← Chapters

အခန်း(၄၉)

Vol. 5 Ch. 49

အခန်း(၄၉)

Vol. 5 Ch. 49

ကုလျန်ရွှမ် အမူအရာ ချက်ချင်း ပြောင်းသွားသည်ကို မြင်၍ ဦးစီးအမြန်ပြောလိုက်သည်။ "ရဲဘော်ရဲဘက် မစိုးရိမ်ပါနဲ့။ မင်းဇနီး အဆင်ပြေပါတယ်”

ဒီစကားကြား၍​ ကုလျန်ရွှမ် လည်ပင်းက သူ့နှလုံး ရင်ပြန်ကျသကဲ့သို့ ခံစားရပြီးနောက် ဆက်မေးလိုက်သည်။ "ဒါဆို ဒဏ်ရာရသေးလား?”

ဦးစီးခေါင်းခါကာ "မရဘူး။ ရဲဘော်ရဲဘက် မစိုးရိမ်ပါနဲ့”

ကုလျန်ရွှမ် စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ ဤတစ်ခါ သူ လုံးဝ စိတ်အေးသွားပြီ ဖြစ်သည်။ "ကျန်းထျန် အခုဘယ်မှာလဲ? ကျွန်တော် သူမကို သွားရှာလိုက်မယ်” ပြောပြီးနောက် ကုလျန်ရွှမ် အိပ်ရာမှဆင်းကာ ဖိနပ်စီးလိုက်ပြီး တစ်ဖန်မော့ကြည့်ရာ ဦးစီးက ရှက်နေသည့်ပုံပေါ်ပြီး စကားပြောရန်တုံ့ဆိုင်းနေသည်ကို တွေ့လိုက်သည်။

ကုလျန်ရွှမ် မျက်မှောင်ကြုတ်ကာ "ကျန်းထျန်…..”

"မဟုတ်ဘူး။ ရဲဘော်ရဲဘက်ကျန်းထျန်မဟုတ်ဘူး ” ဦးစီး အမြန်လက်ရမ်းကာ တစ်ချိန်တည်းမှာပင် သူ နားမလည်နိုင်ဖြစ်နေသည်။ "အဲ့ဒါက ကုရဲဘော်ရဲဘက်ရဲ့ တတိယညီပါ”

ကုလျန်ရွှမ် ရပ်သွားကာ သူ အခုမှ ကုလျန်ရုန်ကို စဉ်းစားမိမှန်းပြောရန် ရှက်သွားသည်။ "ကျွန်တော့်တတိယညီ ဘာဖြစ်လို့လဲ?”

"ရဲဘော်ရဲဘက် ကျန်းထျန် ပြောတဲ့ပုံအရ ရဲဘော်ရဲဘက်ကုလျန်ရုန်ကို လူကုန်ကူးတဲ့ သူတွေထဲက တစ်ယောက် ခေါ်သွားပြီး နေရာအတိအကျကို အခုထိမသိရသေးပါဘူး။ ”အတိအကျပြောရလျှင် သူမလာခင်အထိ ကုလျန်ရုန်ကို ရှာမတွေ့သေးပေ။

ကုလျန်ရွှမ် ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။ "ကျွန်တော့်တတိယညီနဲ့ ရှိနေတဲ့ လူကုန်ကူးသူက အသက်ဘယ်လောက်ရှိလဲ?”

"ရဲဘော်ရဲဘက် ကျန်းထျန်ကတော့ လင်မယားတွေလို့ပြောပါတယ်။ အဘွားအိုကိုတော့ ဖမ်းပြီး စောင့်ကြည့်နေပါတယ်” ဦးစီးပြောလိုက်သည်။

တစ်နည်းဆိုရလျှင် တတိယကလေးနှင့် ရှိနေသောသူမှာ အဘိုးအိုတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကုလျန်ရွှမ် တတိယကလေး၏ လုံခြုံရေးကို အရမ်းစိတ်မပူတော့ပေ။ တတိယကလေးက သန်မာပြီး ထက်မြက်သည်။ ပြီးတော့ လူကုန်ကူးသူများ၏ ပစ်မှတ်များက အများအားဖြင့် ကလေးများနှင့် အမျိုးသမီးများဖြစ်ကာ ကုလျန်ရုန်ကဲ့သို့ လူငယ်တစ်ယောက်ကို ပစ်မှတ်မထားလောက်ပေ။

