← Chapters

ဒုတိယမင်းသား

Vol. 51 Ch. 762

ဒုတိယမင်းသား

Vol. 51 Ch. 762

"သခင်မုန်၊ မတွေ့ရတာ သုံးနှစ်တောင်ကြာပြီနော်။ နန်းမြို့တော်မှာ ပုံပြောဇာတ်လမ်းတွေကနေတစ်ဆင့် သခင်မုန်ရဲ့ဂုဏ်သတင်းကို မကြာခဏကြားရပါတယ်"

ဒုတိယမင်းသားသည် အရပ်မြင့်ပြီး ရုပ်ရည်ခံ့ညားသည်။ ထူးခြားသည့်ရဲစွမ်းသတ္တိမျိုးရှိသည်။။ ပြုံးရွှင်သည့်မျက်နှာဖြင့် အနေဝေးကွာသည့် မိတ်ဆွေရင်းများပါမာ မုန်ကျင်းကျိုးပုခုံးကိုပုတ်၍ပြောသည်။

"မင်းတို့အချင်းချင်း သိကြတယ်ပေါ့"

လုယန် ပြန်စဉ်းစားကြည့်သည်။ မှန်သည်။ နန်းမြို့တော်တွင် မုန်ကျင်းကျိုးကိုမသိသူ မရှိနိုင်။

မုန်ကျင်းကျိုးက သိစိတ်အာရုံမှ လှမ်းပြောသည်။

"နန်းမြို‌တော်မှာ ငါဂြိုလ်မွှေခဲ့တဲ့အချိန်တုန်းက သူ့ညီအရင်းကို ငါရိုက်နှက်ခဲ့တာလေ။ အဲလိုနဲ့ ငါတို့ချင်းသိလာတာ"

နန်းမြို့တော်လူဘော်ကြော့ဟူသည့်နာမည်နှင့် တကယ်လိုက်ဖက်သည်ဟု လုယန်တွေးမိသည်။ မင်းသားတစ်ယောက်ကိုပင် ရိုက်ရဲသည်။

"ဒီနှစ်ယောက်က အိပ်မက်ရေပွက်တီထွင်ခဲ့တဲ့ ထောင်ယော်ယဲ့နဲ့ အရိုးရိုင်းဆိုတာဖြစ်မယ်ထင်တယ်။ ပြီးတော့...သူက ဘယ်သူပါလိမ့်"

လီဟော်ရန်ကိုမြင်ချိန်တွင် ဒုတိယမင်းသား တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။

ထောင်ယော်ယဲ့နှင့်အရိုးရိုင်းက မကြာခဏမစ်ရှင်ထွက်သည်။ ထို့ကြောင့် သူတို့အကြောင်း ဒုတိယမင်းသားအလွယ်တကူစုံစမ်းနိုင်သည်။

သို့သော် ဂိုဏ်းမှထွက်ခဲသည့် လီဟော်ရန်ကို သူမသိ။

စုယိရန်က မသေမျိုးအကဲဖြတ်ပွဲတွင် 'ဟော်ရန်'ဟုသာ ခေါ်ခဲ့သည်။ နာမည်အပြည့်အစုံမသုံးခဲ့။

"ကျုပ်က တာအိုလမ်းစဉ်ဂိုဏ်းတပည့် လီဟော်ရန်ပါ"

"ဪ...တာအိုရှင်လီဟော်ရန်လား။ ကျုပ်ခင်ဗျားကို လေးစားနေခဲ့တာကြာပါပြီ။...ဒါဆို သူက တစ်ကိုယ်တော်ကျင့်ကြံသူ စုယိယန်ဖြစ်မယ်ထင်တဘ်။

ထိုင်ကြပါ မိတ်ဆွေတို့"

စုယိရန်က လီဟော်ရန်လက်ကိုတွဲထားသဖြင့် သတင်းကြားထားသည့် မသေမျိုးအကဲဖြတ်ပွဲမှအဖြစ်အပျက်အကြောင်း ဒုတိယမင်းသား ပြန်သတိရလာသည်။

လီဟော်ရန်ကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သည်။ သို့သော် ယဉ်ကျေးသည့်လူ့အသိုင်းအဝိုင်းတွင် ကြီးပြင်းခဲ့သူဖြစ်၍ သူ့အကြည့်ကို ချက်ချင်းထိန်းသိမ်းသည်။

