← Chapters

အခန်း(၆၃)

Vol. 6 Ch. 63

အခန်း(၆၃)

Vol. 6 Ch. 63

ကုလျန်မင် အိမ်နောက်ဖေးသို့ သွားကာ ပျားရည်ထည့်ထားသော ရေကိုယူ၍ ကျန်းထျန်၏ ဘေးတွင် ထိုင်လိုက်ပြီး "ယောက်မ၊ သူတို့အတွက် စိတ်မပူပါနဲ့ အစ်မအရင်စားပါ" ထို့နောက် သူမ ပျားရည်တစ်ပန်းကန်ကို လောင်းထည့်ပြီး ကျန်းထျန်ဘက် တွန်းပေးလိုက်သည်။

ကျန်းထျန် သူမအတွက် ထမင်းတစ်ပန်းကန်ထည့်ပြီး ရှောင်းဝူနှင့် ရှောင်းလျို ဘာလုပ်မည်ကို သိချင်သည်။

ရှောင်းဝူနှင့် ရှောင်းလျို လက်များကို ဆန့်တန်းပြီး သူတို့အတွက် ထမင်းပန်းကန်လုံးကြီး တစ်လုံးဖြည့်သည်ကို သူမ မြင်လိုက်ရသည်။ ပြီးတော့ ထမင်းပေါ်မှာ ပန်ကိတ်နှစ်ခုနှင့် ဟင််းရည်တစ်ဇွန်းကို လောင်းထည့်လိုက်တယ်။

သူတို့နှစ်ယောက် ခေါင်းကို ပန်းကန်လုံးထဲ နှစ်လိုက်ကြသည်။

ကျန်းထျန် - "..." ဟုတ်တယ်၊ ဒါက ဒီမိသားစုနဲ့ အဆင်ပြေတယ်။

အပေါ်က ညီအစ်ကိုနှစ်ယောက်နှင့် စားသောက်သော ကိုယ်အနေအထားက ကူးယူထားသလိုပင်ဖြစ်သည်။

သူမ ပျားရည်ပန်းကန်လုံးတစ်ဝက်ကို တိတ်တိတ်ဆိတ်ဆိတ် သောက်လိုက်သည်။ ပျားရည်အေးသောက်လိုက်သောအခါ ရေငတ်ခြင်းကို သက်သာစေကာ ချိုချဉ်အရသာကလည်း အစာစားချင်စိတ်ကို သက်သာစေသည်။

ကျန်းထျန် ရထားပေါ်တွင် ထမင်းတစ်ပွဲသာစားခဲ့ပြီး ယခုအချိန်တွင် သူမဗိုက်ဆာနေပြီဖြစ်သည်။ ရေချိုးပြီးသည်နှင့် အကြောင်းပြချက်မရှိဘဲ အိပ်ချင်နေသည်။

အခုအချိန်တွင် ပျားရည်ပန်းကန်လုံးတစ်ဝက် ဗိုက်ထဲရောက်သွား‌သောအခါ ထမင်းနှစ်ပန်းကန်လုံး စားနိုင်သေးသည်ဟု ထင်ယောင်ထင်မှားရှိလာသည်။

ကျန်းထျန် အသားတစ်ပိုင်းကို ကောက်ယူလိုက်ပြီး မျက်လုံးထောင့်မှ ကျန်းရှို့ရှန် ပေါက်စီ စားနေသည်ကို မြင်လိုက်သည်။ သူ့လက်က အချဉ်စိမ်ဆီသို့ ဆန့်နေပြီး စားပွဲပေါ်ရှိ ကြက်ဥမွှေပန်းကန်ဆီသို့ ရံဖန်ရံခါသာ ရောက်သည်။ အသားပန်းကန်ကို သူလျစ်လျူရှုလုနီးပါးဖြစ်သည်။

ကျန်းထျန် ကုမိသားစု၏ ညီအကို မောင်နှမ လေးယောက် စားပွဲပေါ်တွင် အပြင်းအထန် စားသောက်နေသည်ကို ကြည့်လိုက်ရာ ကုလျန်ရုန်၏နားများက ထမင်းစားသည့်အခါ အမြဲအလှဆင်လေ့ရှိပြီး ကုလျန်မင် နှင့်တူသည်။

