← Chapters

ပြဿနာများသည့်တစ်နေ့တာ

Vol. 51 Ch. 759

ပြဿနာများသည့်တစ်နေ့တာ

Vol. 51 Ch. 759

"အချိန်ကျပြီ။ မဟာမိတ်ဌာနချုပ်မှာ ကျုပ်တို့ကိုစောင့်နေမယ့် မိတ်ဆွေတစ်ယောက် ရှိသေးတယ်"

မဟာမိတ်ဌာနချုပ်သို့သွားသည့်လမ်းတွင် လုယန် စကားစမြည်ပြောသည်။

"ဒါနဲ့...အမစုက ဖန်လိုင်ကျွန်းကို ဘယ်လိုရောက်လာတာလဲ။ မသေမျိုးအကဲဖြတ်ပွဲလာတက်တာလား"

စုယိရန် ခေါင်းခါသည်။

"လမ်းကြုံလို့ဝင်တာပါ။ အရှေ့ပင်လယ်နဂါးနန်းတော်က မင်းသမီးတစ်ယောက်နဲ့ ငါရင်းနှီးတယ်။ နဂါးအင်ပါယာရဲ့စားသောက်ပွဲကိုလာဖို့ သူဖိတ်ခေါ်တာ။ လမ်းမှာ အရှုပ်အထွေးတွေကြုံရင် အချိန်နှောင့်နှေးမှာစိုးလို စောစောကြိုပြီးထွက်ခဲ့တာ။

နောက်တော့ ဖန်လိုင်ကျွန်းကျင့်ကြံသူတွေကလည်း ငါ့ကိုမသေမျိုးအကဲဖြတ်ပွဲတက်ဖို့ ဖိတ်ခေါ်တယ်လေ"

"သဘောပေါက်ပါပြီ"

လုယန် ခေါင်းငြိမ့်သည်။ စုယိရန်စရိုက်အရ ထိုအကဲဖြတ်ပွဲမျိုးကို အထူးတလည်လာမည်မဟုတ်။

လုယန် အချိန်ကိုက်ရောက်သွားသည်။ ယန်တိုင်ရှား စာရွက်စာတမ်းကိစ္စများပြီးစီး၍ အပြင်ထွက်လာသည်ကိုမြင်ရသည်။

"အခုမှပဲ ပြီးတော့တယ်"

ဝန်ထုပ်ဝန်ပိုးတစ်ခု ရှင်းလင်းသွားသလို ယန်တိုင်ရှားခံစားရသည်။ မဟာမိတ်က သူ့ကို ရသမျှခြူသည်။

စာရွက်စာတမ်းကိစ္စများ ရှုပ်ထွေးသလို ငွေတောင်းလိုသည့်စကားအရိပ်အမြွက်မျိုးလည်း ကြားခဲ့ရသည်။ နေ့တစ်ဝက်ကုန်မှ အရာအားလုံး အစီအစဉ်တကျဖြစ်သွားသည်။

"အကြာကြီးစောင့်နေရတဲ့ မိတ်ဆွေတို့ကို တောင်းပန််ပါတယ်။ ဦးစီးဖြစ်ဖို့ ဒီလောက်ခက်ခဲမယ်ထင်မထားဘူး"

ယန်တိုင်ရှားက အားနာပြုံးပြုံး၍ပြောသည်။ လီဟော်ရန်နားသို့ကပ်နေသည့် စုယီရန်ကို သတိထထားမိသည်။

"သူကရောဘယ်သူလဲ"

"ဒီလိုပါ..."

လုယန် အဖြစ်အပျက်ကို ပြန်ရှင်းပြသည်။ သူပြောလေလေ ယန်တိုင်ရှားမျက်နှာ ဖြူရော်လာလေဖြစ်သည်။

အကဲဖြတ်ပွဲတက်သည်။ ဖန်ချောင်ကို တစ်လှည့်စီ ရိုက်နှက်သည်။ ကျွန်းသခင်၏သမီးက ကိုယ်လုပ်တော်ခေါ်သည်။ စုစည်းခြင်းသခင်စစ်နှစ်ယောက် တိုက်ခိုက်သည်။ ရွှမ်လင် လူကြားထဲအရှက်ကွဲသည်...

