← Chapters

အခန်း(၅၄)

Vol. 5 Ch. 54

အခန်း(၅၄)

Vol. 5 Ch. 54

ကုလျန်ရုန် မယုံနိုင်သေးပေ။ သူ့မရီးနှင့် ယှဥ်လျှင် သူမျက်နှာချိုသည်က သိုးမွေးနှင့် သိုးတစ်ကောင်လုံးစာကွာသည်။ မရီးက သူ့ကို လွယ်ကူစွာ နိုင်သည်။ သူက အားနည်းသည့် ကြက်ပေါက်တစ်ကောင်သာဖြစ်သည်။

ကုလျန်ရုန် ပေါက်စီထည့်ထားသောဘူးကို စားပွဲပေါ် တင်လိုက်ကာ ကုန်းပြီး ပိုက်ဆံလက်မှတ်ကို သူဘက် ယူကာ တစ်ရွက်ချင်း သုံးခါ ရေသည်။ ရေပြီးသည့်အခါ သူ ဖြစ်ရပ်မှန်ကို ရင်ဆိုင်ရသည်။

"အစ်ကို၊ ဒါက တကယ် ၇၀ဆင့်ပဲ ကုန်ကျတယ်!" သူ ရေတွက်ကြည့်ပြီး အံ့သြနေသည်။

ကုလျန်ရွှမ်လည်း သူ့ရင်ထဲက သံသယကို ဖယ်လိုက်သည်။ ရောင်းသူက တကယ် အများကြီး ပေးလိုက်တာများလားဟု တွေးမိသည်။

ကုလျန်ရွှမ်၏ သံသယအကြည့်အောက် ကျန်းထျန် ဆက်တိုက်ပြုံးကာ ထိုင်ပြီး ပဲနီဆန်ပြုတ်ကို တစ်ကျိုက်သောက်သည်။ "အရင် စားကြမယ်။ မစားရင် အေးသွားလိမ့်မယ် "

အားလုံးက အသားဟင်းဖြစ်၍ အေးလျှင် အရသာ သိပ်‌မကောင်းတော့ပေ။

"ကျွန်မ ပိုပေးလိုက်ရတာမှ မဟုတ်တာ" ကျန်းထျန် ဘာမှမတတ်နိုင်စွာ သူမလက်ကိုဖြန့်ပြလိုက်သည်။

သူမ အမူအရာက သူမ ကြည့်‌ကောင်းသည်ကို အပြစ်တင်ပါ သူမ စကားပြောချိုသည်ကို အပြစ်တင်ပါဟု ပြောနေသည်နှင့် တူသည်။

ကုလျန်ရွှမ် - ... လူကုန်ကူးသူများ ရုတ်တရက် ပေါ်လာမည်ကို သူ အလွန်စိုးရိမ်၍ သူ ကျန်းထျန်ကို ဆက်တိုက်‌ကြည့်နေ၍ ကျန်းထျန်တန်းစီသော ပြတင်းပေါက်က ဟင်းချက်သူက အသက်ခပ်ကြီးကြီးအမျိုးသမီးတစ်ယောက်ဖြစ်သည်ကို သူ သိသည်။

ထို့ကြောင့် သူ့အမေသာမက ဟင်းချက်သည့်အမျိုးသမီးကြီးလည်း ကျန်းထျန်ကို သဘောကျသည်လား? ကျန်းထျန်ကို လူ‌ကြီးတွေသ‌ဘောကျသည်လား?

သူစိတ်ထဲ ဘယ်လောက် တွေးတွေး ဟင်းပွဲများက တကယ် ၇၀ဆင့်သာ ကုန်ကျသည်ကို ကုလျန်ရွှမ် လက်ခံရမည်။ တကယ် အလွန်များသည်!။

အသားကင် စပ်စပ်ကြွပ်ကြွပ်အနံ့ကို ရ၍ ကျန်းထျန် သည်းမခံနိုင်တော့ဘဲ သူမ ယူလာသော အထုပ်ထဲက သူမကိုယ်ပိုင်တူကို ထုတ်ပြီး အသားတစ်ဖက်ကို အရင်မြည်းကြည့်လိုက်သည်။ "အရသာရှိတယ်!"

