အခန်း(၈၀)
Vol. 7 Ch. 80
ရွှီကျင်းဖန်က ထိပြီးပြောလိုက်သည်။ "ဒါကသာမန်သစ်သားပဲ။ အိမ်နောက်က တောင်မှာ အများကြီးပေါက်နေတာ"
တပ်မဟာက မိသားစုအားလုံးက ထင်းအဖြစ် ဒီလိုသစ်တွေကိုသုံးကြတာ။
ပစ္စည်းကသာမန်ဆိုပေမယ့် လက်ရာက ရှိကိုမရှိဘူး။
ဘာလို့လဲဆိုတော့ သစ်သားသေတ္တာရဲ့ခြောက်ဖက်လုံးကဘာမှမရှိဘူး။
ပုံမှန်သစ်သားဖြတ်စဖြစ်ပြီး ဘာကနုတ်မှမရှိပေ။
ပြီးတော့သေတ္တာကို ကိုင်လိုက်ရတော့လည်း သေတ္တာကိုခတ်ထားသော သံသော့ခလောက်ကြီး၏ အလေးချိန်မှလွဲ၍သေတ္တာ၏ အလေးချိန်က တကယ်ကိုပေါ့လွန်းနေသည်။
နားအနီးကပ်၍လှူပ်ကြည့်တော့လဲ ဘာသံမှမကြားရပေ။
အလွတ်ကြီး။
ကျန်းထျန်က ပြောစရာစကားမရှိဖြစ်နေသည်။
သူမက လိမ်ရလွယ်တဲ့ပုံပေါ်နေလား? ဟွမ်ယွီရှားက ဒီသေတ္တာရဲ့အခြေအနေကိုသ်ိသည်။သူမသေတ္တာရပြီးသည်နှင့် သူ့ယောက်ျားနှင့်အတူ တစ်ညလုံးလေ့လာထားသည်။
နောက်ဆုံးမှာတော့ဘာမှမရှိဘူးဆိုတာ သိလိုက်ရသည်။
သော့ခလောက်ကိုရောင်းလျှင် ဆင့်အနည်းငယ်တော့ရနိုင်သည်။
ဒါပေမယ့်ပြဿနာက သူတို့မှာသော့မရှိတာဖြစ်သည်။ ဒါကြောင့် သူတို့ကသော့ကို ဖျက်ရန် ကြိုးစားပေမယ့်သော့အပေါက်က တစ်ခုခုနှင့်ခံနေသည်။
ဟွမ်ယွီရှားက ပုဆိန်နှင့်ထု၍သော့က်ိုခွဲပစ်ချင်ပေမယ့်ကျန်းကျင်းမင်က တားသည်။
သေတ္တာက အလွန်ပေါ့နေသည်။ အထဲမှာအကြွေစေ့နှစ်စေ့လောက်နဲ့ ငွေသားအနည်းငယ်ရှိနေတယ်ဆိုရင်တောင် လှုပ်လိုက်ရင်အသံမြည်ရမည်ဖြစ်သည်။
သေချာပေါက် ဒါကသေတ္တာလွတ်ကြီးဖြစ်သည်။
လူအိုကြီးနှစ်ယောက်က ပစ္စည်းကောင်းတွေကို ဝှက်ထားတာမလို့ မိထောင်က ပစ္စည်းကောင်းကိုဘယ်လိုလွယ်လွယ်နဲ့ ရှာတွေ့မလဲ?
