အခန်း(၇၀)
Vol. 6 Ch. 70
နေ့လည်စာစားချိန်တွင် ကုလျန်ရုန်နှင့် အတွင်းရေးမှူးဟွမ်က နောက်ဆုံးတော့ အောင်မြင်စွာ ရင်းနှီးသွားကြပြီဖြစ်သည်။
အတွင်းရေးမှူးဟွမ်က ကုလျန်ရုန်ကို သူ့ရဲ့ကားမောင်းလေ့ကျင့်မှုက မနက်ဖြန်စမှာဖြစ်ကြောင်း သတိဖော်လိုက်သည်။ သူက ပို့ဆောင်ဆက်သွယ်ရေးအသင်းရဲ့နောက်က ကွင်းပြင်မှာ ဒီနေ့လည်သွားလေ့ကျင့်ကြည့်ရမှာဖြစ်ပြီး သူ့ကိုသက်တမ်းကြာ ကားမောင်းဆရာတစ်ချ်ို့ကိုညွှန်းပေးလိုက်သည်။
ကျန်းရှို့ရှန်းက မီးဖိုခန်းမှ ခေါင်းထွက်ကာပြောလိုက်သည်။
"အတွင်းရေးမှူးဟွမ်၊ ဦးလေးဟွမ်က နောက်ပိုင်း ကားသိပ်မမောင်းဖြစ်တော့တာမလို့ သူ့ကိုသင်ခိုင်းလိုက်ရင်ကောင်းမယ်လို့တော့ ကျွန်တော်ထင်တယ်။"
အတွင်းရေးမှူးဟွမ်က ခေါင်းကုတ်လိုက်သည်။
"ဒါဆိုကျွန်တော်ပြန်ပြီး အဖေ့ကို မေးလိုက်မယ်။"
တကယ်တော့ သူက သံသယမဝင်စေရန် ရှောင်လိုခြင်းဖြစ်သည်။
ဒါပေမယ့်ဒီကိစ္စကို စဉ်းစားကြည့်လိုက်တော့ ပို့ဆောင်ဆက်သွယ်ရေးအဖွဲ့က ဒီတစ်ခါမှာ ကားဒရိုင်ဘာအသစ်ငါးယောက်မဟုတ်ရင် ခြောက်ယောက်လောက် ခန့်ထားလိမ့်မယ်ပြီးတော့ သူတို့ကလောလောဆယ်တော့ အရင်ဒရိုင်ဘာတွေနဲ့ပဲ ရက်အနည်းငယ် ဆက်မောင်းနေရမှာဖြစ်သည်။ သူရှာဖွေကြည့်ပြီးတဲ့နောက်မှာ သူကကုလျန်ရုန်က အသင့်တော်ဆုံးဖြစ်မည်ဟု ထင်နေသေးသည်။အကယ်၍ သူ့မှာသာဦးနှောက်ရှိတယ်ဆိုရင် သူကပြသနာတွေကို ဖြေရှင်းနိုင်မယ်။ အကယ်၍သူသာသူ့အဖေနဲ့အတူကားမောင်းနိုင်ခဲ့ရင် အခြားသူတွေထက်စာရင်ပြသနာတွေ အများကြီး သက်သာလိမ့်မည်။
အတွင်းရေးမှူးဟွမ်ထွက်သွားတော့ ကျန်းရှို့ရှန်ကအခြားသူများကို ပြောလိုက်သည်။
"အတွင်းရေးမှူးဟွမ်ရဲ့အဖေက ပို့ဆောင်ဆက်သွယ်ရေးအသင်းရဲ့ဒရိုင်ဘာဟောင်းတစ်ယောက်ပါ။ သူကပို့ဆောင်ဆက်သွယ်ရေးအဖွဲ့ သွားနေကြ ခရီးရှည်အတော်များများကို သွားခဲ့ဖူးတယ်။ ဒရိုင်ဘာဟွမ်ကကျွန်တော့်ကို အလုပ်ပြောင်းမယ့်အကြောင်း အရင်ပြောတာ။ ကျွန်တော်ကတော့ ဝက်သားနှပ်သုံးနပ်ပဲပြောင်းစားလိုက်တယ်။"
တကယ်တော့ ဝက်သားနှပ်က အလကားရတာတော့မဟုတ်ပေ။ ဒါပေမယ့် ဒီဝက်သားနှပ်ရဲ့တန်ဖိုးဝေစုကိုတော့ ဒရိုင်ဘာဟွမ်က ပုံမှန်ပေးနေရမယ်။ သူတို့ရဲ့စားသောက်ဆိုင်က ပုံမှန်နဲ့ကွဲထွက်နေတယ်ဆိုပေမယ့်လည်း ကျန်းရှို့ရှန်ရဲ့လက်ရာကောင်းမှုကြောင့် ငွေကြေးမပြတ်လပ်တဲ့သူတွက ဒီကိုလာပြီး အစားစားနေကြတုန်းပင်။ သူတို့ရဲ့အစားအစာတွေထဲမှာ ဝက်သားနှပ်ကကျန်းရှို့ရှန်ရဲ့အထူးဟင်းလျာပဲ၊ အရမ်းအရသာရှိတဲ့အတွက် နေ့တိုင်းအကုန်လည်းမြန်သည်။
အစားအသောက်များလဲ ကုန်သွားပြီး အသစ်လာသောသူများလည်း မရှိတော့သည့်အချိန်ဖြစ်သည်။ ကျန်းရှို့ရှန်က သူ့ရဲ့စားဖိုမှူးဝတ်စုံကို ချွတ်ပြီးပြောလိုက်သည်။
"ငါ့အိမ်ကိုသွားပြီးနားချင်လား?"
