← Chapters

အခန်း(၆၈)

Vol. 6 Ch. 68

အခန်း(၆၈)

Vol. 6 Ch. 68

"ထျန်ထျန် သွားလိုက်!" ရွှီကျင်းဖန်ပြောပြီးသည်နှင့် သူမ အချိန်အတော်ကြာ ရပ်လိုက်ပြီး ကုလျန်ရွှမ်နှင့် ကုလျန်မင်ဘက် သူမမျက်လုံးများ လှည့်လာပြီး "မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ သွားလို့ရမယ် "

၂ယောက်လုံးသွားလျှင် ကလေးနှစ်ယောက်ကို ဘယ်သူ ထိန်းမလဲ။ အစီရင်ခံစာတင်ရုံနှင့် တစ်ရက်နားရက်တောင်း၍မရ၊

ကုလျန်ရွှမ်နှင့် ကုလျန်မင် တစ်ယောက်ကို တစ်ယောက် နှစ်စက္ကန့်ကြာ ကြည့်ပြီး နောက်ဆုံး ကုလျန်ရွှမ်ပြောလိုက်သည်။ "ရှောင်းမင်ကို လွှတ်လိုက်ပါ"

" ကောင်းပြီ!" ကုလျန်မင် ထိုင်ခုံမှ ထခုန်လိုက်သည်။

ရှောင်းဝူနှင့် ရှောင်းလျိုတို့မျက်လုံးများက စိတ်ဓါတ်ကျနေပြီး သူတို့ အနည်းငယ် စိတ်ညစ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့နေကြသည်။

ကုလျန်မင် သူတို့ နှစ်ယောက်ဆံပင်များကို လှမ်းကိုင်လိုက်ပြီး "စတုတ္ထအစ်မ ပြန်လာရင် သကြားလုံး ယူလာပေးမှာပါ!"

ထိုအခါမှသာ ရှောင်းဝူနှင့် ရှောင်းလျို ပြန်ပြုံးသည်။

ကျန်းထျန် ကုလျန်ရွှမ်ကို တစ်ချက်ကြည့်လိုက်ရာ သူ့မျက်နှာမှာ ဘာအမူအရာမှမရှိသော်လည်း သူသိပ်မပျော်မှန်း ကျန်းထျန် ပြောနိုင်သည်။

စကားပြောပြီးနောက် ညလေညင်းက တဖြည်းဖြည်းအေးလာ၍ ရွှီကျင်းဖန် နှင့် တတိယအဒေါ်တို့ အမြွှာလေးများကို အိမ်ထဲပြန်ခေါ်သွားကြသည်။

ကုလျန်မင် ရှောင်းဝူနှင့် ရှောင်းလျိုတို့လည်း အခန်းပြန်ကြသည်။

သူမ မနက်ဖန်စောစော ထရမည်ဖြစ်၍ ကျန်းထျန် နှိုးစက်နာရီကို တစ်ချက်ကြည့်လိုက်ရာ ည ရှစ်နာရီထိုးနေပြီဖြစ်၍ သူမနှင့် ကုလျန်ရွှမ်လည်း အခန်းပြန်လိုက်ကြသည်။

နောက်ဆုံး အပြင်၌ ညီအစ်ကို သုံးယောက်သာ ကျန်တော့သည်။

အားလုံးထွက်သွားပြီးနောက် ကျန်းရှို့ရှန် ကုလျန်ရုန်ကို မေးလိုက်သည် "တတိယညီ၊ မင်းရဲ့မရီးက ဒီနာရီကို ပိုက်ဆံနဲ့ တကယ်မဝယ်ခဲ့တာလား?" သူထင်သည်ကတော့ တစ်ခုခု မှားနေသည်။

လျန်ရုန်၏မရီးက မြို့ကလာသည်ကို သတိရသွားသည်။ မိသားစု၌ အလုပ်သမား ခြောက်ယောက်၊ ခုနစ်ယောက် ရှိသည်ဟု ကြားသည်။

ကုလျန်ရုန် အရှေ့ဘက်အခန်းရှိ ပထမအခန်းကို ကြည့်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ ကျန်းရှို့ရှန်းနှင့် ကုရှန်းလီကို အနားလာရန် အချက်ပြလိုက်သည်။

