အခန်း(၈၃)
Vol. 7 Ch. 83
ကျန်းထျန်က ကျန်းမိသားစုထံမှ ဘယ်လိုထွက်လာခဲ့သည်ဆိုတာ မမှတ်မိတော့ပေ။
သူမကျန်းမိသားစုအိမ်က ထွက်လာစဉ် အပြင်ဘက်ပတ်ဝန်းကျင်မှသူများက သူမအနီးတွင် ဝိုင်းနေကြသည်ကိုသာ မှတ်မိသည်။
အိမ်ထဲမှ တစ်ယောက်ယောက် ထွက်လာတာ မြင်သည်နှင့် သူမအနီး ဝန်းရံလာကြကာ အထဲတွင်ဖြစ်ခဲ့သည့်ကိစ္စများအကြောင်း လာမေးကြသည်။
အဆုံးမှာတော့ ကျန်းကောရှန်က သူတို့ကိုနှင်ထုတ်ကာသူမတို့နှစ်ယောက်ကို သွားခိုင်းလိုက်ပုံရသည်။
ဆေးရုံမှ သစ်သားခုံတန်းရှည်တွင် ထိုင်ကာ ကျန်းထျန်က မျက်လုံးကို ပိတ်ထားပြီး မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဉာဏ်များက သူမမျက်လုံးထဲ အဆက်မပြတ်ပေါ်လာနေသည်။
ရွှီကျင်းဖန်က သူမစာရင်းသွင်းရန်သွားစဉ် ကျန်းထျန်ကိုဂရုစိုက်ပေးဖို့ သူနာပြုကို မှာခဲ့သည်။ ထို့နောက် သူမက အသိစိတ်လွတ်နေသော ကျန်းထျန်ကို ဆရာဝန်ထံခေါ်သွားခဲ့သည်။
ဆေးရုံမှဆရာဝန်က ကျန်းထျန်၏ ဖြူဖျော့နေသောမျက်နှာကိုကြည့်ကာ လက်မောင်းကိုကိုင်ကြည့်လိုက်ပြီးရွှီကျင်းဖန်ကို ပြောလိုက်သည်။
"သူမ လက်က နည်းနည်းအဆစ်လွဲသွားတယ်။အလေးအပင်တွေ မ မတာအကောင်းဆုံးပဲ။ ဒဏ်ရာကပြင်းထန်တယ်ယ်။ ပြန်မကောင်းခင်ထိ တော်တော်မသက်မသာဖြစ်လိမ့်မယ်။ တူတွေပန်းကန်လုံးတွေတောင် ကိုင်နိုင်မှာ မဟုတ်ဘူး။ နောက်ရက်တွေမှာ သူမကိုခွံ့ကျွေးဖို့ လူတစ်ယောက်လိုတယ်။"
ထိုသို့ပြောပြီးဆရာဝန်က အနည်းငယ် စပ်စုလိုက်သည်။
"သူမ ဘာလုပ်ခဲ့တာလဲ? ထင်းတွေ အများကြီးခွဲလိုက်တာနဲ့လည်းမတူဘူး။ သူမ ကျောက်တုံးခွဲထားသလိုမျိုး ဒဏ်ရာက အရမ်းပြင်းတယ်။"
ရွှီကျင်းဖန်ကပြောလိုက်သည်။ "သူမ နည်းနည်း သတိလက်လွတ်ဖြစ်သွားပြီး ထင်းခွဲလိုက်တာ နေရာမှားသွားလို့ပါ။"
သူမက ကျန်းထျန်ကိုဖက်ကာ ကျောကိုဖွဖွလေး ပုတ်လိုက်သည်။ "ဒါဆို ကျွန်မရဲ့ထျန်ထျန် ပုံမှန်လိုပြန်ဖြစ်ဖို့ ဆရာ့ကိုအားကိုးပါရစေ။"