"တစ်နေရာရာမှာ ကြန့်ကြာနေတာဖြစ်နိုင်ပါတယ် ”ကုလျန်ရွှမ် ဆက်ပြောလိုက်သည်။ "ကျွန်တော် ကျန်းထျန်ကို အရင်သွားရှာလိုက်မယ်။ ရဲဘော်ရဲဘက်က ဒီမှာ ကျွန်တော့်တတိယညီပြန်လာတာ စောင့်ပေးပါဦး”

ဦးစီး သဘောတူကာ နားနေခန်းနေရာကို ကုလျန်ရွှမ်ကို ရှင်းပြလိုက်ပြီး သူက ဒီနေရာတွင် တခြားကုရဲဘော်ရဲဘက်ပြန်လာရန် စောင့်ကျန်ခဲ့မည်။

ကုလျန်ရွှမ် ရထားတွဲ ၇တွဲ ၈တွဲခန့် ဖြတ်လာပြီးနောက် ရထားတွဲများက ခရီးသည်များ ပိုပိုနည်းလာသည်။ ကျန်းထျန် လူကုန်ကူးသူများ၏ ဖြားယောင်းခေါ်ခံရသည့် မြင်ကွင်းကို သူ ချက်ချင်းတွေးမိသွားပြီး ပိုပိုစိုးရိမ်လာသည်။

ကျန်းထျန်က သန်မာသော်လည်း သူမက မိန်းကလေးတစ်ယောက်ဖြစ်၍ လူမရှိသောရထားတွဲတွင် လူကုန်ကူးသူများဆွဲသည်ကို ခံရပါက မလွတ်နိုင်။ ဤအခိုက်အတန့် ကျန်းထျန်က တောဝက်ရိုင်းနှစ်ကောင်ကို ဂျိုင်းထောက်ဖြင့် မြေပေါ် လဲအောင် လုပ်နိုင်သည်ကိုတော့ ကုလျန်ရွှမ် လုံးဝ မေ့သွားပြီဖြစ်သည်။

ဦးစီးပြောသော နားနေခန်း တံခါးရောက်သောအခါ ကုလျန်ရွှမ် တံခါးတွန်းဖွင့်လိုက်ရာ စားပွဲနောက်တွင် ကျန်းထျန်ကို မြင်လိုက်မှ သူ့ပုခုံးများလျော့ကျကာ ဂျိုင်းထောက်ဖြင့် ရှေ့သို့ဖြည်းဖြည်းလာလိုက်သည်။

ကုလျန်ရွှမ် ခုံမှ ကျန်းထျန်ကို ကိုင်ပြီး မလိုက်၍ အပေါ်အောက်ကြည့်ရာ ဘာဒဏ်ရာမှ မတွေ့ ကိုယ်ကလည်း အားအင်အပြည့်ဖြစ်နေ၍ သူချက်ချင်း မျက်နှာတည်သွားပြီး အပြင်ထွက်လျှင် ဂရုစိုက်ရမည်များကို ဆုံးမရန်ပြင်လိုက်သည်။

သူ ပါးစပ်မဖွင့်ခင် ကျန်းထျန် လက်မြှောက်ပြီး ဗိုက်ပေါ်ယှက်ကာ ခေါင်းငုံ့ပြီး ကြည်လင်ရိုးသားသော အသံဖြင့် ပြောသည်။ "ကျွန်မ မှားသွားပါတယ်!”

ကုလျန်ရွှမ်:….. ဘာလို့ သူမက သူ့ထက် ပိုထိတ်လန့်နေ

ရတာလဲ? ပြီးတော့ ဒီကိုယ်နေဟန်ထားကို အရမ်းရင်းနှီးနေသည်။ သူမ ပထမဆုံးစရောက်စဉ်က သူမ၏အထူးစံနှုန်းကိုယ်နေဟန်ထား ဖြစ်သည်။ အလွန်ပေါ့ပါးကာ ကျန်းထျန် စိတ်ရင်းနှင့် ဝန်ခံမှုမျိုးမဟုတ်ပေ။

"မင်း!” ကုလျန်ရွှမ် အချိန်အကြာကြီးတုန်ယင်နေသောသူ့လက်ကို မြှောက်လိုက်သော်လည်း မင်းဆိုသည်မှလွဲ ဘာမှထပ်မထွက်လာ။

ကျန်းထျန် ခေါင်းကို အသာမော့ပြီး သူမ၏ကြီးကြီးနက်နက် မျက်လုံးများကို ဖွင့်ကာ "ကျွန်မ သိပါတယ်~”

ကုလျန်ရွှမ် - မင်းမှားတယ်ဆိုတာတော့ သိတယ်။ နောက် ထပ် မလုပ်ရဲနဲ့!