ကုလျန်ရုန် - "မသွားတော့ဘူး။ ငါကားကို သွားကြည့်ချင်တယ်။"
သူ့လည်ပင်းကို ဆန့်ကာ ပို့ဆောင်ဆက်သွယ်ရေးအသင်းရဲ့ဆန့်ကျင်ဘက်ကို ကြည့်လိုက်သည်။ သူ့ရဲ့ခြေထောက်တွေတောင်မှ ပို့ဆောင်ဆက်သွယ်ရေးအသင်းကို မျက်နှာချင်းဆိုင်နေတာက သူ့ရဲ့စိတ်အားထက်သန်မှုကိုပြနေသည်။ ကုရှန်းလီကလဲအတူတူပဲဖြစ်သည်။ ကျန်းရှို့ရှန်က ကျန်းထျန်နှင့် ကုလျန်မင်ကိုမေးလိုက်သည်။ ကုလျန်ရုန်နဲ့ အခြားသူတွေမသွားတာမြင်တော့ ကျန်းရှို့ရှန်က စိတ်မသက်မသာဖြစ်ပြီး သူနဲ့ကုလျန်မင်ကို ခေါ်တာဖြစ်မည်ဟု ကျန်းထျန် ခံစားမိသည်။ သူ ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်သည်။
"ဒါဆိုလဲကားကိုပဲ အတူတူသွားကြည့်ကြတာပေါ့။"
ကုလျန်မင်လည်း စိတ်အားထက်သန်စွာခေါင်းငြိမ့်လိုက်သည်။
ဒီလိုပဲအခြားသူတွေကလည်း ပို့ဆောင်ဆက်သွယ်ရေးအသင်းကို အတူလိုက်ခဲ့ကြသည်။
အတွင်းရေးမှူးဟွမ်က ဒါကိုကြားတော့ သူလဲယခုလုပ်စရာမရှိသည့်အတွက် နောက်ခြံဝင်းကို မသွားမီသူတို့ကိုဦးဆောင်၍ ပို့ဆောင်ဆက်သွယ်ရေးအသင်းကိုပတ်၍ ပြလိုက်သည်။
အချို့သူတွေက ခြံဝင်းအနောက်တွင် ကားမောင်းလေ့ကျင့်နေကြသည်။
ပို့ဆောင်ဆက်သွယ်ရေးအသင်းက ဖယ်ထုတ်ပစ်တော့မည့်ကားများကို လေ့ကျင့်နေသော ဒရိုင်ဘာများစမ်းမောင်းရန် ပေးထားခြင်းဖြစ်ပြီး အခုသူတို့က ထိုနေရာကျဉ်းကျဉ်းလေးတွင် စမ်းမောင်းနေကြခြင်းဖြစ်သည်။ဒါပေမယ့် ကားကပဲ မကောင်းတာလား ဒရိုင်ဘာရဲ့အရည်အချင်းကပဲ မကောင်းတာလား မသိပေမယ့် ကားက ရုတ်တရက်ဆိုသလို စက်မနိုးတော့ဘဲ ရပ်သွားသည်။
အတွင်းရေးမှူးဟွမ် လာတာကိုမြင်လို့ ကားကအဲ့ဒီနေရာမှာရပ်လိုက်တာဖြစ်မည်။ ပြီးတော့ ကားတံခါးဖွင့်ကာ လူနှစ်ယောက် ဆင်းလာသည်။ လူငယ်တစ်ယောက်နှင့်လူကြီးတစ်ယောက်ဖြစ်သည်။
ကားဒရိုင်ဘာခုံမှ ဆင်းလာသော လူ၏ ပုံစံကိုကြည့်ပြီးကုလျန်ရုန်က ရုတ်တရက်မျက်မှောင်ကျုံ့လိုက်သည်။
ထိုလူနှစ်ယောက်က သူတို့ထံ တည့်တည့်လျှောက်လာသည်။ အတွင်းရေးမှူးဟွမ်က ကုလျန်ရုန်ကိုကြည့်လိုက်ရာ ကုလျန်ရုန်၏ အမူအရာက ပုံမှန်ပင်ဖြစ်တာမလို့ သူ စိတ်သက်သာရာရသွားသည်။
"အတွင်းရေးမှူးဟွမ် ဘာလို့ဒီကိုရောက်နေတာလဲ?"