ဒါကိုကြည့်လျှင် စားပွဲကြီးတစ်ခုလုံးမှာ အသားပန်းကန်ကို မျက်နှာမူထားသည်မှာ သူမတစ်ယောက်တည်းဖြစ်သည်။

ကျန်းထျန် ချောင်းဟန့်လိုက်ပြီး "ရှောင်းကျန်း မင်းကဘာလို့ အသားမစားတာလဲ"

"မကြိုက်ဘူးလား၊ အရသာမရှိဘူးလား။" သူမ ဟန်ဆောင်သောလေသံဖြင့် ပြောလိုက်သည်။

ရှောင်းကျန်းရှို့ရှန် - "..." သူ လည်ချောင်းထဲ ပေါက်စီတစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ရှောင်းကျန်း၊ မင်းနဲ့ တတိယကလေးက သူငယ်ချင်းမို့လို့ အစ်မတို့အိမ်မှာ လာတာမလား" ကျန်းထျန် မျက်မှောင်ကြုတ်လိုက်သည်။

"မင်း အသားမစားရင် မင်း အစ်မကို မျက်နှာမပေးတာပဲ။စားမလား မစားဘူးလား" ဟု ပြောနေပုံရသည်။

သူ အစက လူတိုင်း အများကြီးစားပြီးသည်ကို စောင့်ပြီး စားကြွင်းစားကျန်တွေကို ပေါင်းဖို့ စောင့်သည်ဖြစ်သည်။ အကယ်၍ မလုံလောက်ပါက၊ အနောက်အခန်းမှ ဝက်ပေါင်ခြောက်ထပ်ထုတ်ပြီး ကြက်ဥမွှေရန်စီစဉ်ခဲ့သူကျန်းရှို့ရှန် - "?

သူ့လည်ပင်းတွင် ဆို့နေသော ပေါက်စီကို မျိုချလိုက်ပြီး ဘေးတွင် စားနေသော ကုလျန်ရုန်ကို လျှို့ဝှက်စွာ တံတောင်ဆစ်ဖြင့် လှမ်းထိုးလိုက်သည်။

ရလဒ်အနေနှင့် ကုလျန်ရုန်က သူ့ကို ထိမိသွားတယ်ဟု ထင်ပြီး 'တောင်းပန်ပါတယ်' အပြုံးနှင့် ပြန်ခေါင်းငုံ့သွားပြီး အစားကို အားပါးတရ ဆက်လက်စားသည်။

ကျန််းရှို့ရှန် - "... " ဒီညီအစ်ကိုရဲ့ ဦးနှောက်က ပင်ပန်းနေပြီ။

ကျန်းရှို့ရှန့် နှစ်ခါရယ်ပြီး ကြက်သွန်မြိတ်နှင့် ကြက်ဥရောကြော်ထားသည့် ပန်းကန်ကို လက်လှမ်းကာ "မရီး။ ကျွန်တော် အဆီများတဲ့အစားအစာကို သိပ်မစားဘူး"

ကျန်းထျန် တွေးပြီးနောက် သူမခေါင်းညိတ်ကာ “ဒါက အကျင့်ကောင်းတစ်ခုပဲ”

ကျန်းရှို့ရှန် - "... ?" သူ ပါးစပ်ထောင့်ကို လှုပ်လိုက်ပြီး "ကျွန်တော်လည်း အဲ့လိုတွေးတယ်"

ကုလျန်ရွှမ် ရေချိုးခန်းမှ ထွက်လာပြီး ကျန်းထျန်၏ တစ်ဖက်‌ဘေးက ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။

ထိုအချိန်တွင် ကုလျန်ရုန် အလွန်လိမ္မာပါးနပ်ပြီး သိမ်းရန် ပန်းကန်လုံးအား ကောက်ကိုင်လိုက်ကာ ပါးစပ်ကို သုတ်လိုက်ပြီး "ကျွန်တော်ထမင်းစားပြီးပြီ၊ ရေချိုးတော့မယ်။

ကျန်းထျန် ထမင်းပန်းကန်ထဲမှ မော့ကြည့်ကာ ကုလျန်ရုန်၏ သွက်သွက်လက်လက် နောက်ကျောကို မနာလိုစိတ်ဖြင့် ကြည့်နေလိုက်သည်။

ထမင်းနှစ်ပန်းကန်စားနိုင်သည်ဟု သူမထင်ခဲ့သော်လည်း အမှန်က ပန်းကန်တစ်ဝက်ပင်မရှိသေးပေ။

