အခန်း(၅၆)
Vol. 5 Ch. 56
ယန်ဆရာဝန် အလုပ်မှဆင်းပြီး ကုလျန်ရုန် သူ့ကို ပေးသော အထုပ်ကြီးဖြင့် အိမ်ပြန်ရောက်လာသည်။
ယန်ဆရာဝန်၏ ဇနီးက သူ့ထက် အရင် အလုပ်မှအနားယူကာ အလုပ်ကို သမီးအငယ်ဆုံးအား လွှဲပေးပြီး အိမ်က ခြံလေးတွင်် ပန်းပင်စိုက် ရေလောင်းသည်။ သူ ဒီလိုအထုပ်ကြီးဖြင့် ပြန်လာသည်ကို မြင်၍ သူမ အမြန် ကူသယ်ပေးသည်။
"ဘာတွေလဲ?" ယန်ဆရာဝန်၏ ဇနီး မေးလိုက်သည်။ "အဲ့ကလေး လျန်ရုန် ထပ်ပေးလိုက်ပြန်ပြီလား?"
ကုလျန်ရုန်ဟု မပြော၊ မြို့ကြီးအသွားအပြန်ခရီးများတွင် ကုလျန်ရုန် ယန်ဆရာဝန်နှင့် ရင်းနှီးသွားရုံသာမက ယန်အိမ်သို့ အလည်လာဖူး၍ ယန်ဆရာဝန်၏ ဇနီးနှင့် အလွန်ရင်းနှီးသည်။
ကုလျန်ရုန် အသက်ငယ်သည်သာ မဟုတ်လျှင်် ယန်ဆရာဝန်၏ဇနီးက သူမ သိသမျှ မိန်းကလေးများကို ကုလျန်ရုန်နှင့် မိတ်ဆက်ပေးမည်ဖြစ်သည်။
သူမ အမြင်အရ ဒီလူငယ်က ယဥ်ကျေးပြီး ကြည့်ကောင်းကာ သူမခင်ပွန်းနှင့် စကားပြောရာတွင် ဘယ်အကြောင်းကို ပြောသည်ဖြစ်စေ စကားအနည်းငယ််် ဝင်ပြောနိုင်သည်။ စကားပြောသည်ကလည်း ကောင်းသည်။ သူမကို ဟင်းချက်ရာတွင်လည်း ကူညီရာ တကယ်အဆင်ပြေသည်။
ယန်ဆရာဝန် သူ့ဇနီးလက်ကို ရှောင်ကာ စားပွဲပေါ်တွင် သူ့ဘာသာတင်လိုက်ပြီး ရေတစ်ခွက်ထည့်ကာ ပြောလိုက်သည်။ "လျန်ရုန် ပေးလိုက်တာ။ အများကြီးပဲ။ ဘာတွေလည်းတော့ ကိုယ်မကြည့်ရသေးဘူး။ အကြီးဆုံးနှင့် ဒုတိယကလေး အိမ်လာရင် သူတို့ကို မျှပေးလို့ရတယ်"
မြို့တွင် ဒီလိုအရာများမရှိ။ အသားများမုန့်များထက်ပင် ပိုကောင်းပြီး ရှားသည်။ အထူးသဖြင့် အသက်ကြီးပြီဖြစ်သော ယန်ဆရာဝန်နှင့် သူ့ဇနီး အသားနှင့် မုန့်များးမကြိုက်၍ ဒီလိုအခြောက်များက သူတို့စိတ်ကြိုက် စွပ်ပြုတ်လုပ်၍ ရသည်။
ယန်ဆရာဝန်၏ ဇနီး အရှေ့ထွက်လိုက်ပြီး အိတ်ကို ဖွင့်လိုက်သည်။ အထဲတွင် ရွှီကျင်းဖန် အဝါရောင် စာရွက်ဖြင့် ထုပ်ထားသော အခြောက်များဖြစ်ပြီး ပေါင်း၃အိတ်ရှိသည်။ အားလုံးထုတ်လိုက်သည့်အခါ အောက်တွင် အထုပ်တစ်ထုပ်ရှိသည်။
ယန်ဆရာဝန်၏ ဇနီး သိချင်၍ ဖွင့်ကြည့်ရာ အထဲက ပစ္စည်းနှစ်မျိုးကို တွေ့လိုက်သည်။ သူမ မျက်တောင်ခတ်၍ သူမ အမြင်မမှားကြောင်း သေချာအောင်ကြည့်လိုက်ပြီး ဘေးက ယပ်ခတ်နေသော ယန်ဆရာဝန်ကို ပုတ်လိုက်သည်။ "ရှင် ဘာတွေ ကြည့်နေတာလဲ? ဘာလို့ဒီလိုတန်ဖိုးကြီးတာ ရှင်လိုချင်ရတာလဲ?"
