အခန်း(၇၅)
Vol. 7 Ch. 75
ကျန်းထျန် ပါးစပ်ထဲမှ ရေနွေးကြမ်းများကို မှုတ်ထုတ်လိုက်မိကာ အဆက်မပြတ် ချောင်းဆိုးလိုက်သည်။
ကုလျန်မင်က အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါ ထုတ်လိုက်ကာ ကျန်းထျန်ကိုပေးပြီး တောင်းပန်လိုက်သည်။"တောင်းပန်ပါတယ် ယောက်မ"
ကျန်းထျန်က ကုလျန်မင်အပြစ်ရှိသလို မခံစားရစေရန်နှစ်သိမ့်ပေးလိုသည်။
ဒါပေမယ့် အခုခံစားချက်က အကြောင်းအရာထက်ပိုအလေးသာသွားသည်ဖြစ်၍ သူမ အရှုံးပေးလိုက်ရသည်။
ချောင်းဆိုးပြီးချိန်တွင် ကျန်းထျန် လည်ချောင်းကခြောက်လာသောကြောင့် ရေနွေးကြမ်းတစ်ငုံသောက်လိုက်သည်။ ဒါပေမယ့် သူမ ကုလျန်မင်ကိုတော့စကားမပြောသေးပေ။
ကျန်းကောရှန်က စိတ်ပူနေသည့်ပုံစံနှင့် မေးလိုက်သည်။
"ရှောင်...ထျန်ထျန် အဆင်ပြေရဲ့လား?"
ကျန်းထျန်က ခေါင်းခါလိုက်သည်။ "အဆင်ပြေပါတယ်။ ဒုတိယအစ်ကို ကျွန်မတို့ ပြန်သင့်ပြီ။အစားအသောက်တွေကို ထုပ်ပိုးပေးပါ။ ကျွန်မစားဖို့ယူသွားမယ်။"
ကျန်းကောရှန်က အလျင်အမြန် ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ပြီ အစ်ကို အခုသွားလုပ်ပေးမယ် ခဏစောင့်"
ကျန်းကောရှန်က မီးဖိုထဲဝင်ပြီးနောက် သူ့ရဲ့အလုပ်သင်ကို သမဝါယမဌာနမှာ အဆာပြေမုန့် နှစ်ကီလိုသွားဝယ်ခိုင်းလိုက်သည်။ ဟင်းနှစ်ပွဲချက်ပြီးချိန်တွင် အဆာပြေမုန့်များကလည်း ဝယ်လာပြီးပြီဖြစ်သည်။
ကျန်းကောရှန်က ဟင်းပွဲများနှင့် အဆာပြေမုန့်များက်ိုသံထမင်းဗူးထဲထည့်ကာ ထုပ်ပိုးလိုက်ပြီး အပြင်သ်ို့ယူလာခဲ့သည်။
"ထျန်ထျန် ဒါကိုယူသွားပြီးစားလိုက်။ စားပြီးရင်လည်းဒုတိယအစ်ကိုကို ပြန်လာတွေ့ပါဦး။"
ကျန်းထျန်က ကျန်းကောရှန်လက်ထဲမှ အထုပ်ကို ယူလိုက်သည်။ ဒါက ဟင်းနှစ်ပွဲထက်ပိုတာ သေချာသည်။သူမ မူလခန္ဓာကိုယ်ပိုင်ရှင်နဲ့ ဒီဒုတိယအစ်ကိုကြားကဆက်ဆံရေးကို ကောင်းစွာနားလည်သွားပြီဖြစ်သည်။
ကျန်းထျန်က ပြုံးကာပြောလိုက်သည်။ "ကောင်းပါပြီ။"
အခွင့်အရေးကို ရအောင်မယူဘူးဆိုရင် ရူးနေလို့ပဲ။
သူတို့လျှော့စျေးနှင့် ရလာသောပစ္စည်းထုပ်ကို ကိုင်ကာသူမ ဒုတိယအစ်ကိုကို လက်ပြနှုတ်ဆက်လိုက်ပြီးစက်ဘီးနင်းကာ ကုလျန်မင်ကို မြို့နယ်အမှတ် ၁ အလယ်တန်းကျောင်းဂိတ်ဝသို့ ပို့လိုက်သည်။
"ရောက်ပြီ ဆင်းတော့။" ကျန်းထျန်က အခဲမကျေဖြစ်နေကာ သူမမျက်နှာက မာကြောနေပြီး အသံကလည်းအေးတိအေးစက် ဖြစ်နေသည်။
ကုလျန်မင် ဆင်းလိုက်ပေမယ့် ကျန်းထျန် မသွားရစေရန်နောက်ခုံကို ကိုင်ထားလိုက်သည်။
သူမ ခေါင်းငုံ့ကာ နောင်တရစွာပြောလိုက်သည်။ "ယောက်မ ညီမမှားသွားပါတယ်။"
ကျန်းထျန်က စကားမပြောပေ။
ကုလျန်မင် - "ညီမမှားသွားပါတယ်။ ညီမ မပြောခဲ့သင့်ဘူး။"
ကျန်းထျန်က သူမကိုလှည့်ကြည့်လိုက်သည်။ "ဘာကိုမပြောခဲ့သင့်တာလဲ?"
