← Chapters

အခန်း(၅၀)

Vol. 5 Ch. 50

အခန်း(၅၀)

Vol. 5 Ch. 50

ကုလျန်ရုန် ခေါင်းမော့ကာ "အကိုကြီး။ ကျွန်တော့်အမှားပါ”

ကျန်းထျန် - …. သူမလည်း တစ်ခုခုပြောသင့်သည်။

ကုလျန်ရွှမ် ခေါင်းခါကာ ထပ်ပြောတော့မည်ကို မြင်၍ ကျန်းထျန် သူ့ကို အမြန်တားကာ ပြောလိုက်သည်။ "ရန်မဖြစ်ကြပါနဲ့” ဒီကိစ္စတွင် အမှား အမှန်အများကြီးရှိသည်။ သူတို့နှစ်ယောက်လုံး သဘောကောင်းနှင့် ဖြစ်သော်လည်း လူကုန်ကူးသူများနှင့် တွေ့မည်ဟု မထင်မှတ်ထား‌ပေ။

ပြီးတော့ သူမ တကယ် ဒီကိစ္စကို သေချာမတွေးခဲ့။ အဘွားအိုက လူကုန်ကူးသူဖြစ်မည်ဟု ခန့်မှန်းပြီးနောက် သူမ အကူအညီတောင်းရန်မတွေးဘဲ သူမဘာသာဖြေရှင်းရန် တွေးလိုက်သည်။

ပြသာနာတစ်ခုဟု သူမ မထင်ပေ။ သူမ အရင်ဘဝက ဖုတ်ကောင်အဖွဲ့ထဲ တိုက်ပြီးနောက် ဖုတ်ကောင်ခေါင်းကို သူမလက်ဖြင့် ဖြဲနိုင်၍ သူမ တစ်ယောက်တည်း သွားရဲသည်ဖြစ်သည်။ ပြီးတော့ သူမ နေရာလွတ်တွင် လက်နက်မျိုးစုံရှိသည်။ အထဲတွင် ဗီဇပြောင်းအပင်များမှ ထုတ်လုပ်ထားသော စွမ်းအားပြင်းဆေးများက သာမန်လူမဆိုထားနှင့် သဘာဝလွန် စွမ်းအားများနှင့်လူများကိုပါ ထိခိုက်စေနိုင်သည်။

ထိုအချိန်က သူမ ထိုသို့တွေးခဲ့ပြီး ကုလျန်ရွှမ်ကို မြင်မှ သူတို့အတွေးထဲ သူမက နေမကောင်းဖြစ်နိုင်သောသူမှန်း သတိရသွားသည်။ ထို့ကြောင့် သူ အလွန်စိတ်လှုပ်ရှားနေသည် ဖြစ်ရမည်။ "ကျွန်မ ကတိပေးပါတယ်? နောက် ကျွန်မ ရှင်နဲ့ဝေးဝေးကို မသွားတော့ပါဘူး။ လူကုန်ကူးတဲ့သူတွေက ရှင့်ကို ဖမ်းသွားရင်တောင် ကျွန်မ ရှင့်နောက်ကလိုက်မယ်၊ ဟုတ်ပြီလား? ”

ကျန်းထျန် သူမလက်ဖဝါးများကို မြှောက်ကာ ကုလျန်ရွှမ် စိတ်အေးအောင်ပြောသည်။ ကုလျန်ရွှမ် စကားမပြောသေးသည်ကို မြင်၍ကျန်းထျန် သူလက်အင်္ကျီကို ကိုင်ပြီး သတိထားလှုပ်ကာ "ကျွန်မ တကယ်မှားသွားပါတယ်”

ကုလျန်ရုန်လည်း သူ့ဆုံးဖြတ်ချက်ကို အမြန်ပြောလိုက်သည်။ "ကျွန်တော်ရော”

ကုလျန်ရွှမ် - "….မလိုပါဘူး ”

"ရှင် စိတ်မဆိုးဘူးလား?” ကျန်းထျန် မျက်တောင်ခတ်ကာ စိတ်အေးစွာ အသက်ရှူထုတ်ရန် ပြင်လိုက်စဉ် ကုလျန်ရွှမ်ပြောသည်ကို သူမကြားလိုက်သည်။ "ကိုယ် ဒါကို မှတ်ပြီးပြီ။ ကိုယ်တို့အားလုံးမှားတော့ အိမ်ပြန်ရောက်မှ အမေ့ကို ဆုံးဖြတ်ခိုင်းမယ် ”

ကျန်းထျန် - "?!”

