အခန်း(၇၆)
Vol. 7 Ch. 76
ကုလျန်မင် အိမ်ကိုရောက်ရောက်ချင်း စောင့်မနေနိုင်ဘဲပြေးဝင်သွားသည်။
ကျန်းထျန်က သူမ ကျောင်းတက်သည့် ပထမဆုံးနေ့က စိတ်ဆိုးသွားတာကို သူမ မှတ်မိသည်။
ကျန်းထျန် အလျင်စလိုပြန်သွားသည်ဖြစ်၍ သူမ သေချာမတောင်းပန်လိုက်ရပေ။
အိမ်ထဲဝင်လိုက်ပြီးသည်နှင့် သူမ အိမ်လာတာမြင်၍ ရှောင်းဝူနှင့်ရှောင်းလျိုက သူမဆီတောက်ပသောမျက်လုံးများနှင့် ပြေးလာကြသည်။ "စတုတ္ထအစ်မ!"
ကုလျန်မင်က သူမမောင်တွေ ဘာလိုချင်တယ်ဆိုတာကိုသိသည်။ သူမက နောက်ကိုလက်ညှိုးထိုးပြကာပြောလိုက်သည်။ "တတိယအစ်ကိုကို သွားမေး!"
ပြီးနောက် သူမ ထပ်မေးလိုက်သည်။ "ယောက်မဘယ်မှာလဲ?"
ရှောင်းဝူက မီးဖိုချောင်ကို လက်ညှိုးထိုးပြလိုက်သည်။ "ယောက်မက မီးဖ်ိုချောင်မှာ"
ကုလျန်မင်က မီးဖိုချောင်ကို လေ၏အလျင်နှင့်ပြေးဝင်သွားသောကြောင့် ရှောင်းဝူနှင့်ရှောင်းလျို၏ ဆံပင်များလွင့်သွားသည်။
"ယောက်မ!" ကုလျန်မင်က ကျန်းထျန်ဘေးတွင် ရပ်ကာ ထိုင်လိုက်သည်။ "ယောက်မ စိတ်ဆိုးနေတုန်းပဲလား?"
ကျန်းထျန်က ကုလျန်မင် ရုတ်တရက်ပေါ်လာသောကြောင့် လန့်သွားကာ သူမက်ို လှည့်ကြည့်လိုက်သည်။ "ဘာကို စိတ်ဆိုးရမှာလဲ?"
ကုလျန်မင် - "..."
သူမ မေ့ခဲ့သင့်တာကြာပြီထင်သည်။ သူမက ဒီအကြောင်းကို တွေးပြီး ကျောင်းတွင် အိပ်လည်းမအိပ်နိုင် စားလဲမစားနိုင်ဖြစ်နေသည်။
"ရပါတယ်။ ရပါတယ်။ ညီမ နောက်နေတာပါ။" ကုလျန်မင် မေ့နေတာကောင်းသည်ဟု တွေးကာ လက်ကာပြလိုက်သည်။ သူမ ကျန်းထျန်ကို ကြည့်ပြီး ရုတ်တရက်ပြောလိုက်သည်။ "ယောက်မပိန်သွားတာလား?"
ရွှီကျင်းဖန်နှင့် ကုလျန်ရွှမ်က စကားပြောပြီးနောက်မီးဖိုခန်းထဲပြန်ရောက်လာခဲ့သည်။ သူတို့ ဒါကိုကြားတော့ ကျန်းထျန်ကို ကြည့်လိုက်ကြသည်။
ရွှီကျင်းဖန်က သဘောတူသည့်အနေနှင့် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ် သူမ ပိန်သွားတယ်" သူမ ထျန်ထျန်ကို နေ့တိုင်းမြင်နေရတာမလို့ သေချာမကြည့်လျှင်သတိမထားမိနိုင်ပေ။
ကျန်းထျန် အံ့သြသွားသည်။ သူမ ပိန်သွားတာလား?
