← Chapters

အခန်း(၅၇)

Vol. 5 Ch. 57

အခန်း(၅၇)

Vol. 5 Ch. 57

ကုလျန်ရွှမ်နှင့် ကုလျန်ရုန် နာခံစွာ နောက်သို့် ‌တစ်မီတာဆုတ်လိုက်သည်။

ကျန်းထျန်် လက်ပတ်နာရီကို ပြန်ကြည့်ရာ မျက်လုံးထောင့်ကနေ စျေးရောင်းသူ၏ စိတ်အေးသွားသည့်အမူအရာကို မြင်လိုက်သည်။ ကုလျန်ရွှမ်နှင့် တခြားသူများ လာရောက်လုမည်ကို စျေးရောင်းသူ ကြောက်မည်ဟု သူမ ခန့်မှန်းမိရာ အခု တကယ်မှန်သည်။

ကျန်းထျန် -

သူမ ကုလျန်ရွှမ်နှင့် တတိယကလေးကို တိတ်တိတ်ပြန်ကြည့်လိုက်ရာ ဒီနှစ်ယောက်က အရမ်းချောမနေဘူးလား? မိန်းကလေးငယ်လေးကို တကယ်ကြောက်လန့်စေသည်။

ကျန်းထျန် သူမအင်္ကျီလက်ဖြင့် နာရီထည့်ထား‌သော အကြည်ရောင်ဘူးကို သတိထားထိလိုက်ပြီး တန်ဖိုးထားအံ့သြချင်ယောင်ဆောင်ကာ စျေးရောင်းသူကို မေးလိုက်သည်။

"အစ်မ၊ ဒီနာရီတွေက ဘာ Brandလဲ? ညီမက ရွာက‌ဆိုတော့ ဒါတွေကို အရင် မမြင်ဖူးဘူး။ အစ်မ ညီမကို သေချာပြော‌ပေးလို့ရလား?"

စျေးရောင်းသူက စတိုးဆိုင်တွင် ‌သေချာလေ့ကျင့်ထားပြီး ကောင်တာက ထုတ်ကုန်များအတွက် တာဝန်ရှိသည်။ တစ်ယောက်တည်း မလုပ်နိုင်ခင် သေချာနားလည်ရမည်။

ဒီစျေးရောင်းသူက ရက်ပိုင်းလေ့ကျင့်ပြီးပြီဖြစ်ကာ သူမ တာဝန်ယူထားသော လက်ပတ်နာရီကောင်တာက များ‌သောအားဖြင့် အေးစက်နေပြီး ‌အရောင်းအဝယ်မရှိ။ လက်ပတ်နာရီ‌လာဝယ်သော‌ ဝယ်သူများက သူမအကြံကို မမေးဘဲ ပိုနား‌လည်သော တစ်ယောက်ကို ခေါ်ခိုင်းသည်။

ဘယ်သူက သူမကို အလွန်ငယ်ရွယ်ပြီး အမျိုးသမီးတစ်ယောက်ဖြစ်အောင်လုပ်ထားသနည်း?

လက်ပတ်နာရီလာဝယ်သော လူများအားလုံးက လူအိုကြီးများဖြစ်ကာ ဘယ်သူမှ အိမ်က အမျိုးသမီးများအတွက် ဝယ်မပေးချင်။

အခု ကျန်းထျန်က သူမကို မေး၍ စျေးရောင်းသူ အလိုအလျောက် သူမခါးကိုမတ်လိုက်သည်။ သူမ အတော်အများကြီး သိသည်။

သူတို့ကိုယ်သူတို့ နားလည်တတ်ကျွမ်းသည်ဟု ထင်သော လူများပင်် လက်ပတ်နာရီအနည်းငယ်ပဲ မြင်ဖူးသည်။ သူမက တကယ် မရေမတွက်နိုင်သော လက်ပတ်နာရီပေါင်းစုံကို ဖတ်ဖူးသည်။ လက်ပတ်နာရီထုတ်လုပ်‌သောစက်ရုံက ထုတ်ကုန်မန်နေဂျာမှလွဲ၍ ဘယ်သူမှ သူမထက် ပိုမသိ။

