← Chapters

အခန်း(၆၅)

Vol. 6 Ch. 65

အခန်း(၆၅)

Vol. 6 Ch. 65

မွန်းလွဲပိုင်းတွင် ကုလျန်မင် ငရုတ်သီးဆော့စ်အတွက် ပါဝင်ပစ္စည်းများ ပြင်ဆင်ရန် ရှောင်းဝူနှင့် ရှောင်းလျိုကို ခေါ်သွားလိုက်သည်။

ငရုတ်သီးခြောက်များကို အမှုန့်ကြိတ်ကာ အခွံနွှာပြီးသားမြေပဲကြော်၊ ငရုတ်ကောင်းမှုန့်၊ စမုန်နက်မှုန့် စသည်တို့ကို ကြိတ်ချေလိုက်သည်။

ခြံထဲ အသံကြားရကာ ကျန်းထျန် တဆက်တည်းဖြစ်နေသော သူမ မျက်တောင်များကို ဖွင့်ရန်ကြိုးစားသည်။

ဂလုဂလု~~

ကျန်းထျန်ထပြီး ပြတင်းပေါက်ဆီသွားကာ "ကုလျန်ရွှမ်၊ ကျွန်မဗိုက်ဆာနေပြီ၊ ကျွန်မတို့ နေ့လည်စာ ဘာစားရမလဲ"

ကုလျန်ရွှမ် အမွှာလေးများ၏ ပုခက်ကို ကိုင်လျက် သူတို့အိမ်နံရံခြေရင်းတွင် ထိုင်နေသည်။ ဒီအသံကြားသောအခါ သူဘာမှမပြောဘဲ ခေါင်းကိုလှည့်ပြီး ကြည့်လိုက်သည်။

ကျန်းထျန်ဆံပင်က ကြက်အသိုက်ခေါင်းကဲ့သို့ဖြစ်နေပြီး မျက်လုံးများကို ပွတ်သပ်ကာ နိုးကြားရန် လုပ်နေပုံရသည်။

ကုလျန်ရွှမ် - "... " နောက်နေ့ နေ့ခင်းဘက်ရောက်နေပြီဟု သတိပေးရန် သူ့မှာ အာရုံမရှိပေ။ " မနေ့က ထမင်းကျန်ရှိတယ်၊ ဝက်ပေါင်ခြောက်နဲ့ ထမင်းကြော်ရင် ဘယ်လိုလဲ"

သူပြောပြီးသည်နှင့်၊ ကျန်းထျန် တခဏအတွင်း ငြိမ်သက်သွားပြီး သူမ အလျင်စလို ခေါင်းညိတ်လိုက်သည်။

ကုလျန်ရွှမ် ချိုင်းထောက်နှင့်ထကာ အမွှာလေးများကိုကြည့်ရန် ရှောင်းဝူ နှင့် ရှောင်းလျို ကိုခေါ်ပြီး မီးဖိုချောင်သို့ ကိုယ်တိုင်သွားလိုက်သည်။

ကျန်းထျန် ခေါင်းကုတ်ကာ အိမ်နောက်ဖေးတွင် ကိုယ်လက်သန့်စင်ရန် အိပ်ရာပေါ်မှ အမြန်ဆင်းလိုက်သည်။ သူမ ကိုယ်လက်သန့်စင်ပြီးနောက်၊ ကုလျန်ရွှမ် ယ၏ ဝက်ပေါင်ခြောက်နှင့် ကြော်ထားသော ထမင်းသည်လည်း အိုးထဲမှ ရလာသည်။

မနေ့က ရွှီကျင်းဖန် ထမင်းအိုးကြီးတစ်လုံးကို တည်ထားကာ ပန်းကန်လုံး တစ်ဝက်နီးပါးလောက် ကျန်သေးသည်။

ကြက်ဥနှစ်လုံး၊ အတုံးတုံးထားသော မုန်လာဥနီနှင့် လှီးထားသော တရုတ်နံနံတို့ကို ထည့်ပြီး ပန်းကန်လုံးသုံးလုံး ရရှိသည်။

