← Chapters

ဇီယန်နယ်မြေမှ တိုက်ခိုက်ခြင်း...

Vol. 57 Ch. 833

ဇီယန်နယ်မြေမှ တိုက်ခိုက်ခြင်း...

Vol. 57 Ch. 833

" ငါ့အတွက်တော့ ကိုယ်ပွားနဲ့ မူလခန္ဓာကိုယ်က ကွာခြားမှုမရှိဘူး။ " အရှင်ဇီမန်က နူးညံ့စွာ ပြောလိုက်သည်။ သူမက စိတ်ဝိညာဉ်ပုံရိပ်ယောင်လမ်းစဉ်ကို လျှောက်လှမ်းနေပြီး ရုပ်ပိုင်းဆိုင်ရာ ကိစ္စများတွင် သူမက သိပ်မကျွမ်းကျင်လှပေ။

၎င်းက ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း စိတ်အသိနှင့် စိတ်စွမ်းအားတို့ လုံလောက်စွာ အားကောင်းလျှင် ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။

" ကိုယ်ပွားတစ်ခုမှာ မင်းရဲ့ စိတ်စွမ်းအားက ဘယ်လောက်သန်မာမလို့လဲ။ အသုံးပြုမယ့် လျို့ဝှက်နည်းစနစ်က ဘယ်လောက်အားကောင်းနိုင်မှာလဲ။ " အရှင်ချင်းဖန်က လှောင်ပြောင်လိုက်သည်။

" ချင်းဖန်... ဒါက ငါနှစ်ပေါင်းသုံးသောင်းလောက်အချိန်ယူခဲ့ရတာ။ နင့်အတွက် လှပတဲ့ အိပ်မက်တစ်ခု ဖြစ်လိမ့်မယ်။ " အရှင်ဇီမန်၏ အသံက ပဲ့တင်ထပ်လာသည်။

အရှင်ချင်းဖန်က သူ၏ စိတ်အသိ ဝေဝါးလာသည်ကို မှေးမှိန်စွာ ခံစားလိုက်ရသည်။

" မကောင်းတော့ဘူး။ မင်းရဲ့ ကိုယ်ပွားက မင်းရဲ့ မူလခန္ဓာကိုယ်ရဲ့ အနှစ်သာရကို ထည့်ထားတာပဲ။ မင်းဘယ်လိုတောင် လုပ်ရဲတာလဲ။ " အရှင်ချင်းဖန်က အိပ်မောမကျသွားစေရန် ရုန်းကန်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ဝင်္ကဘာများ အထပ်ထပ် ပေါ်လာသည်။ ၎င်းက သူ၏ ပုံမှန်ကျင့်ကြံသော နေရာဖြစ်သောကြောင့် ချင်းဖန်မြို့၏ အစီအရင်များ ဖုံးလွှမ်းထားသော နေရာလည်း ဖြစ်သည်။ အတွေးတစ်ချက်နှင့် အစီအရင်၏ စွမ်းအားကို အသက်သွင်းနိုင်သည်။

" ဇီမန် မင်းငါ့ကို အများဆုံး အသက်ရှူကြိမ်တစ်ရာလောက်ပဲ ထိန်းထားနိုင်မှာပါ။ " အရှင်ချင်းဖန်က သူ၏ စိတ်အသိ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော်လည်း အရှင်ချင်းဖန်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ သူက သူ၏ တပည့်များကို သတင်းပို့ထားခဲ့ပြီဖြစ်သည်။

" အသက်ရှူကြိမ်တစ်ရာ...အဲ့ဒါက လုံလောက်တာထက် ပိုပါတယ်။ " အရှင်ဇီမန်က အိပ်ပျော်သွားသော အရှင်ချင်းဖန်ကို စိုက်ကြည့်လိုက်သည်။

သူမက အရှင်ချင်းဖန်ကို အသက်ရှူကြိမ်တစ်ရာ ထိန်းသိမ်းရန် ပေးဆပ်ရသည့် တန်ဖိုးမှာ မနည်းသော်လည်း သူမ၏ ရည်မှန်းချက်ကလည်း သူ့ကို သတ်ရန်မဟုတ်ပေ။ ၎င်းက မဖြစ်နိုင်ပေ။ ချင်းဖန်မြို့ မဟာအစီအရင်၏ ကာကွယ်မှုအောင်တွင် အရှင်ချင်းဖန်ကို အဆင့်တူ မဟာအရှင်သခင် ခုနှစ်ယောက်၊ ရှစ်ယောက်နှင့်ပင် သတ်ပစ်ရန် မဖြစ်နိုင်ပေ။

