အခန်း(၅၁)
Vol. 5 Ch. 51
ကုလျန်ရွှမ် မှတ်ဉာဏ်ကောင်း၍ နှစ်ယောက်မျက်နှာကို ချက်ချင်းမှတ်မိသည်။
" ဟွမ်ခေါင်းဆောင်၊ ကျွန်တော် အဘွားအိုနဲ့ အမျိုးသားတစ်ယောက်ကို မြင်ဖူးပါတယ် " ဒါက လူကုန်ကူးသူများအားဖမ်းရာတွင် အကူအညီဖြစ်မည်ကို သိ၍ ကုလျန်ရွှမ် ဟွမ်ခေါင်းဆောင်မေးသည်ကို မစောင့်ဘဲ အမြန်ဆက်ပြောလိုက်သည်။ " မြို့ဘူတာကအိမ်သာမှ အဘွားအိုနဲ့ သူမချွေးမအတူတူပါ။ သူမချွေးမက ကလေးတစ်ယောက်ကို ချီထားပါတယ်"
ဒီအုပ်စုက လူကုန်ကူးသူဆိုလျှင် ချွေးမလက်က ကလေးက လူကုန်ကူးခံရသည်ဖြစ်မည်။
ဟွမ်ခေါင်းဆောင်မျက်လုံး ပြူးကျယ်သွားကာ "တကယ်လား?"
ကုလျန်ရွှမ် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကျွန်တော်တို့ အခန်းတံခါးမှာ နောက်အမျိုးသားတစ်ယောက်ကို ကျွန်တော်မြင်လိုက်ပါတယ်။ သူ ခိုးဝင်ချင်ပေမယ့် ကျွန်တော် သူ့ကို တားလိုက်တာ"
ကျန်းထျန် ခေါင်းမော့ကာ ချက်ချင်းသဘောပေါက်သွာသည်။ "အဲ့လိုကိုး။ အဲ့ဒါကြောင့် အဘွားအိုက ဘယ်သူမှမရှိတဲ့ နေရာရောက်တော့ ကျွန်မကို ချွေးမလို့ခေါ်တာ"
ကုလျန်ရွှမ် သူနောင်တရသည်။ သူ ထိုအချိန်က ထိုအမျိုးသား ခြေထောက်ကို ရိုက်ချိုးခဲ့သင့်သည်။
ဟွမ်ခေါင်းဆောင်မျက်နှာ မည်းသည်းနေသည်။ လူကုန်ကူးသူများလက်ထဲ ကလေးများကို ဖမ်းပြီးပါက ဒီကိစ္စကို ကိုင်တွယ်ရန် ခက်လိမ့်မည်။
ထိုအချိန်တွင် ကျန်းထျန် တစ်ခုကို သတိရသွားသည်
"ကုလျန်ရွှမ်။ ရှင် အဲ့ကလေးကို မြင်တုန်းက အဖျားရှိတယ်မလား?"