အားလုံးက နေ့တစ်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

နေ့တစ်ပိုင်းအတွင်း ထိုသို့ပြဿနာများစွာဖြစ်လာအောင် ဘယ်လိုများမွှေနိုင်ခဲ့ကြသည်မသိ။

ရုတ်တရက် သူမမြင်ဖူးသည့် ဤမိန်းကလေးကျင့်ကြံသူသည် စုစည်းခြင်းအဆင့်ရှိမှန်း သတိထားမိသဖြင့် အမြန်အရိုအသေပေးလိုက်သည်။

"အကြီးအကဲစုကို မျိုးဆက်သစ်ယန်တိုင်ရှား ဂါရဝပြုပါတယ်"

"ဖန်လိုင်ကျွန်းက ကျုပ်တို့ကို ပြဿနာရှာချင်ရှာလာနိုင်တယ်။ ကျုပ်တို့နဲ့အတူမနေတာ ခင်ဗျားအတွက် ပိုစိတ်ချရတယ် ယန်တိုင်ရှား"

လုယန်က စေတနာဖြင့် အကြံပေးသည်။ ဓာတ်ငါးမျိုးဂိုဏ်းတပည့်တစ်ယောက်ဖြစ်၍ ယန်တိုင်ရှားကို သူကာကွယ်မပေးနိုင်။

ဂိုဏ်းသခင်လေးလုအဖြစ်လာခဲ့လျှင်တော့ ကာကွယ်ပေးကောင်းပေးနိုင်လိမ့်မည်။

လုယန်စကား သဘာဝကျသည်ဟု ယန်တိုင်ရှားတွေးမိသည်။ လုယန်တို့နှင့်အတူနေခြင်းသည် အရမ်းစိတ်ဖိအားများသည်။ သူ့လိုဝိညာဉ်ပြောင်းအဆင့်တစ်ယောက် ခံနိုင်ရည်မရှိ။

"ဒါဆို ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့။ မိတ်ဆွေတို့ နောက်ပိုင်းမှာ ဖန်ရှန်းကျွန်းကိုလာလည်ရင် ကျုပ်သေချာပေါက် ကောင်းကောင်းဧည့်ခံပါမယ်"

"နှုတ်ဆက်ပါတယ်"

နှစ်ဦးနှစ်ဘက် လက်နှစ်ဘက်ဆုပ် နှုတ်ဆက်ကြသည်။ ထို့နောက် ယန်တိုင်ရှား ဖန်လိုင်ကျွန်းမှထွက်သွားသည်။

"ဝိညာဉ်ပြောင်းအဆင့်ကို တက်ပြီးစပေမယ့် မာနမရှိဘူး။ အတော်ရှားပါးတဲ့ စိတ်ဓာတ်မျိုးပဲ"

စုယီရန် မှတ်ချက်ပြုသည်။ ဝိညာဉ်ပြောင်းအဆင့်တက်စ အရှေ့ပင်လယ်ကျင့်ကြံသူများစွာ သူမြင်ဖူးသည်။ အားလုံးက မောက်မာဝင့်ကြွားကြသည်။ စိတ်ဓာတ်ညံ့ဖျင်းသည်။

အမှန်တော့ အရှေ့ပင်လယ်ကျင့်ကြံသူများကြားတွင် ထိုအဖြစ်မျိုး မကြာခဏကြုံသည်။ ကျင့်ကြံမှုကိုသာ အာရုံစိုက်သည်။ စိတ်ဓာတ်ကို လေ့ကျင့်ဖို့ မျက်ကွယ်ပြုထားသည်။ ထို့ကြောင့် ကျင့်စဉ်ဖောက်ပြန်ခြင်း။ အဆင့်တက်ရာတွင် ခက်ခဲခြင်းများကြုံရသည်။

လီဟော်ရန်စိတ်ထဲတွေးနေသည်။ ယန်တိုင်ရှားသာ သူတို့နှင့်အတူလိုက်ခဲ့ကြောင်းသိလျှင် ဘာကြောင့် မာနကင်းရသည်ကို စုယီရန်နားလည်လောက်သည်။

