခွာပြီး ကုမင်ဖရိုဖရဲကုန်းမြေသို့ ဦးတည်သွားသည်။
မင်ချွမ်မြို့၏ ခန်းမတစ်ခုထဲတွင် လင်းယွမ်နှင့် ဝမ်ချူးတို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
" ညီကိုနဂါးငွေ့တန်း ငါ မင်းကို စိတ်မပျက်စေဘူးမလား။ " ဝမ်ချူးက လင်းယွမ်ကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။
အရှင်ကုမင်ကိုယ်တိုင်က ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာကို လင်းယွမ်အား အလကားပေးရန် အမိန့်ပေးလိုက်ကတည်းက လင်းယွမ်၏ နောက်ခံမှာ အလွန်ကြောက်စရာကောင်းသည်ကို ဝမ်ချူးက နားလည်ခဲ့သည်။
နောက်ပိုင်းတွင ဝမ်ချူးက လင်းယွမ်၏ နောက်ခံကို စစ်ဆေးမေးမြန်းကြည့်ရန်အတွက် အရှင်ကုမင်နှင့် တွေ့ဆုံခဲ့သည်။ နောက်ဆုံးတွင် အရှင်ကုမင်က သူ့ကို သတိပေးချက်တစ်ခုသာ ပြောခဲ့သည်။
" မင်းသာ နဂါးငွေ့တန်းကို ဆန့်ကျင်ခဲ့ရင် ဒီဖရိုဖရဲကုန်းမြေတစ်ခုလုံးလည်း ဖျက်ဆီးခံရလိမ့်မယ်။ " အရှင်ကုမင်က ထိုစကားကို သေချာစွာ ပြောကြားခဲ့သည်။ ထိုအချက်ကြောင့်ပင် ဝမ်ချူးက လင်းယွမ်၏ တောင်းဆိုချက်များအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။
" ဟားဟား ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ပြုံး၍ ပြန်ပြောလိုက်သည်။
မကြာသေးမီက သူက ဝမ်ချူးကို တစ်ခုတောင်းဆိုထားခဲ့သည်။ ၎င်းမှာ ကန်ဝေယန်းချန်ထားခဲ့သော လွှမ်းမိုးခြင်းအဆင့် အံ့ဖွယ်သစ်ပင် ၁၈ပင်ကို ရောင်းချပြီး ၎င်းတို့ကို သတ်မှတ်ထားသော အရင်းအမြစ်များနှင့် ဖရိုဖရဲသလင်းကျောက်များကို လဲလှယ်ပေးရန် ဖြစ်သည်။
ထိုသစ်ပင်ဆယ့်ရှစ်ပင်က စိတ်ဝိညာဉ်သစ်သီးများ သီးပွင့်ကြပြီး အဖွဲ့အစည်းတစ်ခုအတွက် ငွေပင်များနှင့်တူသော်လည်း လင်းယွမ်အတွက်မူ ၎င်းတို့က အနည်းငယ် ပိုလျှံနေသည်။ ထိုအပင်များ အသီးသီးရန် နှစ်ပေါင်းတစ်သန်းကြာပြီး နောက်ထပ် နှစ်ပေါင်းတစ်သန်းကြာလျှင် လင်းယွမ်က ဖရိုဖရဲအဆင့်သို့ပင် ရောက်ရှိနေပေလိမ့်မည်။
ဖရိုဖရဲအရှင်သခင်တစ်ယောက်အတွက် ထိုသစ်ပင်ဆယ့်ရှစ်ပင်က အရေးမပါလှပေ။ ထိုသစ်ပင်ဆယ့်ရှစ်ပင်က လင်းယွမ်၏ အတွင်းစကြာဝဠာကို တည်ငြိမ်စေသော ကမ္ဘာသစ်ပင်ကဲ့သို့လည်း မဟုတ်ပေ။ ကမ္ဘာသစ်ပင်က ဖရိုဖရဲသစ်ပင်အဖြစ် ပြောင်းလဲနိုင်သောကြောင့် လင်းယွမ်က ယခုအချိန်ထိ ထားရှိခြင်းဖြစ်သည်။
" ဒါတွေက နဂါးငွေ့တန်း လိုအပ်နေတဲ့ အရင်းအမြစ်တွေပါ။ ငါအလွယ်တကူပဲ လဲလှယ်ပေးခဲ့ပါတယ်။ " ဝမ်ချူးက လက်ဝှေ့ရမ်းလိုက်ပြီး လင်းယွမ်ကို ခရမ်းရောင်အိတ်တစ်လုံး ပေးလိုက်သည်။
အမှန်တကယ်တော့ သူက ဤလဲလှယ်မှုမှ အမြတ်မရသည့်အပြင် အနည်းငယ်ပင် ရှုံးခဲ့သေးသည်။ သို့သော် အရှင်ကုမင်၏ ညွှန်ကြားချက်အရ လင်းယွမ်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်သရွေ့ မည်သည့်အရင်းအနှီးမဆို ပေးဆပ်ရန် ထိုက်တတ်ပေသည်။
လင်းယွမ်က ခရမ်းရောင်အိတ်ကို ခဏစစ်ဆေးပြီး ကျေနပ်စွာ သမ်းဆည်းလိုက်သည်။
" ဒါနဲ့ ငါတစ်ခုလောက်မေးချင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။
