← Chapters

အခန်း(၇၄)

Vol. 6 Ch. 74

အခန်း(၇၄)

Vol. 6 Ch. 74

ကျန်းထျန်၏ ဝမ်းနည်းစွာပြောသောစကားများက ကုလျန်ရွှမ်၏ ခေါင်းထဲဝင်လာခဲ့သည်။

သူ ငြိမ်သက်သွားသည်။

"တစ်ခါတစ်လေစားတာက ဘာမှမဖြစ်ဘူးမလား?"

ကုလျန်ရွှမ်က ပန်းကန်ထဲမှစွပ်ပြုတ်ကိုသောက်နေပေမယ့် သူ့အာရုံက ကျန်းထျန်အပေါ်တွင်ရှိနေသည်။

ကျန်းထျန်အဝတ်လဲပြီးပြန်လာကတည်းက ကုလျန်ရွှမ်စွပ်ပြုတ်သောက်နေသည်မှာ သုံးပန်ကန်ရှိနေပြီဖြစ်သောကြောင့် သူမ သတိပေးလိုက်သည်။

"အဲ့တော့ဘာဖြစ်လဲ။ စွပ်ပြုတ်တွေ အများကြီးသောက်တာက ကျောက်ကပ်အတွက်မကောင်းဘူး။"

ကုလျန်ရွှမ် - "..." သူ စွပ်ပြုတ်ပန်းကန်ကိုချလိုက်မိသည်။

အသားလုံးစွပ်ပြုတ်ထဲမှာ ရှာလကာရည်တွေ ဆားတွေပါတာမလို့ များများသောက်လေလေ ရေဆာလာလေလေဖြစ်သည်။

"ကိုယ်ဗိုက်ပြည့်သွားပြီ။ အခန်းထဲပြန်ပြီးနားတော့မယ်။"

ကုလျန်ရွှမ်က သူ့ချိုင်းထောက်ကိုအားပြုကာ ထွက်သွားလိုက်သည်။

ရွှီကျင်းဖန်က သူမ​ဘယ်လောက်ထိ သောက်ထားတယ်ဆိုတာမသိတာမလို့ စွပ်ပြုတ်ပန်းကန်ကိုချလိုက်သည်။သူမ အသက်ကြီးလာပြီမလို့ အများကြီးစားတာကမကောင်းပေ။

ကျန်းထျန်က ကြို့ထိုးလာသောကြောင့် ပါးစပ်ကိုအုပ်လိုက်သည်။ သူမ အသီးဖျော်ရည်ထက်ဝက်သောက်ထားသည်မလို့ ဗိုက်ပြည့်နေသည်။ သူမကပန်ကိတ်ကိုထက်ဝက်ယူကာ စားလိုက်ရင်းပြန်လာခဲ့သည်။

တံခါးကိုတွန်းလိုက်တော့ ကျန်းထျန်က ကုလျန်ရွှမ် သူ့အင်္ကျီလက်ကိုဆွဲချနေသည်ကို​ တွေ့လိုက်ရသည်။

စားပွဲပေါ်မှရေကရားထဲမှ ရေလှူပ်နေသည်ကိုလည်း တွေ့လိုက်ရသည်။

ကျန်းထျန် - "ရှင်ရေသောက်ချင်ရင် သောက်ပါဘာလို့ပုန်းလျှိုးကွယ်လျှိုး လုပ်နေရတာလဲ။"

ကုလျန်ရွှမ် ခေါင်းခါလိုက်သည်။ "အဲ့လိုမဟုတ်ပါဘူး။"

သူက ပြောချင်သည်များကို သူမကို မေးလ်ိုက်သည်။

"ရှောင်မင်ပြောတာတော့ မင်းနေ့လည်စာ ချက်ရင်း ဆီပူလောင်သွားတယ်တဲ့။

"ဒါမှမဟုတ် မင်း အမေနဲ့ ကိုယ် အလုပ်ဆင်းတော့မှချက်ပါလား။"

ဘာပဲဖြစ်ဖြစ် စောစောစားရတာနဲ့ နောက်ကျမှစားရတာခဏလောက်ပဲပိုပြီးဗိုက်ဆာတာပါ။

ဒါကဆားငန်တဲ့ဟင်းတွေကို အချိန်အကြာကြီးစားပြီးကျောက်ကပ်ပျက်စီးသွားမှာထက်စာရင်တော်သေးတယ်။

ကျန်းထျန်က ကုတင်ထောင့်တွင်ထိုင်ကာ စိတ်မကြည်သည့်ပုံစံနှင့် မျက်လွှာချကာ နှုတ်ခမ်းကိုစေ့ထားသည်။