ကုလျန်ရုန် - "?!”

"မဟုတ်ဘူး!" ကျန်းထျန် ရွှီကျင်းဖန်အား ဤအကြောင်းမပြောရန် ကုလျန်ရွှမ်ကို ဖြောင့်ဖျချင်သော်လည်း ကုလျန်ရွှမ်က သူမလက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး နောက်တစ်ဖက်ဖြင့် သူမကို ထိုင်ခုံပေါ် ထိုင်စေပြီးနောက် "မင်း အမေ့ကို ‌ဘယ်လိုရှင်းပြရမလည်းပဲ တွေးထားပါ"

ကျန်းထျန် မှတ်မိနေ‌စေရန် သူ မဆုံးမရက်ပေ။ ကျန်းထျန်က စိတ်ကောင်းရှိ၍ ဖြစ်သည်ကို သူသိသည်။ သို့‌သော် ဒီနေ့ကိစ္စက လုပ်စရာအများကြီးရှိပြီး အကယ်၍.... သူ အကယ်၍ဆိုသည်ကို တွေးမိသည်နှင့် မျက်လုံးများ မှောင်မည်းသွားသည်။

ကုလျန်ရွှမ် သဘောထား အလွန်ခိုင်မာနေ၍ သူမအကြံမဖြစ်နိုင်မှန်း ကျန်းထျန်သိသည်။ ဒီအကြောင်းကြားပြီး ရွှီကျင်းဖန် ပြုမူမည်ကို တွေးမိရုံနှင့် ကျန်းထျန်ပုခုံးများ လျော့ကျကာ မျက်နှာပေါ်က တက်ကြွနေသည်များလည်း ပျောက်သွားသည်။

ကုလျန်ရွှမ် သူမလက်ကောက်ဝတ်ကို ကိုင်နေ‌သေးသည်ကို မြင်၍ ကျန်းထျန် လှုပ်ကာ ဖယ်ရန် ကြိုးစား‌သော်လည်း ကုလျန်ရွှမ်နှင့် အကြည့်ဆုံ၍ သူမ့ အပြစ်ရှိသကဲ့သို့ ခံစားရပြန်သည်။

ကုလျန်ရွှမ် ကျန်းထျန် လက်ကောက်ဝတ်ကို အဝတ်စကြားခံပြီး ကိုင်ထားကာ ကျန်းထျန်အရိုးများကို ညှစ်မိမည်စိုး၍ အားလည်းမသုံးရဲ။ သို့သော် သူ အားမသုံးရဲ၍ ကျန်းထျန်ကို လွှတ်ပေးမိပါက ကျန်းထျန် လူကုန်ကူးသူများ၏ အဖမ်းခံရလိမ့်မည်။ ထို့ကြောင့် အားအနည်းစိုက်ထုတ်ပြီးနောက် သူ့လက်ဖဝါးများ ချွေးဖြင့် စိုရွှဲနေသည်။

ကျန်းးထျန် လှည့်သွားသည်ကို မြင်၍ ကုလျန်ရွှမ် သူ့နှုတ်ခမ်းကို လှုပ်ပြီး ရှင်းပြချင်သည်ကို ပြန်မျိုသိပ်လိုက်သည်။

သူ ကျန်းထျန်အပေါ် မတင်းကြပ်နိုင်‌သော်လည်း ကုလျန်ရုန်အ‌ပေါ် စိတ်မာနိုင်သည်။ "မင်း ပြန်ရောက်ပြီး‌ရင် အမေ့ကို ပြောဖို့ တွေးထား"

