← Chapters

အခန်း(၈၂)

Vol. 7 Ch. 82

အခန်း(၈၂)

Vol. 7 Ch. 82

ရွှီကျင်းဖန်၏ စကားကိုကြားတော့ ဟွမ်ယွီရှားက ကျန်းကျင်းမင်၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။ သူ ရွှီကျင်းဖန်ကို စိတ်တိုအောင်လုပ်မိလျှင် အရိုက်ခံရယုံတင်မက သူမတိုင်လိုက်လျှင် သူ့အလုပ်လဲ ပြုတ်သွားနိုင်သည်။

ကျန်းကျင်းမင်က ဟွမ်ယွီရှား၏ လက်ကိုဖယ်ကာ ရွှီကျင်းဖန်နှင် သူမနောက်တွင် အံ့သြစွာရပ်နေသောကျန်းထျန်ကို ကြောက်လန့်ဖွယ်အကြည့်များနှင့် ကြည့်လိုက်သည်။

"ကျန်းထျန်က ကျန်းမိသားစုက မဟုတ်လို့ ကျန်းမိသားစုပိုင် ပစ္စည်းကို ယူဖို့ စိတ်တောင်မကူးနဲ့!" ကျန်းကျင်းမင်က ခြိမ်းခြောက်လိုက်သည်။ "မဟုတ်ဘူးဆိုရင် အမွေစာအုပ်အကြောင်း သတင်းဖြန့်လိုက်မယ်။ ကုမိသားစုက အဲ့ဒီအခါ ကျန်းထျန်ကိုကာကွယ်နိုင်ဦးမလား ကြည့်မယ်။"

ကျန်းကျင်းမင်က သူ မရလျှင် အကုန်ဖျက်ဆီးပစ်မည်ဟု ဆုံးဖြတ်ထားသော အရူးနှင့် တူနေသည်။

ရွှီကျင်းဖန် ခေတ္တတိတ်ဆိတ်သွားသည်။ သူမက ငတုံးမဟုတ်ပေ။ အမွေစာအုပ်ထဲတွင် ယွမ်တစ်သောင်းကျော်ရှိသည်!

ငွေတစ်သောင်းဆိုသည့်အရာက ဒီလိုနယ်မြို့လေးတွင်လူတိုင်း လစ်လျူမရှုနိုင်သော အရာဖြစ်သည်။ မြို့ပေါ်တွင်တောင် ဘယ်သူကမှ ယွမ်တစ်သောင်းကို မပေးနိုင်ပေ။

ဒါကဦးလေးကျန်း၏ အပိုဝင်ငွေနှင့် သူတို့နှစ်ယောက်ပေါင်းလစာများဖြစ်ပြီး နှစ်သုံးဆယ်ကျော်စုထားသောငွေများဖြစ်သည်။

စကားသာ ပေါက်ကြားသွားလျှင် ရွှီကျင်းမြို့မှသူများသာမကပတ်ဝန်းကျင်မှ လူများကပါ ညှီနံ့ခံကာလိုက်လာကြမည်။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေအရွယ်ရောက်သူဖြစ်စေ ကလေးဖြစ်စေ သူတို့ကဖိအားပေးကာ ပေးခိုင်းကြမည်။ မပေးလျှင် သူတို့ကရောင်းစားကြမည်။ ထိုအခါငိုစရာနေရာပင် ရှိမည်မဟုတ်ပေ။

ဒါကအကောင်းမြင်နေသေးသည်သာဖြစ်သည်။ ဒီနေရာတွင် ချမ်းသာသူကို လူတိုင်းကမုန်းသည်။ တစ်ယောက်ယောက်က သိသွားလျှင် သင့်မိသားစုကအရမ်းချမ်းသာသည်ဟု တွေးကာ သင့်ကိုပစ်ပယ်ကြလိမ့်မည်။

ရွှီကျင်းဖန်က တုန်လှုပ်လာကာ မျက်နှာ ဖြူဖျော့လာသည်။ သူမက ကျန်းကျင်းမင်ရဲ့ မသေမချင်းတိုက်ခိုက်လိုသည့်အဆိပ်ပြင်းသော လုပ်ရပ်ကြောင့် အံ့သြနေသည်။