ထိုလူငယ်က အတွင်းရေးမှူးဟွမ်ကို ရင်းနှီးစွာနှုတ်ဆက်လိုက်ပြီး စကားပြောနေချိန်မှာ သူ့မျက်လုံးအတွင်းရေးမှူးဟွမ်၏ ဘေးတွင်ရပ်နေသော ကုလျန်ရုန်ကို သိချင်နေသောအကြည့်များနှင့် အဆက်မပြတ်ကြည့်နေသည်။
အတွင်းရေးမှူးဟွမ်က ပြုံးလိုက်သည်။ "ကျွန်တော်မိတ်ဆက်ပေးပါ့မယ်။ ဒါကပို့ဆောင်ဆက်သွယ်ရေးအသင်းရဲ့ဒရိုင်ဘာအသစ်ကုလျန်ရုန်ပါ။"
ထိုလူငယ်ရဲ့တက်ကြွနေသော အမူအရာက ရုတ်တရက်မည်းမှောင်သွားသည်။
ဒါပေမယ့် ကုလျန်ရုန်က ခြေတစ်လှမ်းဦးစွာနှုတ်ဆက်လိုက်သည်။
"ကျွန်တော် ခင်ဗျားကို သိပါတယ် ခင်ဗျားက ဦးလေးဟယ်ရဲ့သားပဲ။ ခင်ဗျားက ကျွန်တော့်ထက်နှစ်နှစ်ကြီးပြီး ဒီနှစ်အထက်တန်းကျောင်း ပြီးထားတယ်လို့ကြားတယ်။"
ဒါကိုကြားတော့ ကျန်းထျန်နှင့် ကုလျန်မင်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်သည်။
ကုလျန်ရုန်က လူတစ်ယောက်ကို ဘယ်လိုအရှိုက်ထိအောင် ပြောရမယ်ဆိုတာ ဘယ်ကသင်ထားလည်းမသိပေ။ သူက ကုလျန်ရုန်ထက် နှစ်နှစ်ကြီးပေမယ့် ကုလျန်ရုန်က တစ်နှစ်စောပြီးကျောင်းပြီးထားသည်။ သူကလူတွေကို နည်းအမျိုးမျိုးနဲ့ ခေါ်နေတာ တကယ်ရူးမိုက်လွန်းတယ်။
ဟယ်ရှင်းကွမ်ရဲ့ မျက်လုံးက ပြောင်းလဲသွားပြီး သူကကုလျန်ရုန် ဘာကိုတွေးနေသည်ဆိုတာကို ကုလျန်ရုန်က်ိုကြည့်ကာ ဝေခွဲမရဖြစ်နေသည်။ သူ့စိတ်ထဲတွင် ခန့်မှန်းအထင်များက ပေါ်လာသည်။ နောက်ဆုံးတော့ သူကမသိသလို ဟန်ဆောင်ကာနှုတ်ခမ်းကို တွန့်ပြီး မေးလိုက်သည်။
"မင်းက?"
