← Chapters

အခန်း(၅၉)

Vol. 5 Ch. 59

အခန်း(၅၉)

Vol. 5 Ch. 59

အိမ်မှာရှိတုန်းက ဘီးတပ်ကုလားထိုင် သုံးရသည်က အဆင်မပြေ‌၍ ထမင်းစားသည့်နေရာနှင့်နီးသော တစ်နေရာတွင်သာ နေရသည်။ ဘယ်သူမှ သူ့ကိုမတွန်းပေးလျှင် ခြံအပြင်ဘက်၌ နေရပြီး တခြားလူတွေအားလုံး ပင်မခန်းထဲ ဝင်သွားသည့်အခါမှ သူဝင်ရသည်။

ကျန်းထျန် မအောင့်နိုင်တော့။ လမ်းကြားထဲသို့ ခြေလှမ်းနှစ်လှမ်းလှမ်းပြီးနောက် ကျန်းထျန် လှည့်ကြည့်လိုက်ရာ ကုလျန်ရွှမ်ကို မမြင်ရတော့သည်ကို တွေ့လိုက်မှ ကုလျန်ရုန်ကို ဆွဲခေါ်ကာ မေးလိုက်သည်။ "မင်းအစ်ကို၊ သူ ပုံမှန် ဘာကို ကြိုက်လဲ?"

ဒီခံစားချက်ကို သူမ အသိဆုံးဖြစ်သည်။ ကိုယ်တိုင် မသွားနိုင်လျှင်တောင် ကုလျန်ရွှမ်အတွက် တစ်ခုခုပြန်ယူလာရမည်ဖြစ်သည်။ မဟုတ်လျှင် ကျန်းထျန်နှင့် သေချာပေါက် ပြန်လည်သင့်မြတ်မှာ မဟုတ်။

ကုလျန်ရုန် - ?

သူ့မျက်လုံးများ မီးလုံးများကဲ့သို့ တောက်ပလာသည်။

မရီးက အကိုကြီးအတွက် တစ်ခုခုဝယ်ချင်တာများလား?။

မရီး ဉာဏ်ပွင့်လာသည်လား?။

မရီးက ဟန်ဆောင်နေတာများလား။

ကုလျန်ရုန်၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။ ထိုအခါမှပင် သူ အချည်းနှီး စိုးရိမ်ပူပန်နေမှန်း သဘောပေါက်လိုက်သည်။ ဒီလူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် တွေးကြသည်ပဲ။

သူ့မရီးအတွက် နှုတ်ခမ်းနီဝယ်ချင်သော အကိုကြီးတစ်ယောက်၊ နောက်တော့ ကွယ်ရာမှာ အကိုကြီးအကြိုက်အကြောင်း မေးသော မရီး။

ကုလျန်ရုန် နားလည်လိုက်သည်။ သူက သူတို့နှစ်ယောက်ကြား အကျိုးဆောင်များလား?

ကုလျန်ရုန် - ....

သူ့အကိုကြီးအကျိုးအတွက် သူပေးဆပ်နိုင်ပါသည်။

"အစ်ကိုကြီးက စာဖတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အသားစားရတာ ကြိုက်တယ်။" ကုလျန်ရုန် ခဏစဉ်းစားပြီး သူ့အစ်ကိုကြီး၏ နှစ်သက်မှုကို ပြောလိုက်သည်။

ကျန်းထျန် - "... " ဒါက တော်တော်ရိုးရှင်းသည်။

"ဒါဆို အသားသွားဝယ်ရအောင်" ကျန်းထျန် သုံးမျိုးထဲတွင် အရိုးရှင်းဆုံး ဝါသနာကို ရွေးလိုက်သည်။

စာအုပ်တွေဝယ်တာ၊ မှောင်ခိုဈေးမှာ ဘယ်လိုစာအုပ်တွေရှိနိုင်လဲ? ဒါက သေချာပေါက် မဟုတ်သေးဘူး။ ကုလျန်ရွှမ် နေ့တိုင်း ဒိုက်ထိုးပြီး ထိုင်ထလုပ်နေသည်ကို သူမ တွေ့သည်။

ကုလျန်ရုန် ခေါင်းနောက်ကို ကုတ်လိုက်သည်။

ဝယ်... အသားဝယ်မှာလား?