ကုလျန်ရုန် ပြောလိုက်သည်။ "ငါလည်း အဲဒီလိုပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ငါ့မရီးက ပိုက်ဆံအများကြီး မယူခဲ့ဘူး၊ အစ်ကိုကြီးနဲ့ ငါ ပိုက်ဆံကို အပြန်ပြန်အလှန်လှန် ရေတွက်ခဲ့ပေမယ့် အရေအတွက်က မှားနေတယ်။"

ကုရှန်းလီ ခေါင်းကို ရှေ့သို့တိုးကာ မေးလိုက်သည်။ "ဘာမှားလို့လဲ၊ ပိုက်ဆံပေးတာမှန်လား"

ကုလျန်ရုန် ခေါင်းယမ်းပြီး သက်ပြင်းချကာ "မဟုတ်ဘူး၊ သုံးတဲ့ငွေက ကျန်တဲ့ငွေတွေနဲ့ ကိုက်နေလို့ပဲ"

ကျန်းရှို့ရှန် အခုမှ တကယ်စိတ်ရှုပ်သွားပြီး "မှန်တယ်ဟုတ်လား?"

ကုလျန်ရုန် သူ့ပေါင်ကို ပွတ်သပ်ပြီး "အင်း၊ မှန်တယ်။ စျေးကသိသာတယ်" အသံကျယ်မိသည်ကို မထိန်းနိုင်လိုက်၍ မျက်လုံးထောင့်မှ အရှေ့ခန်းကို ကြည့်လိုက်ပြီးနောက် အသံကို လျှော့ပြီး ဆက်ပြောလိုက်သည်။

"ဒါက မှန်တယ် ဆိုရင် ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေကို ဝယ်ဖို့ ပိုက်ဆံနည်းနည်းပဲ သုံးခဲ့တာလို့ အဓိပ္ပါယ်ရတယ်မလား။"

ကုလျန်ရုန် သူ့မရီးကျန်းထျန် မြို့ကြီးက အစိုးရပိုင် စားသောက်ဆိုင်၌ အစားအသောက်များ ဝယ်သည့်အကြောင်း ပြောပြပြီး နောက်ဆုံး နိဂုံးချုပ်လိုက်သည်က “ငါ့အတွက် တစ်ခုခုဝယ်တဲ့အချိန် အနိမ့်ဆုံးဈေးနဲ့ ရအောင်ယူပြီး လူတွေနဲ့လည်း သိခွင့်ရတာက အဓိပ္ပာယ်ရှိတယ်"

သူဒီလိုပြောပြီးနောက် ကုရှန်းလီနှင့် ကျန်းရှို့ရှန်တို့ ကုလျန်ရုန်၏ ထူးခြားသောလူကြိုက်များခြင်းက အခြားသူများထက် ကံကောင်းသည်ဟု ထင်မြင်ယူဆကြသည်။

သူတို့ အထက်တန်းကျောင်းတက်စဥ်က မိသားစုတော်တော်များများ ပိုက်ဆံမရှိ၍ တခြားသူတွေဆီကနေ ပြန်ရောင်းရန် သူတို့ သင်ယူခဲ့ကြသည်။ မှောင်ခိုဈေးကွက်တွင် တံခါးပေါက်အရမ်းများပြီး လူကြီးများ၏ ဦးဆောင်မှုမပါဘဲ လုပ်ရန်က လွယ်ကူသည်။

ထိုကဲ့သို့သော ကုန်ပစ္စည်းများကို အရူးအမူးရောင်းဝယ်ခြင်းက မည်မျှအန္တရာယ်ရှိကြောင်းကို သူတို့ နောက်ပိုင်းမှသာ သိရှိလာကြသည်။

လက်ပတ်ပါသော အမျိုးသားတစ်ဦး၏ ဖမ်းဆီးခြင်းကို ခံရကာ မှောင်ခိုဈေးကွက်တွင် ဒေသခံသူဌေး၏ ပစ်မှတ်ကို ခံရပါက ကိုယ်ပိုင်ကြွယ်ဝချမ်းသာမှု ဆုံးရှုံးမည်ဖြစ်သည်။