ပျားရည်နှစ်ခွက် သောက်ခဲ့သော်လည်း အနည်းငယ်သာစားနိုင်ပြီး ထမင်းထပ်မစားချင်တော့။ သူမ အမှန်တကယ် စားချင်စိတ်မရှိပေ။

ကုလျန်ရွှမ် တူထုတ်လိုက်ရာ ကျန်းထျန်၏ ညည်းညူသံနှင့် ဟင်းပွဲတစ်ခုကိုကြည့်ပြီး မျက်မှောင်ကြုတ်နေသည့် အမူအရာကို မြင်လိုက်ရ၍ ကျန်းထျန် ဗိုက်ပြည့်နေပြီဖြစ်ကြောင်း သူသိလိုက်သည်။

သူ လက်ကမ်းပြီး ကျန်းထျန်လက်ထဲက ပန်းကန်ကို လုယူလိုက်ကာ "မင်းဗိုက်ပြည့်နေရင် အိပ်ရာထဲ ပြန်သွားတော့လေ" သူ့လေသံက အနည်းငယ် အေးစက်နေသည်။

ကျန်းထျန် အာရုံပြန်ရလာပြီး ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ သူဒီလိုပြောနေသည်ကိုတွေ့လိုက်ရသည်။

သူပြောသောအခါတွင် သူ့မျက်နှာတွင် ဘာအမူအရာမှ မရှိဘဲ ဟင်းနှိုက်ရန် လက်ကို ဆန့်လိုက်သည်။

သူမကို ဆုံးမချင်သည်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်နိုင်သည်။ သူမ သူ့ကို ရွှီကျင်းဖန်နှင့် တိုင်ရန် ဆုံးဖြတ်လိုက်သည်။ ကျန်းထျန် အသေးစိတ်ကို စိတ်ထဲထားလေ့မရှိ။

ထို့ကြောင့် ကုလျန်ရွှမ်၏ အေးစက်သော လေသံကို လျစ်လျူရှုလိုက်ပြီး ကျန်းထျန် ၏ မျက်လုံးများတွင် သူ့ရုပ်က ရုတ်တရက် ပိုမြင့်လာသည်။စားကြွင်းစားကျန် ပြဿနာကို ဖြေရှင်းနိုင်ပြီဖြစ်၍ ကျန်းထျန် စိတ်ကောင်းရှိနေသည်ဖြစ်သည်။

သူမ ကုလျန်ရွှမ်နားကို တိုးတိုးကပ်‌ပြောလိုက်သည်။ "ကုလျန်ရွှမ် ကျေးဇူးတင်ပါတယ်" ထို့နောက် သူမ မြန်မြန်ထိုင်ကာ ကျန်သည့်ပျားရည်ကို သောက်ပြီး အရှေ့ခန်းသို့ ပြန်သွားလေသည်။

ကျန်းထျန် ပြောသည်ကို ကုလျန်ရွှမ် မကြားလိုက်ပေ။

သူ မျက်မှောင်ကြုတ်လိုက်သည်။

ကျန်းထျန် ဘာပြောတာလဲ။

သူစားချင်စိတ် ကြီးတာက ဟာသတစ်ခုလား။

မြို့ကြီးမှာရှိတုန်းက လိမ်ခဲ့တာဖြစ်နိုင်မလား?

တခါက ထမင်း မကြိုက်ဘူး လို့ ပြတ်ပြတ်သားသား ပြောဖူးတာကိုလား။

အခု သူ ကျန်းထျန် ထမင်းကို လုယူမိပြန်ပြီလား။

ကုလျန်ရွှမ် များများတွေးလေ၊ ဖြစ်နိုင်ခြေ ပိုများလေဖြစ်သည်။ ကျန်းထျန်အကြောင်း သူသိသည်ဟု ထင်သည့်အပေါ် အခြေခံ၍ ဒါက ပို၍ ကိုက်ညီသည်။

သို့‌သော် သူလုံးဝ မလိမ်ခဲ့ပေ။ ပေါက်စီ ပန်ကိတ်တွေနှင့် ယှဉ်လိုက်လျှင် ထမင်းက အရမ်းမပြည့်သည်ကတော့ အမှန်ဖြစ်သည်။ သို့သော် ထမင်းကို ပြည့်နိုင်သလောက် စားနိုင်လျှင် ထမင်းလည်း ကြိုက်သည်။ ကျန်းထျန်ကို မြင်ပြီးနောက် မစားနိုင်တော့သည်ကတော့ သိသာသည်။