သူမ ဒီရက်ပိုင်း အစားကိုလည်း အရင်ကထက်ပို၍ကုန်အောင်စားသည်ဖြစ်ရက်နှင့် ဘာလို့ပိန်ရတာလဲ?
ကျန်းထျန်က အခန်းကိုပြန်လာကာ သူမခါးကို ပေကြိုးနှင့်တိုင်းလိုက်ပြီး နံပါတ်ကိုကြည့်လိုက်တော့ ယခင်ကထက် မီလီမီတာအနည်းငယ် လျော့နေသည်ကို တွေ့လိုက်ရသည်။
တကယ်ပိန်သွားပုံရသည်။
ဒါကသူမများများစားလေ ပိန်လေဆိုတဲ့ ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှူတစ်ခုလား?
ကျန်းထျန် တွေးလိုက်မိသည်။ ဒါကအစားကြိုက်သူတွေရဲ့အိပ်မက်ပဲ!
ဒါကြောင့် ညစာစားချိန်မှာ ကျန်းထျန်က သူမဘယ်လောက်စားစား မဝနိုင်ပါဘူးဆိုတဲ့အတွေးနဲ့ ထမင်းကို ပန်းကန်လုံးနှင့်အပြည့် ထည့်ကာစားလိုက်သည်။
ကျန်းထျန်က စားပွဲပေါ်မှ အသား၊ငါး၊အသီးအရွက်တွေနဲ့ကြက်ဥတွေလို အရသာရှိတဲ့အစားအစာတွေကိုကြည့်ပြီး ဘယ်ကစပြီး စားရမယ်ဆိုတာမသိဖြစ်နေသည်။
တူတစ်စုံက သူမဘက်ကိုရောက်လာသည်။ ကျန်းထျန်က ထိုတူက ဝက်ပေါင်ခြောက်တွေနဲ့ အသားချောင်းတွေကိုယူပြီး သူမ ထမင်းပန်းကန်ပေါ် တင်လိုက်တာ မြင်လိုက်ရသည်။
ကျန်းထျန် - "..."
သူမကပန်းကန်ကို အဝေးကို တွန်းလိုက်ကာ လက်ပိုက်လိုက်သည်။ "ဘာလုပ်တာလဲ? ကျွန်မစားချင်ရင်ကိုယ့်ဘာကိုယ်ယူစားမှာပေါ့။ ကျွန်မမှာ လက်နဲ့..."
သူမက"ခြေထောက်"ဆိုသောစကားကို မြိုသိပ်လိုက်သည်။ "ကျွန်မမှာ လက်ရှိတယ်။"
ကုလျန်ရွှမ်က ဒါကိုကျင့်သားရနေပြီဖြစ်သည်။ ကျန်းထျန်က သူနှင့်ခွာခွာနေတာကြာပြီဖြစ်သည်။
"ဟုတ်ပြီ စားချင်တာယူစားပါ။"
ကုလျန်ရွှမ် အစားအသောက်အပေါ် အာရုံစိုက်နေတာမြင်တော့ သူမ စိတ်သက်သာရာရသွားသည်။
ထက်ဝက်လောက်စားပြီးတော့ ပန်းကန်ထဲမှ ထမင်းကနည်းနည်းပင် လျော့သေးသော်လည်း လည်ပင်းထိရောက်နေသလို ခံစားရသည်။
သူမ သည်းခံပြီး ဆက်စားလိုက်သည်။ အရင်ကဆိုရင် ကျန်းထျန်က ထမင်းစားပွဲမှ အရင်ထသူဖြစ်ပြီး အခုနောက်ပိုင်းမှာ သူမက စားပွဲမှနောက်ဆုံးထသည့်သူဖြစ်လာသည်။
