အခန်း(၈၄)
Vol. 7 Ch. 84
ကုလျန်ရွှမ်က စိတ်ပူနေသေးသည်။ "ဒေါက်တာယန် ကျွန်တော့်ကို ပေးထားတာကလည်း အရောင်လျော့ဆေးပဲ။ သူမကို ပေးလို့ရလား?"
ရွှီကျင်းဖန်က တွေဝေနေသည်။ "အလုပ်ဖြစ်ပါ့မလား? ဆေးမှားသွားရင်ကော?"
ကုလျန်ရွှမ်လည်း မသေချာသောကြောင့် နှုတ်ခမ်းကိုစေ့လိုက်သည်။
"ဒီနေ့စောင့်ကြည့်ပြီး မနက် ထျန်ထျန် နိုးလာတော့မှဆက်ပြောကြတာပေါ့။ အလုပ်မဖြစ်ဘူးဆိုရင် မင်းဦးလေးကို ပြောပြီး ထျန်ထျန်ကို မြို့ပေါ်ဆေးရုံမှာစစ်ဆေးဖို့ပို့ပေးရမယ်။"
ရွှီကျင်းဖန်က သူမမျက်နှာကို ပွတ်လိုက်သည်။ "နောက်တစ်ခု ရှိသေးတယ်။ အမေပြောပြပြီးရင် ဘာလုပ်သင့်လဲမင်းစဉ်းစားပေါ့။"
ကုလျန်ရွှမ် ခေါင်းလှည့်လိုက်သည်။ "ဘာကိစ္စလဲ အမေ?"
ရွှီကျင်းဖန်က ဘာပြောရမယ်မသိ ဖြစ်နေသည်။ စကားလုံးတွေက လျှာဖျားတွင်ရှိနေသည်။ "ထျန်ထျန်နဲအတူ သူ့မိဘအိမ်ပြန်တော့ သူတို့က ထျန်ထျန်ကို ငွေတောင်းဖို့စောင့်နေကြတာ။"
သူမက ကုလျန်ရွှမ်ကိုကြည့်ကာ ပြောလိုက်သည်။ "ထျန်ထျန်ရဲ့ အဘိုးအဘွားတွေက သူမကိုအမွေစာအုပ်ပေးခဲ့တာသိလား? အဲ့ဒီစာအုပ်က ပြဿနာပဲ။"
ကုလျန်ရွှမ် ဒေါသထွက်သွားသည်။ "သူတို့က ကျန်းထျန်ကိုအမွေစာအုပ် ပြန်ပေးခိုင်းတာလား?"
"ဟုတ်တယ်" ရွှီကျင်းဖန် ခေါင်းငြိမ့်လိုက်သည်။
"အစကတော့ သူတို့က ဦးလေးကျန်းနဲ့အဒေါ်ကျောက်ရဲ့ကျန်ခဲ့တဲ့ပစ္စည်းနဲ ငွေနည်းနည်းနဲ့လှဲချင်တာ။ ထမင်းစားပြီးတော့ ကျန်းကျင်းမင်က စိတ်ပြောင်းသွားတယ်။ စာအုပ်က သူတို့ဟာဖြစ်ပြီး ထျန်ထျန်လိုလက်ထပ်ပြီးသားမြေးမက ယူထားတာ ရှက်စရာကောင်းတယ်ဆိုပြီးပြောတယ်။ ထျန်ထျန်က ပြန်ငြင်းနေရင်းကနေ သူတို့ကိုလန့်အောင် စားပွဲကိုထုချေပစ်လိုက်တာ။"
ကုလျန်ရွှမ် - "ကောင်းတယ်။" သူသာရှိရင် သူ လူကိုနာအောင်ရိုက်မိလိမ့်မည်။
"မင်းဘာပြောနေတာလဲ?" ရွှီကျင်းဖန်က ကုတင်ပေါ်မှအိပ်ယာခင်းကို ပုတ်လိုက်သည်။ "စားပွဲခုံကို ရိုက်ခွဲတာက မနာဘူးလို့ ထင်နေတာလား?"