ယန်ဆရာဝန် မျက်မှောင်ကြုတ်ကာ ခေါင်းလှည့်ပြီး ကြည့်ရာ ပါးစပ်ကြီးကြီး ငါးခြောက်တစ်ကောင်နှင့် အမျိုးမတူသောငါးခြောက်တစ်ပိုင်းကို တွေ့လိုက်ပြီး ဝက်ပေါင်ခြောက်၂ပေါင်လည်း ပါသည်။
သူချက်ချင်း ထပြီး ထိုပစ္စည်းနှစ်ခုကို တုန်ယင်နေသောလက်ချောင်းများဖြင့် ညွှန်ပြပြီး "ဒါ... ဒါ...ဒါက လျန်ရုန်ဆီကလား?"
ယန်ဆရာဝန်၏ ဇနီး မျက်စောင်းထိုးကာ" ဒါတွေက အထဲက ထွက်လာတာ။ ရှင် ဘာ ထင်လို့လဲ?"
ယန်ဆရာဝန် ပြန်တွေးကြည့်ရာ ကုလျန်ရုန် သူ့ပါးစပ်ကို အုပ်ကာ တိတ်တိတ်လေး နှစ်ကြိမ်ရယ်သည်ကို သတိရသွားသည်။ ဒါကြောင့်ပဲ! သို့သော် သူ့မှာ ဒီလိုငါးနှင့် ဝက်ပေါင်ခြောက် မရှိလို့လား?
သူ၏ အခြေခံလစာက တစ်လ ယွမ်၇၀ ၈၀နှင့် အပြင်လူနာများပြသည့် စာရင်းသွင်းခ... စသဖြင့် အမြဲ ၁၀၀ဝန်းကျင်ဖြစ်သည်။ သူ့မိသားစုအတွက်ကတော့ အရမ်းခက်ခဲလျှင် အသားဝယ်ဖို့ သတိရပါ့မလား?
သူက ဆရာဝန်တစ်ယောက်ဖြစ်ကာ လူနာလက်ထဲက ပစ္စည်းကို ငေးကြည့်နေတတ်သော အပေါ်ယံလူတစ်ယောက်မဟုတ်။
သူ လျန်ရုန်မိသားစုဆီမှ ပစ္စည်းခြောက်များ လက်ခံလျှင် သူ ထိုကလေးလျန်ရုန်နှင့် ရင်းနှီး၍ဖြစ်သည်။ ပစ္စည်းခြောက်များ ထပ်လက်ခံလျှင် ဆွေမျိုးတစ်ယောက်ဟု ယူဆ၍ ရသည်။
ငါးနှင့် အသားများပို့ပြီး ဘာကိစ္စရှိလို့များလဲ? ယန်ဆရာဝန် ဘာပြောရမည်မသိ၍ ပင်မအခန်းတွင် အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက် လုပ်နေသည်။
သူလှုပ်ရှားနေ၍ သူ့ဇနီးစိတ်ရှုပ်ကာ ယန်ဆရာဝန်လက်ကို ရိုက်ပြီး မျက်စောင်းထိုးကာ ပြောလိုက်သည်။ " ရှင့်ကို ပေးရင် ရှင်ယူလို့ရပါတယ်။ ရှင် ဒီလိုအရာလေးကိုတောင် လက်မခံနိုင်ဘူးလား?"