ခြံဝင်းထဲက စားပွဲပေါ်တင်လိုက်ပြီး ကျန်းထျန်၊ ကုလျန်မင်၊ ရှောင်းဝူ၊ ရှောင်းလျိုတို့ကို လာစားရန် ခေါ်လိုက်သည်။

ကုလျန်ရွှမ်လည်း ပန်းကန်သေးသေးတစ်လုံးနှင့် စတင်စားသည်။

"အမေက အလုပ်ပြီးရင် ငရုတ်ဆီကြော်မယ်ပြောတယ်" ကုလျန်မင် ဆက်ပြောလိုက်သည်။ "အစ်မထည့်ချင်တာရှိလား"

ကျန်းထျန် ယခု ဗိုက်ဆာနေ၍ မုန်တိုင်းကဲ့သို့ စားနေကာ ဒါကိုကြား၍ သူမ စားနေသည်ကို မရပ်လိုက်ပေ။

ထမင်းကြော်က မွှေးပြီး အရောင်အသွေး စုံလင်ကာ စားချင်စိတ်ကို ဖြစ်စေသည်။

ကျန်းထျန် ခေါင်းငုံ့ပြီး ခဏလောက် စဉ်းစားကာ "ဝက်ပေါင်ခြောက်၊ မြေပဲစေ့တွေ၊ နှမ်းစေ့တွေ ရှိလား"

ကုလျန်မင် ခေါင်းညိတ်ပြီး "ရှိတယ်၊ တတိယအဒေါ်က မကြာသေးခင်ကမှ ယူလာပြီး အမေ့အတွက် နှမ်းဆားလုပ်ပေးဖို့ ပြောထားတယ်"

"အိုး. ပဲပိစပ်လက်တစ်ဆုပ်စာနဲ့ ပဲတီစိမ်းဆိုလည်း ကောင်းပါတယ်။" ကျန်းထျန် တခြားဘာကိုမှ မစဉ်းစားနိုင်တော့ချေ။

ကုမိသားစုမှာ ဘာမှ မရှိသည်ကလည်းဖြစ်နိုင်သည်။

ကုလျန်မင် ခေါင်းညိတ်ကာ လက်ခုပ်တီးပြီး ပြင်ဆင်ရန် သွားလိုက်သည်။

ဒါကိုမြင်၍ ရှောင်းဝူနှင့် ရှောင်းလျိုတို့ ကပျာကယာနောက်ကလိုက်ကြသည်။

ကျန်းထျန် စားပြီးချိန်တွင် ကုလျန်ရွှမ်က ဝက်ပေါင်ခြောက်နှင့် ထမင်းကျန်များကို ရှင်းလိုက်ပြီး ကျန်းထျန်က သူ့ကို စကားပြောလိုက်သည်။ “ကျွန်မတို့ အမေဆီ ပြန်သယ်လာတဲ့အရာတွေကို ရှင်းပြဖို့ အချိန်မရှိလိုက်ဘူး"

ကျန်းထျန် စားပြီး အိပ်ငိုက်လာပြန်သည်။

"နာရီနှစ်လုံးကို မှောင်ခိုဈေးမှာ ရောင်းမယ်။ ရှင့်မှာ ရာဘာဖိနပ် သုံးရံရှိတယ်၊ ကျန်တဲ့ နှစ်ရံက အရွယ်အစား တူတယ်။ ဘယ်သူမှ မဝတ်ရင် ကျွန်မ ရောင်းမယ်"

နေ့ခင်းဘက် ဘာမှလုပ်စရာမရှိ၍ ခြံထဲက ကုလားထိုင်ပေါ် ကျန်းထျန် ထိုင်ကာ ကျိုင်းပင်အရွက်များကို ရေတွက်ရင်း အချိန်ကုန်သွားသည်။