ညီမ ‌စျေးရောင်းသူ ရပ်သွားကာ ဒီလှပသောညီမလေးက သူမကို အစ်မဟု ခေါ်၍ သူမလည်း ‌အခေါ်အဝေါ်ပြောင်းလဲကာ "ညီမလေး...." ပြောပြီးမှ တစ်ခုခုမှားနေမှန်း စျေးရောင်းသူ သတိထားမိလိုက်သည်။

တခြားသူများကို ညီမလေးဟု ခေါ်သည်က တစ်ချက်နားထောင်ရုံနှင့် လူယုတ်မာအသံနှင့်တူသည်။ ကံကောင်းစွာ သူမက မိန်းကလေးဖြစ်ပြီး ဒီမိန်းမလှလေးကလည်း သူမခင်ပွန်းနှင့် လာ၍ပင်။ မဟုတ်လျှင် သူမ ကြောင်တောင်တောင် ခံစားရမည်။

သူမသာ ထူးဆန်းသည်ဟု ခံစားရသည်မဟုတ်။ ကျန်းထျန်လည်း ထူးဆန်းသည်ဟု ခံစားမိသည်။ မိန်းကလေးငယ်တစ်ယောက်၏ ညီမလေးဟု အခေါ်ခံရ၍ ကျန်းထျန်:

‌

လောကကြီးကို မမြင်ဖူးသော ရွာသူရုပ်ကို ထိန်းထားရ၍ သူမကိုယ်ပေါ်က ကြက်သီးများကို မပွတ်နိုင်။

"အစ်မ၊ ညီမကို ထျန်ထျန်လို့ ခေါ်လို့ရပါတယ်" ကျန်းထျန် နှုတ်ခမ်းထောင့် အနည်းငယ်တွန့်ကာ ကြောင်တောင်တောင် နိုင်နေသည်ကို ပျောက်ရန် ပါးစပ်‌ဟလိုက်သည်။

ကျောက်ဟုန်မေ မျက်တောင်ခတ်ကာ ပြန်ပြောလိုက်သည်။ "ဒါဆို အစ်မကိုလည်း ဟုန်မေလို့ ခေါ်ပါ။ အစ်မနာမည်က ကျောက်ဟုန်မေ"

" အစ်မဟုန်မေ၊ အစ်မနာမည်က တကယ်ကောင်းတာပဲ" ကျန််းထျန် ထိုင်ခုံပေါ်ထိုင်ကာ ပြုံး၍ အော်ပြောလိုက်သည်။ " မထူးဆန်းဘူး။ ထူးခြားတယ်လို့ ညီမထင်တယ်"

ကျောက်ဟုန်မေ နားများ ‌တွန့်သွားကာ မျက်လုံးများက ကျန်းထျန်ကို စိုက်ကြည့်နေပြီး ကျန်းထျန် သူမကို ဘယ်လိုပြောမည်ကို တကယ်ကြားချင်သည်။

"အစ်မဟုန်မေ နာမည်က ဟုန်မေဆိုတော့ ပိုင်မေနဲ့ ကွဲတယ်။ ဆောင်းရာသီမှာ နေရာတကာက နှင်းမှုန့်တွေကြားထဲက အထင်ရှားဆုံးဇီးပန်းပွင့်။ လူတိုင်းပထမဆုံးမြင်မှာက ဟုန်မေ။ အစ်မဟုန်မေ၊ အစ်မက အရမ်းထင်ရှားတာပဲ!"

ဒါကို ကြား၍ ကျောက်ဟုန်မေ မသက်မသာ သူမပါး‌ပေါ်က မှဲ့ခြောက်များကို ဆံပင်ဖြင့် ဖုံးရန် ဆံမြိတ်များကို ဖြီးနေသည်။ သူမမျက်နှာက မှဲ့ခြောက်များက တကယ် မျက်နှာမွဲစေကာ ဒါကြောင့် သူမ အခု အသက်၂၃ရှိပေမယ့် လက်တွဲဖော် မ‌တွေ့‌သေးပေ။

မျက်နှာပေါ်က မှဲ့ခြောက်များကြောင့် အရင်အလုပ်က လုပ်ဖော်ကိုင်ဖက်များက သူမကို လှောင်‌ပြောင်၍ သူမ သည်းမခံနိုင်သဖြင့် အလုပ်အသစ်ရှာလိုက်သည်။ အလုပ်အသစ်က စတိုးဆိုင်ဖြစ်ကာ စျေးရောင်းသူဖြစ်မည်ဟု မထင်မှတ်ထား!