ရွှီကျင်းဖန်က ပန်းကန်တွေကို သိမ်းပြီး ကျန်းထျန်ကိုပြောလိုက်သည်။ "အလျင်မလိုနဲ့ ဖြေးဖြေးစား။ များများစား အိုးထဲမှာရှိသေးတယ်။" ရွှီကျင်းဖန်က ကြင်နာစွာပြုံးပြလိုက်သည်။
သူမက စိတ်ထဲမှလက်ကာပြလိုက်သည်။ သူမ ထပ်မစားနိုင်တော့ပေ။ သူမအတွက် ထမင်းပန်းကန်ထဲမှ ထမင်းနည်းနည်းကိုစားရသည်မှာ တောင်ဖြိုရသကဲ့သို့ဖြစ်နေသည်။
သူမကထမင်းစေ့တွေကို ရေတွက်ကာ တူနှင့်ယူပြီးတစ်ခုပြီးတစ်ခု ပါးစပ်ထဲထည့်ပြီး တစ်ခုကိုအချိန်အတော်ကြာဝါးနေရသည်။
သူမ အဆိပ်စားနေရသကဲ့သို့ မျက်မှောင်ကြုတ်နေသည်။
အခု ကျန်းထျန် နောင်တရနေပြီဖြစ်သည်။
သူမ ယခင်ဘဝက အစားကြိုက်သူဖြစ်သည်။ အရမ်းဗိုက်ဆာမနေဘူးဆိုရင်တောင် ထမင်းတစ်ပန်းကန်ကုန်နိုင်သည်။ ယခုဒီဘဝမှာတော့ အစားကြိုက်တဲ့စိတ်ရှိပေမယ့် သူမ၏ စားချင်စိတ်ကနည်းနေသည်။
ကျန်းထျန် - "ဘုရားသခင်က မတရားဘူး!"
ကုလျန်ရွှမ်က ဒါကိုဆက်မကြည့်နိုင်တော့ပေ။ "မစားနိုင်တော့ဘူးဆိုရင် ကိုယ့်ကိုပေး။"
ကျန်းထျန်က တကယ်ကြီး သူပြောသလို ပေးလိုက်ချင်သည်။
ဒါပေမယ့် မဟုတ်သေးဘူး!
"မလိုပါဘူး "
ကျန်းထျန်က ပြောနေကြအတိုင်း ပြောလိုက်သည်။
ကုလျန်ရွှမ်က မူလခန္ဓာကိုယ်ပိုင်ရှင်ကို သဘောကျတာကို သူမသိထားပြီး သူမက မူလပိုင်ရှင်ရဲ့ခန္ဓာကိုယ်ထဲမှာဆိုပေမယ့် စိတ်ခံစားချက်တွေက ပြောင်းလဲနေသည်။သူမ ဇာတ်လမ်းတွေထဲက မင်းသမီးရဲ့ခန္ဓာကိုယ်ကို ယူသုံးကာ မင်းသားရဲ့ မင်းသမီးအပေါ်ထားသော ခံစားချက်တွေကို အခွင့်ကောင်းယူနေသော ဇာတ်ပို့အခန်းမှကြာပန်းဖြူများနှင့် တူနေသည်။
သူမ ဒီလိုမလုပ်နိုင်ဘူး!
"ဒါပေမယ့် မနက်ဖြန်စားလို့ရတယ်။" ကျန်းထျန်ကပန်းကန်လုံးကို ကိုင်ကာ ခြံအပြင်တွင် အနားယူနေသောကုလျန်မင်ကို ခေါ်လိုက်သည်။ "ရှောင်မင် မနက်ဖြန် ကျောင်းသွားမှာလား?"
ကုလျန်မင်က အခန်းထဲဝင်လာကာ သူမမျက်လုံးတွေကကုလျန်ရွှမ်နှင့် ကျန်းထျန်ကို ကြည့်နေသည်။ "မနက်ဖြန်မသွားဘူး။ ဒီရက်တွေက အားလပ်ရက်တွေလေ။ ဆောင်းဦးရိတ်သိမ်းချိန်မပြီးခင်ထိ ပြန်စရာမလိုဘူး။ ဘာလို့လဲယောက်မ?"