"နောက်တော့ ကျန်းကျင်းမင်က စိတ်ဆိုးပြီးစာအုပ်ကိုမရလို့ ထျန်ထျန်ကို အမေတို့ မိသားစုနဲ့ခြိမ်းခြောက်တယ်။ ထျန်ထျန်က..." ရွှီကျင်းဖန်က အပြစ်ရှိသလိုခံစားရသည်။ သူမသာထိုအချိန်က ပိုပြီးအားစိုက်ခဲ့ရင် ထျန်ထျန်က ဒီလ်ိုနာကျင်ရမှာမဟုတ်ဘူး။
"ထျန်ထျန်က တကယ်စိတ်ဆ်ိုးသွားတယ်။" ရွှီကျင်းဖန်က သူမလက်ကို ကျန်းထျန်ခေါင်းပေါ်တင်၍ ပွတ်လိုက်သည်။
ကုလျန်ရွှမ်က မျက်နှာတည်သွားပြီး ဘာမှမပြောတော့ပေ။
ဒါပေမယ့် ရွှီကျင်းဖန်က သူ့အမေဖြစ်သည့်အတွက် သူဒေါသကိုထိန်းထားသည်ကို သဘောပေါက်သည်။
"အမေ မင်းကို ပြောစရာရှိတယ်။အမေတို့ ဘာလုပ်သင့်တယ်ထင်လဲ? ရွှီကျင်းဖန်က ကုလျန်ရွှမ်ကို စူးရှသောအကြည့်များနှင့်ကြည့်လိုက်သည်။
"အမေ မင်းကို ပြောပြီးသားနော် မင်းကွာရှင်းခွင့်တင်ရဲတယ်ဆိုရင် မင်းကိုမိသားစုထဲက ကန်ထုတ်ပစ်မယ်။ ထျန်ထျန်နဲ့အမေက တစ်သက်လုံး အတူနေမှာ။"
ကုလျန်ရွှမ် စိတ်ရှုပ်ထွေးသွားသည်။ "အမေ၊ ဘာလ်ို့ကျွန်တော်က ကွာရှင်းခွင့်တင်ရမှာလဲ?" သူက ထျန်ထျန် သူ့ကို ကွာရှင်းခွင့်တင်မည်ကို ကြောက်နေတာဖြစ်သည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ?" ရွှီကျင်းဖန်က သူနှင့်ထျန်ထျန် အိပ်ယာနှစ်ခု ခွဲအိပ်တာကိုတွေးပြီး စိတ်တိုနေသည်။
ကုလျန်ရွှမ် - "အမေ ကျွန်တော့်ကို သတ်ရင်တောင် ကျွန်တော် မပြောပါဘူး။"
သူ့ပုံစံကိုမြင်တော့ရွှီကျင်းဖန် စိတ်သက်သာရာရသွားသည်။ "ထျန်ထျန်က ကျန်းမိသားစုရဲ့ သမီးအရင်းမဟုတ်ဘူး။သူကရဲစခန်းကနေ ဦးလေးကျန်း မွေးစားဖို့ခေါ်လာခဲ့တာတဲ့။"
ကုလျန်ရွှန် အံ့သြစွာ ရွှီကျင်းဖန်ကို ထပ်ခါထပ်ခါကြည့်လိုက်သည်။
"အဲ့ဒီလိုကြည့်မနေနဲ့။ အမေလည်း ဒါက်ိုအရင်က မသိဘူး" ရွှီကျင်းဖန် သက်ပြင်းချလိုက်ကာ ဦးလေးကျန်းနှင့်အဒေါ်ကျောက်က သူမကို ကြိုမပြောခဲ့သည့်အတွက်အပြစ်တင်မိသည်။ သူတို့ကကျန်းထျန်က မွေးစားသမီးဆိုတာသိရင် လျန်ရွှမ်နဲ့ လက်မထပ်ပေးမှာစ်ိုးရိမ်လို့လား?
ဦးလေးကျန်းနဲ့အဒေါ်ကျောက်က သူမကိုဘယ်လိုလူထင်ပြီး သံသယဝင်ရတာလဲ?
