အခန်း(၇၉)
Vol. 7 Ch. 79
ကျန်းထျန်က အလိုက်တသိမေးလိုက်သည်။ "ဘာအရေးကြီးကိစ္စလဲ အမေ?"
ဒါကမူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အဘိုးအဘွားတွေ ချန်ခဲ့သောပစ္စည်းအကြောင်းဖြစ်ကြောင်း ကျန်းကောရှန်ကသူမကိုကြိုတင်ပြောထားပြီးဖြစ်သည်။
သူမရဲ့အကြီးဆုံးအစ်ကိုဖြစ်သည့် ကျန်းကောပင်က ကျန်းထျန်၏ အဖေကျန်းကျင်းမင်နှင့် ကျန်းထျန်၏အမေဟွမ်ယီရှားအတွက် အရေးအပါဆုံးသူဖြစ်သည်။ ကျန်းကောပင်က မူလခန္ဓာကိုယ်ပိုင်ရှင် အဘွား၏ အထည်ချုပ်စက်ရုံအလုပ်နေရာကို တာဝန်ယူကာ စက်ရုံအလုပ်သမားအဖွဲ့အစည်းထဲမှ ဆွန်းရှောင်ကျူးနှင့်လက်ထပ်ခဲ့ပြီး သားသမီးသုံးယောက် ထွန်းကားခဲ့သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ အဘွားဖြစ်သူက အထည်ချုပ်စက်ရုံ၏ စာရင်းကိုင်ဌာနတွင် အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပေမယ့် ကျန်းကောပင်ကတော့ လုပ်နိုင်စွမ်းမရှိဘဲ စစ်ဆေးမှုကိုကျရှုံးသည့်အတွက် အလုပ်ရုံမှာသာ အလုပ်ရခဲ့သည်။
နောက်ပိုင်းမှာတော့ ကျန်းကောရှန်က သူ့ကိုစက်ရုံတွက်ကုန်စည်ပို့ဆောင်မှုနှင့် အသုံးစရိတ်စီမံခန့်ခွဲသည့်နေရာသို့ ပို့ပေးနိုင်သည့်လူတစ်ယောက်ကို တွေ့ခဲ့သည်။
ဟွမ်ယွီရှားက ရွှီကျင်းဖန်ကို ကြည့်လိုက်ကာမျက်မှောင်ကြုတ်လိုက်ပြီး သူမ တစ်ခုခုပြောချင်နေပုံပေါ်ပေမယ့် ရပ်လိုက်သည်။ သူမ ဒီကိစ္စကိုရွှီကျင်းဖန်ရှေ့တွင်မပြောလိုပေ။
ပထမဆုံးအနေနှင့် ယခုကျန်းထျန်နှင့်ရွှီကျင်းဖန်ကမိသားစုများဖြစ်ပြီးရွှီကျင်းဖန်မိသားစု၏ ငွေကြေးအခြေအနေက ခက်ခဲသည်။ သူမ၏ ယောက္ခမတွေကကျန်းထျန်အတွက် ပစ္စည်းချန်ခဲ့သည်ဆိုတာသိလျှင်သူမက ပြန်ပေးလိုမည်မဟုတ်ပေ။
ဒုတိယအနေနှင့် ဒီကိစ္စက တကယ်ရှက်စရာကောင်းသည်။ သူမယောက္ခမတွေက ငွေတွေက်ိုသူတို့သားတွေသမီးတွေကို မပေးခဲ့ဘဲ သူတို့မိသားစုနှစ်စုကိုကျော်ကာလက်ထပ်ပြီးသား မြေးဖြစ်သူကိုပေးခဲ့သည်။ မသိသူတွေက သူတို့အမှားတစ်ခုခုလုပ်ထားသည်ဟုတွေးကြလိမ့်မည်။
