← Chapters

အခန်း(၇၇)

Vol. 7 Ch. 77

အခန်း(၇၇)

Vol. 7 Ch. 77

ကျန်းထျန်က ရွှီကျင်းဖန်ကို သူမငယ်စဉ်ကဖြစ်ခဲ့သည့်အရာများကို အတင်းတောင်းဆို၍ ပြောခိုင်းသည်။မိုးချုပ်တော့မှ အခန်းကိုပြန်လာခဲ့သည်။

ဒါပေမယ့် ကျန်းထျန်က သူမနှင့်ကုလျန်ရွှမ်ကြားတွင် အိပ်ယာခင်းထူထူကို ချထားလိုက်သည်။

ကုလျန်ရွှမ်က ငြိမ်၍ကြည့်နေရင်း သူ့ညာခြေထောက်ဒဏ်ရာမှ နာကျင်မှုကို ခံစားလာရသည်။

နောက်တစ်ရက် ဆောင်းဦးကောက်ရိတ်သိမ်းရန်ပြင်ဆင်နေစဉ် အလုပ်မှလာသော လမ်းတွင် ကုလျန်ရွှမ်က ကုလျန်မင်ကို မေးလိုက်သည်။ "ညီမယောက်မ ညီမကို ကျောင်းပထမဆုံးလိုက်ပို့တဲ့နေ့မှာ စိတ်ညစ်စရာတစ်ခုခုကြုံခဲ့တာလား?"

မေးခွန်းကိုကြားလိုက်သည်နှင့် ဘေးတွင်ခေါင်းမော့ရင်ကော့ကာ ရပ်နေသော ကုလျန်မင်က ရုတ်တရက်ခေါင်းငုံ့လိုက်ကာ သူမအစ်ကိုကို မျက်နှာချင်းမဆိုင်ရဲဖြစ်နေသည်။

"အစ်ကို..ဘယ်လိုသိသွားတာလဲ?" ကုလျန်မင်က သူမလက်နှစ်ဖက်လုံးနှင့် သူ့အင်္ကျီထောင့်ကို ဆွဲလိုက်ကာ အပြစ်ရှိသလို ခံစားရသောကြောင့် သူ့ကိုမကြည့်ရဲပေ။

ကုလျန်ရွှမ် မျက်ခုံးပင့်ကာပြောလိုက်သည်။ "ယောက်မကိုစိတ်တိုအောင် ညီမလုပ်ခဲ့တာလား?"

သူမရဲ့အပြစ်ရှိစိတ်ဖြစ်နေသော ပုံကို ကြည့်ကာ ကုလျန်ရွှမ်က မသိနိုင်စရာအကြောင်းရှိမလား?

"တကယ်တော့ မဟုတ်ပါဘူး။" ကုလျန်မင်က သူမကိုယ်သူမ ကာကွယ်ပြောဆိုလိုက်သည်။

"ယောက်မက အခုနောက်ပိုင်း မေ့သွားပါပြီ..." သူမက သူမအစ်ကိုရဲ့ ကြင်နာမှုမရှိသောအကြည့်ကို မြင်လိုက်ရတော့ စကားပြောင်းပြောလိုက်သည်။ "ညီမ မှားသွားခဲ့ပါတယ်။"

ကုလျန်ရွှမ် သူမကို မေးလိုက်သည်။ "ညီမ ဘာလုပ်ခဲ့တာလဲ?"

ကုလျန်မင်က စိတ်ရှုပ်သွားစွာ သူမအစ်က်ိုကို အတော်ကြာ ကြည့်ပြီး သတိပေးလိုက်သည်။ "အစ်ကို ညီမပြောပြရင် ညီမကို စိတ်မဆိုးရဘူးဘာမှမလုပ်ရဘူးနော်။"

ကုလျန်ရွှမ် - "...." ဒါကရန်ဖြစ်ရမယ့်အချိန်လား?

"ပြောပါ"သူ အသံနှိမ့်ကာပြောလိုက်သည်။

ကုလျန်မင်က ဖြည်းဖြည်းပြောလိုက်သည်။ "ညီမ..ညီမက ယောက်မရဲ့ဒုတိယအစ်ကိုကို အကိုက ယောက်မနဲ့ကလေးလိုချင်တယ်လို့ပြောလိုက်တာ။ ပြီးတော့..ပြောလိုက်တာ..."

