← Chapters

အခန်း(၇၁)

Vol. 6 Ch. 71

အခန်း(၇၁)

Vol. 6 Ch. 71

ကုလျန်မင်က သူမလက်ထဲမှ အေးသောအရာများပါသည့်အိတ်ကို ကြည့်ကာ ပို၍အံ့ဩသွားရသည်။

"ဒါက ရေခဲချောင်းတွေလား?!"

နွေရာသီမှာ ရေခဲချောင်းလား?!!

"မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့ ဒီမှာစောင့်နေမယ်။"

ကျန်းထျန်က အသံနိမ့်နိမ့်နှင့်ပြောလိုက်သည်။

ကုလျန်မင်က ရေခဲချောင်းထုပ်ကိုကိုင်ကာ ဟိုတယ်မှသယ်ယူပို့​ဆောင်ရေးအသင်းအထိ ပြေးပြီးရေခဲချောင်းထုတ်ကို တတိယအစ်ကို ကုလျန်ရုန်ကို ပေးလိုက်သည်။ ပြီးနောက် သူမကငွေအနည်းငယ်ကို အိတ်ထဲမှထုတ်ပြီးပြောလိုက်သည်။

"တတိယအစ်ကို၊ ညီမနဲ့ယောင်းမ အရင်ပြန်လိုက်ဦးမယ်။ လေ့ကျင့်တာပြီးသွားရင် မှတ်မိတယ်မလား?သမဝါယမ အသင်းကိုသွားပြီး မက်မွန်သီးကိတ်နှစ်ခုနဲ့သစ်သီးသကြားလုံးတစ်အိတ်ဝယ်ခဲ့ပါ။"

ပြောပြီးနောက်မှာ ကုလျန်မင်က လေ၏အလျင်ကဲ့သို့ပျောက်ကွယ်သွားသည်။

ကုလျန်ရုန် သူမကို မေးခွန်းသေချာမေးရန်အချိန်ပင်မရလိုက်ပေ။

သူက ပိုက်ဆံကို အိတ်ထဲထည့်ကာ ရေခဲချောင်းများကိုအခြားသူများကိုပါ ဝေပေးလိုက်သည်။ သူလည်းတစ်ခုယူကာ ပါးစပ်ထဲထည့်လိုက်ချိန်တွင် အေးသောကြောင့်မျက်လုံးများပင် ပိတ်သွားရသည်။

အတွင်းရေးမှူးဟွမ်လည်း ရေခဲချောင်းကိုစားကာ ပြုံးပြီးပြောလိုက်သည်။

"ငါလည်း နည်းနည်းခေါင်းမူးနေတာ။ နွေရာသီမှာရေခဲချောင်းစားရတာက တကယ် လူကို လန်းဆန်းစေတာပဲ။"

ကုလျန်မင်က ကျန်းထျန်ဆီ ပြန်သွားခဲ့သည်။ "ယောင်းမ တပ်မဟာကိုပြန်ကြစို့!"

ကျန်းထျန်က ဝယ်လာသော ပစ္စည်းထုပ်များကိုကြိုးဖြင့်စည်းနေစဉ် ကုလျန်မင် အသံကြားလိုက်ရသောအခါလှည့်ကြည့်လိုက်သည်။ "သမဝါယမဌာနကို မသွားတော့ဘူးလား?"

ကုလျန်မင်က ခေါင်းခါလိုက်သည်။ "ဟင့်အင်း။ ပိုက်ဆံတွေကို တတိယအစ်ကိုကို ပေးခဲ့ပြီး ပစ္စည်းတွေယူလာခိုင်းလိုက်တယ်။ ကျန်တဲ့ရေခဲချောင်းတွေ မပျော်ခင် တပ်မဟာကို မြန်မြန်ပြန်ကြရအောင်။"

ကျန်းထျန်က ကုလျန်မင်ကို ရေခဲချောင်းတစ်ခုထုတ်ပေးလိုက်သည်။ "ယူလိုက်။ ငါဆိတ်သားချောင်းတွေနဲ့ ဟော့ပေါ့အသားလုံးတွေလဲ ဝယ်လာတယ်။ ညကျရင် ဟော့ပေါ့စားကြတာပေါ့။"

ကုလျန်မင်က ရေခဲချောင်းကို လျက်နေရင်းစိတ်ဝင်တစား မေးလိုက်သည်။ "ဟော့ပေါ့က ဘာလဲ?"