သူ သူမကို ဘယ်လို လိမ်ညာနိုင်မှာလဲ။

ကုလျန်ရွှမ် စိတ်ထဲ ခေါင်း ခါယမ်းလိုက်သည်။

မဟုတ်ဘူး၊ သူက ကျန်းထျန်ကို အဲဒီလို တွေးစေလို့ မဖြစ်ဘူး။

ကုလျန်ရွှမ် ထမင်း အမြန်စားပြီး ပန်းကန်လုံးကို အလျင်အမြန်ချလိုက်ကာ ပါးစပ်ကိုသုတ်လိုက်ပြီး စားပွဲပေါ်မှာ တစ်ဦးတည်းကျန်နေသော ကျန်းရှို့ရှန်အား "ရှို့ရှန်၊ မင်းစားပြီးတာနဲ့ ပန်းကန်တွေကို သိမ်းထားလိုက်၊မနက်ဖြန်မှ အစ်ကိုတို့ ဆေးလိုက်မယ်" နောက် ချိုင်းထောက်ကို မှီ၍ အရှေ့ခန်းသို့ ပြေးသွားသည်။

ကျန်းရှို့ရှန် သူ့ပါးစပ်ထဲက အသားတွေကို မျိုချလိုက်ပြီး ဒီမိသားစုက လူတိုင်းကို ကြည့်ကာ ခေါင်းကို တိတ်တဆိတ် ခါလိုက်သည်။ မြန်မြန်စားပြီး ဘာလုပ်ကြတာလဲ။

ကုလျန်ရွှမ် တံခါးဆီသို့ လျင်မြန်စွာ လျှောက်သွားခဲ့သော်လည်း တံခါးနားရောက်သွားသောအခါ ရုတ်တရက် အရှိန်လျှော့သွားသည်။ ကျန်းထျန် ခေါင်းအုံးနှင့် ထိချိန်တွင် တစ်စက္ကန့်အတွင်း အိပ်ပျော်နိုင်စွမ်းရှိသည်။

အခု သူမ အိပ်ပျော်နေပြီလား။

ကုလျန်ရွှမ် တံခါးကို ဂရုတစိုက်ဖွင့်လိုက်ရာ သူ ထင်ထားသကဲ့သို့ အိပ်ရာပေါ်တွင် အသက်ရှုသံ မှန်မှန်နှင့် အနက်ရောင် အရိပ်တစ်ခု ရှိနေပြီဖြစ်သည်။

ကုလျန်ရွှမ် - မနက်ဖြန် မင်းရှင်းပြနိုင်မလား။

ကုလျန်ရွှမ် အခန်းထဲ ဝင်ပြီး တံခါးကိုပိတ်လိုက်ပြီးနောက်် ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ကာ အိပ်ရာပေါ်တက်ပြီး အိပ်လိုက်သည်။

စိတ်ထဲတွင် အတွေးတစ်စုံတစ်ခုကြောင့် ပင်ပန်းနွမ်းနယ်နေသော်လည်း ကောင်းကောင်းမအိပ်နိုင်ပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်က အလွန်ရိုးသားသော ကျန်းထျန်နှင့် အိပ်ရပြီး အခုည ညသန်းခေါင်တွင် ကုလျန်ရွှမ် ရုတ်တရက် သူ့ခါးတွင်နာကျင်မှုက ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။

နဖူးမှ ချွေး ထွက်လာကာ ငိုက်မျဉ်းနေသော ခေါင်းသည်လည်း ရုတ်တရက် နိုးကြားလာသည်။ သူကြည့်လိုက်ရာ ခါးတွင် ခြေတစ်ချောင်းရှိသည်။

ဒီလိုကျန်းထျန်ကို သူ မတွေ့ရတာကြာပြီဖြစ်သည်။ ကုလျန်ရွှမ် သူ့ချွေးများကို သုတ်လိုက်သည်။ ကံကောင်းထောက်မစွာ၊ သူ ပို၍ သည်းခံနိုင်လာသည်။ မဟုတ်လျှင် သူအော်မိပါက နောက်ခန်းက အမွှာလေးတွေ နိုးလာမှာ သေချာသည်။

သူ့အဝတ်ကို မြှောက်ပြီး ကြည့်လိုက်ရာ လရောင်အလင်းဖြင့် ခါးနံဘေးတွင် ဒဏ်ရာတစ်ချက်ကို တွေ့လိုက်ရသည်။

ကုလျန်ရွှမ် - .....