ဤသိုးသား အပိုင်းလေးများက ဝက်သားနှပ်နှင့်အရွယ်အစားတူကာ သံပြားပေါ် ကင်ထားပြီး ဇီရာ ငရုတ်‌ကောင်း ငရုတ်မှုန့် ဖြူးထားသည်ဖြစ်ရမည်။ ကျန်းထျန်ကဲ့သို့ အစားသရဲလျှာက ဤအရသာများကိုသာ ခံနိုင်သည်။

‌

"အောက်မှာ နံရိုးတွေ "ကျန်းထျန် စားပြီး ဘူးအောက်ခြေကို ညွှန်ပြရင်း ‌ပြောလိုက်သည်။

ကျန်းထျန် အရသာရှိစွာ မြည်းသည်ကို မြင်၍ ကုလျန်ရုန်လည်း စားချင်လာကာ နောက်အခန်းသွားပြီး သူ့တူကို ယူကာထိုင်ခုံ‌ပေါ်ထိုင်ပြီး ‌ပေါက်စီတစ်လုံးယူကိုက်လိုက်၍ အသားတစ်ဖက်စားရန် မစောင့်နိုင်တော့ချေ။

သိုးသားကို စားလိုက်သည်နှင့် ကုလျန်ရုန် မျက်လုံးများ တောက်ပလာကာ "အရသာရှိတယ်"

အစိုးရပိုင်စား‌သောက်ဆိုင်က စားဖိုမှူးလက်ရာက တကယ် မယုံနိုင်အောင် ကောင်းလှသည်။

ဒါကို မြင်၍ ကုလျန်ရွှမ်လည်း ထိုင်ချကာ ထမင်းဘူးထဲက ပေါက်စီများကို ယူပြီး အသားပေါက်စီများနှင့် အတူတူထားကာ အောက်က ထမင်းကို ကျန်းထျန်ရှေ့ တွန်းပေးလိုက်သည်။

တောင်ပိုင်းသားများ ထမင်းအများကြီး စား‌သော်လည်း ထမင်းက ဗိုက်မဝပေ။ ထို့ကြောင့် ‌မြောက်ပိုင်းတွင် နှစ်များစွာ စစ်တပ်တွင် တာဝန်ထမ်းဆောင်‌သော ကုချန်ချင်းနှင့် မိသားစုက ခေါက်ဆွဲစားကြသည်။ နောက် ကုလျန်ရွှမ်လည်း မြောက်ပိုင်းစစ်တပ်သို့ သွား၍ သူ ခေါက်ဆွဲစားသည်က များသည်။

ကျန်းထျန် သူမပါးစပ်ထဲက ဝက်သားနှပ်ကို မျိုချပြီး ကုလျန်ရွှမ်နှင့် တတိယကလေးကို မေးလိုက်သည်။ " ရှင်တို့ ထမင်းမစားဘူးလား?" အရိုးသားဆုံးပြောရလျှင် သူမ ဝက်သားနှပ်နှင့် ထမင်းစားရသည်ကို လွမ်းနေသည်ဖြစ်သည်။

သို့‌သော် အိမ်တွင်‌ ကလေးအများကြီးရှိ၍ သူမ တစ်ခါ‌တလေမှသာ စားနိုင်သည်။ နေ့တိုင်း သူမစားလျှင် လောဘကြီးသလိုဖြစ်လိမ့်မည်။ ကုမိသားစုက အလွန်ဆင်းရဲ၍ သူတို့ ပိုက်ဆံကို လွယ်လင့်တကူ သုံး၍မဖြစ်ပေ။