ရွှီကျင်းဖန် အသံတိတ်သွားတာမြင်တော့ ကျန်းကျင်းမင်က ပြောလိုက်သည်။

"စာအုပ်ကို ပြန်ထုတ်ပြီး ငါတို့ကိုပေးလိုက် ဒါဆိုအကုန်အဆင်ပြေသွားမယ်"

ကျန်းထျန်က မျက်လုံးကိုပိတ်လိုက်ကာ သူမခံစားချက်ကိုထိန်းလိုက်ပြီး ရွှီကျင်းဖန်ကို သူမနောက်သွင်းကာတည်ငြိမ်စွာ ပြောလိုက်သည်။

"အားလုံးကိုပြောလို့ရတယ်။ ဒါဆို ကျွန်မက ခရိုင်ရုံးကိုသွားပြီး ငွေစုစာအုပ်ကို အဖွဲ့အစည်းကို လှူလိုက်မယ်။ဘယ်သူမှ ယူလို့မရတော့ဘူး။"

"ကျွန်မက ပြောသလို တကယ်လုပ်နိုင်တယ်"

ကျန်းထျန်က ခြံဝင်းထဲမှလူများကို ကြည့်လိုက်သည်။

"အချိန်ကျလာရင် ကျန်းမိသားစုအကြောင်း အပြင်လူတွေ ဘာပြောမလဲကြည့်ဦးမယ်။ ကျန်းမိသားစုကကလေးတွေက သူတို့မိဘတွေကို ကောင်းကောင်းမစောင့်ရှောက်လို့ အဘိုးက သူ့အမွေစာအုပ်ကို သူ့သားအရင်းကိုပေးရမယ့်အစား မြေးဖြစ်သူကိုပေးခဲ့တယ်လို့ ပြောကြမှာပေါ့။"

"အပြင်လူတွေက ကျွန်မ ငွေစုစာအုပ်ကို ကျွန်မ မြေးမကို ပေးမယ်ဆိုရင် သားနဲ့မြေးတွေကို ပိုပေးခဲ့မှာလားဆိုပြီးပြောလာမလားကြည့်ဦးမယ်။

ကျန်းထျန်က ကျောက်စားပွဲကို ခြေဖြင့်ကန်လိုက်သောကြောင့် အသံကျယ်ကြီး ထွက်သွားကာ လူများက အလန့်တကြားနှင့် နောက်ကို နှစ်လှမ်းဆုတ်လိုက်သည်။အနောက်ဘက်အခန်းမှ ဖွင့်ထားသော တံခါးနှင့်ပြတင်းပေါက်များက ပိတ်သွားပြီး အထဲမှလူများက ထိုမြင်ကွင်းကြောင့် အသက်မရှူနိုင် ဖြစ်သွားရသည်။

အရှေ့အခန်းမှကြည့်နေသော သူများကလည်း အကြည့်ရှောင်လိုက်သည်။

ကျန်းထျန် ပြောလိုက်သည်။ "ရှင်တို့သိထားဖို့လိုတာက ကျွန်မက ငွေတွေကိုမီးရှို့လိုက်တယ်ဆိုရင် ဒါမှမဟုတ် လှူလိုက်တာ ဒါမှမဟုတ်အိတ်ထဲထည့်ပြီး လမ်းမှာတွေ့သမျှ လူတိုင်းကိုပေးနေရင်တောင် အဆုံးမှာ ရှင်တို့လက်ထဲ တစ်ပြားမှရောက်လာမှာ မဟုတ်ဘူး။"