ဆရာဝန်ကြီးက လက်အိတ်စွပ်လိုက်ပြီး လက်တစ်ဖက်နှင့် ကျန်းထျန်၏ လက်မောင်းကိုက်ိုင်ကာ နောက်တစ်ဖက်နှင့် ပုခုံးကိုင်လိုက်ပြီး အရှေ့အနောက်လှည့်လိုက်တော့အသံတစ်ခု ပေါ်လာသည်။ ဆရာဝန်က နောက်လက်တစ်ဖက်ကိုလည်း ထိုအတ်ိုင်းလုပ်လိုက်ပြီး ခုံတွင်ထိုင်ကာ ဆေးစာရေးပေးလိုက်သည်။ "ဒဏ်ရာကပ်တဲ့ ပလာစတာနည်းနည်းနဲ့ နှစ်ရက်စာ အရောင်လျော့ဆေးတွေ ယူသွားလိုက်ပါ။"
ရွှီကျင်းဖန်က ကျန်းထျန်ကိုခေါ်ပြီး ဆေးသွားယူကာ ငွေရှင်းလိုက်သည်။ ဆေးရုံမှထွက်လာပြီးနောက် ရွှီကျင်းဖန်က ကျန်းကျင်းမင် စကားများကို ပြန်သတိရကာ အနည်းငယ် စိုးရိမ်သွားသည်။ သူမ ကျန်းထျန်ကို အမှတ်၁မြို့နယ် အလယ်တန်းကျောင်းဆီ ခေါ်သွားကာကုလျန်မင်ကိုပါ အိမ်အတူပြန်ရန် သွားခေါ်လိုက်သည်။
ကုလျန်မင်က ကျောင်းမှထွက်လာချိန် ကျန်းထျန်၏ နာကျင်မှုနှင့် ဖြူဖျော့နေသည့်မျက်နှာကိုမြင်တော့ မေးလိုက်သည်။ "အမေ ယောက်မ ဘာဖြစ်သွားတာလဲ?"
ရွှီကျင်းဖန် သက်ပြင်းချလိုက်သည်။ "ဒါက ဇာတ်လမ်းအရှည်ကြီးပဲ။ ရှောင်းမင် ဆရာ့ကိုရက်နည်းနည်းလောက် ခွင့်တိုင်လိုက်ပါ။ ရှောင်းဝူနဲ့ရှောင်းလျိုရောပဲ။ ပြန်တဲ့လမ်းမှာ သူတို့ကိုအဖွဲ့အစည်းကနေသွားကြိုပြီး အိမ်ခေါ်သွားရမယ်။ မြန်မြန်လုပ်"
ကုလျန်မင်၏ မျက်နှာက တည်သွားသည်။ ဘာဖြစ်ခဲ့တယ်ဆိုတာ သူမ မသိပေမယ့် သူမအမေ ဒီလိုဖြစ်နေပုံအရဆိုရင် ကိစ္စကြီးတစ်ခုဖြစ်မည်။ သူမအမေကအမြဲတမ်း သူမတို့မောင်နှမတွေရဲ့ ပညာရေးကိုအလေးပေးပြီး နေမကောင်းသည်မှလွဲ၍ ခွင့်မယူခိုင်းပေ။
အဖွဲ့အစည်းမှဖွင့်ထားသော မူလတန်းကျောင်းကိုရောက်သောအခါ ကုလျန်မင်က ပဥ္စမကလေးနှင့်ဆဌမကလေးကို သွားခေါ်ကာ ဆရာ့ကို သူတို့ကအိမ်မှာပဲစာသင်မှာဖြစ်ပြီး လဝက်စာမေးပွဲနဲ့ နောက်ဆုံးစာမေးပွဲကလွဲပြီး ကျန်သောရက်များအတွက် ခွင့်တိုင်ခဲ့သည်။
ထိုအချ်ိန်က နယ်ရောမြို့ကပါ ပညာရေးကိုသိပ်ဂရုမစိုက်ကြဘဲ ကျောင်းသားတွေက အတန်းလစ်ကာ ခွင့်တင်လေ့ရှိကြသည်။ ဆရာများက ယခင်နှစ်အခြေအနေများကြောင့် ထိတ်လန့်ကာမျက်ကန်းဖြစ်ခဲ့ရသည်။