"ကိုယ်တို့ ထွက်မလာခင်တုန်းက မင်း အမေ့ကို ကတိပေးထားတာ မေ့သွားတာလား? ”ကုလျန်ရွှမ် ကျန်းထျန်ကို ကြည့်ရင်း သူ တံခါးဖွင့်လိုက်ပြီးနောက် ပြောချင်သည်များ ပျောက်သွားကာ ဘာမှမပြောနိုင်တော့ပေ။

ကျန်းထျန်ခေါင်းပြန်ငုံ့ကာ ဗိုက်ပေါ်က လက်ကို လိမ်နေပြီး တိုးတိုးပြန်ဖြေလိုက်သည်။ "ကျွန်မ မှတ်မိပါတယ်!”

သူမ မှတ်မိပါသည်။ သူမထွက်လာပြီးနောက် ကုလျန်ရွှမ်ကို မခွါရဟု အမေက မှာလိုက်သည်။ အမြဲ သူ့နောက်က လိုက်ကာ တစ်ခုခုဖြစ်လျှင် သူ့ဆီတစ်ခါတည်းသွားရမည်ပြောသည်။

လျိုဆရာဝန်က ကုလျန်ရွှမ်ဒဏ်ရာက အတွင်းဒဏ်ရာဖြစ်ကာ ပုံမှန်မဖြစ်ပေမယ့် ဖြစ်လျှင် ပြင်းထန်မည်ဟု မှာထားသည်ဟု အမေပြောသည်။ ပြီးတော့ သူမ တစ်ခါတစ်ရံ​ ပစ္စည်းများ တူများကိုင်ရာတွင် ချက်ချင်း အားကုန်သွား၍ အပြင်က အလွန်အန္တရာယ်များသည်။

သို့သော်…..သို့သော် အစက လူအိုစုံတွဲမလား? မကောင်းကြံလျှင်တောင် ပိုက်ဆံတောင်းရုံဖြစ်၍ သူမပိုက်ဆံအားလုံးကို နေရာလွတ်ထဲထည့်ပြီး၍ အတော်ဆုံးသူခိုးပင်လျှင် သူမဆီက ဘာမှမယူနိုင်။

သို့သော် လူကုန်ကူးသူများဖြစ်မည်ဟု သူမ မထင်မှတ်ထား ပြီးတော့ တစ်ယောက်ထက်ပိုသည်? အဘွားအိုက လမ်းပြောင်းမည်ဟု သူမကြားလိုက်သောအခါ အပြန်လမ်းမရှိသည်ကို သူမမြင်သည်။ တစ်ခုခုမှားနေသည်ဟု သူမ ချက်ချင်းသိလိုက်ပြိး လူကုန်ကူးသူများ ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်သည်။

ခန့်မှန်းရုံနှင့်တင် ရှင်းပြ၍မရပေ။ သူမလက်ကို ကိုင်ထားသည်ကလည်း သာမန်အဘွားအိုတစ်ယောက်ဖြစ်၍​ လူကုန်ကူးသူများဟု ဘယ်သူမှ မယုံလောက်။ ပြီးတော့ လူကုန်ကူးသူများက တစ်ယောက် နှစ်ယောက်မဟုတ်ဘဲ သူတို့နောက်တွင် အဖွဲ့ရှိ၍ ဒီလူအိုစုံတွဲနောက်တွင် တစ်ယောက်ယောက်ရှိရမည်။

သူမ တွေးရင်း မူလပိုင်ရှင်လည်း လူကုန်ကူးခံရပြီး တောင်ပေါ် အရောင်းခံရကာ ထွက်ပြေးရန်ရုန်းရင်း ရထားပေါ်မှ ခုန်ချကာ နောက်ဆုံးသေရသည်ကို တွေးမိသွားသည်။ သူမ ပုံမှန်ဇာတ်လမ်းအတိုင်းလိုက်ပြီး လူကုန်ကူးအဖွဲ့ကို ဖမ်းလိုက်လျှင် သူတို့က ဇာတ်ကြောင်းထဲ မူလပိုင်ရှင်ကို ဖမ်းပြီး ရောင်းသည့်သူများဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မူလပိုင်ရှင်အတွက် လက်စားချေပေးရာရောက်သည်။