ကုလျန်ရွှမ် အိမ်နောက်ဖေးတွင် ရှိနေကာ၊ သူ ဘာလုပ်ရမှန်း မသိဖြစ်နေစဉ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ကျန်းထျန် အတော်လေး သိချင်သော်လည်း အလွန်ပျင်းသောကြောင့် သူမ လုံးဝ မလှုပ်။

ဝီစီသံမြည်လာသည်နှင့်တပြိုင်နက် ကုလားထိုင်ပေါ်တွင် အိပ်ပျော်လုဆဲဆဲ ကျန်းထျန် သူမ၏မျက်လုံးများကို ပွတ်သပ်လိုက်သည်။

တံခါးကို ရွှီကျင်းဖန်၊ တတိယအဒေါ်၊ ကုလျန်ရုန်နှင့် ကုရှန်းလီတို့ တွန်းဖွင့်လိုက်ကြသည်။

ကျန်းထျန် နိုးလာသည်ကိုမြင်၍ ရွှီကျင်းဖန် ဝမ်းသာသွားသည်။ "သမီး နိုးလာပြီ၊ အမေ အလုပ်ကပြန်လာလို့ သမီးမနိုးသေးရန် လျိုဆရာဝန်ကိုပြဖို့ စဉ်းစားနေတာ"

ကျန်းထျန် တခစ်ခစ်ရယ်ရင်း "အမေ၊ သမီး ရထားပေါ်မှာ ကောင်းကောင်းမအိပ်ခဲ့ရလို့"

ရွှီကျင်းဖန် သဘောကျစွာ ခေါင်းညိတ်လိုက်ပြီး "သမီးစားပြီးပြီလား?"

"စားပြီးပြီ" ကျန်းထျန် ဖြေလိုက်သည်။

"ဟုတ်ပြီ။ အမေ ပင်းပင်းနဲ့ အန်းအန်းကို အရင်သွားကြည့်လိုက်ဦးမယ်။" ရွှီကျင်းဖန် အရှေ့ခန်းထဲသို့ ဝင်သွားသည်။

တတိယအဒေါ်ပြုံးပြီး သူမလက်ထဲက ပစ္စည်းများကို စားပွဲပေါ်တင်ကာ ကျန်းထျန်နှင့် စကားပြောရန် ထိုင်လိုက်သည်။

" လျန်ရွှမ်ရဲ့ ခြေထောက်တွေ ပိုကောင်းလာတယ်လို့ သမီးအမေဆီက အဒေါ်ကြားတယ်၊ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း မတ်တပ်ရပ်နိုင်လိမ့်မယ်ဆို။ အဲ့အချိန် သမီးတို့မိသားစု ကောင်းတဲ့အချိန်ရောက်လာမှာ”

တတိယအဒေါ် ဆက်‌ပြောလိုက်သည်။ “လျန်ရွှမ်ကို ကလေးဘဝတည်းက ကြီးပြင်းလာတဲ့အထိ အဒေါ်တို့ ကြည့်လာတာ။ သူက ငယ်ငယ်လေးကတည်းက ဉာဏ်ရည်ထက်မြက်ပြီး အရည်အချင်းရှိတယ်။ အဲ့လိုမျိုးဖြစ်ခဲ့တာ မလွယ်ဘူး။ အခုတော့ သမီးတို့ မိသားစုဘဝ ပိုကောင်းလာတော့မယ်"

ကုရှန်းလီ အိမ်နောက်ဖေးသို့ လည်ဆန့်ငေးနေကာ “အမေ၊ အစ်ကိုလျန်ရွှမ် အိမ်နောက်ဖေးမှာ အလုပ်များနေသလားမသိဘူး၊ ကျွန်တော် ကူညီပေးဖို့ သွားလိုက်ဦးမယ်။

တတိယအဒေါ် လက်ကို ဝှေ့ယမ်းကာ “သွား၊ သွား”

ရွှီကျင်းဖန် အရှေ့ဘက်ခန်းမှ ထွက်လာပြီး အင်္ကျီလက်ကို တင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ "ငရုတ်သီးနည်းနည်းအရင်ကြော်လိုက်မယ်"