ကုလျန်ရုန် - .... အစ်ကို၊ ကျွန်တော်လည်း အမေ့တံမြက်စည်းကို ‌ကြောက်တယ်

သို့သော် သူ့အကိုကြီး၏ အကြည့်အောက် သူ မငြင်းနိုင်၍ ခါးသီးစွာ ခေါင်းညိတ်လိုက်သည်။ "ကျွန်တော်သိပါပြီ ¹

" မင်းပြန်ရောက်ပြီးရင် ၃ ရက် အသားမစားရဘူး" ကုလျန်ရွှမ် ထပ်ပြောလိုက်သည်။

ကုလျန်ရုန် မျက်နှာရှုံ့မဲ့ကာ "ကျွန်တော်သိပါပြီ....ကျွန်တော်သိပါပြီ" အိမ်ပြန်ရောက်ရောက်ချင်း ပထမဆုံးတစ်နပ်ကို သေချာပြင်ထားလောက်သော်လည်း ဤတစ်ကြိမ် သူ့ပါးစပ်ထဲ မရောက်လောက်ပေ။

"အစ်ကိုလည်း မစားဘူး "ကုလျန်ရွှမ်‌ ရှေ့ဆောင်လမ်းပြလုပ်သည်။

ကျန်းထျန် ခေါင်းမော့ကာ "ဒါဆို ကျွန်မရော မစားရဘူးလား?"

ကုလျန်ရုန် သူ့အကိုကြီး ဘယ်လိုပြန်ဖြေမည်ကို သိချင်၍ ‌ငေးကြည့်နေလိုက်သည်။ သူတို့သုံးယောက်ထဲက နှစ်ယောက်မစားဘဲ မရီးပဲ စားလို့ရတာတော့ မဟုတ်ဘူးမလား?

ကုလျန်ရွှမ် မျက်နှာ‌ပေါ် မမြင်ရ‌သော်လည်း စိတ်ထဲ ခေါင်းခါနေသည်ဖြစ်သည်။ နှစ်စက္ကန့်လောက်ကြာမှ သူ ‌ပြောသည်။ "မင်းက နေမကောင်းဖြစ်နေတုန်း" သူ့အသံက` မင်းနေမကောင်းသေးတော့ ပို‌ကောင်းအောင် ဘာလို့မစားရမှာလဲ? စိတ်မညစ်နဲ့´ဟု ပြောနေသကဲ့သို့ နှစ်သိမ့်နေသည်။

ကုလျန်ရုန် - ?

"ကောင်းပြီ။ ကျွန်မ ရှင့်ကို တစ်ဝက်ကျွေးမယ်" ကျန်းထျန် ဖား၍ ပြုံးလိုက်သည်။

ကုလျန်ရုန် ‌သူ့အစ်ကိုကို ငေးကြည့်ရင်း အစ်ကိုဆိုလိုချင်တာက သူ မစားရဘူးလား?

" မလိုဘူး" ကုလျန်ရွှမ် ခေါင်းခါလိုက်သည်။ သူ ဘယ်လို ကျန်းထျန်နှင့် လုစားမည်နည်း?

ကုလျန်ရုန် - အစ်ကိုတို့ ကျွန်တော့်ကိုကျ မပေးဘူးလား?

သို့သော် သူ အမှားကြီးလုပ်ထား၍ ထုတ်မပြောရဲဲပေ။ သူတို့ကိုသာ ‌ငေးကြည့်ရင်း သူ့ကို သတိရပါစေဟု ဆုတောင်းနေရသည်။

ရဲများ မကြာခင် ရောက်လာသည်။ ရထားကို ပိတ်လိုက်ပြီးနောက် ဘယ်သူကိုမှ ရထားပေါ်မှ အတက်အဆင်း ခွင့်မပြု။ ဦးစီးက အမိန့်ပေးကာ အရှေ့လမ်းက ပြင်နေသည်ဟု ပြောပြီး ဘူတာအပြင်က တစ်ယောက်က ‌ပစ္စည်းတစ်ခု ပျောက်သွားသည်ဟုသာ ပြောလိုက်သည်။ သူခိုးများ တက်လာမည်ကို စိုးရိမ်၍ သူ ရထားကို ပိတ်ထားလိုက်သည်။

