အခန်း(၇၃)
Vol. 6 Ch. 73
ဟော့ပေါ့စားပြီးနောက် ကျန်သောဟင်းလျာများကို ဆန်ပုံးသုံးပုံးထဲ ထည့်လ်ိုက်သည့်အတွက် ဘာမှမကျန်တော့ပေ။
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းထျန် လှုပ်ရှားသံအချို့ကြားသောကြောင့် ဘေးကိုကြည့်လိုက်သောအခါ ကုလျန်ရွှမ်က နိုးနေပြီဖြစ်သည်။
ကုလျန်ရွှမ်က သူ့လှုပ်ရှားမှုကို အသံလျော့လိုက်သည်။
"ရပါတယ်။ မင်း ဆက်အိပ်လိုက်ဦး။"
ကျန်းထျန်က မျက်လုံးပိတ်ကာ တစ်ဖက်သို့ လှည့်ပြီး ဆက်အိပ်လိုက်သည်။
ကုလျန်ရွှမ်က တိုးတိတ်စွာ အိမ်မှထွက်လိုက်ပြီး ရွှီကျင်းဖန်နှင့်အတူ အလုပ်လုပ်ရန် ထွက်လာခဲ့သည်။
ကုလျန်ရုန်က မြို့ပေါ်သို့ စက်ဘီးဖြင့်သွားကာ သယ်ယူပို့ဆောင်ရေးအသင်းတွင် လေ့ကျင့်ရန် သွားလိုက်သည်။
ကုလျန်ရွှမ် တပ်ထဲက ပြန်လာပြီးကတည်းက ပထမဆုံးအလုပ်ဆင်းသည်မလို့ ရွာသားများက လာရောက်သတင်းမေးကြသည်။ "လျန်ရွှမ်ရဲ့ခြေထောက်က ကောင်းသွားပြီလား?"
ရွှီကျင်းဖန် ပြုံးလိုက်သည်။ "ကောင်းနေပါပြီ။ မြို့က ဆရာဝန်ပြောတာတော့ သူကတစ်ခါတစ်လေတော့ ကွင်းထဲဆင်းလို့ရတယ်တဲ့။"
"ကောင်းတာပေါ့။ လျန်ရွှမ်ရဲ့အကူအညီနဲ့ဆို အိမ်မှာအနားယူနေလို့ရတယ်လေ။ ဘာလို့တတိယလေးက မလာတာလဲ?"
ရွှီကျင်းဖန်က ပြုံးနေသေးသည်။ "ဒါက ကိစ္စကြီးတော့မဟုတ်ပါဘူး။ လျန်ရုန်က အဖွဲ့အစည်းနဲ့ အလုပ်စာချုပ်ချုပ်ထားတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်း မနေ့ကစပြီးလုပ်နေတယ်။ အဲ့တာပြီးရင် သူက မြို့မှာအလုပ်လုပ်ရပြီ။"
"လျန်ရုန်က အလုပ်လုပ်တော့မှာလား?"
"ဒါကမယုံနိုင်စရာပဲ။ လျန်ရုန်က ကတိတည်တဲ့သူပဲ။"
"အစ်မတို့မိသားစုက တကယ်ကောင်းတဲ့ဘဝမှာနေကြတာပဲ။"
မနာလိုသူများက စောင်းပြောကြသည်။ "သူက အလုပ်သမားဖြစ်တော့မယ်။ ငါတို့လို ရွှံ့ထဲလုပ်ကိုင်နေရတဲ့သူတွေနဲ့ကွာခြားတာပေါ့။ ရူရွယ်နဲ့လုံမန်ကလည်း မကြာခင် မြို့ပေါ်မှာနေကြမှာ၊ ဒါဆိုအစ်မက ဒီမှာအခြားသူတွေကို စိတ်ပူရအောင် လုပ်နေတာလား?"
ရွှီကျင်းဖန် ပြန်မပြောနိုင်သေးခင် သူမနဲ့ရင်းနှီးသူများက သူမဘက်မှ ဝေဖန်သူကို ပြန်ပြောလိုက်သည်။ "မင်း ဒီလိုတွေ ပြောနေစရာမလိုပါဘူး။ မင်းက််ိုယ်မင်း မတိုးတက်သေးဘူးဆိုတာသိရင် တိုးတက်အောင်ကြိုးစားလေ။ ပြီးတော့ အခုအိမ်က ရှာလကာရည်သောက်လာတာလား?
