အခန်း(၇၂)
Vol. 6 Ch. 72
ခဏထိုင်ကာ အနားယူပြီးနောက် ရွှီကျင်းဖန်က ကျန်းထျန် ဝယ်လာသောပစ္စည်းများကို ယူကြည့်လ်ိုက်သည်။
"ထျန်ထျန် ဒီနေ့ဟော့ပေါ့ စားကြမှာလား?"
ရွှီကျင်းဖန်က ဆိတ်သားချောင်းများပါသော အိတ်ကိုထုတ်လိုက်သည်။
"ရှောင်မင် အိမ်နောက်က်ိုသွား ရေအေးတစ်ဇလုံယူပြီးဘေစင်ထဲ လောင်းထည့်လိုက် " နွေရာသီရဲ့အပူချိန်က ခန့်မှန်းမရပေ။ အသားတွေကို နေ့လည်လောက်ထိထုတ်ထားရင်တောင် အနံ့ထွက်လာမှာမဟုတ်ပေ။
"သမီး အခြေခံပစ္စည်းနှစ်မျိုးဝယ်လာခဲ့တယ်။" ကျန်းထျန်က အချိန်အတော်ကြာသိမ်းထားလို့ရတဲ့ အသင်းရဲ့စာဖိုမှူးပြုတ်ထားသော လေလုံအောင် ထုတ်ပိုးထားသည့် အခြေခံပါဝင်ပစ္စည်းနှစ်မျိုးကို ထုတ်ပြလ်ိုက်သည်။
"ဒါက အစပ်ဟော့ပေါ့၊ ဒီတစ်ခုက ခရမ်းချဉ်သီးအရသာဟော့ပေါ့။ ကိုယ်တိုင်အရည်လုပ်မယ်ဆိုရင်လည်း မဆိုးပါဘူး။ မှိုလေးနည်းနည်း ထည့်လိုက်ရင် ပိုကောင်းမယ်။"
ကုလျန်ရွှမ်က ဒါကိုစစ်တပ်ထဲတွင် နေခဲ့တုန်းက စားခဲ့ဖူးသည်။ တရုတ်နှစ်သစ်ကူးကာလတွင် အိမ်မပြန်ဘဲ တပ်ခွဲမှ စစ်သားများအားလုံး စုဝေးကြပြီး ဒေသခံများကဲ့သို့ သံအိုးများ တပ်ဆင်ကြသည်။ ဖက်ထုပ်၊ တောရိုင်းမှို၊ ဝက်အူချောင်းများနှင့် အသားလွှာများကို ဘေးတွင် ထားကာ ကြိုက်သလိုစားကြသည်။
"ကိုယ် အခြေခံပစ္စည်းတွေကို အရင်ပြုတ်ပြီး အစပ်ဟော့ပေါ့ လုပ်မယ်။ အဲဒါ ဘယ်လိုလဲ" ကုလျန်ရွှမ်က အိမ်ရှိ အိမ်ရှင်မနှစ်ယောက်ကို ကြည့်ပြီး မေးသည်။
ရွှီကျင်းဖန်က ပြောလိုက်သည်။ "ဒါက အလုပ်ဖြစ်မယ်ထင်တယ်"
ရွှီကျင်းဖန်က ကျန်းထျန်ကို ရှင်းပြလိုက်သည်။ "နောက်မှာရှိတဲ့ မြေကြီးနဲ့လုပ်ထားတဲ့မီးဖိုက ဟော့ပေါ့စားဖို့အတွက် သင့်တော်မယ်ထင်တယ်။ အချ်ိန်ကျရင် မိသားစုတွေအကုန် အဲ့ဒီကိုသွားပြီး ဝိုင်းစားကြမယ်။ ပြီးတော့ ချက်ချင်တာလည်း ချက်လို့ရတယ်။"
"ဒါပေမယ့် အိမ်မှာက အိုးသုံးလုံးပဲရှိတာ အကြီးနှစ်လုံးနဲ့အသေးတစ်လုံးဆိုတော့ အရသာတစ်ခုကိုပဲ အရင်လုပ်ရမယ်။"
"အစပ်အရသာပဲဆိုရင် ရှောင်ဝူနဲ့ရှောင်လျိုက စားနိုင်ပါ့မလား?"