"ကျွန်တော်က ကုလျန်ရုန်ပါ။ ဦးလေးဟယ်က မပြောထားဘူးထင်တယ်။ ကျွန်တော့်အဖေက ဦးလေးဟယ်ရဲ့သွေးသောက်ရဲဘော်ပါ။"
ကုလျန်ရုန်က ပြုံးပြီးပြောလိုက်သည်။
"ဦးလေးဟယ်က ကျွန်တော့်မိသားစုရဲ့အလုပ်တွေက်ိုစောင့်ကြည့်နိုင်ဖို့ ကူညီပေးတယ်လေ။"
ဟယ်ရှင်းကွမ်၏ မျက်နှာက ဒေါသနှင့်ဖြူဖျော့သွားသည်။
နောက်ဆုံးတော့ သူက အနေရခက်စွာ ပြုံးလိုက်သည်။ "အင်း။ ကျွန်တော်လေ့ကျင့်တာပြီးသွားပြီဆိုတော့ အိမ်ပြန်ပြီး ညစာစားဖို့စောင့်နေတာပါ။ အချိန်ရရင်ဒီအကြောင်း ပြောလိုက်ပါ့မယ်။"
သူက စကားကိုမြန်မြန်ပြောလိုက်ပြီး အတွင်းရေးမှူးဟွမ်နှင့်ဒရိုင်ဘာက်ို တစ်ခုခုလှည့်ပြောလိုက်ကာ သူ့နောက်ကကျားလိုက်နေသလို မြန်မြန်ထွက်သွားတော့သည်။
ဒရိုင်ဘာက ကုလျန်ရုန်ကို ကြည့်လိုက်ပြီး အတွင်းရေးမှူးဟွမ်ကို နှုတ်ဆက်ကာထွက်သွားတော့သည်။
ကျန်းထျန်နှင့် ကုလျန်မင်က ရယ်ချင်စိတ်ကို အောင့်ထားရသောကြောင့် ပုခုံးများတုန်နေကာ နောက်ဆုံးတော့ တစ်ဖက်လူထွက်သွားတာမြင်ရတော့ ရယ်လိုက်သည်။
အတွင်းရေးမှူးဟွမ်ကလည်း နှစ်ဆရယ်လိုက်သည်။ ကုလျန်ရုန်နဲ့ ဟယ်ရှင်းကွမ်ကြားက ပြဿနာအခြေအနေကိုသူမသိပေမယ့်လည်း ကုလျန်ရုန် အခုပြောသွားသောစကားထဲမှ အတ်ိမ်အနက်တစ်ချို့ကို အနည်းနှင့်အများတော့ သူကြားလိုက်သည်။
ပြီးတော့ သူက ကုလျန်ရုန်အတွက် လုပ်ရိုးလုပ်စဉ်များကို မနက်ကလုပ်ခဲ့သည်မလို့ သူကအသက်ဆယ့်ခြောက်နှစ်မှာ အထက်တန်းပြီးခဲ့သည်က်ို သိထားသည်။ ပြီးတော့ဟယ်ရှင်းကွမ်က ဒီနှစ်ဆယ့်ကိုးနှစ်ပြည့်ပြီဖြစ်သည်။
ပြီးတော့ဟယ်ရှင်းကွမ်က ဒီအလုပ်ကိုဘယ်လိုရခဲ့တာလဲ?
အတွင်းရေးမှူးဟွမ်က အခြားသူတွေထက် အကြောင်းအရင်းကို ပိုသိသူမလို့ သူက ဒီလိုအခြားသူများ၏ နေရာကိုယူတတ်သော မကောင်းသည့်လူမျိုးကို သူကအထင်သေးသည်။
နှိုင်းယှဉ်ကြည့်ပြီးနောက် ကွာခြားချက်က များလွန်းတာမလို့ အတွင်းရေးမှူးဟွမ်က ခေါင်းခါလိုက်သည်။
"ကျွန်တော်လည်း သတိမထားမိဘူး။ ဒါကဟယ်ရှင်းကွမ်က အရင်ထဲက အကြောင်းကြားထားတဲ့သူဖြစ်ပြီးလေ့ကျင့်တဲ့အချိန် သုံးရက်က ပြီးသွားပြီ။"
သူက ကုလျန်ရုန်က်ို ဂရုတစိုက်ရှိသည်။ ဒါကသူငယ်ချင်းဖြစ်ဖို့အတွက် အဆင်ပြေသည်။
ပုံမှန်ဆိုရင်လူငယ်တွေက သူတို့နေရာက်ို လှည့်ကွက်သုံးပြီးခိုးယူကြတဲ့သူတွေကို မျက်နှာချင်းဆိုင်ရင်ဆိုင်လေ့ရှိကြပေမယ့် ကုလျန်ရုန်ကတော့ သူဘာလုပ်ရမယ်ဆိုတာမသိတဲ့ပုံစံ လုပ်နိုင်ပြီးတော့ တစ်ဖက်လူကို စကားအနည်းငယ်နဲ့ အပြစ်ရှိစိတ်ပေါ်လာပြီး ထွက်သွားအောင်လုပ်နိုင်တယ်။ လူတိုင်းမှာ ဒီလိုအရည်အချင်းမျိုး မရှိပေ။
အနည်းဆုံးသူသာဆိုရင် အသက်သုံးဆယ်ပြည့်ခါနီးဖြစ်သည်။ အကယ်၍ သူသာကုလျန်ရုန်လို အခြေအနေမျိုးကြုံခဲ့ရလျှင် သူ ဖြေရှင်းနိုင်မှာမဟုတ်ချေ။
အတွင်းရေးမှူးဟွမ်က ကုလျန်ရုန်ကို မေးလိုက်သည်။"ကျွန်တော့်အဖေက ဒီအသင်းက ဒရိုင်ဘာလေ။ကျွန်တော်လွန်ခဲ့တဲ့နှစ်ရက်က ဘယ်လိုမောင်းရမယ်ဆိုတာသင်ထားတယ်။ ကျွန်တော်မင်းကိုကြိုးစားကြည့်ဖို့ခေါ်သွားပေးရမလား?"