"မရီး အခု အသားစိမ်း မချက်နိုင်ဘူးမလား"

"ကျွန်တော်တို့ အိမ်ပြန်သယ်ရင်တော့ သယ်ရခက်လိမ့်မယ်၊ နှစ်ရက်သုံးရက်လောက်ကြာရင် ပုတ်သွားနိုင်တယ်"

"အသားအစိမ်းမဝယ်နဲ့ ချက်ပြီးသား ဝယ်မယ်။” ကျန်းထျန် ပြောလိုက်သည်။

သူမ၏ နေရာလွတ်ထဲတွင် ချက်ပြုတ်ထားသော အစားအစာများ ဧရိယာတစ်ခု ရှိပြီး ပစ္စည်းအချို့ကို ရွေးထုတ်ကာ ကုလျန်ရွှမ် ကောင်းကောင်းစားနိုင်ရန် ထုတ်၍ရသည်။

ကုလျန်ရုန် ချီတုံချတုံ ခေါင်းညိတ်လိုက်ပြီး "...အဆင်ပြေပါတယ်"

သို့သော် အသားဝယ်လျှင် အစိုးရပိုင် စားသောက်ဆိုင်များက ပိုစျေးသက်သာပြီး ဘေးကင်းသည်။

သို့သော် ဒါက မရီးဆန္ဒ။ အစ်ကိုကြီး ငြင်းလျှင် သူကြားထဲက နေရခက်လိမ့်မည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ကျန်ထျန် မျက်နှာပေါ်ကို မျက်နှာသုတ်ပဝါဖြင့် သုတ်ကာ မျက်နှာကိုဖုံးရန် ဆံပင်ဖြင့်ကွယ်လိုက်သည်။ ကုလျန်ရုန်လည်း ထိုနည်းလည်းကောင်းပင် နံရံပေါ်ရှိ အညစ်အကြေးများကို မျက်နှာကိုသုတ်လိုက်ပြီး ပွတ်တိုက်ရာတွင် အတွေ့အကြုံများစွာရှိကာ မျက်နှာပုံစံ ဝေဝါးသွားစေသည်။

"ခဏလောက် အစ်မနဲ့ ဝေးဝေးနေလိုက်။ အစ်မတို့နှစ်ယောက်သွားရင် အရမ်းထင်ရှားလွန်းတယ်" ကျန်းထျန် နေရာလွတ်မှ တစ်စုံတစ်ခုကို ယူရန် အချိန်ကို ရှာဖွေရမည်ဖြစ်ပြီး ကုလျန်ရုန်ကို နောက်မှလိုက်ခိုင်း၍ မဖြစ်နိုင်ပေ။

ကုလျန်ရုန် ချီတုံချတုံဖြစ်ကာ"ဒါပေမယ့် အစ်ကိုက မရီးနောက်ကို လိုက်ဖို့ ပြောထားတယ်"

"ရပါတယ်၊ သူ အခု ဒီမှာ မရှိဘူး၊ အစ်မစကားကိုပဲ နားထောင်လိုက်" ကျန်းထျန် ဆက်ပြောလိုက်သည်။ "မင်းကို နောက်က လိုက်ခွင့်မပြုဘူးလို့ အစ်မ မပြောပါဘူး၊ ဒါပေမယ့် မင်း ခပ်ဝေးဝေးမှာ နေပြီးမှ အချိန်ရောက်လာတဲ့အခါ အစ်မကို စောင့်ကြည့်လို့ရတယ်၊ ဒီလို အဆင်​မ​ပြေဘူးလား?"

