← Chapters

နာမည်‌ကျော်လီဟော်ရန်

Vol. 51 Ch. 758

နာမည်‌ကျော်လီဟော်ရန်

Vol. 51 Ch. 758

မသေမျိုးအကဲဖြတ်ပွဲတွင် စုစည်းခြင်းသခင်စစ်နှစ်ယောက် ရပ်နေသည်။ တစ်‌ယောက်ကိုတစ်ယောက် အေးစက်စက်ကြည့်နေသည်။ ဘယ်သူမှ အလျှော့မပေးကြ။

သူတို့ကိုယ်မှထွက်လာသည့်စွမ်းအင်ရောင်ချင်း ပြိုင်ပွဲစင်ပေါ်တွင် ရိုက်ခတ်ကြသည်။ သီးခြားစွမ်းအင်နယ်မြေနှစ်ခုဖြစ်လာသည်။

"အမစု၊ ဒီလူက အသက်နှစ်ဆယ်တောင်မပြည့်သေးဘူး။ ဘယ်လိုလုပ် အမယောက်ျားဖြစ်နိုင်မှာလဲ။ ဒီဆင်ခြေက သဘာဝတော့သိပ်မကျဘူးထင်တယ်"

ရွှမ်လင်က စုယီရန်မျက်နှာအမူအရာအပြောင်းအလဲကို သေချာအကဲခတ်နေသည်။

ရွှမ်လင်၏နာမည်ဂုဏ်သတင်းသည် အရှေ့ပင်လယ်အနှံ့ ကျော်ကြားသည်။ သူကိုယ်တိုင်က အလှပိုင်ရှင်ဖြစ်၍ မဟာရှားမှစုယီရန်ကို အလိုလိုဆန့်ကျင်လိုစိတ်ဖြစ်ပေါ်နေသည်။

စုယီရန် တည်ငြိမ်စွာပြန်ပြောသည်။

"ဟော်ရန်နဲ့ငါက စေ့စပ်ပြီးသားပါ။ သူ့မိဘတွေကလည်း အသိအမှတ်ပြုပြီးပြီ။ ဒါကို ဆင်ခြေလို့ ဘယ်လိုပြောလို့ရမှာလဲ"

သူ့စကားကြောင့် လူအုပ်ကြီး အံ့အားသင့်သွားပြီး တီးတိုးစကားသံများပေါ်လာသည်။ အများစုက မနာလိုတိုရှည်ဖြစ်မိကြသည်။

"ဘုရားရေ၊ အသက်နှစ်ဆယ်မတိုင်ခင် စေ့စပ်ထားတယ်တဲ့။ ဘယ်လိုဖြစ်နိုင်မှာလဲကွာ။ ရုပ်ချောတာက အဲလောက်‌တောင် ဆွဲဆောင်နိုင်စွမ်းရှိတာလား"

"အရမ်းအားကျတယ်။ သူ့ကျင့်စဉ်အဆင့်က မမြင့်ပေမယ့် စုစည်းခြင်းသခင်စစ်နှစ်ယောက်က သူ့ကိုကြိုက်နေကြတယ်။ ငါလည်း သူ့လိုကံကောင်းချင်လိုက်တာ"

"ဟုတ်တဘ်ကွာ၊ သခင်စစ်တစ်ယောက်သာ ငါ့ကိုသဘောကျရင် ဒီတစ်သက် ငါကျင့်ကြံစရာမလိုတော့ဘူး"

"အကြီးအကဲစုက အတော်စိတ်ဓာတ်ပြင်းထန်ပုံပဲ။ လက်ထပ်ပြီးသားယောက်ျားတွေကို ဆွဲဆောင်တဲ့နေရာမှာ ရွှမ်လင်ကို မယှဉ်နိုင်ဘူး"

ရွှမ်လင်က လက်ညှိုးကို ပါးစပ်ထဲထည့်၍ တံတွေးရည်မျှင်တစ်ခုထုတ်သည်။ အမျှင်တစ်ဘက်စွန်းက ဆန့်ထုတ်ထားသည့်သူ့လျှာနှင့် တယ်ဆက်နေသည်။ လီဟော်ရန်ကို ရွှန်းရွှန်းစားစားကြည့်၍‌ပြောသည်။