ကုလျန်ရွှမ် ဟွမ်ခေါင်းဆောင်ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
ဟွမ်ခေါင်းဆောင် မျက်ရိုးကိုနှိပ်ကာ တွေးနေသည်။ သူ အစက လူကုန်ကူးသူများကို ရှာပြီး ချက်ချင်း ဖမ်းရန်တွေးထားသော်လည်း ဒါက အကြံကောင်းဖြစ်သည်။
" ဦးစီးကို လူတွေကို ဒီနေရာခေါ်လာပြီး ပြောရုံပဲ "ကျန်းထျန် အခန်းထဲက လူများကို ညွှန်ပြကာ "အကြောင်းပြချက်တစ်ခုလုပ်လိုက်မယ်။ ခြေကျင်းဝတ်ခေါက်သွားတာတို့ စျေးဝယ်ဖို့ ပိုက်ဆံမယူလာတာတို့ ဒါမှမဟုတ် စကားပြောရင်း ပြသာနာဖြစ်တာတို့"
" ဒါမှမဟုတ်" ကျန်းထျန် သူမကိုယ်သူမညွှန်ပြရင်း "ဒီလူရဲ့ဇနီးက မေ့လဲသွားလို့ ဂရုစိုက်ဖို့ လူလိုတယ်လို့ ပြောလို့ရတယ်"
ကုလျန်ရွှမ် နှုတ်ခမ်းစေ့ကာ ကျန်းထျန် သူမကိုယ်သူမ တစ်ခြားတစ်ယောက်၏ ဇနီးဟု ပြောနေသည်ကို မြင်၍ သူမျက်လုံးများ အားငယ်သွားသည်။
နားထောင်ရင်း ဟွမ်ခေါင်းဆောင်မျက်လုံးများ တောက်ပလာသည်။ " အကြံကောင်းပဲ"
နောက် ဟွမ်ခေါင်းဆောင် ဦးစီးနှင့် အကြောင်းပြချက်များ ဆွေးနွေးပြီး လူကုန်ကူးသူများ၏ အဖော်ကို ခေါ်လာရန် ဦးစီးကို ပြောလိုက်သည်။
လူကုန်ကူးသူများ၏နေရာကို သိပြီးကာ အိပ်စင်တွင် ကလေးတစ်ယောက်ကို ချီထားသောအမျိုးသမီးတစ်ယောက်ရှိပြီး လက်မှတ်အတွဲတွင် စုံတွဲတစ်တွဲရှိသည်။
အခုချိန် သိနိုင်သည့်သူများမှာ ဤလူအနည်းငယ်သာဖြစ်သည်။ တစ်ခြားအဖော်များရှိပါက သူတို့ပုန်းသည်မှာတော်သည်ဟုသာ ပြောရမည်။
ကံကောင်းစွာ သူတို့အကြောင်းပြချက် ကောင်းကောင်းတွေ့သွား၍ ထိုနေရာက လူနှစ်ယောက် ခဏတုံ့ဆိုင်းပြီးနောက် နောက်ဆုံးတစ်ခုခုဖြစ်မည်စိုး၍ သူတို့ တစ်ယောက်ပြီး တစ်ယောက် ဦးစီးခေါ်လာသည်ကို ခံရသည်။
ဟွမ်ခေါင်းဆောင် သူတို့ကို ထောင်ဖမ်းရန် လူတွေကိုဦးဆောင်ကာ သူတို့ အတွဲထဲဝင်လာသည်နှင့် အမြန်တားလိုက်ပြီး လျှပ်စီးအမြန်နှုန်းနှင့် ဖမ်းလိုက်ကာ ကလေးက လက်ထဲရောက်လာသည်။
ကလေးကို ကြည့်ရန် အမျိုးသမီး ရထားဦးစီးတစ်ယောက်ကို ကမ်းပေးလိုက်သည်။ ကလေးမျက်နှာက နီနေသည်ကို မြင်၍ လက်ကို နဖူးပေါ်တင်ကြည့်ရာ ခြစ်ခြစ်တောက်ပူနေသည်။ "အဖျားလား?"
ဟွမ်ခေါင်းဆောင် စစ်ဆေးကြည့်ရာ သူ့မျက်နှာက လေးနက်ကာ "ဒီကလေးက အဖျားကြီးနေတယ်!"