"ကျွန်မကို ကျွန်မမိသားစုနဲ့ ခြိမ်းခြောက်တယ်မလား?ရှင်တို့က မသေမချင်း တိုက်ခိုက်ချင်ပေမယ့် ကိုယ့်ပုံကိုယ် ပြန်မကြည့်ကြဘူး။ ရှင်တို့က အပုပ်နံ့ထွက်နေတဲ့ငါးပုစွန်အုပ်စုပဲ။ ဘယ်သူက ဘဝမှာမကောင်းတာမလုပ်ဖူးလို့လဲ? ကျွန်မမှာ ငွေတွေအများကြီးရှိတယ်။ ကျွန်မ အဲ့ဒါတွေကိုယူပြီး အိမ်နီးချင်းတွေနဲ့ ရှင်တို့စက်ရုံကအလုပ်သမားတွေ ရှေ့ကိုသွားမယ်။ဘတစ်ယောက်ယောက်က ရှင်တို့အကြောင်း အရှက်ရစရာပြောမယ်ဆိုရင် ကျွန်မက သူ့ကိုငွေတွေအများကြီးပေးပစ်မယ်။"

"ဘယ်သူက အရင်အရှုံးပေးရမလဲ ကြည့်ချင်သေးတယ်။"

ကျန်းထျန်၏ မျက်နှာက အေးစက်နေသည်။ သူမ၏ ယခင်ဘဝမှာ သူမက ကမ္ဘာပျက်ကိန်းနှင့် ရင်ဆိုင်ခဲ့ရပြီးလူပေါင်းစုံနှင့် တွေ့ကြုံခဲ့ရသည်။ သူမ၏အစွမ်းကိုလိုချင်သူများကိုလည်း သတ်ပစ်ခဲ့ရသည်။ ဒါပေမယ့် ယခုလ်ိုတည်ငြိမ်တဲ့ ဘဝမှာရောက်နေတော့ ကျန်းထျန်ကအတိတ်ကို ပြန်မတွေးချင်ပေ။ သူမက အနည်းငယ်ရှုပ်ထွေးနေပေမယ့် အေးချမ်းသောဘဝတွင်သာ နေချင်သည်။ သူမ အစားအသောက်မှလွဲ၍ အခြားမစဉ်းစားလိုပေ။

ဒါပေမယ့် ဒီလူတွေကအမြင်မရှိဘဲ သူမထံ ချဉ်းကပ်လာသည်။

အမွေစာအုပ်အတွက်နှင့် လူ့ဘဝတွေကို ချိုးဖဲ့ချင်နေကြသည်။

တကယ်လို့ သူမမှာ ယွမ်တစ်သောင်းရှိတယ်ဆိုတာ သိရင်မြို့နယ်တွင် စာသင်နေသော ကုလျန်မင်၊ အဖွဲ့အစည်းတွင် စာသင်နေသော ရှောင်းဝူ၊ ရှောင်းလျိုနှင့်ကားမောင်းနေရသော ကုလျန်ရုန်တို့က ငွေမက်သူတွေရဲ့ပစ်မှတ်ထားတာခံရပြီး အသတ်မခံရရင်တောင် ပျောက်သွားကြလိမ့်မည်။

ကျန်းထျန်က အနီးအနားကိုကြည့်လိုက်ကာ ထောင့်တွင်ထားသောပုဆိန်ကို တွေ့လိုက်ရသည်။ သူမ အဲ့ဒါကိုယူပြီးခြေနှစ်လှမ်းသုံးလှမ်းလှမ်းကာ သူမကန်ခဲ့သောကျောက်စားပွဲကို အားကုန်သုံး၍ ထုချေလိုက်သည်။

ကျောက်တုံးအပိုင်းအစတွေက နေရာအနှံံံ့လွင့်သွားကာပတ်ဝန်းကျင်ရှိ သူများ မျက်နှာကိုမှန်ကာ နာကျင်သွားစေသည်။

အားလုံးက ကျန်းထျန်၏ လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားကြသည်။

ကျန်းထျန်၏ မျက်နှာတွင်လည်း အနီရောင်အမှတ်များပေါ်လာကာ ကျောက်တုံးမှ အမှုန့်များကြောင့် မျက်လုံးမဖွင့်နိုင်သော်လည်း သူမလက်တွေက လှုပ်ရှားနေသေးသည်။

"ကျွန်မက တပ်မဟာရဲ့သန့်စင်ခန်းမှာ ရှိတဲ့ဝက်တွေကိုသာ ပေးရင်ပေးလိုက်မယ် ကျွန်မ မသေမချင်း ရှင်တို့အဲ့ဒီစာအုပ်ကို ရမှာမဟုတ်ဘူး။ လူတွေရဲ့ဘဝနဲ့ကျွန်မကိုခြိမ်းခြောက်တယ်ပေါ့။ ရှင်တို့မှာ အသက်ဘယ်လောက်တောင်ရှိလို့လဲ?"