သူမတွင် မူလပိုင်ရှင်၏ အဘွားထားခဲ့‌သော ပိုက်ဆံရှိ၍ သူမ ဒါကို နာမည်ခံပြီး နေရာလွတ်က ပစ္စည်းများကို သုံး၍ ရသော်လည်း ရွှီကျင်းဖန်နှင့် ကုလျန်ရွှမ်က သဘောမတူ၍ သူမငြိမ်‌နေရခြင်းဖြစ်သည်။

"ကျွန်တော် မစားချင်ဘူး။ အစ်ကိုကြီးက မရီးအတွက် ကျွန်တော့်ကို ဝယ်ခိုင်းလိုက်တာ" ကုလျန်ရုန် ခေါင်းခါကာ အမြန်ဖြေရင်း အသီးအရွက်များကိုလည်း နှိုက်သည်။

ကျန်းထျန် ကုလျန်ရွှမ်ကို ကြည့်လိုက်ရာ သူ ခဏကြောင်သွားပြီး ရုတ်တရက် ခေါင်းမဖော်တမ်း ခေါင်းငုံ့ကာ အိမ်၌ ပန်ကိတ်ကို အမြန်စားသကဲ့သို့ ဟင်းပွဲများကို မြန်မြန်စားသည်။

ကျန်းထျန် - .....

သူမ ကုလျန်ရွှမ်အမူအရာကို ကြည့်ပြီး သေချာတွေးကြည့်ရာ နောက်ဆုံး သူရှက်နေသည်ဟု တွေးမိသည်။ သူ့နားများကလည်း နီနေသည်။

ကျန်းထျန်် ထမင်းနှင့် နံရိုးကို ဝါးစားရင်း ကုလျန်ရွှမ် ဘာလို့် ရှက်နေသနည်းဟု တွေးနေသည်။ ကုလျန်ရုန်က တစ်ခုခုပြောလိုက်လို့များလား?

ကျန်းထျန်စိတ်ထဲ အတွေးတစ်ခုပေါ်လာကာ "ကုလျန်ရွှမ်၊ ရှင်ထမင်းစားချင်တာ ပြောရမှာ ရှက်လို့ ကျွန်မနာမည်နဲ့ တတိယကလေးကို ဝယ်ခိုင်းလိုက်တာလား?"

ကုလျန်ရွှမ် - ..... ဘာ? သူကြောင်သွားသည်။

ကျန်းထျန် အသံကို မြှင့်ပြောကာ မျက်နှာကလည်း ရုတ်တရက် သဘော‌ပေါက်သွားသည့်ပုံနှင့် စားပွဲကိုပါ ဖွဖွပုတ်လိုက်သည်။

သူမ ကြည့်လိုက်သောအခါ ကုလျန်ရွှမ် အလွန် အပြစ်ရှိသကဲ့သို့ ဖြစ်နေသည်ကလည်း မထူးဆန်းတော့! ကုလျန်ရွှမ် သူ့ဘာသာ စားချင်သော်လည်း တတိယကလေး ဒီမှာ ရှိ၍ သူ သူမကို ထမင်းပေးသည်ဖြစ်ရမည်။

အဟွတ် အဟွတ် အဟွတ် အဟွတ် အဟွတ်!!

ကျန်းထျန် ခန့်မှန်းပြောသည်ကို ကြား၍ ကုလျန်ရွှမ်နှင့် ကုလျန်ရုန်တို့ တစ်ချိန်တည်း သီးကြသည်။

ကုလျန်ရုန် ‌ဉာဏ်ကောင်းစွာ မနက်က ဝယ်ထားသော ပဲနီဆန်ပြုတ်ကို ယူပြီး မော့ချကာ ပါးစပ်ထဲက အစာများကို မျိုချလိုက်သည်။

သူ့အစ်ကိုကြီး မျက်နှာနီသည်ထိ သီးသွားသည်ကို မြင်၍ သူ ပြုံးချင်သည်ကို မြိုသိပ်ကာ ပဲနီဆန်ပြုတ်ကို ကမ်းပေးလိုက်သည်။