အဲဒီအချိန်က သူတို့ ဘာမှနားမလည်သည့်အတွက် သူတို့ပစ္စည်းများနှင့်သာ သွားခဲ့ကြသည်။

ကုလျန်ရုန်၏ လိမ္မာပါးနပ်မှုကြောင့်သာ အတွင်းတွင် ဈေးရောင်းသူနှင့် ရင်းနှီးပြီး နောက်ပိုင်းတွင် အနိမ့်ဆုံးစျေးရခြင်းကို အားကိုးကာ လိုင်းတစ်ခုကို အောင်မြင်စွာ ဖောက်နိုင်ခဲ့သည်။ နောက်ပိုင်း သူတို့ နုတ်ထွက်ပြီး လိုင်းကိုပထမနေရာမှာ ကူညီပေးခဲ့သော ဈေးရောင်းသမားဆီ လွှဲပြောင်းပေးခဲ့သည်။

အဲဒီနောက် ဈေးရောင်းသူကိုသာ ဆက်သွယ်ခဲ့ကြသည်။

ဒါကိုတွေးကြည့်ပြီး လျန်ရုန်၏ မရီးညှိနှိုင်းမှုစွမ်းရည်က ကုလျန်ရုန်၏ အဆင့်မြှင့်တင်ထားသောဗားရှင်းဖြစ်သည်။

တစ်ခုခုမှားနေသည်ဟု ခံစားရသော်လည်း လက်ခံနိုင်သည်။

"စကားမစပ် ရှို့ရှန်၊ မင်း အဲဒီလူကို ရှာတွေ့ရင် အသေစျေးညှိခဲ့ဦး။ ငါတို့ အဲဒီစျေးနှုန်းကိုပဲ ယူမယ်၊ သူက အပိုပေးလိုက်မယ်။" ကုလျန်ရုန် သမ်းရင်းပြောလိုက်သည်။

ကျန်းရှို့ရှန် ခေါင်းညိတ်ပြပြီး "သိပါတယ်။ နာရီကို ယွမ် ၁၅၀ စျေးသတ်မှတ်ထားပြီး ရော်ဘာဖိနပ်ကို သူရောင်းလို့ရတယ်။" သူ အမြတ်များများရ၍ ရာဘာဖိနပ်၏ ဆင့်အနည်းငယ်ကို လျစ်လျူရှုလိုက်သည်။

အခန်းထဲပြန်ရောက်ပြီးနောက်၊ ကျန်းထျန် ကုလျန်ရွှမ်၏ မျက်မှောင်ကြုတ်နေသော အကြည့်ကို သတိရကာ ခဏလောက်စဉ်းစားပြီး "မနက်ဖြန်ခရိုင်ကိုသွားရင် ရှင်လိုချင်တာကို ကျွန်မ ပြန်ယူလာပေးမယ်"

ကုလျန်ရွှမ် သူ့လက်များကို ဆန့်ကာ စားပွဲတင်မီးအိမ်ကို ပိတ်လိုက်ပြီး ဒါကိုကြား၍ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ခဏငြိမ်ပြီးနောက် တိုးတိုးပြန်ပြောလိုက်သည်။ "ကိုယ်တို့ ခရိုင်မြို့တော်မှာ ပိုက်ဆံတွေ အကုန်သုံးလိုက်တာ မဟုတ်ဘူးလား"

ကျန်းထျန် - ဟင် ဒါလား။

"အိုး ကျွန်မမှာ ပိုက်ဆံရှိသေးတယ်!" သူမ အားအနည်းငယ် စိုက်ထုတ်လိုက်ရုံနှင့် ပိုက်ဆံများက အရွက်တစ်သောင်းဖြစ်လာနိုင်သည်။

သူမပြောပြီးသည်နှင့် ကျန်းထျန် သူမမျက်နှာသို့ အကြည့်စူးစူးတစ်ချက် ရောက်လာသည်ကို ခံစားလိုက်ရပြီး ကုလျန်ရုန်၏ အသံကို ကြားလိုက်‌ရသည်။

"မင်းရဲ့ကိုယ်ပိုင်ငွေကို သိမ်းထားဖို့ သဘောတူထားတယ်မဟုတ်လား?"