လူတွေရဲ့ထိတ်လန့်နေတဲ့ အမူအရာကို လစ်လျူရှုကာကျန်းထျန်က ပုဆိန်က်ိုဘေးနံရံကို လှမ်းပေါက်လိုက်ရာအပြာရောင်သစ်သားအိမ်တွင် အပေါက်ကြီးတစ်ခုဖြစ်သွားသည်။

ဟွမ်ယွီရှားက မကောင်းဆိုးဝါးတစ်ကောင်ကို မြင်နေရသကဲ့သို့ ကျန်းထျန်ကို အလန့်တကြားကြည့်လိုက်သည်။

ကျန်းကျင်းမင်က သူမကိုမျက်လုံးပြူး၍ ကြည့်လိုက်ကြီး မြေပေါ်လဲကျသွားသည်။

ဆီးနံ့က လေထုထဲတွင်ပျံ့လာပြီး တိတ်ဆိတ်နေချိန်တွင်ဆီးစက် တစက်စက်ကျသံက သေချာကြားနေရသည်။ကျန်းကောရှန် အသိဝင်လာကာ အောက်ကိုကြည့်လိုက်တော့ သူ့အစ်ကို၏ ခြေရင်းတွင် အဝါရောင်အရည်များ အိုင်နေသည်ကို တွေ့လိုက်ရသည်။

ကျန်းထျန်နှင့်အတူ နေ့ရောညပါအတူရှိလာသော ရွှီကျင်းဖန်ပင် သူမကျန်းထျန်၏ အကြောင်းတွေကို ထပ်သိလိုက်ရသလိုပုံစံနှင့် သူမကို ငေးကြည့်နေမိသည်။

ရွှီကျင်းဖန်၏ အမြင်တွင် ကျန်းထျန်က စိတ်ထားကောင်းသော မိန်းကလေးဖြစ်ပြီး ကောင်းမွန်စွာပြုမူတတ်ကာ နူးညံ့သောစိတ်ထားရှိသူဖြစ်သည်။အစားအသောက်မှလွဲရင် အခြားအရာတွေကို စိတ်မဝင်စားသူဖြစ်သည်။

ရွှီကျင်းဖန်က နာကျင်မှူကိုထိန်းကာ ကျန်းထျန်၏ တုန်နေသော လက်များကို ကိုင်လိုက်သည်။

ကျောက်စားပွဲက ကျန်းထျန်၏ အစိတ်စိတ်အမွှာမွှာလုပ်ခြင်းကိုခံလိုက်ရသည်။ ထိုအားကြောင့် ကျန်းထျန်၏ လက်ကို ထုံကျင်စေပေမယ့် သူမက သူမလက်တုန်နေသည်ကိုပင် သတိမထားမိပေ။

ရွှီကျင်းဖန် သူမလက်ကို ကိုင်လိုက်တော့မှ သူမလက်က ခံစားချက်မရှိဖြစ်နေသည်ကို ကျန်းထျန် နားလည်သွားသည်။

ကျန်းကောရှန်က ကျန်းကောပင်၏ အင်္ကျီကိုလွှတ်လ်ိုက်ပြီးမျက်လုံးကို ပိတ်လိုက်ကာ ပြန်ဖွင့်လိုက်ပြီး ပြောလိုက်သည်။ "အဖေ၊ အမေဒီငွေတွေက ကျွန်တော်တို့ မိသားစုထျန်ထျန်အပေါ်တင်နေတဲ့ အကြွေးတွေပဲ။"

"ထျန်ထျန်က အဘွားစ်ိတ်ချမ်းသာအောင် လူကုန်ကူးတဲ့နေရာကနေခေါ်လာတဲ့ကလေးမဟုတ်ဘူးဆိုတာ အစ်ကိုသိတယ်။"