"မင်းသားကျုပ်တို့ကိုတွေ့ချင်တာ ဘာကိစ္စများရှိလို့လဲ"

ဒုတိယမင်းသားနှင့် ဆက်ဆံဖူးသူဖြစ်၍ အကြောင်းမရှိဘဲ ဤနေရာသို့ခေါ်မည်မဟုတ်မှန်း မုန်ကျင်းကျိုးသိသည်။

"ဘာကိစ္စရယ်မဟုတ်ပါဘူး။ ကျုပ်တို့မဟာရှားနိုင်ငံသားတွေ အရှေ့ပင်လယ် တွေ့ဆုံကြတာဆိုတော့ ရှေးဟောင်းနှောင်းဖြစ်ပြောရင်း အရှေ့ပင်လယ်အစားအသောက်တွေကို မြည်းစမ်းကြည့်ကြဖို့ပါပဲ"

ဝက်များ ကောင်းကင်ပျံသည်ဆိုသည့်အဖြစ်ကိုမှ ယုံကြည်မိဦးမည်ဟု မုန်ကျင်းကျိုးတွေးနေသည်။ မဟာရှားကျင့်ကြံသူ လှေသုံးစင်းအပြည့်ပါသည်။

ရှေးဟောင်းနှောင်းဖြစ်ပြောဖို့လောက်တော့ လုံးဝမဖြစ်နိုင်။

တစ်ဘက်လူ၏ရည်ရွယ်ချက်ကို ကြားပြိးနောက် အရိုးရိုင်းက ခေါင်းကိုငုံ့ပြီး စတင်စားသောက်သည်။

သူတို့စားခဲ့သည့်ငါးကြင်းလောက် မကောင်းသော်လည်း အရသာအမျိုးအစား စုံလင်သည်။ အသစ်အဆန်းဟင်းလျာများ မြည်းစမ်းကြည့်လျှင် ပို၍အမြင်ပွင့်လာမည်။

"မိတ်ဆွေလုယန်က တာအိုရှင်ဝစိပိတ်ရဲ့တပည့်လို့ ကျုပ်ကြားမိတယ်။ မှော်ပညာနဲ့ ဓားပညာ ပါရမီထူးပြီး ဂိုဏ်းသခင်လေးလုဆိုတဲ့လူနဲ့ လက်ရည်တူယှဉ်နိုင်ပြီး ယာယီဂိုဏ်းချုပ် နှစ်ကြိမ်ဖြစ်ခဲ့တယ်လို့တောင်ပြောကြတယ်။

မိတ်ဆွေလုရဲ့ အနာဂတ်အလားအလာက အကန့်အသတ်မရှိဘူး။ နန်းမြို့တော်မှာ မိတ်ဆွေလုကို စံပြအဖြစ်သတ်မှတ်ထားတဲ့ ကျင့်ကြံသူတွေ ဘယ်လောက်တောင်ရှိနေမလဲမသိဘူး"

လုယန်က အလိုက်အထိုက်ပြန်ပြောသည်။

"မင်းသားက ကျုပ်ကိုချီးကျူးလွန်းနေပါပြီ။ ဒါတွေအားလုံးက ကျုပ်ရဲ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကြောင့်ပါ။ ကျုပ်ဆရာနဲ့ ဘာမှမပတ်သက်ပါဘူး"

ဒုတိယမင်းသား မျက်ခုံးတစ်ချက်ခါသွားသည်။ ထိုစကားကို ဘယ်လိုတုံ့ပြန်ရမှန်းမသိတော့။

"မင်းသားရဲ့ အရှေ့ပင်လယ်ခရီးစဉ်က သက်ရှည်ဆေးရှာဖို့လို့ကြားတယ်။ သဲလွန်စတစ်ခုခု တွေ့ထားပြီလား"

ဒုတိယမင်းသား တဟက်ဟက်ရယ်သည်။

"ကျုပ်က ဖန်လိုင်ကျွန်းသခင်ဆီ လာလည်ရုံပါပဲ။ သူ့ပြောတဲ့လျှို့ဝှက်ချက်တစ်ချို့ ကျုပ်ကြားရတယ်။ သက်ရှည်ဆေးက တကယ်ရှိနိုင်ပါတယ်"