"အစ်မဗ်ိုက်ပြည့်သွားပြီ။ ညီမ မနက်ဖြန်ဒီကျန်တဲ့ထမင်းတွေကို ကြော်ပေးလို့ရမလား?" ကျန်းထျန်က ကုလျန်မင် မငြင်းဘူးဆိုတာသိသောကြောင့် သူမကို အားကိုးတကြီး ကြည့်လိုက်သည်။
ကျန်းထျန်က အကြောင်းအရင်းကို မသိပေမယ့် ဒီအချိန်တွေမှာ ကုလျန်မင်က သူမကို ယခင်ကလောက်မမုန်းတော့ဘူးလို့ ခံစားရသည်။
ကုလျန်မင် သူမအစ်က်ိုကုလျန်ရွှမ်ကိုကြည့်လိုက်တော့ သူကစိတ်ဖိစီးနေပုံပေါ်နေသောကြောင့် သူမညနှုတ်ခမ်းမှထွက်တော့မည့်"ရပါတယ်"ဆိုသောစကားကိုပြောင်းလိုက်သည်။ "မရဘူးလေ ယောက်မ ညီမ မနက်ဖြန်ကွင်းထဲဆင်းရမယ်။"
ဆောင်းဦးရိတ်သိမ်းတာက ထုတ်လုပ်ရေးအသင်းတစ်ခုလုံးရဲ့တာဝန်ဖြစ်သည်။ ကလေးတွေတောင်မှ ကွင်းထဲဆင်းကာ ဂျုံတွေသယ်ပြီးကန်စွန်းဥတူးကြရသည်။
"အစ်ကိုကြီးကို ကြော်ပေးဖို့မေးကြည့်ပါလား?" ကုလျန်မင်က ခြောက်သွေ့စွာရယ်ပြီး နေရာမှထွက်သွားတော့သည်။
ကျန်းထျန် စကားပြောရန်အချိန်ပင် မရလိုက်ပေ။
ကုလျန်ရွှမ်က ကျန်းထျန်ယူထားသော ပန်းကန်လုံးကို ယူကာ ပြောလိုက်သည်။ "ကိုယ် မနက်ဖြန်ကြော်ပေးမယ်"
ကျန်းထျန်က လက်ပြန်သိမ်းကာ သူ့ကိုမျက်လုံးထောင့်မှကြည့်လိုက်သည်။ "ကျေးဇူးပါ "
ကုလျန်ရွှမ်က ထမင်ပန်းကန်ကို သိမ်းနေရင်း ရပ်တန့်သွားပြီးနောက် မြန်မြန်ဆက်လုပ်လိုက်သည်။ မသွားခင်မှာ သူ ကျန်းထျန်ကို ရှုပ်ထွေးစွာကြည့်သွားသည်။
ကျန်းထျန်က သူမအတွေးနှင့်သူမ ရှုပ်နေသောကြောင့်သတိမထားမိလိုက်ပေ။
ဒါကထမင်းမဟုတ်ဘဲ ထမင်းကြော်မလို့ အလုပ်ပိုတယ်လို့သတ်မှတ်စရာမလိုဘူးဟု သူမ တွေးလိုက်သည်။
အဓိကအကြောင်းအရင်းကတော့ သူမကယ ထပ်မစားနိုင်တော့တာဖြစ်ပြီး နောက်တစ်ခါ ဒီလိုအလွန်အကျွံမစားတော့ပေ။
ကုလျန်ရွှမ်က အိမ်နောက်ဖက်တွင် ပန်းကန်ဆေးနေပြီး ကုလျန်မင်က ကလေးထိန်းရန်ပြန်သွားသည်။
ညစာစားပွဲပြီးတော့ စားပွဲပေါ်မှာ အဆာပြေမုန့်တွေ၊ကန်စွန်းဥခြောက်၊ ပဲနီကိတ်၊ ကြက်ဥကိတ်၊ တရုတ်ဆီးသီး၊ မြေပဲကြော်၊ သစ်သီးချိုချဉ်များရှိနေသည်။ ပဥ္စမကလေးနှင့် ဆဌမကလေးက ဒါတွေကို ပါးစပ်ထဲအပြည့်စားနေသည်။