ဟွမ်ယွီရှားက အမွေစာအုပ်ကိစ္စကြောင့် ကျန်းထျန်၏ အဘွားကျောက်ရှန်းချင်ကိုမုန်းသည်။
ကျောက်ရှန်းချင်က ဒီနှစ်ထဲဖြစ်ခဲ့သည့်ကိစ္စများကို မကျေမနပ်ဖြစ်ပြီး သူမယောက္ခထီးဖြစ်သူကို တိုက်တွန်းခဲ့သောကြောင့် သူကမိသားစုအစား လက်ထပ်ပြီးသားမြေးဖြစ်သူကို ပေးခဲ့သည်ဟု ဟွမ်ယွီရှား ထင်နေသည်။
ဒါကသူတို့ကို မသေမချင်း အလွတ်ပေးမှာမဟုတ်ဘူး။
ဟွမ်ယွီရှားက ဒေါသကြောင့် သွားများပင်တုန်လာသည်။
သူမယောက္ခမများ၏ စုငွေကအတော်များပြီး သူတို့ကအရမ်းစစ်စီသည်။ သူတို့မြေးဖြစ်သူ ကျန်းထျန်အပေါ်ကြင်နာသည်မှလွဲ၍ သူမမိသားစုနှင့် သူမယောက်မမိသားစုများလည်း သူတို့ထံမှမည်သည်ကိုမှမရခဲ့ပေ။
နှစ်ပေါင်းသုံးဆယ်လေး ဆယ်လစာ အပိုငွေတွေကပေါင်းလိုက်လျှင် ယွမ်တစ်သောင်းလောက်ရှိမည်။
ပြောစရာမလိုဘဲ သူမယောက္ခထီးက ကိုယ်ပ်ိုင်စီးပွားရေးလုပ်ငန်းအသေးစားလုပ်ခဲ့သည်မလို့ သူ့လက်ထဲတွင် ငွေအမြောက်အများရှိကြောင်း သူမ သိထားသည်။
ဒါပေမယ့် ငွေပမာဏအများကြီးက မိန်းကလေးတစ်ယောက်၏ လက်ထဲတွင်ဖြစ်သည့်အတွက် ဟွမ်ယွီရှားက လက်မခံနိုင်ပေ။ ဒါကြောင့် သူမ ကျန်းထျန်ကို ခေါ်ပြီးရှင်းပြရန် တွေးလိုက်ခြင်းဖြစ်သည်။
"အမေ၊ ကျွန်မအမေက အပြင်လူမဟုတ်ပါဘူး။ အမေပြောချင်တာပြောလို့ရပါတယ်။ ဒါမှမဟုတ် ပြောလို့မရတဲ့ကိစ္စလား?ကျွန်မတို့ အခြားသူတွေကိုပြန်ပြောမှာစိုးရိမ်လို့လား?" ကျန်းထျန်က ထွက်မသွားစေချင်သောကြောင့်ရွှီကျင်းဖန်ပုခုံးကို ဖက်လိုက်သည်။
ရွှီကျင်းဖန်က ကျန်းထျန်၏ လက်ကိုပုတ်လိုက်သည်။
"မပူပါနဲ့အမေ ဘယ်မှမသွားပါဘူး။"
ထိုနှစ်ယောက်က သားအမိရင်းလိုဖြစ်နေသည့်အတွက်ဟွမ်ယွီရှားက မျက်မှောင်ကြုတ်မိသည်။ သူမကအနည်းငယ် စိတ်မသက်မသာဖြစ်မိပေမယ့် သူမကရွှီကျင်းဖန်နှင့် ကျန်းထျန်ကြားက ကောင်းမွန်သောဆက်ဆံရေးအကြောင်းကို ပို၍စိတ်ဝင်စားနေသည်။ ဒါက ကျန်းထျန် ရွှီကျင်းဖန်ကို သူမယောက္ခမတွေထားခဲ့တဲ့ အမွေစာအုပ်အကြောင်းပြောထားခဲ့တာကြောင့်လား?