ကုလျန်ရွှမ်အတွေးကို သူမ မှန်အောင်ပြောနိုင်၍ ကုလျန်ရွှမ် ဒီလိုဖြစ်ရမည်ဟု တွေးပြီး သူမခန့်မှန်းသည်က ပိုပိုသေချာလာကာ ကုလျန်ရွှမ်ကျောက်ို ပုတ်ပေးရင်း ပြောလိုက်သည််။ "ရှင်လည်းစားချင်တယ်မလား? ရိုးရိုးသားသားပြောလို့ရပါတယ်။ ကျွန်မက ကပ်စေးမနည်းပါဘူး"

ကုလျန်ရုန် ရယ်ချင်သည်ကို ထိန်းထားပြီး ပုခုံးများက ဆန်ခါသကဲ့သို့ လှုပ်နေသည်။ သူ့မရီးက တကယ်!!

သူ့အစ်ကိုကြီးက သူ့ကို မရီးအတွက် ထမင်းဝယ်ခိုင်းသည်က ဘယ်လိုဖြစ်ပြီး အစ်ကိုကြီး စားချင်ပြီး ပြောရမှာရှက်သည်ဟု တွေးသနည်း? ပုံမှန်လူများ ဒီလိုတွေးလို့လား?

ကုလျန်ရွှမ် အခု အံ့သြသွားသည်။ အလွန်အံ့သြသွားသည်ဖြစ်သည်။ ကျန်းထျန်အတွေးကို သူတကယ်နားမလည် သူလုပ်သည်က သိသာစွာ သိသာစွာ တကယ်က....

ဘယ်လိုဖြစ်ပြီး သူ သူမထမင်းကို စားချင်သည်ဟု ကျန်းထျန်က အထင်လွဲသွားရသနည်း?

ပဲနီဆန်ပြုတ်ကို နှစ်ကျိုက်သောက်ပြီးမှ အသက်ရှူမဝသည့်ခံစားချက်က ပျောက်သွားသည်။ ကျန်းထျန်၏ စိတ်ရင်းနှင့် သူနှင့် ထမင်းမျှစားသည်ကို စိတ်ထဲမထားသည့် အမူအရာကို ကုလျန်ရွှမ် ကြည့်ပြီး "ကိုယ်စားဖို့‌မတွေးပါဘူး။ မင်းအတွက် ဝယ်ပေးတာ"

ကျန်းထျန် - ..... သူမ ‌စိတ်ရှုပ်သွားသည်။

သူမ မျက်မှောင်ကြုတ်ကာ သူမရှေ့က ထမင်းဖြူဖြူကို ကြည့်ပြီး တစ်ဖန် အတည်ပြုရန် ကုလျန်ရွှမ်ကို မေးလိုက်သည်။ "တကယ်လား?"

ရှင်တကယ် မစားချင်ဘူးလား? ကျွန်မ နာမည်နဲ့ ကျွန်မကို လှည့်စားဖို့ ကြိုးစားနေတာလား?

ကုလျန်ရွှမ် အခိုင်အမာ ခေါင်းခါကာ "တကယ်"

" မင်း ကိုယ်စားနိုင်တာကို သိပါတယ်။ ကိုယ် ထမင်းစားချင်ရင်...." ကုလျန်ရွှမ် ခက်ခက်ခဲခဲ ပြောလိုက်သည်။ "ဒီလောက်က မလောက်ဘူး"

အနည်းငယ်စားရုံနှင့် သူ့အတွက် မလောက်။ သူ ဗိုက်ဝရန် ပေါက်စီ ပန်ကိတ် တစ်ဒါဇင်ကျော်စားနိုင်၍ ထမင်းဆိုလျှင် နှစ်ပေါင်ကျော်ကျော်စားမှ ဝမည်ဖြစ်သည်။