အိမ်တွင်အဆာပြေမုန့်များရှိသော်လည်းရွှီကျင်းဖန်ကအမွှာနှစ်ယောက်ကို တစ်ရက် တစ်ရက် စားရမည့်ပမာဏ သတ်မှတ်ပေးထားသည်။ သူတို့က တရုတ်နှစ်သစ်ကူးနေ့နှင့် သူတို့မွေးနေ့များမှသာ စိတ်ကြိုက်စားနိုင်သည်။
ရွှီကျင်းဖန်က ယပ်တောင်နှင့်လေယပ်နေကာ ကျန်းထျန်ကို ထိုင်ရန် ခေါ်လိုက်သည်။ "အမေတို့ နေရာက ဆောင်းဦးရိတ်သိမ်းချိန်စောပြီး ဆောင်းဦးလယ်ပွဲတော်နဲ့ အမျ်ိုးသားနေ့တွေက နောက်မှလာတယ်။ ဆောင်းဦးရိတ်သိမ်းချိန်မတိုင်ခင် အိမ်ပြန်လာဖို့ သမီးဒုတိယအစ်ကိုက မပြောဘူးလား? အဲ့ဒီအချိန်ပြီးအောင်စောင့်ပြီး ပွဲတော်အချ်ိန်မှ လက်ဆောင်ယူပြီးသွားတာ ကောင်းမယ်လို့ အမေထင်တယ်။"
"အဲ့ဒီအချိန်ဆိုရင် အသင်းမှာလည်း အလုပ်နည်းသွားပြီလေ။ အမေတို့ထဲက အားတဲ့ သူက သမီးအမေအိမ်သွားလည်လို့ ရတယ်လေ။"
"ဘယ်လိုထင်လဲ ထျန်ထျန်?"
"ကောင်းပြီလေ သူတို့အိမ်သွားပြီး အသားစားကြတာပေါ့" ကျန်းထျန်က မေးကိုလက်ထောက်ထားကာ ခေါင်းငြိမ့်လိုက်သည်။
ကျန်းမိသားစုက အလုပ်သမားခြောက်ယောက်၊ ခုနစ်ယောက်ရှိပြီး အရမ်းကောင်းတဲ့ဘဝမှာ နေကြသည်။ သူတို့က နို့၊ကိတ်မုန့်၊ကြက်ဥ၊ဝက်သားနှပ်တွေ ဘယ်တော့မှမပြတ်လပ်ပေ။
"ဒီကလေးကတော့!" ရွှီကျင်းဖန်က ကျန်းထျန်၏ ပုခုံးကိုယပ်တောင်ဖြင့် ပုတ်လိုက်သည်။ "အမေတို့က အဲ့ဒီကို စားဖို့ သွားမှာမဟုတ်ဘူး။"
ကျန်းထျန်က သူများအိမ်သွားလည်လျှင် ဘာလို့စားလို့မရတာလဲဆိုတာ နားမလည်ပေ။
ရွှီကျင်းဖန်က ခေါင်းခါလိုက်သည်။ "နောက်မှ ပြောကြတာပေါ့။ မနက်ဖြန် ရိတ်သိမ်းရတာစပြီ။ အသင်းကကန်စွန်းဥတွေနဲ့ ပြောင်းဖူးတွေကို အရင်ဆုံးရိတ်သိမ်းဖို့စီစဉ်ထားတယ်။ ဂျုံနဲ့စပါးတွေ အတွက်တော့ ရိတ်သိမ်းစက်တွေကို စောင့်ရမယ်။"
"ရိတ်သိမ်းစက်တွေက မြန်တာမလို့ တစ်ရက်နှစ်ရက်အတွင်း ပြီးနိုင်တယ်။ ဒါပေမယ့် စက်သုံးန်ိုင်မယ့်လူတစ်ယောက် ဒီနယ်မှာ ရှိဖို့လိုတယ်။ စက်သုံးနိုင်မယ့်သူ ပို့ပေးတာကို စောင့်နေရင် အချိန်ကြာသွားနိုင်တယ်။"
ကျန်းထျန်က သကြားလုံးစားနေရင်း ကုလျန်ရုန်ကိုကြည့်လိုက်သည်။ "တတိယမောင်လေး ဘာလို့ တံခါးမဖွင့်တာလဲ?"
