← Chapters

အမှည့်ချွေ

Vol. 51 Ch. 757

အမှည့်ချွေ

Vol. 51 Ch. 757

"ဒီတစ်ပွဲ တိုက်ခိုက်မယ့်လူက ဖန်ချောင်ဖြစ်မယ်လို့ ထင်မထားဘူး။ ဟိုနတ်ဝိညာဉ်ငါးယောက်တော့ ကံဆိုးတာပဲ"

"လက်ရင်းတပည့်တွေကြားမှာတောင် ဖန်ချောင်လို့ တိုက်ခိုက်ရေးပါရမီရှင်မျိုးက အတော်ရှားတယ်။ အဆင့်တူချင်းမှာ ပြိုင်ဘက်ကင်းပဲ"

"ဟုတ်တယ်၊ ဖန်ချောင်က နတ်ဝိညာဉ်အလတ်တန်းဆင့်ပေမယ့် ဝိညာဉ်ပြောင်းအခြေခံအဆင့်တစ်ယောက်နဲ့ တိုက်ကွက်တစ်ရာလောက်တိုက်ခိုက်ပြီး အနိုင်ယူနိုင်ခဲ့တယ်တဲ့။

အဆင့်ကြီးတစ်ဆင့်လုံးမြင့်တဲ့လူကို သူစိန်ခေါ်ခဲ့တာ။ တကယ့် ရှေးဟောင်းပါရမီရှင်ရဲ့ စွမ်းရည်မျိုးပဲ"

"ဟာ..သူက အဲလောက်တောင် စွမ်းအားကြီးတာလား"

"စွမ်းအားမကြီးဘဲ ဘယ်နေမလဲ။ သူ့ဆရာက တာအိုရှင်ရွှမ်လင်လေ။ ဖန်လိုင်ကျွန်းသခင်ရဲ့ တစ်ဦးတည်းသောသမီးပဲ။ ဒီကျွန်းမပြောနဲ့ အရှေ့ပင်လယ်တစ်ခုလုံးမှာတောင် ရွှမ်လင်ကို ရန်စရဲတဲ့လူမရှိသလောက်ပဲ"

"မသေမျိုးအကဲဖြတ်ပွဲဆိုတာ မသေမျိုးလမ်းစဉ်ပါရမီရှင်တွေကို ဖော်ထုတ်တဲ့ပွဲပါ။ ဒီတစ်ခါ ဖန်ချောင်က မသေမျိုးပါရမီရှင်အဖြစ် ရွေးချယ်ခံရမယ်ထင်တယ်"

လုယန်တို့ငါးယောက် အကြားအာရုံထက်မြက်ကြသည်။ ကိုယ့်ထက်ကျင့်စဉ်အဆင့်မြင့်သူကို စိန်ခေါ်နိုင်သည်ဆိုလျှင် ဤဖန်ချောင်သည် ရင်ဆိုင်ဖို့ သိပ်မလွယ်လောက်။

ငါးယောက်ထဲတွင် ဝါအကြီးဆုံးဖြစ်သည့်လုယန်က တိုက်ပွဲအခြေအနေကို သုံးသပ်၍ နိုင်ကွက်ကိုစဉ်းစားနေသည်။

"ငါ့အမြင်ကတော့ ဖန်ချောင်ဟာ တိုက်ခိုက်စွမ်းအားကောင်းပေမယ့် ဝိညာဉ်စွမ်းအား သိပ်မကောင်းလောက်ဘူး။ သူ့ကိုငါတို့ တစ်လှည့်စီလူပြောင်းပြီး တိုက်ခိုက်ရင် နောက်ဆုံးမှာ သူ့ကိုအသာစီးရလာလိမ့်မယ်"

"ဟုတ်တယ်"

မုန်ကျင်းကျိုးက ပထမဆုံးထောက်ခံသည်။

အရိုးရိုင်း တွေးမရဖြစ်နေသည်။ ဖန်ချောင်သည် အကိုလုပြောသလောက် တကယ်စွမ်းအားကြီးနေသလော...

သူသတိမထားမိသည့် ဝှက်ဖဲများ ရှိနေသလော....

သို့မဟုတ်

ယုန်သူငယ်ကို အမဲလိုက်ဖို့ပင် ခြင်္သေ့သည် အားအပြည့်သုံးသည့်သဘောလော...