သူက တစ်ခါမှမမြင်ဖူးဘူး။

ကျန်းထျန်က စက်ဘီးပေါ်မှဆင်းကာ သူမကို ရှင်းပြလိုက်သည်။"ဒါက မီးဖိုအပေါ်မှာ အိုးတစ်အိုးတင်ပြီးတော့အဲဒီအိုးထဲမှာ ကိုယ်ကြိုက်တဲ့ အရာတွေထည့်ပြီးစွပ်ပြုတ်လုပ်လိုက်တာကို ပြောတာ။"

ကုလျန်မင် တွေးကြည့်လိုက်သည်။ "ဒါက အရှုပ်တွေပဲမဟုတ်ဘူးလား?"

ဒါပေမယ့် ထပ်စဉ်းစားကြည့်လိုက်တော့ ယောင်းမကအစားကောင်းတွေကို သ်ိတဲ့သူမလို့ ဟော့ပေါ့ကလည်းအရသာကောင်းမှာ သေချာသည်။ ကုလျန်မင်က ပျော်ရွှင်စွာပဲ ရေခဲချောင်းကို ကုန်အောင်စားလိုက်ပြီး​ ညဘက်စားရမည့် ဟော့ပေါ့အတွက် မျှော်လင့်နေသည်။

သူတို့လာခဲ့သော လမ်းကြောင်းအတိုင်း ပြန်လိုက်တော့ ကုလျန်မင်နဲ့ ကျန်းထျန် အိမ်ပြန်ရောက်ရန် မိနစ်နှစ်ဆယ်လောက်ကြာခဲ့သည်။

ရေခဲချောင်းတွေ အရည်မပျော်သွားစေရန် ကုလျန်မင်က စက်ဘီးပေါ်မှ ခုန်ဆင်းလိုက်ပြီး အိမ်ရှေ့ခန်းကိုပြေးကာ လူတစ်ယောက်ကိုခေါ်ပြီး ရေခဲချောင်းများကိုဝေရန်လူများကိုခေါ်ခိုင်းလိုက်သည်။ လူခေါ်ခိုင်းပြီးနောက်သူမက အနောက်ဘက်သို့ပြေးကာ ရွှီကျင်းဖန်ကိုခေါ်လိုက်ပြန်သည်။

ကုလျန်မင် ပျောက်သွားသည့်အချ်ိန်တွင် ကုလျန်ရွှမ်၊ ရှောင်ဝူနှင့် ရှောင်လျိုက အမွှာနှစ်ယောက်ကိုတွန်းနေသည်။

ကျန်းထျန်က စက်ဘီးရပ်လိုက်ပြီး နောက်မှ အထုပ်များထဲတွင် ရေခဲချောင်းထုပ်ကို ယူလိုက်ပြီး ကုလျန်ရွှမ်ကိုပေးလိုက်သည်။

"ရှောင်မင်နဲ့ ကျွန်မ မြို့ပေါ်ကနေ အရင်ပြန်လာခဲ့တာ။တတိယကလေးရဲ့အလုပ်ကိစ္စက အဆင်ပြေသွားပြီ။အတွင်းရေးမှူးဟွမ်က သူ့ကိစ္စတွေပြီးအောင် ကူညီပေးနေပြီး သူက အသင်းမှာလေ့ကျင့်နေတုန်းပဲ။"

ကုလျန်ရွှမ်က အေးနေသောအိတ်ကို လက်ဖြင့်ကိုင်ထားကာ ရှောင်းဝူနှင့်ရှောင်းလျိုကို ရေခဲချောင်းများ ဝေပေးလိုက်ပြီး ကျန်းထျန်လက်ထဲမှ အိတ်ကို စိတ်ဝင်စားစွာ ကြည့်လိုက်သည်။

"ဘာဝယ်လာတာလဲ?"