ကျန်းထျန် နှစ်စက္ကန့်လောက် ငြိမ်ပြီးနောက် ပြန်မေးလိုက်သည်။ "... ဒါဆို ရှင့်မှာ ပိုက်ဆံရှိလား"

ဒါက ထူးဆန်းသော တောင်းဆိုမှုတစ်ခုဖြစ်ကာ ဘာကြောင့် သူမပိုက်ဆံကို သုံး၍မရသည်လဲ။

ကုလျန်ရွှမ် ဘာပြန်ပြောရမှန်း မသိတော့ပေ။

ကုလျန်ရွှမ် စကားပြန်မပြောနိုင်သည်ကိုမြင်၍ ကျန်းထျန် ခေါင်းနောက် လက်နှစ်ဖက်ထားကာ ခြေထောက်များ လှုပ်ပြီး အနိုင်ရသော အသံဖြင့်ပြောလိုက်သည်။ "ကြည့်၊ ရှင့်မှာ ပိုက်ဆံမရှိဘူး"

"ဒါပေမယ့် ကျွန်မမှာ ပိုက်ဆံရှိတယ်။

"ပိုက်ဆံ!"

"ကျွန်မ လိုချင်တာ ဝယ်လို့ရတယ်။"

"ရှင်က ထမင်းပျော့စားတာက ပိုကောင်းတယ်။"

(ထမင်းပျော့- မိန်းမ လုပ်စာထိုင်စားသူ)

ကုလျန်ရွှမ် - "..." သူ ထမင်းကြမ်း၊ ဆန်ပြုတ်မဟုတ်ဘဲ ခေါက်ဆွဲကြမ်းလည်း ကြိုက်သည်။

"ထမင်းပျော့စားဖို့က လှည့်ကွက်တွေရှိတယ်။ ပထမဆုံးအနေနဲ့ ရှင့်ရဲ့ထမင်းပိုင်ရှင်ကို လက်ညိုးထိုးလို့မရဘူး။" ကျန်းထျန် ကုလျန်ရွှမ်ကို လှည့်ကြည့်ပြီး ဘယ်လို ပြုမူရမည် ဆိုသည်ကို သင်ပေးသည်။

ကုလျန်ရွှမ် - "..." သူ သူ့စကားများကို ပြန်တွေးကြည့်လိုက်ပြီး ခုနက သူမ သူ့စကားများကို အနည်းငယ် နားလည်မှုလွဲနေသည်ဟု ထင်၍ ထပ်ပြောလိုက်သည်။

"မိသားစုအတွက် ပစ္စည်းတွေဝယ်ဖို့ မင်းပိုက်ဆံကို မသုံးပါနဲ့၊ မင်းအတွက်ပဲ ဝယ်ပါ"

“တတိယမြောက် ငွေရတာစောင့်လိုက်ဦး။ မင်းပြန်လာရင် မင်း ဒီအရာတွေကိုပဲ အရင်အာရုံစိုက်သင့်တယ်"

တကယ်က ကုလျန်ရွှမ်၏အတွေးအရ ကျန်းထျန် ကုမိသားစုမှ ထွက်သွားချင်သည်ဖြစ်စေ မထွက်သွားချင်သည်ဖြစ်စေ လက်ထဲမှာ ပိုက်ဆံရှိသည်ကကောင်းသည်။ သူ အခု ကောင်းကောင်းမလုပ်နိုင်၍၊ သူ့မှာ တစ်ပြားမှ မရှိ။

အမွှာအကြီး အငယ်လေးများတွေတောင် သူ့ထက်ချမ်းသာသည်။

"အိုး။" ကျန်းထျန် မျက်လုံးမှိတ်ကာ ခေါင်းခါပြီးနောက် ပြောလိုက်သည် "ကျွန်မ အခု ပြောလိုက်တာကို ရှင်စိတ်မဆိုးဘူးလား" အမျိုးသားများက ပျော့ပျောင်းသော အစာစားသည်ဟု အပြောခံရလျှင် ပြောသည့်သူများကို မုန်းတီးကြသည်။

သူမက 'ယောက်ျား' တစ်ယောက်၏ခံနိုင်ရည်ကို နှိုးဆွနေခဲ့သည်။

ခံစား၍ကောင်းကာ နောင် ပိုကြိုးစားနိုင်သည်။

ကုလျန်ရွှမ် ခေါင်းခါပြီး ပြောသည်။ "ကိုယ် ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ဖူးဘူး" ကျန်းထျန် အစက သူ ဒေါသဖြစ်နေသည် ထင်ခဲ့လောက်၍ သူ့အတွက် တစ်ခုခုပြန်ယူမည်ဟု ပြောခဲ့သည်ဖြစ်ရေမည်ကို သတိရပြီး "မင်း ကိုယ့်အတွက် တစ်ခုခုဝယ်စရာ မလိုပါဘူး"