ကုလျန်ရုန်လည်း ထိုအကြောင်းကို တွေးခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ မှောင်ခိုဈေးကို လာရသည့် ရည်ရွယ်ချက်က ပစ္စည်းဝယ်ရန် မဟုတ်ဘဲ မရီး အသစ်အဆန်းကြည့်ခွင့်ရရန်နှင့် သူ မရီးကို စောင့်ကြည့်ပေးသည်ဖြစ်သည်။

လမ်းသွယ်နှစ်သွယ် ကွေ့ပြီးနောက် နောက်ဆုံး မှောင်ခိုဈေးသို့ ထောင့်တစ်နေရာ၌ ရောက််သည်။

ရှည်လျား ကျဉ်းမြောင်းသော လမ်းကြားတစ်ခုဖြစ်ပြီး တစ်ဖက်တစ်ချက်စီတွင် မှောင်မည်းနေကာ ဈေးသည်များက နှစ်ဖက်စလုံးတွင် ဈေးဆိုင်များ ခင်းကျင်းထားသည်။

ကုလျန်ရုန် ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်နှစ်တာကာလက အများကြီး ဖြေလျှော့ပေးခဲ့ပြီး အရင်တုန်းကတော့ မှောင်ခိုဈေး ဒီလမ်းကျဉ်းလေးကို တောင်မှ၊ ဖျက်ပစ်လိုက်တယ်။"

"'ပြေး' လို့အော်သံကြားရင် မရီး ကျွန်တော့်ဆီလှည့်လာပြီး၊ ပြန်ပြေးကြမယ်။ တတ်နိုင်သမျှ မြန်မြန်ပြေးရမှာ မရီးသိပြီလား?"

ကျန်းထျန် မျက်နှာသုတ်ပုဝါကို ကောက်ယူပြီး ခေါင်းညိတ်ပြကာ "သိပါတယ်။ အချိန်ကျရင် မင်းကိုယ်တိုင် ပြေးလို့ရတယ်၊ အစ်မအတွက် စိတ်မပူပါနဲ့"

ကုလျန်ရုန် - "...အမေနဲ့ အစ်ကိုကြီးက ကျွန်တော့်ကို အိမ်က နှင်ထုတ်ပစ်မှာကို ကြောက်တယ်။"

ကျန်းထျန် - "... "ဒါက သူ့သဘောနဲ့သူ မဖြစ်နိုင်ဘူး" "ဟုတ်ပြီ"

သူမသဘောတူမှ ကုလျန်ရုန် သက်ပြင်းချလိုက်သည်။ ကျန်းထျန်က သူ့နောက်ကျောတွင် ဖြစ်ကာ သူ လှည့်ကြည့်လိုက်သောအခါ သူ့ကို တုပပြီး သူမမျက်နှာပေါ် နံရံပေါ်က အညစ်အကြေးများ အင်္ကျီကို သုတ်လိုက်သည်။

ကုလျန်ရုန် - .....

ကျန်းထျန် လမ်းကြားထဲသို့ ဝင်ပြီး စျေးသည်များနှင့် စကားပြောရန် အလျင်စလိုမဖြစ်။ ထိုအစား၊ ဒီမှာ လူတွေ ဘယ်လို ရောင်းဝယ်ဖောက်ကားကြသလဲ၊ စျေးသည်တွေ လက်ထဲမှာ ဘာတွေပါလဲ ဆိုသည်ကို အရင်လေ့လာမည်။ ဘေးကနေ ဒီက ဈေးတွေ နားထောင်ပြီး စကားမပြောခင် အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းလိုက်သည်။

ကျန်းထျန် နံရံကို မျက်နှာမူကာ ရပ်လိုက်ပြီး သူမနှင့် မီတာဝက်အကွာတွင်ရှိသော ဈေးရောင်းသမားအား ဟု တိုးတိုးလေးခေါ်သည်။

"မရီး အရင်သွားနှင့်၊ ကျွန်တော် နောက်က လိုက်ခဲ့မယ်" ကုလျန်ရုန် အတွင်းလမ်းကြားကို ညွှန်ပြလိုက်သည်။

“ဟိုင်ရှစ်တံဆိပ်က တစ်ဘူးကို ဆင့် ၅၀၊ လက်မှတ်မလိုဘူး” ဟု စျေးရောင်းသမားကတိုးတိုး ပြန်ဖြေသည်။ ယာရွှမ်းက တစ်ဘူးကို ၇၀ ဆင့်၊ လက်မှတ်မလိုဘူး။"

"စျေးကို တူတူထားလို့ရပါတယ်။" ကျန်းထျန် စျေးဆစ်လိုက်သည်။

ဈေးရောင်းသမား - ....