"တကယ်ပဲ အချဉ်နံ့ကအရမ်းပြင်းတယ်။ အိမ်က ဟင်းကျန်ထမင်းကျန်တွေကို ဆယ်စုနှစ်လောက် သိမ်းထားနေလားစ််ိုးရိမ်မိတယ်။ အဲ့တာတွေစားပြီးရင် စကားမပြောမိစေနဲ့ အပုပ်နံက ပါးစပ်ထဲက ထွက်လာမယ်။"
ရွှီကျင်းဖန် - "..." တစ်ခါတစ်လေ သူမ တွေးမိသည်။ အပြစ်တင်တာတွေက ခံရခက်တယ်ဆိုပေမယ့် သာမန်အလုပ်လုပ်နေသူတွေ ပြောနေတာက ကောင်းပါတယ်။
ရွှီကျင်းဖန်က လူသိများသည်။ သူမမိသားစု သုံးဆက်လုံးက တပ်ထဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ပြီး အရေးအကြီးဆုံးတစ်ယောက်က မိန်ဟောင်ဖြစ်သည်။ ရွာထဲတွင်တော့ ကုမိသားစုနှင့် မတည့်သူများက နည်းသည်။
ယခု သူမကို မကောင်းပြောသည့်သူက တစ်ဖက်ရွာမှလာသောချွေးမဖြစ်သည်။ သူမက ကုလျန်ရှင်း လက်ထပ်ပွဲအကြောင်းပြောသောအချိိန်တွင် သူမက သူမမောင်နှင့် မိတ်ဆက်ပေးချင်ခဲ့သည်။
ကုလျန်ရှင်းက ကြိုးစားသူဖြစ်ပြီး ကြည့်ကောင်းသည်။အထက်တန်းလည်း အောင်ထားသည်။ ကုလျန်ရှင်းရဲ့အကိုကြီးကုလျန်ရွှမ်ကလဲ စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ မိသားစုမှလူတိုင်းက သူ့အစီအစဉ်နှင့်သူ ရှိကြသည်။
ဒါပေမယ့် သူမမောင်ဖြစ်သူကတော့ ပျင်းရိပြီးပါးစပ်ဆိုးကာ အလုပ်လည်းမလုပ်ပေ။ ရွှီကျင်းဖန်က သူနဲ့ဘယ်လိုသဘောတူရမှာလဲ?
ဒါကြောင့်ဒီချွေးမဖြစ်သူက နေရာတိုင်းတွင် ကုမိသားစုမကောင်းကြောင်းများ ပြောလေ့ရှိသည်။
ရွှီကျင်းဖန်က ဒီလိုလူတွေနဲ့ ပြိုင်ငြင်းခုံရမှာပျင်းသည်။တစ်ခါတစ်လေမှာ သူမ ဆိုးရွားတဲ့စကားတွေကြားရသောအခါ မကြားသလို နေပြီး တုတ်တစ်ချောင်းသာ ကိုင်ကာ ထိုလူကို မောင်းထုတ်ပစ်လိုက်သည်။
ယခုလည်း ရွှီကျင်းဖန်က သူမဘေးမှသူ၏ ပေါက်ပြားကို ဆွဲယူလိုက်သည်။ ထိုချွေးမက ရုတ်တရက် မတုန့်ပြန်နိုင်ဖြစ်ကာ ချော်သွားသည်။ သူမဘေးတွင်ရပ်နေသူက ရုတ်တရက်ပျောက်သွားသည်။
ပတ်ဝန်းကျင်မှ လူများက ရယ်လိုက်သည်။
ဒီကိစ္စပြီးတော့ ကုလျန်ရုန် မြို့ပေါ်တွင် အလုပ်ရသွားသည့်အကြောင်းက အနီးပတ်ဝန်းကျင်ရွာများနှင့်တပ်မဟာကိုပါ သတင်းပြန့်သွားသည်။