အထူးသဖြင့် တပ်မဟာများနှင့် အဖွဲ့အစည်းများ၏ မူလတန်းကျောင်းများတွင် ကျောင်းသားများက စာသင်နှစ်တစ်နှစ်လုံး မမြင်ရဘဲ လဝက်စာမေးပွဲနှင့် နောက်ဆုံးစာမေးပွဲရလဒ်များ ထွက်လာတော့မှ မမြင်ဖူးသောသူများ၏ နာမည်ကိုမြင်ရသော ဖြစ်စဉ်များရှိသည်။
ကျန်းကျင်းမင်က သတင်းဖြန့်မယ်ဆိုရင်တောင် ဒီလောက်မမြန်နိုင်ဟု တွေးကာ ရွှီကျင်းဖန်က ကျန်းထျန်၏ ကျန်းမာရေးက်ိုစိတ်ပူနေသည်။ သူမက ကုလျန်မင်၊ရှောင်းဝူနှင့် ရှောင်းလျိုကို အိမ်သို့မြန်မြန်သွားခိုင်းလိုက်ကာ သူမ ကျန်းထျန်ကို အသင်းဆီ မြန်မြန်ခေါ်လာခဲ့သည်။
သူမ ဒီနေ့အလုပ်မသွားတာမလို့ ကုလျန်ရွှမ်က အမွှာနှစ်ယောက်ကိုခြံထဲခေါ်လာကာ ပြန်လည်ကျန်းမာလာစေရန် ကြိုးစားနေရင်း သူတို့က်ိုဂရုစိုက်နေသည်။
တံခါးမှလှုပ်ရှားမှုတွေ မြင်လိုက်ရတော့ နံရံတွင်မှီထားသောချိုင်းထောက်ကို ယူကာ တံခါးအနီးထွက်လာခဲ့သည်။
တံခါးက တွန်းဖွင့်ခံလိုက်ရပြီး ကုလျန်ရွှမ် ဘာမှမပြောနိုင်သေးခင်မှာပင် သူက စိတ်မကောင်းသည့်ပုံဖြစ်နေသောရွှီကျင်းဖန်နှင့် နာကျင်မှုနှင့်ဖြူဖျော့နေသော ကျန်းထျန်ကို တွေ့လိုက်ရသည်။
"အမေ ကျန်းထျန် ဘာဖြစ်လာတာလဲ?" ကုလျန်ရွှမ်က သူ့ချိုင်းထောက်ကိုလွှင့်ပစ်ကာ ကျန်းထျန်ထံ ပြေးလာခဲ့သည်။
ကျန်းထျန်က သူမလက်မှနာကျင်မှုကြောင့် စက်ဘီးပေါ်မှဆင်းကာ ကုလျန်ရွှမ်ကို မှီလိုက်သည်။ ကုလျန်ရွှမ်ကကျန်းထျန်၏ နဖူးကချွေးပြန်နေပြီး သူမဆံပင်များကသူမပါးတွင် ကပ်နေသည်ကို မြင်လိုက်ရသည်။
ရွှီကျင်းဖန်က လက်မြှောက်ကာ မျက်လုံးထောင့်ကိုသုတ်လိုက်သည်။ "လျန်ရွှမ် ထျန်ထျန်ကို အရင်အိမ်ထဲခေါ်သွားခိုင်းပြီး လှဲခိုင်းလိုက်။ အမေ ရှောင်းမင်ကိုခေါ်လိုက်ပြီး အမေတို့ ရှန်းလီကို မြို့ပေါ်က ရှို့ရှန်က်ိုခေါ်လို့ရမလား မေးလိုက်မယ်။"
ရွှီကျင်းဖန် စကားပြောပြီးသည်နှင့် စက်ဘီးကိုလှည့်ကာထွက်သွားတော့သည်။
ကုလျန်ရွှမ် မေးရန်အချိန်ပင် မရလိုက်ပေ။