စုယီရန်က ဖန်လိုင်ကျွန်းသို့ အကြိမ်ကြိမ်ရောက်ဖူးသဖြင့် ထိုကျွန်းအကြောင်း အတော်သိသည်။ လီဟော်ရန်ကလည်း ချင်ဟော်ရန်၏မှတ်ဉာဏ်တစ်ဝက်လည်း ရထားသဖြင့် သူတို့စုံတွဲက လမ်းပြအဖြစ်တာဝန်ယူသည်။

"အခုရောက်နေတဲ့နေရာက ဖန်လိုင်ကျွန်းမကြီးပဲ။ အပြင်ပိုင်းနဲ့အတွင်းပိုင်းဆိုပြီး ခွဲထားတယ်။ အတွင်းပိုင်းဆိုတာ ဖန်လိုင်ကျွန်းကုန်းတွင်းပိုင်းပေါ့။ မသေမျိုးအကဲဖြတ်ပွဲတို့ အရှေ့ပင်လယ်မဟာမိတ်ဌာနချုပ်တို့ ရှိတဲ့နေရာပါ။

လောလောဆယ် ကျွန်မတို့က အပြင်ပိုင်းမှာရောက်နေတာ။ အရှေ့ပင်လယ်ကျင့်ကြံသူတွေ အစည်ကားဆုံးနေရာပေါ့။ မသေမျိုးအကဲဖြတ်ပွဲကြောင့် ကျွန်းအပြင်ပိုင်းမှာ ကျင့်ကြံသူတွေ ခါတိုင်းထက်ပိုများနေတယ်။ အပြင်ပိုင်းကဆိုင်တွေက ဖန်လိုင်ကျွန်းခွဲမျိုးစုံမှာရှိတဲ့ အကြီးအကဲတွေ မိသားစုတွေပိုင်တယ်။

ဆိုင်တွေရဲ့ဇစ်မြစ်ကို ခြေရာခံရင် အဲဒီ့ကျွန်းခွဲမိသားစုတွေပိုင်တာ တွေ့ရလိမ့်မယ်"

စုယီရန် ဆက်ပြောသည်။

"ကျွန်းမကြီးကို ကျွန်းခွဲသုံးခုဝန်းရံထားတယ်။ သစ်ပင်စိုက်တဲ့၊ ငွေပိုးတီကောင်တွေမွေးတဲ့၊ မိုင်းတွင်းတူးတဲ့ သေမျိုးတွေနေကြတယ်။ ဒီလုပ်ငန်းတွေက ဖန်လိုင်ကျွန်းတပည့်တွေရဲ့ ဘဝနေထိုင်မှုကို ထောက်ပံ့ပေးတယ်"

လီဟော်ရန် ကြားဖြတ်ပြောသည်။

"အထူးသဖြင့် မိုင်းတွင်းနေရာတွေက အရမ်းစည်းကမ်းတင်းကြပ်တယ်။ ကျပ်အတိတ်ဘဝက ဝိညာဉ်ကျောက်နည်းနည်းခိုးဖို့ကြိုးစားခဲ့လို့ အဖမ်းခံရဖူးတယ်"

တာအိုလမ်းစဉ်ဂိုဏ်း၏ နှစ်တစ်သိန်းနှစ်သောင်းပြည့် နှစ်ပတ်လည်ပွဲတွင် လီဟော်ရန်က စုယီရန်နှင့်တွေ့ဆုံပြီး အတိတ်ဘဝမှတ်ဉာဏ်များ နိုးထလာကြောင်းပြောသည်။ ချင်ဟော်ရန်သည် ကိုးငရဲဂိုဏ်းချုပ်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောသည်။

ထိုကိစ္စကို စုယီရန်က အံ့ဩခြင်းမရှိ။ ချင်ဟော်ရန်သည် အမြဲတမ်း လျှို့ဝှက်စွာနေထိုင်သည်။ တစ်ချက်ကြည့်ရုံဖြင့် တရားဝင်လုပ်ငန်းလုပ်သည့်လူမဟုတ်မှန်း သိသာသည်။

ထို့ပြင် ချင်ဟော်ရန်က သူလူပြန်ဝင်စားမည့်အကြောင်း ပြောခဲ့သည်။ ထိုလူဝင်စားအယူအဆသည် ကိုးငရဲဂိုဏ်း၏ယုံကြည်ချက်ဖြစ်သည်။ သို့ဆိုလျှင် သူသည် ကိုးငရဲဂိုဏ်း၏ ထိပ်တန်းဂိုဏ်းဝင်ဖြစ်ဖို့များသည်။