ကုလျန်မင် အကြပ်ရိုက်သွားသည်။ "မပြောခဲ့သင့်ဘူး...မပြောခဲ့သင့်ဘူး။ အကိုကြီးက အစ်မနဲ့ ကလေးလိုချင်တယ်ဆိုတာကို မပြောခဲ့သင့်ဘူး။"
သူမ ဒီလိုပြောလိုက်ပေမယ့် ကျန်းထျန် ဘာကိုစိတ်ဆိုးသည်ဆိုတာနားမလည်ပေ။ ကျန်းထျန်က သူမအမှားလုပ်မိသည့်အတွက် စိတ်ဆိုးနေသည်ဟုသာ ခံစားမိသည်။ ဒါကြောင့် သူမက ဘာဖြစ်ဖြစ်အမှားကို အရင်ဝန်ခံလိုက်ခြင်းဖြစ်သည်။
ကုလျန်မင်က ကျန်းထျန်ကိုကြည့်လိုက်ရာ သူမမျက်နှာအမူအရာက ဘာမှထူးခြားမလာတာ တွေ့ရတော့ သူမ ဘာလုပ်ရမယ်မသိဖြစ်သွားသည်။
"ဒါဆိုအစ်မမေးမယ် ညီမအစ်ကိုက တကယ်ပဲဒီလိုပြောခဲ့တာလား?" ကျန်းထျန်က သူမစိတ်ထဲမှပြောလိုက်သည်။ တကယ်ပဲကုလျန်ရွှမ်က ဒါမျိုးပြောခဲ့တယ်ဆိုရင် သူမ အိမ်ရောက်လျှင် သူ့ကိုရိုက်ဦးမည်။
ကုလျန်မင်က နှုတ်ခမ်းကိုက်ကာ ခေါင်းခါလိုက်သည်။ "မဟုတ်..မဟုတ်ပါဘူး"
သူမ အကိုကြီးက ဒီလိုစကားပြောရန်သတ္တိမရှိပေ။ "ညီမ လုပ်ကြံပြောလိုက်တာပါ။"
ကျန်းထျန်က အသံမြှင့်ကာမေးလ်ိုက်သည်။ "လိမ်ပြန်ပြီလား?"
ကုလျန်မင်က ကျန်းထျမ်၏ စကပ်စကို ကိုင်ကာခေါင်းခါပြီး သူမကိုယ်သူမ ကာကွယ်ပြောဆိုလိုက်သည်။ "မဟုတ်..မဟုတ်ပါဘူး။ အဲ့ဒါက အစ်မရဲ့ဒုတိယအစ်ကိုက ညီမတ််ို့မိသားစုက အစ်မကိုကောင်းကောင်းမဆက်ဆံဘူးလို့ပြောလို့ညီမက...."
"ဟုတ်ပြီ ဒါပေမယ့် ညီမကိုယ်တိုင်သိနေတာနဲ့မရဘူးလား?" ကျန်းထျန်က ကုလျန်မင်လက်နှင့်ကိုင်ထားသော စကပ်စကို ပြန်ယူလိုက်ကာ သူမကိုသတိပေးလိုက်သည်။
"နောက်တစ်ခါ ဒီလိုမပြောရဘူးနော် နားလည်လား?"