သူက ကျန်းထျန်ကိုတွဲကာ ခြေတစ်ဖက်ကို အားပြုပြီးနောက်တစ်ဖက်ကိုဆွဲကာ အရှေ့ခန်းကိုသွားပြီး အမွှာနှစ်ယောက်ကိုလည်း ပြန်လှည့်ကြည့်လိုက်ကာ အခန်းတံခါးဖွင့်လျက် ကျန်းထျန်ကိို အိပ်ယာပေါ်တင်လိုက်သည်။
"ကျန်းထျန် ဒီကနေ ဘယ်မှမသွားနဲ့။ ကိုယ် ရေသွားယူပေးမယ်။" ကုလျန်ရွှမ်က ကျန်းထျန်၏ မျက်နှာမှချွေးများကိုတဘက်ဖြင့် သုတ်ကာ သူမကိုညွှန်ကြားချက်အနည်းငယ်ပေးလိုက်ပြီး ခြံဝင်းထဲသွားကာ အမွှာနှစ်ယောက်က်ို အိမ်ထဲခေါ်ပြီး နောက်ဘက်မှရေတွင်းသို့သွားကာ ရေဇလုံထက်ဝက် ရေခပ်လိုက်ပြီး မီးဖိုထဲမှရေနွေးအနည်းငယ်ရောကာ ယူလာခဲ့သည်။
"ကျန်းထျန် ကိုယ်ပြောတာကြားရလား?"
ကုလျန်ရွှမ်က ကျန်းထျန်၏ လက်နှင့်မျက်နှာကို ရေစိုဝတ်နှင့်သုတ်ပေးနေရင်း သူမနာမည်ကိုခေါ်နေသည်။
ကျန်းထျန်၏ ဖြူဖျော့နေသောမျက်နှာနှင့် သုတ်၍မကုန်နိုင်သော ချွေးစေးများကိုကြည့်ကာ ကုလျန်ရွှမ် ရင်ထဲနာကျင်လာသည်။
သူသာ စောစောကြိုသိခဲ့လျှင် ကျန်းထျန်နှင့် မြို့ကိုအတူလိုက်သွားမည်ဖြစ်သည်။
ခြံတံခါးက ပွင့်၍ပြန်ပိတ်သွားသည်။ ကုလျန်ရွှမ်က မတ်တပ်ရပ်ကာ တံခါးထံလျှောက်သွားသည်။ "အမေ"
ရွှီကျင်းဖန် သက်ပြင်းချကာ ကလေးသုံးယောက်ကိုလက်ကာပြလိုက်သည်။ "ရှောင်းမင် သမီးမောင်လေးတွေကို စာသင်ဖို့အခန်းထဲခေါ်သွားလိုက်။ အမေ သမီးအစ်ကိုကြီးနဲ့ ပြောစရာရှိတယ်။"
ကုလျန်မင်က မေးခွန်းများမေးချင်သော်လည်း သူမအမေနှင့် အစ်ကိုကြီး၏ အမူအရာကိုတွေ့တော့ မမေးနိုင်တော့ဘဲ ကလေးများကိုခေါ်ကာ အိမ်ထဲဝင်သွားလိုက်သည်။
ပြန်မလာခင်က ရွှီကျင်းဖန်က စက်ဘီးကို တတိယအဒေါ်အိမ်သို့ပြန်ပို့ခဲ့ပြီး ကုရှန်းလီကို မြို့ပေါ်စာပို့ပေးရန်ပြောခဲ့သည်။
"အထဲမှာ စကားသွားပြောကြတာပေါ့။" ရွှီကျင်းဖန်က ဆေးထုပ်နှင့် ဟွမ်ယွီရှား ယူလာခဲ့သောသစ်သားသေတ္တာအလွတ်ကို ကိုင်ထားသည်။ အိမ်ထဲမဝင်ခင် ရွှီကျင်းဖန်က ပြတင်းပေါက်တံခါးကိုခေါက်ကာ ကုလျန်မင်ကို ပြောလိုက်သည်။
"ရှောင်းမင် တစ်ခုခုပြောစရာရှိရင် အော်လိုက်နော်။ အမေနဲ့ အစ်ကိုနဲ့ ဘေးအခန်းမှာရှိနေမယ် ဟုတ်ပြီလား?"