စျေးရောင်းသူက နေ့တိုင်း လူတိုင်းနှင့် ဆက်ဆံရ၍ သူမ လက်လျှော့ချင်သော်လည်း သူမမိဘများနှင့် အစ်ကိုများက သူမအရင်အလုပ်မှ ‌ပြောင်းရန် မိတ်ပျက်ပြီး ယွမ်ရာချီပေးလိုက်ရသည်ပြော၍ သူမထပ်ပြီး အလုပ်မပြောင်းဖြစ်တော့။

ကျောက်ဟုန်မေ၏ လျော့ကျနေသောပုခုံးများနှင့် ဆံမြိတ်ထူထူအောက် မိမိကိုယ်ကို သိမ်ငယ်နေခြင်းကို မြင်နေရ၍ ကျန်းထျန် ဆက်‌ပြောလိုက်သည်။

"ထက်မြက်ပြီး ထူးခြားတဲ့ စိတ်နေစိတ်ထားနဲ့၊ ရိုးရိုးကြည့်ကောင်းတဲ့ မိန်းကလေးတွေထက် မျက်စိအာရုံပိုဖမ်းစားတယ်!"

ကျန်းထျန် ပြောသည့်ပုံအရ သူမက ကွဲပြားကာ ကြည့်ကောင်းရုံသာမက စိတ်ကောင်းလည်းရှိသည်ကို ကြား၍ ကျောက်ဟုန်မေ နေရာ‌တွင် ကြောင်နေကာ သူမမျက်လုံးရှေ့က ကျန်းထျန်သာ လက်ဝေ့ရမ်းမနေလျှင် သူမ သတိပြန်လည်မည်မဟုတ်။

ကလေးအရွယ်မှ လူကြီးဖြစ်သည်ထိ တစ်ယောက်က သူမကို ချီးကျူးသည်ကို ကြားရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ တရုတ်နှစ်သစ်ကူး အိမ်လာလည်သောအမျိုးများကဲ့သို့ အပေါ်ယံလေသံနှင့်မဟုတ်။

အမျိုးများ၏ မျက်လုံးများက သူမမျက်နှာပေါ်က မှဲ့ခြောက်များပေါ် အချိန်အကြာကြီး ကြည့်ပြီးနောက် ထိုအချိန်တွင် အမျိုးများ အံ့သြသွားသည်လား သူမကို ဘယ်လိုချီးကျူးရန် အ‌လွန်စဥ်းစားနေသည်လား မသိနိုင်။ သို့‌သော် ထိုလူများ၏ သေချာ‌ကြည့်ပြီး သူတို့မျက်လုံးထဲ မနှစ်သက်သည့်အရိပ်အယောင်ကို သူမ ရင်ဆိုင်ရ‌သောအခါ စိတ်ထဲ ဝမ်းနည်းမိသည်။

ထိုအမျိုးများ စိတ်မပါစွာ ခြောက်ကပ်ကပ်မြှောက်ပြောသည်ကို ကြားရသည် ဒီကလေးမက တကယ်ရိုးသားတယ်။ ရိုးသားတယ်။ သူတို့အားလုံး သူမကို ဖော်ပြရာတွင် ရိုးသားသည်ကိုသာ သုံးသည်။ သူတို့ စကားပြောနိုင်သော်လည်း တခြားစကားလုံးမရှာနိုင်။ ဒီမိန်းကလေးဘဝက တကယ်ကောင်းသည်။ သူမမိဘများနှင့် အဘိုးအဘွားများအားလုံးက အလုပ်သမားများဖြစ်ပြီး သူမကို အလိုလိုက်သောအကိုနှစ်ယောက်ရှိသည် စသဖြင့်စကားများက သူတို့ရှုံးသည့်ဘက်မှဖြစ်၍ အများစုလူများ ဒါကို မပြောကြပေ။