ကျန်းထျန်အတွက် အရသာအစုံက ပြဿနာမရှိပေမယ့်ရှောင်းဝူနဲ့ရှောင်းလျိုကို အိမ်မှာ အေးတဲ့အရာတွေ၊ ရေခဲ ဒါမှမဟုတ် အစပ်အစားအစာတွေ အများကြီးစားဖို့ ခွင့်မပြုခဲ့တာကို သတိရသွားသည်။
ရွှီကျင်းဖန်က ပြောလိုက်သည်။ "ရပါတယ် ရေနွေးနဲ့စိမ်ပြီးရင် စားလို့ရတယ်။"
ရွှီကျင်းဖန်က စားပွဲပေါ်မှ ဟော့ပေါ့ပစ္စည်းတွေကို ယူပြီးကုလျန်ရွှမ်ကို ပြောလိုက်သည်။
"လျန်ရွှမ် ဒါတွေကို ချက်ပြုတ်ဖို့ နောက်ကိုယူသွားလိုက်။ ထျန်ထျန်က အမေနဲ့အတူ တခြားဟင်းလျာတွေ ပြင်ရမယ်"
ကုလျန်ရွှမ် နောက်ကိုထွက်သွားတော့ ရွှီကျင်းဖန်က ကျန်းထျန်ကို မေးလိုက်သည်။
"ထျန်ထျန် အမှန်တိုင်း ပြော။ ဒါတွေက ဘယ်လောက်ကျခဲ့တာလဲ"
ကျန်းထျန်က နောက်တစ်ခါ ထပ်ပြောလိုက်သည်။ ပြီးတော့ သူမက ရွှီကျင်းဖန်ကို ပြောလိုက်သည်။ "အမေက သမီးကို ပိုက်ဆံပေးမလို့လား? မလိုပါဘူး သူပေးမယ်ပြောတယ်"
ရွှီကျင်းဖန်က ပြန်မေးလိုက်သည်။ "သူ သမီးကိုဘာပေးတာလဲ?"
"သူ့ပိုက်ဆံတွေကသမီးဟာပဲမဟုတ်ဘူးလား?"
"သမီးပိုက်ဆံကို သမီးကိုပြန်ပေးပြီး နာမည်ကောင်းယူတာက သိုးရေခြုံတဲ့ဝံပုလွေလိုမျိုးပဲ။"
"သမီး အမြဲတမ်း တွက်ချက်နေဖို့လိုတယ်။ အလျော့ပေးလို့မရဘူး။ သူ့စကားတွေကို ယုံကြည်နေလို့ မဖြစ်ဘူး။"
ရွှီကျင်းဖန်က ကျန်းထျန်၏ လက်ဖမိုးကို ပွတ်ပြီး ပြောလိုက်သည်။
"အမေက သမီးအတွက်ပြောတာပါ။"
သူမက သူမရဲ့အိမ်ရှင်မအတွေ့အကြုံကို မျှဝေပေးနေခြင်းဖြစ်သည်။ "အမေ ဒါတွေကို ကောင်းကောင်းသိတယ်။"
ကျန်းထျန် - "..." ဤအချိန်တွင် သူမ ကုလျန်ရွှမ်ကို Little White Cabbage သီချင်းလေး ပေးလိုက်ချင်သည့်စိတ်ဝင်လာသည်။
"အာ ဒီကိစ္စနဲ့ပတ်သက်ပြီး သမီးကြားဖူးတာတော့ ခွဲမနေကြဘူးဆိုရင် ငွေတွေက်ို မိဘတွေကို အပ်ရတယ်တဲ့။"
ကျန်းထျန်က ဉာဏ်သုံးပြီး ပြောလိုက်သည်။ "ဒီတော့ သမီးပိုက်ဆံက အမေ့ပိုက်ဆံပါပဲ။"
ရွှီကျင်းဖန်က လည်ပင်းကို အနည်းငယ် နောက်ပြန်လှည့်ပြီး ရှုပ်ထွေးစွာ မေးလိုက်သည်။ "ထျန်ထျန် အိမ်က လစာထုတ်ပြီးတိုင်း အမေ့ကိုအပ်ကြတာ အရင်နှစ်တွေကပဲလေ။ သမီးကို မပြောထားဘူးလား?"
"လစာထုတ်ပြီးရင် သမီးအမေ့ကို အပ်ရမယ်ဆိုပေမယ့်ကျန်တာတွေကိုတော့ သမီးကိုယ်တိုင် သုံးဖို့ယူထားရမယ်လေ။"
ကျန်းထျန် - "အာ ဒီလိုလား?"