တတိယအဒေါ် ဒီနေ့ ဒီကို ဤအ‌ကြောင်းပြချက်ကြောင့် ရည်ရွယ်ချက်ရှိရှိ လာခဲ့သည်ဖြစ်၍"ငါလည်း ဒီကို ကူဖို့လာတာ"

ကျန်းထျန် သူတို့နောက်တွင်ရှိပြီး ထမင်းကြော်စားပြီး၍ ဗိုက်မဆာသေး။ သို့သော် အစားအသောက် မှာယူသောအခါတွင် အစားအသောက် ဝါသနာရှင်တစ်ယောက်အနေနှင့် ဓလေ့ထုံးတမ်း ရှိရန် လိုသည်။ "မုန်လာဥချဉ်နဲ့ ဝက်ပေါင်ခြောက်ကြော်၊ တို့ဟူးငါးဟင်းချို၊ ခေါက်ဆွဲခြောက်ကြော်"

"ခေါက်ဆွဲလား?"

"မဟုတ်ဘူး... " ကျန်းထျန် မျက်လုံးနှင့် လှည့်ပတ်ကြည့်ပြီး သူတို့ယူလာသော ခရီးဆောင်အိတ်ကို မရွှေ့ရသေးဘူးဆိုသည်ကို သတိရသွားသောကြောင့် အိမ်နောက်ဖေးကို အမြန်ပြေးသွားပြီး "ကုလျန်ရွှမ်၊ အခန်းထဲမှာ ခရီးဆောင်အိတ်ရှိလား"

အိမ်နောက်ဖေးတွင်၊ ကုလျန်ရွှမ် မုန့်ဖုတ်ရန်အတွက် မီးဖိုတစ်ခု ဆောက်ထားသည်။ မြောက်ပိုင်းတပ်မှာရှိစဥ်က ဒီလိုမီးဖိုမျိုးကို မြင်ဖူး၍ ဘီစကစ်မုန့်နှင့် ပေါင်မုန့်လုပ်ရန်အတွက်သုံးသည်။ သူ သင်ယူလိုစိတ်ပြင်းပြသည့်အတွက် ဆရာ့ကို သေသေချာချာမေးပြီး စိတ်ထဲမှာ မှတ်ထားခဲ့သည်။

ကုလျန်ရုန် တံတောင်ဆစ်ကို မြှောက်လိုက်ပြီး ချွေးများကို သုတ်လိုက်ကာ "အာ ဟုတ်တယ်၊ ကျွန်တော့်လက်တွေ ရွှံ့ပေနေပြီ၊ မရီး ရှောင်းဝူကို ခေါ်သွားလိုက်ပြခိုင်းလိုက်ပါ"

ကျန်းထျန် ရှောင််းဝူကိုရှာရန် သွားလိုက်ပြီး အရှေ့ဘက်အခန်းတွင် နွေရာသီအိမ်စာလုပ်နေသော ကျောင်းသားများကို ဒီအတိုင်းထားကာ အိမ်ထဲဝင်၍ ဝါးခြင်းတောင်းကိုထုတ်ယူပြီး သယ်ကာ မီးဖိုခန်းထဲကို အမြန်ပြေးသွားလိုက်သည်။

ရွှီကျင်းဖန် နှင့် တတိယအဒေါ် နှစ်ယောက်စလုံး သပ်ရပ်သော သူများဖြစ်ပြီး နှစ်ယောက်လုံး ပူးပေါင်းကာ တစ်ယောက်က ငရုတ်သီးကြော်ပြီး ကျန်တစ်ယောက်က မီးဖိုမီးထိန်းနှင့် လုပ်ကြသည်။

ခဏကြာသွားပြီးနောက် ကျန်းထျန် ငရုတ်ဆီဗူးကို ထုတ်လိုက်သည်။

ရွှိီကျင်းဖန် လက်ခုပ်တီးပြီး တတိယအဒေါ်နှင့် ကျန်းထျန်နား ဝိုင်းကာ "ဒါက မြို့ကြီးက ပြန်သယ်လာတာလား။"