ဒီသေတ္တာက အကြီးနှစ်ယောက်ပစ္စည်းတွေ သိမ်းဖို့ထားတာဖြစ်ပြီး သော့ခလောက်က ပျက်သွားတော့မသုံးဖြစ်တော့တာဖြစ်မည်ဟု ကျန်းကျင်းမင် ခန့်မှန်းသည်။
ကျန်းကျင်မင်က သေတ္တာကိုကြည့်ကာအတွေးတစ်ခုကစိတ်ထဲရောက်လာသည်။
ဒါကသူတို့အတွက် အသုံးမဝင်ပေမယ့် ကျန်းထျန်အတွက်တော့ အသုံးဝင်နိုင်သည်။
ဒါကအကြီးနှစ်ယောက်ရဲ့ကျန်ရစ်ပစ္စည်းဆိုရင် ကျန်းထျန်က အသင့်တော်ဆုံးသူပဲ။ သူမလက်ထဲတွင် အမွေစာအုပ်က ရှိနေသည့်အတွက် ဒီပစ္စည်းကိုအလဲအလှယ်အဖြစ်အသုံးချလို့ရနိုင်သည်။
ဒါကြောင့် ဒီနေ့ကိစ္စဖြစ်လာခြင်းဖြစ်သည်။
ရွှီကျင်းဖန် ဟွမ်ယွီရှားကို ကြည့်လိုက်တော့ သူမရဲ့အမူအရာအရဒီသေတ္တာက အသုံးမဝင်ဘူးဆိုတာသိလိုက်ရသည်။
ဟွမ်ယွီရှားက ရွှီကျင်းဖန်၏ အကြည့်ကိုတွေ့လိုက်ရသည်။ ကျန်းထျန်က သူ့အဘွားတွေရဲ့ကျန်ရစ်ပစ္စည်းကိုလိုချင်မည်ဟု သူမကယ မျှော်လင့်ထားသည်။ မဟုတ်ရင် သူမက ငွေငါးထောင်မှ ကျန်သောသုံးထောင့်ငါးရာကိုမရနိုင်တော့ပေ။
ကျန်းထျန်က ချောင်းဟန့်လိုက်ပြီး သူ့အမူအရာက"ဒါလား"ဆိုသည့်ပုံစံဖြစ်နေသည်။
"မဟုတ်သေးပါဘူး အမေသေတ္တာတစ်လုံးနဲ့ သမီးကိုလှည့်စားနေတာမလား?"
ကျန်းထျန်က ခေါင်းငြိမ့်ပြီး သေတ္တာမှ သံသော့ခလောက်ကိုကြည့်လိုက်သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်က ဒီသော့ကိုအရင်ကမြင်ဖူးသည်။ ဒါကမူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့အဘွားကျောက်ရှန်းချင် ကိုယ်တိုင်ပိတ်ခဲ့တာဖြစ်သည်။
တစ်ခုခုကိုဝှက်ထားသည့်ပုံဖြစ်နေသည်။
ဟွမ်ယွီရှားက သေတ္တာကိုမထုတ်ခင်က ယုံကြည်ချက်ပြည့်နေပေမယ့် သေတ္တာကိုထုတ်ပြီးချိန်မှာ သူမကအားလျော့သွားသည်။
"သမီးက သမီးအဘိုးအဘွားတွေနဲ့ အနီးကပ်ဆုံးသူမလား? ဒါကိုမမြင်ဖူးဘူးလား?"
ဟွမ်ယွီရှားက ငွေသုံးထောင့်ငါးရာအတွက် အမူအရာကိုမထိန်းနိုင်ဖြစ်နေသည်။
ရွှီကျင်းဖန်က သေတ္တာကိုခေါက်လိုက်ကာသူမကိုကြည့်လိုက်သည်။
"သုံးထောင့်ငါးရာကို မပေးနိုင်တော့ဘူး။"
"ဘာလို့လဲ?"
ဟွမ်ယွီရှား၏လက်က ချွေးပြန်လာသည်။
သူတို့သုံးယောက် တစ်ယောက်နဲ့တစ်ယောက် အရှုံးမပေးနိုင်ဖြစ်နေချ်ိန်တွင် ကျန်းကျင်းမင်နှင့် အခြားစက်ရုံတွင် အလုပ်သွားလုပ်ကြသောသူများ၊ ကျောင်းသွားသူများလည်း ပြန်လာကြသည်။
အပြင်မှရင်းနှီးသောအသံများကို ကြားရသောကြောင့် ဟွမ်ယွီရှားက စားပွဲကိုအားပြုကာ ထလိုက်ပြီး သူမမျက်နှာကတုန်လှုပ်နေသည်။
ရွှီကျင်းဖန်နှင့်ကျန်းထျန်က သူတို့ကိုနှုတ်ဆက်ရန်မတ်တပ်ရပ်လိုက်သည်။
တံခါးကိုအပြင်မှ ဆွဲဖွင့်လိုက်ပြီး စက်ဘီးအချို့ကအထဲဝင်လာကာ ရယ်မောနေကြသည်။ ဒါပေမယ့် အပြင်မှလူက အထဲကိုမြင်လိုက်ရသောအခါ အသံရပ်သွားသည်။
ကျန်းကောရှန်က သံထမင်းဘူးကို ကိုင်ထားသည်။ သူကကျန်းထျန်ကိုမြင်တော့ မျက်လုံးပင်ကြည့်လိုက်ကာသူမထံသွားလိုက်သည်။
"ထျန်ထျန် ပြန်ရောက်နေတာလား အဒေါ်လည်းပါလာတာပဲ။အိမ်မှာနေ့လည်စာစားသွားပါဦးလား?"