သူ မရယ်နိုင် မငိုနိုင်။

မနက်ဖြန် သူ ဘီးတပ်ကုလားထိုင်ပေါ်မှာ ရှိနေလျှင် ကျန်းထျန် လှောင်ပြောင်သည်ကိုခံရမလား မသိပေ။

ဤကန်ချက်၏ သတိပေးချက်ဖြင့် ကုလျန်ရွှမ် နောက်ဆုံး ပြောက်ကျားစစ်ပွဲကဲ့သို့ အိပ်စက်သည့်အလေ့အထသို့ ပြန်ရောက်သွားခဲ့သည်။

ကျန်းထျန် ​​ရထားနှင့် တည်းခိုခန်းတွင် ချို့တဲ့ခဲ့သော အိပ်စက်ခြင်းများအတွက် ပြန်အစားထိုးကာ နောက်တစ်နေ့ မွန်းတည့်ချိန်အထိ အိပ်ရာက နိုးလာသည့် အရိပ်အယောင်မရှိပေ။

ရွှိီကျင်းဖန် ခေါက်ဆွဲနှင့် ဟင်းလျာများကို ပင်မအခန်းရှိ စားပွဲသို့ ယူဆောင်လာပြီးနောက် သူတို့အခန်းထဲ စိတ်ပူစွာ ဝင်လာခဲ့သည်။

"လျန်ရွှမ်၊ ထျန်ထျန် နိုးလာပြီလား"

ရွှိီကျင်းဖန် မျက်လုံးများကို မှိတ်ထားကာ တုံ့ပြန်မှုလုံးဝမရှိပုံပေါ်သော ကျန်းထျန်ကို ကြည့်ရင်း စိတ်ပူစွာမျက်မှောင်ကြုတ်လိုက်သည်။

ကုလျန်ရွှမ်လည်း အနည်းငယ် စိုးရိမ်သွားသည်။ ကျန်းထျန် အကြာကြီးအိပ်ပျော်နေကာ ခေါ်လျှင်တောင် မနှိုးနိုင်ပေ။

"မနိုးသေးဘူး" လူက မနိုးနိုင်သော်လည်း ဗိုက်က အကြိမ်ပေါင်းများစွာ နိုးလာသည်။

မနက်ပိုင်းနှင့် နေ့လည်စာစားချိန်တွေမှာ ကျန်းထျန် ဗိုက်ထဲက အော်သံကို အကြိမ်အနည်းငယ် ကြားလိုက်ရကာ သေချာပေါက် ဗိုက်ဆာနေလောက်သည်။

"ဒါဆို အမေ သူမကို နှိုးဖို့ ဘယ်လိုလုပ်ရမလဲ" ရွှီကျင်းဖန် ကျန်းထျန်၏ နှာခေါင်းကို ညှစ်လိုက်ရာ နှစ်စက္ကန့်အတွင်း ကျန်းထျန် အသက်ပြန်ရှူရန် ပါးစပ်ကိုဖွင့်လိုက်သည်။

ရွှီကျင်းဖန် နိုးထရန် ရည်ရွယ်ချက် လုံးဝမရှိသော ကျန်းထျန်ကို ကြည့်လိုက်သည်။

ရွှီကျင်းဖန် - "..."

"အမေ မင်းအတွက် ခေါက်ဆွဲကို ရောပြီး ယူလာပေးမယ်။ နေ့ခင်း အမေ အလုပ်သွားပြီး ထျန်ထျန် နိုးလာလို့ ဗိုက်ဆာရင် မင်း ထမင်းချက်ကျွေးလိုက်" ရွှီကျင််းဖန် ကျန်းထျန်ကို နှိုးရန် မလုပ်နိုင်။

"ယန်ဆရာဝန်က မင်းကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထပ်လာဖို့ ပြောထားတာမလို့သာ၊ ဒါကြောင့် ထျန်ထျန်ကို မသွားပါနဲ့ပြောတာ" ရွှီကျင်းဖန် ညည်းညူရင်း "ဒီတစ်ခါ အပြင်ထွက်ရတာ တကယ့်ကို ပင်ပန်းတာနေမယ်။