သူမ မကျေနပ်သလို ခံစားရသည်။
"ကျန်းထျန်က အမေ့သမီးဖြစ်နေရင်ရပါပြီ။" ကုလျန်ရွှမ်က ခဏတာစဉ်းစားပြီးမှ ထိုစကားကိုပြောလိုက်ခြင်းဖြစ်သည်။
ကျန်းထျန်ရဲ့မိသားစုက မကောင်းဘူးဆိုရင် သူတို့နဲ့ပတ်သက်စရာမလိုဘူး။ ဘာဖြစ်ဖြစ် အခုကျန်းထျန်ကကုမိသားစုဝင်ဖြစ်နေပြီဖြစ်ပြီး ကုမိသားစုကကောင်းကောင်းမွန်မွန်ဆက်ဆံသည်။
ကုလျန်ရွှမ်ရဲ့စကားက ရွှီကျင်းဖန်၏ ရင်ထဲထိသွားပုံရသည်။ "နောက်ဆုံးတော့ စကားဘယ်လိုပြောရမလဲ သိလာပြီပဲ။ ဟုတ်တယ်၊ ထျန်ထျန်ကအမေ့သမီးပဲ။"
"ဒါပေမယ့် ထျန်ထျန်က မင်းမိန်းမဆိုတာ မမေ့နဲ့။ စိတ်ရှုပ်ထွေးပြီး သူ့ကိုမင်းညီမလို ဆက်ဆံမနေနဲ့!"
ရွှီကျင်းဖန်က ထိုနားလည်ရခက်သော လူနှစ်ယောက်ကြောင့် ခေါင်းကိုက်ရသောကြောင့် စကားအနည်းငယ်ပြောလိုက်သည်။
ကုလျန်ရွှမ် ခေါင်းငြိမ့်လိုက်သည်။
"အရင်ကဇာတ်လမ်းတွေလည်း ပါသေးတယ်။" ရွှီကျင်းဖန်က ဒီအကြောင်းတွေးမိတိုင်း ခေါင်းကိုက်ရပေမယ့် သူမက အစားထိုးသည့်အကြောင်းကိုပါ ရှင်းပြလိုက်သည်။
"ထျန်ထျန်ရဲ့မိဘအရင်းတွေဆိုတာ ဟုတ်မဟုတ်မသ်ိပေမယ့် ထျန်ထျန် အသက်ခြောက်နှစ်အရွယ်မှာ သူတို့က ရွှီကျင်းမြို့ကနေ ထျန်ထျန်ရဲ့မွေးစားအမေရဲ့အကိုကြီးသမီးကို ထျန်ထျန်အနေနဲ့ ပေကျင်းမြို့ကိုခေါ်သွားတာကတော့သေချာတယ်။ အဲ့ဒီမိသားစုက ချမ်းသာတာမလို့ သူတို့ကိုကျေးဇူးဆပ်တဲ့အနေနဲ့ ငွေတွေအများကြီးပေးသွားခဲ့တယ်တဲ့။"
"ဒါကဘာလဲ? သမီးရောင်းစားတာ မဟုတ်ဘူးလား?" ရွှီကျင်းဖန်က ကျန်းမိသားစုနှင့် ဟွမ်မိသားစုရဲ့အတွေးတွေကို နားမလည်နိုင်ပေ။
"ကျွန်တော့်ခြေထောက် ပြန်ကောင်းသွားတဲ့အချိန်ကျန်းထျန်က သူ့ဆွေမျိုးတွေကိုရှာချင်ရင် ကျွန်တော် သူမကို ပေကျင်းခေါ်သွားပေးမယ်။" သူမ မရှာချင်ရင်တော့ ကုလျန်ရွှမ်လဲ မတတ်နိုင်ပေ။
ထိုအကြောင်းကို ဖွင့်ပြောလိုက်ရတော့ ရွှီကျင်းဖန်ကစိတ်သက်သာရာရသွားသည်။ "မင်း စိတ်ထဲရှိနေရင်ရပါပြီ။ နောက်မှ ထျန်ထျန်နဲ့တိုင်ပင်ကြတာပေါ့။"
ကုလျန်ရွှမ် ခေါင်းငြိမ့်လိုက်သည်။ "သိပါပြီအမေ၊ ကျန်းကျင်းမင် ကိစ္စ အရင်ဖြေရှင်းကြတာပေါ့။ ရှောင်းမင်နဲ့ အခြားသူတွေကို ရက်နည်းနည်းလောက် အိမ်မှာနားခိုင်းပြီး ကျန်းထျန်နဲ့ စကားပြောခိုင်းလိုက်ပါ။"