သူမ နေ့လည်က ဆားတွေအများကြီးထည့်လိုက်တာမလို့ဟင်းကအရသာမရှိသည့်အပြင် ဆားပါငန်သွားသည်။

"ဒါပေမယ့် ကျွန်မ ရှင့်ကို စားခိုင်းလို့လား? ရှင့်ဘာသာစားတာလေ။"

ကျန်းထျန်က စကားအနည်းငယ်ကို တီးတိုးပြောလိုက်သည်။

ခေါင်းအုံးစွပ်ကို ပေါင်ပေါ်တင်ကာ ကျန်းထျန်က တြိဂံပုံစံတစ်မျိုး စတုရန်းပုံစံတစ်မျိုးခေါက်နေသည်။

သူမ စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်သည်။

ကုလျန်ရွှမ်လည်း သက်ပြင်းချလိုက်မိသည်။

သူမချက်သော ဟင်းက ငန်နေသည်သာမက မီးသွေးတုံးကဲ့သို့ဖြစ်နေလျှင်တောင် သူမြိုချ၍ရပါသည်။

ကုလျန်ရွှမ် သူမကိုကြည့်နေတာမြင်သောအခါ မကြည့်စေချင်သောကြောင့် ကျန်းထျန်က တစ်ဖက်လှည့်လိုက်သည်။

သူမ၏ဟင်းချက်သည့် အလုပ် စစချင်းမှာပင်ပြင်းပြင်းထန်ထန် ရိုက်ခတ်မှုဖြစ်သွားသောကြောင့် ကျန်းထျန်က ကုလျန်ရွှမ်ကို တစ်ဘဝလုံးဘေးကျပ်နံကျပ်ဖြစ်နေစေရန် ဆုတောင်းနေသည်။

သူမလက်ကဆွဲယူခံလိုက်ရသောကြောင့် ကျန်းထျန်ကြည့်လိုက်ရာ သူမလက်ဝါးထဲတွင် ဗူးသေးသေးတစ်ခုကိုမြင်လိုက်ရသည်။

ကျန်းထျန်က ကုလျန်ရွှမ်ကို မေးလိုက်သည်။ "ဒါက ဘာလဲ?"

"အမာရွတ်ပျောက်ဆေး"

ကုလျန်ရွှမ် ရှင်းပြလိုက်သည်။ "အမေက ဒါကိုဒေါက်တာလျိုဆီက ဝယ်ခဲ့တာ မင်းလိမ်းလိုက်ပါ။"

ကျန်းထျန် - "ဟမ်!" သူမက ဒါက်ိုတောင်းပန်သည့်အနေနှင့် ပေးသောလက်ဆောင်ဟု ယူဆလိုက်သည်။

ကျန်းထျန်က ကုလျန်ရွှမ်ကိုစိုက်ကြည့်ကာ ပုလင်းအဖုံးက်ိုဖွင့်လိုက်ပြီး အထဲမှအစိမ်းရောင်အနှစ်များကို ယူကာလက်အနောက်ကို ခရင်မ်လိမ်းသကဲ့သို့ လိမ်းနေလိုက်သည်။

ကုလျန်ရွှမ်က ကျန်းထျန် စိတ်ဆိုးနေသည်က်ို ခံစားမိပေမယ့် ဘာလို့စိတ်ဆိုးနေသည်ဟူသော အကြောင်းအရင်းကိုတော့မသိပေ။

သူ မေးလိုက်သည်။ "ဒီညဘာစားချင်လဲ? ပဲနီဆန်ပြုတ်နဲ့ကြက်ဥပန်ကိတ်စားမလား?"

ကျန်းထျန်က ဆေးကို သူ့ဆီပြန်ပေးလိုက်ကာ ခေါင်းငြိမ့်လိုက်သည်။ "ကြက်ဥနဲ့ကြက်သွန်စိမ်းထည့်ထားပြီးကြွပ်နေတဲ့ ပန်ကိတ်စားချင်တယ်။"

ကုလျန်ရွှမ် ပြောလိုက်သည်။ "ဟုတ်ပြီ။"

နေ့လည်ခင်းမှာတော့ရွှီကျင်းဖန်နှင့် ကုလျန်ရွှမ်ကအလုပ်သွားကြသည်။

ကျန်းထျန်နိုးလာတော့ သူမ ဘေးအခန်းမှကလေးနှစ်ယောက်ကို ကြည့်လိုက်ကာ အခန်းထဲပြန်လာပြီး ရှောင်ဝူနှင့်ရှောင်လျိုအတွက် မွေးနေ့လက်ဆောင်ကို ဆက်ပြင်နေလိုက်သည်။