"ကျုပ်တို့လည်း မင်းကြီးရဲ့ကျန်းမာရေးအတွက် စိုးရိမ်ပါတယ်။ လိုအပ်ရင် ဆေးရှာတဲ့နေရာမှာ မင်းသားကို ကျုပ်တို့ကူညီပေးလို့ရပါတယ်"

"မိတ်ဆွေလုရဲ့ စေတနာထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီလိုဆေးပင်မျိုး ရှင်သန်တဲ့ပတ်ဝန်းကျင်က ကြမ်းတမ်းတယ်။ ခင်ဗျားတို့တစ်ခုခုဖြစ်ရင် တာအိုလမ်းစဉ်ဂိုဏ်းကို ကျုပ်ရှင်းပြဖို့ခက်လိမ့်မယ်"

"စိတ်မပူပါနဲ့။ ကျုပ်တို့က ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ နည်းလမ်းတွေရှိပါတယ်။ ကျုပ်တို့လုံခြုံရေးအတွက် မင်းသားစိုးရိမ်စရာမလိုပါဘူး"

ထိုစကားကြောင့် ဒုတိယမင်းသား ငြင်းစရာအကြောင်းရင်း မရှိတော့။

"ဒါဆိုရင်တော့ မိတ်ဆွေတို့အားလုံးကို ကျုပ်ကျေးဇူးတင်ရတော့မှာပေါ့"

....

လုယန်တို့လူစု ဒုတိယမင်းသား၏ ဖိတ်ကြားမှုကိုလက်ခံပြီး လှေပေါ်သို့တက်ကြသည်။

"ဒီလေသုံးစင်းက အတော်အကုန်အကျများလောက်တယ်။ မင်းသားက ဆေးရှာဖို့ အပြည့်အဝပြင်ဆင်ပြီးမှ အရှေ့ပင်လယ်ကို လာတဲ့ပုံပဲ"

ဒုတိယမင်းသားက အခက်တွေ့နေဟန်ဖြင့် သက်ပြင်းချသည်။

"ကျုပ်အကိုကြီးက နန်းပလ္လင်ကို စိတ်မဝင်စားဘူးလို့ ကြေညာထားပေမယ့် သူအမှန်ပြောတာလား လိမ်နေတာလားဆိုတာ ဘယ်သူမှမသိနိုင်ဘူး။

ညီသုံးကလည်း နန်းတက်ဖို့ စိတ်ဝင်စားနေတယ်။ ကျုပ်တို့ခမည်းတော်က မဟာရှားရဲ့ ပင်မဒေါက်တိုင်ပါ။ သူသေသွားရင် ထီးနန်းအတွက်ပြိုင်ဆိုင်မှုတွေ သေချာ‌ပေါက်ရှိလာမယ်။ မဟာရှားတစ်ခုလုံး ပရမ်းပတာဖြစ်လာမှာပဲ။

ပလ္လင်အတွက် ကျုပ်ပြိုင်ဆိုင်ချင်စိတ်မရှိဘူး။ ညီအကိုရင်းတွေ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေရတာမျိုးလည်း မဖြစ်ချင်ဘူး။ ဒါကြောင့် ပင်လယ်ပြင်ကို ဆေးရှာထွက်လာတာပါ။

ဒီခရီးစဉ်မှာ သက်ရှည်ဆေးရှာတွေ့ပြီး ခမည်းတော်ရဲ့သက်တမ်းကို ဆွဲဆန့်နိုင်ရင် ဒီသင်္ဘောသုံးစင်းအတွက် ရင်းနှီးရတာ ထိုက်တန်ပါတယ်"

"အိမ်ရှေ့မင်းသားကို ကျုပ်နှစ်ကြိမ်တွေ့ဖူးတယ်။ သူ့ပုံစံက နန်းပလ္လင်ကို စိတ်ဝင်စားပုံမရပါဘူး"

လုယန်နှင့်မုန်ကျင်းကျိုးတို့ မင်းသားကျန်းချွန်ကို ချင်းကျိုးပွဲတော်တွင်တစ်ကြိမ်တွေ့သည်။ ထိုစဉ်က ရှားချန်ဟူသည့်နာမည်ကို ယူထားသည်။ ချင်းကျိုးနယ်စား၏ ဒုလက်ထောက်အဖြစ် တာဝန်ထမ်းဆောင်သည်။

