အခန်း(၅၂)
Vol. 5 Ch. 52
ချန်ရှန်းသုံ ရုံးခန်းတွင် ခဏနားပြီးနောက် ရှောင်းကျန်းက ပေါက်စီတစ်အိုးနှင့် ရောက်လာကာ နောက်တွင် ဟွမ်ခေါင်းဆောင်ပါလာသည်။
ရှောင်းကျန်က အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ယောက်ဖြစ်ပြီး ဆံပင်ကဖြောင့်ကာ လူတွေ့လျှင် ပြုံးပြသည်။ "ကုအစ်ကို၊ မရီး၊ ကုညီလေး၊ အစ်ကိုတို့ နေ့လည်က သိပ်မစားရသေးဘူးလို့ ချန်ခေါင်းဆောင်က ခန့်မှန်းပြောပါတယ်။ ဆာနေမှာပဲဆိုပြီး ကျွန်တော့်ကို ဆိုင်မှာ ပေါက်စီတစ်အိုး သွားဝယ်ခိုင်းပါတယ်။ ကျွန်တော်တို့ ရဲစခန်းစားသောက်ဆိုင်က စားဖိုမှူးတွေက ပေါက်စီလုပ်တာတော်ပါတယ် "
ဟွမ်ခေါင်းဆောင်လည်း ပြောလိုက်သည်။ " မြို့ကြီးကို ရောက်လာပြီဆိုတော့ ရောက်တုန်းကောင်းတာတွေ စားရမယ်"
ကျန်းထျန်တို့ တည်းခိုခန်းအရင်သွားပြီးနောက်မှ အစိုးရပိုင်စားသောက်ဆိုင်သို့ ကုလျန်ရုန်ကို ပေါက်စီသွားဝယ်ခိုင်းမည်တွေးထားသည်။ အခု ငွေကုန် အချိန်ကုန်သက်သာရုံသာမက စားပြီးလျှင် ဗိုက်ဆာလောင်မည်ကို စိုးရိမ်စရာမလိုတော့ပေ။
ရှောင်းကျန် အပြင်က စားပွဲတစ်ခုကို မပြီး ဝင်လာသည်။ စားပွဲကို ဝိုင်းထိုင်ကြပြီး စားရင်း စကားပြောကြသည်။
ဟွမ်ခေါင်းဆောင် ပေါက်စီကို နှစ်လုတ်သုံးလုတ်ဖြင့်စားပြီးနောက် ပြောသည်။ " မြို့က လုပ်ဖော်ကိုင်ဖက်က ဖုန်းခေါ်တယ်။ ကလေးကို ဆေးရုံပို့ပြီးတော့ ကလေးက အဖျားကျသွားရင်တောင် အဆုတ်ရောင်နိုင်တယ်လို့ ဆရာဝန်က ပြောတယ်။ ဒီမနက် အဖျားကျပေမယ့် စောင့်ကြည့်ဖို့လိုသေးတယ်ပြောတယ် "
ရှောင်းကျန် ပြောလိုက်သည်။ "မြို့ကြီးက ကလေးမိဘတွေကို ရှာနေပါတယ်"
ဟွမ်ခေါင်းဆောင် ခေါင်းညိတ်လိုက်သည်။ "မြို့ရဲစခန်းကလည်း ပူးပေါင်းပေးမယ်"
ကုလျန်ရုန်က ပေါက်စီများကို တိတ်ဆိတ်စွာစားနေပြီး ကုလျန်ရွှမ်ကတော့ သူ့နာမည်ကို ခေါ်မှသာပြောသည်။ သို့သော် ကျန်းထျန် တစ်ချိန်လုံး သူမရင်ထဲ သံသယတစ်ခုရှိနေ၍ မေးလိုက်သည်။ "ဒါဆို အဲ့လူကုန်ကူးတဲ့သူတွေက မြို့ကြီးတစ်ပတ် မကြာခဏ သွားလေ့ရှိလား?"