သူမ ဒါကိုမသိထားပေ။
ကုလျန်ရွှမ်က မူလခန္ဓာကိုယ်ပိုင်ရှင်ကို မပြောပြထားတာမလို့ သူမ မသ်ိဘဲရောထွေးနေသည်။
ရွှီကျင်းဖန်က သူမကိုထပ်မေးလိုက်သည်။ "ဘယ်လောက်ကျခဲ့လဲပြောပါဦး အမေပြန်ပေးမယ်"
ကျန်းထျန်က ပြုံးပြီးပြောလိုက်သည်။ "ဒါဆိုသမီးက အမေ့ကို ကောင်းကောင်းလေး စားစေချင်လို့လေ မရဘူးလား?"
ရွှီကျင်းဖန်က စိတ်တိုစွာပြောလိုက်သည်။ "သမီး အမြဲတမ်းကောင်းတာတွေ ကျွေးမနေဘူးလား? အိမ်မှာနေ့တိုင်းကျွေးနေတာတွေက ငါးမဟုတ်ရင် အသားပဲ။ ထျန်ထျန် ကျွေးတာပဲ မဟုတ်ဘူးလား?"
"အမေ~" ကျန်းထျန် ရွှီကျင်းဖန်ကို ဖက်လိုက်သည်။
"အမေက အရမ်းအလုပ်လုပ်တဲ့အတွက် အာဟာရပြည့်မယ့် အစားအစာတွေ စားဖို့လိုတယ်။"
"သမီးအနာဂတ်မှာ အသုံးအဖြုန်းကြီးတဲ့သူ မဖြစ်ချင်ဘူး။"
ရွှီကျင်းဖန်က သူမကိို စကားနည်းနည်းပြောပြီး မေးလိုက်သည်။ "သမီး ဘယ်လို အစားအစာတွေလိုလဲ? အမေ့ကိုပြော အမေပြင်ပေးမယ်။"
ကျန်းထျန်က အများကြီးပြောလိုက်သည်။ "အသီးအရွက်၊ ဂေါ်ဖီထုပ်၊ တို့ဟူး၊ ခေါက်ဆွဲ၊ ကြာဆံ၊ ခေါက်ဆွဲ၊ အာလူးကြော်၊ မှို၊ မျှစ်နဲ့ ဝက်ဆားနယ်ခြောက်"
ရွှီကျင်းဖန် တံခါးဘောင်ကို ဖြတ်သောအခါ မူးဝေသွားသောကြောင့် ကျန်းထျန်ကို ကိုင်လိုက်သည်။သူမ လျှာသပ်ကာ ပြောလိုက်သည်။ "ဒါဆိုသမီးက အားလုံးနီးပါး ချက်နိုင်တာပေါ့ဟုတ်လား?"
ကျန်းထျန်က ခေါင်းငြိမ့်လိုက်သည်။ "ဒီလိုသဘောပါပဲ။"
ဟော့ပေါ့ရဲ့သဘောတရားကို နားလည်သွားတော့ ရွှီကျင်းဖန်က အသီးအရွက်များကို စတင်ပြင်ဆင်ရန် အိမ်နောက်ကိုသွားပြီး ခြင်းနှင့်အပြည့် မုန်လာဥနီ၊ ဖရုံသီး၊ ပဲတောင့်ရှည်၊ ငရုတ်ပွအနီ၊ အစိမ်းများ ယူလာသည်။
ကျန်းထျန်က ဟင်းချက်သင်ရန် ဆုံးဖြတ်ထားသောကြောင့် ဟင်းပွဲပြင်သည့်နေရာတွင် ပါဝင်လိုက်သည်။
ရွှီကျင်းဖန်နှင့် ကုလျန်မင်တို့ အသီးအရွက်များကို လှီးနေသည်မှာ လျင်မြန်သောကြောင့် ဓားများကိုပင် မမြင်ရပေ။
ကျန်းထျန် အလှည့်ရောက်တော့ ၀.၅ဆ အနှေးနှုန်းနှင့်ပြသနေသလို ဖြစ်နေသည်။ သူမက အသီးအရွက်ကိုလှီးပြီးလျှင် လှီးထားသည့်ပုံက်ို ပြန်ကြည့်နေသည်။
ကျန်းထျန်က အခွံခွာထားသော အာလူးများကို လှီးလိုက်ပြီး မုန်လာဥနီများကိုလည်း လှီးလိုက်သည်။
ပစ္စည်းသုံးခုကို လှီးလိုက်သည်မှာ အချိန်မိနစ်၂၀ခန့်ကြာသွားသည်။
သူမ လည်ပင်းနှင့် ဓားကိုင်သောလက်လည်း နာသွားသည်။ ဒါက တောဝက်ဆယ်ကောင်ကို ရိုက်ရတာထက် ပိုပင်ပန်းသည်။