တခြားသူများ မသိနိုင်သော်လည်း သူမကောင်းကောင်း သိသည်။ ဒီလူအိုကြီးက လျန်ရုန်၏အစ်ကို ခြေထောက်ကောင်းရန် နှစ်ဝက်ကျော်ခန့် ဆေးညွှန်းကို စဥ်းစားနေကာ ဆေးအရမ်းပြင်းသွားလျှင် ထိုကလေးမခံနိုင်မည်ကို စိုးရိမ်ပြီး ဆေးပျော့လျှင်လည်း ဒဏ်ရာပျောက်သည်ကို နှောင့်နှေးစေမည်စိုး၍ ဆံပင်အများစုပင် ကျွတ်ကျသည်။
အစက ထိပ်ပြောင်သည့် လက္ခဏာဖြစ်ကာ အခု လုံးဝထိပ်ပြောင်သွားပြီဖြစ်သည်။ ဘေးနှစ်ဖက်က ဆံပင်ကို အလယ်ထားပြီး ကွယ်ထားရသည်။
"ပြီးတော့ ဒီပစ္စည်းက သူတို့ဆန္ဒ၊ လက်ခံပြီးရင်လည်းလက်ခံလိုက်ပေါ့။ ဘာလို့ အများကြီး စဥ်းစားနေမှာလဲ?"
ယန်ဆရာဝန် နာသွားသောသူ့လက်ကို ကိုင်ကာ သူ့ဇနီးပြောသည်ကို ကြား၍ အမှန်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူ ဆေးညွှန်းအတွက် တကယ် မနက်စောစောအိပ်ရာထပြီး နောက်ကျမှ အိပ်ရာဝင်ကာ အနောက်တိုင်းဆေးပညာကိုလည်း လေ့လာပြီး တစ်ခြားသူများနှင့် ဆွေးနွေးသည်။ ကြိုးစားအားထုတ်ထား၍ အသားနှစ်ပေါင်မပြောနှင့် ဝက်တစ်ကောင်လုံးဝယ်လျှင်ပင် မယှဥ်နိုင်။
ယန်ဆရာဝန်ရယ်ကာ ခေါင်းကုတ်ပြီး "လျန်ရုန်ပေါ့။ တကယ်မနိုင်ဘူး။ သူက ကိုယ်တို့ကို အဖိုးအဖွားတောင် ခေါ်ပြီး အငယ်တစ်ယောက်က ဘယ်လိုဖြစ်ပြီး ဒီလိုလေးတဲ့အရာ ပြန်ပေးတာလဲ?"
ယန်ဆရာဝန်၏ဇနီး လူအိုကြီးကို ဆွံ့အသွားပြီး ကြည့်လိုက်သည်။ သူ တစ်ဖန် ပြန်ထိုင်၍ စကြွားတော့သည်။ သူ ဒီလိုသိတတ်သည့် အငယ်တစ်ယောက် ရှိကြောင်း! ဒါကို ကြားရသည်ကို ယန်ဆရာဝန်၏ဇနီး မပျော်၍ သူမ အထုပ်များကို သိမ်းကာ မီးဖိုချောင်ထဲထားလိုက်သည်။
မြို့ကြီးက စျေးက ပိုကြီးကာ ပစ္စည်းလည်း ပိုများပြီး စျေးကလည်း ပိုကြီးသည်။ ပိုက်ဆံနှင့် မဝယ်နိုင်သော ပစ္စည်းများ ရှားကာ ရှားသည့်ပစ္စည်းများကလည်း စက်မှုလက်မှတ်များဖြင့်သာ ဝယ်နိုင်သည်။
သို့သော် ကျန်းထျန်ကတော့ ချွင်းချက်ဖြစ်သည်။ သူမ လက်မှတ်မလို။ ထိလိုက်ရုံဖြင့် အလွယ်တကူ ပိုင်နိုင်သည်။