ကုလျန်ရွှမ်၏ မျက်နှာပို၍ ကြောက်စရာကောင်းလာသည်နှင့်အမျှ သူမအသံက ပို၍တိုးလာသည်။ "ယောက်မ အစ်ကိုကို အကိုကြီးက ယောက်မကို တကယ်ချစ်တာလို့ ပြောလိုက်တာ..."

ကုလျန်ရွှမ်၏ နှလုံးခုန်သံက မြန်သွားသည်။

ကျန်းထျန်က အိပ်နေရင်းစကားပြောနေသည်ကို သူကြားသော်လည်း သူနိုးလာတော့ ဘာပြောခဲ့သည်ဆိုတာအတိအကျ မသိတော့ပေ။

ကျန်းထျန်က သူ သူမအပေါ်ထားသော ခံစားချက်ကိုမသိပေ။

ကျန်းထျန် ထွက်မသွားခင်အထိ ဖုံးကွယ်ထားတာကကောင်းမည်ဟု သူ ထင်ခဲ့သည်။

ဒါပေမယ့် ရှောင်မင်က အမှန်ကိုပြောလ်ိုက်လိမ့်မည်ဟုသူ မထင်ထားပေ။

ကုလျန့်မင်က သူမအစ်ကို၏ ရုတ်တရက် စိတ်ဆိုးသွားသောမျက်နှာကို ကြည့်ကာ ခက်ခဲစွာပြောလိုက်သည်။ "ဒါကြောင့် ယောက်မက စိတ်ဆိုးသွားတာ။"

ကုလျန်ရွှမ်က ဘာမှမပြောဘဲ တစ်ဖက်ကိုလှည့်သွားသည်။ "အိမ်ပြန်ကြတာပေါ့။"

ကုလျန်မင်က သူ့နောက်မှလိုက်ကာ ပြောလိုက်သည်။ "အစ်ကိုညီမကို မရိုက်ဘူးမလား?"

ကုလျန်ရွှမ်က လမ်းကိုကြည့်ကာ ပြောလိုက်သည်။ "အစ်ကိုဘယ်တုန်းက ညီမကို ရိုက်ခဲ့ဖူးလို့လဲ?"

ကုလျန်မင်က ဒါကိုတွေးကြည့်တော့ လက်ခံလိုက်သည်။သူတို့အမှားလုပ်ခဲ့လျှင်တောင် သူမအကိုကြီးက သူမတို့ရှေ့မှကာကွယ်ပေးနေသည့်အတွက် သူမတို့က အားလုံးကိုအမှန်အတိုင်းဝန်ခံကာ မတ်တပ်ရပ် သို့မဟုတ်အလုပ်လုပ်ကာ အပြစ်ပေးခံရကြသည်။

"ညီမ ဒါကို ဘယ်ကသင်လာတာလဲ?" ကုလျန်ရွှမ်က ယခု ကုလျန်မင် လုပ်သွားသော ရင်းနှီးသည့်လုပ်ရပ်တစ်ခုကို သတိရသွားကာ မေးလိုက်သည်။

ကုလျန်မင် ဖြေလိုက်သည်။ "ညီမ ယောက်မဆီက သင်ခဲ့တာ။ သူမ ပဥ္စမမောင်လေးနဲ့ ဆဌမမောင်လေးကိုသင်ပေးနေတုန်းက ညီမ စကားနည်းနည်းနားထောင်ထားတာ။"

ကုလျန်ရွှမ် - "..." သူ ထင်ထားသည့်အတိုင်းပင်ဖြစ်သည်။

သူ ကုလျန်မင်ကို မေးလိုက်သည်။ "သူက ဘာသင်ပေးတာလဲ?"

သူမရဲ့မောင်လေးတွေ သေမှာထက် သူမသေတာပိုကောင်းသည်ဟူသော အတွေးနှင့် ကုလျန်မင်က ရှောင်းဝူနှင့်ရှောင်းလျိုကို စိတ်ထဲမှတောင်းပန်လိုက်သည်။ ပြီးတော့ မောင်နှမဆိုတဲ့ ဆက်ဆံရေးကို စိတ်ထဲမှထုတ်ကာတစ်ခါထဲ အားလုံးကိုပြောလိုက်သည်။

"ယောက်မပြောတာက အမှားဝန်ခံတော့မယ်ဆိုရင် ကိုယ်နေဟန်ထားက အဓိကအရေးအကြီးဆုံးပဲ။ ညီမတို့အမှားလုပ်တာ သေချာချာ မသေချာချာ အရင်ဆုံးဝန်ခံရမယ်။ "မှားသွားပါတယ်" ဆိုတဲ့စကားရဲ့အသံနေ အသံထားက သုံးမျိုးရှိတယ်။ မတူညီတဲ့အရာတွေကိုငယ်စဉ်ကြီးလိုက်စဉ်ပြီး ပြောရမယ်။ သေးငယ်တဲ့အမှားကနေ ကြီးတဲ့အရာအထိ ပြောရမယ်။"