ကျန်းထျန်နှင့်ရွှီကျင်းဖန် စကားပြောလာသည်ကိုပင် မစောင့်ဘဲစက်ဘီးကို အထဲကိုတွန်းလာသော အမျိူးသမီးက ပြောလိုက်သည်။
"ဒုတိယအစ်ကို အပြင်လူတွေကို အရမ်းကြင်နာတာပဲလို့ပြောတာတော့ မဟုတ်ပါဘူး။ အိမ်မှာပါးစပ်ပေါက်ဆယ်ပေါက်လောက်ရှိတာ စားဖို့တောင်မလောက်ဘူး။ အိမ်ကအစ်ကို ပိုက်ဆံပေးတိုင်း စားနေလို့ရတဲ့စားသောက်ဆိုင်ထင်နေတာလား?"
"မဟုတ်တဲ့နေရာမှာ အရမ်းသဘောကောင်းနေတာပဲ"
သူမနောက်မှဆံပင်တိုတိုနှင့် မိန်းကလေးက သသူမစကားကိုကြားပြီး သူ့အင်္ကျီလက်ကိုပင့်ကာခုနကစကားပြောသောသူကို ဝင်တိုက်လိုက်သည်။
"ယောက်မ မနက်က အိမ်ကမထွက်ခင် အိမ်သာထဲကမစင်တွေ စားလာတာလား?ပါးစပ်က အရမ်းအနံ့ထွက်နေတာပဲ တစ်ရက်လောက်မစားရရင် မနေနိုင်ဘူးလား?"
"သဘောထားကောင်းတယ်၊ဘာလို့အမေ့ကိုရောအဲ့လိုမပြောရတာလဲ? အစ်မယောက်ျားက တစ်ခါစားရင်ပေါင်မုန့်တစ်ဒါဇင်လောက်စားနိုင်ပြီး ခုထိပိန်လိမ်ချိနဲ့နေတာမဟုတ်ဘူးလား?"
"အစ်မကကောရှန်ကို မနာလိုဖြစ်နေတာပဲ။ အရှက်မရှိဘဲသူများထမင်းပန်းကန်ကိုပဲ ကြည့်နေတဲ့သူတွေ။"
ဆွန်းရှောင်ကျူးက အရမ်းစိတ်တိုကာ မျက်နှာပါနီလာသည်။ သူမကဘေးမှလာသောအရပ်ပုပုပိန်ပိန်နှင့်
လူကိုပြောလိုက်သည်။
"ကောပင် ဒီအဘွားကြီးပြောတာတွေနားမထောင်နဲ့။ သူက ဒုတ်ိယအကိုကိုပဲ သဘောကျတာ"
ကျန်းကောရှန်က နှိမ်ချပြောဆိုခံရသည့်အတွက် မျက်နှာက အေးစက်သွားသည်။ "မရီးကျွန်တော့်ကို အထင်သေးတယ်ဆိုရင် ကျွန်တော်ယူလာတဲ့ ဝက်သားနှပ်ကိုမစားနဲ့။ အစ်မတင်မက အစ်ကိုကြီးရော သာ့ပေါင်ရော အန်းပေါင်ရော စန်းပေါင်ရော မစားကြနဲ့။"
"စန်းချောင် ကျင်းရှန်နဲ့ ပေါင်ရှန်ကို အခန်းထဲခေါ်လာခဲ့ပြီးတော့ အဒေါ်နဲ့ထျန်ထျန်ကိုလည်း အခန်းထဲခေါ်လာခဲ့။"
ကျန်းကောရှန်က ဒေါသမထွက်တတ်သူ မဟုတ်ပေ။
ကျန်းထျန်အတွက်တော့ ကလေးဘဝက အဘိုးအဘွားများ၏ ပျိုးထောင်မှုကို ပိုခံခဲ့ရသည်။
အိမ်မှမောင်နှမများက တစ်ကိုယ်ကောင်းဆန်ကြသည့်အတွက် မောင်နှမသံယောဇဉ်မေတ္တာဆိုတာ သူတို့မှာဘယ်လိုရှိမှာလဲ?