သူမအစီအစဉ်က သူတို့ကိုစစ်ယူနီဖောင်းအသေးများလုပ်ပေးရန်ဖြစ်သည်။ အခုတော့ဝတ်စုံများက ချုပ်နေသည့်အဆင့်ရောက်နေပြီဖြစ်သည်။

ရှောင်ဝူနှင့်ရှောင်လျို မွေးနေ့ရောက်ရန် လဝက်လောက်လိုသေးသောကြောင့် အချိန်မီမှာသေချာသည်။

အလုပ်မှပြန်မလာကြသေးခင် သူမ အချိန်ကိုကြည့်လိုက်ကာ နောက်ဖက်သို့ဝင်ပြီး အသီးအရွက်များကိုဆေးကြောကာ ကုလျမ်ရွှမ်ကို စောင့်နေလိုက်သည်။

သူမ တကယ်ပဲ ဟင်းချက်သည့်နေရာတွင် ပါရမီမပါတာဖြစ်နိုင်သည်။

ဒါပေမယ့်ဒီအချိန်မှာပြောလို့တော့ မရသေးပေ။ ကုမိသားစုက မြေမီးဖိုကိုသုံးသောကြောင့် သူမတိုးတက်လာရန်ခက်ခဲနေတာဖြစ်သည်။

ညနေရောက်တော့ တစ်နေ့လုံးကားမောင်းလေ့ကျင့်လာသည့် ကုလျန်ရုန် အိမ်ပြန်ရောက်တော့ ထမင်းစားပွဲကိုပြေးကာ ပန်ကိတ်ထက်ဝက်ကို ကောက်ယူလျက် ဗိုက်​ဖြည့်လိုက်သည်။

"အမေ သယ်ယူပို့ဆောင်ပို့ဆောင်ရေးအသင်းက ရွှီကျင်းမြို့ကနေ ပြိုင်ကားတွေ မှာထားတယ်ကြားတယ်။ဆရာကြီးဟွမ် ပြောတာတော့ ကျွန်တော်က အဲ့ဒါတွေကိုမောင်းဖို့လေ့ကျင့်ရမယ်တဲ့။ သူနဲ့အတူ လေ့ကျင့်ရမယ်။မနက်ဖြန်သွားရမှာမလို့ ကျွန်တော့်ကို ပေါက်စီပေါင်းပေးလို့ရမလား?"

ရွှီကျင်းဖန်က ပန်ကိတ်ကို လက်ထဲတွင်ကိုင်ထားသည်။

"ကိစ္စမရှိပါဘူး။ အမေစားပြီးရင်လုပ်ပေးမယ်။ ဒါပေမယ့် သားက ပြိုင်ကားမောင်းနိုင်လို့လား?"

ကုလျန်ရုန် ခေါင်းငြိမ့်လိုက်သည်။ "ဆရာကြီးဟွမ်ကတော့ ကျွန်တော်မောင်းနိုင်မယ်လို့ထင်တယ်တဲ့။ သူက ရွှီ​ကျင်းမြို့ဝန်းကျင်ကိုသွားရမှာ။ လမ်းကောင်းတယ်ဆိုရင် ကျွန်တော်ကြိုးစားကြည့်ချင်တယ်။ သယ်ယူပို့ဆောင်ရေး အသင်းခေါင်းဆောင် ပြောတာတော့ ဆောင်းဦးစပါးရိတ်သိမ်းချိန်မတိုင်ခင်

လေ့ကျင့်ရမယ်တဲ့။ ဆောင်းဦးစပါးတွေကို ရွှီကျင်းမြို့က​နေ မြို့ပေါ်တွေက်ို သယ်ယူပို့ဆောင်ရေးအသင်းရဲ့အစီအစဉ်နဲ့ပို့ပေးရမှာတဲ့။"

"ဒါဆိုသေချာလေ့ကျင့်ရမယ်။ ဆောင်းဦးစပါးတွေကအရေးကြီးတာမို့ ဂရုစိုက်ရမယ်။"

ရွှီကျင်းဖန်က ကုလျန်ရုန်ကို စကားအနည်းငယ်ပြောလိုက်ပြီးနောက် သူမက ဗ်ိုက်ဖြည့်ကာ ထွက်သွားလိုက်သည်။