ရိုးသားသည့်စကားလုံးအပြင် သူမ အခုထိကြီးပြင်းလာ၍ သူမ သမီးကအရမ်းကြင်နာတာပဲ´ သမီးက နဖူးအပြောင်ထားတာထက် ဆံမြိတ်နဲ့က ပိုလိုက်တယ်´ `သမီးဆံပင်က အရမ်းလှတယ်´ စသဖြင့် စကားလုံးများသာကြားဖူးသည်။ ချီးကျူးခြင်းနှင့် အတူ တိတ်တဆိတ်ကဲ့ရဲ့နေသည်ကို ဘယ်သူက မသိလို့လဲ?

ထို့ကြောင့် အခု ဒီလိုစိတ်ရင်းနှင့် ချီးကျူးသည်ကို သူမ ပထမဆုံးကြားဖူးသည်ဖြစ်သည်။ နားထောင်လျှင် အတုအယောင်နှင့် မတူကာ သူမမျက်နှာ‌ကို ‌ပြောသောမှတ်ချက်လည်းမဟုတ်။ စိတ်နေစိတ်ထားဟူ‌သော စကားလုံးအသစ်ဖြစ်သည်။

ကျောက်ဟုန်မေ နှုတ်ခမ်းထောင့် မြင့်သွားကာ သူမ ခဏနားမလည်လျှင်တောင် ထက်မြက်ပြီး ထူးခြားသည်က စကား‌ကောင်းများ ဖြစ်သည်ကို သူမသိသည်။ သူမမျက်လုံးကျယ်သွားကာ ကျန်းထျန်ကို ကြည့်ပြီး နောက်ထပ်‌ပြောမည်ကို စောင့်နေသည်။

ကျန်းထျန် ဆက်မပြောဘဲ ကျောက်ဟုန်မေ၏ ဆံမြိတ်ထူထူကို တစ်ချက်ကြည့်ရန် လက်ကမ်းလိုက်သည်။

ကျန်းထျန် မြန်မြန်လှုပ်ရှားလိုက်၍ ‌ကျောက်ဟုန်မေ ပြုမူချိန်မရဘဲ သူမ သတိဝင်လာသောအခါ သူမဆံမြိတ်ကို အတင်ခံလိုက်ရပြီး နဖူးတွင် အေးသည်ကို ခံစားလိုက်ရသည်။

‌

ကျောက်ဟုန်မေ အနည်းငယ်စိတ်လှုပ်ရှားနေသော်လည်း ကျန််းထျန်လက်ကို အမြန်ဖယ်မထုတ်။ ကျန်းထျန်က စိတ်ယုတ်မရှိသည်ကို သူမခံစားနိုင်သည်။ ကျန်းထျန် သူမမျက်နှာပေါ်က အမှတ်များကို မြင်သောအခါ တခြားသူများကဲ့သို့ ရွံ့သည့်အမူအရာကိုလည်း မပြ။ ဆန့်ကျင်ဘက်အနေနှင့် အလွန်တည်ငြိမ်သည်။ ကျန်းထျန်က တည်ငြိမ်စွာ ပြောသေးသည်။ " အစ်မနဖူးပေါ်အောင် ဆံမြိတ်ကို တင်ထားတာ ပို‌ကြည့်ကောင်းတယ်လို့ ညီမထင်တယ်"

တခြားတစ်ယောက် ၏မျက်လုံးကိုကြည့်သည်က စကားပြောရာတွင် အပြုအမူကောင်းဖြစ်သည်။ အထူးသဖြင့် သင်က တဖက်သူ ‌ပြောသည်ကို နားထောင်‌ကြောင်း ပြသရန်၊ အထူးသဖြင့် ကျောက်ဟုန်မေက စျေးရောင်းသူဖြစ်၍ ဝယ်သူများ၏ လိုအပ်ချက်များကို ပိုနားထောင်ရန်လိုအပ်သည်။ သူမ ဆံပင်ချထားပြီး မျက်လုံးအုပ်ထား၍ လူတွေကို အုံ့မှိုင်းပြီး ခက်ခဲသည်ဟု ထင်‌စေသည်။ ဝယ်သူက သူ့မေးခွန်းများကို တုံ့ပြန််မှုဖြင့်သာ မဆုံးဖြတ်နိုင်။