ကုလျန်ရုန်က အသက် ၁၇နှစ် ပြည့်မှာဖြစ်သည်။ သူအရွယ်ရောက်လာတာမြင်တော့ လူအများက သမက်တော်ချင်ကြသည်။
ကုအိမ်ကို တစ်ယောက်ယောက်က ကမ်းလှမ်းရန်ရောက်လာသည်။
ရွှီကျင်းဖန်က အစပိုင်းနားမလည်ပေမယ့် နားထောင်နေရင်း တစ်ခုခုလွဲနေသလိုခံစားရသည်။ ထိုသူက သူ့ရည်ရွယ်ချက် ရှင်းပြလိုက်တော့ ရွှီကျင်းဖန် လန့်သွားသည်။
"မရဘူး။ ကျွန်မသားက ဒီနှစ်မှ ၁၈နှစ်ပြည့်မှာ သူကအရမ်းငယ်သေးတယ်။ ဒီလိုစီစဉ်ဖို့ နောက်ထပ်နှစ်နှစ်လောက်လိုသေးတယ်။"
ထိုသူက ရွှီကျင်းဖန် သူ့ကိုငြင်းလိုက်တယ်ဆိုပေမယ့်သူမမျက်နှာအမူအရာကို ကြည့်လိုက်တော့သူမကတကယ်ကိုအချိန်မတန်သေးဘူးဟု သဘောထားပုံရကြောင်း သိလိုက်သည်။
သတင်းပြန့်သွားတော့ လူအများက ရွှီကျင်းဖန်ရဲ့အတွေးကို ခန့်မှန်းကြသည်။ ကုမိသားစုက လောလောဆယ်ခက်ခဲနေသည့်အတွက် သူမကသူ့လစာကိုနှစ်နှစ်လောက် စုထားချင်တာဖြစ်မည်။ ကုလျန်ရုန်က အတည်တကျအလုပ်ရပြီး နှစ်နှစ်ကြာမိသားစုကိုထောက်ပံ့ပြီးတော့မှ လက်ထပ်မည်ဟု ထင်ကြသည်။
ဒါပေမယ့် ကုလျန်ရုန်ကတော့ ဒါကိုမသိဘဲ သယ်ယူပို့ဆောင်ရေးအသင်းတွင် နေ့တိုင်းကားမောင်းသွားကျင့်နေသည်။
ကုလျန်ရွှမ် အလုပ်သွားပြီး မကြာခင် ကျန်းထျန်ကအိပ်ယာမှ လန့်နိုးလာကာ သူမ ဒီနေ့ချက်ပြုတ်ရမည်ဖြစ်ကြောင်း သတိရလိုက်ပြီး ထလိုက်ကာ အိမ်နောက်ဖက်ကိုသွားကာ ဆေးကြောလိုက်ပြီးနောက် ကုလျန်မင်က်ိုနိုးလိုက်သည်။
"ရှောင်မင် အစ်မတို့ နေ့လည်စာ ဘာချက်ကြမလဲ?" ကျန်းထျန်က အခန်းဝမှခေါင်းတိုးကာ ကုလျန်မင်၏ အကြံကိုတောင်းလိုက်သည်။
ကုလျန်မင်က အိပ်ယာမှထကာ ကျန်းထျန်ကို အိမ်နောက်ခေါ်သွားကြသည်။ "အိမ်မှာက အသီးအရွက်တွေပဲရှိတယ်။ အသီးအရွက်အပြင် ဝက်ဆားနယ်ခြောက်တွေနဲ့ ငါးခြောက်တွေရှိတယ်။"
ကျန်းထျန်က အသီးအရွက်တွေက်ိုကြည့်ကာ နှစ်မိနစ်လောက်ငြိမ်သွားသည်။ သူမ တွေးလိုက်မိသည်။
"ကြက်ဥကြော်နဲ့ကြက်သွန်မြိတ်ဆိုရင်ကော?"
