အခန်း(၈၁)
Vol. 7 Ch. 81
ဆွန်းရှောင်ကျူးက ဒုတိယအခန်းတံခါးကိုသွားကာ ခေါ်လိုက်သည်။
ကျန်းကောရှန်က ထပြီး ကျန်းထျန်နှင့်ရွှီကျင်းဖန်လည်း ထလိုက်သည်။ သူက လိုက်ရန်ပြင်နေသော လျိုစန်းချောင်ကို ပြောလိုက်သည်။
"စန်းချောင်အခန်းထဲမှာပဲ ကျင်းရှန်နဲ့ပေါင်ရှန်ကို ကြည့်ပြီးနားနေလိုက်ပါ။ ကိုယ် အပြင်ထွက်ကြည့်လိုက်မယ်။"
လျိူစန်းချောင်က ထိုင်လိုက်ကာ ကျန်းထျန်ကိုကြည့်လိုက်ပြီးနောက် ကျန်းကောရှန်ကိုကြည့်ကာ တစ်ခုခုပြောချင်ပေမယ့် ရပ်လိုက်သည်။
သူမယောက်ျားက အဘိုးအဘွားတွေထားခဲ့သော ငွေတွေကိုစိတ်မဝင်စားဘူးဆိုတာ သူမ သိပေမယ့် သူမကလိုချင်သည်။ သူ့အဘိုးအဘွားတွေက ဘာလို့ထူးဆန်းနေတာလဲဆိုတာ သူမ နားမလည်နိုင်ပေ။ သူတို့က သူတို့သားတွေနဲ့ မြေးတွေအတွက် ငွေတွေမထားခဲ့ပေမယ့်လက်ထပ်ပြီးသားမြေးမအတွက်တော့ ငွေတွေဘာကြောင့်ပေးခဲ့တာလဲ?
သူ့ယောက်မကျန်းထျန်က လူအိုစုံတွဲနှင့်အချိန်အကြာကြီးနေခဲ့ပြီး အခြားမြေးတွေထက် ပိုရင်းနှီးတယ်ဆိုပေမယ့် လျိိုစန်းချောင်က ဘယ်မိသားစုကမှ သူတို့ရဲ့မြေးမတွေကို ငယ်စဉ်ကပဲချစ်ကြသည်ဟု မကြားဖူးပေ။
မသင့်တော်တဲ့အရာပဲ။
ဒါကသူတို့ဘဝရဲ့ စုဆောင်းထားတဲ့ငွေတွေဖြစ်ပြီး မတွေဝေဘဲ ကျန်းထျန်ကို ပေးလိုက်တာကြောင့် ယောက္ခမနှစ်ယောက်နဲ့ အကြီးဆုံးအဒေါ်က စိတ်တိုပြီးချိန်းခြောက်ခဲ့တာတောင် သူတို့ကမပေးပေ။
လျိုစန်းချောင်ရဲ့အမူအရာ တည်ငြိမ်သွားတာမြင်တော့ကျန်းကောရှန်က ပြောလိုက်သည်။ "စန်းချောင် ကိုယ်ပြောတာကိုမှတ်ထားပါ။ ဒါကရှောင်စန်းနဲ့ ထိုက်တန်တာပဲ။"
ကျန်းကောရှန်၏ အမူအရာကိုကြည့်ကာ လျိုစန်းချောင်ကနှုတ်ခမ်းကို စေ့ပြီးဘာမှမပြောတော့ပေ။
ကျန်းထျန်နှင့်ရွှီကျင်းဖန်က ကျန်းမိသားစုပင်မအခန်းကိုသွားလိုက်ပြီး ကျန်းကောရှန်က နောက်မှလိုက်ခဲ့သည်။
ပင်မအခန်းတွင် ကျန်းကျင်းမင်၊ ဟွမ်ယွီရှား၊ ကျန်းကောပင်နှင့် ဆွန်းရှောင်ကျူးတို့က ထမင်းစားပွဲတွင်ထိုင်နေကြကာ ကျန်းထျန်ကိုအလိုမကျသည့်အကြည့်နှင့်ကြည့်လိုက်သည်။
ကျန်းထျန်က မိသားစုဟုဆိုသော သူများကို ကြည့်လိုက်သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်က ကျန်းမိသားစုတွင် သူမအဘိုးအဘွားတွေ သေဆုံးပြီး ကုလျန်ရွှမ်နှင့်လက်မထပ်ခင်အထိ နေခဲ့သည်။ အစမှာတော့ ထိုသူတွေက မူလထခန္ဓာကိုယ်ပိုင်ရှင်ကို ပိုက်ဆံတွေအတွက် ကောင်းပြခဲ့ပေမယ့် သူမ ဘာမှမလုပ်တော့ သူတို့ရဲ့ငွေအတွက်စိတ်ရှည်မှုတွေက ပျောက်လာခဲ့သည်။