"ပထမဆုံးအကြိမ်ပြောတဲ့ "ကျွန်မမှားသွားပါတယ်"ဆိုတဲ့စကားက အသံနှိမ့်ထားရမယ် ဒါမှအပြစ်ရှိတယ်လို့ခံစားနေရတဲ့ပုံပေါ်မှာဖြစ်ပြီး ဆူမယ့်လူကိုအရိပ်အမြွက်ပြသလိုဖြစ်မယ် - စပြီးဆုံးမလို့ရပါပြီ။ "ကျွန်မမှားပါတယ်။ ကျွန်မ မှားခဲ့တာကိုသိပါပြီ။ ကျွန်မတကယ်အမှားကိုသိပါပြီ။"ဆိုတဲ့စကားသုံးခုက ဆူနေတဲ့သူကိုကျွန်မတို့အမှားကို တကယ်သိနေပါပြီ သူတို့ဆူတာထိရောက်တယ်ဆိုတဲ့ အရိပ်အမြွက်ကိုပေးတယ်။ မှန်ပါတယ် ဆုံးမတာ တကယ်ထိရောက်ပါတယ်။နောက်ဆုံး"ကျွန်မ တကယ်အမှားကိုသိပါပြီ"ဆိုတဲ့စကားက ဆုံးမတာအောင်မြင်စွာ ပြီးဆုံးသွားတယ်ဆိုတာ ပေါ်လွင်စေဖို့အတွက် အသံကျယ်ပြီးကြည်လင်ပြတ်သားနေရမယ်။"

ကုလျန်ရွှမ် - "..."

"ယောက်မက ပြောသေးတယ် အပြစ်ဝန်ခံတဲ့အချိန်ခန္ဓာကိုယ်အမူအရာကလည်း မှန်ကန်ရမယ်။ ခေါင်းငုံ့၊မျက်လွှာချ၊ လက်တွေကိုဗိုက်ပေါ်မှာတင်ပြီးတော့ခြေထောက်ကို ပုခုံးအကျယ်အတိုင်းထားရမယ်။ သက်တောင့်သက်သာအဖြစ်ဆုံး မတ်တပ်ရပ်တဲ့ အမူအရာကိုရွေးရမယ်။"

ကုလျန်မင်က သေသေချာချာ ရှင်းပြလိုက်သည်။ "နောက်ဆုံးတစ်ခုက အချိန်ကြာကြာ စစ်ဆေးနေတာကိုရှောင်ဖို့ပဲ ဒါကမတ်တပ်ရပ်နေတဲ့ အနေအထားမှာခြေထောက်တွေကို ထုံလာစေတယ်။" စကားပြောရင်း သူမက သရုပ်ဖော်ပြနေသည်။

ကုလျန်ရွှမ် - "..." သူ အပြစ်ဝန်ခံခြင်းလုပ်ငန်းစဉ်က အရေးကြီးတဲ့စကားတစ်ခု လိုနေတယ်လို့ ခံစားမိသည်။

မှားပါတယ် ဒါပေမယ့် နောက်တစ်ခါထပ်လုပ်ဦးမှာပါ။

ကုလျန်ရွှမ် ပြောလိုက်သည်။ "ညီမက အခြေခံကိုပဲ သင်ခဲ့တာပဲ။"

ဒီအတိုင်းလုပ်မယ်ဆိုရင် လူအများက အပြစ်ကနေရှောင်နိုင်မယ်။

ကျန်းထျန်ကတော့ ဒီလိုမဟုတ်ဘူး။ သူမက အမှားတွေကို ပုံမှန်အလေ့အထအဖြစ် ပြောင်းလိုက်တယ်။

ပြီးတော့ အခြားသူတွေကို ကျင့်သားရသွားအောင် လုပ်လိုက်တယ်။

ဥပမာပစ္စည်းဝယ်တဲ့ကိစ္စကိုပဲ ကြည့်ကြတာပေါ့။ သူကအရင်ကတော့ ပြောဆိုခဲ့ပေမယ့် အခု သူ ဘာမှမလုပ်နိုင်တော့ဘူးမလား?

ကုလျန်မင်က သူမအစ်ကိုကို အံ့သြစွာကြည့်လိုက်သည်။

ဘာလို့ သူမအစ်ကိုရဲ့အသံက ဂုဏ်ယူနေသံပါတယ်လို့ခံစားရတာလဲ?