ကုလျန်မင်က အလျင်အမြန်ခေါင်းငြိမ့်လိုက်သည်။ "နားလည်ပါတယ်။ နောက်မပြောတော့ပါဘူး!"
သူမ ကျန်းထျန်၏ အမူအရာကို ကြည့်ကာမေးလိုက်သည်။ "ယောက်မ စိတ်မဆိုးတော့ဘူးမလား?"
ကျန်းထျန်က သူမကိုကြည့်ကာပြောလိုက်သည်။ "စိတ်ဆိုးတယ်။"
ကုလျန်မင်က မျက်တောင်ခတ်ကာ ပါးစပ်ကိုဖွင့်လိုက်ပိတ်လိုက်နှင့် အချိန်အတော်ကြာ တွေဝေနေပြီးနောက်သူမ သတ္တိမွေး၍ မေးလိုက်သည်။
"အစ်မကျန်းထျန် ညီမအကိုကြီးကို မချစ်ဘူးမလား?" သူမက ယောက်မလို့ မခေါ်တော့ပေ။ ကျန်းထျန်ပါးစပ်မှထွက်လာမည့် ထိတ်လန့်စရာအဖြေအတွက် သူမ ရင်ခုန်သံမြန်နေသည်။
ကျန်းထျန် - "...." သူမ ပါးစပ်ပိတ်ထားကာ ကျောင်းအပေါက်ဝဘက်က်ို ကြည့်လိုက်သည်။
"ညီမ ဘယ်လိုသိသွားတာလဲ?" သူမ မူလခန္ဓာကိုယ်ပိုင်ရှင် ကုလျန်ရွှမ်ကို ကြိုက်မကြိုက်မသိပေမယ့် မကြိုက်ဘူးဟု ထင်မိသည်။ မဟုတ်လျှင် သူမ ပိုက်ဆံတွေယူပြီး ထွက်ပြေးရန် စီစဉ်မည်မဟုတ်ပေ။
ကုလျန်မင်၏ ရင်ထဲ နာကျင်သွားသည်။
"အစ်မကျန်းထျန် တကယ်ပဲအစ်ကိုကြီးကို သဘောမကျဘူးလား? အမေကပြောတယ် အစ်ကိုကြီးက အစ်မက်ိုအရမ်းသဘောကျတယ်တဲ့! ဒါဆို ဘာလို့အစ်မသူ့ကိုသဘောမကျရတာလဲ?"
သူမ ဒါကိုမြင်လဲမြင်သလို သူမအမေကလည်း သူမ အစ်ကိုကြီးကတကယ်ပဲ ကျန်းထျန်ကိုသဘောကျတယ်လို့ပြောတာကြားသည်။ ကျန်းထျန်နှင့် အကိုကြီးသာကလေးရခဲ့လျှင် သူမက အဲ့ဒီကလေးကို နေ့တိုင်းသကြားလုံးဝယ်ကျွေးမည်ဟု တွေးထားသေးသည်။
ကျန်းထျန် - "..." ညီမက ဒီမေးခွန်းက်ိုမေးတယ်။ မူလခန္ဓာကိုယ်ပိုင်ရှင်က ညီမအကိုကြီးကို သဘောကျတယ်မကျဘူးဆိုတာ အစ်မက ဘယ်လိုသိမှာလဲ?
"အစ်မ နည်းနည်းလေးတောင် သဘောမကျဘူးလား?" ကုလျန်မင်က သူမလက်ကို ဆွဲပြီးမေးလိုက်သည်။ သူမက သူမအကိုကြီးနှင့် ယောက်မကို အဆင်ပြေစေလိုသည်။
သူမက သူမရဲ့ဒုတိယအစ်မကို ဆုံးရှုံးလိုက်ရပြီမလို့ သူမအက်ိုကြီးနှင့်ယောက်မကြားတွင် ပြဿနာမဖြစ်စေလိုပေ။
အမေကလည်း ဒီလိုပဲခံစားမိသည်။
ကျန်းထျန် စိတ်ရှုပ်လာသည်။ ဒီပြဿနာကဘယ်လ်ိုပေါ်လာတာလဲ?"