ကျန်းကောရှန်က အပြစ်ရှိသည့်မျက်နှာနှင့် ကျန်းထျန်ကိုကြည့်လိုက်သည်။ "ထျန်ထျန် အစ်ကိုက ဒါကိုသိထားပေမယ့် ညီမကိုမပြောနိုင်ခဲ့ဘူး။ အစ်ကိုတောင်းပန်ပါတယ်။"

ဟွမ်ယွီရှားက လည်ချောင်းထဲမှ အားယူကာ စကားပြောလိုက်သည်။ "ဒုတိယသား ပါးစပ်ပိတ်ထားစမ်း!"

ကျန်းကျင်းမင်၏ နှုတ်ခမ်းက တုန်ရီနေကာမျက်နှာကလည်းဖြူဖျော့နေပြီး မြေပြင်ပေါ်လဲကျနေသည်။

ကျန်းကောရှန်က ဟွမ်ယွီရှားနှင့် ကျန်းကျင်းမင်၏ အမူအရာကိုလစ်လျူရှုကာ ဆက်ပြောလိုက်သည်။ "ထျန်ထျန် ညီမက တကယ်ပဲ ရွှီကျင်းမြို့ကို လူကုန်ကူးခံရပြီးရောက်လာခဲ့တာ။ ဒါပေမယ့် လူကုန်ကူးသူကမြို့နယ်ရဲစခန်းမှူးမန်ဆီမှာ အဖမ်းခံခဲ့ရပြီး ညီမနဲ့အတူအခြားအဖမ်းခံထားရတဲ့ကလေးတွေကို ကယ်နိုင်ခဲ့တယ်။"

"အခြားကလေးတွေက တစ်ယောက်ပြီးတစ်ယောက်မိဘတွေ ပြန်လာရှာကြပြီးခေါ်သွားကြတယ်။ ဒါပေမယ့်ညီမကိုတော့ လူကုန်ကူးသူက ဘယ်နေရာကဖမ်းလာခဲ့တယ်ဆိုတာကိုမပြောခဲ့ဘူး။ စခန်းမှုးမန်က ရွေးစရာမရှိတော့ဘဲညီမကို ကလေးမရှိတဲ့ မိသားစုမှာပြုစုပျိုးထောင်လို့ရအောင်ပို့ခဲ့တာ။"

"အဲ့ဒီအချိန်မှာ အဘွားက အရင်နှစ်တွေက ကိုယ်ဝန်ပျက်ကျပြီး ခန္ဓာကိုယ် ထိခိုက်သွားလို့ ကိုယ်ဝန်မရနိုင်တော့ဘူး။ ဒီသတင်းကိုကြားတော့ သူတို့ကမိဘတွေနာမည်အောက်မှာ ညီမကို မွေးစားခဲ့တာ။"

"ညီမကြီးလာရင် ကောလဟာလတွေ လွှမ်းမိုးခံရမှာစိုးလို့အဘိုးအဘွားတွေက ညီမဘဝအကြောင်း ဖုံးထားခဲ့ပြီး အမေကနယ်ဘက်မှာ ညီမကို မွေးခဲ့တာလို့ပြောခဲ့တာ။ သူတို့ကမြို့ကိုခေါ်သွားပြီး ညီမသုံးနှစ်ပြည့်တော့မှရွှီကျင်းမြို့ကိုပြန်လာခဲ့တာ။ အမေကလည်း ဝတော့ဘယ်သူကမှ သံသယမဝင်ခဲ့ကြဘူး။"

ကျန်းထျန်က ဟွမ်ယွီရှား၏ ဗိုက်ကိုအချိန်အတော်ကြာစိုက်ကြည့်လိုက်သည်။

ဒါကတကယ်ပဲ ခြောက်လခုနစ်လဗိုက်နှင့် တူနေသည်။

ထိုအချိန်တွင် ကျန်းကောရှန်က ရပ်လိုက်ကာ အားယူပြီးပြုံးလိုက်သည်။ "ထျန်ထျန် ဒါက အစ်ကိုတို့မိသားစု ညီမအပေါ်အမှားလုပ်ခဲ့တာပဲ"

ကျန်းထျန် အံ့သြသွားသည်။ ကျန်းမိသားစုက မူလခန္ဓာကိုယ်ပိုင်ရှင်ကို မွေးစားခဲ့တာက ဘာလို့အပြစ်ရှိသွားတာလဲ?