" အစ်မမျက်နှာပေါ်က မှဲ့ခြောက်တွေကြောင့် အစ်မဟုန်မေ ဆံမြိတ်ကို ချထားတာလား?" ကျန်းထျန် ကျောက်ဟုန်မေဆံမြိတ်ကို ပြန်ချလိုက်ပြီး ဆံပင်ကို ညင်သာစွာ ထိကာ သူငယ်ချင်းတစ်ယောက်ကဲ့သို့ ကြင်နာစွာ မေးသည်။

ကျောက်ဟုန်မေ ခေါင်းညိတ်ပြီး နှုတ်ခမ်း‌စေ့ကာ ဘာမှတော့ မပြော။ သို့သော် ဒါက မှဲ့ခြောက်ဟူ‌သော စကားလုံးကို သူမ ပထမဆုံးကြားဖူးသည်ဖြစ်သည်။ အရင် သူမကြားဖူးသမျှက အမှတ်ဖြစ်ကာ ရုပ်ဆိုးသည်။

ကျန်းထျန် လက်ခုပ်တီးကာ ဆက်ပြောသည်။ "ဒါက အမဟုန်မေ၏ ကိုယ်ပိုင်ထူးခြားချက်ပဲ!"

"ဘာ?" ‌ကျောက်ဟုန်မေ နားမလည်ဖြစ်သွားသည်။

"အစ်မ၊ အစ်မမျက်နှာ‌ပေါ်က အမှတ်တွေက မည်းပြီး ထူမနေဘူး။ အရောင်ဖျော့ပြီး ပါးတယ်။ လူတွေ ပထမဆုံးကြည့်ရင် အစ်မမျက်နှာပေါ်က မှဲ့ခြောက်တွေကို မဟုတ်ဘူး" ကျန်းထျန် ရှင်းပြလိုက်သည်။

"ဖျော့ပြီး သေးတဲ့မှဲ့ခြောက်တွေက အမဟုန်မေရဲ့ အားသာချက်တွေပဲ!" ကျန်းထျန် အရင်ဘဝက ဖတ်ဖူးသော ကာတွန်းစာအုပ်များတွင် ကျောက်ဟုန်မေကဲ့သို့ မှဲ့ခြောက်များရှိသည့် မိန်းကလေးများ၊ မှဲ့ခြောက်များနှင့် ဖက်ရှင်မော်ဒယ်များက ကိုယ်ပိုင်ထူးခြားချက်ဖြစ်ကာ ဘာမှမရှိသည်ထက် ပိုကောင်းသည်။

‌"ကောင်းတဲ့.... အားသာချက်?" ကျောက်ဟုန်မေ ကြောင်သွားသည်။ ဒါက ဘယ်လိုစကား‌ပြောမျိုးလဲ?

"အစ်မမှာ ကတ်‌ကြေးရှိလား?" ကျန်းထျန် လက်ကမ်းကာ ကျောက်ဟုန်မေကို မေးလိုက်သည်။

ကျောက်ဟုန်မေ ‌ကြောင်ရင်း ခေါင်းညိတ်လိုက်သည်။ သူမနေ့တိုင်း ဆံမြိတ်ကို ညှိ၍ မျက်နှာက မှဲ့ခြောက်များကို ဖုံးရန် အလှကုန်ပစ္စည်း အများကြီးလည်း ဝယ်သည်။ သူမလစာအများစုက ဤနေရာတွင် ကုန်သည်။

"ညီမ အစ်မကို ဆံပင်ညှပ်‌ပေးမယ်" ကျန်းထျန်က သာမန်လက်မှုပညာရှင်ဖြစ်သည်။ ဟင်းချက်ရာတွင် သူမ မလုပ်နိုင်။ မိုးပျံခုန်နိုင်ပြီး ဘန်ကီခုန်နိုင်ကာ လိပ်ဖမ်းရန် ပင်လယ်ထဲ သွားနိုင်သည်။ ကုန်းပေါ်တွင် သူမ လူဆိုးများကိုထိုးနိုင်ကာ လူကုန်ကူးသူများကို ကန်နိုင်သည်။

