← Chapters

လောင်းကျွမ်းဝါးမျိုခြင်းစွမ်းရည်...

Vol. 57 Ch. 832

လောင်းကျွမ်းဝါးမျိုခြင်းစွမ်းရည်...

Vol. 57 Ch. 832

လင်းယွမ်က အချိန်နှင့်လေဟာနယ်ကိုပင် လောင်ကျွမ်းပြီး သူ့အတွက် အားဖြည့်ရန် မူလအနှစ်သာရအဖြစ် ပြောင်းလဲပစ်နိုင်သည်။ ထိုဝါးမျိုခြင်းက ချက်ချင်း ဖြစ်ပေါ်ပြီး သန့်စင်ရန်အချိန်မလိုအပ်ပေ။ ရိုးရှင်းစွာ ပြောရလျှင် တိုက်ခိုက်နေချိန်တွင် လင်းယွမ်က စွမ်းအားကုန်ခမ်းမည်ကို စိတ်ပူစရာမလိုတော့ပေ။

" ဒီစွမ်းရည်က..." လင်းယွမ်က ခေါင်းအနည်းငယ် ခါလိုက်သည်။

၎င်းက အမှန်တကယ် ကြောက်စရာကောင်းပြီး မရပ်မနား လည်ပတ်ကာ စွမ်းအားများကို စုပ်ယူနိုင်သည်။ ဖရိုဖရဲအရှင်သခင်များပင် စွမ်းအားကုန်ခမ်းမည်ကို စိုးရိမ်ကြရသည်။ ဖရိုဖရဲမဟာသူတော်စင်များကလည်း ဖရိုဖရဲစွမ်းအားကို အဆက်မပြတ် သန့်စင်ပြီး သူတို့၏ စွမ်းအားကို ထိန်းသိမ်းထားနိုင်ကြသည်။

သို့သော် ပတ်ဝန်းကျင်တွင် ဖရိုဖရဲစွမ်းအားမရှိလျှင် စိုးရိမ်စရာဖြစ်သွားပြီဖြစ်သည်။ လင်းယွမ်၏ လီယန်နတ်ခန္ဓာက အရာအားလုံးကို လောင်ကျွမ်းဝါးမျိုပစ်နိုင်သည်။

ဝုန်း...

လင်းယွမ်၏ လက်ချောင်းထိပ်တွင် သေးငယ်သော မီးတောက်လေးတစ်ခု တောက်လောင်လာသည်။ ထိုမီးတောက်လေးက တိတ်ဆိတ်စွာ လောင်ကျွမ်းနေပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ပုံပျက်သွားစေသည်။ အက်ကြောင်းများစတင်ပေါ်ပေါက်လာပြီး လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းသို့ နွေးထွေးသော စီးကြောင်းများ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။

" ဒါက လေဟာနယ်ကို လောင်ကျွမ်းဝါးမျိုတဲ့ ခံစားချက်လား။ " လင်းယွမ်က မီးတောက်ကို ငြှိမ်းသတ်ပြီး စဉ်းစားလိုက်သည်။

သူက ထိုစွမ်းရည်ကို သတိထားပြီး အသုံးပြုရပေလိမ့်မည်။ အကယ်၍ အချိန်လေဟာနယ်ကို ကြီးမားစွာ ပြိုလဲသွားစေလျှင် လီယန်ရှေးဟောင်းနိုင်ငံမှ အင််အားကြီးသူများ၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။

" ငါ့ရဲ့ လက်ရှိခွန်အားက ဘယ်လိုလဲ။ " လင်းယွမ်က တွေးလိုက်သည်။

လောင်ကျွမ်းခြင်းနှင့် ဝါးမျိုခြင်းက လီယန်နတ်ခန္ဓာတွင် ပါဝင်သော စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။ အသွင်ပြောင်းလဲမှုပြီးဆုံးသောအခါ လင်းယွမ်၏ ရုပ်ခွန်အားနှင့် အသက်စွမ်းအားတို့က အဆမတန် မြင့်တက်သွားခဲ့သည်။

" ထိပ်တိုက်ရင်ဆိုင်မှုမှာ ငါက ဖရိုဖရဲဟင်းလင်းပြင်က အထူးသက်ရှိတွေထက် အားနည်းမှာမဟုတ်ဘူး။ အချိန်ကြာရင် နောက်ဆုံးမှာ ငါပဲ အနိုင်ရလိမ့်မယ်။ " လင်းယွမ်က သူကိုသူ ပြန်လည်စစ်ဆေလိုက်သည်။