ရှောင်းကျန် ခေါင််းညိတ်လိုက်သည်။ "ဟုတ်တယ်။ ဒီနှစ်တွေမှာ မြို့ကြီးမှာ လူကုန်ကူးတဲ့အမှု တစ်ဒါဇင်ကျော်လောက် ရှိပါပြီ"
" ဒါပေမယ့် အဲ့လူကုန်ကူးသူတွေက ပုန်းနေကျ။ သူတို့ မကြာခဏ နေရာပြောင်းနေကျ။ သဲလွန်စလုံးဝ ရှာမရဘူး" ဟွမ်ခေါင်းဆောင် ခေါင်းခါကာ "ပြီးတော့ လူကုန်ကူးသူတွေဆီမှာ ပစ်မှတ်ကို အမြန်မေ့လဲစေတဲ့ဆေးရှိတယ်။ ဆေးနဲ့ နှာခေါင်းကို အုပ်လိုက်ရင် အော်ခေါ်ပြီး ရုန်းချင်ရင်တောင် မကြာခင် သတိမေ့သွားလိမ့်မယ်"
ကုလျန်ရွှမ် ကျန်းထျန်လက်ကောက်ဝတ်ကို အားနှင့်ညစ်လိုက်သည်။ ကံကောင်းစွာ ဒီလူကုန်ကူးသူများက ယာယီလုပ်သည်ဖြစ်လောက်၍ သူတို့လက်ထဲက ဆေးက သုံးပြီးလောက်၍ ဖြစ်မည်။ မဟုတ်လျှင် ကျန်းထျန်ဘယ်လောက်သန်မာသည်ဖြစ်စေ အသုံးမဝင်ပေ။
ကျန်းထျန် ပိုသိချင်သွားသည်။ "ရထားလက်မှတ်ဝယ်တာ တည်းခိုခန်းမှာနေဖို့အတွက်က ထောက်ခံစာ မလိုဘူးလား?"
အခုခေတ်တွင် ဘယ်သွားသွား ထောက်ခံစာလိုသည်။ ထောက်ခံစာတွင် ထိုလူ၏နေရပ်လိပ်စာ ဘယ်သွားမည် ဘယ်လောက်နေမည်ပါသည်။
QR code၊ ကျောင်းသားကတ်ကဲ့သို့ဖြစ်ကာ ဒီနေရာတွင် ရထားလက်မှတ်က အချိန်လွန်သွားလျှင် သုံးမရတော့။ လက်မှတ်ဝယ်ရန် ထောက်ခံစာယူလာမှ လက်မှတ်ဝယ်နိုင်သည်။
ထောက်ခံစာကို လွယ်လွယ်ထုတ်မပေးကာ အကြောင်းပြချက်မရှိလျှင် ရွာကအဖွဲ့ဖြစ်စေ မြို့ကရုံးဖြစ်စေ လွယ်လွယ်ထောက်ခံစာထုတ်မပေး။
ထို့ကြောင့် အခုချိန်ခရီးသွားရသည်က တကယ်ခက်ခဲသည်။ ရထားပေါ်တွင်လည်း လူများများစားစားမတွေ့ရ။
ဟွမ်ခေါင်းဆောင်နှင့် ရှောင်းကျန် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရှောင်းကျန် ခေါင်းအသာညိတ်ပြီး ပြောလိုက်သည်။ "ဒီအကြောင်း မပြောနိုင်စရာတော့ မရှိပါဘူး။ ထောက်ခံစာတစ်စောင်ကတော့ သေချာပေါက်လိုပါတယ်။ လူကုန်ကူးသူတွေဆီမှာ ထောက်ခံစာတစ်ပုံကြီး ရှိပါတယ်။ အကုန်လုံးက တရားဝင်ပြီးတော့ တံဆိပ်တုံးတွေလည်းပါပါတယ်"
ကုလျန်ရုန်၏ ပေါက်စီစားသည့်နှုန်းက နှေးသွားကာ ရှောင်ကျန်းကို ငေးကြည့်လိုက်သည်။
ရှောင်းကျန် သူကိုက်နေသောပေါက်စီကို ဝါးစားပြီးနောက် ရေပူတစ်ခွက်ထည့်ကာ ဖြည်းဖြည်းချင်း ခက်ခဲစွာ ပြောသည်။ "ဘာလို့လဲဆိုတော့ တောင်ထိပ်က တစ်ရွာလုံးက အဲ့လိုအလုပ်လုပ်ကြတာ။ ကလေးမရှိတဲ့လူတွေက ကလေးခိုး။ မိန်းမ မရှိတဲ့လူတွေက မိန်းမခိုးတယ်"