သူမ မသိထားတာက ကျောက်ရှန်းချင် မလှုပ်နိုင်မကိုင်နိုင်မဖြစ်ခင်ကပင် သူမက အမွေစာအုပ်အကြောင်းရွှီကျင်းဖန်ကို ပြောထားပြီးဖြစ်သည်ဆိုတာကို ဖြစ်သည်။
ကျောင်ရှန်းချင်၏ အမြင်တွင် သူမယောက္ခမဖြစ်မည့်ရွှီကျင်းဖန်က အိမ်မှာရှိသော နှစ်ယောက်ထက် ပိုသင့်တော်မည်ဟု ထင်ခဲ့သည်။
ဒီကိစ္စနှင့်ပတ်သက်ပြီး ဟွမ်ယွီရှားက နှစ်စက္ကန့်လောက်ငြိမ်သက်နေပြီးနောက် ပြောလိုက်သည်။ "ကျန်းထျန် သမီးက လက်ထပ်ပြီးသားသူမလို့ မိသားစုအမွေတွေ ယူထားတာ မသင့်တော်ဘူး။ သမီးအဘိုးအဘွားတွေကသမီးကိုချစ်တယ်ဆိုပေမယ့် သမီးက အရှက်မရှိဘဲသမီးအစ်ကိုကြီးရဲ့ပစ္စည်းတွေကို ယူထားလို့မရဘူး။သမီးအမွေစာအုပ်ကို အမေတို့မိသားစုကိုပြန်ပေးသင့်တယ်။"
ကျန်းထျန်က ပျင်းရိစွာမျက်လုံးကို ထက်ဝက်ဖွင့်လိုက်ပြီးဟွမ်ယွီရှားကို မေးလိုက်သည်။ "အမေ သမီးက လက်ထပ်ပြီးသားသူဆိုတာသ်ိရက်နဲ့ ဘာလို့သမီးဆီက ငွေတောင်းနေတာလဲ?"
"ပြီးတော့ အဘိုးအဘွားတွေက သမီးကိုချစ်လို့ပစ္စည်းတွေပေးခဲ့တာလည်း အမေသိတယ်။ ဒါတွေက သမီးအဘိုးအဘွားတွေ ပေးခဲ့တာလေ အမေပေးခဲ့တာမဟုတ်ဘူး။ ဘာလို့အမေက ပြန်တောင်းနေတာလဲ?"
"ပြီးတော့ သမီးက ဘယ်လိုပြန်ပေးရမှာလဲ?အမွေစာအုပ်ကို ရှင်းမင်ပွဲတော်မှာ မီးရှိူ့လိုက်ရမှာလား?"
"ပြန်ပြောရမယ်ဆိုရင် အမေ ခုနက ဒီပစ္စည်းတွေကအဘိုးအဘွားတွေဟာလ်ို့ ပြောတယ် ခဏကြာတော့အစ်ကိုကြီးပိုင်တာလို့ပြောပြန်တယ်။ အမေ့စကားတွေကိုအမေကိုယ်တ်ိုင်တောင် မရှင်းလင်းနေဘူး။ အမေနဲ့စကားပြောရတာ စာမေးပွဲဖြေနေရသလိုပဲဆိုတာသိရဲ့လား? မေးခွန်းရဲ့အဓိပ္ပါယ်ကို အရင်နားလည်ဖို့လိုတယ်မလား?"
ဟွမ်ယွီရှား ကျန်းထျန်ကို မယုံနိုင်စွာကြည့်လိုက်သည်။
မီထောင်က ကျန်းထျန်က စကားပြောကောင်းတယ်ပြောတာ သူမကြားခဲ့ပေမယ့် ယခု သူမကျန်းထျန်နှင့်စကားပြောရသည့်အခါ သူမ ပါးစပ်ကိုအပ်နှင့်ချုပ်ထားသည့်သူကဲ့သို့ဖြစ်နေကာ သူမပြောသွားသော စကားသုံးခွန်းတွင် တစ်ခုကိုမှ မဖြေနိုင်ခဲ့ပါ။
ဒီတစ်ခါ သူမ အတွေ့အကြုံရသွားပြီဖြစ်သည်။
"ကျန်းထျန် အမေက သမီးအမေနော်!" ဟွမ်ယွီရှား စိတ်မထိန်းန်ိုင်တော့ဘဲ ကျန်းထျန်ကို လက်ညှိုးထိုးကာပြောလိုက်သည်။ အဆုံးမှာ သူမက အကြီးဆိုသည့်အရာကိုအသုံးချကာ သူမကိုဖိအားပေးရန်လုပ်လိုက်သည်။
ရွှီကျင်းဖန်က သူမကိုကြည့်ပြီး ပြောလိုက်သည်။ "တိုက်ဆိုင်လိုက်တာ!ကျွန်မလည်း ထျန်ထျန်ရဲ့အမေပဲ။"
ဟွမ်ယွီရှား - "..."