လူကောင်းလေး၊ မင်းက ယာရွှမ်း ကို ဟိုင်ရှစ်ဈေးနဲ့ ဖြတ်လိုက်တာပဲ။

"မရဘူး" သူ့လက်ကို ပြန်ရုတ်လိုက်သည်။

"ဒါဆို ဆယ်ဆင့်လျှော့" ကျန်းထျန် ထပ်ပြောလိုက်သည်။

ဈေးသည် တုံ့ဆိုင်းသွားသည်။ အခုက နွေရာသီဖြစ်၍ ခရင်မ်နဲ့ ဂုံးဆီလုပ်ငန်းက မလွယ်ကူလှပေ။ သူဒီမှာထိုင်နေသည်က ရက်အနည်းငယ်ကြာပြီဖြစ်ကာ ဒါက ပထမဆုံး အရောင်းအဝယ်ဖြစ်သည်။

ကောင်းစွာ စျေးဦးဖောက်ရင်း အစပြုရန် စဉ်းစား၍ ဈေးရောင်းသမား ခေါင်းညိတ်ကာ လက်ကို ခြင်းတောင်းထဲသို့ ထည့်ပြန်သည်။

သို့သော်လည်း ကျန်းထျန် ပြောလိုက်သည်။ "ညီမကို ခြင်းတောင်းနဲ့ ထည့်ပေးလို့ရမလား" သူမ အလျင်အမြန်လာခဲ့ရ၍ ဘာမှမယူလာနိုင်သည့်အပြင် ခရီးဆောင်အိတ်ထဲတွင် ခြင်းတောင်းလည်းမရှိပေ။

စျေးရောင်းသူရဲ့လက်ထဲက တောင်းကို ကြည့်လိုက်တော့ မဆိုးလှပေ။ ဝါးအစင်းများက သေးငယ်ပြီး ထူထပ်ကာ အတွင်းပိုင်းရှိ အရာများကို ပိတ်ကာ မမြင်နိုင်၍ အဆင်ပြေသည်။ လမ်းပေါ်က အရည်အသွေးအကောင်းဆုံး တောင်းဖြစ်သည်။

စျေးရောင်းသူ - "... "ဒါက အခွင့်ကောင်းယူနိုင်သော လူတစ်ယောက်ကို ပထမဆုံး တွေ့လိုက်ခြင်းဖြစ်သည်။

သို့သော် ဒီလုပ်ငန်းအတွက် ပထမအကြိမ်ဖြစ်၍ ခြင်းတောင်းကိုဆွဲထုတ်ပြီး ခရင်မ်နှစ်ဗူးထည့်ကာ ကျန်းထျန်ဘက်လှည့်ပြီး "ပိုက်ဆံပေးပါ "

သူတို့ တယောက်နှင့်တယောက် လွှဲပေးလိုက်ပြီး ကျန်းထျန် ခြင်းတောင်းကို ရသောအခါ "လူငယ်လေးက စစ်မှန်ပြီးတော့ စိတ်ရင်းလည်းမှန်တယ်" ဟုပင် ချီးကျူးလိုက်သေးသည်။

အသေးစားရောင်းသူ - "... " မှောင်ခိုဈေးတွင် စီးပွားရေးလုပ်ရာ၌ ဒီလို 'ချီးကျူးသံ' ကို မကြားချင်ဆုံးဖြစ်သည်။

ခြင်းတောင်းတစ်လုံးနှင့် ကျန်းထျန်လှည့်ပတ်ကြည့်ရှုပြီး အထည်ရောင်းသူလေးတစ်ဦးကို တွေ့ရှိခဲ့သည်။