တစ်ခါတစ်လေ မူလခန္ဓာကိုယ်ပိုင်ရှင် အပြင်သွားရာမှပြန်လာလျှင် သူမပစ္စည်းတွေက ခြေရာလက်ရာပျက်နေသည်ကိုတွေ့ရလိမ့်မည်။
သူတို့က သူမလက်ထဲမှ အမွေစာအုပ်ကိုရှာနေသည်မဟုတ်ဘူးဟု ပြောရခက်သည်။
ဒါပေမယ့် မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့အဘိုးအဘွားတွေကရှေ့ရေးကိုကြိုမြင်ပြီး သူမလက်ထဲစာအုပ်လွှဲပေးပြီးချိန်ကပဲ မီးရှို့လိုက်ပြီဖြစ်သည်။
သူမ လိုအပ်သည့်အချိန်တွင် ဘဏ်ကိုသွားကာသူမ၏ သက်သေခံကဒ်ပြားကိုပြကာ အသစ်လျှောက်လိုက်လျှင်ရပြီဖြစ်သည်။
ကုလျန်ရွှမ်နှင့် လက်ထပ်ပြီးနောက် မူလခန္ဓာကိုယ်ပိုင်ရှင်က ယခုကျန်းထျန်နေရာတွင် ရှိနေသောအမွေစာအုပ်ကို ဖွင့်ရန်အခွင့်အရေးရခဲ့သည်။
ကျန်းကျင်းမင်က သူ့မျက်နှာချင်းဆိုင်မှ ထိုင်ခုံကို မေးငေါ့ပြလိုက်သည်။ "ထိုင်ပါ။"
ကျန်းထျန်နှင့်ရွှီကျင်းဖန်က ထိုင်လိုက်ပြီး ကျန်းကောရှန်လည်း ထိုင်လိုက်သည်။
လူစုံတော့ ကျန်းကျင်းမင်က စကားစလိုက်သည်။ "အစ်မကြီးလည်း ဒီမှာရှိနေတာပဲ။ ကျွန်တော့်အဖေကအစ်မက နားလည်လွယ်တဲ့သူလို့ ပြောတာ ကြားဖူးတယ်။ ဒီနေ့ကျွန်တော် စကားနည်းနည်းပြောချင်တယ်။"
"ကျန်းထျန်က အခုလက်ထပ်ပြီးသားမိန်းကလေးလေ။ကျွန်တော်တို့ ကျန်းမိသားစုက ခန်းဝင်ပစ္စည်းတွေနဲ့ တင်တောင်းပေးပြီးသားလည်းဖြစ်တယ်။ ကျွန်တော်တို့ကတာဝန်ကျေခဲ့ပါပြီ။ ဒါပေမယ့် ကျန်းထျန်က ကျန်းမိသားစုရဲ့ပစ္စည်းကို ယူပြီး အခြားသူရဲ့အိမ်ကို မသွားသင့်ဘူး။"
"ကျွန်တော်တို့ ကျန်းမိသားစု"ဆိုသောစကားကို ပြောချိန်တွင် ကျန်းကျင်းမင်က အံကြိတ်ကာ အတင်းလုပ်ယူပြောဆိုခဲ့ရသော စကားဖြစ်သည်။
ကျန်းကောရှန်က ဝင်ပြောလိုက်သည်။ "အဖေ ဒါကအဘိုး အဘွားတွေ ထျန်ထျန်အတွက် ထားခဲ့တာလေ။"
"ပါးစပ်ပိတ်ထား ဒုတိယညီလေး!" ကျန်းကောပင်က ခေါင်းလှည့်ကာဆူလိုက်သည်။
"ဒါကငါတို့မိသားစုပစ္စည်းလို့ ပြောရင် မိသားစုပစ္စည်းပေါ့။ အဘိုးက အဲ့ဒီအချိန်က စိတ်ရှုပ်ထွေးနေလို့သူကအမွေစာအုပ်ကို ဘာမဟုတ်တဲ့ မိန်းမငယ်လေးတစ်ယောက်ကို ပေးခဲ့တာပဲ။"
ကျန်းထျန် စိတ်တိုသွားသည်။ "ဒါကဘာစကားလဲ? အစ်ကို ကျွန်မကိုဘာမဟုတ်တဲ့မိန်းမငယ်လေးလို့ ခေါ်နေသေးတာပဲ။ ကိုယ့်ကိိုယ်အရမ်းတန်ဖိုးရှိတယ် ထင်နေတာလား?"