ကုလျန်မင် ပြောလိုက်သည်။ "သိပါပြီအမေ။ ဘာလို့ ပင်းပင်းနဲ့အန်းအန်းကို ခေါ်မသွားတာလဲ?"
"မလိုဘူး။ သမီးတို့ စာအရင်လုပ်ကြ။ အမေအစ်ကိုကြီးနဲ့စကားပြောပြီးရင် မီးဖိုချောင်ကိုသွားလိုက်မယ်။ သမီးတို့အခန်းထဲမှာပဲနေ အပြင်ထွက်မလာကြနဲ့။" ရွှီကျင်းဖန်က တံခါးကို အပြင်မှ သစ်တုံးနှင့်ပိတ်ကာ ကုလျန်ရွှမ်အခန်းထဲ ဝင်လာခဲ့သည်။
အခန်းထဲရောက်သည်နှင့် ကုလျန်ရွှမ်က အလျင်အမြန်မေးလိုက်သည်။ "အမေအဆင်ပြေရဲ့လား? မြို့ပေါ်မှာအန္တရာယ် ကြုံခဲ့တာလား?"
ရွှီကျင်းဖန် ခေါင်းခါလိုက်သည်။ "အမေ ဘာမှမဖြစ်ပါဘူး။"
သူမ ကုတင်ပေါ်မှ ကျန်းထျန်ကို အရင်ကြည့်ကာပြောလိုက်သည်။ "ဆရာဝန်ပေးလိုက်တဲ့ ဆေးတွေရှိတယ်။ ထျန်ထျန်က်ို အရင်လိမ်းပေးလိုက်။"
ရွှီကျင်းဖန်က သူမလက်ထဲမှ ဒဏ်ရာကပ်ပလာစတာကိုကုလျန်ရွှမ်ကို ပေးပြီး ဘေးတွင်ထိုင်ကာ မျက်ရည်များကို သုတ်လိုက်သည်။
ကုလျန်ရွှမ်က သူ့လက်ထဲမှ ဒဏ်ရာကပ်ပလာစတာကိုကြည့်ကာ ကျန်းထျန်ကိုပြန်ကြည့်ပြီး ပြောလိုက်သည်။ "ကျွန်တော် ကပ်ရမှာလား။ ဘယ်နေရာကို ကပ်ပေးရမှာလား?"
"လက်မောင်းနဲ့ ပုခုံးကိုကပ်လိုက်" ရွှီကျင်းဖန်က ပုံမှန်အတိုင်း ဖြေလိုက်သည်။ သူမ ရေစိုဝတ်ကိုယူကာ ကျန်းထျန်ကို သုတ်ပေးလိုက်သည်။
ကျောက်စားပွဲက ပုဆိန်ကြောင့် အပိုင်းပိုင်းဖြစ်သွားတယ်။ ဘယ်လောက်တောင်နာလိုက်မလဲ!