ကုလျန်ရွှမ်က ကုလျန်ရုန်ကိုပြောလိုက်သည်။ "တတ်ိယညီ အပြင်သွားရင်သတိနဲ့နေ။ မင်းသွားတာမြန်လွန်းတော့ အိမ်က လူတွေက ဘာမှမပြင်ပေးနိုင်ခဲ့ဘူး။ ပေါက်စီအပြင် အဆာပြေမုန့်တွေနဲ့ အမေ မနေ့ကလုပ်ထားတဲ့ ငရုတ်သီးဆော့စ်ကိုလည်း ယူသွားဦး။"

ကုလျန်ရုန်ကပြောလိုက်သည်။ "သိပါပြီအစ်ကို"

သူကစကားပြောပြီးတော့့အိတ်ကပ်ထဲမှ ပိုက်ဆံထုပ်ကိုစားပွဲပေါ် တင်လိုက်သည်။

"အစ်ကို၊ မရီး ဒါကနာရီရောင်းရတဲ့ငွေပါ။ အားလုံးပေါင်း ယွမ်ငါးရာ ရပါတယ်။"

"ရေကြည့်လိုက်ပါ။ ယွမ် ငါးဆယ် တစ်စုပါ။ သေချာရေကြည့်လိုက်ပါ။"

ကုလျန်ရွှမ်ကအထဲမှ တစ်အုပ်ကိုထုပ်ကာ ကုလျန်ရုန်ကိုပေးလိုက်သည်။ "ဒါက မင်းနဲ့ရှိူ့ရှန်အတွက်"

ကုလျန်ရုန်က ပြုံး၍လက်ခံလိုက်သည်။ "ကျွန်တော်အပြင်သွားရင် ဒါကိုယူသွားရမယ်။"

ကုလျန်ရုန်က ရေတွက်လိုက်ပြီး အခန်းက်ိုပြန်ကာကျန်းထျန်ကို ပေးလိုက်သည်။

"ဒီမှာ ငွေ လေးဆယ့်ကိုးအုပ်။ သုံးဆယ်က မင်းအတွက်သုံးပြီး ဆယ့်ကိုးအုပ်ကိုတော့ အိမ်အတွက် သုံးဖို့သိမ်းထားလိုက်ပါ။"

ကျန်းထျန်က ငွေတွေကို ဖြည်းဖြည်းချင်း ရေတွက်လိုက်သည်။ ဒါက ငွေပမာဏနည်းနည်းလေးပါ။ ဒါပေမယ့် သူမ ကုလျန်ရွှမ်က ငွေတွေအားလုံးကို သူမကို ပေးမယ်ပြောတော့ သူမ မျက်လုံးများက အရောင်တောက်ကာပြောလိုက်သည်။

"ဒါဆို ကျွန်မက လေးရာကိုးဆယ့်ကိုးယွမ်ကိုစိတ်တိုင်းကျသုံးလို့ ရတာလား?"

ကုလျန်ရွှမ် - "အင်း"

ကျန်းထျန်က ခေါင်းအုံးကိုဖက်လိုက်ကာ အိပ်ယာပေါ်တွင်လှဲပြီး ငွေတွေကိုရေတွက်နေသည်။

ဒါကကော်ဖီအတွက်၊ ဒါကအသားအတွက်၊ ဒါကအဝတ်အတွက်၊ ဒါကဆန်အတွက်...

ကုလျန်ရွှမ်က သူမ ရေတွက်နေတာကို ကြားတော့ ရယ်လိုက်သည်။

နောက်နေ့မနက်မှာတော့ ကုလျန်ရုန်က ပစ္စည်းထုပ်ကြီးနှင့်မြို့ပေါ်သွားလိုက်သည်။ အစားအသောက်အနေနှင့်လည်း ကုလျန်ရွှမ် လုပ်ပေးလိုက်သော ပဲကိတ်များပါယူသွားသည်။

ရက်အနည်းငယ်ကြာတော့ ကျန်းထျန်က အမွှာနှစ်ယောက်အတွက် အဝတ်များချုပ်ပြီးသွားသည်။ သူတို့နေ့လည်ခင်းအိပ်နေချိန်တွင် သူမနှင့်ရွှီကျင်းဖန်က အပေါ်ပိုင်းဝတ်ကြည့်လိုက်သည်။

ရွှီကျင်းဖန်က တိုက်ရိုက်​ပြောလိုက်သည်။ "အဝတ်တွေက တကယ်ပုံစံကျတယ်။ ကော်လံတွေဆိုလည်း ဓာတ်ပုံတွေထဲက အတိုင်းပဲ။ သမီး သေချာလေ့လာထားပုံရတယ်။ တကယ်တော်တယ်။"

သူမ ကရွှီကျင်းဖန်ကိုပြောလိုက်သည်။ "အမေ့ကို သမီးအင်္ကျီချုပ်ပေးရမလား? ဗီရိုထဲမှာရှိတဲ့အပြာရောင်အဝတ်စက ကောင်းတယ် စကပ်ချုပ်ပေးရမလား?"