ခေါက်ဆွဲ ပန်းကန်ကိုင်ပြီး တံစက်မြိတ်အောက်မှာ ထိုင်ကာ စားနေသော ကုလျန်ရုန် ဒါကိုကြားသောအခါ “အမေ၊ ကျွန်တော် အပြစ်မရှိပါဘူး။ မရီးနဲ့ မြို့ကြီးမှာ နေ့တိုင်း အသားစားတယ်။”

“ကျွန်တော်လည်း စားတယ်။ အစိုးရပိုင် စားသောက်ဆိုင်က အထူးအသားကင်။ ”

ရွှီကျင်းဖန် - "..." သူမ မျက်စောင်းထိုးလိုက်ပြီး ဒေါသထွက်စွာ ပြောလိုက်သည်။ "ငါ မင်းကို မပြောဘူး!"

ကုလျန်ရုန် - "အိုး" နောက် ခေါင်းငုံ့ပြီး နောက်ထပ် ခေါက်ဆွဲတစ်လုတ်ကြီးကြီးကို ပါးစပ်ထဲထည့်ကာ စားလိုက်သည်။

ရွှီကျင်းဖန် သူ၏ ခေါက်ဆွဲပန်းကန်ထဲသို့ သဲအချို့ကို ပစ်ထည့်ရန် စဉ်းစားနေမိသည်။

အရူးတွေက သဲကိုစားတယ်။

ပြီးပြည့်စုံတာပဲ!

ကုလျန်ရုန် အစပ်ကြက်သားဆော့စ်၏ အရသာကို တွေးလေလေ ပိုလောဘကြီးလေဖြစ်လာသဖြင့် ခေါက်ဆွဲပန်းကန်ကို ယူကာ အသားဆော့စ်ရှာရန် အခန်းထဲသို့ ဝင်သွားသည်။

ခရီးဆောင်အိတ်ကို မနေ့က ပြန်ယူလာခဲ့ပြီး သိမ်းရန် အချိန်မရသေး။ ကုလျန်ရုန် အသားဆော့စ်သာမက အကြမ်းထည် ဆားနယ်ထားသောဘဲဥ လေးငါးလုံးကိုလည်း ယူခဲ့သည်။

"ပြောပြမယ် ဒီငံပြာရည်ပူပူလေးကို နည်းနည်းနှပ်ပြီး ပေါင်းထားတဲ့ ခေါက်ဆွဲခြောက်နဲ့ ပေါင်းလိုက်တာ အရမ်းအရသာရှိတယ်" ကုလျန်ရုန် ထိုင်ချလိုက်ပြီး သူ့အတွက်အရင်လုပ်ကာ ဇွန်းကြီးတစ်ချောင်းနှင့် ခေါက်ဆွဲပန်းကန်လုံးထဲမှာ ခေါက်ဆွဲခြောက်ကို မွှေပြီး တစ်ခွက်စားလိုက်သည်။

ထိုပျော်ရွင်မှု အမူအရာကြောင့် သူ့ ပါးစပ်ထဲက ဝက်သားနှပ်ဟု ပငိထင်ရသည်။

ဒါကိုမြင်သောအခါ ကုလျန်မင် နှုတ်ခမ်းထော်လိုက်ပြီး "တတိယအစ်ကို၊ အစ်ကိုက အရမ်းရှက်ဖို့ကောင်းတာပဲ" ကောင်းကောင်း မစားဖူးသကဲ့သို့ဖြစ်သည်။

ဒါကငရုတ်ဆီတစ်ဘူးပဲ မဟုတ်လား။

ကုလျန်မင် တတိယအစ်ကိုဖြစ်သူ လူမိုက်၏ အရသာရှိသည်ကို တွေ့ကြုံခံစားရန် စားပွဲပေါ် လက်တင်ကာ ငရုတ်ဆီများကို သူမဘက်ယူလိုက်သည်။

ရှောင်းဝူနှင့် ရှောင်းလျို၏ မျက်လုံးများက ငရုတ်သီးဆော့စ်၏ နောက်ကွယ်က ငံပြာရည်၏ အရသာကို သိချင်နေကြောင်း ပြသနေသည်။

ကုလျန်မင် ဇွန်းသေးသေးလေးဖြင့် ယူလိုက်ပြီး မောင်ငယ် နှစ်ယောက်အတွက် အနည်းငယ် ထည့်ကာ "စပ်လား၊ စပ်ရင် ဘေးဖယ်ထားလိုက်။

"အနံ့အရမ်းကောင်းတယ်!" သူ ခေါင်းကို ငုံ့ကာ စားလိုက်ပြီး "စတုတ္ထအစ်မ၊ လှီးထားတဲ့ အသားတွေလည်း ရှိတယ်!"