ပုံမှန်လူတစ်ယောက်က ကျောက်တုံးနဲ့ထိရင်တောင်နာသည်။ ရွှီကျင်းဖန်က ကျန်းထျန်၏ အားလျော့နေသောမျက်နှာကိုကြည့်ကာ စိတ်ထိခိုက်လာသည်။
ကုလျန်ရွှမ် ဒဏ်ရာကပ်ပလာစတာကိုကိုင်ကာ မလှုပ်သေးတာကိုတွေ့တော့ သူမ ပုဝါနှင့်လှမ်းပစ်ကာပြောလိုက်သည်။ "ဘာလို့ မလုပ်သေးတာလဲ?"
ကုလျန်ရွှမ်ကပြောလိုက်သည်။ "အမေ၊ ကျွန်တော်..ကျွန်တော်မသင့်တော်ပါဘူး။"
ရွှီကျင်းဖန် - "..."
"မဟုတ်သေးပါဘူး ဘာတွေပြောနေတာလဲ? ဘာက မသင့်တော်တာလဲ?"
"ထျန်ထျန်က မင်းမိန်းမ မဟုတ်ဘူးလား? ကိုယ့်မ်ိန်းမကိုဒဏ်ရာကပ်ပလာစတာလေး နည်းနည်းကပ်ပေးလို့ မရဘူးလား?"
ကုလျန်ရွှမ် ပြောစရာစကားမရှိပေ။ သူမ ပြောတာမှန်ပေမယ့် သူကကျန်းထျန်၏ လက်ကိုပင်မကိုင်ဖူးပေ။ ကျန်းထျန်သာ နိုးလာပြီး သူက သူမအဝတ်ကိုချွတ်ပြီးဒဏ်ရာကပ်ပလာစတာ ကပ်ပေးထားတာကိုသ်ိရင် ကျန်းထျန် သူ့ကိုသေအောင်ရိုက်လိမ့်မည်။
"အမေပဲ ကပ်လိုက်ပါ။ ကျွန်တော်က မသင့်တော်ပါဘူး" ကုလျန်ရွှမ်က ခေါင်းငုံ့ကာ သေအောင်အရ်ိုက်ခံရမှာထက်စာရင် ရွှီကျင်းဖန်ဒေါသထွက်တာခံရတာက ပိုကောင်းသည်ဟု တွေးလိုက်သည်။
ရွှီကျင်းဖန်က ကုလျန်ရွှမ်ကိုကြည့်လိုက်ကာ တစ်ခုခုကိုတွေးမိပြီး ကျန်းထျန်အိပ်နေသောနေရာနှင့် ကုလျန်ရွှမ်ထိုင်နေသောနေရာက်ို ကြည့်လိုက်သည်။ "လျန်ရွှမ် မင်းနဲ့ ထျန်ထျန်နဲ့ အိပ်ယာနှစ်ခုခွဲအိပ်တယ်လို့တော့မပြောနဲ့နော် မဟုတ်ဘူးမလား?"
စောင်နှစ်ထည်က ဒီလိုသဘောပဲလေ။
ကုလျန်ရွှမ် ပြောလိုက်သည်။ "အမေ၊ကျွန်တော်..သူ..ကျွန်တော်.."
ရွှီကျင်းဖန်၏ မျက်နှာက ဒေါသထွက်လာသည်။ သူမကကုလျန်ရွှမ်၏ လက်ကို ဆွဲလိမ်ကာ ပြောလိုက်သည်။ "မင်း ဆားတွေ အများကြီး စားမိထားတယ် ထင်တယ်!"
ကုလျန်ရွှမ် - "..." သူ မစားပါဘူး!
"မင်း ရေအများကြီး သောက်ထားတာဖြစ်မယ်။" ကုလျန်ရွှမ် ငြင်းရန်ပြင်နေတာတွေ့တော့ သူမ ပြောလိုက်သည်။ "မင်းဦးနှောက်ထဲ ရေလျှံနေပြီ!"
"ဖယ်စမ်းပါ!" ရွှီကျင်းဖန်က ကုလျန်ရွှမ်က်ို တွန်းလိုက်သည်။ "မင်းက အရမ်းအရပ်ရှည်နေတယ် ဟိုဘက်လှည့်နေချောင်းမကြည့်နဲ့!"