"ဟုတ်ပြီ။ အမေ ရှန်းလီကို မြို့ပေါ်ကို သတင်းပို့ခ်ိုင်းထားတယ်။ တတိယသားနဲ့ ရှို့ရှန် မကြာခင်ရောက်လာလိမ့်မယ်။ ဘာလုပ်မယ်ဆိုတာ မင်းဆုံးဖြတ်ပါ။"
ရွှီကျင်းဖန်က ကျန်းထျန်၏ ဆံပင်ကိုပွတ်လိုက်ကာမတ်တပ်ရပ်လိုက်သည်။ "အမေ မီးဖိုချောင်သွားပြီး ပဲနီဆန်ပြုတ်၊ ဝက်ပေါင်ခြောက်ကြော်နဲ့ ပေါင်မုန့်သွားလုပ်လိုက်မယ်။ ဒီည ညစာအတူစားကြတာပေါ့။"
ကုလျန်ရွှမ် - "အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ် အမေ။"
ပုံမှန်ဆိုလျှင် ချက်ပြုတ်တာက ကုလျန်ရွှမ်အလုပ်ဖြစ်သည်။
"ရပါတယ်။" ရွှီကျင်းဖန်က စိတ်ညစ်သည့်အတွက် တစ်ခုခုလုပ်ချင်နေသည်။
ကုလျန်ရုန် သယ်ယူပို့ဆောင်ရေးအသင်းသို့ဝင်ပြီးချိန်ကပဲ ဆရာကြီးဟွမ်နှင့် လွန်ခဲ့သည့် ရက်များကတည်းကလေ့ကျင့်နေခဲ့သည်။ သူက ကောင်းကောင်းတတ်မြောက်တာကိုမြင်တော့ ဆရာကြီးဟွမ်က သူ့ကိုအလုပ်လုပ်ရန် ခေါ်သွားနေပြီဖြစ်သည်။
တစ်ခါတစ်လေမှာ ခရီးရှည်တွေဖြစ်ပေမယ့် တစ်ခါတစ်လေမှာတော့ ခရီးတိုများဖြစ်ပြီး များသောအားဖြင့် ရွှီကျင်းမြို့ အနီးအနား နေ့ချင်းပြန် ခရီးများဖြစ်သည်။အကြောင်းတစ်ခုကတော့ ကုလျန်ရုန်ကို လမ်းကြောင်းပေါ်ရောက်စေရန် ကူညီပေးတာဖြစ်ပြီး နောက်တစ်ခုကတော့ ကုလျန်ရုန်၏ စွမ်းရည်ကိုလေ့ကျင့်ပေးရန်ဖြစ်သည်။
သူ့အလုပ်က မြို့ပေါ်တွင် ဖြစ်သည့်အတွက် ကုလျန်ရုန်က ကျန်းရှို့ရှန်အိမ်တွင် ကိုယ်ပိုင်အစားအစာအသုံးအဆောင်များကိုယူကာ တစ်လကိုနှစ်ယွမ်ပေးပြီးနေသည်။
ကုရှန်းလီက ကျန်းရှို့ရှန်၏ အိမ်ကိုစက်ဘီးဖြင့်လာကာသူတို့နှစ်ယောက်ကိုမြင်တော့ သူက အော်လိုက်သည်။
"တတ်ိယအစ်ကို အိမ်မှာ တစ်ခုခုဖြစ်နေတယ်!"
ကုလျန်ရုန်က ချက်ချင်းကုန်ပစ္စည်းထုပ်ကိုပစ်ချကာ ကုရှန်းလီကို စက်ဘီးပေါ်မှဖယ်လိုက်ပြီး သူတက်လိုက်ကာချက်ချင်းပျောက်သွားတော့သည်။
ကျန်းရှို့ရှန် - "..." သူက ကုန်ပစ္စည်းထုပ်ကိုကောက်လိုက်ကာ အိမ်ထဲသို့ လှမ်းပြောလိုက်သည်။
"အဖေ ကျွန်တော်တတ်ိယအစ်ကိုအိမ်ကို သွားလိုက်ဦးမယ်။ထမင်းဘူးထဲမှာ ကျွန်တော်ယူလာတဲ့ ဟင်းတွေရှိတယ်။ စားဖို့မမေ့နဲ့နော်!"