"အိုး ဒီတစ်ခုလား?"

ကျန်းထျန်က အိတ်တွေကို စားပွဲပေါ် ပစ်တင်လိုက်ပြီးပါးစပ်ထဲမှ ရေခဲချောင်းကို ထုတ်ကာ အိတ်ဖွင့်လိုက်သည်။

"ဒါက စားစရာတွေလေ။ ဆိတ်သားချောင်းသုံးထုပ်၊ဟော့ပေါ့အသားလုံးတစ်ထုပ်၊ ဆေးဘဲဥ၊ ပုစွန်ဖက်ထုပ်၊ကြက်ဥဖက်ထုပ်၊ ငါးတို့ဟူးနဲ့ အခြားဟော့ပေါ့လုပ်မယ့်ပါဝင်ပစ္စည်းတွေ။ တတိယ​ကလေးရဲ့အလုပ်အတွက်ဟော့ပေါ့စားပြီး အောင်ပွဲခံကြတာပေါ့။"

ကျန်းထန်က ဟော့ပေါ့ပစ္စည်းအထုပ်ကို ဘေးဖယ်လိုက်ပြီးအဆာပြေမုန့်ထုပ်ကို ဖွင့်လိုက်သည်။

"ကြက်ဥအနှစ် အစာသွပ် ပေါင်မုန့်နဲ့ ပဲနီပေါင်မုန့်။"

ကုလျန်၊ ရှောင်းဝူနှင့် ရှောင်းလျို၏ အံ့သြနေသောအကြည့်အောက်တွင် ကျန်းထျန်က အကြီးဆုံးအိတ်ကိုယူလိုက်သည်။

"ပေါင်မုန့်အရသာစုံ၊ ဆား၊ ငရုတ်ကောင်း၊ ငရုတ်ဆီနဲ့အခြားအစပ်ထုပ်တွေ။ ဒါတွေက ဒီညစားမယ့်ဟာတွေပဲ။ နောက်ဆုံးက သန့်စင်ခန်းသုံးပစ္စည်းတွေ၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာတွေပဲ။ အများကြီးဝယ်လာခဲ့တာမလို့ လိုတဲ့သူတွေ ယူသုံးလ်ို့ရအောင်မီးဖိုခန်းမှာ ထားလိုက်မယ်။"

ဂျင်းတွေ၊ သကြားတွေကို သေချာထုပ်ပိုးပြီးအမှတ်အသားမပြုဘဲ ကုန်သေတ္တာထဲ ထည့်လိုက်သည်။ကုလျန်ရွှမ် ရေခဲချောင်းစားပြီး ကလေးနှစ်ယောက်ကိုသွားကစားရန် လက်ပြပြီး မေးလိုက်သည်။

"ဘယ်လောက်ကုန်ခဲ့တာလဲ?"

ကျန်းထျန်က ခန့်မှန်းတွက်ချက်ပြီး ဖြေလိုက်သည်။

"သိပ်မကုန်ပါဘူး ဟော့ပေါ့ပစ္စည်းတွေက တစ်ယွမ်နဲ့ရှစ်ဆယ့်သုံး"

သူက အမှန်ဟုယုံကြည်စေရန် တန်ဖိုးများခန့်မှန်းကာလျှောက်ပြောလိုက်သည်။

"အဆာပြေမုန့်နှစ်ခုက တစ်ယွမ်နဲ့ခြောက်ဆယ့်ငါးပြား"

ကျန်းထျန်က လက်ကြက်ဥအနှစ်အစာသွပ်မုန့်ကိုလက်ညှိုးထိုးပြလိုက်သည်။

"ဒါကစျေးအ​ကြီးဆုံးပဲ သူက ကြက်ဥကြော်တစ်ခုလုံးပါတယ်လေ။"

ကုလျန်ရွှမ် - "..."