"မင်းတို့ကိုး..."

ဖန်ချောင် အေးစက်စက်ရယ်လိုက်သည်။ ဈေးဆိုင်တွင်တွေ့ခဲ့ရသည့်လူများက သူ့ပြိုင်ဘက်ဖြစ်လာမည်ဟု မထင်ခဲ့။ တကယ်ရေစက်ပါပုံရသည်။

"မင်းတို့ငါးယောက်လုံး ပြိုင်တူတက်ခဲ့ပါ"

ဖန်ချောင် ခေါင်းအနည်းငယ်မော့၍ ခပ်တည်တည်ပြောသည်။ သူ့နာမည်ဂုဏ်သတင်းက ကျော်ကြားနေပြီးဖြစ်သည်။ ယခုလိုအပ်သည်က အပြတ်အသတ်အနိုင်ယူ၍ သူ့ဂုဏ်ပုဒ်ကို ထပ်မြှင့်တင်ဖို့သာဖြစ်သည်။

ထိုသို့လုပ်မှလည်း အကဲဖြတ်ပွဲတွင် တစ်ချီတည်းနာမည်ကျော်ပြီး အားလုံးက သူ့အကြောင်းသိသွားမည်။

"မင်းက တိုက်ပွဲမြန်မြန်အဆုံးသတ်ချင်နေပုံပဲ။ မင်းမှာ ဝိညာဉ်စွမ်းအားနည်းတာ သေချာတယ်"

လုယန် တည်တည်ငြိမ်ငြိမ်သုံးသပ်သည်။

"ဒီတိုက်ပွဲက အန္တရာယ်များတယ်။ ဒီတော့ အကိုကြီးတစ်ယောက်အနေနဲ့ ငါအရင်သွားပြီး မင်းတို့အတွက် လမ်းရှင်းပေးမယ်"

ထိုငါးယောက် ဘာကြောင့်တက်မလာကြသေးသည်ကိ ဖန်ချောင်စဉ်းစားနေစဉ် လုယန်၏သဏ္ဍာန်က လျှပ်စီးရိပ်တစ်ခုအဖြစ်ပြောင်းသွားပြီး သူ့ဆီ တစ်ရှိန်ထိုးဝင်လာသည်။

"မြန်လှချည်လား"

ဖန်ချောင် လန့်ဖျတ်သွားပြီး ဓားဖြင့်အလိုလိုကာမိသည်။

သူသည် ဓားကျင့်ကြံသူဖြစ်သည်။

"ငါ့ခွင့်ပြုချက်မရဘဲ ကားပျံတွေ မင်းမဖန်တီးသင့်ဘူးကွ"

လုယန် လက်နှစ်ချောင်းကို ဓားအဖြစ်သုံး၍ ဓားချီအလင်းတစ်ခု ထုတ်လွှတ်လိုက်သည်။

ဓားချီက နဂါးတစ်ကောင်လို စွမ်းအားအပြည့်ဖြင့် ဖန်ချောင်၏ဓားရှည်နှင့် ရင်ဆိုင်တွေ့သည်။ သတ္တုချင်းရိုက်ခတ်သံပေါ်လာသည်။

ထိုဓားချက်ကြောင့် ဖန်ချောင် နောက်သို့ခြေလှမ်းအတော်များများဆုတ်သွားရသည်။

မှော်အဆောင်ကျင့်ကြံသူများ မှော်စက်ဝန်းကျင့်ကြံသူများ ခန္ဓာကျင့်ကြံသူများကို ရင်ဆိုင်ရလျှင် လုယန် ချင်ဖုန်းဓားကို ထုတ်သုံးမည်ဖြစ်သည်။

သို့သော် ပြိုင်ဘက်က ဓားကျင့်ကြံသူဖြစ်နေသည်။ အဆင့်တူဓားကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ရခြင်းဖြစ်၍ ဓားအစစ်ပင် သုံးဖို့မလို။

"ကားပျံအတွက် မူပိုင်ကြေးတော့ မင်းငါ့ကိုပေးသင့်တာပေါ့"