"တစ်ရက်ကျော်နေလောက်ပြီ" သူပြောပြီး သူ့လက်အောက်က ရဲအချို့ကို ခေါ်ကာ တစ်ယောက်ကို အမိန့်ပေးလိုက်သည်။ "ရထားပေါ်က အရင်ဆင်းပြီး ဒီကလေးကို ဆေးရုံခေါ်သွားလိုက်"
ဦးစီးလည်း အိမ်တွင်ကလေးတစ်ယောက်ရှိကာ ဒါကို ကြား၍ သူအမြန်ပြောလိုက်သည်။ "ဒါဆို ကျွန်တော်လည်း လိုက်မယ်"
ကျန်းဒါရိုက်တာ သဘာဝကျစွာ သဘောတူလိုက်သည်။
လူကုန်ကူးသူ ၇ ယောက်ကို ဖမ်းမိကာ ရထားပေါ်တွင်တခြားအဖော်များ ရှိမရှိမသေချာသေး၍ မေးရန် ဟွမ်ခေါင်းဆောင် တစ်ယောက်ကို ခေါ်သွားသည်။
ဒီမှာ အလုပ်ရှုပ်နေသည်ကို မြင်၍ ကျန်းထျန်တို့ အခန်းကို သူတို့ဘာသာပြန်လိုက်သည်။
အခန်းအပြင်က ကော်ရစ်တာတွင် မျက်မှန်နှင့်သက်လတ်ပိုင်း အမျိုးသား တစ်ယောက်က နောက်တံခါးတွင် ထိုင်နေပြီး ကုလျန်ရွှမ် ပြန်လာသည်ကို မြင်၍ ထကာ "အကုန်ရှိတယ်။ ဘယ်သူမှ မဝင်ဘူး "
ကုလျန်ရွှမ် သူ့ကို ကျေးဇူးတင်လိုက်သည်။
ဤဘူတာတွင် ရထားက အကြာကြီး ရပ်ထားပြီး ကောင်းကင်က လင်းလုနီးပါးဖြစ်ကာ အပြင်တွင် မစောင်နိုင်တော့သော ခရီးသည်များရှိနေပြီး ရထားအမြန်ထွက်ရင် လောနေကြသည်။
ကျန်းထျန် သူမအိပ်ရာပေါ်ထိုင်ကာ လှဲပြီး နားရင်ပြင်စဥ် ကုလျန်ရွှမ် ဝင်လာပြီး ထိုင်ချကာ ယုံကြည်မှုရှိစွာပြောလိုက်သည်။ "ကိုယ် မင်းကို စောင့်ကြည့်နေမယ်"
ကျန်းထျန် သူမမှားမှန်းသိ၍ ဘာမှထပ်မပြောရဲတော့ဘဲ ကိုယ်တစ်ဝက်က လျော့ကျပြီး တစ်ဝက်က လိမ်ကာ လှဲချသည်။
တခြားလူကုန်ကူးသူများ၏ နေရာကို ဟွမ်ခေါင်းဆောင် ရှာတွေ့လား မသိသော်လည်း ရထားက စထွက်သည်။ မနက်ဆယ်နာရီဝန်းကျင် ဟွမ်ခေါင်းဆောင် လက်ထဲ ထမင်းပွဲများသယ်၍ လူများခေါ်ကာ ရောက်လာသည်။
"မင်းတို့ အရင်စားနှင့်။ ရထားပေါ်က ဆင်းရင် မြို့ကြီးက ရဲစခန်းသွားရဦးမယ်" ဟွမ်ခေါင်းဆောင်ဆက်ပြောလိုက်သည်။ " အတော်ကြာတဲ့အထိ မှတ်တမ်းတင်တာ ပြီးမှာမဟုတ်ဘူး"
သူတို့ ဘယ်မှာ စားစရာဝယ်ရမည်နည်းဟု ဆွေးနွေးနေစဥ် ဟွမ်ခေါင်းဆောင် အချိန်ကွက်တိလာပို့သည်။ သူတို့သုံးယောက် ကြမ်းပြင်ပေါ် ဆောင်ကြောင့်ထိုင်သူကထိုင် ကုတင်ပေါ်ထိုင်သူက ထိုင်နှင့် စားရင်း စကားပြောနေကြသည်။
"မင်းတို့ မြို့ကြီးမှာ ဘာလုပ်မလို့လဲ?" ဟွမ်ခေါင်းဆောင် ကုလျန်ရုန်နှင့် တစ်ကုတင်ထဲထိုင်ပြီး မေးလိုက်သည်။