"စေ့စပ်ပြီးတော့ရောဘာဖြစ်လဲ။ မင်းမှာ ကျောက်ကပ်စွမ်းအင်အများကြီးရှိတယ်။ အမစုက မင်းကို ပုံအပ်ပြီးမချစ်ချင်တာ သေချာတယ်။ ငါ့လက်အောက်ခံအဖြစ် နေလိုက်ပါလား။

ဒီညမင်း ကောင်းကင်ပေါ်ရောက်သွားအောင် ငါလုပ်ပေးနိုင်တယ်။ မင်းအနာဂတ်ကျင့်စဉ်လမ်းအတွက် လိုအပ်တဲ့အထောက်အပံ့အားလုံး ငါပေးနိုင်တယ်"

စုယီရန်က ခပ်ညှင်းညှင်းရယ်သည်။ ရွှမ်လင်စကားကို အရေးမစိုက်။

"ဟား...နင့်ကိုယ်နင် ဈေးချရုံနဲ့ ငါ့ယောက်ျားကို ဆွဲဆောင်နိုင်မယ်ထင်လို့လား။...ယောက်ျား၊ ကျွန်မနဲ့ရွှမ်လင်ထဲမှာ ဘယ်သူ့ကိုရွေးမှာလဲ"

စုယီရန်နှင့်ရွှမ်လင်တို့နှစ်ယောက်လုံးက စိုက်ကြည့်နေသဖြင့် လီဟော်ရန် ကြက်သီးမွှေးညှင်းများထလာသည်။

ဖြစ်နိုင်လျှင် ဘယ်သူ့ကိုမှ သူမရွေးချင်။

သို့သော် လက်ရှိအခြေအနေအရ သူမရွေးလျှင်လည်း အကဲဖြတ်ပွဲမှ အသက်ရှင်လျက်ထွက်သွားရမည်မထင်။

ချင်ဟော်ရန်၏မှတ်ဉာဏ်များကို အမြန်ရှာဖွေပြီးနောက် စုယီရန်လက်ကို ယုယစွာကိုင်လိုက်သည်။ စုယီရန်ခန္ဓာကိုယ် တစ်ချက်တုန်သွားသည်။ လီဟော်ရန်၏ ရဲတင်းသည့်လုပ်ရပ်ကြောင့် အံ့အားသင့်နေသည်။

"ယိရန်၊ ငါမင်းကိုအမြဲတမ်းသဘောကျခဲ့တာပါ"

စုယီရန် ငေးကြောင်နေစဉ် ရွှမ်လင်က ပြောသည်။

"ကောင်းပြီလေ၊ မင်းငါ့ကို မရွေးချယ်ချင်မှတော့ ပညာနည်းနည်းသုံးတာ အပြစ်မတင်နဲ့ပေါ့"

ရွှမ်လင်နောက်ဘက်တွင် ဓားပျံဆယ့်နှစ်လက် ပျံထွက်လာသည်။ ဓားဦးများက အပြင်ဘက်သို့ဦးတည်လျက် စက်ဝိုင်းပုံတစ်ခုဖြစ်လာသည်။ ဖြေးညှင်းစွာ စတင်လည်ပတ်သည်။

ရွှမ်လင်အတွက် ဖန်လိုင်ကျွန်းသခင် တီထွင်ထားသည့် ဓားမှော်စက်ဝန်းဖြစ်သည်။ သူ့သမီးကို ဘယ်လောက်ချစ်မြတ်နိုးကြောင်း သက်သေခံနေသည်။

ရွှမ်လင်၏ပါရမီက သာမန်သာဖြစ်သည်။ ယခု စုစည်းခြင်းအဆင့်ရောက်သည်ကလည်း ကျွန်းသခင်ပေးသည့် ဆေးဝါးများစွာ မှော်ရတနာများစွာဖြင့် အားဖြည့်ခဲ့သောကြောင့်ဖြစ်သည်။

စုစည်းခြင်းအဆင့်ရောက်ရုံသာ တတ်နိုင်သည်။ ကူးဖြတ်ခြင်းအဆင့်ရောက်ဖို့ မျှော်လင့်စရာမရှိ။

ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများသည် သက်တမ်းရှည်ကြသဖြင့် ကျွန်းသခင်က ရွှမ်လင်ကို တစ်သက်လုံးကာကွယ်ပေးနိုင်သည်။