ရွှီကျင်းဖန်က ရုတ်တရက် သူမတတိယသားက်ိုကြည့်လိုက်သည်။ "သား ရိတ်သိမ်းစက် မောင်းနိုင်လား?"
လေအေးက သူ့ပုခုံးမှတိုက်သွားကာ ကုလျန်ရုန်ကကြက်သီးထသွားသည်။ သူက သူ့အမေ မေးခွန်းကိုဖြေလိုက်သည်။ "ရမယ်ထင်တယ်။ မပြောတတ်ဘူး။"
ကျန်းထျန်က အချက်ကျကျ ရှင်းပြလိုက်သည်။ "ဒီဘီးတွေနဲ့ စက်တွေရဲ့အတွင်းပိုင်း တည်ဆောက်ပုံတွေကအတူတူပါပဲ။ ရိတ်သိမ်းစက်နဲ့ ထရပ်ကားရဲ့ဂီယာကနည်းနည်းကွဲတယ်ဆိုပေမယ့် ကျင့်သားရသွားရင်အဆင်ပြေသွားမှာပါ။"
ကျန်းထျန် ရှင်းပြတာကို ကြားလိုက်တော့ ကုလျန်ရုန်ကအံ့သြစွာကြည့်လိုက်သည်။
သူ့ဦးနှောက်ကို အလုပ်ပေးကာ မေးလိုက်သည်။ "အစ်မ ကျွန်တော် အလုပ်လျှောက်ခဲ့တုန်းက ဘယ်လိုမောင်းရမယ်ဆိုတာ သင်ယူခဲ့တာလား?"
ကျန်းထျန် ခေါင်းငြိမ့်လိုက်သည်။ "ဒီလိုပါပဲ။"
ကုလျန်ရုန် - "..."
သူ စိတ်သက်သာရာရသွားသည်။ ဒါကစာတွေ့အသိပညာကြောင့် တော်သေးသည်။ မဟုတ်ဘူးဆိုရင်သူက မောင်းတတ်ဖို့ နှစ်ရက်တောင် သင်ခဲ့ရတာမလို့ သူ့အတွက်ရှက်စရာဖြစ်သည်။
ရွှီကျင်းဖန်က ရုတ်တရက် ကျန်းထျန်ကိုလှည့်ကြည့်လိုက်သည်။ "ဘာကိစ္စလဲ? ထျန်ထျန် သမီးအခုဘာပြောလိုက်တာလဲ?"