ထိုအချိန်က သူမ မှန်ရာလုပ်နေသည်ဟု ခံစားရပြီး ဘာဒဏ်ရာမှမရဘဲ သူတို့ကို ကန်နိုင်သည်။ သို့သော် ဂျိုင်းထောက်တစ်ချောင်းနှင့် ကုလျန်ရွှမ် ချဉ်းကပ်လာသည်ကို သူမမြင်မှ ဘာကြောင့်မသိဘဲ ချက်ချင်း အပြစ်ရှိသကဲ့သို့ ခံစားရသည်။

ကျန်းထျန် နှုတ်ခမ်းစေ့ပြီး ပွင့်နေသော နားနေခန်းတံခါးကို ကြည့်၍ နောက် ကုလျန်ရွှမ်ကို ကြည့်ပြီး စိုးရိမ်စွာမေးလိုက်သည်။ "တတိယကလေး ဘယ်မှာလဲ?”

ကုလျန်ရွှမ် တစ်ခုပြောရန်ပြင်လိုက်စဉ် နားနေခန်းတံခါးရှေ့ ကိုယ်တစ်ခုက ချက်ချင်း ခုန်လာ၍ ကုလျန်ရွှမ် ကျန်းထျန်ကို သူ့နောက် အလိုအလျောက် ဆွဲလိုက်ပြီး ဂျိုင်းထောက်ကို ကိုင်ကာ စောင့်လိုက်သည်။

ကိုယ်ရိပ်က ကျော်သွားပြီးနောက် တစ်ဖန်ပြန်လာကာ တံခါးဘောင်ကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်လိုက်ပြီး အထဲက လူနှစ်ယောက်ကို ကြည့်လိုက်သည်။

ကုလျန်ရုန် မောနေကာ တံခါးဘောင်ကို လက်တစ်ဖက်တင်ပြီး ကျန်တစ်ဖက်ဖြင့် ခါးကို ကိုင်ထားကာ အသက်ပြင်းပြင်းရှူနေရင်း နဖူးတွင်လည်း ပဲစေ့လုံးလောက်ချွေးများ ဖုံးနေကာ တစ်လုံးချင်းပြောလာသည်

"အစ်ကို…အစ်ကိုကြီး…မရီး…အကိုတို့ အဆင်ပြေကြလား….အဆင်ပြေကြလား?” ဘုရားသခင်။ သူ သေမတတ်မောနေသည်။

တတိယကလေး ခုန်ပေါက်ပြေးလွှားနိုင်သည်ကို ကုလျန်ရွှမ် မြင်၍ ဒဏ်ရာမရလောက်ဟု တွေးပြီး မျက်မှောင်ကြုတ်နေသည်က ဖြေလျော့သွားသည်။

ကျန်းထျန် ခေါင်းပြူထွက်လာပြီး ကုလျန်ရွှမ်နှင့် ကုလျန်ရုန်ကို ကြည့်ရင်း မေးလိုက်သည်။ "ကုလျန်ရွှမ် ရှင် ဒီကိုလာတုန်းက တတိယကလေးကို မမြင်ဘူးလား? ” "တတိယကလေးလည်း မင်းအကိုကြီးကို မမြင်ဘူးပေါ့”

သူတို့အားလုံး အတူတူရှိနေ၍ အစောက ကုလျန်ရုန် သူမနှင့် ကွဲသွားစဉ်က နားနေခန်းတောက်လျှောက်ဖြစ်၍ ဘာလို့ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် မမြင်သနည်း?

တစ်ဖက်က ကုလျန်ရွှမ်က လမ်းတစ်လျှောက်လုံး အသိမဝင်၍ လမ်းကို သတိထားမကြည့်ဘဲ နားနေခန်းသာမြန်မြန်လာသည်။

သို့သော် ကုလျန်ရုန်က ခေါင်းကို ဆက်တိုက်ညိတ်သည်။ "မြင်တယ်….ကျွန်တော်မြင်တယ်။ အကို့ကို ကျွန်တော်မြင်တယ်” မဟုတ်လျှင် သူ ဒီလိုမြန်မြန်လာနိုင်မည်မဟုတ်။

ထိုအချိန်က သူ လူကုန်ကူးသူများနှင့် ပြသာနာတက်နေပြီး မျက်စိတစ်မှိတ်အတွင်း ဂျိုင်းထောက်နှင့် ကိုယ်ရိပ်တစ်ခု ပျံသကဲ့သို့ လမ်းလျှောက်သွားသည်ကို မြင်