"သိပြီ။မင်းမြန်မြန်သွားပါ!" ချောင်းဆိုးသံတစ်ခုက အခန်းထဲမှထွက်လာသည်။
ကျန်းရှို့ရှန်က ပစ္စည်းထုပ်ကိုကျောပေါ်တင်ကာ စက်ဘီးနောက်ခုံတွင် ကြိုးနှင့် ချည်လိုက်သည်။ သူက ကုရှန်းလီပုခုံးကို ပုတ်လိုက်ရာ အသိစိတ်ကပ်အောင် လုပ်လိုက်ပြီးသူတို့နှစ်ယောက်က စက်ဘီးစီးကာ ကုလျန်ရုန်နောက်မှတပ်မဟာသို့ လိုက်ခဲ့သည်။
ကုလျန်ရုန်က "အိမ်မှာတစ်ခုခုဖြစ်နေသည်"ဆိုသောစကားကို ကြားတာနှင့် စိတ်ပူသွားကာ ဘာကိုမှမစဉ်းစားနိုင်တော့ပေ။ သူ့ခြေထောက်တွေက လျင်မြန်စွာလှုပ်ရှားနေတာမလို့ နောက်ပိုင်းမြင်ကွင်းများက ပေါ်လာသည်။ ခရီးကပုံမှန်ဆိုလျှင် နာရီဝက်ကြာသော်လည်း သူက ဆယ်မိနစ်နှင့် အိမ်ရောက်လာသည်။
အိမ်ကိုရောက်သည်နှင့် ကုလျန်ရုန်က စက်ဘီးကိုမြေပေါ်တွင်ချကာ အိမ်ခန်းတံခါးအချို့ကို ခေါက်လိုက်သည်။
"အမေ၊ အစ်ကိုကြီး၊ မရီး၊ ရှောင်းမင် အားလုံးရှိကြလား?"
"ရှိတယ်" ကုလျန်မင်က ပြတင်းပေါက်ကိုဖွင့်လိုက်ကာ စိတ်မချမ်းသာစွာ ကြည့်လိုက်သည်။ "တတိယအစ်ကို အသံတိုးတိုးပြောပါ၊ ယောက်မနဲ့ပင်းပင်းနဲ့ အန်းအန်းတို့ အိပ်နေကြတယ်။"
ကုလျန်ရုန်က ခေါင်းငြိမ့်လိုက်သည်။ "အင်း"
ခေါင်းငြိမ့်လိုက်ပြီးနောက် ကုလျန်ရုန်က အသ်ိဝင်လာကာမေးလိုက်သည်။ "အိမ်မှာ တစ်ခုခုဖြစ်လို့လား?"
ရွှီကျင်းဖန်က မီးဖိုချောင်ထဲမှ ထွက်လာသည်။ "တတိယကလေး နောက်မှ ပြောကြတာပေါ့။ အရင်စားကြမယ် ပြီးတော့မှ မင်းအစ်ကိုကြီးနဲ့ စကားပြောလိုက်ပါ။"
ကုလျန်ရုန်က နဖူးမှချွေးသုတ်လိုက်သည်။ ရွှီကျင်းဖန် အချိန်ယူနေတာမြင်တော့ သူ လည်ချောင်းထဲတွင် ပြည့်နေသောလေများကို ရှူထုတ်လိုက်သည်။ "ကျွန်တော် အရမ်းလန့်သွားတာ။ အမေ ကိစ္စက ကြီးလား?"