လိမ္မာတဲ့ကောင်လေး သူက အခုသူ့မနက်စာအတွက်စိတ်ပူနေရပြီ။ ကယ်လိုရီနည်းနည်းပဲပါတဲ့ ပဲနီကိတ်တွေ ဝယ်လာတာလား?

"ပြီးတော့သန့်စင်ခန်းသုံးပစ္စည်းတွေ။ ဒါက ကိုယ်တိုင်သုံးမယ့် ပစ္စည်းတွေဆိုတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သုံးသင့်တယ်မလား?"ကျန်းထျန် သူ့က်ိုမေးလိုက်သည်။

ကုလျန်ရွှမ်က သူ့နှဖူးကိုပွတ်ကာ စိတ်ထိန်းရန်ကြိုးစားနေသည်။

စားပွဲပေါ်မှာရှိတဲ့ ဝယ်ရလွယ်ပြီး စျေးပေါတဲ့ပစ္စည်းကသကြားလုံးတွေပဲ။ သူက"မိတ်ဆွေ"ဆိုတဲ့နာမည်နဲ့သကြားလုံးက်ို စိတ်ဝင်စားနေသည်။

ခေါင်းလျှော်ရည်နဲ့ ရေချ်ိုးဆပ်ပြာရည်အကြောင်းပြောကြတာပေါ့။ ခေါင်းလျှော်ရည်ကတော့ သမဝါယမဌာနက ရောင်းသည်ဆိုပေမယ့် စျေးမပေါလောက်ဘူး။ အိမ်ထောင်စုအများစုက ဆပ်ပြာနဲ့ပဲခေါင်းလျှော်ကြပေမယ့် လူတစ်ချ်ို့ကတော့ သုံးတာမလို့ဝယ်လ်ို့ရနိုင်သည်။

ဒါပေမယ့် ရေချိုးဆပ်ပြာရည်ကတော့ သမဝါယမဌာနက ရောင်းမှာမဟုတ်ပေ။

မြို့ပေါ်က ဆိုင်တွေမှာလဲ မရှိဘူး။ သူ မြို့အနီးက ဆိုင်တွေကိုတော့ သေချာမရောက်ဖူးဘူးဆိုပေမယ့် စျေးပေါမှာမဟုတ်သည်ကတော့ သေချာသည်။

ပြီးတော့ ဒီလိုအရောင်အနံ့အစုံနှင့် ဆပ်ပြာတွေကိုလည်းသူ တစ်ခါမှမမြင်ဖူးပေ။

ကုလျန်ရွှမ် ခေါင်းကိုက်သွားသည်။

ကျန်းထျန်က ပစ္စည်းကောင်းတွေ ယူလာတယ့်အမျိုးသားဖြစ်သလို သူက အမျိုးသားအိမ်ပြန်လာမှာစောင့်နေတဲ့ ချွေးမ ဖြစ်နေသည်။ သူ ဒီလိုပစ္စည်းတွေအများကြီးဝယ်လာတာကိုမြင်ရင် ပြုံးနေသင့်တယ်။

ကုလျန်ရွှမ် - ဝမ်းသာစရာတော့ ဟုတ်တယ်။ ဒါပေမယ့်လုံးဝတော့မဟုတ်ဘူး။"

"မသုံးရဘူးလ်ို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့်မိသားစုရဲ့ အရံငွေတွေကို မသုံးဖို့ပြောတာပါ။"

ကုလျန်ရွှမ်က သူ့စကားကိုထပ်ရှင်းပြလိုက်သည်။

"ဒါပေမယ့် ဒီတစ်ခါနာရီရောင်းလို့ရတဲ့ငွေတွေ ပြန်လာရင် အဲ့ထဲကပြန်ယူလို့ရတာပဲ။ မင်းဘာသာယူလိုက်ပါ။"

"ရှင် ဘာကွာခြားလဲ သေချာ ပြောနိုင်လား "