ရွှီကျင်းဖန်က အလျင်အမြန်လက်ကာလိုက်ကာ ရှက်သည့်ဟန်နှင့် ပြောလိုက်သည်။ "ဘယ်နေရာကိုဝတ်ရမှာလဲ? ဖြစ်နိုင်လို့လား? အမေက အသက်ကြီးနေပါပြီဘယ်လိုအဝတ်မျိုးဝတ်ရဦးမှာလဲ? မဟုတ်တာတွေသမီးရဲ့တတိယအဒေါ်က အမေ့ကိုရယ်လိမ့်မယ်။"

"တတိယအဒေါ်က အမေ့ကို မရယ်ပါဘူး။"

ကျန်းထျန်က ရွှီကျင်းဖန်လက်ကို ဖက်ကာပြောလိုက်သည်။"အမေ စကပ်မဝတ်ဘူးဆိုရင် ကုတ်အင်္ကျီချုပ်ပေးရမလား?"

ရွှီကျင်းဖန်က ကျန်းထျန်၏ ကလေးဆန်သောအပြုအမူများကို တောင့်မခံနိုင်ဘဲ လက်ခံလိုက်ရသည်။

ကျန်းထျန်က စစ်ဝတ်စုံဇီဇိုင်းပုံကိုယူကာ နောက်ဆွဲမည့်ဒီဇိုင်းပုံနှင့်အတူရော၍ စာအုပ်လုပ်မည်ဟု တွေးလိုက်သည်။ ထိုအရာနှင့်ပတ်သက်၍ သူမက​မြို့ပေါ်တက်လျှင် ဒီဇိုင်းပုံများဆွဲရန် ပုံဆွဲစာအုပ်နှင့် မှတ်စုစာအုပ်များဝယ်ရန် တွေးထားလိုက်သည်။

အမွှာနှစ်ယောက် မွေးနေ့မတိုင်မီ ကုလျန်မင်ရဲ့အမှတ်၁မြို့နယ် အလယ်တန်းကျောင်းဖွင့်သည်။

ထိုနေ့တွင် ကုလျန်ရွှမ်နှင့် ရွှီကျင်းဖန်က အလုပ်သွားကာကုလျန်ရုန်ကလည်း ကားမောင်းရန်သွားသည်ဖြစ်၍ ကုလျန်မင်ကို ကျောင်းပို့ရန် တာဝန်က အိမ်တွင်တစ်ဦးတည်းကျန်ခဲ့သော ကျန်းထျန်အပေါ်ကျလာသည်။

ကျန်းထျန်က တတိယအဒေါ်အိမ်မှ စက်ဘီးကို ငှားကာကုလျန်မင်၏ အိပ်ယာနှင့် ရွှီကျင်းဖန် ပြင်ပေးထားသောနေ့လည်စာထမင်းဘူး၊ ဇလုံနှင့်အခြားနေ့စဉ်သုံးပစ္စည်းများပါသော အိတ်ကိုချည်လိုက်သည်။ ကျန်းထျန်က ရှေ့ခြင်းက ကွေးသွားမည်ဟုပင် ထင်မိသည်။

သို့သော် ဒီနေ့ခတ်ပစ္စည်းတွေက ခိုင်ခံ့သည့်အတွက်ပစ္စည်းများအပါအဝင် လူနှစ်ယောက်ပါသည့်တိုင်စက်ဘီးက ဘာမှမဖြစ်ဘဲ ကျောင်းပေါက်ဝသို့ ချောချောမွေ့မွေ့ ရောက်သွားသည်။ ချိန်းပင်မကျခဲ့ပါ။ ကုလျန်မင်က ဒါကိုရှင်းပြလိုက်သည်။

"ဦးလေးပေါင်ကောက နေ့တိုင်းချိန်းကြိုးကို ဆီသုတ်တယ်တဲ့။ တတိယအဒေါ်က ပြောဖူးတယ် ဒီစက်ဘီးဝယ်တဲ့အချိန်ကစပြီး ဦးလေးပေါင်ကောရဲ့ ဆီအတွက် ကုန်တဲ့ငွေတွေက နောက်ထပ်စက်ဘီးတစ်စီးဝယ်လို့ရတယ်တဲ့။"

ကျန်းထျန် - "...."