ကုလျန်ရွှမ် ပြန်ဖြေလိုက်သည်။ "ကျွန်တော့်ခြေထောက်ဒဏ်ရာ ပြမလို့ပါ"
"မင်းခြေထောက်က ဘယ်လို ဒဏ်ရာရသွားတာလဲ?" ဟွမ်ခေါင်းဆောင် အလွန်သိချင်သည်။
ကုလျန်ရွှမ် ကိုယ်ကိုကြည့်၍ သူ စစ်တပ်မှာ မဟုတ်လျှင်တောင် ရဲစခန်းမှာဖြစ်ဖြစ် စက်ရုံမှာဖြစ်ဖြစ်လုပ်နိုင်သည်။
ကုလျန်ရွှမ် ရိုးရှင်းစွာ ပြောလိုက်သည်။ "ကျွန်တော် စစ်ဆင်ရေးမှာ ဒဏ်ရာရသွားတာပါ"
နားလည်စွာ ဟွမ်ခေါင်းဆောင်ခေါင်းညိတ်၍ စားပြီးနောက် ဟွမ်ခေါင်းဆောင် ထွက်သွားသည်။ ရထား တစ်နာရီကျော်ခန့် သွားပြီးနောက် မြို့ကြီးဘူတာသို့ မွန်းတည့်တွင်ရောက်သည်။
ဟွမ်ခေါင်းဆောင် သူတို့ကို အလျင်တလို အရင်မဆင်းရန် မှာခဲ့ပြီး ဦးစီးလာခေါ်သည်ကို စောင့်ရန် ပြောခဲ့သည်။ စောင့်ရင်း သူတို့ အထုပ်များကို စီထားကာ သူတို့ရောက်သည်နှင့် ပစ္စည်းများဖြင့် တစ်ခါတည်း ဆင်းနိုင်သည်။
ဘူတာအပြင်တွင် ရဲကားနှစ်စီး ရပ်ထားကာ ဟွမ်ခေါင်းဆောင်က လူကုန်ကူးသူများကို ဖမ်းထည့်ရန် သူ့လူများကို ဦးဆောင်နေသည်။ ကျန်းထျန်တို့လာသည်ကို မြင်၍ သူ အမျိုးသားငယ်တစ်ယောက်နှင့် အမြန်ရောက်လာသည်။
"ကုရဲဘော်ရဲဘက်၊ ကျန်းရဲဘော်ရဲဘက်။ ဒါက မြို့ကြီးက ခေါင်းဆောင်ချန်ရှန်းသုံ။ ချန်ခေါင်းဆောင်က လူကုန်ကူးသူကိစ္စ နောက်ဆက်တွဲကို တာဝန်ယူမှာပါ"
ကျန်းထျန် ဟွမ်ခေါင်းဆောင်လက်ပြရာ လိုက်ကြည့်ရာ ချန်ရှန်းသုံက အရပ်ရှည်ပြီး မျက်ခုံးထူထူ မျက်လုံးကြီးကြီးနှင့်ဖြစ်ကာ အလွန်သမားရိုးကျ ဖြစ်ပုံပေါ်သော်လည်း ချန်ခေါင်းဆောင်က သူမဘေးကို ငေးကြည့်နေရာ မျက်လုံးများက တောက်ပနေပြီး လက်မြောက်၍ ခေါင်းပုတ်ကာ ချက်ချင်းအော်လိုက်သည်။ " လျန်ရွှမ်! ကုလျန်ရွှမ်!"
ကုလျန်ရွှမ် ခဏတောင့်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်" သူဖြည်းဖြည်းချင်းမေးလိုက်သည်။ "ကျွန်တော်တို့ သိကြလို့လား?"
ချန်ရှန်းသုံ ခေါင်းညိတ်ကာ "ဟုတ်တယ် ငါက စစ်တပ်မှာတာဝန်ထမ်းဆောင်ဖူးတယ်။ မင်းမေ့သွားတာ။ ငါ၊ချန်ရှန်းသုံက ကပ်ရက် တပ်စခန်းက"
ကုလျန်ရွှမ် ချန်ရှန်းသုံမျက်နှာကို ကြည့်၍ ဒီလိုလူရှိလားဟု ခဏစဥ်းစားကြည့်လိုက်သည်။ "ချန်ရှန်းသုံ၊ ချန်တပ်မှူး?"