ကျန်းထျန်က အိတ်ထဲမှ ရေခဲချောင်းနောက်တစ်ခုက်ိုထုတ်ပြီးစားရန် လုပ်လိုက်ပေမယ့် ကုလျန်ရွှမ်က တားလိုက်သည်။

"အများကြီးစားထားပြီလေ။ ဗိုက်နာလိမ့်မယ်။"

"ဘာတွေကွာတယ်ဆိုတာ မပြောနိုင်ပေမယ့် မလိုဘူးလေ။"

ကုလျန်က ကျန်းထျန်နှာဖူးက ချွေးတွေကိုမြင်တော့လက်ကိုင်ပုဝါထုတ်ပေးကာ ပြောလိုက်သည်။ "ချွေးသုတ်လိုက်။"

ကျန်းထျန်က ယူပြီး ချွေးသုတ်လိုက်သည်။ "ဒီနေ့ ရေချိိုးချင်တယ်။" ဒီနေ့အပြင်သွားလိုက်တာ တစ်လမ်းလုံး ဖုန်တွေထူနေတာ။ ပြီးတော့ စက်ဘီးနောက်မှာ ထိုင်တော့လည်း ချွေးတွေ ထွက်ထားတာ။

"ဒါဆိုချက်ပြုတ်တဲ့အချိန် ရေနွေးတည်ထားပေးမယ်။"

ကုလျန်ရွှမ်က ကျန်းထျန်စားပွဲပေါ် တင်လိုက်သောလက်ကိုင်ပုဝါကို ယူကာ ဆက်ပြောလိုက်သည်။

"ခန့်မှန်းရမယ်ဆိုရင် မင်းရဲ့ကိုယ်ပိုင်ပိုက်ဆံတွေက အဘိုးနဲ့အဘွား ပေးထားတာမလား။"

ကျန်းထျန်က ကုလျန်ရွှမ်၏ အမူအရာကိုကြည့်ကာခေါင်းခါ​၍ ပြောလိုက်သည်။ "အာ ဟုတ်တော့ဟုတ်တယ်” အကုန်လုံးတော့ မဟုတ်ဘူး။

မူလပိုင်ရှင်၏ အဘိုးအဘွားများ ချန်ရစ်ခဲ့သော ပစ္စည်းများမှာ အလင်းရောင်အောက်တွင် မြင်နိုင်သော်လည်း အလင်းရောင်အောက်တွင် မမြင်နိုင်သော ပစ္စည်း အနည်းငယ်လဲ ရှိသည်။

ကျန်းထျန်က ဒါကိုတွေးပြီး အပြစ်ရှိသလို ခံစားရကာ ကုလျန်ရွှမ်ရဲ့အကြည့်ကို ရှောင်ပြီး သူ့ဘေးမှ ပဲနီကိတ်က်ိုယူကာ နှစ်ကိုက်ကိုက်လိုက်သည်။

"အင်း၊ သဘောတူညီချက်တစ်ခု ယူရအောင်။ မင်းအဘိုးအဘွားတွေ ထားခဲ့တဲ့ ပိုက်ဆံတွေကိုပဲ မသုံးနဲ့" ကုလျန်ရွှမ်သည် ဒီအကြောင်းကို ညကတည်းက တွေးနေတာဖြစ်သည်။ "မင်းကိုယ်တိုင် ရှာတဲ့ငွေနဲ့ ငါတို့မိသားစုက မင်းပေးတဲ့ပိုက်ဆံကို မင်းကြိုက်သလို သုံးလို့ရတယ်။"

"အာ?!"

ကျန်းထျန်က ကုလျန်ရွှမ်စကားတွေကြောင့် စိတ်ရှုပ်ကာပြောလိုက်သည်။

"ဘာလို့ ပိုက်ဆံ ပေးနေသေးတာလဲ?"