ရှောင်းလျို ခေါက်ဆွဲစားရန် အလုပ်များနေပြီး ခေါင်းမမော့နိုင်ပေ။ စားနေရင်း "ဒါက ကြက်သားပဲ!"

ဤကဲ့သို့ ကြားရသောအခါတွင် ကုလျန်မင် အစက ဆော့စ်ကို ဇွန်းဝက်ခန့်သာ ထုတ်ယူခဲ့သော်လည်း ပြန်ထည့်ကာ ဇွန်းကြီးတစ်ဇွန်းခပ်ပြီး ခေါက်ဆွဲထဲ ရောမွှေလိုက်သည်။

ကုလျန်မင် ခေါင်းငုံ့ကာ စိတ်အားထက်သန်စွာ တစ်ငုံသောက်လိုက်သည်။

ဒီငရုတ်ဆီရဲ့ အနံ့က အရမ်းစပ်တယ်၊ မွှေးပြီး စပ်တယ်၊ တံတွေးမနည်းမျိုချရသည်။

ရောထားသော ခေါက်ဆွဲများ သူမပါးစပ်ထဲသို့ ရောက်လာပြီးနောက်၊ ကုလျန်မင် အခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ခေါက်ဆွဲကိုသာ စားရင်း ခေါင်းနှစ်လိုက်သည်။

သူတို့ မောင်နှမ လေးယောက် ငရုတ်ဆီတစ်ဇွန်းနှင့် ခေါက်ဆွဲတစ်ပန်းကန်ကို အပြိုင်အဆိုင် လုစားနေကြသည့်အတိုင်းပင်။

ရွှီကျင်းဖန် ထမင်းစားပြီး အရှေ့ခန်းက ထွက်လာသောအခါ ညစာစားပွဲတွင် လူပေါင်းများစွာကို တွေ့လိုက်ရသည်။

ဘူးကို ယူလိုက်ကာ "မင်းတို့ ဘာလုပ်နေတာလဲ?" ရွှီကျင်းဖန် ပန်းကန်ကို စားပွဲပေါ်တင်ကာ ပြင်းထန်စွာ ကြိမ်းမောင်းသည်။

သူတို့ မောင်နှမလေးယောက် ချက်ချင်းလက်ကိုရုတ်လိုက်ပြီး မတ်တပ်ထကာ အားလုံးက နာခံမှုရှိသောပုံပေါက်ကြသည်။

"ဘာတွေ စားနေတာလဲ" ရွှီကျင်းဖန် ကုလျန်ရုန်ကို အရင်မေးလိုက်သည်။

ဒီတတိယသားက အစ်ကိုကြီးဖြစ်ကာ အစ်ကိုကြီးတစ်ယောက်ပုံစံ လုံးဝမတွေ့ရပေ။

ပန်းကန်ကို ကိုင်လိုက်ပြီး ကုလျန်ရုန် ခေါင်းငုံ့ကာ ရွှီကျင်းဖန်ကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။ "ဒါက မြို့ကြီးက ယူလာတဲ့ငရုတ်ဆီတွေပါ "

ရွှီကျင်းဖန် - .....

"မင်းတို့တွေ" သူမ လက်ညှိုးထိုးပြီး ညစာစားပွဲက လူလေးယောက်ကို ညွှန်ပြကာ နောက်ဆုံးကုလျန်ရုန်တွင် ရပ်လိုက်ပြီး "အထူးသဖြင့် မင်း၊ မြို့ကြီးမှာ မစားရသေးဘူးလား။"

ကုလျန်ရုန် အလွန်ရိုးသားသည့်အသံနှင့် "... မစားရသေးဘူး"

သူ၏ ကြောက်လန့်နေသော အမူအရာက ရွှီကျင်းဖန်ကို ကြောက်စရာနှင့် တူစေသည်။

ရွှီကျင်းဖန် - " ...."

All Chapters