အထူအမျိုးမျိုးရှိသော အာလူးကြော် ပန်းကန်ကို ကြည့်ရင်း၊ ကျန်းထျန်သည် သူမစိတ်ကူးထားသော မီနူးရှိ အာလူးကြော်များကို တိတ်တဆိတ် ဖယ်ထုတ်လိုက်သည်။ ကြက်ဥမွှေကြော်ကိုတော့ အရင်အတိုင်းထားခဲ့သည်။
အာလူးကြော် သို့မဟုတ် မုန်လာဥနီကဲ့သို့ မွှေကြော် ဟင်းလျာများ ပြုလုပ်ရန် တွန်းအားပေးပါက၊ သူမသည် နံနက်စာစားပြီးနောက် အလုပ်စလုပ်ရမည်ဖြစ်သည်။
ဒါကြောင့် ကြက်ဥမွှေကြော်ကိုထားလိုက်ခြင်းဖြစ်သည်။
ကျန်းထျန်က သူမရဲ့ဟင်းချက်လက်ရာက်ို ယုံကြည်ချက် ရှိနေသေးသည်။ ကြက်ဥကြော်က အကောင်းဆုံးဟင်းပွဲပဲ။
ကြက်ဥပြုတ်၊ ကြက်ဥကြော်၊ ကြက်ဥမွှေကြော်။
အဲ့ဒါကို ဘယ်လိုလုပ်ရမလဲဆိုတာတောင် သူမ မသိရင်သူမလက်တွေက အလှပြဖို့ သီးသန့်သာ ဖြစ်နေမည်လား?
ကျန်းထျန်က ဓားကိုချလိုက်ကာ ဇက်ကိုအကြောလျှော့လိုက်သည့်အချိန်တွင် ရင်းနှီးသော အစပ်နံ့ကိုရလိုက်သည်။
ကုလျန်မင်ကလပြောလိုက်သည်။ "အစ်ကိုကြီးက အခြေခံပစ္စည်းတွေ ချက်နေတာလား?"
ရွှီကျင်းဖန် - "ဟုတ်မယ်။ လှီးထားတဲ့ အသီးအရွက်တွေကို အိမ်နောက်ဖက် ယူသွားပြီး ခေါက်ဆွဲတွေနဲ့အတူစွပ်ပြုတ်ရည်ထဲ ထည့်ရမယ်။"
ကုလျန်မင်နဲ့ ကျန်းထျန်က ဟော့ပေါ့ ပါဝင်ပစ္စည်းတွေ၊ပန်းကန်လုံးတွေ၊ အိုးတွေနဲ့ ကျန်တဲ့ပစ္စည်းတွေကို အိမ်နောက်သို့ ရွှေ့ပြောင်းကြသည်။
ကုလျန်ရွှမ်က မီးဖိုအနီးမှပစ္စည်းများကိုကြည့်ကာ ပြောလိုက်သည်။ "ဒီလောက် အများကြီးလား?"
ကျန်းထျန်က ပန်းကန်ကိုရွှေ့ပြီး လက်သုတ်ကာ ပြောလိုက်သည်။"ရှို့ရှန်နဲ့ ရှန်းလီလည်း လာနိုင်တယ်လို့ အမေက ပြောတယ်၊ ဒါကြောင့် ပို ပြင်ဆင်ထားတာ။ အဲဒါတွေက ကျွန်မတို့ လယ်မှာ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေပဲ"
ဒါတွေက များနေပုံပေါ်ပေမယ့် တကယ်ချက်ပြုတ်ပြီးချိန်မှာတော့ စားပွဲပေါ်မှပစ္စည်းတွေက ကုလျန်ရွှမ်နှင့် ကုလျန်ရုန်အတွက် မလောက်ပေ။
ဒါကြောင့်ရွှီကျင်းဖန်က ခေါက်ဆွဲတွေ ထပ်ထည့်လိုက်ပြီး အိမ်မှာရှိတဲ့ပန်ကိတ်တွေနဲ့ ကျန်းထျန် ဝယ်လာတဲ့ကိတ်တွေက်ိုပါ ယူလာလိုက်သည်။
ကျန်းထျန်က ခေါက်ဆွဲကိုထုပ်ကာ အိုးထဲထည့်ပြီး အပေါ်မှအဝတ်ဖြင့် အုပ်လိုက်သည်။
"တတိယက ဘယ်ချိန်ပြန်လာမယ်လို့ ပြောလိုက်သေးလား?" ရွှီကျင်းဖန်က နာရီကို ကြည့်လိုက်သည်။
"အခုကခြောက်နာရီကျော်နေပြီ။ သယ်ယူပို့ဆောင်ရေးအသင်းကလည်း ပိတ်ပြီလေ။ သူ ဘာလို့ ပြန်မလာသေးတာလဲ?"