ကျန်းထျန်က စားပွဲခုံကိုရိုက်လိုက်သည်။ "အစ်ကိုက မိန်းမငယ်လေးဆီက မွေးလာတာမဟုတ်ဘူးလား? အစ်ကို့အဖေကရော မိန်းမငယ်လေးဆီက မွေးလာတာမဟုတ်ဘူးလား? နောက်တစ်ခါ ကျွန်မကိုဘာမဟုတ်တဲ့မိန်းမငယ်လေးလို့ခေါ်ရင် ကျွန်မက အစ်ကို အစ်ကို့မိဘတွေကို မလေးမစားလုပ်တယ်ဆိုပြီး အထည်ချုပ်စက်ရုံကိုသွားတိုင်မယ်။"
ဟွမ်ယွီရှား - "..." ဒီတစ်ခါတော့ တကယ်ကို မငယ်ချင်တော့ဘူး။
ကျန်းကောပင်က တုန်လှုပ်သွားပြီး ကျန်းထျန်ကိုလက်ညှိုးထိုးကာ တစ်ခုခုပြောရန်ပြင်နေစဉ်တွင် သူတို့ဆယ်နှစ်ကျော် အသုံးပြုလာခဲ့သော ထမင်းစားပွဲကရုတ်တရက် ပြိုကျသွားသည်ကို တွေ့လိုက်ရသည်။
စားပွဲခုံက ဟင်းပွဲများက မရှင်းလင်းရသေးပေ။အစားအစာတွေက စားပြီးပြီဆ်ိုပေမယ့် ပန်းကန်ထဲတွင်ဟင်းရည်များ ရှိနေသေးသည်။ ကျန်းထျန်က အလျင်အမြန် ရွှီကျင်းဖန်နှင့် ကျန်းကောရှန်ကို ဆွဲလိုက်သည်။
"အား.. စားပွဲခုံပြိုကျသွားပြီ" ကျန်းမိသားစုဝင်တွေက အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေမယ့်ထမင်းပန်းကန်တွေနဲ့ တူတွေက ဆွန်းရှောင်ကျူးရှေ့ ပြုတ်ကျသွားကာ ကွဲသွားသည်။
ဟွမ်ယွီရှားက ကျန်းထျန်ကိုကြည့်ကာ အလန့်တကြားတံတွေးမြိုချလိုက်သည်။
ကံကောင်းစွာနဲ့ သူမ ကျန်းထျန်ကို ရန်မမူခဲ့တာက ရွှီကျင်းဖန်၏ တိုက်ခိုက်ရေးအစွမ်းကြောင့်ဖြစ်သည်။မဟုတ်လျှင်..မဟုတ်လျှင် သူမလက်မောင်းလဲ ဒီစားပွဲခုံလိုအဆုံးသတ်သွားလိမ့်မည်။
စားပွဲခုံကကျိုးသွားကာ ပန်းကန်များလည်း ကွဲသွားပြီဖြစ်သည်။
ဟွမ်ယွီရှားက ရှင်းလင်းရန် ဆွန်းရှောင်ကျူးကို အပြင်မှတံမြက်စည်းနှင့် ဂေါ်ပြားကိုယူခိုင်းလိုက်သည်။