သူနိုးထလာသော လီယန်နတ်ခန္ဓာ၏ လောင်ကျွမ်းဝါးမျိုခြင်းစွမ်းရည်က သူ၏ ခုခံနိုင်စွမ်းကို တိုက်ပွဲများတွင် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်စေသည်။

" လီယန်နေအဖြစ် အသွင်ပြောင်းလဲခြင်း။ " လင်းယွမ်က လီယန်နတ်ခန္ဓာကို သေချာလေ့လာနေသည်။

လီယန်နတ်ခန္ဓာကို နိုးထလာသူတိုင်းတွင် တူညီသော စွမ်းရည်တစ်ခုရှိကြသည်။ ၎င်းမှာ လီယန်နေအဖြစ် အသွင်ပြောင်းလဲခြင်းဖြစ်သည်။ ၎င်းက လီယန်နတ်ခန္ဓာ၏ အမြင့်ဆုံး စွမ်းရည်ဖြစ်သည်။

၎င်းကို အသုံးပြုလိုက်သည်နှင့် ရုပ်ခန္ဓာနှင့်အသက်စွမ်းအားတို့က လီယန်နေအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုအချိန်တွင် ကောင်းကင်၌ရှိသော ထာဝရနေထံမှ သေးငယ်သော စွမ်းအားအနည်းငယ်ကို အသုံးပြုနိုင်မည်ဖြစ်သည်။

ထိုစွမ်းရည်ကို အသုံးပြုခြင်းဖြင့် လီယန်နတ်ခန္ဓာ၏ မူလရင်းမြစ်အပေါ် ကြီးမားသော သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ ၎င်းကို တစ်ကြိမ်အသုံးပြုပြီးလျှင် ပြန်လည်ကောင်းမွန်လာရန် နှစ်ပေါင်းသန်းချီ အချိန်ယူရပေလိမ့်မည်။

" ငါနိုးထလာတဲ့ လီယန်နတ်ခန္ဓာက အခြားသူတွေထက် ပိုပြီးသာလွန်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

လီယန်နတ်ခန္ဓာက လီယန်ရှေးဟောင်းနိုင်ငံတွင် အသန်မာဆုံးနတ်ခန္ဓာအဖြစ် ကျော်ကြားပြီး ၎င်း၏ စွမ်းရည်များအကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။ လီယန်နတ်ခန္ဓာ၏ တိုးမြှင့်မှုများအကြောင်း လင်းယွမ်က သိရှိထားသည်။ သို့သော် တိုးမြှင့်မှုအတိုင်းအတာမှာ သူနှင့်နှိုင်းယှဉ်လျှင် များစွာနိမ့်ကျသည်။

" ဒါက လီယန်မျိုးစေ့တွေရဲ့ လွှမ်းမိုးမှုကြောင့်ပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

လီယန်မျိုးစေ့များကို ပိုမိုပေါင်းစည်းနိုင်လျှင် လီယန်နတ်ခန္ဓာက ပိုမိုသန်မာလာပေလိမ့်မည်။ ထိုအချက်က လျို့ဝှက်ချက်တစ်ခုမဟုတ်သော်လည်း သိရှိသည်က တစ်ပိုင်း၊ လက်တွေ့လုပ်နိုင်သည်က တစ်ပိုင်းဖြစ်သည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်က ထိုင်နေသည်။

" လီယန်နတ်ခန္ဓာ...." သူတို့က စိတ်အသိမျှဝေထားခြင်းဖြစ်ရာ မူလခန္ဓာကိုယ်ကလည်း လီယန်နတ်ခန္ဓာ၏ အသေးစိတ်တိုင်းကို လေ့လာနိုင်သည်။

" ဒီလိုရုပ်ခန္ဓာမျိုးကို ပုံတူကူးဖို့ဆိုတာ တကယ်ခက်ခဲတယ်။ " လင်းယွမ်က တွေးလိုက်သည်။

လီယန်နတ်ခန္ဓာ၏ ဖွဲ့စည်းပုံက သေးငယ်သော အစိတ်အပိုင်းလေးများအထိ အလွန်ရှုပ်ထွေးလှသည်။ ထိုမီးတောက်အမှုန်များပေါ်တွင် နက်ရှိုင်းသော ပုံစံများလည်း ရေးထွင်းထားသည်။