ကျန်းထျန် ဝါးခြင်းတောင်းမှ အလိပ်ကို ဖယ်လိုက်ပြီး ကျန်သည်များကို ထုတ်ကာ "ဒါဆို ခေါက်ဆွဲခြောက်"

"ရေနွေးထဲမှာ သုံးမိနစ်လောက်စိမ်ထားလိုက်ရင် ဒယ်အိုးထဲက ခေါက်ဆွဲတွေလို ပြန့်ကျဲသွားလိမ့်မယ်။ ခေါက်ဆွဲခြောက်လို ချက်လို့ရတယ်၊ ကြက်ဥပြုတ်ထည့်ရင်လည်း အရသာရှိတယ်။"

"ရေနွေးထဲမှာ သုံးမိနစ်စိမ်ထားပြီးရင် စားလို့ရပြီးလား" တတိယအဒေါ် ကျန်းထျန်ကို စိုက်ကြည့်ရင်း၊ သူမရင်ထဲမယုံနိုင်လောက်အောင်ဖြစ်နေသည်။

ရွှီကျင်းဖန် ဒူးထောက်ထိုင်လိုက်ပြီး အိတ်၏ အောက်ခြေတွင် ပြန့်ကျဲနေသော ဂျုံမှုန့်များကို ယူလိုက်ပြီး ပါးစပ်ထဲ ထည့်ကာ မြည်းလိုက်သည်။ "ချက်ပြီးသားလား?"

တတိယအဒေါ်လည်း ကြားထဲက သေးငယ်သော အပိုင်းလေးကို ယူပြီး မြည််းကြည့်လိုက်သည်။ “တကယ်ပဲ။ ရေနွေးထဲမှာ စိမ်ထားရင် စားလို့ရတာ မဆန်းဘူး။"

သူမ ကျန်းထျန်ကို မေးလိုက်သည်။ "ဒါက ဆီနဲ့ကြော်ရင် ကြွပ်ကြွပ်မွှေးမွှေး ဖြစ်သွားမှာလား"

ကျန်းထျန် စိတ်ထဲကနေ တတိယအဒေါ်ကို ချီးကျူးလိုက်ပြီး "ဟုတ်တယ်၊ ခေါက်ဆွဲခြောက်ကို အချိန်အကြာကြီးသိမ်းထားလို့ရတယ် "

ရွှီကျင်းဖန် ဒါက အရသာကောင်းသည်ဟု သူမထင်ခဲ့ကာ ခဏအကြာတွင် စွဲစွဲလန်းလန်းဖြစ်လာခဲ့သည်။ "ဒီခေါက်ဆွဲကြော်သုံးပြီး တခြားဟင်းတွေထည့်လို့ရလား"

ကျန်းထျန် ပြောလိုက်သည်။ "ဝက်ပေါင်ခြောက်၊ တခြားဟာတွေကတော့ အရသာမရှိဘူး"

"ဟုတ်ပြီ!" ရွှီကျင်းဖန် တတိယအဒေါ်နှင့်အတူ ထကာ အလုပ်စလုပ်ရန် မုန့်နှင့်အတူ မီးဖိုသို့သွားလိုက်သည်။

ညစာအတွက် ဟင်းများကို အကြမ်းဖျင်းအားဖြင့် သတ်မှတ်ထားသည်- မုန်လာဥနီကြော်၊ ကြာဇံနှင့် တို့ဟူးနှင့် ငါးဟင်းချို၊ အာလူးနှင့် ငရုတ်သီးနှင့် ဝက်နံရိုး၊ ကြက်သွန်ဖြူနှင့် ခရမ်းချဉ်သီးပါသော ငါးခြောက်ကြော်၊ ငရုတ်သီးတောင့်ကြော်၊ သကြားရောထားသော ခရမ်းချဉ်သီးနှင့် ကြက်သွန်မြိတ်နှင့် ကြက်ဥမွှေ၊