အထူးသဖြင့် သူတို့အသက်ကြီးပြီး လက်ထပ်ပြီးမိသားစု စတင်သောအခါ အပြိုင်အဆိုင်က ပို၍ပြင်းထန်လာသည်။
လျိုစန်းချောင်က ရွှီကျင်းဖန်နှင့် ကျန်းထျန်ကို ပြုံးပြလိုက်ပြီး ကျင်းရှန်နှင့် ပေါင်ရှန်ကို ချီလိုက်ကာ အရှေ့ဘက်အိမ်ခန်းထဲ ဝင်သွားသည်။
ဆွန်းရှောင်ကျူးက လုံးဝငြိမ်သက်သွားသည်။
ကျန်းကောပင်က အမြင်မကြည်သည့်မျက်နှာဖြစ်နေသည်။ သူကဆွန်းရှောင်ကျူးကို ကြည့်လိုက်ကာ အရူးမဟု စိတ်ထဲမှကျိန်ဆဲမိသည်။
ကျန်းကောရှန်က ကျန်းထျန်ကို သူ့နောက်မှလိုက်လာရန်လက်ပြလိုက်သည်။ ကျန်းထျန်က သစ်သားသေတ္တာကိုကောက်ယူကာ ရွှီကျင်းဖန်က်ို ဆွဲလိုက်ပြီး သူမတို့ဝယ်လာသော ပစ္စည်းများနှင့်အတူ ဒုတိယအစ်ကို၏ အခန်းထဲဝင်လာခဲ့သည်။
ဟွမ်ယွီရှားက သူတို့ကိုတားရန်လုပ်ပေမယ့် ကျန်းကျင်းမင်က သူမကိုတားလိုက်သည်။ "သူတို့ကိုထားလိုက်ပါ။ကိုယ်စက်ရုံစားသောက်ဆိုင်က ဝက်လက်ကင်ဝယ်လာတယ်။ ဒုတိယသား ဝက်သားနှပ် ယူလာတာစောင့်လိုက်။ညစာစားပြီးတော့မှ ဆက်ပြောကြရအောင်"
ကျန်းကျင်းမင်က စတုတ္ထသား ကျန်းကျွင်းဖန်နှင့် ဆဌမသား ကျန်းဝမ်ပေါင်ကို ပင်မအခန်းကိုလိုက်ခဲ့ရန် ခေါ်လိုက်သည်။
ဟွမ်ယွီရှား မလွယ်ကူသလို ခံစားရသည်။ သူမ ဒါကိုအခုမပြောရဲပေ။ ကျန်းထျန်ကသေတ္တာနဲ့ ပတ်သက်ပြီး မကျေနပ်သည့်ပုံပေါ်နေသည့်အတွက် သူမအလဲအလှယ်လုပ်မလုပ် မသိတော့ပေ။
ဒုတိယအိမ်တွင်
လျိစန်းချောင်က ကလေးတွေကို ခေါ်လာပြီးနောက် စားပွဲပေါ်တွင် သူမစားသောက်ဆ်ိုင်မှ ဝယ်လာသော မုန့်ခြောက်များကိုတင်ကာ ဗီရိုထဲမှသကြားညိုကိုယူပြီးရေနွေးနှင့်စိမ်လိုက်သည်။
ကျန်းကောရှန်က ကျန်းထျန်နှင့်ရွှီကျင်းဖန်ကို အထဲခေါ်လာသည်။ လျိုစန်းချောင်က ဆံပင်ကိုစည်းလိုက်ကာ သူတို့ကို ပြုံးပြနှုတ်ဆက်လိုက်သည်။
"သကြားရည်အရင်သောက်ပါ။ကျွန်မမီးဖိုခန်းမှာဟင်းနှစ်ပွဲသွားပြင်လိုက်ပါမယ်။"
ရွှီကျင်းဖန်က လျိုစန်းချောင်ကို ထိုင်ခိုင်းလိုက်သည်။ "ခဏလေး ပစ္စည်းတစ်ချို့ဝယ်လာတယ်။"