ရထားကို ဆယ်မိနစ်ခန့် ရပ်ထားကာ အလျင်လိုကြသော ခရီးသည်များက အစောတည်းက ဆင်းပြီး၍ ကျန်သူများက အလျင်မလိုသဖြင့် ဘာမှ မညည်းတွားကြ။

ရဲက ပုံအချို့နှင့် ရောက်လာပြီး လူကုန်ကူးသူလေးယောက်ကို ချုပ်‌ထားသောနေရာသို့သွားပြီး နှိုင်းယှဥ်ကြည့်လိုက်ရာ သူတို့ထဲက ခေါင်းဆောင်က မြို့ကြီးတစ်ခုလုံးတွင် အလိုရှိသော လူကုန်ကူးသူဖြစ်သည်။

ဦးစီးများက အကူများကို မသိစေဘဲ ရှာရန် တစ်ယောက်ပြီးတစ်ယောက်ကို စစ်ဆေးနေကြသည်။ ရထားနေရာများကို အကြမ်းဖျင်း‌ စစ်ဆေး‌နေပြီး တစ်ယောက်က လက်မှတ်တွဲတွင်ဖြစ်ပြီး တစ်ယောက်က အိပ်စင်အတွဲတွင်ဖြစ်သည်။

အရင်ခေါင်းဆောင်ငယ်က ကျန်းထျန်ကို စစ်ဆေးရာတွင် ပူးပေါင်းပေးရန် လာခေါ်၍ ကုလျန်ရွှမ်နှင့် ကုလျန်ရုန်ပါ လိုက်ခဲ့သည်။ လမ်းတစ်လျှောက် ခေါင်းဆောင်ငယ်လေးက သတင်းအနည်းငယ်ကို ပြောပြသည်။

"အစောက မေ့သွားတဲ့တစ်ယောက်က ကျွန်တော်တို့မြို့ကြီးက အလိုရှိတဲ့ လူကုန်ကူးတဲ့သူတစ်ယောက်။ မြို့ကြီးက အမျိုးသမီးနဲ့ ကလေးတစ်ဒါဇင်ကျော် လူကုန်ကူးပြီးသွားပြီ"

"ရဲဘော်ရဲဘက်ကျန်းထျန်က ဒီတစ်ခါ အဓိက ပါဝင်ပေးတာပါ။ ဒီလူရဲ့အဖော်ကို တွေ့ရင် အထက်က ဆုလာဒ်တွေ သေချာပေါက် ရှိမှာပါ" ခေါင်းဆောင်ငယ်လေးက ဒါကို ရိုးသားစွာပြောသည်။

ဤမတော်တဆမှုကို သူ ကူညီပေးပြီး အဖွဲ့ကလည်း မှတ်တမ်းတင်ထားမည်။ ပြီးတော့ လူကုန်ကူးသူများက ရဲဘော်ရဲဘက်အားလုံး၏ အမုန်းတရားများအရင်းခံဖြစ်၍ သူ ပါဝင်‌ပူးပေါင်းရသဖြင့် ဂုဏ်ယူမိသည်။

သို့‌သော် သူအားအကျဆုံးမှာ ကျန်းထျန်ဖြစ်သည်။ သူမက လူကုန်ကူးသူသုံးယောက်ကို သူမဘာသာဖမ်းပြီး လုယက်မှုဟု အော်ခေါ်၍ အကူများကိုလည်း သတိမထားမိ‌စေခဲ့ပေ။

ကုလျန်ရွှမ်‌ ပြောလိုက်သည်။ "ရဲ‌ဘော်ရဲဘက်က နောက်နေတာပဲ။ အကျိုးလိုချင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ဇနီးက တစ်ခြားသူတွေကို ကူညီရုံပါ။ သူမက ဉာဏ်ကောင်းတော့ မှန်တာကို လုပ်တာပါ " အခု ကိစ္စများဖြစ်ပြီး၍ သူ ကျန်းထျန်အတွက် စီမံ‌ပေးရမည်။