ထိုတောင်ကြီးများက အလွန်နက်နဲသောတောင်များဖြစ်ပြီး တောကြီးများလည်း ရှိ၍ ခြေထောက်သုံး၍သာ အဝင်အထွက်လုပ်နိုင်သည်။ လမ်းကျဥ်းပေါ် ခြေချသည်နှင့် ဘယ်ညာက ချောက်များဖြစ်သည်။
လူကုန်ကူးခံရသူ ဝင်သွားသည်နှင့် သူ့ကျန်သက်တမ်းတစ်လျှောက်လုံး ထွက်မလာနိုင်တော့။ သူတို့ကံကိုသာ လက်ခံ၍ နာခံသည့်သူများက တစ်သက်လုံး ကျွန်ဖြစ်သည် သို့မဟုတ် အရိုက်ခံရပြီး လက်ခံကြရသည် သို့မဟုတ် သေသည်အထိအရိုက်ခံရသည်။ ဒီလိုတစ်ခြားသူများ၏ ပါးစပ်မှ အတိုချုပ်ထွက်လာသည်က နစ်နာသူများ၏ ကံဆိုးမှုဖြစ်သည်။
ကျန်းထျန် ကျောတွင် ချွေးအေးများ ချက်ချင်းထွက်လာကာ ကြောင်သွားသည်။ ထိုလူကုန်ကူးသူများ သူမကိုကြည့်ပုံကို သူမပြန်တွေးကြည့်ရာ သူတို့အိတ်ကပ်ထဲကို ကြည့်သည့်အတိုင်း သူတို့ မပိုင်ဆိုင်သည့်ပစ္စည်းကောင်းကို တခြားသူများထံမှ လုယူနိုင်ခြင်းအတွက် ဂုဏ်ယူမှုနှင့် ကျေနပ်မှုမျိုးဖြစ်သည်။
အဲ့အချိန်က သူမ ရောထွေးနေကာ ထိုလူကုန်ကူးသူများက ကလေးများ အမျိုးသမီးများကို ဝယ်ရောင်းသည်ထက် အိမ်နီးနားချင်းများ သူတို့ကို လူကုန်ကူးသူများဟု ထင်မည်ကို မကြောက်ဘဲ အိမ်သို့ တစ်ခါတည်းခေါ်သွားရန် တွေးထားသည်ကို နားမလည်ခဲ့ပေ။
သို့သော် အခု သူမ ကြားမှ ထိုလူများသာလူကုန်ကူးသူမဟုတ်။ အိမ်နီးချင်းများ ရွာသားများကလည်း လူကုန်ကူးသူများဖြစ်သည်။ လူကုန်ကူးခံရသည့်ကလေးများ အမျိုးသမီးများသာ ထိုတောင်သို့ ရောက်သွားလျှင် သူတို့ ပတ်လည်က လူတိုင်း လူကုန်ကူးသူများဟု တွေ့သွားမည်မလား?
ကျန်းထျန် ကြက်သီးထကာ အကယ်၍ သူမမှာ အားမရှိ အရင်ဘဝက ကိုယ်ခံပညာများ နေရာလွတ်က ပစ္စည်းများမရှိပါက ထိုသို့ လူသွေးသောက်ပြီး လူအသားစားသော မကောင်းဆိုးရွားများရှိသည့် ငရဲရွာကို ရောက်သွားပါက သူမ ဘယ်နေရာကိုမှ အကူအညီမတောင်းနိုင်တော့.......အလွန်ဆိုးရွားလွန်းသည်။
ကျန်းထျန် မျက်လုံးထဲ အကြောက်တရားကို ကုလျန်ရွှမ် သတိထားမိ၍ သူ့လက်မြှောက်ကာ သူမပုခုံးကို အားပေးသည့်အနေနှင့် ပုတ်ပေးလိုက်သည်။ " အဆင်ပြေသွားပါပြီ။ ချန်ခေါင်းဆောင်တို့ လူကယ်ဖို့ ထွက်သွားပြီ"