ကုလျန်မင်က အမွှာနှစ်ယောက်ကို အိမ်နောက်သို့ တွန်းလာပြီး မေးလိုက်သည်။ "အမေ ပင်းပင်းနဲ့အန်းအန်းတို့ နို့မှုန့် ဘယ်ချိန်သောက်လိုက်တာလဲ?"
"ခုနစ်နာရီရှ်ိပြီဆိုတော့ နာရီဝက်လောက်ရှိပြီ။"
သူတို့ပြောနေချိန်တွင် အရှေ့ဘက်မှ ရွေ့လျားမှူများတွေ့လိုက်ရသည်။
ရွှီကျင်းဖန်က ကြည့်လိုက်သည်။
"သူပြန်လာပြီ။ ထျန်ထျန် အရွက်တွေ ထည့်လိုက်တော့။အမေ သွားကြည့်လိုက်မယ်။"
ကျန်းထျန်က ဆိတ်သားချောင်းတွေနဲ့ ငါးအူချောင်းတွေကို ယူလ်ိုက်သည်။ "ဒါတွေက ကျက်ဖို့မလွယ်ဘူး။ ဒါတွေကိုအရင်ထည့်ရမယ်" သူမ တူနှင့်ယူကာ စွပ်ပြုတ်ရည်ထဲ ထည့်လိုက်သည်။
"ကိုယ်လုပ်မယ် မင်းက ကိုယ့်ကို ကမ်းပေး" ကုလျန်ရွှမ် စိတ်ပူနေသည်။ ကျန်းထျန်က လက်လွတ်စပယ် လုပ်နေတာ ဆီစင်သွားရင် ဘယ်လိုလုပ်မလဲ?
"အိုးထဲတစ်ခုခုထည့်မယ်ဆိုရင် ဘေးကနေ ထည့်တာအကောင်းဆုံးပဲ။" ကုလျန်ရွှမ်က သူမကို သင်ပြပေးနေသည်။
ကျန်းထျန်က ဂရုတစိုက်နားထောင်ကာ မှတ်သားလိုက်သည်။
အိမ်ရှေ့တွင်။
ကျန်းရှို့ရှန်က ကုမိသားစုအိမ်ကို လိုက်မလာပေ။
ကုလျန်ရွှမ် - "ရှို့ရှန်က မနားရတာနှစ်ရက်ရှိပြီ။ ဦးလေးကျန်းကလဲ အပြင်းဖျားနေပုံရတယ်။ သူက အလုပ်ပြီးတာနဲ့ ဦးလေးကျန်းကို ဆေးရုံပို့ဖို့အတွက် မြန်မြန်ပြန်သွားတယ်။"
ရွှီကျင်းဖန် - "အာ ပြင်းပြင်းထန်ထန် ဖြစ်နေတာလား?"