" ဘာများလဲ နဂါးငွေ့တန်း။ မေးလို့ရပါတယ်။ " ဝမ်ချူးက ချက်ချင်း ပြန်ဖြေလိုက်သည်။
" လမ်းစဉ်တစ်သောင်းခန်းမရဲ့ နောက်ခံက ဘာလဲ။ " လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။
ကန်ဝေယန်းချန်ခဲ့သော သတင်းအချက်အလက်များထဲတွင် ထိုခန်းမနှင့်ပက်သက်၍ ဝေဝါးနေခဲ့သည်။ ကန်ဝေယန်းကလည်း လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်သာ ရှိနေခဲ့သည်။ သို့သော် လွှမ်းမိုးခြင်းအဆင့်ဖြစ်သော ဝမ်ချူးက ဖရိုဖရဲအရှင်သခင်တစ်ယောက်၏ တပည့်ဖြစ်ရုံသာမက စီပွားရေးကိစ္စများကို နှစ်ပေါင်းများစွာ ကိုင်တွယ်လာသူဖြစ်သည်။
" လမ်းစဉ်တစ်သောင်းခန်းမလား။ " ဝမ်ချူးက အနည်းငယ် အံ့အားသင့်သွားသည်။ " နဂါးငွေ့တန်းက အဲ့ဒီခန်းမကို စိတ်ဝင်စားလို့လား။ "
" အဲ့ဒီခန်းမက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို အရောင်းအဝယ်လုပ်ပြီး ရပ်တည်နေကြတာပဲ။ အဲ့ဒီခန်းမကို ဘယ်တော့မှ ပြဿနာမရှာမိစေနဲ့။ မဟုတ်ရင် ငါ့ရဲ့ဆရာတောင် မင်းကို ကယ်နိုင်မှာမဟုတ်ဘူး။ "
" ဖရိုဖရဲအရှင်သခင်တစ်ယောက်တောင် မကယ်နိုင်ဘူးလား။ " လင်းယွမ်က အနည်းငယ် တုန်လှုပ်သွားသည်။
" မှန်ပါတယ်။ " ဝမ်ချူးက ခေါင်းညိမ့်လိုက်သည်။
" ငါတို့ မြင်နေရတဲ့ လမ်းစဉ်တစ်သောင်းခန်းမက ခန်းမခွဲတွေပဲရှိသေးတယ်။ ခန်းမခွဲတိုင်းမှာလည်း လမ်းစဉ်တစ်သောင်းမျက်လုံးရဲ့ ပုံရိပ်ယောင်တစ်ခုရှိနေတယ်။ အဲ့ဒီမျက်လုံးရဲ့ ပုံရိပ်သက်သက်ကတင် ဖရိုဖရဲသူတော်စင်တစ်ယောက်ကိုတောင် သတိထားစေဖို့ လုံလောက်ပါတယ်။ "
" ငါ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေ ဖြန့်ဝေဖို့ စဉ်းစားနေတာ။ အဲ့ဒီခန်းမက ကူညီပေးနိုင်လောက်လား။ " လင်းယွမ်က သူ၏ ရည်ရွယ်ချက်ကို ပြောလိုက်သည်။
" မင်းရဲ့ လမ်းစဉ်တွေက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေသရွေ့ အဲ့ဒီခန်းမကို အသုံးပြုပြီး ဖြန့်ဝေလို့ရတယ်။ "
လင်းယွမ်က ဝမ်ချူးနှင့် စကားခဏပြောပြီးနောက် ထရပ်ကာ နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။
" စီနီယာကန်ဝေယန်း...." လင်းယွမ်က ကန်ဝေယန်၏ တောင်းဆိုချက်ကို ပြန်သတိရသွားသည်။
" အနန္တပုံရိပ်ယောင်ဟင်းလင်းပြင်နယ်မြေရဲ့ ကျောက်လူသား...."
ကန်ဝေယန်းက ရတနာအားလုံးကို လင်းယွမ်၏ လက်ထဲသို့ ထည့်ပေးပြီး တစ်ခုသာ တောင်းဆိုခဲ့သည်။ ၎င်းမှာ နောက်တစ်ချိန် လင်းယွမ်သာ စွမ်းအားလုံလောက်လျှင် ထိုနယ်မြေသို့ သွားရောက်ပြီး ကျောက်လူသားမျိုးနွယ်မှ တပည့်တစ်ယောက်ကို လက်ခံပေးရန်ဖြစ်သည်။
" ကောင်းပြီ။ အဲ့ဒီနယ်မြေကို သွားဖို့ ငါ့ရဲ့ ကိုယ်ပွားတစ်ခု လွှတ်လိုက်မယ်။ "
လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး ဖရိုဖရဲစွမ်းအားများ စုစည်းကာ ကိုယ်ပွားတစ်ခု ဖြစ်ပေါ်လာသည်။ အချိန်လေဟာနယ် အဋ္ဌမအဆင့်ကို နားလည်ပြီးနောက် လင်းယွမ်က ကိုယ်ပွားများကို ထိန်းချုပ်နိုင်သော အကွာအဝေးက ပို၍ မြင့်မားလာသည်။