ပထမအထပ်က မုန့်များ အသီးချိုချဥ်များ ရောင်းသည့်နေရာဖြစ်ပြီး ဒုတိယထပ်တွင် ကြီးသောပစ္စည်းများရှိကာ ကျန်းထျန်က လျှောက်ကြည့်ပြီး နာရီတန်းသို့ ဦးဆောင်သွားသည်။
ကောင်တာတွင် စျေးရောင်းသူတစ်ယောက်ရှိကာ အသက်နှစ်ဆယ်ဝန်းကျင်် မျက်နှာတွင် မှဲ့ခြောက်များရှိကာ ဆံမြိတ်ထူထူရှိပြီး ကောင်တာကို မှီကာ မှန်ကို ကြည့်နေသည်။
ကျန်းထျန် လာသောအခါ စျေးရောင်းသူ ခဏမျှသာ တစ်ချက်ကြည်ပြီး မျက်လုံးများက သူတို့သုံးယောက် အဝတ်အစားများနှင့် မျက်နှာများကို ဖြတ်သွားပြီး မျက်နှာများကို နည်းနည်း ကြာကြာကြည့်သည်။
ကျန်းထျန် မှန်ကောင်တာအောက် ဘယ်ညာ စီကာ ပြထားသော လက်ပတ်နာရီများ၏ ဒီဇိုင်းနှင့် စျေးနှုန်းများကို တစ်ချက်ကြည့်ပြီး နာမည်ကြီး ဒီဇိုင်း တစ်ချို့ကို ရွေးလိုက်သည်။ စျေးက အရေးမကြီး။ သူမ ဒီကို အလကားပွားရန်သာ ရောက်လာခြင်းဖြစ်သည်။
တစ်ဖက်က ကုလျန်ရုန် ကျန််းထျန် နာရီကောင်တာတွင် အချိန်အကြာကြီးနေပြီး အလွန်ကျေနပ်သည့်အကြည့်နှင့် ခဏခဏ ခေါင်းညိတ်နေသည်ကို မြင်ပြီး ကျန်းထျန်ပါးစပ်ဟကာ တစ်လုံးဝယ်ချင်သည်ဟု ပြောမည်ကို သူအလွန်စိုးရိမ်သည်။
ဒီလက်ပတ်နာရီများက စျေးမပေါပါ။ စျေးအပေါဆုံးအလုံးများပင် ယွမ်၁၀၀ ကျော် ကုန်ကျပြီး ဝယ်လိုက်လျှင် သူတို့ယူလာသောပိုက်ဆံတစ်ဝက်မရှိတော့။
ကုလျန်ရုန် အလွန်စိတ်ပူ၍ သူ့အစ်ကိုကို ဆွဲကာတိုးတိုးမေးလိုက်သည်။ "အစ်ကို၊ မရီး လက်ပတ်နာရီဝယ်ချင်ရင် ဘယ်လိုလုပ်ကြမလဲ?"
လက်ပတ်နာရီ တစ်လုံးဝယ်ရန်် လက်မှတ်လိုကာ သူတို့တွင် သေချာပေါက် စက်မှုလက်မှတ် မရှိသော်လည်း မရီးတွင်ရှိမရှိ အာမမခံနိုင်။
ကုလျန်ရွှမ် ပြန်မဖြေခင် နားပါးသောကျန်းထျန် ဖြေလိုက်သည်။ " အစ်မ မဝယ်ဘူး။ အစ်မ တစ်ချက်ကြည့်ရုံပဲ!"
သူမ မိသားစု အခြေအနေများကို သိကာ သူမတွင်လည်း စက်မှုလက်မှတ် မရှိပေ။
ကုလျန်ရုန် - ..... မရီး၊ မရီးမဝယ်ချင်လည်း ကြည့်ရုံပဲကြည့်ပေါ့။ မပြောပါနဲ့လား?! ပြီးတော့ အသံကလည်း အလွန်ကျယ်သေးသည်! အနားကလူတိုင်း ကြားသည်!