"မပြင်းထန်ပါဘူး နည်းနည်းပါပဲ။ ရှန်းလီနဲ့ကျွန်တော်ကသွားကြည့်ပြီးတော့မှ ပြန်လာခဲ့တာ"
"ဟုတ်ပါပြီ" ရွှီကျင်းဖန်က ကုလျန်ရုန် ပုခုံးက်ိုပွတ်ပြီးပြောလိုက်သည်။
"ရှို့ရှန်က သားနဲ့ရွယ်တူပဲဖြစ်ပြီး မြို့ပေါ်မှာသူ့ရဲ့ဆွေမျိုးလဲ မရှိဘူးလေ။ ဒါကြောင့် အဲ့ဒီကိုသွားရင် သူ့အိမ်ကို ရှန်းလီနဲ့အတူ မကြာခဏ သွား။ ထင်းခြောက်ကောက်ပေး၊ ရေ ဒါမှမဟုတ် တစ်ခုခုယူဖို့ ကူညီပါ"
"သိပါတယ်အမေ" ကုလျန်မင်က စက်ဘီးလက်ကိုင်မှ ပစ္စည်းများကို ယူလိုက်သည်။ "အမေ၊ ဒါတွေက ရှောင်မင် ဝယ်ခိုင်းတဲ့ မက်မွန်ကိတ်မုန့်နဲ့ သစ်သီးသကြားလုံးတွေပါ။ ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေး သမဝါယမကို သွားတုန်းက လိမ္မော်ရည်ရောင်းတာတွေ့တော့ အပူချိန်ထိန်းခွက်ကို ဝယ်လိုက်တာ" လိမ္မော်သီးဖျော်ရည် တစ်ပုလင်းသည် ဆင့်ခြောက်ဆယ် ကုန်ကျသည်။
ပုလင်းက ရှို့ရှန်အိမ်က ငှားလာခဲ့တာဖြစ်သည်။
"ကောင်းတယ် မင်းမရီးက ဟော့ပေါ့ပစ္စည်းတွေ ဝယ်လာတာမလို့ ဒီညဟော့ပေါ့စားကြမယ်။"
ရွှီကျင်းဖန်က ပစ္စည်းတွေကိုယူကာ သူ့ဘေးမှ ကုရှန်းလီကို ပြောလိုက်သည်။
"ရှန်းလီ ဒီညအိမ်မှာ စားသွားနော်။"
ကုရှန်းလီ ခေါင်းငြိမ့်လိုက်သည်။
ရွှီကျင်းဖန်က မက်မွန်ကိတ်နဲ့ သကြားလုံးတွေကို စားပွဲပေါ်တင်ကာ လိမ္မော်ရည်က်ိုယူပြီး အိမ်နောက်သို့ ဝင်သွားသည်။
အရွက်တွေက ချက်ရအလွယ်ဆုံးပင်။ အားလုံးက ပန်းကန်လုံးများယူကာ မီးဖိုအနီးလာကြသည်။
ကျန်းထျန်က ရွှီကျင်းဖန်အတွက် နေရာပြင်ပေးလိုက်သည်။ "အမေ မြန်မြန်လာ ဆိတ်သားချောင်းတွေက စားလို့ရပြီ။"
"အခုလား?" ရွှီကျင်းဖန်က ခုံယူလာကာ ပန်းကန်လုံးကို ချလိုက်ပြီးလိမ္မော်ရည်ကို အလယ်တွင် တင်လိုက်သည်။
"လိမ္မော်ရည်သောက်ချင်သူတွေရှိရင် ယူသောက်"
ပြီးနောက် သူက ပန်းကန်လုံးကိုယူကာ ကျန်းထျန် ဘေးတွင် ထိုင်လိုက်သည်။
ကျန်းထျန်၏ ပန်းကန်လုံးက အသားလုံးများ၊ ကြာဆံများ ဆိတ်သားချောင်းများ ပြည့်နေသည်။ ဒီအချ်ိန်က စားချင်နေသည့်အချိန်ဖြစ်သည့်အတွက် စကားပြောရန်အချိန်မရှိပေ။
ကုလျန်ရုန်နှင့် ကုလျန်ရွှမ်က အစားမရွေးဘဲ ဇွန်းနှင့်ခတ်သမျှကို အပြင်းအထန်စားနေကြသည်။
ကုရှန်းလီကလဲ အရှုံးမပေးပေ။ သူ ပန်ကိတ်ကိုလည်း ယူလိုက်ပြီး ပါးစပ်နှင့်အပြည့်စားလိုက်သည်။
ကုလျန်မင်၊ ပဥ္စမလေး၊ ဆဌမလေးတ်ို့ကလည်းစားသည်။ ပေါင်မုန့်များကိုလည်း စားကြသည်။ သူတို့သုံးဦးက ခေါင်းချင်းဆိုင်ကာ ဘယ်တစ်ခုက ပိုကောင်းတယ်ဆိုတာပြောရင်း အစားများ လဲလှယ်စားနေကြသည်။
ကျန်းထျန်က အိမ်သားများကို အရသာကောင်းမကောင်းမေးရန် ခေါင်းထောင်လ်ိုက်စဉ် သူတို့က ခေါင်းမဖော်စတမ်း စားနေသည်ကို တွေ့လိုက်ရသည်။
ကျန်းထျန် - "..." လဲစားလို့ မရဘူးလား?