ကုလျန်ရုန်က မတုံ့မဆိုင်း ခေါင်းငြိမ့်လိုက်သည်။ "ဒါဆိုရင် ကျေးဇူးတင်ပါတယ် အစ်ကို။"
ကျန်းထျန်က ဒါကိုကြားတော့ အမြန်ပြောလိုက်သည်။ "ဟေး ငါတို့လဲ နောက်ကလိုက်ပြီး ကြည့်လို့ရလား? ကြည့်ပဲကြည့်မှာပါ မနှောင့်ယှက်ပါဘူး!" သူမလက်မြှောက်ကာ ကတိပေးလိုက်သည်။
ကုလျန်မင်က သူ့ရဲ့အင်္ကျီလက်ကိုဆွဲလိုက်သည်။ ကုလျန်ရုန်နှင့် အတွင်းရေးမှူးဟွမ်က လှည့်ကြည့်ချိန်မှာ သူတို့က အစာတောက်စားနေကြသော ကြက်ကလေးများကဲ့သို့ ခေါင်းငြိမ့်ပြလိုက်သည်။
"ခံစားကြည့်ကြရအောင်! ပြန်ရောက်တဲ့အခါ ကြည်းတပ်ကလူတွေနဲ့ စကားပြောလို့ရတယ်လေ"
သူတ်ို့လေ့ကျင့်တာက ဘာမှမဟုတ်ပါဘူး။ ကားကလည်းစျေးမကြီးဘူး။ ပြီးတော့ လူနှစ်ယောက်ထိုင်လို့ရနိုင်သည်။ အလုပ်သမားသစ်တွေ ပို့ဆောင်ဆက်သွယ်ရေးအဖွဲ့ကို ရောက်တဲ့အချိန်မှာ သူတို့က သိချင်ကြတဲ့အတွက် ဒရိုင်ဘာတွေကို သူတို့ကိုနှစ်ကြိမ်လောက်ပြပေးဖို့ပြောကြသည်။
အတွင်းရေးမှူးဟွမ် ခေါင်းငြိမ့်ပြတာမြင်တော့ ကျန်းရှို့ရှန်နဲ့ ကုရှန်းလီကလည်း သူ့ကိုမျက်လုံးကျယ်များနှင့်ကြည့်လိုက်သည်။ အတွင်းရေးမှူးဟွမ်က နှုတ်ခမ်းတွန့်ပြီးပြောလိုက်သည်။
"ဒါဆိုမင်းတို့က နောက်ကလိုက်ပါ။"
ဒါပေမယ့်ကားရဲ့နောက်ခုံက နည်းနည်းကျဉ်းသည်။
ကျန်းထျန်နဲ့ကုလျန်မင်က တိုးဝှေ့နေကြသည်။ သူတို့ခြေထောက်တွေက အထဲဝင်ပြီး အထဲကကြပ်နေကာ သူတို့ကလဲ ရန်လိုနေကြသည်။
ထိုင်လိုက်ပြီးနောက်မှာတော့ အတွင်းရေးမှူးဟွမ်က ကုလျန်ရုန်ကို ဒရိုင်ဘာခုံရဲ့ဘယ်နေရာမှာ ဘာရှိသည်ကိုရှင်းပြကာ ကိုယ်တိုင်မမောင်းခင်ချမှတ်ပြီး လိုက်ပြောရန်သင်ပေးနေသည်။