သူက အရင်လိုမျိုးမိသားစုထဲမှ တစ်ယောက်ယောက်ကဒဏ်ရာရတာမဟုတ်လျှင် ကွယ်လွန်သွားတာဟု တွေးလိုက်မိသည်။ သူက အရမ်းစိတ်ရှုပ်နေတာမလို့ ခဏခဏ လဲကျရန်ဖြစ်ခဲ့ပြီး တင်ပါးတွေလည်း စက်ဘီးတုန်သောကြောင့် နာကျင်နေသည်။
"ဒီလိုပဲထင်ပါတယ်။" ရွှီကျင်းဖန် သက်ပြင်းချလိုက်သည်။ သူမ ဒီနေ့သက်ပြင်းအလွန်ချနေသည်။ "မင်းမရီးက ဒဏ်ရာရထားတယ်။ သူမ နာကျင်မှုကြောင့်သတိလစ်နေတယ်။"
ကုလျန်ရုန်က အခုမှနှလုံးငြိမ်သွားပေမယ့် ဒါကိုကြားတော့ သူ့နှလုံးက လည်ချောင်းထိရောက်လာသလို ခံစားရသည်။ "မဟုတ်သေးပါဘူး၊ မရီးက ဒဏ်ရာရထားတာလား?"
"အစ်ကိုကြီးရော?"
"မင်းအစ်ကို အဆင်ပြေပါတယ်။"
ရွှီကျင်းဖန်က ကုလျန်ရုန်ကိုကြည့်ကာ မေးလိုက်သည်။ "ဘာလို့ ဒီလိုထူးဆန်းတာ မေးရတာလဲ?"
ကုလျန်ရုန် - "..." လွန်ခဲ့တဲ့ရက်တွေက သူ့အစ်ကိုကြီးကကြိုက်တယ်မကြိုက်ဘူးဆိုတဲ့ မေးခွန်းနဲ့ အခက်တွေ့နေတာ။
"အစ်ကိုကြီးလည်း တကယ်ခံစားရမှာပဲ။" ကုလျန်ရုန်က တီးတိုးရေရွတ်လိုက်သည်။
"မရီးက ဘယ်လိုထိခိုက်သွားတာလဲ? ဘယ်နားထိသွားတာလဲ?ဆေးရုံသွားစရာလိုလား?" ကုလျန်ရုန် ထပ်မေးလိုက်သည်။
ရွှီကျင်းဖန်က တစ်ဖက်လှည့်ကာ ချက်ပြုတ်နေသည်။သူမက သူမေးတာကြားတော့ ဖြေလိုက်သည်။ "သူမ လက်က ဒဏ်ရာရသွားတာ။ ထျန်ထျန်ကို ဆေးရုံခေါ်သွားပြီး ဒဏ်ရာကပ်ပလာစတာနဲ့ အရောင်လျော့ဆေးတွေယူခဲ့တယ်။ မင်းသယ်ယူပို့ဆောင်ရေးအသင်းကနေခွင့်ယူလို့ရလား? သူမ မနက်ဖြန်ထိ ကောင်းမလာဘူးဆိုရင် မင်းဦးလေးနဲ့အမေနဲ့တူတူလိုက်ပြီး ထျန်ထျန်ကို မြို့ပေါ် ဆေးရုံလိုက်ပို့ပေးပါ။"
ကုလျန်ရုန် ခေါင်းငြိမ့်လိုက်သည်။ "ရပါတယ်။ကျွန်တော်က တစ်လလုံးမောင်းထားပြီးတော့ ဆရာကြီးဟွမ်နဲ့လည်း တိုင်ပင်ထားပြီး ပြောမရတဲ့ကိစ္စတွေမဖြစ်လာဘူးဆိုရင် ကျွန်တော်ဒီတစ်ခါ ဆယ်ရက်ခွင့်ယူလိုက်မယ်။"
"ဟုတ်ပြီ။ မင်းစက်ဘီးနဲ့လာတာမလား ဒါဆိုအပြင်ပြန်ထွက်ပြီး အသင်းနံပါတ်ရှစ်က မင်းဦးလေးကို သွားခေါ်လိုက်။ အမေ သူ့ကိုပြောစရာရှိတယ်။"
ရွှီကျင်းဖန်က ဘေးအခန်းကိုသွားကာ ငါးနှစ်ကောင်နှင့်ကြက်အူချောင်းကို ယူလိုက်သည်။"ဒါတွေကို ယူသွားပြီး မင်းရဲ့ဝမ်းကွဲကျင်းကောနဲ့ အခြားသူတွေ စားဖို့ပေးလိုက်"
ကုလျန်ရုန်က ယူလိုက်ကာ စက်ဘီးနောက်ကို ကြည့်လိုက်သည်။ “အမေ၊ ကျွန်တော်ဒီတစ်ခါ သာ့ပေါင်နဲ့ရှောင်းဟိုင်အတွက် ပစ္စည်းတစ်ချို့ဝယ်လာပေမယ့် ရှို့ရှန် အိမ်မှာကျန်ခဲ့တယ်။”
“မင်းဦးလေးပြန်တဲ့ခါ ယူသွားလိမ့်မယ်။” ရွှီကျင်းဖန်က လက်ကာပြလိုက်သည်။ “မြန်မြန်သွား သစ်သားတုတ်တစ်ချောင်းယူသွား။မင်းလမ်းကို နှောင့်ယှက်တဲ့သူတိုင်းကို မသနားနဲ့။”
ကုလျန်ရုန် စဉ်းစားရခက်သွားသည်။
"ဘာဖြစ်လို့လဲအမေ?"