ကုလျန်ရွှမ် သူ့ကို သတိရသွားသည်ကို မြင်၍ ချန်ရှန်းသုံပြုံးကာ ရှေ့လာပြီး ကုလျန်ရွှမ်ပုခုံးကို ထိုးကာ "ငါ အလုပ်ပြောင်းတာ နှစ်နှစ်ပဲရှိသေးတယ်။ မင်း ငါ့အကြောင်းမေ့သွားပြီလား? ကုတပ်မှူး!"
ကုလျန်ရွှမ််လည်း ရယ်ကာ "ငါမြင်တာတော့ တော်တော်ကြာလောက်ပြီ"
သူနှင့်ချန်ရှန်းသုံ အပတ်စဥ်မတူ၍ သူတို့ အတူတူလေ့ကျင့်ရလေ့ သိပ်မရှိ။ နှစ်စဥ်စစ်ရေးပြိုင်ပွဲတွင်သာ တစ်ယောက်နှင့် တစ်ယောက်တွေ့နိုင်သည်။ နောက် ချန်ရှန်းသုံက အလုပ်ပြောင်းကာ သူက ဒဏ်ရာရပြီး အနားယူရကာ မိသားစုကိစ္စများက တစ်ခုပြီး တစ်ခုဖြစ်၍ စစ်တပ်က ရဲဘော်ရဲဘက်ကောင်းများနှင့် အဆက်အသွယ်က ရှားသွားသည်။
" ဟုတ်ပါတယ်" ချန်ရှန်းသုံခေါင်းကုတ်ကာ နောက် ကုလျန်ရွှမ်ဘေးက လူနှစ်ယောက်ကို ကြည့်ပြီး မေးလိုက်သည်။ "ဒါက?"
ကုလျန်ရွှမ် မိတ်ဆက်ပေးလိုက်သည်။ " ဒါက ငါ့ဇနီး၊ ကျန်းထျန်။ ဒါကတော့ ငါ့တတိယညီ၊ ကုလျန်ရုန်"
ချန်ရှန်းသုံ ကျန်းထျန်ကို ကြည့်ကာ "ဒါက လူကုန်ကူးသူတွေကို သတ္တိရှိရှိဖမ်းခဲ့တဲ့ ရဲဘော်ရဲဘက်ကျန်းထျန်လား?"
ကျန်းထျန် - ....
သူတို့အချင်းချင်းသိကြသည်ကို ဟွမ်ခေါင်းဆောင်မြင်၍ သူ ဆက်မနေတော့ဘဲ ရဲစခန်းသို့ ရဲကားနှင့်လိုက်သွားလိုက်သည်။
ချန်ရှန်းသုံ ကုလျန်ရွှမ်နှင့် စကားပြောပြီးနောက် သူတို့ကို နောက်က ထွန်စက်သို့ခေါ်သွားသည်။
ကျန်းထျန် - သူမတွေးမိသည်ကို ခွင့်လွှတ်ပါ။ ဒီထွန်စက်အသေးလေးက ရဲကားနှစ်စီးနှင့် ယှဥ်လျှင် တကယ်မှေးမှိန်သွားသည်။
ဒီထွန်စက်က အနောက်တွင် သစ်သားပြားတစ်ခုသာပါပြီး ဘေးတွင် ဘာမှမရှိကာ အလွန်ရိုးရှင်းသည်။ စမောင်းသောအခါ မွန်းတည့် လေပူပူက ဖုန်များနှင့် မျက်နှာကို ရိုက်သဖြင့် မျက်လုံးဖွင့်ရသည်က တကယ်ခက်သည်။
ကုလျန်ရွှမ်က သူမဘေးတွင် ရှိ၍ ကျန်းထျန်လည်း ကျုံ့ကာ သူ့ရင်ဘက်ရှေ့ပုန်းပြီး သူ့လက်များကို သူမမျက်နှာရှေ့ထားလိုက်မှ လေက ပိုကောင်းသွားသည်ဟု သူမခံစားရသည်။
ကျန်းထျန် ပိုကောင်းသွားသော်လည်း ကုလျန်ရွှမ်ကဆိုးရွားနေသည်။ ကျန်းထျန်ခေါင်းက သူ့လက်ထဲ နေကာ ခဏခဏလည်း လှုပ်နေသေး၍ ကုလျန်ရွှမ်ကိုယ်တောင့်နေကာ နှလုံးကလည်း အလွန်ရင်တုန်စွာ ခုန်နေသည်။ ဤအချိန် ကျန်းထျန် သူ့နှလုံးနားကပ်၍ နားထောင်ပြီး ကြားသွားပါက......