"ဟင်းချက်သင်ယူတဲ့အချိန်မှာ မီးဖိုထဲက အိုးအကြီးကမသင့်တော်ဘူး။ အိမ်နောက်ဖက်က အိုးအသေးနဲ့ပဲချက်သင့်တယ်။"
"ဟုတ်တယ် ဒီလိုပဲတွေးမိတယ်" ကျန်းထျန်က သံယောင်လိုက်ပြောလိုက်သည်။ "ကြက်သွန်မြိတ် အရင်သွားယူလိုက်မယ်။"
"လက်မြန်အောင် လေ့ကျင့်ဖို့အတွက် ဟင်းအရင်ကြော်ကြည့်ရမယ်။ ပြီးတော့ အဲ့တာကို လေ့ကျင့်လိုက်မယ်ဆိုရင် ညီမ ကျောင်းမသွားခင် အစ်မ ကျွမ်းကျင်သွားလိမ့်မယ်။"
ကုလျန်မင်က ပြောလိုက်သည်။ "ရှုပ်ရှုပ်ထွေးထွေး လုပ်စရာမလိုပါဘူး။ ခေါက်ဆွဲပြုတ်နဲ့ ပေါင်မုန့်နည်းနည်းဆိုရင် ရပြီ။"
ဝတဲ့လူတွေတောင် တစ်ကိုက်ထဲနဲ့ မစားနိုင်ဘူး။ ဒါကြောင့်တစ်ရက်ကို တစ်မျိုးသင်ရင် လုံလောက်ပြီပင်။
ကျန်းထျန်က အရွက်များကို ပုပ်မပုပ် သေချာကြည့်ကာအိုးအသေးထဲထည့်လိုက်သည်။
ကုလျန်မင်က နာရီကိုကြည့်ကာ အချိန်ခန့်မှန်းလိုက်ပြီးနေ့လည်စာ စပြင်ဆင်လိုက်သည်။
"မနေ့က ဟော့ပေါ့စားတာကနေ ကျန်တဲ့အသားလုံးတွေရှိသေးတယ်။ စွပ်ပြုတ်လုပ်စားလိုက်မယ်။ ပန်ကိတ်တွေလဲ လုပ်လ်ိုက်မယ်။" ကုလျန်မင်က အသီးအရွက်များ ဆေးကြောနေရင်းကျန်းထျန်ကို ပြောလိုက်သည်။
ကျန်းထျန်က ကြက်သွန်မြိတ်များကို မျက်နှာအနီးကပ်လိုက်မိသောကြောင့် မျက်လုံးများ နီသွားသည်။ "ရပါတယ်။"
သူမ မရွေးချင်ပေ။ မနေ့က ဟော့ပေါ့စားခဲ့သည်မလို့ပေါ့သောအရာတစ်ခုစားချင်သည်။
ကြက်သွန်များကို မိနစ်နှစ်ဆယ်လောက်အချိန်ယူကာခွာပြီး သူမ ကုလျန်မင်ဦးဆောင်မှုအရ လှီးဖြတ်လိုက်သည်။
ကုလျန်မင်က ကျန်းထျန်ကို သေချာသင်ပြနေသည်။ အိုးကိုအပူပေးကာ ဆီသတ်ခိုင်းလိုက်သည်။ "ညီမ မီးဖိုချောင်သွားပြီး ခေါက်ဆွဲတွေနဲ့ပန်ကိတ်သွားလုပ်လိုက်မယ်။ နေ့လည်စာက်ို အစ်မက်ို လွှဲခဲ့မယ်နော်။"
ကုလျန်မင်က သူမယောက်မကိုပြောလိုက်သည်။
ယခု ကုလျန်မင်က သူမ၏ယောက်မ ကျန်းထျန် ကို လျှို့ဝှက်ဆန်းကြယ်စွာ ယုံကြည်လာခဲ့သည်။ သူမသည် တက္ကသိုလ်တက်နိုင်သည်၊ တောဝက်များကို အမဲလိုက်နိုင်ပြီး တောင်ပေါ်၊ မြစ်များထဲသို့ သွားနိုင်သည်ဟု သူမထင်သည်။
ဟင်းချက်တာကလည်း မခက်တာမလို့ လုပ်နိုင်မှာသေချာသည်။