ကျန်းကျင်းမင်က ပို၍စိတ်တိုလာပြီး ကျန်းကောပင်က ကျန်းထျန်ကို အဆိပ်ပြင်းသည့်မျက်လုံးများနှင့် စိုက်ကြည့်နေသည်။
သူတ်ို့ဘယ်လောက်ပဲ စိတ်တိုနေစေကာမူ ဘယ်သူကမှဘာမှမလုပ်ရဲကြပေ။
အနောက်ဘက်မှ ကျန်းမီထောင်၏ အခန်းတွင်းမှကျန်းကျွင်းဖန်၊ ကျန်းဝမ်ပေါင်နှင့် ကျန်းကောပင်၏ ကလေးသုံးယောက်က အခန်းတံခါးနှင့်ပြတင်းပေါက်များမှနေ၍ အပြင်မှ အသံကိုနားစွင့်နေကြသည်။
ဆူညံနေသည့်အသံကိုကြားလိုက်ရတော့ ကျန်းမီထောင်က ပါးစပ်ကိုအုပ်ကာ ရယ်လိုက်သည်။ "ဒါက ကျန်းထျန် အရိုက်ခံရတာဖြစ်မယ်။ ပန်းကန်တွေကွဲတဲ့ အသံတောင် ကြားရတယ်။"
ကျန်းကျွင်းဖန်က သူမကိုပြောလိုက်သည်။ "ဘာတွေတွေးနေတာလဲ?အရေးအကြီးဆုံးက အမေနဲ့အဖေကအမွေစာအုပ်ကို ပြန်ရလားဆိုတာပဲ။"
ပင်မအခန်းက ရှုပ်ပွသွားပေမယ့် ကျန်းမီထောင်နှင့်အခြားသူများတွေးသလို ကျန်းထျန်အရိုက်ခံရ၍တော့မဟုတ်ပဲ ကျန်းမိသားစုဝင်များက ဒီအခြေအနေကိုစိတ်တိုမိပေမယ့် ထိန်းထားကြသည်။
ဆွန်းရှောင်ကျူးက အချိန်အတော်ကြာ တံမြက်စည်းလှဲလိုက်သော်လည်း ကြမ်းပြင်ကသန့်ရှင်းမသွားပေ။
ထိုရှုပ်နေသော နေရာတွင်သာ စကားဆက်ပြောခဲ့ရသည်။
"ငါ ဒါကို ဝေခွဲမရဖြစ်နေတာ။ ကျန်းထျန် ဒီနေ့သမီးကိုခေါ်လိုက်တာက သမီးအဘိုးအဘွားတွေ အဖေတို့မိသားစုအတွက် ထားခဲ့တဲ့အမွေစာအုပ်ကို ပြန်ပေးဖို့ပြောချင်လို့ပဲ။"
သူ ရွှီကျင်းဖန်ကို ကြည့်လိုက်သည်။ ရွှီကျင်းဖန်ကကလေးတွေကို တစ်ယောက်ထဲ ပျိုးထောင်လာပြီးစိတ်ဓာတ်ပြင်းထန်တဲ့သူမလို့ ဒီအမွေစာအုပ်ကို လိုချင်မည်မဟုတ်ကြောင်း ကျန်းကျင်းမင် သိသောကြောင့်ပြောလိုက်သည်။
"ခမည်းခမက် ကျန်းထျန်က ဒီစာအုပ်ကိုပြန်ပေးသင့်လားပြောပါဦး?"