ကြားမိမည်ကို တွေးမိပြီး ကုလျန်ရွှမ် ပိုရင်တုန်လာကာ နှလုံးလည်း ပိုခုန်လာသည်။ လေက ထွန်စက်ကိုတိုက်နေကာ သူ့နှဖူးတွင် ချွေးများးထွက်လာသည်။
ဒါကို မြင်၍ ကုလျန်ရုန် အော်ရယ်မိတော့မတတ်ဖြစ်သွားသည်။ သူ လှည့်ကြည့်လိုက်ရာတွင် ဒါကို မြင်၍ သူ ကန်းသွားပြီးလားဟု တွေးမိသည်။ လေတိုက်နေသော်လည်း ဘာလို့ အကိုကြီးမျက်နှာတွင် ချွေးများရှိနေရသနည်း?
အစ်ကိုနှင့် မရီး၏ `ဖက်´ထားသည့်ပုံစံကို ကြည့်၍ သူ နားလည်သွားသည်။ သူ့အကိုကြီး ရှက်နေတာများလား?
လေပူက တောက်လျှောက် ဖုန်များသယ်လာသည်။ မြို့ကြီးရဲစခန်းဂိတ်သို့ ရောက်သောအခါ ကျန်းထျန် ထွန်စက်မှခုန်ဆင်းလိုက်ပြီး ကုလျန်ရွှမ် ဆင်းသည်ကို ကူရန် ပြန်လှည့်လိုက်သည်။ သူ့လည်ပင်းတွင် ချွေးများဖုံးနေသည်ကို မြင်၍ သူမ စိုးရိမ်စွာမေးလိုက်သည်။ "ပူရင် ရှင့်ကုတ်အင်္ကျီကို ချွတ်ထားပါလား?"
ကုလျန်ရွှမ် - "မလိုဘူး။ ဒီကုတ်အင်္ကျီက ဖုန်ကာတယ်" သူသာ ချွတ်လိုက်လျှင် ကုတ်အင်္ကျီအထဲက ချွေးစိုရွှဲနေသောဆွယ်တာကို မြင်လိမ့်မည်။
ချန်ရှန်းသုံ ထွန်စက်ကို တံခါးတွင် ရပ်ကာ ပြန်လျှောက်လာသည်။ "လျန်ရွှမ်။ အထဲကို ငါနဲ့ မှတ်တမ်းအရင်သွားတင်ကြမယ်။ ပြီးရင် ငါတို့ သွားစားလို့ရပြီ "
မနေ့ညက မြို့ကြီးရဲစခန်းက သတင်းရ၍ ညတွင်းချင်း ဝန်ထမ်းများကို ခေါ်ပြီး ဖိုင်များ စီနေရကာ ဒီနေ့ ဘူတာတွင် လူခေါ်ရန် အလျင်လိုနေ၍ နေ့လည်စာမစားရသေး။
ကုလျန်ရွှမ် - "စားဖို့မလိုဘူး။ ငါတို့ မှတ်တမ်းတင်ပြီးရင် မမှောင်ခင် တည်းခိုခန်းသွားရမယ်"
ချန်ရှန်းသုံ ခေါင်းးညိတ်လိုက်သည်။ "အဆင်ပြေတယ်။ ငါ မင်းတို့ကို အဲ့ကို ပို့ပေးမယ်။ မင်းတို့ မြို့ကြီးမှာ ဘယ်နှရက်လောက်နေမလဲ?"