ထို့ကြောင့် နောက်ဆက်တွဲဖြစ်လာမည့်ကိစ္စများကို အရေးမစိုက်ဘဲ သူစိတ်ထင်ရာလုပ်နေခြင်းဖြစ်သည်။

ယောက်ျားကိုယ်လုပ်တော်တစ်ယောက်ကို သူသဘောကျလျှင် ရအောင်ယူနိုင်ရမည်။

ဖန်ချောင်ကို တပည့်လက်ခံထားခြင်းမှာလည်း အကြောင်းမဲ့မဟုတ်။ ရုပ်ရည်ချောမောသောကြောင့်ဖြစ်သည်။

ယခု ဖန်ချောင်ခေါင်းတွင် ဆံပင်မရှိတော့။ မျက်နှာကလည်း ညိုမည်းဖူးရောင်နေသည်။ အပူလောင်ဒဏ်ရာများရှိသည်။ အဆိပ်မိထားသည်။ ထို့ကြောင့် သူ့ရုပ်သွင်မလှပတော့။

ဓားပျံဆယ့်နှစ်လက်က မိုးပြာရောင်အလင်းတန်းများအဖြစ်ပြောင်း၍ ရှေ့သို့ထိုးထွက်သွားသည်။ လေဟာနယ်ကိုထိုးခွဲပြီး ဓားစက်ဝန်းတစ်ခုဖြစ်ပေါ်လာသည်။ ပြင်းထန်သည့် ဓားအော်သံများ ထွက်ပေါ်နေသည်။

စုယီရန်က နူးညံ့သည့်လက်ဖဝါးကို လက်သီးဆုပ်အဖြစ်ပြောင်း၍ ထိုးချသည်။ ပြင်းထန်သည့်လေလှိုင်းများပေါ်လာပြီး ဓားပျံဆယ့်နှစ်လက်ကို ရိုက်ဖယ်သည်။

ရွှမ်လင် မျက်နှာပျက်သွားသည်။ သူ့ဓားစက်ဝန်းကို စုယီရန် လွယ်လွယ်ဖျက်ဆီးနိုင်မည်ဟု မထင်ခဲ့။ လူချင်းနည်းနည်းခွာရန် သူကြိုးစားသည်။ သို့သော် စုယီရန်က အခွင့်အရေးမပေးဘဲ အနီးကပ်အဆက်မပြတ်ဝင်တိုက်ခိုက်သည်။

နူးညံ့ပျော့ပျောင်းသယောင်ရှိသည့် သူ့ခန္ဓာကိုယ်ထဲတွင် ကြောက်စရာစွမ်းအားများရှိသည်။ လက်သီးတစ်ချက်ထိုးတိုင်း လေဟာနယ်ထဲတွင် လှိုင်းတွန့်များထသွားသည်။

ထိုမြင်ကွင်းကိုကြည့်၍ လီဟော်ရန်မျက်နှာ ဖြူ‌ရော်သွားသည်။ စုယီရန်၏အပြင်ပန်းပုံစံက နူးညံ့သော်လည်း သူ့သရုပ်မှန်က ခန္ဓာကျင့်ကြံသူဖြစ်သည်။

လုယန်က မှတ်ချက်ပြုသည်။

"ညီလေးလီက အတော်ကံကောင်းတာပဲ။ သခင်စစ်နှစ်ယောက်တောင် သူ့အတွက်ကြောင့် တိုက်ခိုက်နေကြတယ်"

မုန်ကျင်းကျိုးစကားလိုက်အလာကို လုယန်အတော်ကြာအောင်စောင့်နေသည်။ သို့သော် အသံပေါ်မလာ။ သူလှည့်ကြည့်ချိန်တွင် မုန်ကျင်းကျိုး မကျေမနပ်အံ့ကြိတ်နေသည်ကို မြင်ရသည်။

နတ်ဝိညာဉ်အဆင့်တွက် မနာလိုစိတ်လွှမ်းမိုးနေသည့် နောက်ထပ်စွမ်းအားရှင်ဖြစ်သည်...