လူခြောက်ယောက် ဆိုင်တစ်ခုတွေ့သဖြင့် ဝင်နားကြသည်။ အရှေ့ပင်လယ်ပတ်ဝန်းကျင်သည် အလွန်စိုစွတ်ထိုင်းမှိုင်းသည်။ အဆင့်နိမ့်ကျင့်ကြံသူများ ခံနိုင်ရည်မရှိကြ။ ထို့ကြောင့် ဆိုင်တွင်ချပေးသည့် လက်ဖက်ရည်သည် ထိုစိုစွတ်ထိုင်းမှိုင်းမှုကို ပယ်ဖျောက်ပေးနိုင်သည့် အာနိသင်မျိုးရှိသည်။

လုယန်တို့က အစိုဓာတ်ကိုကို ပယ်ဖျက်ဖို့မလိုပါ။ သို့သော် လက်ဖက်ရည်၏ အရာသာအစစ်အတိုင်းသာ သောက်ကြသည်။ ထူးခြားသည့်အစားအသောက်တစ်ချို့လည်းမှာသည်။

တွန့်လိမ်လှုပ်ရှားနေသည့် တီကောင်ပန်းကန်တစ်ခု စားပွဲပေါ်ရောက်လာသည့်။ လုယန်တို့ မစားနိုင်ကြ။ သို့သော် ခုတ်စဉ်းထားသည့် ငါးသားက အတော်အရသာရှိသည်။ လက်ရာလည်းသေသပ်သည်။

"နှမျောစရာပဲ။ ဒီငါးက အရွယ်မရောက်သေးတော့ ဝိညာဉ်စွမ်းအင်သန္ဓေ သိပ်မရှိဘူး။ နောက်ထပ်ဆယ်နှစ်လောက်သာ ထပ်စောင့်ရင် အရသာက ပိုထူးခြားသွားမှာ"

မုန်ကျင်းကျိုးက နှမျောတသဟန်ဖြင့်ပြောသည်။ နန်းမြို့တော်တွင် လမ်းသလားခဲ့စဉ်က နာမည်ကျော်စားသောက်ဆိုင်များသို့ သူမကြာခဏသွားခဲ့သည်။ အစားအသောက်ကိစ္စတွင် အတော်ကျွမ်းကျင်သည်။

"ဒီကိစ္စက ဖြေရှင်းဖို့လွယ်ပါတယ်"

မသေမျိုးဆေးပင် ထောင်ယော်ယဲ့နောက်ဘက်မှ ပေါ်လာသည်။

"လတ်ဆတ်တဲ့ငါးကြင်းတစ်ကောင်ယူလာဖို့ ဆိုင်ကိုပြောလိုက်ပါ။ ငါးက အရှင်ဖြစ်ရမယ်နော်"

သီးသန့်ခန်းတစ်ခု သူတို့ယူထားသည်။ မသေမျိုးဆေးပင်အား တစ်ခြားလူများ မြင်သွားမည်ကို စိုးရိမ်စရာမလို။

မုန်ကျင်းကျိုး သူပြောသည့်အတိုင်းလုပ်ပေးသည်။ ဆိုင်ဝန်ထမ်းကို ငါးကြင်းအရှင်တစ်ကောင်ယူလာဖို့ပြောသည်။

ဆိုင်ဝန်ထမ်းက ငါးကြင်းဖြူတစ်ကောင်ပါသည့် ရေဇလုံကိုင်၍ ရောက်လာသည်။

ရေဇလုံကိုထားခဲ့ပြီး ထွက်သွားသည်။ သူတို့လူစုကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်သွားသည်။

သူတို့ဆိုင်သည် လတ်ဆတ်သည့်ဟင်းလျာများကိုသာရောင်းသော်လည်း ငါးကိုတိုက်ရိုက်ခုတ်စင်းလိုသည့် ဖောက်သည်မျိုးတော့ ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။