တာအိုလမ်းစဉ်ဂိုဏ်း နှစ်ပတ်လည်ပွဲတွင် နောက်တစ်ကြိမ်တွေ့သည်။ မဟာရှားကိုယ်စားပြုအဖြစ် ရောက်လာခြင်းဖြစ်သည်။

"အကိုကြီးက အချိန်ယူပြီး နောက်ကွယ်မှာအင်အားစုဆောင်းနေတာလို့ တစ်ချို့ကပြောကြတယ်။ ခမည်းတော်သက်တမ်းလျော့ပါးတဲ့ကိစ္စက သူနဲ့ပတ်သက်မှုရှိတယ်လို့တောင် ကောလဟာလတွေ ထွက်နေတယ်"

လုယန်နှင့်မုန်ကျင်းကျိုး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ နန်းမြို့တော်ကိစ္စများက ထင်ထားသည်ထက် ပိုရှုပ်ထွေးသည်။

ပြောနေသည့်အကြောင်းအရာက နည်းနည်းများလွန်းသွားကြောင်း ဒုတိယမင်းသားချက်ချင်းသဘောပေါက်သည်။ ထိုကိစ္စများကို လုယန်တို့လိုလူများ မသိသင့်။

ထို့ကြောင့် ချက်ချင်းစိတ်ပြောင်းပြီး ရယ်လိုက်သည်။

"ဒါတွေထားလိုက်ပါတော့။ စိတ်ရှုပ်စရာကိစ္စတွေ ဘာလို့ပြောနေမှာလဲ။ အရှေ့ပင်လယ်နယ်နိမိတ်က အဆုံးမရှိကျယ်ပြန့်တယ်။ ဒီလိုစိတ်မသက်သာစရာကိစ္စတွေ ဆက်တွေးနေဖို့ မလိုပါဘူး"

လှေသုံးစင်း ရွက်လွှင့်ထွက်ခွာလာသည်။ မိုးပြာရောင်ကင်းကင်နှင့် နက်ရှိုင်းသည့်ပင်လယ်ပြင်က ထိစပ်နေသကဲ့သို့ အစွန်းအထင်းမရှိသည့်မြင်ကွင်းကို မြင်နေရသည်။

ပင်လယ်မျက်နှာပြင်ပေါ်တွင် နေရောင်အလင်းက ဖြန့်ကျက်ထားသည်။ ရွှေရောင်တစ်လက်လက်တောက်ပပြီး ပင်လယ်ပြင်ပေါ် အလင်းပြန်နေသည်။ ထိုမြင်ကွင်းကိုကြည့်ရသည်မှာ စိတ်ကြည်နူးစရာကောင်းသည်။

သို့သော် ပင်လယ်အလှကို လုယန်မခံစားနိုင်။ သူ့သိစိတ်နယ်မြေတွင် ပင်လယ်ရေများပြည့်နေသည်။ မသေမျိုးရေသူမတစ်ယောက် စိတ်ထင်တိုင်း သောင်းကျန်းနေသည်။

"ဒါက မိတ်ဆွေလေးလုယန်ဆိုတာလား"

လုယန်ဘေးသို့ သက်ကြီးပိုင်းလူတစ်ယောက် အရိပ်တစ်ခုလို အသံတိတ်ပေါ်လာသည်။

အစောပိုင်းက ဒုတိယမင်းသား ဆိပ်ကမ်းဆိုက်ကပ်သည်ကို လုယန်ကြည့်နေခဲ့သည်။ မင်းသား၏ဘေးပတ်လည်မှ နောက်လိုက်အားလုံး စုစည်းခြင်းအဆင့်များဖြစ်သည်။

သူမသိသည့် ဤအကြီးအကဲတစ်ယောက်သာ ကူးဖြတ်ခြင်းအဆင့်ဖြစ်မည်ဟု သူတွေးမိခဲ့သည်။

ယခု နတ်မယ်ကလည်း အတည်ပြုပြီးဖြစ်သ်ည။ ထိုလူသည် တကယ်ကူးဖြတ်ခြင်းအဆင့်ဖြစ်သည်။

"ခင်ဗျားကဘယ်သူလဲ"

"စန်းမိန်ကျိပါ။ တစ်ချိန်က တာအိုရှင်ယွမ်ကျိနဲ့ လက်ရည်စမ်းခဲ့ဖူးပါတယ်"