ကျန်းထျန် အံ့သြသွားသည်။

ကုလျန်ရွှမ်က အပြင်မှာ အေးစက်ပြီး မျက်နှာထားတည်နေသော်လည်း စိတ်ရှည်မည်ဟု သူမ မထင်ထားပေ။

သူမ ဒီကို ရောက်ပြီး တစ်လကျော်ကြာသည်ထိ ကုလျန်ရွှမ်ဒေါသထွက်သည်ကို သူမ မမြင်ဖူးကြောင်း သူမ သတိရလိုက်သည်။

သူ့ညီငယ်ညီမငယ်များကိုလည်း စိတ်ရှည်သည်းခံနိုင်သည်။ အမြွှာလေးများကို ပြုစုစောင့်ရှောက်သည့်အခါ စိတ်အနှောက်အယှက်ဖြစ်သည်ဟု ဘယ်တော့မှ မပြောခဲ့ဖူးချေ။

သူ ဒေါသထွက်နေလျှင်တောင်မှ မျက်နှာတည်ရုံသာ။

တစ်နေ့လုံး သူ့မျက်နှာကတည်နေ၍ သူ့အတွင်းစိတ်ကို လူအများစု မမြင်နိုင်။

ကျန်းထျန် ရှင်းရှင်းလင်းလင်း သတိရမိသည့် တစ်ခုတည်းသော အချိန်က ခရိုင်မြို့ ဧည့်ရိပ်သာတွင် တစ်စုံတစ်ယောက်က အနိုင်ကျင့်ခံရသကဲ့သို့ သူ့မျက်လုံးများ နီရဲနေသည့်အချိန်ဖြစ်သည်။

"ရှင် ဒေါသမထွက်ဘူးလား?" ကျန်းထျန် ကုလျန်ရွှမ်မျက်နှာပေါ်ရှိအမူအရာကိုမြင်ရန် ခေါင်းကိုလှည့်ပြီး ပြောလိုက်သည်။ "ဒါဆို ကျွန်မကိုယ်ပိုင်ငွေကို အခုမသုံးချင်ဘူး၊ ရှင်ကို ပိုက်ဆံတောင်းချင်ရင် ရှင်ဘာလုပ်မလဲ"

ကျန်းထျန် မေးပြီးနောက် သူမ မှောင်နေသောခေါင်မိုးကို မော့ကြည့်ကာ စိတ်ထဲ သက်ပြင်းချပြီး သူမ ယခုအချိန်တွင် အတိုင်းအတာတစ်ခုအထိ ငြီးငွေ့နေပြီဖြစ်ပြီး 'ကုလျန်ရွှမ်ကို အနိုင်ကျင့်ခြင်း' ကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာများကို လုပ်နေမိသည်။

ကုလျန်ရွှမ် အံ့အားသင့်သွားပြီး ကျန်းထျန်၏ မသဲကွဲသောအကြည့်ကို ရှောင်ကာ စိတ်မသက်မသာဖြင့် ပြောလိုက်သည်။ "ကိုယ်... ကိုယ်... "သူ့မှာ ပိုက်ဆံမရှိသော်လည်း အိမ်ထောင်ကျပြီးနောက် သူ့အမေကို ပိုက်ဆံတောင်း၍လည်း မဖြစ်ပေ။ "တတိယလေးဆီက အရင်ချေးလိုက်ရမလား"

"တတိယလေးမှာ ပိုက်ဆံအများကြီးရှိလို့လား" ကျန်းထျန် သူ့ကို ပြန်မေးလိုက်သည်။

ကုလျန်ရုန် ယခုအချိန်တွင် ငွေအမြောက်အများမရှိကြောင်း ဝတ္ထုထဲတွင် ဖော်ပြထားသည် သူမသတိရသည်။ ကုလျန်ရုန် သကြားစက်ရုံတွင် အလုပ်လုပ်ကာ ဂိုဒေါင်အတွင်းရှိ အလုပ်သမားများနှင့် ရင်းနှီးလာခဲ့သည်။ သကြားစက်ရုံမှ သကြားဖြူများကို အလွန်နိမ့်သောဈေးဖြင့် ဝယ်ပြီး ငွေရှာရန် မှောင်ခိုဈေးကွက်တွင် ရောင်းချခဲ့သည်။