အဓိက အစားအစာ ကတော့ ခေါက်ဆွဲ၊ ပန်ကိတ်၊ ထမင်း နှင့် အသင့်စားနိုင်သော ခေါက်ဆွဲကြော် ဖြစ်သည်။

မှောင်လာသောအခါ၊ ကုပေါင်‌ကော သူ့လက်ထဲတွင် ကြွေပန်းကန်လုံးနှင့် ဖောင်းပွနေသော အထုပ်တစ်ထုပ်ကို ကိုင်ဆောင်ကာ နောက်ကျမှ ရောက်လာသည်။

သိပ်မကြာခင်မှာပဲ ကျန်းရှို့ရှန် သူ့လက်ထဲ ထမင်းဗူးကြီးနှစ်လုံးကိုင်ကာ စက်ဘီးနှင့်ရောက်လာသည်။

စားပွဲတစ်လုံးနှင့် မလုံလောက်၍၊ ပင်မအခန်းနှင့် မီးဖိုချောင်မှစားပွဲများကို ခြံထဲတွင် တွဲထားလိုက်ပြီး လူတစ်ဒါဇင်လောက် ထိုင်နိုင်သွားသည်။

ကျန်းရှို့ရှန် ဝက်သားနှပ် နှင့် ဝက်ခြေထောက်နှပ်များကို ယူလာခဲ့သည်။

ရွှီကျင်းဖန်နှင့် တတိယအဒေါ်က မြောက်ဖျားနှင့် ထိပ် နေရာတွင်ထိုင်နေသည်။

တတိယအဒေါ်ဘေးတွင် ကုပေါင်ကော။ ကုရှန်းလီ၊ ကျန်းရှို့ရှန်၊ ကုလျန်ရုန်နှင့် ရှောင်းဝူတို့ ဖြစ်သည်။

ရွှီကျင်းဖန် ဘေးတွင်၊ အမြွှာလေးများ၏ ပုခက်များရှိပြီး ထမင်းစားပွဲတွင် ကျန်းထျန်၊ ကုလျန်ရွှမ်၊ ကုလျန်မင်နှင့် ရှောင်းလျိုတို့ဖြစ်သည်။

အသက်ရှင်ရန် အလုပ်များနေသောအချိန်ဖြစ်ပြီး ဒီအချိန်တွင် ကောင်းကင်က မှောင်ပြီး မကြည်လင်ကာ၊ လူတွေကို မြင်ရန် ခက်သည်။

ကုလျန်ရုန် အကြံတစ်ခုရပြီး သူ့မရီးကျန်းထျန် ခရိုင်မြို့တော်က မှောင်ခိုဈေးမှာ ဝယ်ခဲ့သည်ကို တွေးမိကာ ရွှီကျင်းဖန် ညစာစားဖို့ မခေါ်ခင် သူ့အသံထွက်လာသည်။ "ခဏနေကြပါဦး!" ထို့နောက် မီးဖိုခန်းထဲသို့ ပြေးဝင်ကာ စားပွဲတင် ခေါက်မီးအိမ်သုံးလုံးကို ထုတ်လိုက်သည်သည်။

ရွှီကျင်းဖန် သူမ၏လက်ကို ရွှေ့ချင်သော်လည်း ဤကဲ့သို့ပွဲတော်နေ့တွင် သွေးထွက်သံယို ဘေးဥပဒ်မဖြစ်စေရန်အတွက် သူမကို တတိယအဒေါ်က အချိန်မီ တားခဲ့သည်။

ကုလျန်ရုန် ဒီအရာကို ရထားပေါ်မှာ ဘယ်လိုသုံးရမလဲဆိုသည်ကို စောစောစီးစီးတွေးထားပြီး စားပွဲတင်မီးခွက်ကို ကိုင်၍ ထွက်လာကာ မီးခွက်ကို အရင်ဖွင့်လိုက်သောအခါ ရှိနေသော လူများ၏ ထိတ်လန့်တုန်လှုပ်သွားသော မျက်လုံးများအောက် စားပွဲပေါ်ရှိ အိုးများနှင့် ပန်းကန်များ နေရာ ရွှေ့ပြီးနောက် မီးခွက်ကို တင်လိုက်သည်။

နောက် ကျေနပ်စွာ လက်ခုပ်တီးပြီး "ကောင်းပြီ။ အမေ၊ ညစာ စားကြရအောင်!"