ထူးဆန်းသည့် ခံစားချက်တစ်ခု ပေါ်လာခဲ့သည်။

တစ်ခုခုမှားနေတယ် ခံစားရပေမယ့် ဘာကြောင့်လဲဆိုတာတော့ ကျန်းထျန် မသိပေ။

သူမက သူမအသည်းတွေကို မွှေနှောက်ပြီး ဒီခံစားချက်ဘယ်ကလာတယ်ဆိုတာ ရှာချင်နေသည်။

ဒါကရင်းနှီးတဲ့သံစဉ်ကို ကြားနေပေမယ့် ဘယ်သီချင်းလည်းဆိုတာမသိတဲ့ ခံစားချက်မျိုးပင်။

ကုလျန်ရွှမ် - "..." မင်း မသိဘူးလား?

သူက ကျန်းထျန်ရဲ့အမူအရာတွေအတွက် သူ့ရင်ထဲကအကြောင်းပြချက်ကို စဉ်းစားနေသည်။

သူအလိုချင်ဆုံးအရာဖြစ်ပေမယ့် မလိုချင်ဆုံးအရာကလဲ ကျန်းထျန် ရှောင်နေတာကိုပဲ။

"မင်းပိုက်ဆံတွေ ငါ့ကိုအပ်မယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေကို မင်းသည်းခံနိုင်မှာ မဟုတ်ဘူး"

ကုလျန်ရွှမ်က ပြဿနာကို ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ ကျန်းထျန်က သူပြောပြီးနောက် တွေဝေနေသောအကြည့်များနှင့်ကြည့်သောအခါ သူကဆက်ပြောလိုက်သည်။

"ငါသုံးလိုက်တဲ့ပိုက်ဆံတွေက ငါ့ဆီပြန်မလာဘူးလေ။"

ပြီးတော့ သူတပ်ထဲမှာနေချိန်ကလည်း ခုနစ်နှစ်ရှစ်နှစ်လောက် အသုံးအဖြုန်းမကြမ်းခဲ့ပါပေ။ သူကလစာမရသေးတာတောင် သူ့လက်ထဲမှာ ပိုက်ဆံပြည့်နေတုန်းပဲ။

ကျန်းထျန်က တွေးလိုက်မိသည်။ အကယ်၍ သူမကသာ သူမဘာသာပိုက်ဆံကို စီစဉ်မယ်ဆိုရင် သူမလိုချင်တာသူမသဘောနဲ့ ဝယ်လို့ရမယ်။ သူမ အကောင့်တုလုပ်ထားရင်လဲ ဘယ်သူမှ သိမှာမဟုတ်ဘူး။ ဒါပေမယ့် ကုလျန်ရွှမ် စီစဉ်မယ်ဆိုရင်တော့ သူမ လိုချင်တာဝယ်ရန်အတွက် သူ့ကိုအရင်တင်ပြရမှာဖြစ်ပြီး ဝယ်သင့်မဝယ်သင့်စဉ်းစားရဦးမည်။

ကိုယ့်အိတ်ထဲ ကိုယ်ထည့်ထားတာက ပိုကောင်းဦးမည်။ "ဒါဆို ကျွန်မပဲသိမ်းလိုက်ပါမယ်။"

ဒီလိုပြောရတာ သူမအတွက် ရှက်စရာအနေအထားအသံဖြစ်နေသည်။

ကျန်းထျန်၏ နှုတ်ခမ်းမှ ရုတ်တရက်ပြောလိုက်သည်။

"ဒါဆိုအနာဂတ်မှာ ကျွန်မ ဘာဝယ်ဝယ် အရင်ကလို စိတ်မဆိုးဘူးမလား?"

ကျန်းထျန် ကြောက်ရွံ့မှုခံစားလိုက်ရသည်။

ထိုလူရဲ့မျက်ဝန်းနီများပြောရလျှင် မျက်ဝန်းနီစာပေအရဆိုရင် ငိုရမည့်စာပေဖြစ်နိုင်သည်။

သူက သင့်အတွက် တကယ်ငိုနိုင်သည်။

ဒါကမျက်ဝန်းနီစာပေထက် ပိုကြောက်စရာကောင်းသည်။

ကုလျန်ရွှမ် - "ငါစိတ်မဆိုးပါဘူး။"

သူက စိတ်ပူတာဖြစ်သည်။ စိတ်ပူတာ!