ကျန်းကျင်းမင်က မျက်နှာပျက်သွားကာ သူ့စကားကတစ်ခုလိုသွားသည်ဟု တွေးမိပြီး ထပ်ပြောလိုက်သည်။ "သေချာပေါက် အစ်မကြီးက နားလည်တတ်တဲ့သူတစ်ယောက်ပါ။ လက်ထပ်ပြီးသား မိန်းကလေးတစ်ယောက်က သူ့မိဘအိမ်က ပစ္စည်းတွေကို ယူမသွားသင့်ဘူးလေ။"
ရွှီကျင်းဖန် စိတ်ထဲမှခေါင်းခါလိုက်သည်။ "ကျွန်မအထင်ကတော့ ဦးလေးကျန်းနဲ့ အဒေါ်ကျောက်ရဲ့စကားကို နားထောင်သင့်တယ်။ ဒီငွေတွေက သူတို့နှစ်ယောက်ပိုင်တာလေ။ သူတို့က မကွယ်လွန်ခင်မှာ ဒါတွေကိုထျန်ထျန်ကို ပေးသွားတော့ ဒါက ထျန်ထျန်ပိုင်တာပဲလေ။"
"ဒါက လက်ထပ်ပြီးတာ မပြီးတာနဲ့ မဆိုင်ဘူး။"
ရွှီကျင်းဖန်က ပြောလိုက်သည်။ "ရှေ့ကပြောသွားတဲ့စကားတွေကမှားနေတယ်။ ဦးလေးကျန်းနဲ့ အဒေါ်ကျောက်က ထျန်ထျန်ကို ငယ်ငယ်ကပဲကျွေးမွေးစောင့်ရှောက်လာတာ။ ခမည်းခမက်တို့နှစ်ယောက်က ထျန်ထျန်ကို မွေးပဲမွေးခဲ့တာ ကျွေးမွေးပျိုးထောင်ခဲ့တာ မဟုတ်ဘူး။ သူတို့ကို အနှစ်နှစ်ဆယ်လောက် လက်လွှဲထားခဲ့တာလေ။ အခုမှအကျိုးအမြတ်ကို အာရုံစိုက်နေတာကအဓိပ္ပါယ်မရှိဘူး။"
ကျန်းကျင်းမင် မျက်နှာမှ အပြုံးတုကပျောက်ကွယ်သွားသည်။
သူ ဘယ်လိုမေ့သွားတာလဲ?
စာအုပ်ထဲက ထောင်နဲ့ချီတဲ့ငွေတွေက သူတို့လိုမိသားစုတောင်လိုချင်သည်ဖြစ်၍ နယ်မြို့မှ ကုမိသားစုကလည်းဒီလိုပင်ဖြစ်မည်။
ကျန်းကျင်းမင် မျက်မှောင်ကြုတ်လိုက်သည်။ "ဒါဆိုပြန်မပေးဘူးဆိုတဲ့သဘောလား?"
ကျန်းကောပင်က ဒါကိုကြားတော့ မခံမရပ်နိုင်ဖြစ်နေသည့်အတွက် ဟွမ်ယွီရှားက ဆွဲလိုက်ရသည်။
ဒီတစ်ကြိမ်တွင် ကျန်းထျန်က စကားပြောလိုက်သည်။ "စာအုပ်က အခုကျွန်မနာမည်နဲ့ဖြစ်သွားပြီ။ ကျွန်မ မသေမချင်း ဘယ်သူ့လက်ထဲမှ ရောက်တော့မှာမဟုတ်ဘူး။"
ကျန်းကျင်းမင်က ရုတ်တရက်မျက်နှာပျက်သွားပြီးအသံကျယ်ကျယ်နှင့် မေးလိုက််သည်။ "နင်က လက်လွှဲယူလိုက်တာလား?ဘဘယ်တုန်းကလဲ? ငါဘာလို့မသိလိုက်ရတာလဲ?"
သူက ဘဏ်စာရေးနှင့် မိတ်ဆွေဖြစ်သည်။ အဘိုးကြီးကွယ်လွန်ပြီးချိန်ကပဲ သူကစာရေးကို ကျန်းထျန်ကိုစောင့်ကြည့်ခိုင်းထားပြီး ပိုင်ဆိုင်မှုတွေ လက်လွှဲယူရန်လုပ်ချိန် သူ့ကိုအသိပေးရန်ပြောထားသည်။
စာရေးက သူ လာဘ်ထ်ိုးထားသော ပစ္စည်းတွေယူထားတာမလို့ သူ့ကိုသစ္စာဖောက်မှာ မဟုတ်ပေ။
ကျန်းထျန် - "..." မဟုတ်သေးပါဘူး အကြားအမြင်ရနေလို့ ကျွန်မပိုင်ဆိုင်မှုလွှဲပြောင်းဖို့ မသွားခဲ့ဘူးဆိုတာ သိနေတာလား?