"မင်း..." ကုလျန်ရွှမ် ခေတ္တရပ်လိုက်သည်၊ တကယ်တော့ တတိယကလေးမှာ ပိုက်ဆံရှိမရှိကို သူ မသိပေ။ "မင်း တစ်ခုခုဝယ်ချင်လို့လား"

"ကျွန်မ ဘာမှမဝယ်ဘူး၊ ကျွန်မ ပိုက်ဆံပဲ ကြိုက်တယ်" ဟု စိတ်ထဲက ပြန်ဖြေပြီး "ဒီတစ်ခါ ခရိုင်မြို့ကို သွားတုန်းက ကျွန်မအတွက် ဘာမှ မဝယ်ခဲ့ရဘူး။ ကျွန်မ လျှောက်ကြည့်ရုံပါပဲ။"

"ဒါပေမယ့် ကျွန်မ ကိုယ်ပိုင်ပိုက်ဆံကို မသုံးရဘူးလို့ ရှင်ပြောနေပေမယ့် ဒါက ကျွန်မပိုက်ဆံပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မသုံးလို့မရဘူးလား?" ကျန်းထျန် နှုတ်ခမ်းစူပြီးပြောလိုက်သည်။ ကုမိသားစုက သူမ အဘိုးအဘွား ပိုက်ဆံများကို သုံးမည်ကို ကြောက်သည်ကို သူမ မသိထားလျှင်၊ ကုမိသားစုက သူမကိုယ်ပိုင်ငွေကို မျက်စိကျနေမည်ဟု ထင်မိမည်ဖြစ်သည်။

"မင်း မသုံးရဘူးလို့ ကိုယ်မပြောပါဘူး" ကုလျန်ရွှမ် ဆက်ပြောလိုက်သည်။ "ဒါပေမယ့် ကိုယ်တို့မှာ ပိုက်ဆံရှိသေးတယ်၊ ဒါကြောင့် မင်း အိမ်က ပိုက်ဆံအရင်သုံးပြီး မင်းကိုယ်ပိုင်ပိုက်ဆံကို သိမ်းထားသင့်တယ်။"

ကုလျန်ရွှမ် ဆိုလိုသည်မှာ သူ့တွင် ထောက်ပံ့ကြေးရှိပြီး သူမကို ထောက်ပံ့နိုင်သည်ဟု ဆိုလိုသည်ဖြစ်ရမည်။

ကျန်းထျန် စိတ်ထဲက ရယ်လိုက်သည်။ အိုး၊ သူမစားချင်စိတ်က ကြီးသည်။

တစ်လကို ဆယ်ယွမ်မှ ယွမ်နှစ်ဆယ်ထောက်ပံ့ကြေးဖြင့် အသား၊ ထမင်းနေ့တိုင်းစားရန် မလုံလောက်။

ဒါက ထူးဆန်းသည်ဟု ကျန်းထျန် ထင်သည်။ "ဘာလို့လဲ" ကုလျန်ရွှမ် ပိုက်ဆံကို သူမဘာကြောင့် အရင်သုံးရမည်လဲ၊ နောက်မှ သူမကိုယ်ပိုင်ငွေကို ဘာကြောင့်သုံးရမည်လဲ။

ကုလျန်ရွှမ် - "...."ဒါက မင်းမေးခွန်းရဲ့ အဓိကအချက်ပဲ။

ဒါပေမယ့် သူ တိုက်ရိုက်ပြောနိုင်ပါ့မလား။ မဖြစ်ပေ။

"အဟမ်း၊ ကိုယ်တို့က လက်ထပ်ထားတာမလား" " ကုလျန်ရွှမ် ကျန်းထျန်ကို နောက်ကျောခိုင်းလိုက်သည်။