ရွှီကျင််းဖန် သူမ၏လက်ကို ထပ်မံရွှေ့လိုက်သည်။ ဤတစ်ကြိမ်တွင် တတိယအဒေါ်က သူမကို မတားခဲ့ပေ။

နောက် စားပွဲနှစ်ခု တပြိုင်နက် တုန်လှုပ်သွားသည်။

"ဒါကဘာလဲ?" ရွှီကျင်းဖန် ကုလျန်ရုန် သူမကို ရှင်းပြရန် စောင့်နေလိုက်သည်။

ကုလျန်ရွှမ် ချောင်းဟန့်လိုက်ပြီး "အမေ၊ ဒါက စားပွဲတင်မီးအိမ်"

ကုပေါင်ကောက ကောင်းကောင်းသိသည့်အတွက် သူမေးလိုက်သည်။ "ဘက်ထရီသုံးလား?" ဓာတ်မီးနှင့်တူသည်။

ကျန်းရှို့ရှန် ကုပေါင်ကော၏ ခန့်မှန်းချက်က မှန်ကန်သည်ဟု ခံစားရပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

ကုလျန်ရုန် သူ့ကျောကို တည့်တည့်မတ်မတ်ထားလိုက်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ကာ " မဟုတ်ဘူး!" သူ့အမူအရာက 'အရမ်းနုံလွန်းလို့ မှန်းတောင်မမှန်းတတ်ဘူး' ဟု ‌ပြောနေသည်နှင့် တူသည်။

စားပွဲတင်မီးအိမ်၏ တောက်ပသော အလင်းရောင်‌က ရှိနေသောလူတိုင်း၏ မျက်လုံးများတွင် ရှင်းလင်းစွာထင်ဟပ်နေသည်။

တစ်ခုခုလုပ်ချင်နေသည်က ရွှီကျင်းဖန်သာ မဟုတ်ပဲ၊ ကုလျန်ရုန်ကို ရိုးသားစွာ ပြုမူတတ်အောင် သင်ပေးချင်သောလူများ စားပွဲပေါ်မှာ တစ်ယောက်မက ရှိနေသည်။

သူ၏ မာနကြီးသော မောက်မာမှုကို ဖျက်ဆီးရန် လူတိုင်း ကျန်းထျန်နှင့် ကုလျန်ရွှမ်ကို တညီတညွတ်တည်း စိုက်ကြည့်လိုက်ကြသည်။

ဘယ်လိုဖြစ်ဖြစ်၊ ကုလျန်ရုန်က ဒီတစ်ကြိမ် မြို့ကြီးကို သွားသည့်တစ်ဦးတည်းသောသူ မဟုတ်ချေ။

လူတိုင်းထံမှ မေးခွန်းထုတ်သည့် အကြည့်ကို လက်ခံရရှိပြီးနောက်၊ ကုလျန်ရွှမ် ဖြေလိုက်သည်။ "ဒါက အားသွင်းဘက်ထရီပါရှိတဲ့ စားပွဲတင်မီးအိမ်ပါ။ ဘက်ထရီက သာမန်ဘက်ထရီ မဟုတ်ဘဲ နေအောက်မှာ အားသွင်းလို့ရတဲ့ ဘက်ထရီပါ။"

"ဘာကိုဆိုလိုတာလဲ?" ကုပေါင်ကော စိတ်ရှုပ်သွားပြီးမေးလိုက်သည်။ "ဒီအရာရဲ့ဘက်ထရီကို အားသွင်းနိုင်တုန်းပဲလား?"