ခေါင်းဆောင်ငယ်က အမြန်ခေါင်းညိတ်ကာ သ‌ဘောတူသည်။ သို့သော် သူ ကုလျန်ရွှမ် စကားများက ပိုသည်ဟု မခံစားရ။ သူ ဒီကိစ္စကို အတွင်းအပြင်သိ၍ ကုလျန်ရွှမ်‌ပြောသကဲ့သို့ တကယ်မရိုးရှင်း။

ခေါင်းဆောင်ငယ်က ထပ်ပြီး ကျန်းထျန်ကို အလွန်နားထောင်‌ကောင်းသည့် ချီးကျူးစကားများ ပြောသည်။ ကုလျန်ရွှမ်သာ သူမကို ကိုင်မထားလျှင် သူမ ရထားတွဲကြားက သံတိုင်ကို ‌ဝင်တိုက်မိလောက်မည်။ သူမကေ အဲ့လောက်အရမ်း‌ကောင်းသည်လား? သူမ မူလပိုင်ရှင်အစား လက်‌စား‌ချေ‌ပေးချင်ရုံသာဖြစ်သည်။

လူကုန်ကူးသူများအား ယာယီချုပ်ထားသည့်နေရာမှာ ကုန်တန်း၏ အဝေးတစ်ဖက်တွင် ဖြစ်သည်။ ကျန်းထျန်တို့ ရောက်‌သောအခါ ရဲက ဦးစီးနှင့်‌ပြောနေပြီး သူတို့လာသည်ကို မြင်၍ ပြောသည်ကို ရပ်လိုက်သည်။ " ဒါက ရဲဘော်ရဲဘက် ကျန်းထျန်မလား?"

ကျန်းထျန် ခေါင်းညိတ်ကာ "ဟုတ်ပါတယ်"

ရဲမှူးက ဆံပင်ဖြူဖြူ မျက်နှာလေးထောင့်ကျသည့်အမျိုးသားဖြစ်သည်။ သူ့လက်အောက်ငယ်သားများကို ဦးစီးနှင့် ဆက်‌ပြောရန် မှာခဲ့ပြီး သူက ကျန်းထျန်တို့ကို ခေါ်ကာ ထောင့်တစ်ခုရှာပြီး ထိုင်လိုက်သည်။

ရဲမှူးက သူ့အင်္ကျီအိတ်ကပ်ထဲမှ ‌စာရွက်နှင့် ဘောပင်ထုတ်လိုက်ပြီး ပြောလိုက်သည်။ "ဦးလေးမျိုးရိုးနာမည်က ဟွမ်ပါ။ ဦးလေးကို ဟွမ်ခေါင်းဆောင်လို့ ခေါ်လို့ရပါတယ်"

" တကယ် လူကုန်ကူးသူအုပ်စုလို့ ဦးလေးတို့ အတည်ပြုပြီးပါပြီ" ပြောပြီး သူ ကျန်းထျန်ကို ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး " ဒါက ရဲဘော်ရဲဘက်ကျန်းထျန်ကို ကျေးဇူးတင်ရမှာပါ။ ရဲ‌ဘော်ရဲဘက်ကြောင့်သာ မဟုတ်ရင် ဒီလူကုန်ကူးတဲ့အုပ်စုကို ဖမ်းရခက်မှာပါ"

ကျန်းထျန် လက်ရမ်းရင်း "ကျွန်‌မ လုပ်ခဲ့လိုက်ရုံပါ...အာ..." သူမ ပြောရင်း ရပ်သွားကာ ဘာဆက်‌ပြောရမည်ကို မသိတော့။

ဟွမ်ခေါင်းဆောင် ပြောလိုက်‌သော ဖမ်းရခက်သည့်စကားကို မထင်မဲ့မြင်ပြုရာလည်း ရောက်မည်စိုးသည်။ ရုတ်တရက် ဖြစ်သွားသည်ဟု ‌ပြောရမည်။ သူမ အစက အဘွားအိုက လူကုန်ကူးသူမှန်း မခန့်မှန်းမိ။ အဘွားအို၏ သားနှစ်ယောက်ကို မြင်မှ သေချာသည်ဖြစ်သည်။