လုယန်မကျေနပ်ချက်များ ပို၍မြင့်တက်လာသည်။ ဝိညာဉ်ကျောက်ရှစ်သန်းကိစ္စ တွေးမိသည်။ သူငွေမရှားပါ။ သို့သော် သူ့ငွေများ တစ်ခြားလူအိတ်ကပ်ထဲ ရောက်သွားသည့်အဖြစ်ကို သူမကြေနပ်။

"အရဟတ်လက်သီး"

လက်သီးနျှင့် ဓားပညာပေါင်းစပ်လိုက်သည်။ ဖန်ချောင် ဓားဖြင့်ကာသည်။ တိုက်ခိုက်သည်။ သို့သော် လုယန် ထိုသို့ဖြစ်မည်ကို ကြိုတွေးပြီးဖြစ်သည်။

တိုက်ပွဲစကတည်းက ဖန်ချောင် လက်ကောက်ဝတ်လှည့်ခွင့်ပင်မရ။

တစ်ချိန်တည်းမှာပင် သူ့ခေါင်းမှ ဆံပင်များလည်း အထွေးလိုက် ကျွတ်ကျလာသည်။

"ငါ့ဆံပင်တွေ..."

ဖန်ချောင် ဒေါသထွက်သွားသည်။ သူရုပ်ရည်သူ အမြဲတမ်းဂရုစိုက်ခဲ့သည်။ ယခု တစ်ခြားလူများကို သူဘယ်လိုမျက်နှာပြရတော့မည်မသိ။

"ဟူး...ရင်ဆိုင်ရတာ မလွယ်ပါလား"

လုယန် မောပန်းချင်ယောင်ဆောင်ပြီး မုန်ကျင်းကျိုးကို လူပြောင်းဖို့ အချက်ပြလိုက်သည်။

မုန်ကျင်းကျိုး၏ လက်သီးချက်များကလည်း ကြမ်းတမ်းရက်စက်သည်။ ဖန်ချောင်မျက်နှာတစ်ခုလုံး ဖူးရောင်လာသည်။

"ငါအပြင်ထွက်တဲ့အချိန်မှာတောင် အဲလောက်ဆောင့်ကြွားကြွားမနေဘူးကွ။ မင်းက ဘယ်လောက်စွမ်းနေလို့လဲ"

ထို့နောက် ထောင်ယော်ယဲ့၊ အရိုးရိုင်းနှင့် လီဟော်ရန်တို့ တစ်လှည့်စီဝင်တိုက်သည်။

ခွင့်ပြုချက်မရှိဘဲ အိပ်မက်ရေပွက်လုပ်ငန်း လုပ်နေခြင်းသည် ပေါ်တင်ငွေခိုးခြင်းဖြစ်သည်။ စိတ်ထားကောင်းသည့် ထောင်ယော်ယဲ့ပင် ဒေါသထွက်နေသည်။

အရိုးရိုင်းက လုယန်၏လှုပ်ရှားမှုများကို အတုယူသည်။ ခြင်္သေ့သည် ယုန်ကိုအမဲလိုက်လျှင်ပင် ခွန်အားအပြည့်သုံးရမည်။ ဘိုးဘေးဝိညာဉ်တစ်ခု သူ့ကိုဝင်ပူးကပ်သည်။ ခပ်ကြမ်းကြမ်းဝင်တိုက်ခိုက်သည်။

လီဟော်ရန်လည်း ဖန်ချောင်ကို ကြည့်မရ။ မီးတောက်စစ်ကိုသုံးနိုင်သော်လည်း သူစိတ်ထိန်းထားသည်။ မီးတောက်စစ်သုံးလျှင် ဖန်‌ချောင်ချက်ချင်းသေသွားလိမ့်မည်။

အလှည့်ကျတိုက်ခိုက်ရေးအစီအစဉ်က ချောမွေ့စွာလည်ပတ်နေသည်။ ထရပ်ကားတစ်စီး ငါးကြိမ်ငါးခါ တိုက်ခိုက်ခံရသကဲ့သို့ ဖန်ချောင် အကြီးအကျယ်အထိနာနေသည်။

"ငါမင်းကို တိုက်ခိုက်ခိုင်းမယ်"

ဖန်ချောင်မျက်နှာ တင်းမာခက်ထန်လာသည်။ အင်္ကျီလက်ထဲမှ သံမဏိကြာပန်းတစ်ပွင့် လွင့်ပျံထွက်သွားသည်။