လိုက်သည်။ ချက်ချင်းပင် ထိုအရိပ်က ပျောက်သွားသည်။

သူ အိမ်သာတံခါးသို့ သွားကြည့်ရာ ကျန်းထျန်မရှိ၍ သူ စိုးရိမ်ပြီး အခန်းပြန်ရာ ဦးစီးဆီမှ သူ့မရီး လူကုန်ကူးသူများနှင့် တွေ့သည်ကို ကြား၍ အမြန်ပြေးလာလိုက်သည်။ လူကုန်ကူးသူများ၏ အကူကို သူ ရထားကဝန်ထမ်းလက်အပ်လိုက်ပြီဖြစ်သည်။

အခု အကုန်စုံနေပြီဖြစ်၍ သူတို့လုံခြုံရေးအတွက် ဤလူနှစ်ယောက်၏ အပြုအမူကို ကုလျန်ရွှမ် မတုံ့ဆိုင်းတော့ဘဲ စတင်ဝေဖန်သည်။

"အပြင်မထွက်ခင် မင်းတို့ အမေပြောလိုက်တာကို မေ့သွားတာလား? ” ကုလျန်ရွှမ် ထိုင်ခုံပေါ် မျက်နှာတည်ဖြင့် ထိုင်လိုက်သည်။

သူ့ရှေ့တွင် လူနှစ်ယောက် မတ်တပ်ရပ်နေပြီး သူတို့ လှုပ်ရှားမှုများက အတူတူဖြစ်သည်။ ခေါင်းငုံ့ကာ လက်များကို ယှက်ထားပြီး မေးခွန်းကို ကြားသောအခါ အစာကောက်သော ကြက်ပေါက်လေးများကဲ့သို့ ချက်ချင်း ခေါင်းညိတ်ကြသည်။

"ကျန်းထျန်၊ မင်း……. ”ကုလျန်ရွှမ် သူမကို သတိပေးရန် မာမာထန်ထန် ပြောချင်သော်လည်း ရုတ်တရက် သူ ကျန်းထျန် မျက်လုံးများနှင့် ဆုံ၍ ဘာမှမပြောနိုင်တော့။

ကုလျန်ရွှမ် ချောင်းဟန့်ကာ "ထားလိုက်တော့။ မင်းက ငယ်သေးတယ် ပြီးတော့ ဒီတစ်ခါက ခရီးဝေးဝေးသွားတာ မင်းအတွက် ပထမဆုံးအကြိမ်။ ထပ်လုပ်လို့တော့မရဘူး ” နောက်ရက်များတွင် သူ ကျန်းထျန်ကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူမကို သူ့မျက်လုံးအောက်က အပျောက်ခံ၍မဖြစ်ပေ။

ကျန်းထျန် နာခံစွာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပြီ။ ကျွန်မသိပြီ ” သူမအမှားကို ဝန်ခံပြီးနောက် သတိထားမေးလိုက်သည်။ "အမေ့ကို ရှင်……”

သူမမေးချင်သည်ကို သိ၍ ကုလျန်ရွှမ် အခိုင်အမာ ခေါင်းခါလိုက်သည်။ "မရဘူး !” ဒီလိုကိစ္စကြီးကို ဖုံးကွယ်၍ မရပေ။

ကျန်းထျန် စိတ်ဓါတ်ကျသွားသည့်အမူအရာနှင့် ခေါင်းပြန်ငုံ့လိုက်သည်။

"ကုလျန်ရုန် !” ကုလျန်ရွှမ် ကုလျန်ရုန်ဘက် တစ်ဖန်လှည့်လိုက်သည်။

ကုလျန်ရုန် သူ့နာမည်ခေါ်သံကြားသောအခါ မတ်မတ်ရပ်လိုက်သည်။ သူက သူ့မရီးထက် နှစ်နှစ်ငယ်၍ သူ့အကိုကြီး မလုပ်လောက်….ဟု သူ့ဘာသာတွေးလိုက်သည်။

"မင်းအသက်က ဘယ်လောက်လဲ? ၁၈ရှိပြီ။ မင်းက မငယ်တော့ဘူး!” ကုလျန်ရွှမ် ဒေါသအပြည့်နှင့် ပြောသည့်ပုံပေါ်သည်။

ကုလျန်ရုန် - ?! သူက ဘာလို့မငယ်တော့တာလဲ?