ကုလျန်ရွှမ်က နောက်ဘက်လှည့်လိုက်ကာ ရွှီကျင်းဖန်ကိုပြောလိုက်သည်။ "အမေညင်ညင်သာသာလုပ်နော်။ ကျန်းထျန်ကအရမ်းနာတတ်တယ်။"
ရွှီကျင်းဖန် သူ့ကိုကြည့်လိုက်သည်။ "မင်းက ငါ့ထက်ပိုသိတာလား?"
ကုလျန်ရွှမ် - "..." သူ စကားပြောရပ်လိုက်သည်။
ရွှီကျင်းဖန်က ကျန်းထျန်၏ လက်ကိုဒဏ်ရာကပ်ပလာစတာနှင့် ကပ်လိုက်သည်။ သူမက မြို့ပေါ်ပြန်သွားဝယ်နေရမည်စိုးသောကြောင့် အပိုဝယ်လာခဲ့သည်။ တစ်အိတ်တွင် ဆယ်ခုပါသည်ကို သူမကအိတ်နှစ်ဆယ်ဝယ်လာခဲ့သည်။ ဆေးပေးသည့်သူနာပြုက သူမကိုအံ့သြစွာကြည့်ခဲ့သည်။
ရွှီကျင်းဖန်က ကျန်းထျန်အင်္ကျီမှ နောက်ဆုံးကြယ်သီးကိုတပ်ကာ ပြောလိုက်သည်။ "ရပြီ ဒီဘက်လှည့်တော့"
ကုလျန်ရွှမ် လှည့်ကြည့်လိုက်ရာ ကျန်းထျန်က ချွေးထွက်နေပြန်သည့်အတွက် သူ လက်ကိုင်ပုဝါနှင့်သုတ်လိုက်ပြန်သည်။ "အမေနဲ့ကျန်းထျန် မြို့မှာဘာဖြစ်ခဲ့ကြတာလဲ?
ရွှီကျင်းဖန်က ရေတစ်ခွက်သောက်လိုက်သည်။ သူမကတစ်ချိန်လုံး အလျင်စလို လုပ်နေရသောကြောင့်လည်ချောင်းခြောက်နေသည်။ ကုလျန်ရွှမ် မေးတာကြားတော့ ရွှီကျင်းဖန်က ပြောလိုက်သည်။ "အဲ့ဒီကျန်းမိသားစုပေါ့!"
ကုလျန်ရွှမ်က သူ့အမေ ကျန်းမိသားစုကို ခမည်းခမက်အိမ်သားများအဖြစ်မှ ကျန်းမိသားစုဝင်များအဖြစ် ပြောင်းပြောလိုက်သည်ကို သတိထားမိသည်။ "အမေ ကျန်းထျန်ရဲ့ အိမ်သားတွေက ရန်လုပ်ခဲ့တာလား?"
ရွှီကျင်းဖန်က ခုံကိုထုလိုက်ချင်ပေမယ့်အမွှာနှစ်ယောက်ကအခန်းထဲရှိနေတော့ သူမက သူတို့နိုးသွားမည်က်ိုစိုးသည်။ ဒါကြောင့် သူမ လက်ကိုတင်ပါးပေါ်သာ တင်လိုက်သည်။ "သူတို့လုပ်ရဲလား?"
"အမေရှိနေတယ်လေ။ ပြီးတော့ ထျန်ထျန်ကဘယ်လောက် သန်မာတယ်ဆိုတာ မင်းသိပါတယ်။ ကျန်းမိသားစုက ဘယ်သူကမှ မတိုက်ခိုက်နိုင်ဘူး။အကြီးရော အငယ်ရောအားလုံးက သတ္တိကြောင်တဲ့သူတွေပဲ။ အမေတို့ခြံဝင်းထဲ ရန်ဖြစ်နေတော့ ဘယ်သူကမှလာမတားရဲဘူး"
"အမေတို့ ရန်ဖြစ်ခဲ့တာလား?" ကုလျန်ရွှမ် လက်ထဲမှလက်ကိုင်ပုဝါကို ဆုပ်ကိုင်လ်ိုက်သည်။ "ဒါဆိုကျန်းထျန်က.."