ကြာပန်းပွင့်အာလာသည်။ ပွင့်ချပ်ဆယ့်ရှစ်ခု ထိုးထွက်သွားသည်။ တစ်ခုချင်းစီတွင် ပြင်းထန်သည့်အဆိပ်များပါသည်။

လီဟော်ရန်က တန်ကျားမီးတောက်နှင့် တာ့ယန်မီးတောက်စစ်ကို လက်ဝါးထဲဆင့်ခေါ်သည်။ ကျောက်စိမ်းသားကဲ့သို့ ဖြူဖွေးနေသည်။ သံမဏိပွင့်ချပ်များကို ဖမ်းယူ၍ သူ့ကိုယ်ပိုင်မှော်လက်နက်အဖြစ် ချက်ချင်းသန့်စင်သည်။ ဖန်ချောင်ဆီ ပြန်ပစ်လွှတ်သည်။

ဖန်ချောင် စူးရှစွာအော်ဟစ်၍ မြေပေါ်သို့ လဲကျသွားသည်။ အဆိပ်ကြောင့် အကြောဆွဲနေသည်။

ကြည့်နေသည့်ပရိတ်သတ်များ အံ့အားသင့်သွားသည်။

"ဒီငါးယောက်က ဘယ်သူလဲ။ သူတို့တစ်ယောက်ချင်းစီက ဖန်ချောင်ကို အနိုင်ယူနိုင်တယ်ပေါ့"

"သူတို့ကျင့်စဉ်အဆင့်မှန်ကို ဖုံးကွယ်ထားတာများလား"

"မဟုတ်ဘူး။ သူတို့က နတ်ဝိညာဉ်အလတ်တန်းအဆင့်တွေပါ"

"ဒီလိုပါရမီရှင်တွေ ဘာလို့ရုတ်တရက် ပေါ်လာတာလဲ"

"ဖန်ချောင်က အများပြောသလောက် စွမ်းအားမကြီးတာများလား"

ဖန်ချောင် မကျေမနပ် အော်ဟစ်ညည်းညူသည်။

"ဆရာ ၊ သူတို့သတ်ပါ။ သူတို့အားလုံးကိုသတ်ပါ"

သူ့မျက်လုံးတွင် နားကျည်းရိပ်များပြည့်နေသည်။ မသေမျိုးအကဲဖြတ်ပွဲတွင် သူ့ကိုမရှုမလှအရှက်ရခဲ့သဖြင့် ထိုငါးယောက်ကို ဖန်လိုင်ကျွန်းမှ အသက်ရှင်လျက် ထွက်သွားခွင့်မပေးနိုင်။

ဖန်လိုင်ကျွန်းသည် သူ့ပိုင်နက်ဖြစ်သည်။

"ငါ့တပည့်ကို ဒီလိုစော်ကားရဲတယ်ဆိုတော့ ဖန်လိုင်ကျွန်းမှာ ဘာစွမ်းအားရှင်မှမရှိဘူးလို့ ထင်နေပုံပဲ"

စင်မြင့်ထက်မှ မိန်းမလှတစ်ယောက်က အတက်အကျမရှိသည့်လေသံဖြင့်ပြောသည်။ လီဟော်ရန်ကို အေးစက်စက်စိုက်ကြည့်နေသည်။ သူ့ရင်ဘတ်က ထူးထူးခြားခြားဖောင်းမို့နေသည်။

အရပ်မြင့်မြင့် ညှို့အားပြင်းသည့်ကိုယ်ဟန်ကို အားဖြည့်ပေးနေသလိုရှိသည်။ ထိုမြင်ကွင်းမျိုးက အရှေ့ပင်လယ်တွင် မဆန်းပြားလှ။ မသင့်တော်ဟု မယူဆကြ။

ထိုမိန်းမလှ စင်မြင့်ထက်မှ ပျံဆင်းလာသည်။ ဖန်ချောင်၏ဆရာ ဖန်လိုင်ကျွန်းသခင်၏ တစ်ဦးတည်းသောသမီး ရွှမ်လင်ဖြစ်သည်။