သူမ တကယ်ပဲကုပေါင်ကောက ဒီလိုလုပ်ထားမည်ဟုခံစားရသည်။

ကုလျန်မင်က အကြောင်းကြားစာကိုယူကာ စာသင်ခန်းထဲကိုသတင်းပို့ရန် သွားလိုက်သည်။ ပြန်လာတော့ကျန်းထျန်နှင့်အတူ ပစ္စည်းများနေရာချရန်​ အဆောင်သို့သွားသည်။ သူမက ကန်တင်းကိုသွားကာ ငွေလက်မှတ်ပေးလိုက်တော့ တစ်လစာအစားအသောက်လက်မှတ်ကိုရသည်။ သူမတို့ ကျောင်းက အစားအသောက်ဝယ်ရန်အတွက် လက်မှတ်လိုသည်။ အလုပ်များက နေ့ခင်းထိရှုပ်နေသည်။ ကျန်းထျန်က နောက်ထိုင်ခုံကိုပုတ်ပြလိုက်သည်။

"လာပါယောက်မက စားသောက်ဆိုင်မှာ ညစာစားဖို့ခေါ်သွားမယ်။"

ကုလျန်မင်က ပျော်ရွှင်စွာတက်လိုက်သည်။ "ဘယ်စားသောက်ဆိုင် သွားကြမလဲ ယောက်မ?"

"အနီးဆုံးဆိုင်ကိုသွားကြမယ်။"

သူမက မူလပိုင်ရှင်၏ အဘ်ိုးအနားမယူခင် အလုပ်လုပ်ခဲ့ပြီးနောက် မူလပိုင်ရှင်၏ အစ်က်ိုအလုပ်လုပ်နေသောဆိုင်ကိုရောက်လာသည်။

ကျန်းထျန် - "..." သူမ မေ့သွားတာ။

မူလပိုင်ရှင် အဘိုး၏ ဆိုင်ကို အစ်ကိုက လက်လွှဲယူထားခြင်းဖြစ်သည်။

မျက်နှာချင်းဆိုင်တွင် ပုပုဝဝဆံပင်ကောက်ကောက်နှင့်ပြုံးနေသောသူက ကျန်းထျန်ကိုမြင်တော့ ရောက်လာသည်။

"ရှောင်စန် မင်းဘာလို့ ဒီမှာရှိနေတာလဲ? ဒုတိယအကိုကိုလာရှာတာလား?"

"ဒါက.."

သူက ကုလျန်မင်ကို ကြည့်ကာ မေးလိုက်သည်။ "ဒါက ကုမိသားစုက မင်းရဲ့ယောက်မလား?"

ကျန်းထျန်က သူမ၏ဒုတိယအကိုကို စကားဆက်မပြောရန်လက်ကာပြလိုက်သည်။

ကျန်းထျန်၏ ဒုတိယအကိုက ကျန်းကောရှန်ဖြစ်သည်။ကျန်းကောရှန်က ဘာလို့ရှောင်စန်း သူ့ကိုစကားဆက်​မပြောခိုင်းသည်ကို မေးလိုက်သည်။

ကျန်းထျန် - "ဒုတိယအစ်ကို ကျွန်မကိုကျန်းထျန်မဟုတ်ရင်ထျန်ထျန်လို့ ခေါ်လို့ရတယ်။ ဒါမှမဟုတ်ရင်လဲ တတိယညီမလေးလို့ခေါ်ပါ။ ရှောင်စန်လို့တော့ မခေါ်ပါနဲ့။"

သူမ အတည်ပေါက်ပြောနေတာဖြစ်သည်။

ကျန်းကောရှန်က ရှောင်စန်ရဲ့စကားက ထူးဆန်းနေတယ်ဆိုပေမယ့် ပြောင်းပြောလိုက်သည်။ "ထျန်ထျန် စားပြီးပြီလား?ဒုတိယအစ်ကိုက ဝက်သားပေါင်းကျွေးမယ်"

ကျန်းထျန်၏ မျက်လုံးများက တောက်ပသွားကာ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်!ကျွန်မကို ဝက်နံရိုးချိုချဉ်နဲ့ ထမင်းနှစ်ပန်းကန်လဲပေးပါ။"

အဆုံးမှာတော့ ကျန်းထျန်က ပြောလိုက်သည်။ "ဒါကဒုတိယအစ်က်ို ကျွေးတာမလား?"