သူလိမ်နေသည်နှင့် မတူ၍ ကျန်းထျန် သူမခန့်မှန်းသည်က မှားပြီလားဟု တွေးလိုက်သည်။

သို့သော် ဒီထမင်းက သူမအတွက် အနည်းငယ်များကာ ကုန်မည်ဟု အာမမခံနိုင်၍ ကုလျန်ရွှမ်နှင့် မျှစားချင်သည်။ သူ တကယ်မကြိုက်လောက်ဟု မြင်၍ ကျန်းထျန် သူမဘာသာ ကုန်အောင်စားရမည်။

စားစရာကို ဖြုန်းတီးသည်က ရှက်စရာဖြစ်၍ သူမ ဗိုက်ပြည့်သွားလျှင်တောင် စားရမည်။

ဟင်းပွဲလေးမျိုးက အရမ်းကြီး၍ အားလုံးက အသားနှင့် ကြက်ဥများဖြစ်ပြီး အဆီအပြည့်နှင့်ဖြစ်ပြီး မနက်က ကျန်ခဲ့‌သော အသား‌ပေါက်စီ ၅ လုံးအပြင် ထပ်ဝယ်ခဲ့‌သော ပေါက်စီများနှင့် အများဆုံးစားသော ကုလျန်ရွှမ်ပင် ဗိုက်အပြည့်ဖြစ်နေပြီဖြစ်သည်။

ရေကန်တွင် ထမင်းဘူးကို သွားဆေးလိုက်သည်။ ပြန်လာသောအခါ အနည်းငယ် စောနေသေးသည်ကို မြင်၍ အိပ်ရာပေါ် ပြန်လှဲကာ ခဏနားလိုက်သည်။

ဆေးရုံ စတော့မည့်အချိန်တွင် ကုလျန်ရုန် အရင်ထကာ ရေကန်တွင် မျက်နှာသွားသစ်ပြီးနောက် တည်းခိုခန်း၏ ဧည့်ခန်းတွင် နာရီသွားကြည့်ပြီး ကုလျန်ရွှမ်နှင့် ကျန်းထျန်ကို ခေါ်ရန် ပြန်လာခဲ့သည်။

သူတို့သုံးယောက် ရွှီကျင်းဖန် ယန်ဆရာဝန်အတွက် ပြင်ပေးလိုက်သော ဝက်ပေါင်ခြောက်၊ မှိုခြောက်၊ မုန်လာဥခြောက်နှင့် မျှစ်စို့ခြောက်များယူပြီး ကုလျန်ရွှမ်၏ ID Card နှင့် ပိုက်ဆံကို ယူကာ တည်းခိုခန်း မျက်နှာချင်းဆိုင်က ဆေးရုံသို့ သွားကြသည်။

ကုလျန်ရုန် ID Card ကို စာရင်းသွင်းသည့် ပြတင်းပေါက်သို့ သွားကာ စာရင်းသွင်းပြီး တတိယထပ်က ယန်ဆရာဝန်၏ ရုံးသို့ သွားကြသည်။

အခုခေတ်တွင် ဆရာဝန်ပြသည့် လူအရမ်းနည်းကာ အဖျား၊ အအေးမိသည့် အသေးအဖွဲ့ နေမကောင်းသည်များအတွက် ပိုက်ဆံအကုန်မခံပေ။ ထို့ကြောင့် သူတို့သုံးယောက် ရုံးတံခါးသို့ရောက်သောအခါ စောင့်စရာမလိုဘဲ တန်းဝင်၍ရသည်။

ယန်ဆရာဝန် ကုလျန်ရွှမ်နှင့် အထူးသဖြင့် ကုလျန်ရုန်ကို မှတ်မိသည်။ ကုလျန်ရုန်က လတိုင်း ဆေးယူရန် မြို့ကြီးကဆေးရုံသို့လာပြီး ကုလျန်ရွှမ်၏ အခြေအနေကို ပြောသည်။