"အစ်မသွားတော့မယ်။" သူမ မျက်နှာတည်တည်နှင့်ပြောလိုက်သည်။
"ညီမ အခုမသွားရင်ထမင်းဘူးထဲက အသားတွေအေးသွားမယ်။"
သူမက ကုလျန်မင်၏ လက်ကိုဖယ်ကာစက်ဘီးနင်းပြီးထွက်လာခဲ့သည်။
ကုလျန်မင်က ကျန်းထျန်ထွက်သွားသည်က်ိုကြည့်ကာဒေါသနှင့် ခြေဆောင့်လိုက်သည်။
သူမက ကောင်းစေချင်လို့ပြောလိုက်ပေမယ့် အဆိုးနှင့်သာ အဆုံးသတ်သွားသည်။
ကျန်းထျန်က တစ်လမ်းလုံးစက်ဘီးနင်းကာပြန်လာခဲ့သည်။
သူမ တစ်လမ်းလုံး ကုလျန်မင်၏ စကားများကိုပြန်တွေးနေမိသည်။
အိမ်က်ိုပြန်ရောက်တော့ရွှီကျင်းဖန်နှင့်မိသားစုက နေ့လည်စာစားနေကြပြီဖြစ်သည်။
ကျန်းထျန်က သူမယူလာသောထမင်းဘူးနှင့် စတော်ဘယ်ရီသီးများထည့်ထားသော ပန်းကန်ကို စားပွဲပေါ်တင်ပေးလိုက်သည်။ သူမမျက်လုံးတွေက ကုလျန်ရွှမ်ကို အဆက်မပြတ်ကြည့်နေသည်။
ကုလျန်ရွှမ်က ကျန်းထျန် သူ့ကိုကြည့်နေတာတွေ့တော့ပြန်ကြည့်လိုက်ကာ မေးလိုက်သည်။ "မင်းစားပြီးပြီလား?"
ကျန်းထျန် ခေါင်းငြိမ့်လိုက်သည်။ "အင်း။ ကျွန်မဒုတိယအစ်ကိုနဲ့ စားသောက်ဆိုင်မှာတွေ့ခဲ့လ်ို့ သူကထမင်းကျွေးလိုက်တယ်။ ဒီမှာဟင်းနှစ်ပွဲနဲ့ အဆာပြေမုန့်တွေ"
ရွှီကျင်းဖန်က စွပ်ပြုတ်ပန်းကန်ကိုချကာ ပါးစပ်သုတ်လိုက်ရင်းပြောသည်။ "ဒီဟင်းပွဲနှစ်ခုကို အရင်ဆုံးသိမ်းထားလိုက်ပြီး ညနေမှစားကြတာပေါ့။"
ရှောင်းဝူနှင့်ရှောင်းလျိုက စွပ်ပြုတ်ပန်းကန်ကို ကိုင်ကာစွပ်ပြုတ်သောက်နေကြသော်လည်း ဇလုံထဲမှ အနီရောင်စတော်ဘယ်ရီများကို ကြည့်နေသည်။
ကျန်းထျန်က သူ့တို့ကိုတစ်ခုစီ ပေးလိုက်သည်။ "ဒါတွေက ဆေးပြီးသားတွေ"
သူတို့နှစ်ယောက်လုံးက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်မရီး။"
ပြီးတော့ သူတို့နှစ်ယောက်က စတော်ဘယ်ရီသီးကိုအကြီးကြီးတစ်ကိုက် ကိုက်လိုက်ကြသည်။ ချိုချဉ်အရသာ အရည်က သူတို့ပါးစပ်ထဲ ဝင်သွားကာအနည်းငယ် အေးသောကြောင့် စိတ်ကျေနပ်စွာမျက်လုံးမှိတ်လိုက်သည်။
ရွှီကျင်းဖန်ကလည်း တစ်ခုယူလိုက်သည်။ "စတော်ဘယ်ရီသီးတွေက ကြီးလဲကြီးတယ် ချ်ိုလဲချိုတယ်။အရသာတစ်ကယ်ကောင်းတယ်။"
ကျန်းထျန် ပြုံးလိုက်သည်။ "အမေကြိုက်ရင် များများစားပါ။"
ရွှီကျင်းဖန်က အများကြီးမစားဘဲ နှစ်ခုပဲစားကာရပ်လိုက်သည်။
နေ့လည်စာစားပြီးချိန်တွင်လည်း ကျန်းထျန်က မျက်နှာကျက်ကို ကြည့်နေကာ အိပ်မပျော်ပေ။
ကျန်းထျန် အိပ်မပျော်သလိုအတူအိပ်နေသော ကုလျန်ရွှမ်ကလည်း အိပ်မပျော်ပေ။
ပုံမှန်ဆိုလျှင် ကျန်းထျန်က အိပ်ယာပေါ်လှဲပြီး နှစ်စက္ကန့်အတွင်းအိပ်ပျော်လေ့ရှိသည်။ ဒီနေ့က ခရီးဝေးသွားထားပေမယ့် ဘာလို့ သူမက အိပ်မပျော်ရတာလဲ?