ဟွမ်ခေါင်းဆောင် နှုတ်ခမ်းတွန့်သွားပြီး ပြောလိုက်သည်။ "အဲ့လူကုန်ကူးသူ ဝန်ခံတုန်းက သူတို့တစ်ရွာလုံး လူကုန်ကူးတယ်ပြောတယ်။ သူ မလုပ်ရင် ကလေးရဖို့ ဇနီးမရှိဘူး သူ မလုပ်ရင် သူ့ကို ဂရုစိုက်ပေးဖို့ သားမရှိဘူးပြောတယ်။ ရဲတွေကို ပြန်မေးလိုက်သေးတယ်။ သူတို့လုပ်တာ ဘာမှားလို့လဲ? ဇနီးတစ်ယောက် ရွာခေါ်ရုံပဲမလား ဇနီးမရှိလို့ သူတို့ မျိုးတုန်းသွားရင် ဘယ်သူတာဝန်ယူမှာလဲ?လို့ ပြောသေးတယ်"
ဒီလိုသူတို့မှန်သည့်သဘောထားနှင့် လမ်းပေါ်က သူစိမ်းမိန်းကလေးကို ဇနီးဖြစ်ဖို့ ဖမ်းလာသည်ကို မှားသည်ဟု လုံးဝမထင်။
ရှောင်ကျန်း ဒေါသထွက်စွာ ပြောလိုက်သည်။ "သူတို့ ဘာမှားတာမှမလုပ်ဘူးတဲ့။ သူတို့ လုပ်တာ ဘယ်လောက် ကောက်ကျစ်ပြီး လူမဆန်ဘူးဆိုတာမသိရင် ဘာလို့ ခိုးကြောင်ခိုးဝှက်လုပ်နေသေးလဲ? သူတို့ ရဲတွေကို မြင်၍ ပြေးသူကပြေး ပုန်းသူကပြေးလုပ်ကြတာမလား? "
"အဲ့အဘွားအိုက မျက်ရည်တွေသုတ်ပြီး ငိုပြီးပြောတယ်။ သူတို့မိသားစုက အဆင်မပြေကြောင်း စားစရာသောက်စရာမတတ်နိုင်ကြောင်း သူမသားတွေကို အိမ်ထောင်ချပေးဖို့ မတတ်နိုင်ကြောင်း။ သူတို့တစ်ဖက်က ရွာကလည်း ဆင်းရဲပြီး ချောင်ကျလို့ ဘယ်မိန်းကလေးမှ လက်မထပ်ချင်ဘူး။ သူတို့ ဘယ်လောက်ပြောပြော သူတို့အပြုအမူဆိုးရွားတာကို မပြောင်းဘူး"
"ပိုက်ဆံမရှိတာက ဟုတ်ပါပြီ။ သူတို့ ပိုက်ဆံမရှိတာနဲ့ လမ်းပေါ်က ရိုးသားတဲ့ မိန်းကလေးတွေနဲ့ ဘာဆိုင်လို့လဲ? သူတို့က ရိုးသားတာကို သူတို့လိုမကောင်းဆိုးရွားတွေက ဖမ်းသွားစရာလား? ဒါက မကောင်းတဲ့သူတို့ကို ပြောင်းလဲစေနိုင်မလား? "
သူမှန်သည်ကို အခိုင်အမာ ပြောနေသော အမျိုးသားတစ်ယောက်လည်း ရှိသည်။ သူက သူတို့ ဆင်းရဲ၍ လမ်းပေါ်တွင်လည်း မိန်းကလေး အများကြီးရှိ၍ အဖွဲ့အစည်းက သူတို့ကို ဇနီး ရှာမပေးလျှင် သူတို့ဘာသာ ယူလို့ရနိုင်သည်မလားဟု ပြောသည်အထိ မျက်နှာအလွန်ပြောင်သည်။
သူတို့လုပ်သည်က တရားမဝင်သည်ကို သိသည့် အရှက်မရှိလူများလည်းရှိသည်။ အဘိုးအိုက ပြောခဲ့သည်။ "ကောင်းပြီ။ ကျွန်တော်တို့ရွာမှာ ဒါမျိုးလုပ်တဲ့ အနည်းဆုံး လူတစ်ရာလောက်ရှိတယ်။ ကျွန်တော့်လို လူအိုတွေအပြင် လူတွေကို လှည့်စားရာမှာ ကူညီတတ်တဲ့ဆယ်နှစ်အရွယ် ကလေးတွေ လည်းရှိတယ်"
သို့သော် သူပြောသကဲ့သို့ အနီးအနားရွာများက ချောင်ကျကာ တောင်ထဲနက်နေပြီး အတွင်းအပြင်ထွက်ရန် တောင်ပေါ်က လမ်းကျဥ်းတစ်ခုသာရှိ၍ အပြင်ကမ္ဘာနှင့် အဆက်အစပ်သိပ်မရှိပေ။