သူမ လက်ထဲမှအိတ်ကိုဖွင့်လိုက်သည်။ "ဒါက နေရောင်အောက် အခြောက်လှမ်းထားတဲ့ စားစရာတွေ ပြီးတော့ဒါကဝက်ပေါင်ခြောက်၊ ငါးဆားနယ်နှစ်ကောင်။ ဒီအိတ်က ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေးသမဝါယမကဝယ်လာတဲ့ မက်မွန်ကိတ်နဲ့ လမုန့်တွေ။ ကျင်းရှန်နဲ့ပေါင်ရှန်ကို အရင်ကျွေးလိုက်တာပေါ့။"
လျိုစန်းချောင်က ကျန်းကောရှန်ကို မေးလိုက်သည်။
"ဒါတွေကို ကျွန်မတို့ပဲ စားလို့မရဘူးလား? အမေနဲ့ဆွန်းရှောင်ကျူးကို အနားမကပ်စေနဲ့။"
ကျန်းကောရှန်က လျိိုစန်းချောင်၏ ပုခုံးကိုပုတ်လိုက်သည်။ "သူတို့ကို ခေါင်းထဲမထားနဲ့ ပုံမှန်လိုပဲ စားနေသောက်နေ ဘာပဲဖြစ်ဖြစ် ကိုယ်ရှင်းမယ်။"
လျ်ိုစန်းချောင်က သူ့စကားကြားတော့ စိတ်သက်သာရာရသွားသည်။ "ဒါဆို ကျွန်မ ဝက်ပေါင်ခြောက်တွေ သွားကင်လိုက်မယ်။ ပြီးတော့ ရှင်က ငါးဆားနယ်တွေကိုစားသောက်ဆိုင် ယူသွားပြီး စွပ်ပြုတ်လုပ်လိုက်။ ပြီးရင် ညနေ ကျင်းရှန်နဲ့ပေါင်ရှန်အတွက် ယူလာခဲ့လိုက်ပါ။"
"ဒီအကြောင်းပြောရင် ကျွန်မ စိတ်တိုလာတယ်။ ရှင်က မီထောင်ကို အမြဲတမ်းမုန့်ဖိုးပေးပြီး မီထောင်က အမြဲသကြားလုံးတွေဝယ်လာတယ် ဒါပေမယ့် ကျင်းရှန်နဲ့ပေါင်ရှန်ကိုတော့ တစ်ခါမှမပေးဘူး။ ပိုက်ဆံတွေအားလုံးက ဆွန်းရှောင်ကျူး ဗိုက်ထဲက ထွက်လာတဲ့ ဥသုံးကောင်ဆီ ရောက်သွားတယ်။"
လျိုစန်းချောင်က စိတ်တိုစွာ ကျန်းကောရှန်၏ ခန္ဓာကိုယ်ကို ဆိတ်ဆွဲလိုက်သည်။ "အဲ့ဒီဥသုံးကောင်ကလည်း လူကောင်းတွေ မဟုတ်ဘူး။ ကျွန်မတို့ ကျင်းရှန်နဲ့ပေါင်ရှန်က သူတို့ဆီက အမြဲအနိုင်ကျင့်ခံရတယ်။"
ကျန်းကောရှန်က ခေတ္တတိတ်နေပြီးပြောလိုက်သည်။ "ခဏသည်းခံလိုက်ပါ။ ကိုယ်မိဘတွေကို မကြာခင်ခွဲနေကြဖို့ မေးလိုက်မယ်။"
လျိုစန်းချောင်က တိတ်နေသည်။ မိသားစုက ခွဲထွက်ဖို့ ဘယ်လွယ်ကူပါ့မလဲ? အငယ်မောင်နှမသုံးယောက်က ခုထိအိမ်ထောင်မကျသေးဘူး။ အငယ်ဆုံး ကျန်းဝမ်ပေါင်က ခုမှဆယ့်ငါးနှစ်သာရှိသေးပြီး သူလက်ထပ်ရန်အနည်းဆုံး သုံးနှစ်လေးနှစ် လိုဦးမည်။