သူမ မီတာဝက် အကွာအဝေးတွင် မတ်တပ်ရပ်ကာ နံရံကို မျက်နှာမူပြီး"အထည်ကြမ်း၊ ချည်သားကောင်းကောင်း" ဟု ရောင်းချသူအား ပြောလိုက်သည်။

" အဝတ်ကြမ်းက တစ်ပေခြောက်ဆင့်။"

"ချည်ထည်က တစ်ပေကိုးဆင့်"

ကျန်းထျန် စဉ်းစားမနေဘဲ “ဒါက အရမ်းဈေးကြီးတယ်။”

"အကြမ်းထည်က တစ်ပေကို ၃ဆင့်၊ နှစ်ပေ၊ မီးခိုးရောင်လိုချင်တယ်။"

ရောင်းသူ - "..." တစ်ဝက်ဖြတ်တာလား?

၃ဆင့်နှင့် အမြတ်ရလျှင်တောင် စျေးနှုန်းက အရမ်းသက်သာ‌နေသည်။ ဒါက မှောင်ခိုဈေးဖြစ်သည်။

အသေးစားရောင်းချသူ - "ငါးဆင့်"

ကျန်းထျန် - "သုံးဆင့်"

အသေးစားရောင်းချသူ - "လေးဆင့်"

ကျန်းထျန် - "ယူမယ်!"

အသေးစားရောင်းချသူ - ခုနက သဘောမတူနေတာ မဟုတ်ဘူးလား?

ကျန်းထျန် ပိုက်ဆံပေးသောအခါ လမ်းဘေးဈေးသည်လေး၏ သံသယမျက်လုံးတွေကို မမြင်ချင်ယောင်ဆောင်လိုက်သည်။

သူမ ခြင်းတောင်းထဲသို့ အဝတ်တစ်စထည့်ကာ ခြင်းတောင်းကို အခြားတစ်စဖြင့် ဖုံးကာ တစ်ဖန်ပတ်ကြည့်သည်။ အစိမ်းရောင် ရာဘာဖိနပ်တစ်ရံကိုလည်း ဝယ်ခဲ့သည်။ ခြောက်ယွမ်လောက် ကုန်ကျကာ ကုလျန်ရွှမ်အတွက် ဖြစ်သည်။

ယခုတစ်ကြိမ် မှောင်ခိုဈေးသို့ မလာရသည့်အတွက် အမှတ်တရ လက်ဆောင်တစ်ခုလည်း ဖြစ်သည်။

အလယ်တွင် ကြီးမားသော ပစ္စည်းများ အရောင်းအ၀ယ်ပြုလုပ်သည့် ဆိုင်ကြီးတစ်ခု ပေါ်လာသည်။ ကျန်းထျန် မျက်လုံးများကို မှိတ်လိုက်ပြီး နေရာလွတ်မှ နာရီထုတ်ပြီး အိတ်ကပ်ထဲမှ နာရီတစ်လုံးကို ထုတ် ဟန်ဆောင်လိုက်သည်။

"နာရီဝယ်မှာလား?" ဤတစ်ကြိမ်တွင် မီတာဝက်အကွာ နံရံကို မျက်နှာမမူဘဲ ကုလျန်ရုန်အကြည့်ကို ကွယ်ကာ ရောင်းချသူနှင့် စကားပြောလိုက်သည်။

စျေးရောင်းသူ ရုတ်တရက် သူ၏စွမ်းအင်ကို ပြန်လည်ရရှိသကဲ့သို့ခံစားရပြီး သူ၏လက်ဖဝါးများနှင့် နှိုင်းယှဉ်လိုက်ကာ "တစ်ရာ့သုံး"

ကျန်းထျန် လက်ပတ်နာရီကို သိမ်းလိုက်ပြီး ထွက်သွားတော့မည့်ဟန်ပြင်လိုက်သည်။

စျေးသည် - "တစ်ရာ့ဆယ့်လေး!"