ရဲများ ဝင်ရန် ခက်ခဲသော်လည်း အထဲတွင် ရွာသားများ ရာချီရှိသည်။ သူတို့ တိုက်လျှင် ရွာသားတစ်ယောက်ချင်းစီ ပေါက်ပြားတစ်ခုကိုင်လျှင်တောင် ဝင်လာသော သေနတ်ကိုင်ထားသည့်ရဲများကို မနိုင်လောက်။
လူကုန်ကူးသူများနေရာကို အမြန်ရှာတွေ့နိုင်သော်လည်း နစ်နာသူများကို ကယ်တင်သည်က ဦးစားပေးဖြစ်သည်။
စကားနည်းနည်းထပ်ပြောပြီးနောက် နောက်ကျနေသည်ကို မြင်၍ ကုလျန်ရွှမ် ဟွမ်ခေါင်းဆောင်ကို နှုတ်ဆက်လိုက်သည်။ ရှောင်ကျန်းကို ချန်ရှန်းသုံက ကုလျန်ရွှမ်တို့ကို တည်းခိုခန်းပို့ပေးရန် မှာခဲ့သည်။
အခန်းနှစ်ခန်း ငှားထားကာ သုံးညစာအရင်ပေးထားပြီး စုစုပေါင်း ၂ယွမ်နှင့် ၄၀ဆင့်ကုန်ကျသည်။
ရှောင်ကျန်း သူတို့ကို အခန်းတံခါးထိလိုက်ပို့ပြီး မပြန်ခင် ရေပူခပ်ပေးခဲ့သည်။
ကုလျန်ရုန် ပစ္စည်းများကို ချထားပေးပြီး သူ့အခန်းပြန်ရန် ပြင်လိုက်စဥ် ကုလျန်ရွှမ် သူ့ကို တားလိုက်သည်။ " တတိယညီ။ ညကျ ကောင်းကောင်းအိပ်။ မနက်အစောထစရာမလိုဘူး။ အကိုတို့ နေ့လည်မှ ဆေးရုံသွားမယ်"
ကုလျန်ရုန် ခေါင်းညိတ်ကာ အနည်းငယ် စိတ်ဓါတ်ကျနေသည်။ "ကျွန်တော် သိပါပြီ"
ကုလျန်ရွှမ် သူ့ပုခုံးကို ပုတ်ကာ "အများကြီး မတွေးနဲ့"
တတိယကလေးက သူ့အမှားကို အစက ရိုးသားစွာ ဝန်ခံသော်လည်း ဖြစ်နိုင်သည့်ဘအကျိုးရလာဒ်များကို နားမလည်သေးပေ။ ရဲစခန်းရောက်မှ ရှောင်ကျန်းနှင့် ဟွမ်ခေါင်းဆောင်ပြောမှ ထိုလူကုန်ကူးသူများအောင်မြင်သွားပါက ကျန်းထျန် ဘယ်လောက်ထိ ဆိုးရွားစွာ ဒုက္ခရောက်မည်ကို သိသွားသည်။ သူအခု ကြောင်နေသည်ကလည်း မထူးဆန်းချေ။
ကုလျန်ရုန် သူ့မျက်နှာကို သုတ်ကာ ထိုင်ခုံပေါ် အိပ်ချင်နေပြီး ခေါင်းငုံ့ပြနေသော ကျန်းထျန်ကို တချက်ကြည့်ပြီး အပြစ်ရှိသလို ခံစားရသည်။ "ကျွန်တော် နားလည်ပါပြီ။ အကို"
ဘယ်သူမှ ဒီလိုဖြစ်မည်ဟု မထင်မှတ်ထားပါ။ သို့သော် အပြင်ထွက်သောအခါ ပိုဂရုစိုက်လျှင် ဒီလိုမတော်တဆမှုမျိုး မဖြစ်။ အဲ့အချိန် လူကုန်ကူးသူနှစ်ယောက်ချဥ်းကပ်လာသည်ကို သူတို့ တိုက်ရိုက်ငြင်းလျှင်တောင် အများဆုံး သူတို့ကို မကူညီတတ်ဟုသာ အပြောခံရမည်ဖြစ်သည်။