လီယန်နတ်ခန္ဓာက လီယန်မျိုးစေ့များဖြင့် ရုပ်ခန္ဓာနှင့် အသက်စွမ်းအားများကို တဖြည်းဖြည်း ပြုပြင်ပြီး နောက်ဆုံးတွင် လီယန်နတ်ခန္ဓာအဖြစ် ပြောင်းလဲလာခြင်းဖြစ်သည်။ သို့သော် ဖရိုဖရဲဟင်းလင်းပြင်တွင် လီယန်မျိုးစေ့များက အသုံးမဝင်ပေ။ လီယန်နတ်ခန္ဓာကို ပုံတူကူးရန် သေးငယ်သော မီးတောက်အမှုန်များကို နားလည်ရန် လိုအပ်သည်။

" ဖြည်းဖြည်းပေါ့။ " လင်းယွမ်က သူ၏ အတွေးများကို ထိန်းချုပ်လိုက်သည်။

သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လီယန်နတ်ခန္ဓာကို လေ့လာခြင်းက ခက်ခဲသော်လည်း မဖြစ်နိုင်တာတော့မဟုတ်ပေ။ လင်းယွမ်က လီယန်နတ်ခန္ဓာကို နားလည်ရန် ကြိုးစားခြင်းက ဖရိုဖရဲဟင်းလင်းပြင်တွင် ပုံတူကူးယူလိုသောကြောင့် မဟုတ်ဘဲ မီးတောက်အမှုန်လေးများ၏ အသေးစိတ်ဖွဲ့စည်းပုံကို စိတ်ဝင်စားသောကြောင့်ဖြစ်သည်။

၎င်းကို နားလည်ခြင်းက အလွှာဆယ့်သုံး အမွေအနှစ်ဖြစ်သော အဆုံးမဲ့ဟင်းလင်းပြင်ကဲ့သို့ နောက်ထပ် လမ်းစဉ်တစ်ခုကို ဖော်ထုတ်နိုင်ခြေရှိလေသည်။ သူက ၎င်းကို နားလည်နိုင်လျှင် လီယန်နတ်ခန္ဓာတစ်ခုတည်းဖြင့် ကန့်သတ်ထားမည်မဟုတ်ပေ။

ချင်းဖန်နယ်မြေ။

ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ဇီယန်နယ်မြေမှ အင်အားကြီးသူများနှင့် စုဝေးနေကြသည်။

" နောက်ဆုံးတော့ ငါတို့ ဝင်ရောက်နိုင်ခဲ့ပြီ။ " ပိန်လှီသော လူတစ်ယောက်က လေးနက်စွာ ပြောလိုက်သည်။

ယခုအချိန်တွင် သူတို့က ချင်းဖန်မြို့ထဲသို့ ရောက်နေပြီဖြစ်ပြီး သတင်းပေါက်ကြားသည်နှင့် အရှင်ချင်းဖန်က အတွေးတစ်ချက်နှင့် သူတို့ကို သတ်ပစ်နိုင်လေသည်။

" ငါတို့က လျို့ဝှက်ရတနာတွေနဲ့ ငါတို့အော်ရာကို ဖုံးကွယ်ထားတာပဲ။ အရှင်ချင်းဖန် တမင်လိုက်မစစ်ဆေးသရွေ့ သတိထားမိမှာမဟုတ်ဘူး။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်သည်။

ချင်းဖန်မြို့က ချင်းဖန်နယ်မြေ၏ မြို့တော်တစ်ခု ဖြစ်သောကြောင့် အင်အားကြီးသူများစွာ ဝင်ထွက်သွားလာနေကြသောကြောင့် အရှင်ချင်းဖန်က မြို့ထဲဝင်လာသူမှန်သမျှကို လိုက်စစ်ဆေးရန် မဖြစ်နိုင်ပေ။

" ချင်းဖန်မြို့မှာ အသက်အနှစ်သာရကို ထောက်လှမ်းဖို့ အစီအရင်သာမရှိရင် ငါတို့ဝင်ရောက်ဖို့ ဒီလောက်ခက်ခဲမှာမဟုတ်ဘူး။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ခေါင်းခါလိုက်သည်။

ယခုအချိန်တွင် ဇီမန်နယ်မြေမှ ချင်းဖန်မြို့ထဲသို့ ဝင်ရောက်လာသူ စုစုပေါင်း ၁၂ ယောက်ရှိသည်။ ထိုထက်ပိုလျှင် အသက်အနှစ်သာရစစ်ဆေးသော အစီအရင်က သတိထားမိပြီး အရှင်ချင်းဖန်၏ အာရုံစိုက်ခံရနိုင်သည်။