ဟွမ်ခေါင်းဆောင်ပြုံးကာ " ဦးလေးနားလည်ပါတယ်။ ခုနက ကျန်းဒါရိုက်တာက ရဲဘော်ရဲဘက်ကျန်းထျန် လူကုန်ကူးတဲ့သူတွေကို ဖမ်းတဲ့အကြောင်း ဦးလေးတို့ကို ပြောပြီးပါပြီ" သူ တစ်ချိန်လုံးတိတ်ဆိတ်နေ‌သော ကုလျန်ရွှမ်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဒါက ရဲဘော်ရဲဘက် ကျန်းထျန်ရဲ့ခင်ပွန်းလား?"

ကျန်းထျန် - တစ်ခြားတစ်ယောက်နှုတ်က ကုလျန်ရွှမ်နှင့်တော်စပ်ပုံက ကြားရသည်က အတော်ကြောင်တောင်တောင်နိုင်သည်။

ကုလျန်ရွှမ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်။ ကျွန်တော့်နာမည်က ကုလျန်ရွှမ်ပါ။ ဟွမ်ခေါင်းဆောင်"

ဟွမ်ခေါင်းဆောင်က သူ့လက်က ဂျိုင်းထောက်ကို တစ်ချက် ကြည့်ပြီး ရုတ်တရက် မေးလိုက်သည်။ "စစ်တပ်ထဲသွားဖူးတာလား?"

ကုလျန်ရွှမ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်။ ကျွန်တော် စစ်တပ်ထဲမှာ ၆နှစ် ၇နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်"

သူ၏ စတီးချောင်းရိုက်ထားသကဲ့သို့ ဖြစ်‌နေသာ ကျောကို ကြည့်ရုံနှင့် ပြောနိုင်သည်။ ဟွမ်ခေါင််းဆောင်ပြောလိုက်သည်။ "ရဲဘော်ရဲဘက် ကျန်းထျန်ကို မင်း ‌သင်ပေးထားတာမလား?"

ဒါကို ကြား၍ ကျန်းထျန် ကုလျန်ရွှမ်ကို ကြည့်လိုက်ရာ ကုလျန်ရွှမ်လည်း ကျန်းထျန်ကို ကြည့်ပြီး နှစ်ယောက်ပြိုင်တူ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်"

"ရဲဘော်ရဲဘက်ကျန်းထျန်က ဒီတစ်ခါ အဓိကပါဝင်ပေးတာပါ" ဟွမ်ခေါင်းဆောင်က ကျန်းဒါရိုက်တာကဲ့သို့ အဓိပ္ပါယ်တူသည်။ "အဖွဲ့အစည်းက လူကုန်ကူးသူတွေကို မြို့ကြီးက ရဲစခန်းကို လက်လွှဲဖို့ တွေးထားပါတယ်။ ရဲဘော်ရဲဘက်ကျန်းထျန်နဲ့ ဒီကုရဲဘော်ရဲဘက်" ဟွမ်ခေါင်းဆောင် ကုလျန်ရုန်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ " ပါဝင်တဲ့သူတွေအနေနဲ့ အတူတူ မှတ်တမ််းတင်ရပါမယ်"

ကုလျန်ရွှမ် ခေါင်းညိတ်လိုက်သည်။ ‌"ပြသာနာမရှိပါဘူး"

ဟွမ်ခေါင်းဆောင် ပြောလိုက်သည်။ "ကောင်းတယ် "သူ ဆက်ပြောလိုက်သည်။ "ဆုလာဒ်အ‌ကြောင်းကို ဦးလေးအရင်ပြောချင်တယ်"

ကုလျန်ရွှမ် မျက်မှောင်ကြုတ်ကာ "ခေါင်းဆောင်‌ပြောပါ"