တည့်တည့်၊ အကွေ့၊ ပါကင်ထိုးနည်း အားလုံးကို တစ်ကြောင်းထဲနှင့် သင်ပေးသည်။ နောက်ဆုတ်တာနဲ့ဘေးဘက်ပါကင်ထိုးတာကိုတော့ အတွင်းရေးမှူးဟွမ်က သူ မကျွမ်းကျင်သည့်အတွက် သူ့အဖေကို မနက်ဖြန်လာပြီးသင်ပေးရန် ပြောပေးမည်ဟုပြောသည်။ လူသစ်တစ်ယောက်အနေနှင့် ကုလျန်ရုန်က မှတ်ဉာဏ်ကောင်းပြီးပူးပေါင်းပါဝင်နိုင်စွမ်းကောင်းသည်။ သူကအားလုံးကိုမြန်မြန်ကျွမ်းကျင်သွားသည်။ သူ့တွင်ထူးခြားသောတစ်ချက်ရှိသည်။ ဒါကဒီလူသစ်က ရှောင်လို့မရနိုင်သောအခြေအနေတွင် ရုတ်တရက် ရပ်လိုက်၍ရသည်။ နောက်ခုံတွင် တိုးဝှေ့နေကြသော ကျန်းထျန်နှင့် ကုလျန်မင်က ရုတ်တရက် အရှေ့ကိုစိုက်ကျသွားသည်။
ကုလျန်မင်က ကျွမ်းကျင်စွာ ကားစက်နှိုးပြီး ဆက်လေ့ကျင့်လိုက်သည်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ အကြိမ်ရေအနည်းငယ် သော့လှည့်သော်လည်း ကားကအနည်းငယ်သာတုန်ပြီး စက်မနိုးလာပေ။ အတွင်းရေးမှုးဟွမ်က ရှေ့ကြည့်လိုက် နောက်ကြည့်လိုက် ကြည့်ကာခန့်မှန်းလိုက်သည်။
"ဝါယာကြိုးတွေ ပြဿနာဖြစ်နေတာနေမယ်။ ဒရိုင်ဘာတစ်ယောက်ကိုခေါ်ပြီး လာကြည့်ခိုင်းလ်ိုက်မယ်။"
ပို့ဆောင်ဆက်သွယ်ရေးအဖွဲ့မှာ အထူးတလည် ကားပြင်ဆင်သည့်နေရာမရှိပေ။ ကားပြဿနာဖြစ်လျှင် တစ်နှစ်ပတ်လုံး ထိုကားကိုမောင်းသည့် ဒရိုင်ဘာကသာ ဖြေရှင်းရသည်။ ပြင်၍မရဘူးဆိုရင် ဆက်မသုံးတော့ဘဲ ပြန်လည်အသုံးပြုရန်အတွက် ကားစက်ရုံကိုစျေးနည်းနည်းနှင့်ရောင်းလိုက်ပြီး အနည်းငယ် ထပ်စိုက်ကာအသစ်ဝယ်လိုက်သည်။
လေ့ကျင့်မှုက ရပ်လိုက်ရသည်။ အတွင်းရေးမှူးဟွမ်ကချွေးသုတ်ကာ ကားစက်ဖုံးကိုဖွင့်လိုက်သည်။ ရှုပ်ထွေးနေသော ဝါယာကြိုးများက လူတွေကို မူးနောက်စေသည်။
ကုရှန်းလီနဲ့ ကျန်းရှို့ရှန်က လေ့ကျင့်ရေးကွင်းမှာတစ်ခုခုဖြစ်နေတာကိုတွေ့တော့ လျှောက်လာကာမေးလိုက်သည်။ "ဘာဖြစ်လို့လဲ? ဘာလို့ဆက်မလေ့ကျင့်တော့တာလဲ?"