ထျန်ထျန်က သူမရိတ်သိမ်းစက်ကို မောင်းနိုင်သည်ဟုပြောသည်။ ရွှီကျင်းဖန်က တွေဝေနေပြီးနောက် နားကြားမှားသည်ဟု သံသယဝင်သွားသည်။
"ဒါက ဖြစ်နိုင်တယ်။" ကျန်းထျန်က အရာအားလုံးလုပ်တတ်ပေမယ့် တိတ်ိကျကျလုပ်လို့မရပေ။ မဟုတ်ရင် သူမ ရှင်းပြရခက်သွားလိမ့်မည်။
သူမ ယခင်ဘဝက လေကြောင်းပို့ဆောင်ရေး၊ တင့်ကား၊သင်္ဘောနှင့်လေယာဉ်မှလွဲ၍ အားလုံးမောင်းဖူးသည်။သူမက လက်နှင့်ဂီယာထိုးမောင်းနှင်ရသော ဘီးငါးလုံးပါထွန်စက်ကြီးကိုလည်း မောင်းခဲ့ဖူးသည်။
တိုက်ဆိုင်စွာနှင့် ရိတ်သိမ်းစက်ကလည်း သူမ မောင်းဖူးသည်ထဲမှ တစ်ခုဖြစ်သည်။
"မဟုတ်သေးပါဘူး။ သမီးဘယ်လိုလုပ် မောင်းဖို့တတ်သွားတာလဲ?” ရွှီကျင်းဖန် အံ့သြသွားကာ ယပ်တောင်ကိုချလိုက်ပြီး ကုလျန်ရုန်ကို ကြည့်လိုက်သည်။ "သမီး တတိယမောင်လေးဆီက တတ်တာလား?"
ကျန်းထျန် - "ဟုတ်ကဲ့"
ရွှီကျင်းဖန်က ကောင်းကင်ကို အချိန်အတော်ကြာစိုက်ကြည့်နေသည်။ "သယ်ယူပို့ဆောင်ရေးအသင်းက သမီးကို အလုပ်လုပ်ခိုင်းသင့်တာ ထျန်ထျန်။"
"မဟုတ်သေးဘူး အမေ သမီးပြောတာကို ယုံလား? " သူမ ပြုံးလိုက်ကာ မေးလိုက်သည်။ "အမေ သမီးရိတ်သိမ်းစက်မောင်းတာ မမြင်ဖူးပေမယ့်ယုံတာပဲလား?"
ကုလျန်ရုန်က သူမမောင်းနိုင်တယ်ဆိုတာကို မယုံဘူးဆိုတာ သူမ ပြောရဲသည်။
"သမီးကို မယုံဘူးဆိုရင် ဘယ်သူ့ကို ယုံရမှာလဲ?" ရွှီကျင်းဖန်က ရေနွေးကြမ်းတစ်ခွက်ထည့်ကာ သောက်လိုက်သည်။ "သမီး ငယ်ငယ်ထဲက ဉာဏ်ထက်တယ်ဆိုတာ အမေသိတယ်။ အမေရောပဲ။ အမေလည်း မောင်းနိုင်တယ်။"
ကျန်းထျန် - "!? " သူမအခုဘာကြားလိုက်တာလဲ?
ကုလျန်ရုန် - "!? အမေက တကယ်မောင်းနိုင်တာလား?"
ရှောင်းဝူနှင့်ရှောင်းလျိုလည်း ကြက်ဥကိတ်စားနေသည်ကိုရပ်ကာ သူမကို တောက်ပသောအကြည့်များနှင့် ကြည့်နေသည်။
ထိုမျက်ဝန်းလေးစုံက အံ့သြစွာကြည့်နေသော်လည်းရွှီကျင်းဖန်က တည်ငြိမ်နေသည်။ ဒါပေမယ့် အဆုံးမှာတော့ သူမက ကိစ္စကြီး ကြုံတွေ့ခဲ့ရသူဖြစ်သည်။
"ဘာလို့လဲ မင်းတို့ကို အမေ မပြောခဲ့ဘူးလား။ အမေငယ်ငယ်က အဖွဲ့က်ိုကူပြီး ရိတ်သိမ်းစက်မောင်းပေးခဲ့တယ်ဆိုတာ၊ ပြီးတော့ မင်းတို့အဖေနဲ့ အသင်းနံပါတ်ခြောက်မှာ တွေ့ခဲ့တယ်ဆိုတာကိုလေ?"
အမေ ဒါက"(အမျိုးသမီး A အမျိုးသား O) ဗိုလ်ကျသော ထွန်စက်မောင်းသူက ငါ့ကိုချစ်မိနေတယ်!" ဇာတ်ကားထဲက ဇာတ်ဝင်ခန်းမလား?