ကျန်းထျန် - ဒါက အိမ်ထောင်ရေးနဲ့ ဆိုင်တာလား။

ကျန်းထျန် ကုလျန်ရွှမ်အတွေးများကို နားလည်ရန် အချိန်အတော်ကြာအောင် ကြိုးစားတွေးရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ ထမင်းပျော့စားသည်ဟု ပြောသောအခါ စိတ်ဆိုးသော ယောကျ်ားတစ်ယောက်နှင့် ကုလျန်ရွှမ်က မတူကြောင်း သူမ နားလည်သည်။

နားမလည်လျှင် နားမလည်ဘူးပဲ တွေးလိုက်ပါတော့မည်။

ကျန်းထျန် ယခုအချိန်တွင် သေချာသည့်အချက်က သူမ၏ငွေက အလွန်လုံခြုံပြီး တစ်ခုခုကို ကိုယ်တိုင်ဝယ်သုံးနိုင်သည်။

သန်းဝေရင်း ကျန်းထျန် လှဲကာ စောစောအိပ်ရန်ပြင်လိုက်သည်။

ကြောင်ရင်း သူမစိတ်ထဲမှာ အတွေးတစ်ခု ရောက်လာပြီး ကျန်းထျန် မသိစိတ်ကနေ စကားတစ်ခွန်းထုတ်ပြောမိလိုက်သည်။ " အိုး~ ငါသိပြီ၊ ဟုတ်တယ်။ ကုလျန်ရွှမ် ငါ့ကို ကြိုက်နေတာများလား?"

ကုလျန်ရွှမ် ကျန်းထျန်အသံကို နားစွင့်နေရင်း ဒါကိုကြားလိုက်ရကာ ပြောလိုက်သည် - သွားပြီ!

သူ တစ်ညလုံး အိပ်မပျော်ခဲ့ပေ။

နောက်တစ်နေ့ ကုလျန်ရွှမ်မျက်ကွင်းများ ညိုနေပြီး ခရိုင်ရုံးသို့သွားမည့် တက်ကြွနေသောမျက်နှာများဖြင့် လူငယ်ငါးဦးကို မကျေမနပ်မျက်လုံးများဖြင့် ကြည့်လိုက်သည်။

လူငယ်လေးကျန်းထျန် ကုလျန်ရွှမ်အကြည့်ကို သတိထားမိပြီး လှည့်ကြည့်လိုက်သည်။ ကုလျန်ရွှမ်မျက်လုံးအောက်က မျက်ကွင်းညိုညိုများကို မြင်လိုက်ရ၍ အနည်းငယ် စိတ်ရှုပ်သွားသည်။

မနေ့ညက သူမ အိပ်ယာထဲမှာ အိပ်ပုံဆိုးတာများဖြစ်နိုင်မလား?

ဒါကိုတွေးမိသွားပြီး ကျန်းထျန် ​​အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရပြီး ကုလျန်ရွှမ်အကြည့်များကို မသိစိတ်ကနေ အသိအမှတ်ပြုလိုက်သည်။

ကုလျန်ရွှမ် ကျန်းထျန်၏ ရှောင်တိမ်းနေသည့် အပြုအမူကို မြင်လိုက်ရသောအခါ သူ့နှလုံးသား ဗလာဖြစ်သွားပြီး အရိပ်တစ်ခု ဖုံးလွှမ်းသွားသကဲ့သို့ နေရာတွင်ပင် အေးခဲသွားသည်။

ကုလျန်မင် စက်ဘီးနောက်တွင်ထိုင်ကာ ကျန်းထျန်၏ သေးသွယ်သောခါးကို ဖက်ထားပြီး ကောင်းကင်ကြီးပြိုကျနေသကဲ့သို့ဖြစ်နေသော သူမအစ်ကိုကြီး၏ အမူအရာကို မြင်လိုက်ရ၍ ထိတ်လန့်သွားကာ ကျန်းထျန်ကို ပို၍ ပင်တင်းကျပ်စွာ ဖက်လိုက်သည်။

"ယောင်းမ၊ အစ်ကိုကြီးက ငါ့ကို သတ်ချင်နေပုံရတယ်!" ကုလျန်မင် ခေါင်းမော့ပြီး ညည်းတွားလိုက်သည်။ "ခရိုင်ကို သွားလို့မရလို့ အစ်ကိုကြီး စိတ်ဆိုးနေတာများလား"

All Chapters