ကျန်းထျန် ဆက်လျှောက်လာလိုက်သည်။

လမ်းဘေးဈေးသည် “တစ်ရာ့ခြောက်ဆယ်၊ ပိုပေးလို့ မရတော့ဘူး၊ ပိုမြင့်ရင် အမြတ်လည်း ရမှာမဟုတ်ဘူး” ဟု ဆက်ပြောသည်။

နာရီဝယ်ရန် ဌာနဆိုင်တစ်ဆိုင်သို့ စက်မှုလက်မှု လက်မှတ်နှင့် ဝယ်သည်က တစ်ရာ သုံးရာ လေးရာကုန်ကျသည်။ အရာများက နှစ်ဆ သို့မဟုတ် သုံးဆတိုးလာသောကြောင့် တစ်ရာရှစ်ဆယ့်ကိုးဖြင့်သာ ရောင်းချနိုင်သည်။

အဲဒါက ထိပ်ဆုံးစျေးဖြစ်ကာ အခု သူက အရှုံးပေါ်အောင် လုပ်နေသကဲ့သို့ဖြစ်နေသည်။

"သဘောတူတယ်" နှစ်ယောက် ပိုက်ဆံကို လက်တစ်ဖက်နှင့် ပေးချေပြီး တစ်ဖက်နှင့် ပစ္စည်းပေးသည်။

ကျန်းထျန် သူမရလာသော ပိုက်ဆံများကို နေရာလွတ်ထဲ ထည့်လိုက်ပြီး တစ်ဆက်တည်းမှာပဲ အရင်အတိုင်း နောက်ထပ် ဆိုင်တချို့ကို စျေးစစ်ရန် သွားလိုက်သည်။

သူမနှင့် ကုလျန်ရုန် ဝေးကွာနေပြီး ကုလျန်ရုန် သူမကို တစ်ချိန်လုံး စိုက်ကြည့်မနေနိုင်၍ ကျန်းထျန် ဂရုမစိုက်ဘဲ နောက်တစ်ဆိုင်သို့ သွားလိုက်သည်။

ကုလျန်ရုန် ယခင်ဆိုင်တွင် ဈေးဝယ်နေသည်လားမသိပေ။

စျေးဝယ်ပြီးနောက် ကျန်းထျန် လမ်းလျှောက်ပြန်လာခဲ့သည်။

ကုလျန်ရုန် နားစွင့်ကာ အသံအနည်းငယ်ကြားရ၍ ကျန်းထျန်ဆီ အမှီလိုက်ကာ "တစ်ယောက်ယောက်လာနေပြီ၊ ပြေးကြမယ်!" သူပြောပြီးသည်နှင့် သူ့ရှေ့က လေပြင်းတစ်ချက်ကို ခံစားလိုက်ရပြီး မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်သောအခါ ကျန်းထျန် ကိုယ်က ပျောက်ကွယ်သွားသည်။

ကုလျန်ရုန် - "?!" အမေ!

သူလည်း မြန်မြန်ပြေးသည်။

သူတို့ကို ကြည့်ပြီး လမ်းကြားမှာရှိသော ဈေးသည်လေးများလည်း သူတို့ပစ္စည်းများကို ထုပ်ပိုးပြီး လှည့်ပတ်ပြေးကြသည်။

​​

ကျန်းထျန် လမ်းမှာနေပြီး နေရာလွတ်ထဲက ပစ္စည်းများကို အမြန်ထုတ်ယူပြီး ဝယ်ထားသောပစ္စည်းတွေကို နှစ်ကြိမ်ကူးယူကာ သူမလက်ထဲမှာရှိသော ပိုက်ဆံများကို နေရာလွတ်ထဲ ပစ်ထည့်လိုက်ပြီး လမ်းကြားမှ ထွက်လာချိန်တွင် နဂိုက ဗလာဖြစ်နေသော ဝါးတောင်းတစ်လုံးတွင် ကောင်းသောအရာများနှင့်ပြည့်နေပြီဖြစ်သည်။

ကုလျန်ရွှမ် လမ်းကြားအဝင်ဝကို စိုက်ကြည့်ရင်း ကျန်းထျန် ထွက်လာသည်ကို မြင်လိုက်ရ၍ ပစ္စည်းများသယ်ပေးရန် အမြန်သွားလိုက်သည်။

သူ ကျန်းထျန်အနောက်ကို ကြည့်ပြီး "တတိယကလေး ဘယ်မှာလဲ?"