ကျန်းကောရှန်က ပြောလိုက်သည်။ "ဟုတ်တယ် ဒုတိယအစ်ကို ကျွေးတာပါ။"

ကျန်းထျန်၏ ပိန်နေသောမျက်နှာက်ိုကြည့်ကာ သူ နာကျင်သွားသည်။ ကုမိသားစုက အတော်ဆင်းရဲတာမလို့ ရှောင်စန်က လက်ထပ်ပြီးထဲက ခက်ခဲမှု​တွေကြုံတွေ့ခဲ့ရတာထင်တယ်။

အစားအသောက်တွေရလာတော့ ဝက်နံရိုးချိုချဉ်၊ဝက်သားပေါင်း၊ကြက်ဥနှင့်ခရမ်းချဉ်သီးမွှေကြော်တို့ပွဲကြီးများ​ဖြစ်သည်။

ကျန်းထျန်အတွက် သူမ၏အချ်ိန်ခရီးသွားပြီး ပထမဆုံးတွေ့ရသော ဝတုတ်အစ်ကို၏ ပုံရိပ်ကချက်ချင်းမြင့်တက်လာသည်။

နောက်ဆုံးဟင်းပွဲရတော့ ကျန်း​ကောရှန်က ထမင်းပန်းကန်နှင့်အတူ သူမတို့စားပွဲကို ရောက်လာကာ သူမဘဝအကြောင်း အရင်ဆုံးဂရုတစိုက်ပြောလိုက်သည်။

"ထျန်ထျန်ရက်အနည်းငယ်ကြာရင် ဆောင်းဦးအလယ်ပွဲတော်နဲ့အမျိုးသားနေ့ပဲ။ ဆောင်းဦးကောက်ရိတ်သိမ်းပွဲမတိုင်ခင် အမေ့ကိုသွားတွေ့လိုက်ပါဦး။ သူက မင်းကိုပြောစရာရှိတယ် ပြောတယ်။"

ကျင်းကောရှန်က ကုလျန်မင်ကိုကြည့်ကာ ကျန်းထျန်အနီးကပ်၍ ပြောလိုက်သည်။ "ထျန်ထျန်တကယ်လ်ို့ အမေက အဘွားပေးခဲ့တဲ့ပိုက်ဆံတွေအ​ကြောင်းမေးရင် မဖြေနဲ့ နားလည်လား?"

ကျန်းထျန်က ထမင်းစားလိုက်ပြီး ဂန္ဓာမာပန်းရေနွေးကြမ်းကိုသောက်ကာ နားမလည်သည့်ဟန်နှင့်မေးလိုက်သည်။ "ဘာလို့လဲ?"

ကျင်းကောရှန်က ဖြေလိုက်သည်။"အမေက မင်းက်ိုပိုက်ဆံ​တောင်းမှာ သူ့တူအတွက် အလုပ်ဝယ်မလို့လေ။အကြီးဆုံးဦးလေးရဲ့သား မင်းရဲ့ဝမ်းကွဲ။ သူက သယ်ယူပို့ဆောင်ရေးအသင်းမှာ အလုပ်လုပ်ချင်တာ။ အခုကအလုပ်ခေါ်တဲ့အချိန်ဆိုတော့ သူ့အတွက် ပ်ိုက်ဆံအတော်ကုန်မှာပဲ။ ဒါက်ိုရှောင်နိုင်ဖို့ အဖေက အဆောင်မှာတစ်ပတ်သွားနေမှာ။ အရူးလုပ်ခံရပြီး ပိုက်ဆံတွေ မပေးလိုက်နဲ့!"

ကျန်းထျန်က ပြောလိုက်သည်။ "ကောင်းပါပြီ ဒု​တိယအစ်ကို!"

"ဘာဖြစ်လို့လဲ တတိယလေး" ကျန်းကောရှန်က မျက်လုံးများပျောက်သည်အထိပြုံးလိုက်သည်။

ကျန်းထျန်၏ အမူအရာက ဘယ်လိုတောင်လဲဟုဖြစ်နေသည်။

ကျန်းကောရှန်က ပြောလိုက်သည်။"ထျန်ထျန် မင်းက်ိုထျန်ထျန်လို့ခေါ်တာပါ။"

ကျန်းထျန်က ရေနွေးကြမ်းခွက်ကိုစားပွဲပေါ်ချလိုက်သည်။

ခွက်ကျလိုက်သောအသံက ကျန်းကောရှန် ရင်ထဲထိသွားသည်။

"အစ်ကို မှားသွားပါတယ်။"

ကျန်းရှောင်ကောကအံ့သြနေသည်။ သူမက လက်ထပ်ပြီးအိမ်ထောင်ရှင်မဖြစ်သွားတာ မကြာသေးဘူး။ သူတို့မတွေ့သည်မှာလည်း လအနည်းငယ်သာ ရှိသေးသည်ကိုသူမရဲ့အရှိန်အဝါက အဘိုးတုတ်နှင့် ရိုက်တာထက်ပိုကြောက်စရာကောင်းနေသည်။

"ဒုတိယအစ်ကို တကယ်မှားသွားတယ်။"ကျန်းထျန်ကသူ့စကားကိုလက်ခံသည့်အ​​နေနှင့် ခေါင်းငြိမ့်လိုက်သည်။

"ဒါဆိုတစ်ခုခုနဲ့ တောင်းပန်သင့်တာပေါ့။"

ကျန်းကောရှန်က အံ့သြသွားသည်။ "သူတို့က မောင်နှမတွေပဲကို တောင်းပန်တာက ဖော်ပြရဦးမှာလား?"

