လမ်းစဉ်များပေးအပ်ခြင်း...
Vol. 57 Ch. 828
"အားလုံး ရောက်လာကြပြီ။ " လင်းယွမ်က လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်ကို အာရုံခံမိပြီး သူ၏ အမူအရာက ပြောင်းလဲသွားသည်။
" လင်းယွမ် " ကြီးမြတ်သူရွှမ်ယွမ်နှင့် အခြားသူများက လင်းယွမ်ကို ကြည့်လိုက်ကြသည်။ " သင့်တော်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို ရပြီလား။ "
" အတိအကျတော့မဟုတ်ဘူး။ ဒါပေမယ့် ကျုပ် ခင်ဗျားတို့ကို တစ်ခုပြမယ်။ " လင်းယွမ်က VR ကမ္ဘာမှတစ်ဆင့် သိုင်းတာအိုလမ်းစဉ်ခွဲများကို ကြီးမြတ်သူများထံသို့ ပို့ပေးလိုက်သည်။
" လင်းယွမ် ဒါက မင်းဖန်တီးထားတဲ့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပဲ မဟုတ်လား။ " ကြီးမြတ်သူကုလီက စကားပြောပြီးမှ သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ကြီးမြတ်သူကုလီက အချက်အလက်များကို ဂရုတစိုက် ပြန်လည်စစ်ဆေးပြီးနောက် လင်းယွမ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
" ဒါက တကယ်ပဲ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လား။ "
" ဒါက တကယ် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပဲ။ " ဘေးမှ ကြီးမြတ်သူရွှမ်ယွမ်က သေချာစစ်ဆေးပြီးနောက် လေးနက်သော အသံနှင့် ပြောလိုက်သည်။
" ဒါပေမယ့် ဒါက မိုးကြိုးပေါ်မှာ အခြေခံထားတာပဲ။ ပြီးတော့ ဒီမိုးကြိုးသိုင်းတာအိုလမ်းစဉ်မှာ အလွှာဆယ့်နှစ် မရှိသေးဘူးဆိုတာ အာရုံခံလို့ရတယ်။ "
ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကျင့်ကြံခြင်းလမ်းစဉ်တစ်ခုလည်း ဖြစ်သည်။ မည်သည့်အလွှာဆယ့်နှစ်မဆို သေချာလေ့လာကြည့်ရုံနှင့် သတ်မှတ်ထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုတွင် အလွှာဆယ့်နှစ် ရှိမရှိ ဆုံးဖြတ်နိုင်သည်။
သို့သော် ယခု မိုးကြိုးသိုင်းတာအိုလမ်းစဉ်က လင်းယွမ်လျှောက်လှမ်းနေသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် အလွန်ဆင်တူသော်လည်း အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်မှ ရှိမနေပေ။
" ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေက ကျွန်တော် သိုင်းတာအိုကို အခြေခံပြီး ဖန်တီးထားတဲ့ လမ်းစဉ်ခွဲတွေပဲ။ ဒါတွေက အလွှာဆယ့်နှစ် ကြီးမြတ်သူတွေ ထွက်ပေါ်လာတဲ့ အလားအလာ အပြည့်အဝ ရှိပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။
" မယုံကြည်နိုင်စရာပဲ။ " ကြီးမြတ်သူကုလီက မယုံကြည်နိုင်ဖြစ်နေသည်။