ရွှီကျင်းဖန်လည်း မျက်မှောင်ကြုတ်ကာ နောက်ပိုင်းတစ်ခုခုဖြစ်ခဲ့လားဆိုတာ သိချင်နေသည်။

ကျန်းကောရှန်က ဆက်ပြောလိုက်သည်။ "ညီမအသက်ခြောက်နှစ်လောက်က ဖျားခဲ့တာကိုမှတ်မိလား?"

ဟွမ်ယွီရှားက ဒါကိုကြားတော့ ကျန်းကောရှန်ကတစ်ခုခုသိထားမည်ကိုရိပ်မိကာ သူ့ကိုတားလိုက်သည်။ "ဒုတိယသား မပြောနဲ့တော့!"

သူမက ကျန်းကောရှန်ထံလျှောက်သွားကာ ကျန်းကောရှန်၏ လည်ပင်းကိုဆွဲပြီး သူမလက်နှင့် ပါးစပ်ကိုအုပ်လိုက်သည်။ "ကျေးဇူးပြုပြီး မပြောပါနဲ့တော့!"

ကျန်းကောရှန်က မရွေ့သွားပေ။ သူကဟွမ်ယွီရှား၏ လက်ကိုလက်တစ်ဖက်နှင့် ကိုင်လိုက်ကာ အရှေ့ခန်းကိုအော်လိုက်သည်။ "စန်းချောင် ဒီကိုလာပြီး အမေ့ကိုဆွဲထား"

အခြေအနေကိုကြည့်နေသော လျိုစန်းချောင်က ဒါကိုကြားတော့ ပြေးလာကာ ဟွမ်ယွီရှားကို သူမယောက်ျားဘေးမှဆွဲလိုက်ပြီး သူမယူလာခဲ့သော လက်ကိုင်ပုဝါကိုဟွမ်ယွီရှားပါးစပ်ထဲ ထည့်လိုက်သည်။

ကျန်းကောရှန်က ဆက်ပြောလိုက်သည်။ "အဲ့ဒီနှစ်က ပေကျင်းက ကားတစ်စီးက ရွှီကျင်းမြို့နယ်ရဲစခန်းကို ရောက်လာခဲ့တယ်။ ညီမက ဖျားနေတာမလို့အဘိုးအဘွားတွေက ညီမကိုမြို့ပေါ်ဆေးရုံမှာ ကုသမှုယူဖို့ခေါ်သွားကြတယ်။ ညီမက ဆေးရုံမှာလဝက်လောက်နေခဲ့ရတယ်။"

"ညီမမိဘရင်းတွေက ညီမကိုလာရှာတာကို ညီမ မသိလိုက်ခဲ့ရဘူး။ ညီမအမေရင်းက ပြင်းပြင်းထန်ထန်နေမကောင်းဖြစ်နေပြီး အသက်ရှင်ရဖို့နှစ်ဝက်ပဲ ကျန်တော့တယ်လို့ဆရာဝန်က ပြောတယ်။"

"သူတို့က ဒီကိုမွေးရာပါအမှတ်နဲ့ ညီမကိုလာရှာခဲ့တာ။ညီမရဲ့ဒူးအထက်က အနီရောင်အမှတ်လေ။ သူတို့ကလူတစ်ယောက်ကိုပဲတွေ့ခဲ့ရပြီး အတည်ပြုလိုက်ပြီး ပေကျင်းကို အဲ့ဒီလူကိုခေါ်သွားခဲ့တယ်။"