မိသားစု အသုံးစရိတ်အကြောင်း ပြောပြီးနောက် ခဏတွေဝေနေပြီး ထပ်ပြောလိုက်သည်။

"ကျန်းထျန် ငါမနက်ဖြန် တပ်မဟာကို အလုပ်သွားလုပ်မလို့ မင်းဘယ်လိုထင်လဲ?"

"တတိယညီရဲ့အလုပ်က ဆုံးဖြတ်ပြီးပြီ၊ ငါ့ခြေထောက်က ပိုကောင်းလာတယ်၊ ဒါကြောင့် တပ်မဟာက သူ့အလုပ်ကို တာဝန်ယူလိုက်တာ ပိုကောင်းမယ်ထင်တယ်။"

အလုပ်အကြောင်းပြောတော့ ကျန်းထျန်က ကိတ်မုန့်စားနေရင်း စိတ်ဝင်စားကာ မေးလိုက်သည်။

"ဒါဆို ကျွန်မလဲ သွားလို့ရလား"

သူမက ကုလျန်ရွှမ်ထက် ခြေထောက်နဲ့ ခြေတွေ ပိုကောင်းပြီး အိမ်မှာ ချက်ပြုတ်မတတ်နိုင်တဲ့အပြင် အရမ်းသန်မာတဲ့အတွက် သူမက အလွန်သင့်တော်သည့် လုပ်အားတစ်ခုဖြစ်သည်။

ဒါပေမယ့် သူမ တကယ်တော့ အလုပ်မသွားချင်ပေ။

​အလုပ်သွားလုပ်ရတာက တကယ်ပင်ပန်းသည်။ စောစောထကာ အလုပ်သွားရပြီး နေပူပူအောက်တွင်အလုပ်လုပ်ရသည်။

တစ်ခါတစ်ရံမှာ သူမ အလုပ်မသွားရရန် ရွှီကျင်းဖန်ကိုဆွဲဆောင်လိုသည်။

ဒါပေမယ့် သူမက တကယ်ပဲနေရာတစ်ခုမရှိဘူး။

ပြီးတော့ သူမရဲ့လျှို့ဝှက်ချက်ကို ကုမိသားစုဆီလည်းမပြောပြနိုင်ဘူး။

"မင်းသွားစရာမလိုပါဘူး။"

သူမ နှုတ်ခမ်းကိုက်ထားကာ မျက်လုံးများကလည်းကြောက်နေပုံပေါ်တော့ ကုလျန်ရွှမ်က ပြောလိုက်သည်။

"မင်းက အားနည်းတယ်။ နောက်ဆုံးတစ်ခေါက်တောဝက်သွားဖမ်းတုန်းကလဲ ဒဏ်ရာရထားတာမလို့အိမ်မှာပဲ ဂရုတစိုက်နေပါ။"

ကျန်းထျန်က ပေါင်မုန့်နောက်ဆုံးတစ်ကိုက်ကို တိုးတိတ်စွာမြိုချလိုက်သည်။

ကုလျန်ရွှမ် သူမကို အားနည်းနေတယ်ပြောတာကြားတော့ သူမ ရုတ်တရက်မျက်နှာပူသွားသည်။

သူမက သူမခန္ဓာကိုယ်အကြောင်းသိသည်မလို့ ဘာမှမဖြစ်တာကိုသိသည်။ ပြီးတော့ သူမ တောဝက်သုံးကောင်နှင့် ရင်ဆိုင်ရမည်ဆိုရင်တောင် ဒီတစ်ကြိမ်တွင် သူမကသူတို့က်ိုချိုင်းထောက်နှင့် ရိုက်ပစ်မည်ဖြစ်သည်။

"ဒါဆို အလုပ်မသွားတော့ဘူး။ အိမ်မှာနေ ကလေးထိန်းပြီး မိသားစုအတွက် ချက်ပြုတ်လိုက်မယ်။"