သူ့အားပေးမှုနှင့် ကျန်းထျန်က ရင်ကိုမတ်လိုက်ကာခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ ဒါက သမီးအမေပဲ။"
ဟွမ်ယွီရှား မျက်နှာက ရဲသွားကာ သူမက စိတ်ထဲမှကျိန်ဆဲလိုက်သည်။ "လက်ထပ်ပြီးသားမိန်းကလေးက မှောက်ကျသွားတဲ့ရေလိုပဲ။ သူ့တံတောင်ဆစ်ကလည်း သဘာဝအလျောက်အပြင်ဘက်က်ိုပဲ ကွေးတယ်။"
"နင်ကတော့!"
ဟွမ်ယွီရှား၏ ရင်ဘတ်က အဆက်မပြတ်နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။ သူမ ဒီသားအမိ သူမကိုပြန်ခံကာပြောနေသောကြောင့် မူးနောက်လာသလို ခံစားလာရသည်။ ဟွမ်ယွီရှား အံကြိတ်ကာပြောလိုက်သည်။
"အမေအမှန်ကို ပြောပြပါ့မယ်။ သမီးအဘိုးအဘွားတွေရဲ့အမွေစာအုပ်ကိုပေးပါ ဒါဆိုအမေသမီးကိုအဲ့ဒီပစ္စည်းပေးမယ်။"
ကျန်းထျန် စိတ်ရှုပ်စွာမျက်မှောင်ကြုတ်လိုက်သည်။
ဘာလဲ?
တကယ်လို့အဘိုးအဘွားတွေက မူလခန္ဓာက်ိုယ်ပိုင်ရှင်အတွက် တစ်ခုခုပေးမယ်ဆိုရင် ကျန်းကျင်းမင်နဲ့ဟွမ်ယွီရှားကနေ တစ်ဆင့်ပေးပါ့မလား?
ကျန်းထျန်က တည်ငြိမ်စွာ မေးခွန်းအနည်းငယ်မေးရန်အရင် ဆုံးဖြတ်လိုက်သည်။ "အဲ့ဒါကဘာလဲ? သမီးအဘိုးအဘွားတွေက သမီးအတွက်ထားခဲ့တာလား?"
သူမက မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အဘိုးအဘွားတွေ ထားခဲ့တဲ့အမွေစာအုပ်ကို ထိမှာမဟုတ်ဘူး တကယ်လို့ထိခဲ့ရင်လည်း ကျန်းမိသားစုက လူတွေကိုပေးဖို့မဖြစ်နိုင်ဘူး။
ဟွမ်ယွီရှားက ကျန်းထျန် အပေးအယူကိုနားလည်သွားတာမြင်တော့ ခေါင်းမော့ကာပြောလိုက်သည်။ "အမွေစာအုပ်ကိုအရင်ပေးပါ ဒါဆိုဘယ်ပစ္စည်းလဲဆိုတာ အမေပြောပြမယ်။"
"မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် သမီးအဘိုးအဘွားတွေ ချန်ခဲ့တဲ့ဟာမဟုတ်လို့ မလိုချင်ပါဘူး။"
ကျန်းထျန်က ရွှီကျင်းဖန်၏ ပုခုံးကိုမှီပြီး သူမကိုပြောလိုက်သည်။ "လောဘမကြီးပါနဲ့အမေ။ သမီးကအဘိုးအဘွားတွေဆီက တစ်ခုယူထားပြီလေ။ နောက်တစ်ခု ထပ်မယူသင့်ဘူးလို့ မထင်ဘူးလား?"
ရွှီကျင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်"
ဟွမ်ယွီရှား - "..." ဒါက စကားဝိုင်းကို အဆုံးသတ်သွားစေသည်။
"မဟုတ်ဘူး!ဒါက သမီးအဘိုးအဘွားတွေ သမီးအတွက်ချန်ခဲ့တာပါ။"ဟွမ်ယွီရှား စိတ်ရှုပ်စွာပြောလိုက်သည်။
ကျန်းထျန်က ဟွမ်ယွီရှားစကားကို ဖြတ်ပြောလိုက်သည်။ "ဒါကသမီးအတွက် ချန်ခဲ့တာဆိုရင် ဘာလို့အမေ့ဆီမှာရှိနေရတာလဲ? ဘာလို့သမီးက အဲ့တာအတွက်အပေးအယူ လုပ်ရမှာလဲ?"