စုစည်းခြင်းအဆင့်တိုက်ပွဲများနှင့် လုယန် အသားကျနေပြီဖြစ်သည်။ အထူးသဖြင့် အကြီးအကဲများတိုက်ခိုက်သည့် အဆင့်မြင့်တိုက်ပွဲများကို မြင်ဖူးသည်။

စုယိရန်နှင့်ရွှမ်လင်တို့လို စုစည်းခြင်းအခြေခံအဆင့်တိုက်ပွဲက သူ့အတွက် အသေးစားတိုက်ပွဲလိုဖြစ်နေသည်။

လုယန်ထိုသို့မြင်သော်လည်း အားလုံးက သူနှင့်အမြင်တူမည်ဟု မဆိုလိုပါ။

မသေမျိုးအကဲဖြတ်ပွဲသို့ ဖိတ်ကြားခံရသူအားလုံးသည် အရှေ့ပင်လယ်တွင် ထင်ရှားသူများဖြစ်သည်။ နောက်လိုက်နောက်ပါများ ဝိုင်းရံနေသည်။ အစားအသာက်၊ အဝတ်အစား၊ နေပုံထိုင်ပုံ အားလုံးအဆင့်မြင့်သည်။

သို့သော် အများစုက တစ်သက်တာတွင် စုစည်းခြင်းအဆင့်တိုက်ပွဲမျိုး တစ်ခါမှကိုယ်တွေ့မမြင်ဖူး။

လတ်ဆတ်သည့်ပင်လယ်လေပြေ တိုက်ခတ်လာသည်။ အကြီးအကဲတစ်ယောက် စင်မြင့်အလယ်တွင်ထိုင်၍ ထိုက်ချိသိုင်းဟန် ခင်းထားသည်။

လက်နှစ်ဘက်ကိုလှုပ်ရှား၍ စုယီရန်နှင့် ရွှမ်လင်တို့၏ တိုက်ခိုက်မှုများကို ချေဖျက်လိုက်သည်။

"မိတ်ဆွေတို့၊ ကျုပ်မျက်နှာကိုထောက်ထားပြီး တိုက်ပွဲရပ်ပေးပါလား။ အခုလောလောဆယ် အရေးကြီးဆုံးက သိုင်းတူတော်ဖန်ချောင်အတွက် ဖြေဆေးရှာဖို့ပါ"

နှစ်ယောက်လုံး အသံတိတ်သဘောတူသထားသကဲ့သို့ နှားခေါင်းကိုယ်စီရှုံ့လျက် တိုက်ပွဲရပ်လိုက်ကြသည်။

"ထင်တဲ့အတိုင်းပါလား။ အခု တိုက်ပွဲကိုတားလိုက်တာ သူတော်တိန်ဖုန်းပဲ"

"အဲဒါ သူတော်တိန်ဖုန်းလား။ ဖန်လိုင်ကျွန်းသခင်ပြိးရင် စွမ်းအားအကြီးဆုံးဆိုတဲ့လူလား။ သူက အမည်မသိစွမ်းအားရှင်ကို..."

"ရှူး...ပါးစပ်ပိတ်ထားစမ်းပါ။ မင်းသေချင်နေတာလား။ ဒီလိုကိစ္စမျိုးကို ထုတ်ပြောရဲတယ်ပေါ့"

စုယိရန်က လီဟော်ရန်လက်မောင်းကိုတွဲလျက် လုယန်တို့အနားယူနေသည့်နေရာသို့ သွားသည်။ ယခု သူ့ပုံစံက နွဲ့ဆိုးဆိုးနေသည့်ပုံမျိုးဖြစ်သည်။

အစောပိုင်းက တိုက်ခိုက်သည့်ဟန်ပန်နှင့် လုံးဝဆန့်ကျင်နေသည်။

"ဝင်ကူပေးတာ ကျေးဇူးပါ အမစု"

လုယန် လက်ဆုပ်အရိုအသေပေးသည်။ 'ခယ်မ'ဟု ခေါ်ချင်သော်လည်း နောက်ပိုင်းတွင် လီဟော်ရန်သူ့ကို ပြဿနာရှာမှာ စိုးရိမ်သည်။

"ရပါတယ်။ အားသိပ်မစိုက်ရပါဘူး"

စုယိရန်က အလိုက်သင့်ပြန်ဖြေသည်။ သူဝင်မကူလည်း လုယန်တို့စရိုက်အရ အရံအစီအစဉ်တစ်ခုရှိမည်မှန်း သူသေချာသိသည်။