"အဘိုးက သက်ရှိထင်ရှားရှိနေတုန်းကပဲ ကျွန်မကိုခေါ်သွားတာ။"
အဘိုးရဲ့မိတ်ဆွေထံ သွားခဲ့တော့ အဲဲ့ဒီအချိန်က အပ်ထားသော ယွမ်တစ်သောင်းက ဗွီဗွီအိုင်ပီအဖြစ်သတ်မှတ်လို့ရသည်ဟုပြောသည်။
ကျန်းကျင်းမင်၏ ပုခုံးကတုန်လာကာ သူ လက်သီးဆုပ်လိုက်ပြီး မျက်နှာကလည်း အံ့သြနေသည့်ပုံဖြစ်နေသည်။
"အဖေ အရမ်းရက်စက်တာပဲ!" သူက မျက်လုံးများထွက်ကျတော့မလို အမူအရာနှင့် တစ်လုံးချင်းပြောလိုက်သည်။
ဟွမ်ယွီရှားကလည်း ခုံတွင်ထိုင်လိုက်ကာ ရင်ဘတ်ကိုဖိလိုက်သည်။ "ဘုရားသခင် ကျွန်မ ဘယ်လိုအပြစ်မျိူးလုပ်ခဲ့မိလို့ ဒီလိုခေါင်းမာတဲ့ ယောက္ခမနဲ့တွေ့ခဲ့ရပြီး စုငွေတွေကို အပြင်လူတွေကို ပေးလိုက်တယ်တဲ့ ဘုဘုရားသခင်!"
ကျန်းကောပင်ကလည်း အမွေစာအုပ်က ကျန်းထျန်လိုအပြင်လူတစ်ယောက်ထံ ရောက်သွားပြီဆိုတာ မယုံကြည်နိုင်စွာနှင့် ခုံတွင်ထိုင်လိုက်သည်။
ကျန်းထျန် ဒုတိယအစ်ကိုကို ကြည့်လိုက်တော့ သူလည်း ထိတ်လန့်နေပုံရသည်။
ကျန်းထျန်က ရွှီကျင်းဖန်ကိုကြည့်လိုက်သည်။ မိသားစုက လူတွေက အမွေစာအုပ်ကို ခုထိလက်လွှဲမယူရသေးဘူး ထင်နေတာလား?
"အားလုံးအဆင်ပြေသွားပြီဆိုတော့ အမေနဲ့ ကျွန်မပြန်လိုက်ပါဦးမယ်။ အသင်းကတာဝန်တွေ မပြီးသေးဘူး။တောင်ပေါ်မှာ အသီးအရွက်တွေ သွားတူးရဦးမယ်။" ထိုသို့ပြောကာ ကျန်းထျန်က ရွှီကျင်းဖန်နှင့်အတူ ထွက်သွားလိုက်သည်။
ကျန်းကောရှန်က သူတို့ကိုလိုက်ပို့ရန် နောက်မှလိုက်လာခဲ့သည်။
"ထျန်ထျန် ပြန်သွားရင် ဒါတွေကိုမေ့လိုက်ပါ။ အဖေနဲ့အမေက စိတ်ရှုပ်နေလို့ပါ..."
ကျန်းကောရှန်က ကျန်းထျန်ကို နှစ်သိမ့်ရန်လုပ်လိုက်သည်။ သူ့စကားမဆုံးခင်မှာပင် သူ့အနောက်မှ အသံအကျယ်တစ်ခုက အော်လိုက်သည်။
"ရပ်လိုက်စမ်း! ကျန်းထျန် စာအုပ်ကိုပြန်ပေး! နင်ကကျန်းမိသားစုဝင် မဟုတ်ဘူး!"