ရွှီကျင်းဖန်က ကုန်ခြောက်များနှင့် ဝက်ပေါင်ခြောက်အိတ်ကို လျိုစန်းချောင်ကို ပေးလိုက်သည်။ သူမကမီးဖိုခန်းထဲ ယူသွားကာ ဆွန်းရှောင်ကျူး ရှေ့တွင်လှီးဖြတ်ကြော်လှော်ပြီး သူမအတွက် တစ်ခုမှမထားခဲ့ပေ။
လျိုစန်းချောင်က အိုးထဲကျန်နေသော ဆီနှင့် ကြက်ဥပင်ကြော်လ်ိုက်သေးသည်။
ဆွန်းရှောင်ကျူးက အလွန်စိတ်ဆိုးသွားသည့်အတွက်ယောင်းမကို အသံအကျယ်နှင့် ပစ်ချလိုက်ရာ ဟွမ်ယွီရှားကို နှစ်ဆကြိမ်ဆဲစေမိသည်။
သူမက လူအတော်များများကို စိတ်တိုစေခဲ့သည့်အတွက် အသားစားခွင့်မရဘဲ ပန်ကိတ်တစ်ခုသာစားခဲ့ရသည်။
လျိုုစန်းချောင်က စားစရာများကို အိမ်တွင်းသို့ယူလာကာ စားပွဲအသေးပေါ်တင်လိုက်သည်။ "စားကြစို့"
လျိုစန်းချောင်က ကျင်းရှန်နှင့် ပေါင်ရှန်ကို ထမင်းပန်းကန်အသီးသီး ချပေးပြီး အသားနှင့်အသီးအရွက်များတင်ပေးကာ ဇွန်းနှင့်စားခိုင်းလိုက်သည်။
ကျန်းကောရှန်က ကျန်းထျန်အတွက် ဝက်သားနှပ်တစ်ဖဲ့ယူပေးကာ ပြောလိုက်သည်။ "ထျန်ထျန် အမေ ပိုက်ဆံတောင်းသေးလား?"
လျိုစန်းချောင်က ကျန်းထျန်ကိုကြည့်လိုက််သည်။ အကြီးတွေ ထားခဲ့တဲ့အမွေစာအုပ်ကို ဘယ်သူက မလိုချင်မှာလဲ?
သူမလည်းလိုချင်သည်။
ဒါက ရာကျော်မဟုတ်ဘူး ထောင်ကျော်လေ။
သူမ ဒါကိုရခဲ့မယ်ဆိုရင် အပြင်ကို ပြောင်းပြီးနေလို့ရမယ် မကောင်းတဲ့သူတွေ အနိုင်ကျင့်တာလည်း ခံရမှာမဟုတ်ဘူး။
"အမေက ဒီပစ္စည်းနဲ့အလဲအလှယ်လုပ်ဖို့ ပြောတယ်။"
သူမ သစ်သားသေတ္တာကို လက်ညှိုးထိုးပြလိုက်သည်။
ကျန်းကောရှန်က စိတ်ဝင်စားစွာမေးလိုက်သည်။"သေတ္တာထဲမှာ ဘာရှိလဲ?"
ဒါကယွမ်ထောင်နဲ့ချီတန်တဲ့ စာအုပ်နဲ့ လဲနိုင်လောက်တဲ့တန်ဖိုးရှိတာဖြစ်မည်။
ကျန်းထျန် ခေါင်းခါလိုက်သည်။ "ဘာမှမရှိဘူး။အရမ်းပေါ့နေတယ်။"
လျိုစန်းချောင် ပြောလိုက်သည်။ "သေတ္တာအလွတ်ကြီးလား?"