တောင်အောက်ခြံဝင်းထဲ ပြန်လာခဲ့သည်။

ခြံဝင်းထဲတွင် ရွှီကျင်းဖန်က ခွေးခြေခုံပေါ်တွင်ထိုင်နေကာ အမွှာအကြီးနှစ်ယောက်က သူ့ရှေ့တွင်ရပ်နေသည်။

"ကျွန်တော်တို့မှားသွားပါတယ် အမေ။" သူတို့နှစ်ယောက်က အပြစ်ရှိသည့်အသံနှင့်ပြောလိုက်သည်။

ရွှီကျင်းဖန်က ကျန်းထျန်ပေးသော ရေနွေးကြမ်းကိုသောက်လိုက်သည်။ "ဘာမှားတာလဲ?"

ရှောင်းဝူနှင့်ရှောင်းလျိုက မလွယ်ကူတော့သည့်ပုံစံနှင့်သူတို့ယောက်မ/မရီးကို ကြည့်လိုက်သည်။

ကျန်းထျန်က သူတို့ကိုအားပေးသလို ကြည့်လိုက်သည်။

"ယောက်မ သင်ပေးထားကို သတိရ။ သတိလက်လွတ်မဖြစ်စေနဲ့!"

ရှောင်းလျို - "အမေ ကျွန်တော်တို့ကြက်ဥကိတ်တွေနဲ့သကြားလုံးတွေစားပြီး မနက်စာနဲ့ နေ့လည်စာကိုမစားဘဲမနေခဲ့သင့်ပါဘူး။"

ရှောင်းဝူ - "အမေ ကျွန်တော်တို့ ပျားရည်သောက်ဖို့မြန်မြန်မပြေးခဲ့သင့်ပါဘူး ကျွန်တော်လဲကျပြီး ဝတ်စုံပြဲသွားတဲ့အပြင် ပန်းကန်လုံးလဲ ကွဲသွားပါတယ်။"

ရှောင်းလျို - "အမေ ကျွန်တော်တို့ အင်္ကျီအသစ်တွေကိုပြဖို့ပင်းပင်းနဲ့အန်းအန်းကို မနှိုးခဲ့သင့်ပါဘူး။

ရှောင်းဝူ - "အမေ..."

ရွှီကျင်းဖန် - "..." အခု ခေါင်းကိုက်လာပြီ။

ရွှီကျင်းဖန်က နှဖူးကို လက်နှင့်ကိုင်လိုက်သည်။ သူမက သစ်သီးချိုချဉ်တွေ မြေပေါ် ဘာလို့ကျနေတယ်ဆိုတာမေးချင်သည်သာဖြစ်သည်။ သူမ မေးခွန်းတွေက ဒီလိုအရာတွေကို ဦးတည်သွားမယ်ဆိုတာ ဘယ်လိုသိမှာလဲ?"

ကျန်းထျန်က သူမရဲ့အပြစ်ရှိစိတ်ကို ဖုံးကွယ်ရန်ရေနွေးကြမ်း သောက်လိုက်သည်။

ဒီနှစ်ယောက်က သူမ သင်ဖူးသမျှထဲမှာ အဆိုးဆုံးပဲလို့လက်ခံလိုက်သည်။

သူတို့က ထက်မြက်ပုံပေါ်ပေမယ့် ဘာလို့ တွေးခေါ်နိုင်စွမ်းမရှိရတာလဲ?

အမေ မေးလိုက်တာနဲ့ သူတို့်အမှားတွေ အားလုံးပြောလိုက်တယ်။

ရှက်စရာပဲ!

ကုလျန်ရွှမ်နှင့် ကုလျန်မင်က ဒီမြင်ကွင်းကိုတ်ိတ်ဆိတ်စွာကြည့်နေလိုက်သည်။

ဆရာက လမ်းပဲပြပေးနိုင်တာ ဆက်လျှောက်ဖို့က မင်းတာဝန်ပဲဆိုတဲ့စကားက တကယ်မှန်တယ်။

နားလည်နိုင်စွမ်းမရှိတဲ့သူတွေအတွက်ဆိုရင် အစမှာတင်ပြဿနာဖြစ်နေပြီ။

နောက်ဆုံးတော့ အဆာပြေမုန့်တွေကို ခိုးစားတဲ့ အမွှာနှစ်ယောက်ကို အပြစ်ပေးရန် အဆာပြေမုန့်တွေအားလုံးကို ဗီရိုထဲထည့်ကာ သော့ခတ်လိုက်သည်။