ကုလျန်ရွှမ်က ကျန်းထျန်ဘက်သို့ လှည့်လိုက်သည်။ "ဒီနေ့မြို့ပေါ်မှာ တစ်ခုခုဖြစ်ခဲ့တာလား?"
ကျန်းထျန် အသိဝင်လာကာခေါင်းခါလိုက်သည်။ "ဒီလိုပဲ ထင်ပါတယ်။"
"အင်း မင်းမိသားစုထဲက တစ်ယောက်ယောက်လား?" ကုလျန်ရွှမ်က သူမဒုတိယအကိုနှင့် တွေ့ခဲ့သည်ဆိုသောကြောင့် တွေးမိခြင်းဖြစ်သည်။
"မဟုတ်ပါဘူး။" ကျန်းထျန် သက်ပြင်းချလိုက်မိသည်။
သူမ ကုလျန်ရွှမ်ကိုတစ်ချက်ကြည့်လိုက်ကာ ပြောချင်သည့်စကားများကို မြိုသိပ်လိုက်ပြီး သူ့ကိုကျောပေးကာမျက်လုံးပိတ်လျက် အိပ်လိုက်တော့သည်။
ကျန်းထျန် စကားမပြောချင်တာကိုမြင်တော့ ကုလျန်ရွှမ်ကလည်း ထပ်မမေးတော့ပေ။
ဒါပေမယ့် ထိုနေ့ပြီးနောက် ကျန်းထျန်က သူနဲ့ခပ်ခွာခွာနေသည်ကို ကုလျန်ရွှမ် သတိထားမိသည်။
အကြောင်းအရာများမှာ ဤသို့ဖြစ်သည်။
ကျန်းထျန်က အစားစားလျှင် မစားနိုင်တော့လျှင်တောင်အတင်းရအောင်စားသည်။ အရင်ကဆိုလျှင် သူမ မကုန်သည့်အရာများကို သူ စားရသည်။
ကျန်းထျန်က စကားပြောနည်းလာသည်။
သူမက အမြဲလိုလိုတစ်နေရာရာကိုသာ ငေးကာနေလေ့ရှိသည်။
အနားယူချိန်တွင်လည်း လွယ်လွယ်အိပ်မပျော်ဘဲ ညနက်သည်အထိ သက်ပြင်းချနေသည်။
ကျန်းထျန်က အခြားသူတွေက်ို ပုံမှန်ဆက်ဆံပြီး သူ့ကိုပဲပုံမှန်နှင့်မတူစွာ ဆက်ဆံနေတာကို ကုလျန်ရွှမ် သိလိုက်သည်။
သူမက စကားများများမပြောဘဲ သူ့ကိုရှောင်နေသည်။
ကုလျန်ရွှမ် စိတ်တိုမိသည်။
ဒါကြောင့် သူ အိပ်မပျော်သည့်ဝေဒနာပါခံစားလာရသည်။