ကုလျန်ရုန်က ဒရိုင်ဘာခုံမှဆင်းလာကာ ပူလွန်းသည့်အတွက် ချွေးသုတ်လိုက်သည်။ "အစ်ကိုဟွမ် ပြောတာတော့ ဝါယာတွေမှာ ပြဿနာဖြစ်နေတယ်တဲ့။"
အားလုံးက ချက်ချင်း သူ့လိုပဲအတွင်းရေးမှူးဟွမ်နှင့်အတူ ကားဝါယာများကို ကြည့်လိုက်သည်။
ကျန်းထျန်က တစ်ခုခုမှားနေသည်ကို တွေ့လိုက်ရသည်။
ဒီကားရဲ့ဝါယာကြိုးတွေက ရိုးရှင်းသည်။ သူမကတစ်ခုခုကို လက်ညှိုးထ်ိုးပြလိုက်သည်။
"ဒီဝါယာက အချ်ိန်ကြာနေပြီဖြစ်ပြီး အကာအကွယ်လဲမရှိဘူး။ ဒါက်ိုဒီဝါယာကြိုးနဲ့ ဆက်ထားတဲ့အတွက် လျှပ်စီးပတ်လမ်းက်ို ပြတ်သွားစေတယ်။"
အတွင်းရေးမှူးဟွမ်က ဖြစ်နိုင်ချေရှိတဲ့ ဝါယာတွေတစ်ခုပြီးတစ်ခုရှာနေသည်။
ကျန်းထျန် ပြောတာကြားတော့ သူကသူမပြောသောကြိုးက်ို ကြည့်လိုက်တော့ တကယ်ပဲနောက်တစ်ကြိုးနှင့်ချိတ်နေသည်။ ပြီးတော့အထဲမှ သတ္တုကြိုးကလဲကြိုးနှစ်ခုထိနေသော နေရာတွင်ပေါ်နေသည်။
သူက ကျန်းထျန်က အမြင်ရှိတာပဲဆိုပြီးတွေးကာ အံ့သြစွာကြည့်လိုက်သည်။
"ဒီတစ်ခုဟုတ်မဟုတ်တော့ မသေချာဘူး။ ဂိုဒေါင်ကိုသွားပြီး တိပ်ယူလိုက်မယ်။"ထိုသို့ပြောကာ သူက ဂိုဒေါင်ကိုသွားလိုက်ပြီး ခုနကဟယ်ရှင်းကွမ်ကို သင်ပေးနေသောဒရိုင်ဘာက်ို ခေါ်ပြီးပြန်လာသည်။
ထိုဒရိုင်ဘာကြီးက လာကြည့်ပြီး ဝါယာများကို စစ်ဆေးသည့်ပုံလုပ်ကာ နောက်ဆုံးပြောလိုက်သည်။ "ဒီဝါယာကြိုးနှစ်ခုက ပြဿနာဖြစ်နေတာနေမယ်။"
သူက တ်ိတ်အနက်နှင့် နှစ်ပတ်ပတ်ကာ ကျန်းထျန်ကိုကြည့်ပြီးပြောလိုက်သည်။
"မိန်းကလေးက အမြင်ရှိတာပဲ။"
ထို့နောက် သူက ကုလျန်ရုန်ကို ပြောလိုက်သည်။
"လူသစ်တွေက ဒရိုင်ဘာနဲ့ လေ့ကျင့်တာ အကောင်းဆုံးပဲ။ ပြီးတော့ အာရုံစိုက်ပါ။ ဒီကားတွေက ငါတို့အသင်းက မသုံးတော့တဲ့ကားတွေဆိုပေမယ့် လူတိုင်းယူသွားဖို့တတ်နိုင်တဲ့ ကားတွေတော့ မဟုတ်ဘူး။"
စကားအနည်းငယ်ပြောပြီးနောက် ဒရိုင်ဘာကြီးက လူတစ်ယောက်နှင့်အတူ ထွက်သွားလိုက်သည်။
အတွင်းရေးမှူးဟွမ်က ကားစက်ဖုံးကို ပိတ်လိုက်ပြီး ကုလျန်ရုန်ကို ပြန်ကြိုးစားကြည့်ရန် ပြောလိုက်သည်။ တစ်ချိန်ထဲမှာပဲ သူကအားလုံးကို နောက်ကိုခေါ်ကာပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့ ပို့ဆောင်ဆက်သွယ်ရေးအသင်းက ဒရိုင်ဘာတွေအပေါ်ပဲ မှီခိုနေရတာ။ သူတို့က လစာမြင့်ပြီးအဆင့်အတန်းမြင့်တဲ့သူတွေပဲ။ ဒါကြောင့်နည်းနည်းစိတ်ဆတ်တာက ပုံမှန်ပါပဲ။"
ကုလျန်မင်က ငြိမ်သက်နေသည်။
သူမက ကျန်းထျန်က အမြင်အာရုံကောင်းလို့ပြသနာကိုမြင်တာမဟုတ်ဘူးလ်ို့ထင်နေသည်။ ဒါကအကြောင်းပြချက်တစ်ခုသာဖြစ်ပြီး ကျန်းထျန်က ကားတွေအကြောင်း နားလည်နေတာဖြစ်မည်ဟု သူမ ထင်နေသည်။