ကုလျန်ရုန် ထွက်သွားပြီးနောက် ကျန်းထျန် အလွန်သန်းဝေနေသော်လည်း အိပ်၍မဖြစ်သေး။ သူမမျက်လုံးများကို ပွတ်ကာ "ကုလျန်ရွှမ်။ ကျွန်မတို့ ဒီလာတုန်းက ရေကန်အကြီးကြီးကို တွေ့လိုက်တယ်။ ကျွန်မဆံပင်တွေက ထွန်စက်ပေါ်မှာတုန်းက ဖုန်တွေကပ်လာတာ။ ကျွန်မ အိပ်ရာမဝင်ခင် လျှော်ချင်တယ်"
ကုလျန်ရွှမ် သူ့ဂျိုင်းထောက်ကို ယူကာ "ကိုယ် မင်းကို အဖော်လုပ်ပေးမယ်"
ကျန်းထျန်လည်း ဤကဲ့သို့ ဆိုလိုချင်သည်ဖြစ်သည်။ သူမတစ်ယောက်တည်း သွားနိုင်သော်လည်း မနေ့က ဖြစ်ပျက်ခဲ့ပြီးနောက် သူမ ကုလျန်ရွှမ်ကို ထပ်မဆွသင့်။
ရေပူတစ်အိုးကို သယ်ကာ ကျန်းထျန်နှင့် ကုလျန်ရွှမ် ရေအခန်းသို့ သွားကြသည်။ ရေအခန်းတွင် ရေပိုက်ခန်းများ တန်းစီပြီး အများကြီးရှိကာ ဖွင့်လျှင် ရေသန့်ကို အသုံးပြုနိုင်သည်။
ဆံပင်ကို ရေစွတ်ကာ ဆပ်ပြာနှင့် ဆံပင်ကို ပွတ်ပြီး ဆေးချပြီး ပုဝါဖြင့်ပတ်ထားကာ လည်ပင်းနှင့် လက်များကို သုတ်လိုက်သည်။ အခန်းထဲပြန်မနားခင် ကုလျန်ရွှမ်ကို ကျန်သည့်ရေဖြင့် ကိုယ်လက်သန့်စင်စေလိုက်သည်။
ရထားပေါ်နှင့် ထွန်စက်ပေါ်တွင် ခုန်နေသည်များနှင့် စိတ်လှုပ်ရှားစရာနေ့ဖြစ်ကာ ကျန်းထျန် မောပန်းနေပြီး အိပ်ရာခင်းများ ခြောက်မခြောက် ဂရုမစိုက်နိုင်ဘဲ အိပ်ရာပေါ် ရောက်သည်နှင့် တခါတည်း အိပ်ပျော်သွားသည်။
သူ ကျန်းထျန်နှင့် တစ်အိပ်ရာတည်း အိပ်နိုင်ပါ့မလားဟု ကုလျန်ရွှမ်က တွေးနေတုန်းဖြစ်သည်.... ကျန်းထျန်က လုပ်ရဲသည်ကို သူသိသည်။
ကုလျန်ရွှမ် အိပ်ရာတစ်ဖက်စွန်းတွင် ထိုင်ကာ နံရံကို မှီပြီး ဒီညတစ်ရေးအိပ်ရန် တွေးထားသည်။ ကျန်းထျန် အိပ်ရာပေါ်မှ လှိမ့်ပြီး ပြုတ်ကျသည်ကိုလည်း တားရန်ဖြစ်သည်။ တကယ်က သူအခု အိပ်မပျော်နိုင်။
ရဲစခန်း၌ ဟွမ်ခေါင်းဆောင်နှင့် ရှောင်ကျန်း ပြောသည်ကို ကြားပြီး သူ ကျန်းထျန်ထက် ပိုကြောက်သည်။ ပြန်လာသောအခါ အကုန်မေ့သွားသော ကျန်းထျန်စိတ်ထားကဲ့သို့ သူ စိတ်မထားနိုင်ပါ။
နံရံကို မှီပြီး နောက်တစ်နေ့မနက်ရောက်သည်အထိ သူ မှေးနေကာ နောက်အခန်းက အသံကြားမှ ကုလျန်ရွှမ် မျက်လုံးဖွင့်ပြီး ကျန်းထျန်ကို ကြည့်လိုက်ရာ သူမ အိပ်ရာဝင်စဥ်က အနေအထားအတိုင်း အိပ်ပျော်နေကာ အနေအထား သိပ်မပြောင်းသည်ကို မြင်၍ အနည်းငယ်အံ့သြသွားသည်။ သူမ ရုတ်တရက်် ဘယ်လို အိပ်သည်က လိမ္မာသွားသနည်း?
တံခါးကို ဖွဖွနှစ်ခါခေါက်သံကြား၍ ကုလျန်ရွှမ် တံခါးဖွင့်ရန် အိပ်ရာမှ ထလိုက်သည်။