အလွန်ကျယ်ပြောသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက လမ်းစဉ်ခွဲများကို တစ်ပြိုင်နက် ဖန်တီးနိုင်ပြီး အလွှာဆယ့်နှစ်များအား မွေးထုတ်ပေးနိုင်ကြောင့် သူတို့ကြားဖူးခဲ့ကြသည်။ သို့သော် ထိုသို့သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက အလွန်ရှားပါးပြီး ကဏ္ဍတိုင်းတွင် အမြင့်ဆုံးကန့်သတ်ချက်သို့ ရောက်ရှိနေရမည်ဖြစ်သည်။
ထို့အပြင် ထိုလမ်းစဉ်ခွဲများက ဖရိုဖရဲဟင်းလင်းပြင်မှ နိယာမများနှင့်လည်း ကိုက်ညီနေရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဖရိုဖရဲဟင်းလင်းပြင်၏ နိယာမများနှင့် မကိုက်ညီလျှင် လမ်းစဉ်ခွဲများကို မွေးထုတ်ပေးနိုင်မည်မဟုတ်ပေ။
" အဲ့ဒီတုန်းက ငါတို့ရဲ့ စစ်ဆေးချက်တွေက သိုင်းတာအိုကို လျှော့တွက်မိခဲ့ပုံပဲ။ " ကြီးမြတ်သူရှချင်ကလည်း အံ့အားသင့်နေခဲ့သည်။
ထိုမိုးကြိုးသိုင်းတာအိုလမ်းစဉ်က စစ်မှန်သော သိုင်းတာအို၏ လမ်းစဉ်ခွဲတစ်ခုသာ ဖြစ်သော်လည်း သူကျင့်ကြံခဲ့သည့် အလွှာဆယ့်နှစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က် ပိုမိုကြီးမားသော အလားအလာရှိသည်ကို အာရုံံမိလိုက်သည်။ လမ်းစဉ်ခွဲတစ်ခုက ထိုမျှအလားအလာရှိနေလျှင် ပင်မလမ်းစဉ်ကို စဉ်းစားကြည့်နိုင်သည်။
" အမှန်ပဲ။ ကြီးမြတ်သူရွှမ်ယွမ်က ခေါင်းညိမ့်လိုက်သည်။
လမ်းစဉ်ခွဲအသစ်များ ဖော်ထုတ်နိုင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုက အလွှာဆယ့်သုံးသို့ ရောက်နိုင်မည့် အလားအလာကို ပိုင်ဆိုင်ထားသည်။
" လမ်းစဉ်ခွဲတွေ ထွက်ပေါ်လာနိုင် မပေါ်လာနိုင်ဆိုတာ အလွှာဆယ့်နှစ်အောက် ဆင့်ကဲပြောင်းလဲသူတွေ ခွဲခြားသိမြင်နိုင်မှာမဟုတ်ဘူး။ " လင်းယွမ်က ခေါင်းခါပြီး ပြောလိုက်သည်။
ဖရိုဖရဲအရှင်သခင်တစ်ယောက်အတွက်ပင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလွှာတစ်မှ အလွှာဆယ့်တစ် ကဏ္ဍများကို ကြည့်ရုံနှင့် လမ်းစဉ်ခွဲများ ထွက်နိုင်မထွက်နိုင်ကို ဆုံးဖြတ်ရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။
" လင်းယွမ် ဒီမိုးကြိုးသိုင်းတာအိုလမ်းစဉ်ကို လူသားမျိုးနွယ်အတွက် ဖြန့်ဝေပေးဖို့ စီစဉ်နေတာလား။ " ကြီးမြတ်သူယုတိုင်က သတိထားပြီး မေးလိုက်သည်။
" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူကလည်း မိုးကြိုးသိုင်းတာအိုလမ်းစဉ်က အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုသည်။
သစ်ပင်တစ်ပင်၏ အခြေခံမှာ ၎င်း၏ အမြင့်နှင့် လုံးပတ်ပေါ်တွင် တည်ရှိနေခြင်းမဟုတ်ဘဲ မရေတွက်နိုင်သော အမြစ်များနှင့် အကိုင်းအခတ်များပေါ်တွင်လည်း မူတည်နေသည်။ သိုင်းတာအိုလမ်းစဉ်ခွဲများတွင် ဆင့်ကဲပြောင်းလဲသူများ ပိုမိုများပြားလာလျှင် သူတို့က သိုင်းတာအိုကို ပိုမိုထောက်ပံ့ပေးနိုင်ပေလိမ့်မည်။
"အဲ့ဒါ တကယ် ကောင်းတယ်။ "