သူမ ပြောနေရင်းတစ်ခုခုနားလည်သွားသည်။ "သမီးသိပြီ အမေ သမီးအဘိုးအဘွား သမီးအတွက်ထားခဲ့တဲ့ပစ္စည်းကို ခိုးထားတာလား?"
"ဟုတ်တယ်မလား?"
ဒါကိုကြားတော့ရွှီကျင်းဖန် မျက်မှောင်ကြုတ်လိုက်သည်။ သူမက မလုံမလဲဖြစ်နေသည့် ဟွမ်ယွီရှားကိုကြည့်လိုက်သည်။ သေချာပေါက် ထျန်ထျန် ခန့်မှန်းတာမှန်နေသည်ဟု သူမ သိလိုက်သည်။
"ညီမက ဦးလေးကျန်းနဲ့ အဒေါ်ကျောက် ထျန်ထျန်အတွက် ထားခဲ့တဲ့ပစ္စည်းကို ယူထားတာလား?" ဟွမ်ယွီရှားက အမွေစာအုပ်အတွက် ဒီကိစ္စက်ိုထုတ်ပြောလာတာမလို့ စာအုပ်က ဘယ်လောက်အရေးပါသည်ဆိုတာသိသာသည်။
ဦးလေးကျန်းရဲ့သားနဲ့ ချွေးမက တကယ်ပဲသူတို့ဦးနှောက်တွေက်ို ကော်နဲ့အကပ်ခံရထားတာပဲ။
တကယ်လို့ ဟွမ်ယွီရှားက ဒီမေးခွန်းမျိူးကို အခြားသူဆီကမေးခံရမည်ဆိုလျှင် သူမ လက်နှင့်ရိုက်မိမည်ဆိုပေမယ့် ဒီလူကရွှီကျင်းဖန်ဖြစ်နေသည်။ ပြီးတော့ရွှီကျင်းဖန်က တေလေဂျပိုးကောင်လေးကို သင်ခန်းစာပေးလိုက်သည်ကို သူမမျက်စိနှင့် မြင်တွေ့ထားရသည့်အတွက်သူမက သူ့ကိုမထိရဲပေ။
"ကျွန်မ မယူထားပါဘူး။" ဟွမ်ယွီရှား စိတ်ထဲမှတွေးလိုက်သည်။သူမ မယူထားပေမယ့် မီထောင်က သူမအဘိုးဆုံးသည့်နေ့က တိတ်တဆိတ် ယူထားလိုက်ခြင်းဖြစ်သည်။
ဟွမ်ယွီရှား ပြောလိုက်သည်။ "ကျွန်မက ကျွန်မသခင်မလေးက အလွန်အကျွံသုံးမိမှာစိုးလို့ သူ့အတွက်အရင်သိမ်းပေးထားတာပါ။"
ရွှီကျင်းဖန်၏ မျက်နှာက အေးစက်နေသည်။ ဒါကဖြစ်နိုင်ချေရှိမရှိ လူတိုင်းသိနိုင်သည်။
ရွှီကျင်းဖန် လေသံမာမာနှင့်မေးလိုက်သည်။ "အဲ့တော့ ပစ္စည်းက ဘယ်မှာလဲ?"
ဟွမ်ယွီရှား ပြောလိုက်သည်။ "ဒီအတိုင်းလွယ်လွယ်နဲ့မပေးနိုင်ဘူး။"
ဒါကသူမတို့၏ နောက်ဆုံးပစ္စည်းဖြစ်ပြီး မိသားစုအကြီးအကဲတွေက သူတို့ကို ဒါကိုမထိရန်အကြိမ်ကြိမ်သတိပေးထားသည်။
"ဘာလိုချင်တာလဲ?" ရွှီကျင်းဖန်က ထပ်ပြောလိုက်သည်။
"အရင်ဆုံးစဉ်းစားကြည့်။ ညီမက အဲ့ဒီပစ္စည်းနဲ့အပေးအယူ လုပ်နေတယ်ဆိုတော့ ဒါကညီမအတွက်အသုံးမဝင်လို့ပဲ။ ညီမသာဆိုရင် အသုံးမဝင်တဲ့ပစ္စည်းအတွက် အဒေါ်ကျောက်ရဲ့အမွေစာအုပ်နဲ့လဲမှာလား?"