အမွှာနှစ်ယောက် မွေးနေ့မတိုင်ခင်မှာ လဝက်လောက်လေ့ကျင့်ရန်သွားသော ကုလျန်ရုန်က အထုပ်များက်ိုသယ်ကာပြန်ရောက်လာသည်။
ရောက်ရောက်ချင်မှာပဲ ကုလျန်ရုန်က ပန်ကိတ်အခုနှစ်ဆယ်ကိုစားကာ ပျားရည်တစ်ပုလင်းသောက်ပြီး ရေချ်ိုးလိုက်ကာ အိပ်ယာပေါ်တွင် အိပ်လိုက်သည်မှာနောက်တစ်နေ့နေ့လည်ခင်းအထိဖြစ်သည်။
မွေးနေ့ရောက်တော့ရွှီကျင်းဖန်က ရှောင်းဝူနှင့်ရှောင်းလျိုအတွက် ကြက်ဥပါသော သက်ရှည်ခေါက်ဆွဲလုပ်ပေးလိုက်သည်။
"မနက်စာက်ိုတော့ သက်ရှည်ခေါက်ဆွဲစားကြပြီး နေ့လည်စာက်ိုတော့ သင့်တော်တာ တစ်ခုခုစားကြမယ်။ညနေခင်းမှ ညစာစားပွဲကြီးလုပ်ကြမယ်။" ရွှီကျင်းဖန်က ကလေးနှစ်ယောက်ခေါင်းကိုက်ိုင်ကာ ပြောလိုက်သည်။
"မင်းတို့ရဲ့တတိယအစ်ကိုက ချိုချဉ်တွေဝယ်လာတယ်။အမေအချိန်ကြရင် ချိုချဉ်ကိတ်မုန့်လုပ်ပေးမယ်။"
ကျန်းထျန်က ဒီနေ့ကိုမှတ်မိတာမလို့ သူမ မနက်စောစောသံပါတ်ပေးထားပြီး အမွှာနှစ်ယောက်အတွက် သူမပြင်ထားသော စစ်ဝတ်စုံအသေးနှစ်စုံကိုယူကာ ထွက်လာခဲ့သည်။
"အမေ ရှောင်းဝူနဲ့ရှောင်းလျို"
"ထျန်ထျန် စစ်ဝတ်စုံတွေက်ို ပင်မခန်းကိုယူလာခဲ့။"
"ဒါက မင်းတို့မရီး ပြင်ပေးထားတဲ့ လက်ဆောင်"
သူမက ရှောင်းဝူနှင့်ရှောင်းလျိုမြင်ရစေရန် စစ်ဝတ်စုံလေးများကို ဖွင့်ပြလိုက်သည်။
ကလေးနှစ်ယောက်က ဒါကိုမြင်တော့မျက်လုံးများပြူးကျယ်သွားကြသည်။
ရွှီကျင်းဖန်က ပြုံးပြီးပြောလိုက်သည်။ "မြန်မြန်စားပြီး အဝတ်လဲလိုက်။ ဒါပေမယ့် ဒါကိုအိမ်မှာပဲ ဝတ်လို့ရမယ်နော်နားလည်လား?"
ရှောင်းဝူနှင့်ရှောင်းလျ်ို - "ဟုတ်ကဲ့!"