ဒါပေမယ့် သူမ မပြောနိုင်ဘူး။ ဘယ်သူမှ ယုံမှာမဟုတ်ဘူး။
ပြီးသွားတော့ ကုလျန်ရုန်က ဆက်လေ့ကျင့်သည်။ ဒီတစ်ခါတော့ ကျန်းရှို့ရှန်နှင့် ကုရှန်းလီက အတွေ့အကြုံယူရန်လိုက်သော အလှည့်ဖြစ်သည်။
ပို့ဆောင်ဆက်သွယ်ရေးအသင်းရဲ့အနောက်ကွင်းပြင်မှာအမိုးအကာမရှိဘူး။ ကုလျန်မင်နဲ့ ကျန်းထျန်က နေပူထဲတွင်ရပ်နေကာ သူတို့မျက်လုံးနှင့် ဆံပင်များက မည်းနက်နေသည်။
နှစ်ကြိမ်ထပ်မောင်းပြီးချိန်မှာတော့ ကျန်းထျန်က အချိန်ကိုခန့်မှန်းလိုက်ပြီး သူ ဆက်နေလျှင် သမဝါယမဝန်ကြီးဌာနက ပိတ်တော့မှာမလို့ သူမ ကုလျန်မင်ကို ပြန်ရန်တိုင်ပင်လိုက်သည်။
ကားမောင်းလေ့ကျင့်ရာမှ အနားယူချိန်မှာ ကုလျန်မင်ကကုလျန်ရုန်ကို သွားနှုတ်ဆက်ကာ ကျန်းထျန်နှင့်အတူပြန်လာခဲ့သည်။
ပို့ဆောင်ဆက်သွယ်ရေးအသင်းကနေ ထွက်လာပြီး ချိန်မှာ ကျန်းထျန်နှင့် ကုလျန်မင်က ဟိုတယ်နောက်ကကွင်းပြင်သို့စက်ဘီးထားရန် အရင်သွားလိုက်သည်။
အဲဒီအချိန်မှာ နေပူနေသေးတာမလို့ ကျန်းထျန်က စိတ်ပြောင်းသွားကာ ကုလျန်မင်ကို နောက်ခြံဝင်းမှာစောင့်ခိုင်းထားပြီး နောက်ဖက်တံခါးမှထွက်ကာ လမ်းကြားထဲဝင်ပြီး ရေခဲချောင်းများဝယ်လိုက်သည်။
ရေခဲချောင်းဝယ်ပြီး ထည့်မည့်အိတ်ကို ရှာနေချိန်တွင်ကျန်းထျန်က အစားအသောက်ထည့်သည့် အိတ်များကိုသတိထားမိကာ အမျိုးအစားမှန်စွာ ထည့်နိုင်မည့်အိတ်ကိုရှာရင်း အချိန်ကုန်သွားသည်။ ပြီးတော့ သူမကအဆာပြေမုန့်ထည့်မည့် အိတ်ကိုလည်း ယူလိုက်သည်။
အဆုံးမှာတော့ ဒီနေ့ မြို့ကိုလာရသည့် ရည်ရွယ်ချက်ကိုတွေးကာ ရိုးရိုးရှင်းရှင်းပဲ ခေါင်းလျှော်ရည်၊ မျက်နှာသစ်၊ ရေချိုးဆပ်ပြာရည်၊ ဆပ်ပြာတုံးနှင့် အခြားပစ္စည်းများပါ ဝယ်လိုက်သည်။
ကျန်းထျန်က နောက်ဖက်ကွင်းပြင်တံခါးရှေ့ရပ်ကာအိတ်ကြီးအိတ်ငယ်များကိုသယ်ပြီး ကုလျန်မင်တံခါးဖွင့်ပေးစေရန် တံခါးခေါက်လိုက်သည်။
ကုလျန်မင်က ကျန်းထျန်ရဲ့သမဝါယမဝန်ကြီးဌာနကိုဓားပြတိုက်လာသလိုပုံစံကို မြင်သောအခါ အံ့သြသွားရသည်။
"မရီးဒါတွေအကုန်လုံး ဝယ်လာတာလား...အခုအဲ့ဒီနေရာကို သွားခဲ့တာလား?"
ကျန်းထျန်က တိုးတိုးလုပ်ရန် ပြောလိုက်သည်။
"ရှူး~ပြန်ရောက်တဲ့ခါ ပြောပြမယ်"
သူကအိတ်ကိုဖြည်ပြီး ရေခဲချောင်းထုတ်ကို ယူပြီး ကုလျန်မင်ကို ပေးလိုက်သည်။
"ကြိုးစားပြီးတော့ ဒါကိုပို့ဆောင်ဆက်သွယ်ရေးအသင်းဆီယူသွားပြီး တတိယမောင်လေးကို သွားပေးလိုက်။"