သော့က ကျန်းထျန်လက်ထဲတွင် ရှိနေသည်။ သူမက အမွှာနှစ်ယောက်ကို ဆယ်ရက်အဆာပြေမုန့် မကျွေးရန် ကျန်းထျန်ကို သတိပေးခဲ့သည်။

ကျန်းထျန်က စကားနားထောင်မည်ဟုပြောကာ တာဝန်ယူလိုက်သည်။

အမွှာအကြီးနှစ်ယောက်က ဒီရက်ပိုင်းအဆာပြေမုန့်စားရန်အချိန်ပင်မရှိပေ။ အသင်းမှ ကလေးအားလုံးကိုအမျိုးသမီးဒါရိုက်တာ ကောရှုကျန်းက စုကာ ဆောင်းဦးရိတ်သိမ်းရန်သွားသည့် လူများနောက်သို့ လိုက်ပြီးကန်စွန်းဥတူးရန် ပြောထားသည်။

သူတို့က တစ်နေ့လုံးအလုပ်လုပ်ရကာ အလုပ်မှတစ်ရက်လျှင်အမှတ်နှစ်ခု သို့မဟုတ် သုံးခုရသည်။

ကျန်းထျန်က အမွှာအငယ်များကိုထိန်းကာ အိမ်တွင်တစ်ယောက်ထဲ ကျန်ခဲ့သည်။

သူမက အခြားဘာမှလုပ်စရာမလိုပေ။

ကုမိသားစုအလုပ်သွားတော့ သူမက ကြမ်းတိုက်သည်။အမွှာတွေအတွက် အချိန်အလိုက် နို့မှုန့်ဖျော်သည်။ ပြီးနောက် အိမ်နောက်ဖက်သ်ို့ သွားကာ ညစာအတွက် အသီးအရွက်များကို ပြင်ဆင်လိုက်သည်။

ကျန်တာကတော့ သူမအသက်မွေးဝမ်းကြောင်း အလုပ်နှင့် ရှုပ်နေသည်။

သက်တောင့်သက်သာနေရသည့်ဘဝက လူတိုင်းကို စိတ်ကူးစိတ်သန်းကောင်းများ ရလာစေသည်။ အခု သူမက လှပတဲ့တောင်တန်းတွေ မြစ်တွေရှိတဲ့နေရာမှာနေသည်။ ညစာစားပြီးချိန်တိုင်း ကျန်းထျန်က ခုံပေါ်တွင်ထိုင်ကာ ဟိုဟိုဒီဒီကြည့်နေရုံနှင့် သူမစိတ်ထဲတွင်စိတ်ကူးအတွေးများ အဆက်မပြတ်ပေါ်လာသည်။

သူမပုံဆွဲထားသည့်စာအုပ်ကလည်း ပြည့်နေပြီဖြစ်သည်။

ရွှီကျင်းဖန်အတွက် ချုပ်ထားသော အဝတ်ကလည်း ပြီးသွားပြီဖြစ်သည်။

ဆောင်းရာသီနီးလာသည်နှင့်အမျှ ရာသီဥတုက နေ့စဉ်အေးလာသောကြောင့် ကျန်းထျန်က အနားကွပ်ပါသောဝတ်စုံချုပ်ရန်တွေးမိသည်။

ထိုရည်ရွယ်ချက်နှင့် တတိယကလေးကို မြို့တွင်ချည်နှစ်ကီလိုဝယ်လာခိုင်းလိုက်သည်။

သူမက ပိုးခြည်နှင့်ရောကာ ရွှီကျင်းဖန်အတွက် အနက်ရောင် အပေါ်ဝတ်တစ်ထည်ကို ကြယ်သီးများနှင့်အဖိုးတန်အင်္ကျီကဲ့သ်ို့ ချုပ်ပေးလိုက်သည်။

ဒါမှသာ ရွှီကျင်းဖန်က ညနက်သည်အထ်ိ အလုပ်လုပ်ရလျှင် ရာသီဥတုအေးသော်လည်း နွေးနေနိုင်မည်ဖြစ်သည်။

အဝတ်ချုပ်၍ ပိုသောအစများကို ကျန်းထျန်က မစွန့်ပစ်ပါ။ သူမ ထိုပစ္စည်းများကို ခေါင်းစီးကွင်းနှင့် ဆံပင်အလှဆင်ပစ္စည်းများ လုပ်လိုက်သည်။