"ကျေးဇူးတင်ပါတယ်မရီး။"
ပြောပြီးနောက် ရှောင်းဝူနှင့်ရှောင်းလျိုက သက်ရှည်ခေါက်ဆွဲစားလိုက်ပြီးနောက် အခန်းသို့ပြန်ကာဝတ်စုံလဲလိုက်သည်။
အမှန်ပြောရလျှင် ကုမိသားစုက လူတိုင်းကကြည့်ကောင်းသည်။
ရွှီကျင်းဖန်က ငယ်စဉ်ကတည်းကလှပခဲ့သည်။ ယခုသူမ အသက်လေးဆယ်ဝန်းကျင် ဖြစ်နေချိန်တွင် အရေးအကြောင်းများ မျက်နှာပေါ်တွင်ရှိနေပြီဆ်ိုပေမယ့် လူအများကြားတွင်တော့ စိတ်ဝင်စားစရာဖြစ်သည်။
ရှောင်းဝူနှင့်ရှောင်းလျိုကလည်း ကြည့်ကောင်းသည်။
သူတို့က ငယ်ရွယ်စဉ်ကပင် မျက်လုံးကျယ်ကျယ်မျက်တောင်ကော့ကော့ ခြေတံရှည်ရှည်နှင့် ကြည့်ကောင်းသောခန္ဓာကိုယ်ရှိသည်။ သူတို့က ကျန်းထျန် ချုပ်ပေးသောဝတ်စုံများ ဝတ်လာကြသည်။ သူတို့က လက်ဆန့်ကာ အလေးပြုလိုက်သည်။
အကယ်၍ အနာဂတ်မှာသာဆိုလျှင် အမှန်တကယ်ကြည့်ကောင်းနေမှာသေချာသည်။
နေ့ခင်းမှာတော့ရွှီကျင်းဖန်က စောစောပြန်လာကာ ခုမှအိပ်ယာက နိုးလာသောကုလျန်ရုန်ထံသွား၍ သူ့ကျောကိုထိလ်ိုက်သည်။
"နိုးပြီလား။ မီးဖိုပေါ်မှာစားစရာရှိတယ်။ နေ့လည်စာကိုအစားကောင်းကောင်း စားလို့ရတယ်။" ရွှီကျင်းဖန်က ကုလျန်ရုန်ကို သေချာကြည့်ကာပြောလိုက်သည်။ "ပိန်သွားတယ်။"
ကုလျန်ရုန်က ပြောလိုက်သည်။ "ဟုတ်တယ် အပြင်မှာကကောင်းကောင်းမအိပ်ရမစားရဘူး။"
"အမေ သားသိပါတယ်။ သယ်ယူပို့ဆောင်ရေးအသင်းရဲ့အလုပ်က အကျ်ိုးအမြတ်တွေများပေမယ့် အလုပ်ပင်ပန်းတဲ့ဒဏ်တော့ခံရမယ်။ သာမန်စက်ရုံအလုပ်သမားတွေလို ရုံးတွေမှာအလုပ်လုပ်ရင် သားကလစာနည်းနည်းပဲရမှာ။"
"သားက အများကြီးသိနေပြီပဲ။" ရွှီကျင်းဖန်က ကုလျန်ရုန်ကိုကြည့်ကာ အခန်းတံခါးကိုပိတ်လိုက်သည်။ "သားနိုးပြီဆိုရင် နောက်ဖက်မှာ မျက်နှာသစ်ဆေးကြောပြီး မြို့မှာ ရှောင်မင်ကို သွားခေါ်လိုက်။"
ကုလျန်ရုန်က တတိယအဒေါ်ထံမှ စက်ဘီးငှားကာ ရှောင်မင်ကို ခေါ်ရန်မြို့ကို ထွက်သွားလိုက်သည်။
ရွှီကျင်းဖန်က မီးဖိုချောင်တွင် ညစာအတွက် ပြင်ဆင်နေပြီး ကျန်းထျန်က ကူညီနေသည်။
အလုပ်သိမ်းဝီစီမှုတ်ပြီးချိန်တွင် ကုလျန်ရွှမ်က ငါးအရှင်တစ်ကောင်ယူကာပြန်လာသည်။ သူ့ဘောင်းဘီက ဒူးထိလိပ်တင်ထားပြီး ညာဘက်တွင် ဆိုးရွားတဲ့အမာရွတ်တစ်ခုရှိနေသည်။
"အမေ ဒီညငါးထပ်စားကြတာပေါ့။" ကုလျန်ရွှမ်က ငါးကိုနောက်ကိုယူသွားလိုက်ပြီး ပြင်ဆင်ကာ မီးဖိုချောင်ထဲယူလာလိုက်သည်။