ထို့အပြင် အရှင်ချင်းဖန်ကို သတ်နိုင်ခဲ့လျှင်တောင် သူက အသက်ကယ််နည်းလမ်းများရှိပြီး အမှန်တကယ် သေဆုံးမည်မဟုတ်ပေ။ အရှင်ဇီမန်၏ ရည်ရွယ်ချက်မှာ ချင်းဖန်မြို့ထဲသို့ ဝင်ရောက်လာသော သူမ၏ တပည့်များဆီမှ မဟာအစီအရင်သလင်းကျောက်အတွက်သာ ဖြစ်သည်။

အရှင်ချင်းဖန်က အိပ်ပျော်သွားချိန်တွင် ချင်းဖန်မြို့က ခေါင်းဆောင်မဲ့သွားပေလိမ့်မည်။ အသက်ရှူကြိမ်တစ်ရာက ချင်းဖန်မြို့၏ မဟာအစီအရင်ကို ပုံတူကူးရန် လုံလောက်ပေသည်။

" မြို့စားက ငါတို့ကို အစီအရင်ရဲ့ အဓိကနေရာတွေကို ချက်ချင်းသွားခိုင်းတာလား။ " ဖုန်းဝမ်ရှင်းနှင့် အခြားတပည့်များက အရှင်ချင်းဖန်၏ ဆက်သွယ်မှုကို ရရှိလိုက်ကြသည်။

သူတို့က နားမလည်နိုင်ဖြစ်သွားသော်လည်း တွန့်ဆုတ်ခြင်းမရှိဘဲ အစီအစဉ်အတိုင်း လှုပ်ရှားလိုက်ကြသည်။ မကြာသေးမီက အရှင်ချင်းဖန်က တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိခဲ့သောကြောင့် အစီအရင်၏ အဓိကနေရာများကိုကာကွယ်ရန် သူ၏ တပည့်များကို အမိန့်ပေးခဲ့သည်။

အရှင်ချင်းဖန်၏ ခန့်မှန်းချက်အရ အရှင်ဇီမန်က လှုပ်ရှားခဲ့လျှင်တောင် သူမ၏ ရည်ရွယ်ချက်မှာ ချင်းဖန်မြို့ အစီအရင်ကို ဖျက်ဆီးရန်သာ ဖြစ်ပေလိမ့်မည်။ အစီအရင်၏ အဓိကနေရာများကို ကာကွယ်နိုင်သရွေ့ ဇီမန်နယ်မြေ၏ အစီအစဉ်မှာလည်း ပျက်ဆီးသွားပေလိမ့်မည်။

" ဟမ် ဆရာက ငါ့ကို အပြင်မထွက်ခိုင်းတာလား။ သူ့ရဲ့ လေသံက အတော်လေးအရေးကြီးနေပုံပဲ။ တစ်ခုခုတော့မှားနေပြီ။ " လင်းယွမ်က အပြင်ဘက်သို့ ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်သည်။ " ဒါဆိုလည်း ငါက အပြင်မထွက်ရုံပေါ့။ "

လင်းယွမ်က ကောင်းကင်လောင်ကျွမ်းခြင်းခန်းမကို ဝန်းရံထားသော အစီအရင်ကို အသက်သွင်းလိုက်သည်။ ပုံမှန်အားဖြင့် ထိုအစီအရင်က ဖုံးကွယ်ထားခြင်းဖြစ်သော်လည်း လင်းယွမ်က သတိကြီးစွာဖြင့် အမြင့်ဆုံး ကာကွယ်ရေးအဆင့်ထိ မြှင့်တင်လိုက်သည်။

" ဆရာက အရှင်ချင်းဖန်ကို အချိန်ဆွဲထားနိုင်ပြီ။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက သတင်းစကားကို ရရှိလိုက်သည်။

ဇီမန်နယ်မြေ၏ စစ်ဆေးရေးက အရှင်ချင်းဖန်ကို အချိန်ဆွဲထားနိုင်ခြင်းရှိမရှိအပေါ် မူတည်နေသည်။

" အသက်ရှူကြိမ် ခုနှစ်ဆယ်..." ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက သူမ၏ နောက်မှ လူများကို ကြည့်လိုက်သည်။

" စလိုက်ကြစို့။ " သူမက လက်ဝှေ့ရမ်းလိုက်သည်နှင့် ပုံရိပ်ရာချီပေါ်လာသည်။ ၎င်းတို့က လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ် ရုပ်သေးများဖြစ်ကြသည်။ အသက်အနှစ်သာရမရှိသဖြင့် ချင်းဖန်မြို့၏ အစီအရင်က အာရုံခံနိုင်မည်မဟုတ်ပေ။

ဝုန်း...