"မစိုးရိမ်ပါနဲ့။ ရဲဘော်ရဲဘက်ကျန်းထျန်က အကျိုးရဖို့ ထိုက်တန်ပါတယ်" ကုလျန်ရွှမ်က ဤအကြောင်းစိုးရိမ်နေသည်ဟု ဟွမ်ခေါင်းဆောင် တွေးပြီး ရှင်းပြလိုက်သည်။ "ဒီလူကုန်ကူးသူတွေရဲ့နောက်ကွယ်မှာ အဖွဲ့ကြီးရှိတာ မင်းတို့မသိလောက်ဘူး။ ဦးလေးတို့ ဒီတစ်ခါ အကုန်မဖမ်းမိလိုက်ဘူး"

ဟွမ်ခေါင်းဆောင် သူတို့ကို အရင်ရှင်းပြလိုက်သည်။ ဆုလာဒ်များအတွက်ကတော့ သူနှင့်မဆိုင်။ မြို့ကြီးက အဓိက ဆုံးဖြတ်‌ပေးသည်ဖြစ်သည်။

ကုလျန်ရွှမ် ဤအကြောင်းကို စိတ်မပူ။ သူပြောလိုက်သည်။ "ကျွန်တော် နားလည်ပါတယ်။ အဖွဲ့အစည်းက ကျန်းထျန်အကြောင်း လျှို့ဝှက်ထားပေးဖို့် ကျွန်တော်မျှော်လင့်ပါတယ်" အဖွဲ့ကြီးရှိသည်ဟု ကြားပြီး အခု တစ်ချို့တဝက်ကိုသာ ဖမ်းမိ၍ ကျန်းထျန် လူကုန်ကူးသူများကို ဖမ်းမိသည့်သတင်းသာ ပြန့်သွားလျှင် လူကုန်ကူးသူများနောက်ကွယ်က အဖွဲ့က ကျန်းထျန်ကို လက်စားချေရန် တစ်ခါတည်း လိုက်ရှာမည်မလား?

ဟွမ်ခေါင်းဆောင် ခဏကြောင်သွားပြီးနောက် "ပြသာနာမရှိပါဘူး။ ဦးလေးတို့မှာ တာဝန်ရှိပါတယ်"

နောက် ဟွမ်ခေါင်းဆောင် ထိုအချိန်က အဖြစ်အပျက်ကို မေးရာ ကျန်းထျန်နှင့် ကုလျန်ရုန် သူတို့ တွေ့ကြုံခဲ့ရသည်ကို ပြောပြလိုက်သည်။ သို့‌သော် တရားဝင်အတွက် မြို့ကြီးရောက်သည်အထိ စောင့်ရမည်။ ပြောပြီးနောက် ဟွမ်ခေါင်းဆောင်ထ၍ လူကုန်ကူးသူများ၏ အဖော်များကို ရှာရန် ပြင်လိုက်စဥ် ရုတ်တရက် ကုလျန်ရွှမ် မေးလိုက်သည်။

"ဟွမ်ခေါင်းဆောင်၊ ကျွန်တော် အဲ့လူကုန်ကူးသူတွေကို တစ်ချက်သွားကြည့်လို့ရမလား?"

ဟွမ်ခေါင်းဆောင် ပြန်ဖြေလိုက်သည်။ "ရ‌တယ်။ ဒါပေမယ့် တံခါးကြားထဲကနေပဲ တစ်ချက်ကြည့်လို့ရမှာ"

လူကုန်ကူးသူများကို အခန်းသေးတစ်ခုတွင် ပိတ်ထားသည်။

ကုလျန်ရွှမ် တစ်ချက်ကြည့်ပြီး ရပ်သွားသည်ကို ဟွမ်ခေါင်းဆောင်သတိထားမိ၍ အမြန်မေးလိုက်သည်။ "ဘာဖြစ်လို့လဲ? ကုရဲ‌ဘော်ရဲဘက် "

ကုလျန်ရွှမ် ထပ်ကြည့်ပြီး တစ်ယောက်မျက်နှာတွင် အကြာကြီး ရပ်သွားသည်။

All Chapters