ရွှီကျင်းဖန်က ကျန်းထျန်၏ လက်ကိုဆုပ်ကိုင်ထားသည်။
ဟွမ်ယွီရှားက နောက်ဆုံးမှာတော့ ဂဏန်းတစ်ခုပြောလိုက်သည်။
"ငါးထောင်!"
"အဲ့ထက်လျော့လို့မရဘူး။ ကျွန်မတို့မိသားစုက သားအကြီးဆုံးအိမ်ဆောက်ဖို့ မြေကွက်ဝယ်ရမယ်။ ငါးထောင်ထက် နည်းလို့မရဘူး။"
ရွှီကျင်းဖန်က ကျောက်စားပွဲကိုလက်ဖြင့် ခေါက်လိုက်ရာအသံမြည်သွားသည်။ ခဏကြာတော့ သူမ ဟွမ်ယွီရှားကို ကြည့်လိုက်သည်။ "ဒါက အလုပ်မဖြစ်ဘူးဆိုတဲ့ သဘောလား?"
ဟွမ်ယွီရှားက အရှုံးမပေးပေ။ "ငါးထောင်!"ဆရာကြီးပြောတာတော့ အဲ့ဒီအရာက ပေါ့လွန်းတာမလို့အထဲမှာဘာမှရှိမှာမဟုတ်ဘူး။ ပိုက်ဆံလိုချင်တယ်ဆိုရင် ပမာဏနည်းနည်းပဲရမှာဖြစ်ပြီး နည်းတယ်လို့ပြောလို့မရဘူးတဲ့။
"ကျွန်မကို ငတုံးလို့ ထင်နေတာလား?" ရွှီကျင်းဖန်က သူမစိတ်ထဲမှတွေးလိုက်သည်။ သူတို့ကငွေငါးထောင်တောင်းတယ်။ ဒါကစုပေါင်းလက်မှတ်ငါးရာပဲ။
အလုပ်ရုံက သက်တမ်းရှည် အလုပ်သမားတွေ ဆယ်နှစ်ကျော် မစားမသောက်ဘဲ စုရမယ့်ပိုက်ဆံတွေပဲ။ "ဘယ်လိုအိမ်မျိုးဆောက်တာက ငါးထောင်ကုန်မှာလဲ?"
ရွှီကျင်းဖန်က ကျောက်စားပွဲကိုရိုက်လိုက်သည်။ "ညီမအိမ်မှာ အလုပ်လုပ်နေတဲ့သူ ခြောက်ယောက်ခုနစ်ယောက်ရှိပြီး အိမ်ဆောက်ဖို့ ပိုက်ဆံအလုံအလောက်မရဘူးလား?"
ဟွမ်ယွီရှား ပြောလိုက်သည်။ "ဒါကိုမပြောချင်ဘူး။"
သူမက ကျန်းထျန်ဘက်လှည့်ကာပြောလိုက်သည်။ "ရှောင်စန်း အမေ့ကို ပေးမှာလားမပေးဘူးလား?"
သူမ စိတ်ရှုပ်စွာပြောလိုက်သည်။ "ဒါက သမီးအဘိုးအဘွားတွေ သမီးအတွက် ချန်ခဲ့တဲပစ္စည်းနော်!"