ကျန်းထျန်က သူမအိမ်တွင် လုပ်နိုင်မည့်အရာများကိုပြောလိုက်သည်။

လုပ်နိုင်မည်များကို ကြည့်လိုက်တော့ ကလေးထိန်းတာနှင့် ထမင်းချက်တာသာရှ်ိသည်။

အခုက ကုလျန်ရွှမ် သေချာမေးရမယ့်အချ်ိန်ဖြစ်သည်။

"သေချာရဲ့လား ပင်းပင်းနဲ့အန်းအန်းက အရမ်းဆိုးတယ်နော်?"

ကျန်းထျန် ပုခက်ထဲမှ ကလေးနှစ်ယောက်ကို ကြည့်ကာ မသေချာသောအသံနှင့် ပြောလိုက်သည်။ "သူတို့က ကျွန်မကို သဘောကျတဲ့ပုံပေါ်ပါတယ်"

သူမ သူတို့နဲ့ အမြဲတမ်း မကစားဘူးဆိုပေမယ့် သူတို့ကသူမ အခန်းထဲဝင်လာတိုင်း ပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်ကြသည်။

ကုလျန်ရွှမ် - "..." သူ မေ့သွားတာ။ အမွှာနှစ်ယောက်က ကျန်းထျန်ကို သဘောကျပုံရတယ်။

ကျန်းထျန် ဆက်ပြောလိုက်သည်။ "ကျွန်မရဲ့အချက်အပြုတ် စွမ်းရည်က မကောင်းဘူးဆိုပေမယ့်ခေါက်ဆွဲတော့ ပြုတ်နိုင်ပါတယ်။ ရှောင်မင်နဲ့ ပဥ္စမ‌လေးရော၊ ဆဌမကလေးရော ကျောင်းသွားရမယ်မလား။ ဒါကြောင့် ရှင်အလုပ်မသွားခင် အတူချက်ပြုတ်မှဖြစ်မယ်။"

"မနက်ဖြန် ကြိုးစားကြည့်ကြမလား?" ကျန်းထျန်က ဆုံးဖြတ်ချက်ချကာ တက်ကြွစွာပြောလိုက်သည်။

ချက်ပြုတ်တာကို ဝါသနာအသစ်တစ်ခုအဖြစ်လေ့လာရင် စိတ်ဝင်စားစရာကောင်းမှာပင်။

ကျန်းထျန် အားအင်တက်ကြွနေတာမြင်တော့ ကုလျန်ရွှမ်က သူမလုပ်နိုင်စွမ်းကို လျှော့မတွက်ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

ကုလျန်မင်က ရွှီကျင်းဖန်ကို လယ်ထဲက ပြန်ခေါ်လာပြီး ရေခဲချောင်းစားနေချိန် ကျန်းထျန်က သူမဟင်းချက်လေ့လာမည့်အကြောင်းပြောလိုက်သည်။

ရွှီကျင်းဖန် အားပေးလိုက်သည်။ "ဟင်းချက်လေ့လာတာ ကောင်းပါတယ်။ ခေါက်ဆွဲပြုတ်တို့ ပန်ကိတ်တို့လေ့လာပေါ့။ အ်ိမ်မှာအခြားသူတွေ မရှိတဲ့အချိန် ဗိုက်မဆာတော့ဘူးပေါ့။"

အိမ်မှာ အမြဲတမ်း အဆာပြေမုန့်တွေရှိပေမယ့် ဒါတွေကိုအစားတစ်ခုအဖြစ် စားလို့မရပေ။

"ဒါပေမယ့် ဒီနှစ်ရက်အတွင်း သင်ယူရမှာကို မပူပါနဲ့။တကယ်လို့ ဗိုက်ဆာလာတယ်ဆိုရင် တတိယအဒေါ်ရဲ့အိမ်က်ိုသွားပြီး အစားသွားစားလို့ရတယ်။"

All Chapters