စျေးရောင်းသူလည်း ကြား၍ မျက်စောင်းက ကောင်းကင်ကို ရောက်တော့မတတ် ထိုးလိုက်သည်။ စျေးရောင်းသူ ကျန်ထျန်ကို စောင်းကြည့်ကာ အေးစက်သည့်အသံနှင့် ပြောလိုက်သည်။
"မဝယ်ရင်လည်း တခြားဖက်ကို သွား။ ဒါက တန်ဖိုးကြီးကောင်တာ။ ပျောက်သွားရင် ဆယ်ဆ ပြန်လျော်ရမှာ" ဒီလူများက ချမ်းသာသည်နှင့် မတူ၍ သူမ ကြင်နာစွာ သတိပေးလိုက်သည်။
ဒီလူများက ကြည့်ကောင်းရာတွင် တကယ် အလွန်ကြည့်ကောင်းသည်။ သူမ၏ ခပ်ထန်ထန် စျေးရောင်းသူပုံရိပ်ကို မထိန်းနေရလျှင် သူမ ခေါင်းမော့ကာ သူတို့သုံးယောက် တကယ် ဘယ်လောက်ချောကြောင်း သူမကြည့်ရန် ဆွဲခေါ်မည်ဖြစ်သည်။ ကြည့်ကောင်းသည့်သူများအားကြည့်ရသည်ကို သူမတကယ်သဘောကျသည်။
အထူးသဖြင့် ဒီမိန်းကလေးက မျက်လုံးကြီးကြီး အသားကြည်ကြည်ဖြူဖြူ နှုတ်ခမ်းနီနီ သွားဖြူဖြူ နှာတံမြင့်မြင့် ချောမွေ့သောနဖူးနှင့် နေရာတိုင်း ကြည့်ကောင်းသည်။
ဒီလိုကြည့်ကောင်းသော်လည်း ခေါင်းကမကောင်း။ ကြည့်ရုံကြည့်ပြီး မဝယ်လျှင် ကျယ်ကျယ်မပြောပါနဲ့လား? ပြီးတော့ ရှက်သည့်ပုံမပေါ်ကာ ဂုဏ်ယူနေပြီး မျက်နှာတွင်လည်း ရှက်နေသည်ကို မတွေ့ရ။ ထို့ကြောင့် စျေးရောင်းသူ မထိန်းနိုင်ဘဲ ထပ်ကြည့်လိုက်သည်။
ကုလျန်ရုန် အကြည့်ကို ကျန်းထျန် လျစ်လျူရှုကာ သူမသဘောကျသော လက်ပတ်နာရီများကို ညွှန်ပြပြီး စျေးရောင်းသူကို ပြောလိုက်သည်။ "အစ်မ၊ အစ်မ ညီမကို ဒီနာရီတွေ ပြပေးနိုင်မလား?"
တဖက်က အထင်လွဲမည်စိုး၍ သူမ သေချာပြောလိုက်သည်။ "ညီမ မဝယ်ဘူး။ ကြည့်ရုံပဲ!"
ကုလျန်ရွှမ်၊ ကုလျန်ရုန်နှင့် စျေးရောင်းသူ - ...... ဘာလို့ ထပ်ပြောရဲတာလဲ?
သို့သော် ကျန်းထျန် နှစ်ကြိမ်ပြောရဲရုံသာမက ကုလျန်ရွှမ်နှင့် ကုလျန်ရုန်ရှေ့တွင် ဇာတ်လမ်းတစ်ပုဒ် လုပ်လိုက်သေးသည်။
"ညီမက ရွာက။ မြို့ကိုလာတာ ပထမဆုံးအကြိမ်ဆိုတော့ ဒီလိုရှားတဲ့ပစ္စည်းတွေကို မမြင်ဖူးဘူး"
ကုလျန်ရွှမ် - ... ဒီရင်းနှီးသည့်ခံစားချက်က ကျန်း-စာပေပညာရှင်-ထျန်ဖြစ်သည်။ သူ လှည့်စားခံရပြီး တော်လှန်ရေးရဲဘော်ရဲဘက်ဟု ပြောခဲ့ရတုန်းကကဲ့သို့ဖြစ်သည်။
ကုလျန်ရုန် - ဘုရားသခင်! သူ့မရီးက ပေါက်ကရပြောရာတွင် သူ့ထက်ပင် ပိုတော်သည်။ သူတို့ခရိုင်တွင် အလုပ်သမားများရှိရာ သူမက လက်ပတ်နာရီတစ်လုံးတောင် မမြင်ဖူးဘူးသည်မှာ ဖြစ်နိုင်လို့လား?!
"ညီမ နာရီကို မထိပါဘူး။ ဘူးကိုပဲထိမှာပါ။ အင်္ကျီလက်နဲ့ပဲ ထိမှာပါ" နောက် ကျန်းထျန် မျက်လုံးပြူးကာ စျေးရောင်းသူကို ကြည့်ပြီး "အစ်မ၊ အစ်မက အရမ်းလှတာပဲ။ ဆံပင်က နက်မှောင်ပြီး ချောမွေ့နေတာ။ အစ်မက ရုပ်လှပြီး စိတ်ကောင်းရှိတဲ့ မိန်းကလေးလို့ လူတွေပြောကြတယ်။ ညီမ ဒီနာရီတွေ တစ်ချက်ကြည့်လို့ရမလား?"