ပုံစံတွေက လှပပြီး ထူးခြားလွန်းကာ လက်ရာကလည်းကောင်းသည်။ ဒီလိုအရာမျိုးကို မြို့ပေါ်က စတိုးဆိုင်များတွင်ပင် မတွေ့န်ိုင်ပါ။

ကုလျန်ရွှမ်က တတိယညီလေးကိုမြို့ပေါ်သ်ို့ ပဲနီကိတ်များပို့ပေးရန် ပြောလိုက်ပြီး ပြီးသွားသောအခါ ကျန်းထျန်ကိုပါ ခေါ်သွားရန်ပြောလိုက်ကာ ငွေဆယ်ယွမ်ပေးလိုက်သေးသည်။

ကောက်ရိတ်သိမ်းချိန်ပြီးရန် နီးလာချိန် အသင်းတွင်ရိတ်သိမ်းရန် စပါးနှင့် ဂျုံသာကျန်တော့သည်။

အဖွဲ့အစည်းရဲ့ထွန်စက်မောင်းသူက အသင်းနံပါတ်ခြောက်ပြီးတော့ အသင်းနံပါတ်ကိုးတွင် ရိတ်သိမ်းနေပြီဖြစ်ပြီး ထွန်စက်ပေါ်မှ ဆင်းလိုက်သောအခါ ရွှံ့ခဲပေါ်ချော်ကြပြီးခြေချင်းဝတ် အဆစ်လွဲသွားသည်။

ထွန်စက်က ရုတ်တရက် သံအစိတ်အပိုင်းကြီးတစ်ခုဖြစ်သွားသည်။

ဒါကိုဘယ်လိုမောင်းရမယ်ဆိုတာ ဘယ်သူမှ မသိသလိုဘယ်သူမှ မမောင်းနိုင်ကြပေ။

ကုပေါင်ကောက တစ်နေ့လုံးသက်ပြင်းချနေသည်။ သူကအသင်းမှ လူများကို ခြောက်နေပြီး အလေးချိန်ရှိတဲ့အရင်က ဆန်တွေက်ိုစုပြီး ပြည်သူပိုင်ဆန်တွေကို ခွဲထုတ်ပြီးသိမ်းထားရန် ပြောလိုက်သည်။ သူက အဖွဲ့အစည်းဆီ အခြေအနေ အရင်တင်ပြဖို့သွားမည်ဟု စီစဉ်ထားသည်။

ဂျုံနဲ့ဆန်စပါးစိုက်ခင်းဧရိယာတွေက ရွှီကျန်းမြို့မှာအရမ်းများသည်။ အသင်းနံပါတ်ခြောက်ရဲ့ဧရိယာကပင် ဧက၁၀၀ကျော်သည်။ အသင်းရဲ့လူတစ်ရာလောက်ကလက်နဲ့ ဂျုံတွေကိုရိတ်ကြမယ်ဆို နှစ်ရက်သုံးရက်မှာခြေကုန်လက်ပမ်းကြသွားမှာ သေချာသည်။

ရိတ်သိမ်းသည်သာမက ခြွေလှေ့အခြောက်ခံရန်အနည်းဆုံးဆယ်ရက်လိုအပ်သည်။

ဒီအခြေအနေက ယခင်ကလည်း ဖြစ်ဖူးပြီး အဖွဲ့အစည်းကပြည်သူပိုင်ဆန်တွေကို ပေးရမည့်ရက်ကို နောက်ဆုတ်လိုက်သည်။

ကုပေါင်ကောက အဖွဲ့အစည်းမှ စိတ်ညစ်သည့်မျက်နှာနှင့်ပြန်လာခဲ့သည်။ သူကရွေးချယ်စရာမရှိတော့သည့်အတွက်သူ့ဇနီးတတ်ိယအဒေါ်ကိုရွှီကျင်းဖန်ကို အနားယူတာမှ ပြန်လာရန်မေးခိုင်းလိုက်သည်။

"ဘာဖြစ်လို့လဲ? သူတ်ို့က စပါးတွေကို နောက်အပတ် နောက်ဆုံးထားပြီး ပေးရမယ်တဲ့လား?" ရွှီကျင်းဖန် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆ်ိုကျွန်မတို့ နေ့ရောညပါ ကွင်းထဲအလုပ်လုပ်ရင်တောင် အားလုံးကို ရိတ်သိမ်းနိုင်မှာမဟုတ်ဘူး။"