မသေမျိုးဆေးပင်က ဆိုင်ဝန်ထမ်းအတွေးကို အရေးမစိုက်။ သူ့သစ်ရွက်၏အပိုင်းအစငယ်တစ်ခု ဖဲ့ယူ၍ ငါးကြင်းကို ကျွေးလိုက်သည်။

ထူးခြားသည့်အခွင့်အရေး ချီးမြှင့်ခံရသဖြင့် ငါးကြင်းမှ နို့နှစ်ရောင်အလင်းများ ထိုးထွက်လာသည်။ အလင်းပျောက်ကွယ်သွားချိန်တွင် ဝိညာဉ်စွမ်းအင်ပြည့်နေသည့် နှစ်နှစ်ဆယ်သက်တမ်းရှိသည့် ငါးကြင်းတစ်ကောင်ဖြစ်လာသည်။

"ပြီးပြီ"

မသေမျိုးဆေးပင်က ဝင့်ကြွားရိပ်အပြည့်ဖြင့် ကြေညာသည်။

"ဆေးဘုရင်လေးလား"

စုယိရန် အံ့ဩသွားသည်။ ထိုမသေမျိုးဆေးပင်မျိုးစိတ်ကို သူမခန့်မှန်းနိုင်။ သို့သော် ဆေးဘုရင်မှန်းတော့သိသည်။

"သစ်ရွက်အပိုင်းအစသေးသေးလေးတစ်ခုနဲ့တင် ကျင့်စဉ်စွမ်းအားနှစ်နှစ်ဆယ်စာရလာတယ်ပေါ့"

မုန်ကျင်းကျိုးလည်း အံ့အားသင့်နေသည်။ ဤမသေမျိုးဆေးပင်က အံ့ဩစရာကောင်းလှသည်။

မသေမျိုးဆေးပင်၏ အလည်တည့်တည့်မှသစ်ရွက်က ညင်သာစွာလှုပ်ရမ်းသွားသည်။ ခေါင်းခါသည့်သဘောဖြစ်သည်။

"အဲလောက်တော့ ဘယ်လွယ်ပါ့မလဲ။ ဒီငါးက ကျင့်စဉ်အထောက်အပံ့ နည်းနည်းပဲလိုတာလေ။ မင်းတို့ငါးယောက်ဆိုရင် ဒီလောက်သစ်ရွက်သေးသေးလေးက တစ်ပတ်စာကျင့်စဉ်စွမ်းအားလောက်ပဲ ပေးနိုင်မှာပေါ့"

လုယန် ချင်ဖုန်းဓားဖြင့် ငါးကြင်းကို ခုတ်ပိုင်းလိုက်သည်။ အားလုံး တစ်ပိုင်းစီစားကြသည်။ အစောပိုင်းကငါးထက် များစွာပိုစားကောင်းကြောင်း တွေ့ရသည်။

စုယိရန် အရှေ့ပင်လယ်သို့ အကြိမ်ကြိမ်ရောက်ဖူးသည်။ ထိုမျှအရည်အသွေးမြင့်သည့် ငါးကြင်းသားကို မစားဖူးသေး။

မသေမျိုးဆေးပင်အသုံးဝင်ပုံကိုမြင်ပြီးနောက် စုယိရန် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် မျက်လုံးများအရောင်လက်လာသည်။ ကြွေပုလင်းငယ်တစ်ခု မှော်လက်စွပ်ထဲမှထုတ်ပြီး မသေမျိုးဆေးပင်ကိုမေးသည်။

"ဒါက ငါအမှတ်မထင်ရခဲ့တဲ့ ရတနာတစ်ခုပါ။ သူ့အရည်အသွင်းကိုရော အဆင့်မြှင့်လို့ရနိုင်လား။ ဒီဟာကို နောင်တစ်ချိန် အများကြီးအသုံးချရမှာမို့ပါ"

ထိုကြွေပုလင်းနှင့် အထဲမှပစ္စည်းကို အတော်ရင်းနှီးနေသလို မုန်ကျင်းကျိုးခံစားရသည်။

'ငါ့ရဲ့ ယန်သွေးသန္ဓေမဟုတ်လား...'

အမစု၊ ခင်ဗျားက ဘာအတွက်အသုံးချဖို့ရည်ရွယ်ထားတာလဲ...

All Chapters