ယန်ဆရာဝန်လည်း နားလည်သည်။ ချွီကျင်းခရိုင်က မြို့ကြီးနှင့် မနီး၍ ကုလျန်ရွှမ်က သူ့ခြေထောက် ဒဏ်ရာရထားသဖြင့် အသွားအပြန်လုပ်ရန် အဆင်မပြေ။

သို့‌သော် နောက်ဆုံးတစ်ကြိမ် ကုလျန်ရုန် ထွက်သွားစဥ် ယန်ဆရာဝန် ရက်တွက်ကြည့်ရာ သူ ကုလျန်ရွှမ်ကို သုံးလေးလလောက် မမြင်ဖြစ်။ သူက တရုတ်တိုင်းရင်းဆေးဆရာဝန်ဖြစ်၍ သေချာဂရုတစိုက် နားထောင်ပြီး သိရသည်။ သူ လူနာနှင့် မျက်နှာချင်းဆိုင် မတွေ့ရသည်က အချိန်အကြာကြီးဖြစ်နေ၍ သူသိသည်နှင့် အခုဒဏ်ရာအခြေ‌အနေက ကွာခြားနိုင်၍ သူ ဆေးမှန်ညွှန်ရန်က မဖြစ်နိုင်ပေ။

အရင်က ကုလျန်ရွှမ် အကြိမ်အနည်းငယ် သူ့ဆီလာပြပြီး သူ ကြည့်စဥ်က သူ့ခြေထောက်က အရိုးထိ ဒဏ်ရာရ၍ ဆယ်နှစ် ရှစ်နှစ်အတွင်း ပြန်မကောင်းနိုင်။

သို့သော် လူတစ်ယောက်ချင်းစီ၏ ခန္ဓာကိုယ်တည်ဆောက်ပုံက ကွဲပြား၍ အချိန်ကာလကအလွန်ကြာလွန်းပြီး အံ့သြဖွယ်ဖြစ်ရပ်ဖြစ်မည်ဟု အာမမခံနိုင်ချေ။

ယန်ဆရာဝန် ကုလျန်ရွှမ်ကို ထိုင်ခိုင်းပြီး ဒဏ်ရာ၏ အခြေအနေ‌ အသေးစိတ်ကို မေးရာ တစ်ခုမှားနေမှန်း သဘောပေါက်လိုက်သည်။

" မင်းခြေထောက်တွေက အားစိုက်လို့ရတဲ့ပုံပေါ်တယ်လို့ ‌ပြောတာလား?" စာကြည့်မျက်မှန်နှင့် ယန်ဆရာဝန်မျက်လုံး ကုလျန်ရွှမ်၏ ညာခြေထောက်ကြည့်လိုက် မျက်နှာကို ကြည့်လိုက် လုပ်နေသည်။

ဒါကို ပထမဆုံးကြား‌သော ကုလျန်ရုန်လည်း သတိလက်လွတ် အံ့သြသည့်အမူအရာဖြစ်သွားသည်။

ခေါင်းလှည့်ပြီး သူ့မရီးကျန်းထျန်ကို ကြည့်ရာ သူမမျက်နှာအမူအရာက ပုံမှန်ဖြစ်၍ သူမ သိသည်မှာ ကြာနေမှန်း သူ ‌သ‌ဘော‌ပေါက်လိုက်သည်။

သူ့မျက်နှာပေါ်က အံ့သြသည့်အမူအရာကို သူထိန်းလိုက်သော်လည်း ရင်ထဲတွင် လှိုင်းထနေသည်။

ဒီလို ကိစ္စကြီး! ‌

ဒီလိုကောင်းသည့်အရာ

အစ်ကိုကြီးနှင့် မရီးက ဒါကိုသူ၊ သူတို့အမေနှင့် သူတို့မိသားစုဝင်တွေကို လျှို့ဝှက်ထားတာလား?