ကုလျန်ရွှမ် ပြောလိုက်သည်။ "၃ ၄ရက်လောက်။ မနက်ဖြန် မြို့ကြီးက ဆေးရုံမှာ ဒဏ်ရာသွားပြမယ်။ သဘက်ခါ ဆေးယူဖို့စောင့်ပြီး ဆေးရရင် အိမ်ပြန်မှာ"
ချန်ရှန်းသုံ ခဏတွေးကာ ပြောလိုက်သည်။ "ဒါဆို သဘက်ခါ တွေ့ကြမယ်။ ငါ သဘက်ခါ ခွင့်ယူလိုက်မယ်။ အစိုးရပိုင်ဆေးရုံမှာ သွားစားးကြမယ်"
ကုလျန်ရွှမ် ငြင်းတော့မည်ကို မြင်၍ ချန်ရှန်းသုံ အမြန်ပြောလိုက်သည်။ "ငါတို့က ရဲဘော်ရဲဘက်တွေပဲ။ မင်းက မြို့ကြီးလာကာ ငါ အရင်က မသိပေမယ့် အခုသိတော့ ငါ မင်းကို တစ်ယောက်တည်း လွှတ်မထားနိုင်ဘူး"
ဒါကို ကြား၍ ကုလျန်ရွှမ်လည်း ထပ်မငြင်းတော့ပေ။ "မင်း အလုပ်မနှောင့်နှေးရင် အဆင်ပြေပါတယ်"
ရဲစခန်းထဲ ဝင်ပြီးနောက် ချန်ရှန်းသုံ ကျန်းထျန်နှင့် ကုလျန်ရုန်တို့ မှတ်တမ်းတင်ရန် တစ်ယောက်ကို ခေါ်သွားခိုင်းလိုက်ပြီး ကုလျန်ရွှမ်ကို ရုံခန်း ခေါ်သွားကာ ရေတစ်ခွက် ထည့်ပေးလိုက်သည်။" ငါ သွားကြည့်လိုက်ဦးမယ်။ မင်းအရင်နားနှင့်။ ငါပြီးရင် ပြန်လာခဲ့မယ်"
ကုလျန်ရွှမ် လက်ဝေ့ရမ်းကာ "ငါ့ကို မစိုးရိမ်နဲ့။ ကိစ္စက ပိုအရေးကြီးတယ်"
ကျန်းထျန်နှင့် ကုလျန်ရုန် တစ်ယောက်ပြီးတစ်ယောက် မှတ်တမ်းတင်ပြီးနောက် သူတို့ကို ချန်ရှန်းသုံရုံးခန်းသို့ ခေါ်လာကာ လက်ဖက်ရည်ချပေးသည်။ နောက် ချန်ရှန်းသုံ အလျင်တလိုရောက်လာကာ အခန်းထဲမှ ပစ္စည်းများကို ယူပြီး သူတို့ သုံးယောက်ကို အမြန်ပြောသည်။ "လူကုန်ကူးသူတွေက ဝန်ခံတယ်။ သူတို့အဖော်တွေကို ငါအမြန်သွားဖမ်းရမယ်"
"လျန်ရွှမ်။ ငါ မင်းတို့ကို တည်းခိုခန်းခေါ်သွားပေးဖို့ ရှောင်းကျန်ကို ပြောလိုက်မယ်။ ငါ သဘက်ခါ ပြန်လာမှာ။ ငါတို့ သွားစားဖို့မမေ့နဲ့"
ကုလျန်ရွှမ် မတ်တပ်ရပ်ကာ "မင်းက အလုပ်များနေတာ။ ငါတို့ဘာသာသွားလို့ရတယ်။ စားဖို့ အလျင်လိုစရာမလိုဘူး။ တာဝန်က အရေးအကြီးဆုံး"
ချန်ရှန်းသုံ ခေါင်းညိတ်ကာ အမြန်ပြေးထွက်သွားသည်။
ကုလျန်ရုန် ပြတင်းပေါက်ကို ပြေးကြည့်ရာ ခြံထဲ ရဲအများအပြား သေနတ်ကိုင်ကာ ရဲစခန်းမှ ထွက်သွားကြသည်ကို မြင်သည်။