ဤလူများ အပြစ်ရှာနေသည် မဟုတ်ဘဲ၊ ဘက်ထရီကို အားသွင်းနိုင်သေးသည် ဆိုသော စကားကို သူတို့ တစ်ခါမှ မကြားဖူး၍ဖြစ်သည်။

ယနေ့ခေတ်တွင်၊ ဓာတ်မီးသည် အိမ်တွင် ကြီးမားသော ပစ္စည်းတစ်ခုဟု မှတ်ယူကြပြီး ဓာတ်မီးတွင်ပါလာသည့် ဘက်ထရီများက စျေးကြီး၍ အသုံးပြုရန် ယေဘုယျအားဖြင့် ဝန်လေးတတ်ကြသည်။ အိမ်ထောင်စုတိုင်း ညဘက်တွင် ဖယောင်းတိုင်တစ်တိုင်ပင် ချွေတာတတ်သည်။

တစ်လုံးကို တစ်ကျပ်ခွဲပေးရသော ဘက်ထရီအမျိုးအစား၊ ကုန်သွားသောအခါ အားသွင််းနိုင်သည်ဆိုသည်ကို သူတို့တစ်ခါမှ မကြားဖူး။

ဘယ်လိုသွင်းရသည်လဲ။

သူတို့ နားမလည်ပေ။

သို့‌သော် ကုလျန်ရွှမ် ဒါကို မရှင်းပြနိုင်။ ရက်အနည်းငယ်ကြာအောင် ရထားပေါ်တွင် လေ့လာခဲ့သော ကုလျန်ရုန်ပင်လျှင် သူ့ဘာသာသူ သိမြင်လာသော်လည်း ဒီလူများကို ဘယ်လို ရှင်းပြရမှန်းမသိချေ။

သို့သော် ဒီမီးခွက်ကို ပလပ်ထိုးစရာမလို၊ အပိုဘက်ထရီဝယ်စရာလည်း မလိုကာ၊ နေ့အချိန်တွင် နေရောင်ပြရန်သာ လိုအပ်ပြီး ညဘက်တွင် လင်းလာမည်ဖြစ်သည်။ ဤအရာသည် အလွန်ကောင်းသောအရာဖြစ်သည်ကိုတော့ လူတိုင်းသိလိမ့်မည်။

ကုပေါင်ကော အံ့အားသင့်သွားသည်။

အငယ်ဆုံးကုလျန်ရုန် မီးခွက်ကို ဒီအနေအထားအတိုင်း လှည့်လိုက်ပြီး နောက်တစ်ကြိမ် ထပ်လိမ်လိုက်လျှင် သူ့လက်ထဲတွင် ဓာတ်မီးတစ်လက် ဖြစ်သွားသည်ကို ကုပေါင်ကောမြင်လိုက်သည်။

ဘက်ထရီအတွက် ပိုက်ဆံကုန်စရာမလိုဘဲ တစ်ချိန်လုံးသုံးနိုင်သော ဓာတ်မီးကလည်း ကြီးကြီးမားမားကိစ္စဖြစ်သည်။

ကုပေါင်ကော သက်ပြင်းချရင်း "မြို့ကြီးမှာ ကောင်းမွန်တဲ့ အရာတွေ အများကြီး ရှိတာပဲ!" သူတို့၏ သေးငယ်သော ချွီကျန်းခရိုင်က မြို့ကြီးနှင့် မည်သို့ယှဉ်နိုင်မည်နည်း။

ခရိုင်မြို့က မှောင်ခိုဈေးတွင် အကောင်းစား ပစ္စည်းများ အများကြီး မြင်ဖူးသော ကျန်းရှို့ရှန်ပင်လျှင် ဤရှားပါးသော စားပွဲတင်မီးအိမ်အား ဘာမှမတတ်နိုင်စွာ မက်မောနေမိသည်။

All Chapters