"ဒါကအဖွဲ့အစည်းရဲ့တောင်းဆိုမှုပါ။ ဟိုဘက်မြို့မှာမိုးကြီးရေလျှံဖြစ်သွားတာမလို့ စိုက်ခင်းတွေ ပျက်စီးသွားတယ်။ အစားအစာပြတ်နေတဲ့အတွက် ကျွန်မတို့ကိုအစားအသောက် အရင်ထောက်ပံ့ပေးဖို့တောင်းဆိုလာတာ" တတိယအဒေါ်က ပြောလိုက်သည်။

"ဒါကြောင့်ပေါင်ကောက အစ်မကိုဘရှာခိုင်းလိုက်တာ။အစ်မသာ ရိတ်သိမ်းစက်မောင်းမယ်ဆိုရင် အသင်းက အလုပ်အမှတ်တွေ အစ်မကိုပေးမယ်။ အဖွဲ့အစည်းကလည်းဆုပေးမယ်။ ကျွန်မကြားတာတော့ အနီရောင်ချည်ထည်တဲ့။ ဒါကထျန်ထျန်အတွက် စကပ်ချုပ်ရင်ကြည့်ကောင်းမှာ သေချာတယ်။"

ဒါက်ိုကြားတော့ ရွှီကျင်းဖန် လက်ခံလိုက်သည်။

"ဟုတ်ပြီ ဘယ်အချ်ိန်သွားကြမလဲ?" ရွှီကျင်းဖန်ကအရင်က ရိတ်သိမ်းစက်မောင်းဖူးသူဖြစ်တာမလို့ သူမကအဖွဲ့အစည်းအားလုံးကို မောင်းရမည်ဖြစ်ပြီးပြန်လာရန်သုံးရက်မှငါးရက်ထိ ကြာနိုင်သည်။ "နေ့လည်မှာ ပေါင်ကောနဲ့ကျွန်မလည်း အတူလိုက်ခဲ့မယ်။"

"အရင်ဆုံးအသင်းနံပါတ်က်ိုးမှာ အရင်သိမ်းပြီး အသင်းနံပါတ်ခြောက်ကို သွားမယ်" ရွှီကျင်းဖန်က အဝတ်အစားထုတ်ပိုးရန် အိမ်ထဲဝင်သွားခဲ့သည်။

တတိယအဒေါ်က ပြောလိုက်သည်။ "အစ်မအစားအသောက်တွေ ပြင်စရာမလိုဘူး။ ကျွန်မအခြားတပ်မဟာတွေက အစားအသောက်တွေ သွားယူလိုက်ပါ့မယ်။"

ကျန်းထျန်က အလွန်စိတ်ပူသွားသည်။

ရိတ်သိမ်းရန် အလျင်လိုနေသည်။ မောင်းနှင်သည်သာဆိုပေမယ့်လည်း ပင်ပန်းသည်။ အပြင်မှာနေရပြီဆိုတာနဲ့ ကောင်းကောင်းအိပ်နိုင်စားနိုင်မှာ မဟုတ်ပေ။

သူမက တတိယအဒေါ်ရဲ့စက်ဘီးကိုငှားပြီးမြို့ပေါ်မှသူမအစ်ကိုရဲ့စားသောက်ဆိုင်ကိုသွားလ်ိုက်သည်။

"ဒုတိယအစ်ကို အသားပေါင်မုန့်တွေ ဘယ်လောက်ရှိလဲ?ညီမကို အကုန်ရောင်းပေးပါလား?"

"ဘာလို့လဲ? ဒီနေ့ အခုနှစ်ဆယ်ကျန်သေးတယ်။ မလောက်ဘူးဆိုရင် အစ်ကိုဂျုံဝယ်ပြီးအိမ်မှာထပ်လုပ်ပေးမယ်။"ကျန်းကောရှန်က ကျန်းထျန်ကို နားပြီးမှစကားပြောစေရန် ရေတစ်ခွက် ထည့်ပေးလိုက်သည်။

"အဖွဲ့အစည်းက စပါးတွေကို မြန်မြန်ရိတ်သိမ်းဖို့အသင်းကို ပြောလာတယ်။ ရိတ်သိမ်းစက်မောင်းသူကခြေချင်းဝတ်အဆစ်လွဲသွားတာမလို့ မောင်းတတ်တဲ့ အမေ့ကို မောင်းပေးဖို့ ခေါ်လာတယ်။ ရိတ်သိမ်းစက်မောင်းသူတွေက အဖွဲ့အစည်းတစ်ခုလုံးကိုရိတ်သိမ်းရမှာမလို့ သူမ မစားနိုင်မအိပ်နိုင်ဖြစ်မှာ စိတ်ပူလို့ ညီမအသားပေါင်မုန့်တွေ လာဝယ်တာ။"

ကျန်းကောရှန်က နှစ်စက္ကန့်လောက်ငြိမ်နေပြီးဆက်ပြောလိုက်သည်။ "ရှောင်စန် အဒေါ်ကုက ညီမအပေါ်အရမ်းကောင်းတာလား?"