" ဒီတာဝန်က တကယ်အရေးကြီးတယ်။ မဟာအစီအရင်သလင်းကျောက်ကို အသုံးပြုပြီး ချင်းဖန်မြို့ရဲ့ အစီအရင်အားလုံးကို ပုံတူကုးဖို့ အောင်မြင်မှရမယ်။ ကျရှုံးလို့မဖြစ်ဘူး။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက လေးနက်စွာ ပြောလိုက်သည်။

ယခုအစီအစဉ်သာ ကျရှုံးသွားလျှင် နောက်တစ်ကြိမ် ချင်းဖန်နယ်မြေကို တိုက်ခိုက်ရန် ကြိုးစားသည့်အချိန်တိုင်း ကြီးမားသော တန်ဖိုးကို ပေးဆပ်ရပေလိမ့်မည်။ ထိုသို့ပေးဆပ်လျှင်တောင် အောင်မြင်ရန် မသေချာပေ။

" နားလည်ပါပြီ။ " အခြားသူများက ခေါင်းညိမ့်လိုက်သည်။ သူတို့ကလည်း ထိုတာဝန်၏ ကြီးလေးမှုကို အပြည့်အဝ သိထားကြသည်။

" စီနီယာအမ ငါတို့ ဘာဆက်လုပ်ရမှာလဲ။ " ခါးကုန်းကုန်းနှင့် အမျိုးသမီးက မေးလိုက်သည်။

" စောင့်နေ..." ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ပြန်ဖြေလိုက်သည်။

" စောင့်ရမှာလား။ " အခြားသူများက တစ်ယောက်နှင့် တစ်ယောက် ကြည့်နေကြသည်။

" ငါတို့ ဆရာလှုပ်ရှားတာကို စောင့်ရမယ်။ သူက အရှင်ချင်းဖန်ကို မျှားခေါ်သွားမှာ ငါတို့ အစီအစဉ်အတိုင်း လှုပ်ရှားကြတာပေါ့။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက တာ်ငြိမ်စွာ ပြောလိုက်သည်။

အကယ်၍ အရှင်ချင်းဖန်သာရှိနေလျှင် သူတို့က အစီအရင်များကို ပုံတူကူးရန်မပြောနှင့် သူတို့၏ အော်ရာကိုပင် ထုတ်ဖော်ပြမည်မဟုတ်ပေ။

" နားလည်ပါပြီ။ " အခြားသူများက ခေါင်းညိမ့်လိုက်ကြသည်။

" အရာအားလုံးအဆင်ပြေဖို့ မျှော်လင့်ရမှာပဲ။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီက တွေးလိုက်သည်။

သူမက ချင်းဖန်မြို့၏ အစီအရင်ကိုသာ ပုံတူကူးနိုင်ခဲ့လျှင် ကြီးမားသော ဆုလာဘ်ကို ရရှိမည်ဖြစ်ပြီး မဟာအရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။ သူမက လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်တွင်သာ ရှိနေပြီး မဟာအရှင်သခင်အဆင့်သို့ ခြေတစ်လှမ်းဝင်ပြီးသားဖြစ်သည်။

" ဟင်..." အရှင်ချင်းဖန်က တံခါးပိတ်ကျင့်ကြံနေစဉ် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။

ရုတ်တရက် ခရမ်းရောင်ဂါဝန်နှင့် အမျိုးသမီးတစ်ယောက် ပေါ်လာသည်။

" ဇီမန်...." အရှင်ချင်းဖန်က ခရမ်းရောင်ဂါဝန်နှင့် အမျိုးသမီး အရှင်ဇီမန်ကို ကြည့်ပြီး ပြုံးလိုက်သည်။ " ဘာလို့ ဒီကို ကိုယ်ပွားတစ်ခုပဲ လွှတ်လိုက်တာလဲ။ "

အကယ်၍ အရှင်ဇီမန်ကသာ မူလခန္ဓာကိုယ်နှင့် ရောက်လာလျှင် အရှင်ချင်းဖန်က စကားတစ်ခွန်းမှမဆိုဘဲ သူမကို ဖိနှိပ်ရန် ချင်းဖန်မြို့၏ မဟာအစီအရင်ကို ချက်ချင်း အသက်သွင်းပေလိမ့်မည်။

ရန်သူရှေးဟောင်းနိုင်ငံ၏ မြို့စားတစ်ယောက်ကို အရှင်ဖမ်းနိုင်ခြင်းက ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ပေလိမ့်မည်။ အရှင်မဖမ်းနိုင်လျှင်တောင် သူမကို သတ်ပစ်ခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့လျှင် အရှင်ချင်းဖန်အတွက် ကြီးမားအကျိုးကျေးဇူးရရှိပေလိမ့်မည်။

All Chapters