စန်းမိန်ကျိလို အဆင့်မြင့်စွမ်းအားရှင်တစ်ယောက်က ဘာကြောင့်မိတ်ဆွေလေးဟုခေါ်ပြီး ယဉ်ယဉ်ကျေးကျေးဆက်ဆံနေသည်ကို လုယန်သဘောပေါက်လာသည်။

ထိုလူကို ယွမ်ကျိက အနိုင်ယူထားခြင်းဖြစ်ပေလိမ့်မည်။

"တာအိုရှင်ယွမ်ကျိဟာ ကျင့်ကြံတဲ့သက်တမ်း နှစ်တစ်ထောင်မပြည့်သေးပေမယ့် ကူးဖြတ်ခြင်းအဆင့်ကို ရောက်နေပြီ။ ကျုပ်အဘိုးကြီး တကယ်ရှက်မိပါတယ်"

"အကြီးအကဲစန်းမိန်က နောက်တတ်တာပဲ။ ခင်ဗျားကျင့်စဉ်အဆင့်ကို အားကျနေတဲ့ကျင့်ကြံသူတွေ အများကြီးရှိမှာပါ"

"ဒါက အချိန်အကြာကြီး ကြိုးစားအားထုတ်ခဲ့လို့ပါ။ မင်းက ယွမ်ကျိရဲ့ ဂိုဏ်းတူမောင်လေးဖြစ်သလို ပါရမီလည်းထူးခြားတယ်။

လာမယ့်မဟာကပ်အပြိုင်အဆိုင်ခေတ်မှာ မင်းအတွက် နေရာတစ်ခုရဖို့ ကျိန်းသေပါတယ်"

လုယန်၏တိုးတက်မှုကို မြင်ရသဖြင့် စန်းမိန်ကျိ စိတ်ခံစားချက်အမျိုးမျိုး ဖြစ်ပေါ်နေသည်။ ထို့နောက် လက်နှစ်ဘက်နောက်ပစ်၍ ခေါင်းခါရင်း သူထွက်သွားသည်။

"ဘာတွေပြောသွားတာလဲ"

မုန်ကျင်းကျိုးက သိစိတ်အသံလှိုင်းမှ ကောက်ကာငင်ကာမေးသည်။

လုယန် သက်ပြင်းချသည်။

"ဒုတိယမင်းသားက ငါတို့နဲ့မိတ်ဖွဲ့ဖို့ အရမ်းစိတ်အားထက်သန်လွန်းနေတယ်။ ငါ့အထင်မမှားရင် မကြာခင် သင်္ဘောပျက်တာမျိုး ကြုံရနိုင်တယ်"

ဒုတိယမင်းသားက နန်းပလ္လင်ကို စိတ်မဝင်စားသည့်ပုံမျိုးရှိသော်လည်း သူ့အကိုကြီး ပလ္လင်အတွက် ပြိုင်ဆိုင်မှုလုပ်မလုပ် သေချာမသိကြောင်း ပြောခဲ့သည်။ သူ့ညီသုံးကလည်း ပလ္လင်ကို မျက်စိကျနေကြောင်းပြောသည်။

ဒုတိယမင်းသားကိုယ်တိုင်က ထီးနန်းကို လိုချင်မက်မောနေကြောင်း ထိုစကားများက သက်သေခံနေသည်။

လုယန်နှင့်မုန်ကျင်းကျိုးတွင် လုယန်က တာအိုလမ်းစဉ်ဂိုဏ်း၏ အနာဂတ်ဂိုဏ်းချုပ်၊ ယွမ်ကျိ၏ ဆရာတူမောင်လေးဖြစ်သည်။ မုန်ကျင်းကျိုးက မုန်မိသားစု သခင်လေးဖြစ်သည်။

သူတို့နှစ်ယောက်ကို သိမ်းသွင်းနိုင်လျှင် ထီးနန်းက ဒုတိယမင်းသားလက်ထဲသို့ ရောက်လာဖို့များသည်။

ရင်းနှီးမှုအမြန်ဆုံးတည်ဆောက်သည့်နည်းလမ်းက အန္တရာယ်တစ်ခုကို အတူလက်တွဲဖြတ်ကျော်ခြင်းဖြစ်သည်။

"ငါတို့နှစ်ယောက်လုံး ကောင်းကင်ရုံးတော်ဂိုဏ်းကမှန်းသာသိရင် သူစည်းရုံးရဲတဲ့သတ္တိရှိဦးမလား သိချင်မိတယ်"

All Chapters