ကျန်းထျန်က လက်ဖြန့်ကာခေါင်းမော့ပြီး အဘိုးလေသံအတိုင်း ပြောလိုက်သည်။ "ကျွန်မ အသားမစားရတာနှစ်လရှိပြီ။ ဝက်နံရိုးပေါင်းချ်ိုချဉ်နဲ့ ဝက်သားပေါင်း စားချင်သေးတယ်။"

ကျန်းကောရှန်က သူမစကားနားလည်ရန် အတော်ကြာစဉ်းစားလိုက်ရသည်။

"ဒီမှာဒုတိယအစ်ကိုကျွေးတဲ့နောက်ထပ်ဝက်သားပေါင်းနဲ့ဝက်ချိုချဉ်။"

ကျန်းကောရှန်က သူ့ညီမကိုချစ်ပါသည်။

သူတို့ငယ်စဉ်ကပဲ သူက အသားဖြူသွက်လက်ထက်မြက်ကာ ချစ်စရာကောင်းသည့် ကျန်းထျန်ကိုသဘောအကျဆုံးဖြစ်သည်။ သူက အိမ်မှ သူ့အဘွားအိမ်သို့ အမြဲညစာလာစားလေ့ရှိပြီး စားပြီးလျှင် ကျန်းထျန်ကိုခေါ်ကာ လမ်းသွားလျှောက်လေ့ရှိသည်။

မိသားစုမှ အခြားကလေးများနှင့်ယှဉ်လျှင် ကျန်းကောရှန်က သူ့အဘိုးအဘွားများနှင့် ကျန်းထျန်နှင့် ဆက်ဆံရေးအကောင်းဆုံးဖြစ်သည်။

သူ့အချက်အပြုတ်စွမ်းရည်ကလည်း အဘိုးထံမှသင်ထားခြင်းဖြစ်ပြီး စားသောက်ဆိုင်ကို လက်လွှဲယူထားခြင်းဖြစ်သည်။

ကျန်းထျန်က အမှန်ပြင်ပေးလိုက်သည်။ "ဒုတိယအစ်ကို ဒါကတောင်းပန်တဲ့အနေနဲ့ပေးရတာပါ။ အစ်ကိုကျွေးတာမဟုတ်ပါဘူး။"

ကျန်းကောရှန်က ပြောလိုက်သည်။ "ရှောင်...ထျန်ထျန် မင်းနဲ့မတွေ့ရတာ လနည်းနည်းပဲကြာသေးတယ်။ ဘာလို့ဒီလိုပြောနိုင်ရတာလဲ?"

သူ့ရဲ့အစားအသောက်နှင့် အားထုတ်မှုကို သူမကတားဆီးနေသည်။

စကားပြောပြီးနောက် ကျန်းကောရှန်က ခေါင်းကုတ်လိုက်ကာ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် စကားပြောလိုက်ရတာ ကောင်းပါတယ်။ ကုမိသားစုက အနိုင်ကျင့်တယ်ဆိုရင် သူတို့က စကားပြောပြီးအာရုံစိုက်မှုပြန်ပေးရမယ်။"

ကုလျန်မင်က ဒီစကားကြားရတော့ စိတ်မပျော်ဖြစ်သွားသည်။ သူမကပြောလ်ိုက်သည်။ "ယောက်မက အိမ်မှာအနိုင်ကျင့်မခံရပါဘူး!"

"အမေကလည်း ယောက်မကို သဘောကျသလို အကိုကြီးကလည်း သဘောကျတယ်။ အကိုကြီးက မနေ့ကအမေ့ကိုပြောနေသေးတယ်။ သူက ယောက်မနဲ့ ရှောင်လျိုလိုမျိုးကလေးနှစ်ယောက်လောက် လိုချင်တယ်တဲ့။"

ကျန်းထျန် - "ဖွီ...အဟွတ် အဟွတ်"

ကုလျန်မင် အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့!

All Chapters