သူမ ထိုသို့တွေးကယးာ ခေါက်ဆွဲပြုတ်ရန် မီးဖိုချောင်သို့ထွက်လာခဲ့သည်။
ကျန်းထျန်က အားအင်အပြည့်နှင့် ကြက်ဥသုံးလုံးကို ခွဲကာ ငါးခုဖြစ်အောင် ကြော်လိုက်သည်။ ပြီးနောက်အ်ိုးထဲမှထုတ်ကာ ပန်းကန်လုံးထဲ ထည့်လိုက်သည်။
ကျန်းထျန်က ကြက်ဥခွဲသည့်နေရာတွင် မကျွမ်းဘူးဖြစ်နေသည်။ သူမက အားများများသုံးသည်ဖြစ်စေ လျော့သုံးသည်ဖြစ်စေ အခွံများက အနှစ်ထဲဝင်သွားလေ့ရှိသည်။ သူမက တူကိုယူကာပြန်ဆယ်ရသည်။
အိုးထဲရှ်ိဆီသတ်ထားသော ကြက်သွန်များက တူးနေပြီဖြစ်သည်။ ကျန်းထျန်က ကြက်ဥကိုအာရုံစိုက်နေသောကြောင့် ဒါကိုသတိမထားမိပေ။
သူမ အခွံများကိုဖယ်ပြီးတော့မှ ဆားထည့်ကာ အိုးရှေ့ရပ်လိုက်သည်။
ကျန်းထျန် မနေ့က ဟော့ပေါ့ထဲ အသီးအရွက်များထည့်သည်ကိုပြန်သတိရကာ ဆီပူလောင်မည်ကိုကြောက်သောကြောင့် ကုလျန်ရွှမ်စကားအတိုင်း ကြက်ဥကိုအိုးထဲလောင်းထည့်လိုက်သည်။
ဆီပွက်သော အသံများထွက်လာသည်။
"ရှောင်မင် ရှောင်မင် ဆီတွေစင်တယ်။" ကျန်းထျန်က လက်ကိုရုတ်ကာ ကုလျန်မင်က်ို အော်ခေါ်လိုက်သည်။
သူမ အော်သောအချ်ိန်တွင် ကုလျန်မင်၏ လက်များတွင်ဂျုံများပေနေကာ သူမက ပြေးလာလိုက်သည်။ အိုးမှမီးခိုးများထွက်ကာ ဆီစက်များစင်နေသောကြောင့် ကျန်ထျန်က အဝေးမှနေကာ အိုးအနားမကပ်ရဲပေ။
ကုလျန်မင် - "...." သူမ ကျန်းထျန်ကို အထင်ကြီးမိသွားသည်ထင်သည်။
ကုလျန်မင်က လက်မြန်မြန်ဆေးကာ အိုးထဲမှတူးတော့မည့်ကြက်ဥများကို ဖယ်လိုက်သည်။
ကျန်းထျန်က သူမလက်မှ ဆီစက်များကို သေချာသုတ်နေသည်။ သူမင ကုလျန်မင် အသီးအရွက်တွေ ထည့်နေတာမြင်တော့ ပြောလိုက်သည်။
"ဟေး အစ်မ ဆားမထည့်ရသေးဘူး။"
"အိုးထဲထည့်ပြီးမှ ယောင်းမနဲ့ မွှေလိုက်"
"ဒါဆိုရပြီ"
ကုလျန်မင်က သူမထည့်လိုက်သော ဇွန်းအပြည့်ဆားများကိုကြည့်လိုက်မိသည်။ ဒီညဟင်းကတော့သေချာပေါက် ငန်ပြီ။
ကျန်းထျန်ကို ကြည့်လိုက်တော့ သူမကသူမရဲ့ငန်နေတဲ့ဟင်းပွဲအတွက် ဂုဏ်ယူနေပုံရသည်။ ကုလျန်မင် ဘာမှမပြောနိုင်တော့ပေ။
သူမ ရယ်လိုက်မိသည်။ "အစ်ကိုက ဒီဟင်းပွဲကိုကြိုက်မှာပဲ။"
ကျန်းထျန်က သူမစကားကိုထောက်ခံလိုက်သည်။ "ညီမအစ်ကိုက အားလုံးကို ကြိုက်တယ်။"