ကျန်းထျန် သူမနောက်ကို လက်ညှိုးထိုးပြပြီး "တစ်ယောက်ယောက် လာနေတယ်ထင်တယ်၊ သူနောက်မှာရှိတယ်"

ကုလျန်ရွှမ် ကျန်းထျန် နောက်ကျောက ဝါးခြင်းတောင်းကို ချွတ်လိုက်ပြီး စတင်ကိုင်လိုက်သည်နှင့် လေးသည်ကို ခံစားလိုက်ရသည်။ သူ ပုံမှန်မဟုတ်သော ကိုယ်အလေးချိန်ကို အရမ်းသိချင်နေ၍ "တည်းခိုခန်းကို အရင်သွားရအောင်၊ တတိယကလေးက ခဏနေရင် လိုက်လာလိမ့်မယ်"

ကျန်းထျန် လမ်းကြားမှ ထွက်လာသောအခါ ကုလျန်ရုန်၏ အနေအထားနှင့် အရှိန်ကို ခန့်မှန်းကာ " ခဏကြာလောက်ဦးမယ်။ တည်းခိုခန်းကို အရင်သွားရအောင်။"

ကုလျန်ရွှမ် ဝါးတောင်းကို လက်တစ်ဖက်၊ ချိုင်းထောက်ကိုတခြားတစ်ဖက်နှင့်ကိုင်ကာ နှစ်ယောက်အရင်ပြန်သွားကြသည်။

ကုလျန်ရုန် ရောက်လာသောအချိန်​၌ သူတို့ ​ပျောက်​ကွယ်​သွားပြီဖြစ်သည်​။

သူ နံရံကိုမှီ၍ အသက်ပြင်းပြင်းရှုကာ ကျန်းထျန်လမ်းမသိဘဲ လမ်းမှားသို့ ပြေးသွားမိမလားဟု တွေးကာ လှည့်ကြည့်လိုက်သောအခါ ကုလျန်ရွှမ်၏ အရိပ်ကို မမြင်ရမှ သိလိုက်သည်။

ဒီလူနှစ်ယောက်က သူ့ကို ထားခဲ့ပြီး အရင်ပြန်သွားခဲ့သည်က ဖြစ်နိုင်သည်။

ကုလျန်ရုန် - "..." သူ၏ရှည်လျားသော ခြေတံရှည်တွေကို ကြည့်ပြီး သူ ကိုယ့်ကိုယ်ကိုယ် သံသယဝင်မိသည်ကို မထိန်းနိုင်။

မရီးက ဘာလို့ ဒီလောက် မြန်မြန်ပြေးနိုင်တာလဲ? ကိုယ်ရိပ်တောင် မရှိသည်က တကယ် အံ့သြဖွယ်ဖြစ်သည်။

သူ ဧည့်ရိပ်သာသို့ ပြန်ရောက်သောအခါ ကုလျန်ရုန် တံခါးကိုခေါက်လိုက်ပြီး တံခါးပွင့်လာသောအခါ သူ ထိုင်ခုံပေါ်ထိုင်ချလိုက်သည်။

"မရီးဘာလို့ ဒီလောက်မြန်မြန်ပြေးနိုင်တာလဲ" ကုလျန်ရုန် ရေသောက်ပြီး ပါးစပ်ကို သုတ်လိုက်ကာ ကျန်းထျန်ကိုကြည့်ပြီး "ပြီးတော့ မရီး ဘာလို့ ချွေးမထွက်သေးတာလဲ"

ကုလျန်ရွှမ် - "?" သူ ခေါင်းလှည့်ပြီး ကျန်းထျန်ကို မေးလိုက်သည်။ "မင်းထွက်ပြေးလာတာလား"

All Chapters