ကျောက်ဟုန်မေ သူမအိတ်ထဲမှ ကတ်ကြေးထုတ်စဥ် ကျန်းထျန်စကားများကို ကြားလိုက်သည်။ သူမ ‌အလွန်ကြောက်လန့်၍ အမြန်ပြန်သိမ်း‌ချင်‌သော်လည်း ကျန်းထျန်ကတော့ သူမဆံပင်ကို စညှပ်နေသည်။

ကျောက်ဟုန်မေ စိုးရိမ်ကာ ငြင်းဆန်ချင်ပေမယ့် သူမပုံခုံးပေါ် သံတုံးရှိသကဲ့သို့ သူမ လှုပ်ချင်သလို မလှုပ်နိုင်။

သို့သော် ကျန်းထျန်၏ တည်ငြိမ်နေ‌သောအမူအရာကို ကြည့်ရင်း ကျောက်ဟုန်မေ ရုတ်တရက် ကျန်းထျန်ကို အပြည့်အဝ ယုံကြည်မိသည်။

သူတို့နှစ်ယောက်ဆုံသည်မှာ မကြာသေးဘဲ ထျန်ထျန်၏ နာမည်အပြည့်အစုံ‌ကို ‌မသိသော်လည်း သူမ ထျန်ထျန်ကို ယုံနိုင်သည်။

ကျန်းထျန် ကျောက်ဟုန်မေ၏ ဆံမြိတ်ကို မလိုက်ပြီး အချိုးတကျခွဲကာ ဆံမြိတ်ကို အပေါ်ဖက် ဖြီးလိုက်ပြီး ပါးပါးလေးသာ ချန်ထားကာ ကတ်‌ကြေးဖြင့် စတင် ညှိသည်။

ကျောက်ဟုန်မေ နဖူးပုံစံက လှကာ မျက်နှာက အနည်းငယ်ဝိုင်းပြီး မှဲ့ခြောက်များက နှာခေါင်းနှင့် ‌နှာခေါင်းဘေးတွင် စုနေသည်။

အရင်က ကျောက်ဟုန်မေ၏ ဆံမြိတ်များက သူမမျက်တောင်များကို ကာနေ၍ လူတွေကြည့်လျှင် အမှတ်တမဲ့ ကျောက်ဟုန်မေ၏ မျက်တောင်များကို ကြည့်မိသော်လည်း မျက်တောင်များက အအုပ်ခံထားရ၍ သူတို့အကြည့် အောက်ရောက်သွားကာ မှဲ့ခြောက်များကို တန်းမြင်သွားသည်။

ဒီလိုဆံမြိတ်ထူထူက မှဲ့ခြောက်များကို မဖုံးရုံသာမက လူကို အုံ့မှိုင်းနေစေသည်။ လူတွေကိုအကြည့် အောက်ရောက်‌စေပြီး မှဲ့ခြောက်များကို ပိုအာရုံစိုက်‌စေသည်။

တကယ်က ကျောက်ဟုန်မေ ဆံမြိတ်ကို တင်ကာ ဆံပင် လှိုင်းတွန့်ကောက်ပြီး မျက်လုံးမိတ်ကပ်ကို ထူလိုက်လျှင် သူမအပေါ်မျက်နှာကို ပိုအာရုံစိုက်ကြမည်။ သူမမှဲ့ခြောက်များကို အာရုံစိုက်မိသည့်အချိန်တွင် အရင်ကြည့်ကောင်းသည်က စိတ်ထဲကျန်‌နေ၍ ဒီမှဲ့ခြောက်များက အဆင်တန်ဆာဖြစ်ကာ မျက်နှာတစ်ခုလုံးကို ပိုအမှတ်ရ‌စေသည်။