ကုမိသားစုက အစားအားလုံးကို ကြိုက်ကြသည်။
ကုလျန်မင်က နှစ်စက္ကန့်လောက် ငြိမ်သွားသည်။ အစ်ကိုက အစပ်အရသာကို ကြိုက်တာဟု သူမစိတ်ထဲက ပြောလိုက်မိသည်။
အလုပ်မှပြန်လာချိန် နေ့ခင်းတွင် အခန်းက တိတ်ဆိတ်နေသည်။ ကုမိသားစုက အိမခနောက်ဖက်တွင်သာအစားစားလေ့ရှိသည်။
မနေ့ ညနေစာက များတဲ့အတွက် နေ့လည်စာက ရိုးရှင်းသည်။စွပ်ပြုတ်၊ ပန်ကိတ်၊ သခွားသီးများ၊ ခရမ်းချဉ်သီးများနှင့်နောက်ဆုံးဟင်းပွဲကတော့ ကြက်ဥမွှေကြော်ဖြစ်သည်။
ကုလျန်မင်က ထိုဆားငန်နေသော ဟင်းပွဲကိုမမြည်းလိုပေ။
ကျန်းထျန်က ပထမဆုံးလုပ်ထားသော ဟင်းပွဲကိုမိသားစုကို ကျွေးချင်သဖြင့် သူမ မမြည်းရသေးပေ။
လူစုံအောင် စောင့်လိုက်သည်။
ကျန်းထျန် ပြုံးလိုက်သည်။ "အမေ သမီးကြော်ထားတဲ့ကြက်ဥမွှေကြော်ကို စားကြည့်။ ဘယ်လိုအရသာရလဲ?"
ကုလျန်မင်က ရွှီကျင်းဖန်ကို မျက်လုံးမှိတ်ပြလိုက်ပေမယ့်ရွှီကျင်းဖန်က ထျန်ထျန် ပထမဆုံးချက်သောဟင်းကိုစားချင်သဖြင့် ဇွန်းဖြင့်ခပ်ကာ အများကြီး စားလိုက်သည်။
ရွှီကျင်းဖန်၏ မျက်နှာက အေးခဲသွားသည်။ "အာ"
သူမ ကျန်းထျန်ကိုကြည့်ကာ ကြက်ဥမွှေကြော်ကိုကြည့်လိုက်သည်။
သူမ နောင်တရလာသည်။
ကျန်းထျန်က ရွှီကျင်းဖန်ကို မေးလိုက်သည်။ "အမေ ဘာဖြစ်လို့လဲ? နည်းနည်းတူးသွားတာလာ?"
သူမကခေါင်းခါကာ ပန်ကိတ်ကို ယူစားလိုက်ပြီးအသားလုံးစွပ်ပြုတ်နှင့် မျှောချလိုက်သည်။ "အရသာရှိပါတယ်။ မတူးပါဘူး။" ဒါက အတော်ကိုငန်နေသည်။
သူမကကြက်ဥကိုယူကာ ကုလျန်ရွှမ်ကို ပေးလိုက်သည်။
"လျန်ရွှမ် ထျန်ထျန် ချက်ထားတာစားကြည့်ပါဦး။ မင်းက ကြက်ဥမွှေကြော်ကို အကြိုက်ဆုံးပဲလေ။"
ကုလျန်ရွှမ် - "..." သူ့ ခံစားချက် မကောင်းနေပေ။
သူ ပန်ကိတ်နှစ်ခုနှင့် စွပ်ပြုတ်ကိုယူထားလိုက်သည်။
ထို့နောက်သူကစားလိုက်သည်။ ဝင်ဝင်ချင်းမှာပဲ ဆိုးရွားစွာခံစားလိုက်ရသည်။
ကျန်းထျန်က ကုလျန်ရွှမ်၏ အမူအရာကိုကြည့်နေသည်။ "ငန်လိုက်တဲ့ဟင်း။ မဟုတ်ဘူး ဟင်းကအရသာရှိပါတယ်။"
ကျန်းထျန် - →_→
ကျန်းထျန်က တူကိုယူကာ သူမ ဟင်းပွဲကိုစားကြည့်လ်ိုက်သည်။ အရသာခံစားမိတော့ သူမ မျက်နှာပျက်သွားသည်။