"မဖြစ်ပါဘူး ပြောတာ အရင်နားထောင်လေ။" ရွှီကျင်းဖန်က ရေကရားမှရေကို သောက်ပြီး ပါးစပ်ကို သုတ်လိုက်သည်။
"ဆရာဝန်က ထျန်ထျန်ရဲ့လက်ကို ဂရုစိုက်ရမယ်ပြောတယ်။ အစားစားတာက အစ ခက်ခဲမယ်တဲ့။ ထျန်ထျန်ကို နေ့ရောညရော အခြေအနေကြည့် ဂရုစိုက်ရမယ်။"
"အမေ၊ ကျန်းထျန်ရဲ့ဒဏ်ရာက.." ကုလျန်ရွှမ်က စိတ်မရှည်စွာ မေးလိုက်ပြန်သည်။ အခုတစ်ခါတော့ သူစကားပြောမပြီးခင်မှာ ရွှီကျင်းဖန်ကစိုက်ကြည့်လိုက်သည်။
"စကားဆုံးအောင် နားထောင်လို့ မရဘူးလား?"
ကုလျန်ရွှမ် ဘာမှမပြောတော့ဘဲ ကျန်းထျန်ကို ချွေးသုတ်ပေးနေလိုက်သည်။
"ထျန်ထျန်က ကျန်းမိသားစုအိမ်က ကျောက်စားပွဲကိုပုဆိန်နဲ့ပေါက်လိုက်လို့ ဒဏ်ရာရသွားတာ။ ကျောက်စားပွဲက အစိတ်စိတ်အမွှာမွှာဖြစ်ပြီး မြေပေါ်ကျသွားတယ်။"
ရွှီကျင်းဖန်က ကျန်းထျန်မျက်နှာမှ အနည်းငယ်နီနေသော ဒဏ်ရာများကို ပြလိုက်သည်။
"တွေ့လား?ဒါက ကျောက်အစတွေစင်တာ။ အိမ်မှာအမာရွတ်ပျောက်ဆေး ရှိတယ်မလား? ထျန်ထျန်က်ို အဲ့ဒါလိမ်းပေးလိုက် ပြီးရင် အမေဒေါက်တာလျိုဆီ သွားပြီးထပ်ဝယ်လိုက်မယ်။"
ကုလျန်ရွှမ်က ချွေးသုတ်နေရာမှ ရပ်သွားသည်။
"ကျောက်စားပွဲကို ထုခွဲခဲ့တာလား?"
သူ့မျက်နှာက ခဏငြိမ်သက်သွားကာ သူက ကျင်းထျန်၏ လက်ကိုကြည့်ပြီး မေးလိုက်သည်။ "သူ့အရိုးတွေ ထိသွားသေးလား? ဒါမှမဟုတ် ကျန်းထျန်ကို ဆေးစစ်ဖို့ ဆေးရုံခေါ်သွားရမလား?"
ရွှီကျင်းဖန် စကားပျောက်သွားသည်။ "ဒီဒဏ်ရာကပ်ပလာစတာတွေ ဘယ်ကရလာတယ်ထင်လို့လဲ? ထျန်ထျန်ကိုမြို့က ဆေးရုံကိုခေါ်သွားပြီးပြီ။ ဆရာဝန်က အဆစ်နည်းနည်းလွဲသွားတယ်ဆိုပြီး ပြန်တည့်ပေးလိုက်ပြီးဒဏ်ရာကပ်ပလာစတာနဲ့ အရောင်လျော့ဆေးပေးလိုက်တယ်။"