" ဒီလိုဆိုရင် လူသားမျိုးနွယ်အတွက် အလွှာဆယ့်နှစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ထပ်ရလိုက်တာနဲ့ အတူတူပဲပေါ့။ " ကြီးမြတ်သူယုတိုင်က ကျေနပ်စွာ ပြောလိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် ဝယ်ယူနိုင်သော အလွှာဆယ့်နှစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ရှိသော်လည်း မည်သည့်အရာကမှ မိုးကြိုးသိုင်းတာအိုလမ်းစဉ်လောက် ယုံကြည်စိတ်ချရနိုင်မည်မဟုတ်ပေ။
" ငါ မိုးကြိုးလမ်းစဉ်ကို မလျှောက်လှမ်းခဲ့မိတာ နှမြောစရာပဲ။ မဟုတ်ရင် ငါ ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို တိုက်ရိုက်ကူးပြောင်းလိုက်တယ်။ " ကြီးမြတ်သူကုလီက သက်ပြင်းချပြီး ပြောလိုက်သည်။
စကြာဝဠာအတွင်းရှိ မည်သည့်ဆင့်ကဲပြောင်းလဲသူမဆို အလွှာခြောက်သို့ ရောက်ရှိလျှင် အခြားလမ်းစဉ်တစ်ခုသို့ ပြောင်းလဲရန် အလွန်ခက်ခဲသွားပြီဖြစ်သည်။ သို့သော် ထိုကန့်သတ်ချက်က အလွှာဆယ့်နှစ်အောက် ဆင့်ကဲပြောင်းလဲသူများအတွက်သာ ဖြစ်သည်။
အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်က အခြားလမ်းစဉ်တစ်ခုသို့ ပြောင်းလဲလိုလျှင် မိမိ၏ ကိုယ်ပိုင်တာအိုကို ဖျက်သိမ်းပစ်ရန် လိုအပ်သည်။ ဆိုလိုသည်မှာ သူတို့ကျင့်ကြံထားသော တာအိုကို ပြန်လည်ခွဲထုတ်ပစ်ခြင်းဖြစ်သည်။ သို့သော် အန္တရာယ်ကြီးမားသောကြောင့် မည်သည့်အလွှာဆယ့်နှစ်မှ သူတို့၏ တာအိုကို လွယ်ကူစွာ ဖျက်သိမ်းမည်မဟုတ်ပေ။
မိမိ၏ တာအိုကို ဖျက်သိမ်းပစ်လျှင် အခြေခံလမ်းစဉ်တော့သဖြင့် တိုက်ခိုက်ရေးစွမ်းအားမှာ မရှိသလောက်ကျဆင့်သွားမည်ဖြစ်ပြီး အလွှာဆယ့်နှစ်သို့ ရောက်အောင် ပြန်လည်ကျင့်ကြံရန် အချိန်များစွာ လိုအပ်မည်ဖြစ်သည်။ ထို့အပြင် မိမိနှင့် အလွန်ကိုက်ညီသော လမ်းစဉ်တစ်ခုမတွေ့သရွေ့ အလွှာဆယ့်နှစ် သက်ရှိများက သူတို့၏ တာအိုကို ဖျက်သိမ်းပစ်မည်မဟုတ်ပေ။
" တကယ်တော့ ဒီလမ်းစဉ်ခွဲက မင်းနဲ့ အတော်လေးကိုက်ညီတယ် ကုလီ။ " လင်းယွမ်က ပြုံး၍ ပြည့်စုံသော ခွန်အားသိုင်းတာအိုလမ်းစဉ်ကို ပို့ပေးလိုက်သည်။
လင်းယွမ်က တောင်ရွေ့လျားခြင်း ရုပ်ခန္ဓာနတ်စွမ်းရည်ကို နိုးထခဲ့ရုံသာမက ခွန်အားနိယာမနှင့် ပက်သက်၍လည်း အသိအမြင်များစွာ ရှိနေခဲ့သည်။ ထို့ကြောင့် ခွန်အားနှင့် သက်ဆိုင်သော လမ်းစဉ်ခွဲတစ်ခုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
" ဒါက..." ကြီးမြတ်သူကုလီက အနည်းငယ် မှင်သက်သွားသည်။ ထိုခဏတွင် ရှုပ်ထွေးသော အချက်အလက်များစွာက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာပြီး သူ့ကို မယုံကြည်နိုင်ဖြစ်သွားစေခဲ့သည်။
" ဒါ ဒါ ဒါက ခွန်အားလမ်းစဉ်ကို ဒီလိုလျှောက်လှမ်းနိုင်လိမ့်မယ်လို့ ငါတစ်ခါမှ မတွေးခဲ့ဖူးဘူး။ " ကုလီက ရေရွတ်လိုက်၏။ " ခွန်အားလမ်းစဉ်ကို ခွန်အားသက်သက်တင်မဟုတ်ဘဲ အချိန်လေဟာနယ်နိယာမတွေလည်း ပါဝင်နေတယ်။ "