လူတိုင်း သိသည့်အတိုင်း နောက်မျိုးဆက်များတွင် ဒီလိုမှဲ့ခြောက်မိတ်ကပ်ခေတ်စားကာ အခု ‌ကျောက်ဟုန်မေက သဘာဝမှဲ့ခြောက်မိတ်ကပ်ကို ပြင်ထားသည်။ သို့‌သော် ‌ကျောက်ဟုန်မေက သူမကိုယ့်ကို သိမ်ငယ်နေ၍ ကျန်းထျန်မ သူမျက်လုံးများကို ဖော်ပြီး အာရုံစိုက်မိ‌သည့်နေရာ‌‌ပြောင်းရန် ဆံမြိတ်ပါးပါးလုပ်လိုက်သည်။

ဆံညှပ်ဆရာကျန်းထျန် ဆံမြိတ်ကို အမြန်ပြင်ကာ ကျောက်ဟုန်မေကို ကျစ်ဆံမြီကြီးကြီးပွပွလုပ်ပေးပြီး ပုခုံးပေါ် ချ‌ပေးလိုက်‌သည်။ သူမ ဒီနေ့အဝတ်အစားက အစိမ်းရောင်ပန်းများဖြင့် ဆင်ယင်ထား၍ ကျောက်ဟုန်မေကို သစ်တောထဲက မိန်းကလေးပုံစံဖြစ်စေသည်။

မှန်ယူပြီး ကျန်းထျန် ကျောက်ဟုန်မေကို သူမ၏အခုပုံစံကို ပြလိုက်သည်။ ကျောက်ဟုန်မေ မှန်ထဲက သူမကိုယ်ကို ကြည့်လိုက်ရာ ဘာပြောရမည်မသိ။ ကြောင်သွားကာ မယုံနိုင်။ မှန်ထဲက တစ်ယောက်က လှသည်ဟု ပြောသင့်သော်လည်း....

ရောင်ဝါလည်း ရှိသည်။ စိတ်နေစိတ်ထားကဲ့သို့ စကားလုံးဖြစ်ကာ ထျန်ထျန် ပြောသကဲ့သို့ တကယ်ထူးခြားသည်။ သူမက မြို့က လူများကဲ့သို့ ဖက်ရှင်ကျသည်ဟု ခံစားရသည်။

မဟုတ်သေးပါဘူး။ ကျောက်ဟုန်မေ ‌ပြုံးပြီး သူမက အစတည်းက မြို့ကမှန်း သ‌တိရသွားသည်။

" ထျန်ထျန် ဒီဆံပင်က အရမ်းလှတာပဲ!" ကျောက်ဟုန်မေ ကျန်းထျန်ကို ချီးကျူးလိုက်သည်။

‌

ကောင်တာနှင့်မနီးမဝေးက ကုလျန်ရုန်် ပြောင်းလဲသည့်ဖြစ်စဥ်ကို သူ့မျက်လုံးဖြင့် မြင်တွေ့လိုက်ရ၍ ဆွံ့အသွားသည်။ သူ သင်ယူစရာရှိသေးသည်ဟု ခံစားရသည်။

သူ့မရီးက တကယ် အံ့သြဖွယ်ဖြစ်သည်။ လူတွေနှင့် ပေါင်းသင်းရာတွင် ချိုသာရုံသာမက လက်မှုပညာများလည်း တက်ကျွမ်းရာ သူမနှင့် သူငယ်ချင်းမဖြစ်ရန်က ခက်ခဲသည်။

ကုလျန်ရုန် အတွေးလေးနက်သွားပြီး သူသည်လည်း ဤလမ်းကြောင်းအတိုင်း ကြိုးစားသင့်သည်ဟု သူခံစားလိုက်ရသည်။ နှုတ်ချိုသည်ကိုသာ အားကိုးနေပြီး ကြီးကြီးမားမား တစ်ခုခုဖြစ်လာသောအခါ ပြိုလဲမသွားဘဲ လက်တွေ့ ပြသသင့်သည်။

သူ့မရီးဆီက သင်ယူရမည်။

မရီးက တကယ့်ပညာရှင်!။

မဟုတ်လျှင် ကောင်တာရောက်လာသော တခြားသူတွေကို အရောင်းဝန်ထမ်းက ဘာကြောင့် လျစ်လျူရှုတာလဲ?။

အချိန်တိုလေးအတွင်းမှာပင် အရောင်းစာရေး၏ ဇနီးဖြစ်လုနီးပါး ဖြစ်လာသည်။

All Chapters