ရုပ်သေးရုပ်ရာချီက ချင်းဖန်မြို့ကို ဖရိုဖရဲဖြစ်အောင် စတင်လုပ်ဆောင်ကြပြီး အင်အားကြီးသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ကြသည်။

ထိုအချိန်တွင် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးအပါအဝင် အခြားသူများက မဟာအစီအရင်သလင်းကျောက်များဖြင့် ချင်းဖန်မြို့၏ မဟာအစီအရင်က ပုံတူကူးရန် စတင်ပြင်ဆင်ကြသည်။

အစီအရင်၏ အဓိကနေရာတစ်ခုတွင် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးနှင့် သူမ၏ အဖွဲ့ဝင်များ ပေါ်လာကြသည်။

" အရှင်ချင်းဖန်ရဲ့ တပည့်တွေ အထဲမှာ စောင့်နေကြတာပဲ။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ပြုံးလိုက်သည်။

" ဇီမန်နယ်မြေနဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်လာတဲ့ မဟာအရှင်သခင်တစ်ယောက် ပီသပါပေတယ်။ သူက အရာရာကို သေချာတွေးထားပြီး ငါတို့ရဲ့ပစ်မှတ်က အစီအရင်ရဲ့ အဓိကနေရာတွေဆိုတာတောင် ကြိုသိနေတယ်။ " အခြားသူများကလည်း ပြုံးလိုက်ကြသည်။

အရှင်ချင်းဖန်က အချိန်ဆွဲခံထားရပြီး သူ၏ တပည့်များက အစီအရင်၏ အဓိကနေရာများတွင် ချက်ချင်းနေရာယူထားကြခြင်းမှာ ကြိုတင်ပြင်ထားသောကြောင့်ဖြစ်သည်။ သို့သော် သူတို့ကံဆိုးသည်မှာ ဇီမန်နယ်မြေမှ အင်အားကြီးသူများ၏ ရည်ရွယ်ချက်မှာ အစီအရင်၏ အဓိကနေရာများကို ဖျက်ဆီးပစ်ရန်မဟုတ်ဘဲ ပုံတူကူးရန်သာ ဖြစ်သည်။

သူတို့က အဝေးမှ ပုံတူကူးယူပြီးနောက် ရှေးဟောင်းနိုင်ငံမှ ပညာရှင်များက အစီအရင်ကို ဖျက်ဆီးမည့်နည်းလမ်းကို ရှာဖွေကြမည်ဖြစ်သည်။ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ထိုနေရာကို ပုံတူကူးယူပြီးနောက် တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။

အစီအရင်ယ အဓိကနေရာတွင် စောင့်ကြပ်နေသူများက ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးတို့အဖွဲ့ကို တစ်ချိန်လုံးသတိမထားမိခဲ့ပေ။ အသက်ရှူကြိမ်နှစ်ဆယ်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။

" ငါတို့ အစီအရင်ရဲ့ အဓိကနေရာခြောက်ခုကို ပုံတူကူးပြီးသွားပြီ။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက အလွန်ကျေနပ်နေသည်။

လွှမ်းမိုးခြင်းအဆင့် ရုပ်သေးများက ချင်းဖန်မြို့မှ အင်အားကြီးသူများ၏ အာရုံကို ဆွဲဆောင်ထားသောကြောင့် သူမတို့အတွက် အရာအားလုံးက အဆင်ပြေချောမွေ့နေခဲ့သည်။ ယခုအချိန်ထိ မည်သည့်အတားအဆီးမှ မရှိခဲ့ပေ။

" နောက်ထပ် အစီအရင်ရဲ့ အဓိကနေရာတွေကို သွားကြမယ်။ " ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးတို့အဖွဲ့က နောက်ထပ်ပစ်မှတ်များဆီသို့ ဆက်လက်ဦးတည်သွားကြသည်။