ရွှီကျင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "ပြောရခက်တယ်။"
ကျန်းကောရှန်နှင့် လျိုစန်းချောင်က ပြောစရာပျောက်သွားသည်။
ပြောစရာမလိုဘဲ သူတို့မိဘတွေရဲ့အကြံက်ိုသိနိုင်သည်။
ကျန်း မိသားစု ပင်မအခန်းတွင်။
သူတို့စားသောက်ပြီးတော့ ကျန်းကျင်းမင်က ကျန်းကျွမ်ဖန်၊ ကျန်းမီထောင်နှင့် ကျန်းဝမ်ပေါင်တို့ကို ကျန်းကောပင်၏ ကလေးသုံးယောက်ကို ခေါ်သွားခိုင်းလိုက်သည်။
ထမင်းစားပွဲတွင် ကျန်းကျင်းမင်၊ ဟွမ်ယွီရှား၊ ကျန်းကောပင်နှင့် ဆွန်းရှောင်ကျူးတို့ လေးယောက်သာ ကျန်ခဲ့သည်။
အားလုံးထွက်သွားတော့ ဆွန်းရှောင်ကျူးက အကျန်အားလုံးရောကာ ဆန်ပြုတ်တစ်ပန်းကန်သောက်လိုက်ပြီးပန်ကိတ်သုံးလုံး စားလိုက်သည်။
ကျန်းကောပင်က ရွံရှာစွာကြည့်ကာ ဟွမ်ယွီရှားကိုလှည့်မေးလိုက်သည်။ "အမေ ကျန်းထျန်ဘာပြောလဲ?"
ဟွမ်ယွီရှားက ပါးစပ်သုတ်ကာ ခေါင်းခါလိုက်သည်။ "ဘာမှမပြောဘူး။"
ကျန်းကျင်းမင်က မေးလိုက်သည်။ "မင်း ရှောင်စန်းကို ဘာပြောခဲ့တာလဲ?"
ဟွမ်ယွီရှားက နှုတ်ခမ်းများတုန်နေကာ ပြောလိုက်သည်။ "ရှင်သင်ပေးသလိုပဲ စျေးကိုအရင်ညှိပြီးသေတ္တာကိုထုတ်ပြလိုက်တယ်။"
သူမက ကျန်းကျင်းမင်နှင့် ကျန်းကောပင် အပြစ်တင်မည်ကိုစိတ်ပူသောကြောင့် ထပ်ပြောလိုက်သည်။"ဒီသေတ္တာက အသုံးမဝင်တာကို အကုန် သိကြပြီး ကျန်းထျန်ကလည်း ငတုံးမဟုတ်ဘူး။"
"အမေအဆုံးမှာ ဘယ်လောက်ညှိလိုက်နိုင်လဲ?" ကျန်းကောပင်က မေးလိုက်သည်။
ဟွမ်ယွီရှားက ပြောလိုက်သည်။ "သုံး..သုံးထောင့်ငါးရာ"
ဆွန်းရှောင်ကျူးက ပန်ကိတ်ကုန်သွားတော့ပြောလိုက်သည်။ "ဘာ?သုံးထောင့်ငါးရာလား? သူမက လက်ထပ်ပြီးသားလူဖြစ်ရင် ပိုက်ဆံတွေစွန့်လွှတ်ရတာကို ကျွန်မတို့ဆီကအများကြီး ဘယ်လိုတောင်ယူရဲရတာလဲ?"
ကျန်းကျင်းမင်ကလည်း စျေးကိုသဘောမကျပေ။ သူက အမွေစာအုပ်ထက်ဝက်လောက် ဖြစ်သင့်သည်ဟုတွေးထားသည်။
"အကြီးဆုံးဇနီး ဒုတိယအခန်းကိုသွားပြီး ကျန်းထျန်ကိုခေါ်လိုက်"
ကျန်းကျင်းမင်ကအလိုမကျသည့်မျက်နှာနှင့်ပြောလိုက်သည်။
ဆွန်းရှောင်ကျူး ထွက်သွားတော့ ကျန်းကောပင်က သူ့အဖေမျက်နှာကို ကြည့်ကာပြောလိုက်သည်။
"အဖေ ကျွန်တော်တို့ ဒီအကြောင်းပြောပြမှာလား?"
ကျန်းကျင်းမင်က ပြောလိုက်သည်။
"သူမက ငါတို့မိသားစုက မဟုတ်လို့ ပိုက်ဆံတွေကို ယူစရာအကြောင်းမရှိဘူး။"