ကျန်းကောပင်က ကြောက်စရာကောင်းသော သွေးရောင်မျက်လုံးပြူးများနှင့် အရူးတစ်ယောက်ကဲ့သို့ ပြေးလာသည်။
ရွှီကျင်းဖန်က တစ်ဖက်လှည့်ကာ ထိုသူကိုကန်လိုက်ပြီးကျန်းထျန်ကို ကာကွယ်လိုက်သည်။
သူမက တစ်မိသားစုလုံးကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
သူတို့စိတ်ထဲမှာ ဦးလေးကျန်းနဲ့အဒေါ်ကျောက်ရဲ့အမွေစာအုပ်အကြောင်းကိုပဲ တွေးနေကြလို့ အားလုံးရူးနေကြပြီထင်တယ်။
ကျန်းကောရှန်က ကျန်းထျန်၏ အမူအရာကိုမြင်တော့အလျင်အမြန် ရှင်းပြလိုက်သည်။ "ထျန်ထျန် အစ်ကိုကြီး စကားကို နားမထောင်ပါနဲ့။ သူကအသိစိတ်လွတ်နေတာ။ ညီမက လက်ထပ်ပြီးပြီဆိုပေမယ့် ဒီမိသားစုကလူပါပဲ။ ညီမယောက်ျားအိမ်မှာ အဆင်မပြေဘူးဆိုရင် ညီမဘက်မှာ အစ်ကိုရှိပါတယ်။"
ထိုသို့ပြောပြီး သူကကျန်းကောပင်ကို အင်္ကျီကော်လံမှဆွဲကာ ထိုးလိုက်သည်။ "အစ်ကို ဘာတွေပြောနေတာလဲ?ထျန်ထျန်ရဲ့ မျိုးရ်ိုးနာမည်က ကျန်းလေ ဒါဆိုဘာလို့သူက ကျွန်တော်တို့ မိသားစုဝင် မဟုတ်ရမှာလဲ?"
ကျန်းကောပင်က ကျန်းကောရှန်၏ လက်ကိုတွန်းဖယ်လိုက်ကာ တွေဝေနေသည့်ကျန်းထျန်ကို လက်ညှိုးထိုးပြီးပြောလ်ိုက်သည်။
"သူက ငါတို့ကျန်းမိသားစုက မဟုတ်ဘူး။ သူမကကျောက်ရှန်းချင် စိတ်ချမ်းသာစေဖို့ အဘိုး အပြင်ကနေခေါ်လာတဲ့ ကလေးပဲ!"
ကျန်းကောရှန် - "အစ်ကိုရူးနေပြီပဲ!"
လူနှစ်ယောက်က ပင်မအခန်းမှ ဖြည်းဖြည်းချင်းလမ်းလျှောက်လာသည်။
ကျန်းကျင်းမင်၏ မျက်နှာက ဖြူဖျော့နေသည်။ "သူ ပြောတာ မှန်တယ်။"
"ကျန်းထျန်က ဟိုမိန်းမကျောက်ရှန်းချင်ကို စ်ိတ်ချမ်းသာရာရစေဖို့ အဖေက အပြင်ကခေါ်လာတဲ့သူပဲ။ကိုယ်ဝန်ပျက်ကျတာကြောင့် တစ်ဘဝလုံး ကိုယ်ဝန်မရနိုင်တော့လို့လေ။"
သူ့နောက်ဆုံးစကားကို ပြောနေချိန်တွင် သူ့မျက်နှာအမူအရာက မဲ့နေကာ ဒေါသထွက်နေပုံက မျက်လုံးတွင်မြင်နေရသည်။
ဒီမကောင်းတဲ့မိန်းမကဘသူ့အမေရဲ့နေရာကိုယူထားပြီးကလေးလိုချင်သေးတယ်တဲ့လား?
အိပ်မက်မက်နေလိုက်!
ကျန်းထျန် အံ့သြသွားသည်။ သူမက ရွှီကျင်းဖန်၏ အင်္ကျီထောင့်ကိုဆွဲကာ နောက်သို့ခြေနှစ်လှမ်းဆုတ်သွားသည်။
ရွှီကျင်းဖန်က သူမနောက်မှသူက်ို ကာကွယ်လိုက်ကာအေးစက်စွာ ပြောလိုက်သည်။
"ကျန်းကျင်းမင်လအစားကိုကုန်အောင်စား စကားကိုကုန်အောင်မပြောနဲ့။ လူကုန်ကူးတာက တရားမဝင်တဲ့လုပ်ရပ်ပဲ။ ရှင့်အဖေကို ရာဇဝတ်သားမဖြစ်စေချင်ဘူးမလား? အဓိပ္ပါယ်မရှိတာတွေပြောပြီး ကွယ်လွန်သွားပြီဖြစ်တဲ့အဖေကို ခုလိုအပြစ်တင်နေတာ။ စက်ရုံက ရှင့်ကိုအလုပ်သမားအဖြစ် ဆက်ခန့်ထားဦးမယ် ထင်နေသေးတာလား?"