" တကယ်လို့ ငါသာ အစောကတည်းက ဒီလမ်စဉ်ကို ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်နဲ့ နီးကပ်နေလောက်ပြီ။ " ကြီးမြတ်သူကုလီက လူသားမျိုးနွယ်၏ ဒုတိယမြောက် ထွက်ပေါ်လာသည့် အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက် ဖြစ်သည်။
" လမ်းစဉ်အားလုံးက ပန်းတိုင်တစ်ခုတည်းကို ဦးတည်နေတာပဲ။ ဖရိုဖရဲအဆင့်ကို တက်လှမ်းဖို့ဆိုရင် နိယာမအားလုံးကို လွှမ်းခြုံပြီး ဖရိုဖရဲနိယာမကို မွေးဖွားပေးရလိမ့်မယ်။ " လင်းယွမ်က ပြောလိုက်သည်။
လင်းယွမ်က သိုင်းတာအို လမ်းစဉ်ခွဲများကို ဖန်တီးရန် တံခါးပိတ်ကျင့်ကြံနေစဉ် လူသားမျိုးနွယ်၏ အလွှာဆယ့်နှစ် ကြီးမြတ်သူကိုးယောက် လျှောက်လှမ်းနေသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကိုလည်း ဦးစားပေးစဉ်းစားခဲ့သည်။
" ဒီခွန်အားသိုင်းတာအိုလမ်းစဉ်က ကုလီကျင့်ကြံနေတဲ့ လမ်းစဉ်ထက် ပိုသာတယ်။ ပြီးတော့ မင်းနဲ့လည်း ပိုကိုက်ညီတယ်။ " ကြီးမြတ်သူရွှမ်ယွမ်ကလည်း သေချာစစ်ဆေးပြီး ပြောလိုက်သည်။
" မှန်ပါတယ်။ " လင်းယွမ်ကလည်း သဘောတူလိုက်သည်။
ထိုခွန်အားသိုင်းတာအိုလမ်းစဉ်က ကုလီအတွက် လင်းယွမ် အထူးရည်ရွယ်ပြီး ဖန်တီးပေးထားခြင်းဖြစ်သည်။ လင်းယွမ်၏ နယ်ပယ်နှင့် အဆင့်အတန်းအရ သူက ကြီးမြတ်သူကုလီ၏ အားသာချက်နှင့် အားနည်းချက်များကို သိမြင်ပြီးသားဖြစ်သည်။
သိုင်းတာအိုကို အခြေခံအဖြစ် အသုံးပြု၍ ကြီးမြတ်သူကုလီနှင့် ကိုက်ညီသော ခွန်အားသိုင်းတာအိုလမ်းစဉ်ကို ဖန်တီးပေးရန်မှာ သူ့အတွက် အလွန်ရိုးရှင်းလှသည်။
" ကုလီ မင်း ဒီခွန်အားသိုင်းတာအိုလမ်းစဉ်ကို ပြောင်းလဲကျင့်ကြံဖို့ ငါအကြံပေးချင်တယ်။ " ကြီးမြတ်သူရှချင်က ပြောလိုက်သည်။
" ငါလည်း အဲ့လိုပဲ ခံစားရတယ်။ "ကြီးမြတ်သူကုလီက စိတ်အားထက်သန်မှုများနှင့် လင်းယွမ်ကို ကြည့်လိုက်သည်။ " လင်းယွမ်က ငါ ဒီခွန်အားသိုင်းတာအိုလမ်းစဉ်ကို ပြောင်းလဲကျင့်ကြံလို့ရမလား။ "
ထိုခွန်အားသိုင်းတာအိုလမ်းစဉ်က လင်းယွမ်လျှောက်လှမ်းနေသော လမ်းစဉ်မှ ခွဲထွက်လာခြင်းဖြစ်သည်။ ထို့ကြောင့် လင်းယွမ်၏ သဘောတူညီချက်ကို ရယူခြင်းက အကောင်းဆုံးဖြစ်သည်။
" ပြဿနာမရှိဘူး။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
ကြီးမြတ်သူကုလီက ခွန်အားသိုင်းတာအိုလမ်းစဉ်ကို ပြောင်းလဲကျင့်ကြံခြင်းက လင်းယွမ်အတွက်လည်း အကျိုးရှိစေသည်။ ထိုလမ်းစဉ်ကို အများပြည်သူအတွက် ချပြပေးခဲ့လျှင်တောင် အလွှာဆယ့်နှစ် ထွက်ပေါ်လာရန် မည်မျှကြာမလဲမသိနိုင်ပေ။
တစ်ဖက်တွင် ကြီးမြတ်သူကုလီက အလွှာဆယ့်နှစ်သို့ ရောက်ရှိပြီးသားဖြစ်သည်။ သူက မိမိ၏ တာအိုကို ဖျက်သိမ်းပြီး ပြန်လည်ကျင့်ကြံလျှင်တောင် အစကလောက် ကြာလိမ့်မည်မဟုတ်ပေ။