"ရှန်းလီပြောတာတော့ အခုတစ်လော မြစ်ထဲကငါးတွေကမြောင်းထဲကိုလာကြတာမလို့ လူအတော်အများက ကံစမ်းတဲ့အနေနဲ့ အလုပ်ပြီးရင် ငါးသွားမျှားကြတယ်တဲ့။"
"ကျွန်တော်လည်းသွားကြည့်ခဲ့တာ။ မြစ်ရေတက်ချိန် မလို့မြောင်းထဲမှာ ငါးတွေရှိနေတာ။"
ကျန်းထျန်က တိတ်ဆိတ်စွာ ကြက်သွန်မြိတ်တွေကို ယူလိုက်သည်။
ဒါက သူမအရင်လက မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းလွတ်ကျခဲ့သောနေရာဖြစ်သည်။
အဲ့ဒီအချိန်က ဘယ်သူမှ သတိမထားမ်ိပေ။ အသင်းကလူတိုင်းကို ကောက်ရိတ်သိမ်းချိန်မတ်ိုင်မီ ပိတ်ရက်နှစ်ရက်ပေးထားတာကြောင့်ဖြစ်မည်။
ပြီးတော့အခြားသူတွေ ပြန်သွားတော့မှ တွေ့တာဖြစ်သည်။
ကုလျန်ရွှမ်က ငါးကိုရွှီကျင်းဖန်ကို ပေးလိုက်ပြီး ကျန်းထျန်ကို မေးလိုက်သည်။ "မင်း ဒီညဘာစားချင်လဲ? ကိုယ်လုပ်ပေးမယ်။"
ကျန်းထျန်ကါသူ့ကိုကြည့်လိုက်သည်။
ကုလျန်ရွှမ်က အရင်ကမူလခန္ဓာကိုယ်ပိုင်ရှင်ကို ကြိုက်ခဲ့သည်ဟုတ်မဟုတ် သူမ မသိပေမယ့် ယခုသူမကမူလခန္ဓာကိုယ်ပိုင်ရှင်၏ အထောက်အထားများနှင့် ကုလျန်ရွှမ်နှင့် နီးကပ်စွာမနေသင့်သည်ကိုတော့ သိသည်။
ဘယ်အရာကိုမှ အလွန်အကျွံဖြစ်အောင် မလုပ်သင့်ပေ။
"ဟင့်အင်း။ ကျွန်မ ဘာမှမစားချင်ဘူး။" သူမ ခေါင်းငုံ့ကာအသီးအရွက်များ ရွေးနေလိုက်သည်။
ရွှီကျင်းဖန်က ဒါကိုမြင်တော့ သူမနောက်သို့ရေသွားယူချိန်တွင် ကုလျန်ရွှမ်ကို ခေါ်ပြီးမေးလိုက်သည်။
"သား ဘာလုပ်ထားတာလဲ? ဘာလို့ ထျန်ထျန်က ဒီရက်ပိုင်း စိတ်ဓာတ်ကျနေတဲ့ပုံပေါ်နေတာလဲ? သူ့ကိုအနိုင်ကျင့်နေတာလား?"
ကုလျန်ရွှမ်က နှုတ်ခမ်းကို စေ့ထားကာ ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး။"
"ဒါဆို သားဘာလုပ်ထားတာလဲ?" ရွှီကျင်းဖန်က မယုံကြည်သည့်အကြည့်များနှင့် ကြည့်နေသည်။
ကုလျန်ရွှမ်က သူ့အထင်ကိုပြောလိုက်သည်။ "ကျန်းထျန် ဒီလိုမပျော်မရွှင်ဖြစ်နေတာ မြို့ပေါ်က ပြန်လာတဲ့နေ့ကတည်းကပဲ။"
"ကျန်းမိသားစု ပြဿနာကြောင့်လားမသိဘူး?"
ဒါကိုကြားတော့ရွှီကျင်းဖန်က လည်း ဒီလိုပဲတွေးမိသည်။ "သား ထျန်ထျန်ကို မေးကြည့်သေးလား?"
"ကျွန်တော်မေးပေမယ့် သူက မဖြေချင်ဘူး။" ကုလျန်ရွှမ်က ခေါင်းငုံ့ကာ မြေပေါ်မှရေညှိများကို ကြည့်လ်ိုက်သည်။ သူမက မပြောယုံသာမက သူနှင့်လည်းခပ်ခွာခွာနေသည်။
ဒါကြောင့် ကျန်းထျန် ဒီရက်ပိုင်းမပျော်ရွှင်နိုင်တာ သူမမိသားစုကိစ္စတစ်ခုထဲကြောင့် မဟုတ်ဘူးလို့ သူ ခံစားရသည်။