ရွှီကျင်းဖန်က အိုးအသေးကို ဖွင့်ကာ အထဲမှ အသီးအရွက်များကို ထုတ်ပြီး သူမကိုပြောလိုက်သည်။
"သူတို့က ဒီလိုပဲ။ ငါးမိနစ် ခြောက်မိနစ်လောက်ကြာရင် အားပြည့်သွားပြီး စကားပြောလာလိမ့်မယ်။"
ကုလျန်ရွှမ်က တူနှင့်အရွက်များ ထပ်ယူနေသည်။ ကျန်းထျန် ထမင်းပန်းကန်ထဲ တူထည့်ထားတာမြင်တော့ သူက မေးလိုက်သည်။ "မင်း ဗိုက်ဝသွားပြီလား?"
ကျန်းထျန်က ဗိုက်ပြည့်နေပြီဖြစ်လို့ ကျန်တဲ့အသားလုံးတွေနဲ့ ဟင်းရည်တွေကို ကုလျန်ရွှမ် ပန်းကန်လုံးထဲထည့်ပေးလိုက်သည်။
"ကျွန်မ ပေါင်မုန့်စားချင်တယ်။ ဒါတွေကို ရှင်စားလိုက်။"
ကုလျန်ရွှမ်က မငြင်းပေ။ ပြီးတော့ ကျန်းထျန်ပန်းကန်ထဲမှ အသားလုံးများကို မြင်တော့ သူ ပြောလိုက်သည်။ "ဒီပန်းကန်ထဲက ဟာတွေကိုယ့်ကိုပေး။ ခဏနေ ကျက်မယ့်အိုးထဲက ဟာကို မင်းစားလိုက်ပါ။"
ကျန်းထျန်က အသားလုံးတွေ အများကြီးကျန်လို့ စိတ်ပူနေသည်ဖြစ်ကာ သူက ဒီလိုမေးလာတော့ သူမ ပျော်သွားသည်။ "များများစား မနက်အလုပ်သွားရမှာဆိုတော့။"
သူမက သူမအခန်းဖော်အတွက် စဉ်းစားပေးခြင်းဖြစ်သည်။
ကုလျန်ရွှမ်ရဲ့ ပန်းကန်အလွတ်က ချက်ခြင်းပြည့်သွားသည်။ သူက ဆက်စားလိုက်ကာ ကျန်းထျန်ကို ပြောလိုက်သည်။ "ဒီကြက်အူချောင်းကို စားချင်သေးလား?"
ကျန်းထျန်က ပန်းကန်လုံးကိုကိုင်ကာ ခေါင်းငြိမ့်ပြလ်ိုက်သည်။ "ကျွန်မကိုကြက်အူချောင်းငါးချောင်းနဲ့ ငါးအသားလုံးငါးခုပေးပါ။"
ငါးအသားလုံးက ချောနေတာမမို့ တူနှင့်ယူရခက်နေသည်။
ကုလျန်ရွှမ်က ငါးအသားလုံးများနှင့် အစပ်ချောင်းများကို ဇွန်းနှင့်ယူကာ ကျန်းထျန်ပန်းကန်ထဲ ထည့်ပေးလိုက်ပြီး သူ့ဘာသာဆက်စားလိုက်သည်။
ကျန်းထျန်က စားပွဲပေါ်မှ ပေါင်မုန့်ခြောက်များ ထယူလ်ိုက်သည်။ သူတို့ကပူနေသေးပြီး နှမ်းများလည်းဖြူးထားသည်။
ကိုက်လိုက်သောအခါ ပေါင်မုန့်ခြောက်က ကြွပ်ရွနေသောကြောင့် ကိုက်သံကိုပင် ကြားနေရသည်။
ရှီကျင်းဖန်က နှမ်းကြိုက်သူဖြစ်လို့ ပေါင်မုန့်ခြောက်များများစားသည်။
ပြီးမှအသီးအရွက်များနှင့် ဟော့ပေါ့စားသည်။ သူမ တစ်ယောက်ထဲ ပေါင်မုန့်ခြောက်ကို ခြောက်ခုလောက် စားလိုက်သည်။