"ဒီမသေမျိုးအကဲဖြတ်ပွဲက သိပ်စိတ်ဝင်စားစရာမကောင်းဘူး။ သွားကြစို့"

စုယီရန်ကပြောသည်။ အားကျသည့်မျက်လုံးဖြင့် အားလုံးဝိုင်းကြည့်နေသည့်ကြားကပင် စုယိရန်က လုယန်တို့ကို ဦးဆောင်ခေါ်သွားသည်။

"နေပါဦး...ထူးခြားတဲ့စွမ်းအားနဲ့ လူငါးယောက်ဆိုတော့.. သူတို့က ဖန်ရှန်းကျွန်းကများလား"

ကျင့်ကြံသူတစ်ယောက် ကိစ္စတစ်ခုကို ရုတ်တရက် တွေးမိသည်။

"မိတ်ဆွေ၊ ခင်ဗျားတစ်ခုခုသိထားတာရှိလို့လား"

နောက်တစ်ယောက်က မေးသည်။

ပထမလူက ဘာမှဖုံးကွယ်မထား။ ဖန်ရှန်းကျွန်း၏သတင်းသည် နောက်ထပ်ရပ်ပိုင်းအတွင်း ဖန်လိုင်ကျွန်းသို့ ရောက်လာမည်သာဖြစ်သည်။

"ကျုပ်ထွက်မလာခင်က ဖန်ရှန်းမှာ ရှားပါးရတနာတစ်ခုပေါ်လာတယ်လို့ ကြားခဲ့တယ်။ ဝိညာဉ်ပြောင်းဆယ့်နှစ်ယောက်က အဲဒါကိုသွားလုယူဖို့ ကြိုးစားတယ်။

ဒါပေမယ့် နတ်ဝိညာဉ်အလတ်တန်းဆင့်ငါးယောက်က သူတို့ကို တားဆီးခဲ့တယ်တဲ့"

ဖန်ရှန်းတိုက်ပွဲက အတော်ဂယက်ရိုက်ခဲ့သည်။ အထူးသဖြင့် ကိုယ်ပွားများဖန်တီးခဲ့သည့် မုန်ကျင်းကျိုးအဖြစ်ကို အလွယ်တကူ သတိထားမိနိုင်သည်။

"နတ်ဝိညာဉ်အလတ်တန်းဆင့်ငါးယောက်က ဝိညာဉ်ပြောင်းဆယ့်နှစ်ယောက်ကို တားနိုင်တယ်ပေါ့"

နောက်တစ်ယောက်က မယုံနိုင်ဟန်ဖြင့်ပြောသည်။ လူအင်အားသာသည့် ပြိုင်ဘက်အုပ်စုကို ရင်ဆိုင်ခဲ့သည့်ကိစ္စ ထည့်မပြောသည်ထားဦး။ ကိုယ့်ထက်အဆင့်မြင့်သူကို တိုက်ခိုက်သည်ကပင် သဘာဝကိုဆန့်ကျင်နေပြီးဖြစ်သည်။

အကြောင်းသိတစ်ယောက်က လေသံကိုနှိမ့်၍

"တားရုံတင်မဟုတ်ဘူး။ အရှင်ဖမ်းဆီးခဲ့ကြတာ"

"အရှင်ဖမ်းတယ်ပေါ့။ ဒါတော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကွာ"

"ဖြစ်နိုင်တာပေါ့။ ဒီနတ်ဝိညာဉ်ငါးယောက်က တိုက်ပွဲမှာ ဓာတ်ငါးမျိုးဂိုဏ်းရဲ့ ဓာတ်ငါးမျိုးမှော်စက်ဝန်းကို သုံးခဲ့တာတဲ့။ အဲဒီ့ပညာရပ်က ဓာတ်ငါးမျိုးဂိုဏ်းရဲ့ လျှို့ဝှက်ပညာပဲ။

ဒီတော့ သူတို့ဟာ အဲဒီ့ဂိုဏ်းကတပည့်တွေပဲဖြစ်မယ်။ ဂိုဏ်းချုပ်ရဲ့ တပည့်ရင်းတွေဖြစ်ဖို့များတယ်"

"ဒါကြောင့် သူတို့ကဒီလောက်ကြောက်စရာကောင်းနေတာကိုး"

All Chapters