"ထွီ ငန်လိုက်တာ"
ကျန်းထျန်က စွပ်ပြုတ်ကို အလျင်စလို ယူသောက်လိုက်သောကြောင့် စွပ်ပြုတ်များ မှောက်ကာ သူမအဝတ်ပေါ်ကျကုန်သည်။
ရွီကျင်းဖန်က ပြောလိုက်သည်။ "အပူလောင်မယ်။ မြန်မြန် အဝတ်အစားသွားလဲလိုက်ပြီးမှ လာခဲ့။"
ကျန်းထျန်က ထလိုက်ပြီးအဝတ်ကိုသုတ်ကာ ကြက်ဥမွှေကြော်ပန်းကန်ကို နောင်တရစွာကြည့်လိုက်သည်။"အမေ ကြက်ဥကြော်တွေကို ထားလိုက်။ သမီးပြန်လာမှစားမယ်။"
ပြောပြီးနောက် သူမ အဝတ်အစားလဲရန် ထွက်သွားခဲ့သည်။ အငန်အရသာက သူမပါးစပ်တွင် ရှိနေသေးသောကြောင့် အအေးဘူးကိုယူကာ တဝက်လောက် သောက်လိုက်သည်။
မှန်ကြည့်၍ ပါးစပ်ကိုသုတ်ကာ ပြန်လာခဲ့သည်။
ကြက်ဥပန်းကန်က ကုန်နေပြီဖြစ်သည်။
သူမ ရွှီကျင်းဖန်ကို ကြည့်လိုက်သည်။ "အမေ ကြက်ဥတွေကို ပစ်လိုက်တာလား?" ကြက်ဥငါးလုံးဖြစ်တာကြောင့် အနည်းငယ် စိတ်ဆင်းရဲသွားရသည်။
Xu Jingfang သည် သူမ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ရှိသည်။ သူမက ခေါင်းယမ်းပြီး "မဟုတ်ဘူး Lian Cheng စားပြီ" လို့ပြောလိုက်တယ်။
ရွှီကျင်းဖန် မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာရှိနေသည်။ ထို့နောက် သူမ ခေါင်းရမ်းပြီး ပြောလိုက်သည်။ "လျန်ရွှမ်စားလိုက်တာ။"
သူမက ပြုံးကာ ဆက်ပြောလိုက်သည်။ "လျန်ရွှမ်က စားချင်သေးတာ။ ဟုတ်တယ်မလား။"
ပန်းကန်တစ်ခုလုံးစားလိုက်ရသော ကုလျန်ရွှမ် ပြောစရာပျောက်သွားသည်။
နာကျင်ရတဲ့မှတ်ဉာဏ်တွေမလို့ သူ ထပ်မစားနိုင်တော့ပေ။
ကျန်းထျန်က ထိတ်လန့်စွာ မေးလိုက်သည်။ "ကုလျန်ရွှမ် ရှင် တကယ် စားလိုက်တာလား?"
ကုလျန်ရွှမ်က စွပ်ပြုတ်သောက်နေသည်။ "ငါစားလိုက်တာ" တကယ်တော့ မြိုချလ်ိုက်တာဖြစ်သည်။
ကျန်းထျန် - "အာ?"
သူမ ပါးစပ်ကိုလက်နှင့်အုပ်ကာ စားပွဲမှလူများကိုကြည့်ရင်ပြောလိုက်သည်။ "တကယ်တော့ ဆားငန်တာကိုအများကြီးစားတာက..."
ကုလျန်ရွှမ် မေးလိုက်သည်။ "ဘာဖြစ်လဲ?"
ကျန်းထျန်က စားပွဲအောက်သို့ လက်ထည့်ကာ ကုလျန်ရွှမ်ကို အပြစ်ရှိစိတ်နှင့်ကြည့်လျက် ပြောလိုက်သည်။
"အဲ့ဒါက ကျောက်ကပ်အတွက် မကောင်းဘူး။"