ကုလျန်ရွှမ် ယန်ဆရာဝန်၏ အံ့သြပြီး စိုက်ကြည့်နေသည့်မျက်လုံးများကို တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါတယ်။ ကျွန်တော် ဒီနှစ်ရက်မှ သိတာ"

ကျန်းထျန် ‌ဘေးတွင် အမူအရာမဲ့စွာ မတ်တပ်ရပ်ပြီး စိတ်ထဲတွင် ပြန်ဖြေနေသည်။ `မနေ့မတိုင်ခင်ညက၊ မသွားခင် တစ်ရက်ကမှ သိခဲ့သည်မလား´

သွားမည့်နေ့တွင် သူ ခြေနှစ်လှမ်းလှမ်းလိုက်၍ သူမကို တခြားသူတွေရှေ့ အရှက်ရအောင် ဖြစ်စေခဲ့သည်။ သူ့ခြေထောက်များ ‌ပြန်ကောင်းပါက ၁၂၀%က သူမကြောင့်ဖြစ်သည်။

ကုလျန်ရွှမ်အမူအရာက အတုအယောင်ဖြစ်ပုံမပေါ်၍ ယန်ဆရာဝန် အံဆွဲကို ဖွင့်ကာ အထဲမှ ဆေးဘက်သုံးတူအ‌သေးလေးကို ထုတ်လိုက်ပြီး ခြေထောက်ဖြင့် ထိုင်ခုံကို အဝေးတွန်းကာ စာကြည့်မျက်မှန်ကို ပြင်လိုက်ပြီး ကုလျန်ရွှမ်ကို ‌ပြောလိုက်သည်။

"စိတ်လျှော့ထား။ ဆရာ ခဏနေ ဒီတူနဲ့ မင်းခြေထောက်ကို အကြိမ်နည်းနည်းခေါက်မယ်။ ဘယ်လိုခံစားရလည်း ဆရာ့ကို ချက်ချင်းပြော ဟုတ်ပြီလား?"

ကုလျန်ရွှမ် မတ်မတ်ထိုင်ကာ နှုတ်ခမ်းစေ့ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဟုတ်ကဲ့"

ယန်ဆရာဝန် ကုလျန်ရွှမ် ဘောင်းဘီကို တင်ပြီး ‌ဒူးခေါင်းအောက်ခြေအပိုင်းကို ဖော်၍ တူဖြင့် ခေါက်ကြည့်ရာ ဒူးခေါင်းတုန်ခါမှု တုံ့ပြန်ခြင်းက ပုံမှန်ဖြစ်ပြီး တခြားနေရာများတွင် နာသည်ကိုခံစားရသည်။ အရင်က ဒဏ်ရာရထားပြီး ဘာခံစားမှုမှ မရသောအပိုင်းလည်း အနည်းငယ်တုံ့ပြန်သည်။

ယန်ဆရာဝန် ဒါကို မြင်၍ ကုလျန်ရွှမ်ဒဏ်ရာ တကယ်ပင် ပိုကောင်းလာကြောင်း သိလိုက်သည်။ နောက် သူ ကုလျန်ရွှမ်ကို လက်ဆန့်ရန် ‌ပြောလိုက်ပြီး ‌သွေးခုန်နှုန်း‌စမ်းပြီးနောက်် သူ့မုတ်ဆိတ်မွှေးကို ပွတ်ကာ စဥ်းစားနေသည်။

ကုလျန်ရွှမ် သူ့ဒဏ်ရာအခြေအနေကို သိရန် ယန်ဆရာဝန်ကို စိတ်လှုပ်ရှားစွာ ငေးကြည့်နေသည်။

ကျန်းထျန်နှင့် ကုလျန်ရုန်လည်း စိတ်လှုပ်ရှား‌နေကြကာ အသက်‌ဖြောင့်ဖြောင့် မရှူရဲပေ။

အောင်မြင်သည် ကျရှုံးသည်က အပြုအမူတစ်ခုပေါ်သာ မူတည်ပြီး ယန်ဆရာဝန်စကားကို စောင့်‌နေကြသည်။

All Chapters