"မင်းတို့နှစ်ယောက်တည်း လှည့်ဖြားခံရလား? မင်းက ငါတို့မိသားစုမှာ ဉာဏ်အကောင်းဆုံး မဟုတ်ဘူးလား? ” ကုလျန်ရွှမ် သူ့ဂျိုင်းထောက်ကို ဒေါသထွက်စွာ ကြမ်းပြင်ပေါ်ချလိုက်ပြီး ကုလျန်ရုန်ကို လက်ညှိုးထိုးကာ ဆုံးမသည်။ "မင်း ဘာလို့ မင်းမရီးကို တခြားသူတွေနဲ့ တစ်ယောက်တည်း လွှတ်လိုက်ရဲတာလဲ? လူကုန်ကူးမယ့်လူတွေရှိတာ မင်းမကြောက်ဘူးလား?”

သူကြောက်၍ သူ အဘိုးအို အော်နေသည်တောင်မှ သူ ဂရုမစိုက်သည်မလား? ကုလျန်ရုန် သူ့ဘာသာတွေးလိုက်သည်။

"မင်းက သန်မာတဲ့လူငယ်တစ်ယောက်။ လူကုန်ကူးတဲ့သူတွေကို မင်းမကြောက်ပေမယ့် မင်းမရီးကို မင်းမတွေးဘူး။ သူမက နေလည်းကောင်းသေးတာ မဟုတ်ဘူး” ကုလျန်ရွှမ် တကယ်ကြောက်သည်ဖြစ်သည်။ သူနိုးလာသောအခါ ကျန်းထျန်ကို မတွေ့၍ ဆောင်းရာသီ သူ့ခေါင်းကို ရေအေးလောင်းချခံရသကဲ့သို့ အေးစက်သွားကာ သူ့နောက်ကိုလူအလိုက်ခံရသကဲ့သို့ ပြေးနေပြီး တစ်ကိုယ်လုံးလည်း ချွေးစေးပြန်နေသည်။

"ဒီရထားပေါ်မှာ လူတွေတက်လိုက်ဆင်းလိုက်နဲ့။ ပြီးတော့ ပြောင်းတဲ့ဘူတာ။ တကယ်လို့ လူကုန်ကူးခံရရင် ဘယ်မှာ သွားရှာမလဲ? ” ကုလျန်ရွှမ် ပြတင်းပေါက်ကို ညွှန်ပြပြီး "တစ်ယောက်ယောက်က အကူအညီတောင်းလို့ မင်းမငြင်းနိုင်ရင် ငါ့ကို နှိုးရမယ်ဆိုတာ မသိဘူးလား?”

ကျန်းထျန်က အပြင်ထွက်သည်ထက် အခန်းထဲနေသည်က ပိုလုံခြုံသည်။ မငြင်းနိုင်လျှင်တောင် ဘေးခန်းက ခရီးသည်များကို ကုလျန်ရုန် အကူအညီတောင်းနိုင်သည်ဖြစ်၍ သူ ဘာလို့ ကျန်းထျန်ကို ကူညီဖို့ မေးရသနည်း?

ကုလျန်ရုန် ခေါင်းငုံ့ကာ သူ ဒီနေ့မှားသွားမှန်းသိ၍ နှုတ်ဆိတ်နေသည်။

ကုလျန်ရွှမ် ပြောရင်း ပိုပိုစိတ်လှုပ်ရှားလာသည်ကို မြင်၍​ ကျန်းထျန် အမြန် သူ့လက်ကို ဆွဲကာ "ကျွန်မအမှားပါ။ ကျွန်မ တတိယကလေးကို ရှင့်မနှိုးခိုင်းတာပါ။ ပြီးတော့ ကျွန်မတို့ လမ်းမှာအတူတူလျှောက်တာ။ ရုတ်တရက် ခရီးသည်တွေ တက်လာလို့ ကျွန်မတို့ ကွဲသွားတာ ” ကျန်းထျန် ဆက်ပြောလိုက်သည်။ "အဲ့လူကုန်ကူးတဲ့သူတွေရဲ့ ပစ်မှတ်က အစတည်းက ကျွန်မ။ တတိယကလေး ကူထားတဲ့လူက နည်းလမ်းမျိုးစုံသုံးပြီး သူ့ကို ခေါ်ထားမှာ၊ အဲ့ဒါကြောင့် သူ ချက်ချင်းလိုက်မလာနိုင်တာ"

ကုလျန်ရွှမ် အံကြိတ်ပြီး ခေါင်းလှည့်ကာ နှုတ်ခမ်းစေ့လိုက်ပြီး သူ့ကိုယ်သူ အပြစ်တင်သည်။ "ကိုယ့်အမှားပါ” သူ ဒီနှစ်ယောက်ကို ယုံမိသည်က သူ့အမှားဖြစ်သည်။

All Chapters