ယခု ရွှမ်လင်၏ခန္ဓာကိုယ်ကို ဘယ်သူမှစိတ်မဝင်စားနိုင်ကြ။ စုစည်းခြင်းအဆင့်သခင်စစ်တစ်ယောက်၏ စွမ်းအင်ဖိအား ကျဆင်းလာသည်။

လုယန်တို့လည်း ထိုဖိအားကြောင့် လုံးဝမလှုပ်နိုင်တော့။

"ဆရာ"

သူ့ဆရာဆင်းလာသည်ကိုမြင်သဖြင့် ဖန်ချောင် ဝမ်းသာသွားသည်။

ရွှမ်လင်က သူ့ကိုလှည့်ပင်မကြည့်။ ကျောက်ရုပ်လိုဖြစ်နေသည့်လီဟော်ရန်ကို ဖြူဖွေးသည့်လက်ချောင်းများဖြင့် ဆွဲမပြီး သေချာအကဲခတ်နေသည်။

ထို့နောက် လှပစွာပြုံးပြီး ညှို့ဓာတ်အပြည့်ဖြင့်ပြောသည်။

"မင်းကအတော်ချောတာပဲ။ ငါ့ကိုယ်လုပ်တော်အဖြစ်နေမယ်ဆိူရင် ဖြစ်ခဲ့တဲ့ကိစ္စကို မေ့ပစ်ပေးလို့ရတယ်"

မုန်ကျင်းကျိုး "..."

ယောက်ျားကိုယ်လုပ်တော်များကို ထိုမျှပွင့်ပွင့်လင်းလင်း လက်ခံခြင်းသည် အရှေ့ပင်လယ်၏ ထူးခြားသည့်ဓလေ့များလားဟု လုယန်တွေးနေသည်။

ဤနေရာသို့ရောက်နေပြီဖြစ်၍ ညီလေးလီကို ထိုအတွေ့အကြုံမျိုး ခံစားခွင့်ပေးသင့်သည်။

လီဟော်ရန် စိတ်ပျက်အားငယ်စွာ နောက်လှည့်ကြည့်၍ အားကိုးရှာသည်။ သို့သော် လုယန်တို့က ကူညီမည့်ဟန်မျိုးမရှိ။

လီဟော်ရန် ပိုစိတ်ပျက်သွားသည်။ ထိုလူများကို အားကိုး၍မရမှန်း သိလိုက်သည်။

လက်ခံမလား ငြင်းဆန်မလား သူ့စိတ်လွန်ဆွဲနေချိန်တွင် စင်မြင့်ပေါ်မှ နောက်ထပ်အေးစက်စက်စကားသံတစ်ခု ပေါ်လာသည်။

"ရွှမ်လင်၊ ညစ်ပတ်တဲ့နင့်လက်တွေကို သူ့ကိုယ်ပေါ်ကဖယ်လိုက်စမ်း"

နောက်ထပ် မိန်းမလှတစ်ယောက် စင်မြင့်ထက်မှ ဆင်းလာသည်။ သူ့စွမ်းအင်ဖိအားဖြင့် ရွှမ်လင်၏စွမ်းအင်ဖိအားကို ချေဖျက်သည်။

အကဲဖြတ်ပွဲသို့ရောက်နေသူများ အသက်ရှူချောင်သွားကြသည်။

အသစ်ရောက်လာသည့်မိန်းမလှက လီဟော်ရန်ရှေ့တွင်ကာရပ်ပြီး ရွှမ်လင်ကို သတိဖြင့်ကြည့်နေသည်။

"မိတ်ဆွေစု၊ ဒါက ဖန်လိုင်ကျွန်းရဲ့ အတွင်းရေးပြဿနာပါ။ နင်က နည်းနည်းဝင်စွက်လွန်းသလို ဖြစ်နေပြီ"

မိတ်ဆွေစုက လှောင်ပြုံးပြုံးသည်။

"အတွင်းရေးပြဿနာတဲ့လား။ ဒီလူက ငါ့ယောက်ျားပါ။ ငါဝင်မစွက်လို့ ဘယ်ဖြစ်မလဲ"

လီဟော်ရန်ကို ကာကွယ်နေသူက မသေမျိုးအကဲဖြတ်ပွဲကို ကြည့်ရှုသုံးသပ်ရန် ဖိတ်ကြားခံထားရသည့် စုယီရန်ဖြစ်သည်။

All Chapters