ကျန်းထျန် တွေဝေခြင်းမရှိဘဲခေါင်းငြိမ့်လိုက်သည်။"ဒါပေါ့။"

အမေရင်းထက်တောင်မှ ကောင်းသေးတယ်! သူမက သူမအမေရင်းက ဘယ်လိုဆိုတာ မသိပေမယ့်လည်း ထင်လိုက်ခြင်းဖြစ်သည်။

ကျန်းကောရှန် - "အခုက ပူတော့ အသားပေါင်မုန့်တွေက ရက်ကြာခံမှာမဟုတ်ဘူး။ အစ်ကိုနည်းနည်းထည့်ပေးလိုက်မယ်။ ပြီးတော့ မက်မွန်ကိတ်နှစ်ကီလိုလည်းပေးလိုက်မယ်။ မပူပါနဲ့အဖွဲ့အစည်းက အဒေါ်က်ိုလိုတာမလို့ ဆိုးဆိုးရွားရွား မဆက်ဆံပါဘူး ပြီးတော့ အခြားတပ်မဟာတွေကလည်း အစားအသောက်ပေးမှာပါ။"

ကျန်းထျန်လည်း ဒီလိုပဲထင်သည်။ ဒါပေမယ့် အပြင်အစားအစာက အိမ်ကအစားအစာလို ကောင်းမည်မဟုတ်ပေ။

သူမ အသားပေါင်မုန့်နှစ်ဆယ်ကို သူမ ဒုတိယအစ်ကိုထံမှယူကာ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးသမဝါယမကိုပြေးပြီး မက်မွန်ကိတ်နှစ်ပေါင်ဝယ်လိုက်သည်။ လမ်းတွင်လည်း ဘဲဥနှင့်အခြားပဲနီကိတ်နှစ်ပေါင်ဝယ်လိုက်သေးသည်။

အိမ်ရောက်တော့ သူမက ရွှီကျင်းဖန်ကို အားလုံးပေးလိုက်သည်။

"အမေနဲ့တတိယအဒေါ်က အသားပေါင်မုန့်တွေ အရင်စားလိုက်။ ဒုတိယအစ်ကိုက ဒါတွေက ကြာရှည်မခံဘူးလို့ပြောတယ်။ ကားပေါ်မှာဗိုက်ဆာရင် မက်မွန်ကိတ်နဲ့ပဲနီကိတ်တွေ စားဖို့မမေ့နဲ့နော်။ အဖွဲ့အစည်းက ကျွေးတာတွေက အရသာမရှိရင် ဘဲဥနဲ့တွဲစားပါ။" ကျန်းထျန်က အစားအသောက်တွေက်ို သေချာခွဲပေးနေသည်။

ရွှီကျင်းဖန် အသင်းနံပါတ်ကိုးကို သွားသောလမ်းတွင်အိတ်ကြီးတစ်အိတ်ကို အတင်းသယ်ယူသွားရန် တိုက်တွန်းသောကြောင့် တတိယအဒေါ်က မနာလိုဖြစ်လာသည်။

"ထျန်ထျန်က အစ်မသမီးအရင်းတိုင်းပဲလို့ထင်မိတယ်။သူက အစ်မကို အရမ်းဂရုစိုက်လို့ စားသောက်ဆိုင်က်ိုသွားပြီးတောင် အသားပေါင်မုန့်တွေ ဝယ်ပေးသေးတယ်။ ကျွန်မမိသားစုက ယောက်ျားလေးတွေကတော့ကျောက်တုံးကြီးတွေလိုပဲတုံးအတယ်။ သူတို့မိန်းမတွေကို ဘယ်လိုချစ်ရမလဲဆိုတာမသိဘူး။ သူတို့ကို ဘယ်ကိုပစ်ချလိုက်ရမယ်ဆိုတာ မသိတော့ဘူး။"

ရွှီကျင်းဖန်က ကောင်းကင်ကို မော့ကြည့်ကာဂုဏ်ယူစွာပြောလိုက်သည်။ "ထျန်ထျန်က အစ်မသမီးအရင်းပဲ!"

တတိယအဒေါ် - "....."

All Chapters