ကုလျန်ရွှမ်နှင့် ကုလျန်ရုန် - .....
ကျန်းထျန် ဆိုလိုချင်သည်ကို သူတို့ သဘောမပေါက်။ ထိရုံပင်ဖြစ်ကာ ကျန်းထျန်၏ လိုအပ်ချက်က ဒီလိုရိုးရှင်းသည်လား?
ကုလျန်ရွှမ် ထိုသို့မထင်။ ကျန်းထျန် လက်ပတ်နာရီတစ်လုံး ဝယ်ချင်လျှင် သူမ မှောင်ခိုစျေးတွင် ကြိုက်သလောက် ဝယ်နိုင်သည်။ ဘယ်သူက သူမကို ချမ်းသာအောင် လုပ်ပေးထားသနည်း?
သို့သော် ကျန်းထျန် သူမကိုယ်ပိုင်ငွေထိသည်ကို သူတားထား၍ သူမတွင် တခြားအစီအစဥ်များ ရှိလို့လား?
ဒါက စျေးရောင်းသူ သူမ ကြည့်ကောင်းသည်ဟု ချီးကျူးခံရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ချီးကျူးသည့်သူကလည်း အလွန်လှသည့်အမျိုးသမီး ကျန်းထျန်ဖြစ်သည်။
သူမ အလုပ်တွင် အသစ်ဖြစ်ရာ အခုခေတ်စျေးရောင်းသူများ သုံးနေကျ မိုးထိနေသည့်လှည့်ကွက်များကို မကျွမ်းကျင်သေး။ သူမ ချက်ချင်း မျက်နှာနီရဲသွားကာ မျက်နှာပေါ်က မှဲ့ခြောက်လေးများပင် ပိုထင်ရှားလာသည်။
အင်္ကျီထောင့်ကို ကိုင်ကာ သူမငြင်းလိုက်လျှင် နာရီကောင်တာက စျေးရောင််းသူတစ်ယောက်နှင့် သူမ၏ အရေးပါမှုကို ဆုံးရှုံးကာ နောက် ဒီလိုမိန်းမလေးကို စိတ်ပျက်စေမည်ကိုလည်း မကြည့်နိုင်။
နှစ်စက္ကန့်လောက် တုံ့ဆိုင်းပြီးနောက် စျေးရောင်းသူ ခါးကုန်းကာ ကောင်တာမှ နာရီနှစ်လုံးထုတ်လိုက်ပြီး ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ "ဒါကတန်ဖိုးကြီးပစ္စည်း။ ညီမက ဖွင့်လည်းမဖွင့်ဘူး မထိဘူးလည်းပြောတယ်။ ထိရင်တောင်် အင်္ကျီစကနေ ထိရမယ်"
ကျန်းထျန် အမြန်ခေါင်းညိတ်ကာ ပြုံး၍ ပြောသည်။ "အစ်မပြောတာကို နားထောင်ပါမယ်"
စျေးရောင်းသူ တစ်ဘူးကို တွန်းပေးကာ တစ်ချိန်တည်းမှာပင် ကျန်းထျန် လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်သည်။ စည်းကျော်လျှင် ဘူးကို ပြန်သိမ်းမည်ဖြစ်သည်။
ကျန်းထျန် နာရီကို အရင်မကြည့်ဘဲ သူမနောက်က ကုလျန်ရွှမ်နှင့် ကုလျန်ရုန်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ "ကျွန်မနာရီရဲ့ အလင်းကို မကွယ်နဲ့။ ကျွန်မနဲ့ ဝေးဝေးနေ"
ကုလျန်ရွှမ်နှင့် ကုလျန်ရုန် - .......
သူမနာရီ အလင်းကို ကွယ်နေသည့်အတွက်၊ သူတို့အလွန်နုံသည့်အတွက် သူတို့ကို အပြစ်တင်ပါ။ သူတို့အပြစ်ကို ရိုးသားစွာဝန်ခံပါသည်။ သူတို့အမှားပါ။