ကျန်းထျန်၏ မျက်နှာက စိတ်လှုပ်ရှားပုံမပေါ်ဘဲတည်ငြိမ်နေသည်။ "သမီးက ဒါကိုအရင်ကလည်းမသိသလို အရင်ကရှိလည်းမရှိခဲ့ဘူး။ ဒါပေမယ့် အဆင်ပြေပြေနေရတယ်လေ။ ဒါက အရေးမကြီးဘူးဆိုတာ သိသာနေတာပဲ။"
"သမီး အမေပြောတဲ့စကားနားထောင်မယ်။ အမေပြောသလိုလုပ်မယ်။"
ကျန်းထျန်က ရွှီကျင်းဖန်အပေါ် မှီခိုနေသည့်ပုံပေါ်နေသည်။
"အမေ့စကားနားထောင်တယ်ဆိုရင် အမေပြန်ပေးဖို့ပြောတာကို ဘာလို့နားမထောင်တာလဲ" ဟွမ်ယွီရှားက နှုတ်မှရုတ်တရက်ထွက်တော့မလိုဖြစ်သွားပေမယ့် သမီးယောက္ခမနှစ်ယောက်က သားအမိအရင်းကဲ့သ်ို့ ချစ်နေသည့်မြင်ကွင်းကို မြင်လိုက်ရသည်။
ဟွမ်ယွီရှား အသက်ရှူကြပ်သွားသည်။
သူမက ကျန်းထျန်အမေရင်းဟူသည့် အမည်ခံသာရှ်ိသည်။ သူမငယ်စဉ်ကလည်း ဘယ်လိုပဲချော့ချော့ သူမရင်ထဲမရောက်နိုင်ခဲ့ပေ။ ဒါပေမယ့်ရွှီကျင်းဖန်ကတကယ်တော်သည်။ နှစ်ဝက်သာရှိသေးပေမယ့် သူတို့ကသားအမိရင်းကဲ့သို့ ဖြစ်နေကြသည်။
အမွေစာအုပ်က ရွှီကျင်းဖန်လက်ထဲတောင် ရောက်နေပြီလားမသိဘူး!
ဟွမ်ယွီရှားက မနာလိုကာ အလိုမကျဖြစ်နေသည်။သူမမိသားစုရဲ့ငွေတွေက လက်ထပ်ပြီးသားသမီးထံမှာ ဖြစ်ပြီး အခြားတစ်ယောက်၏ အိတ်ထဲရောက်နေသည်။ကျောက်ရှန်းချင်က လှည့်ကွက်ကောင်းကောင်းသုံးသွားသည်။
"လေးထောင်! အဲ့ထက်လျော့လို့မရတော့ဘူး။" ဟွမ်ယွီရှား ရင်ထဲတွင်သွေးထွက်လာသလိုပင် ခံစားရသည်။ တစ်ထောင်လျော့သွားပြီဖြစ်သည်။
ရွှီကျင်းဖန်က ပြောလိုက်သည်။ "သုံးထောင်!"
ဟွမ်ယွီရှားက ပြန်ပြောသည်။ "လေးထောင်!"
ရွှီကျင်းဖန် - "နှစ်ထောင်"
ဟွမ်ယွီရှား လက်သီးဆုပ်လိုက်ပြီး အရာအားလုံးလစ်လျူရှုကာ သူမမျက်နှာကို ပြေးထိုးလိုက်ချင်နေသည်။
"သုံးထောင့်ငါးရာ! အဲ့ထက်လျော့လို့ မရတော့ဘူး" ဟွမ်ယွီရှားက မျက်ဝန်းနီများနှင့် ကြည့်လိုက်သည်။
"မဟုတ်ဘူးဆိုရင် အဲ့ဒီပစ္စည်းကို ဖျက်စီးပစ်တော့မယ်။"
ဟွမ်ယွီရှားက နောက်ဆုံးအဆင့်ထိ လျော့လိုက်တာမြင်တော့ရွှီကျင်းဖန်က ကျန်းထျန်ကိုငုံ့၍ မေးလိုက်သည်။
ကျန်းထျန်က ခေါင်းငြိမ့်ကာပြောလိုက်သည်။ "သုံးထောင့်ငါးရာက အဆင်ပြေပါတယ်။ ဒါပေမယ့် ဘာပစ္စည်းလဲအရင်ကြည့်ချင်တယ်။"
ဟွမ်ယွီရှားက သူတို့ကိုစိတ်တိုစွာကြည့်ကာ အိမ်ထဲဝင်သွားပြီးလက်ထဲတွင် အညိုရောင်သစ်သားသေတ္တာတစ်ခုကိုင်လာကာ ကျောက်စားပွဲပေါ် ပစ်ချလိုက်သည်။ "ဒီပစ္စည်းပဲ။"
ဟွမ်ယွီရှားက ငါးထောင်မှ သုံးထောင့်ငါးရာဖြစ်သွားသည်ကို တွေးကာ ပို၍ရင်နာလာသည်။ ဒါကဓားပြတိုက်တာပဲ!
ကျန်းထျန်က သစ်သားသေတ္တာကို ရွှီကျင်းဖန်အနီးသို့ရွှေ့ကာ သေသေချာချာ ကြည့်လိုက်သည်။