ကျန်းကောရှန်က ပြုံးကာသူ့ကိုယ်သူ မေးသည်လား ကျန်းထျန်ကို မေးသည်လားပင် မသ်ိဘဲပြောလိုက်သည်။ "ညီမ ဦးလေးမိသားစုက ညီမအရွယ် ဝမ်းကွဲတစ်ယောက်ကို မှတ်မိလား?သူငယ်ငယ်က ရေနွေးပူလောင်ခဲ့တဲအမှတ်က ညီမမွေးရာပါအမှတ်နဲ့ တစ်နေရာထဲမှာရှိနေခဲ့တာ။ မိဘတွေက ဒါကိုသိသွားတော့ သူတို့က အဲ့ဒီဝမ်းကွဲကို ညီမနေရာယူပြီး ညီမဆွေမျိုးတွေဆီသွားဖို့ပြောခဲ့တာ။"

"တစ်ဖက်လူက သံသယရှိပေမယ့် ရဲစခန်းမှတ်တမ်းတွေနဲ့ မွေးရာပါအမှတ်အရ သေချာနေတာမလို့ တွေဝေစွာနဲ့ပဲ အဲ့ဒီသူကို ပေကျင်းကို ခေါ်သွားခဲ့ရတာ"

"အဲ့ဒီအချိန်က စခန်းမှုးမန်ကလည်း ပင်စင်ယူသွားပြီဖြစ်ပြီး သူ့သားကြီးနဲ့အတူ အနီးအနားက မြို့မှာသွားနေခဲ့တာ။ သူက ရွှီကျင်းမြို့ကို တစ်ခါတစ်လေပဲ ပြန်လာခဲ့တာ။ ဒါကြောင့် ညီမနောက်ကြောင်းကို သိတဲ့လူအနည်းငယ်က ရှိမနေခဲ့ဘူး။ ဒါကြောင့် မိဘတွေနဲ့ ဦးလေးကညီမအကြောင်းကို ဖုံးကွယ်ခဲ့ပြီး ညီမရဲ့ဝမ်းကွဲကိုညီမနေရာယူခိုင်းခဲ့တာ။"

"အဲ့ဒီမိသားစုက ညီမကိုလွန်ခဲ့တဲ့နှစ်တွေမှာ စောင့်ရှောက်ထားတာကို ကျေးဇူးဆပ်တဲ့အနေနဲ့ ငွေတွေကိုကျန်းမိသားစုနဲ့ဟွမ်မိသားစုကို ပေးခဲ့တယ်။"

"ညီမအဘိုးအဘွားတွေ ပြန်ရောက်လာတော့ ညီမမိဘအရင်းတွေက ရွှီကျင်းမြို့က ထွက်သွားကြပြီ။ သူတို့သိသွားတော့ သူတို့ကရဲစခန်းကို သွားပြီး အဲ့ဒီမိသားစုအကြောင်းစုံစမ်းခဲ့ပြီး မ်ိဘတွေနဲ့ဦးလေးကိုမိသားစုလိပ်စာတောင်းပေမယ့် သူတို့ကမပြောပြခဲ့ဘူး။ ဒါကြောင့် သူတို့က ရွေးစရာမရှိဘဲ ပေကျင်းကိုလူကိုယ်တိုင်သွားပြီးရှာခဲ့တယ်။"

"ဒါပေမယ့် ပေကျင်းက အကျယ်ကြီးမလို့ အဘ်ိုးအဘွားတွေက သူတို့မသေခင်အထိ ညီမမိဘအရင်းတွေကို မရှာနိုင်ခဲ့ကြဘူး။"

ကျန်းကောရှန်က သူ့မျက်နှာကို အုပ်ကာ ပြောလိုက်သည်။

"အစ်ကိုက မိဘတွေ ဦးလေးနဲ့ တိုင်ပင်နေတာကိုကြားပြီးဒါတွေကိုသိခဲ့တာ။ ဒါပေမယ့် ဦးလေးက သိသွားတော့ သူက အစ်ကို့ကိုပြောတယ် တကယ်လို့ အစ်ကိုကဒီအကြောင်းကို အဘိုးအဘွားတွေကို ပြောရင် အစ်ကို့ကိုအခြားတစ်ယောက်ရဲ့သားအဖြစ် နယ်ဘက်ကိုရောင်းစားပစ်မယ်လို့ ပြောခဲ့တယ်။"

All Chapters