" ဇီမန်နယ်မြေက တကယ်လှုပ်ရှားလာတာပဲ။ " ဖုန်ဝမ်းရှင်းက အစီအရင်၏ အရေးကြီးဆုံး အဓိကနေရာကို စောင့်ကြပ်နေပြီး မြို့အတွင်းမှ ဖရိုဖရဲဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

လွှမ်းမိုးခြင်အဆင့် အထွတ်အထိပ် ရုပ်သေးများ၏ လှုပ်ရှားမှုများက ပြင်းထန်လှပြီး လျစ်လျူရှုရန် ခက်ခဲလှသည်။

" မြို့စားက အဓိကနေရာတွေကိုသာ စောင့်ကြပ်ဖို့ တာဝန်မပေးထားရင် ဒီရုပ်သေးရုပ်တွေ ဘာတတ်နိုင်မှာမလို့လဲ။ " ဖုန်းဝမ်ရှင်းက ခေါင်းခါလိုက်သည်။

ချင်းဖန်မြို့၏ လွှမ်းနိုးခြင်းအဆင့်များက အစီအရင်၏ အဓိကနေရာများကို စောင့်ကြပ်နေရသောကြောင့် ထိုရုပ်သေးရုပ်များက မြို့အတွင်း သောင်းကျန်းခွင့်ရသွားခြင်းဖြစ်သည်။

" မြို့စားကို အရှင်ဇီမန်က အချိန်ဆွဲထားတာဖြစ်ရမယ်။ " ဖုန်းဝမ်ရှင်း၏ အတွေးများက လှုပ်ရှားနေသည်။

အရှင်ချင်းဖန်၏ ခွန်အားနှင့် ထိုရုပ်သေးရုပ်များကို ရှင်းလင်းရန် အတွေးတစ်ချက်သာ လိုအပ်သည်။ သို့သော် လှုပ်ရှားမှုမရှိသောကြောင့် တစ်ခုတည်းသော အဖြေမှာ အရှင်ချင်းဖန်ကို အရှင်ဇီမန်က တားဆီးထားခြင်းဖြစ်ပေလိမ့်မည်။

" အရှင်ဇီမန်က မြို့ထဲမှာ ရုပ်သေးရုပ်တွေ သောင်းကျန်းဖို့ သက်သက်နဲ့တော့ မြို့စားကို အချိန်ဆွဲထားမှာမဟုတ်ဘူး။ " ဖုန်းဝမ်ရှင်းက အတွေးနက်နေသည်။ " ဘာပဲဖြစ်ဖြစ် မြို့စားရဲ့ အမိန့်ကို စောင့်ရမှာပဲ။ "

" အခုအချိန်မှာ မြို့အတွင်းက အစီအရင်ရဲ့ အဓိကနေရာ ၁၂ခုကို စောင့်ကြပ်ထားပြီးပြီ။ ပြီးတော့ ဂျူနီယာညီလေးလည်း ရှိသေးတယ်။ " ဖုန်းဝမ်ရှင်းက အစီအရင်၏ အဓိကနေရာများ မပျက်ဆီးဘဲ ရှိနေသည်ကို အာရုံခံမိပြီး ကောင်းကင်လောင်ကျွမ်းခြင်းခန်းမကို ကြည့်လိုက်သည်။

လင်းယွမ်အပေါ် အရှင်ချင်းဖန်၏ တန်ဖိုးထားမှုကို ဖုန်းဝမ်ရှင်းက ကောင်းကောင်းသိနေသည်။ အကယ်၍ လင်းယွမ်သာ တစ်ခုခုဖြစ်လျှင် အရှင်ချင်းဖန်က သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။

သို့သော် ကောင်းကင်လောင်ကျွမ်းခြင်းခန်းမက တစ်မြို့လုံးတွင် အလုံခြုံဆုံးနေရာဖြစ်ပြီး လင်းယွမ်က ထိုနေရာမှ မထွက်လာသရွေ့ အန္တရာယ်ကင်းပေသည်။

" အစီအရင်ရဲ့ အဓိကနေရာ ၁၂ခုနဲ့ ဂျူညီယာညီလေး အန္တရာယ်ကင်းနေသရွေ့ အဲ့ဒီရုပ်သေးရုပ်တွေကို စိတ်ကြိုက် သောင်းကျန်းခွင့်ပေးထားလိုက်မယ်။ " ဖုန်းဝမ်ရှင်းက သူ၏ အတွေးများကို ရုတ်သိမ်းပြီး ဆုံးဖြတ်ချက်ချလိုက်သည်။

All Chapters