"ဘာမှထပ်မမေးနဲ့ ပြန်ရောက်တဲ့ခါ ပြောကြမယ်။"
ရွှီကျင်းဖန်က ထပ်မပြောချင်တော့သောကြောင့် မီးဖိုခန်းထဲ ဝင်ခဲ့လိုက်သည်။
ကုလျန်ရုန်က ပစ္စည်းများကို သယ်ကာစက်ဘီးကိုယူပြီးအသင်းနံပါတ်ရှစ်ကို ထွက်ခဲ့သည်။
သူထွက်သွားသည်နှင့် ကျန်းရှို့ရှန်နှင့် ကုရှန်းလီရောက်လာသည်။
"အဒေါ်၊ ရှို့ရှန်နဲ့ ကျွန်တော် ရောက်နေတယ်။"
ကုရှန်းလီက နောက်ခုံမှပစ္စည်းထုပ်ကိုယူကာ အသံကျယ်ကျယ်နှင့် အော်လိုက်သည်။
ရွှီကျင်းဖန်ကမီးဖိုခန်းထဲမှထွက်လာသည်။
"ရှန်းလီ ဒီကိုလာ အဒေါ်ပြောစရာရှိတယ်။ ရှို့ရှန်အိမ်မှာညစာစားသွား။ အဒေါ် မင်းကို ပြဿနာနည်းနည်းပေးစရာရှိတယ်။"
ကျန်းရှို့ရှန်က စက်ဘီးကို အထဲသွင်းလိုက်ပြီး ပြောလိုက်သည်။
"အဒေါ့်ကိစ္စတွေက ပြဿနာမဟုတ်ပါဘူး။"
ရွှီကျင်းဖန်က ဘေးမှဂိုဒေါင်ကိုသွားကာ ငါးနှစ်ကောင်ကိုယူလိုက်ပြီး ဝက်ပေါင်ခြောက်များနှင့် ကုလျန်ရွမ်လုပ်ထားသော စျေးကြီးသည့်ပဲစိမ်းကိတ်မုန့်များကို ယူလိုက်သည်။
"ရှန်းလီ ဒါတွေကိုယူပြီး အိမ်ကို အရင်သွားလိုက်။အဒေါ်ဒီနေ့လုပ်စရာရှ်ိလို့ မင်းနဲ့အတူ မလိုက်နိုင်ဘူး။ မင်း အမေ မေးခဲ့ရင်ဒီကိစ္စပြီးရင် အမေရှင်းပြမယ်လို့ပြောလိုက်ပါ။ စိတ်မဆိုးဖို့လဲ ပြောလိုက်ဦး ဟုတ်ပြီလား?"
ကုရှန်းလီက လက်ထဲတွင်ခြင်းတောင်း အလေးကြီးကိုသယ်လိုက်သည်။ သူ စိတ်ပူစွာပြောလိုက်သည်။
"အဒေါ်၊ဘာလို့..ဘာလို့ အမေ့ကို ပြောလို့မရတာလဲ?"
ရွှီကျင်းဖန်က ကုရှန်းလီ၏ လက်ကိုပုတ်လိုက်သည်။ "သူ့က်ို ဒီကိစ္စကနေ ရှောင်နေဖို့ပြောလ်ိုက်ပါ။"
ကုရှန်းလီက ဒီကိစ္စကပို၍ မလွယ်ကူသလို ခံစားလာရသောကြောင့် သူ အိမ်ရောက်သည်နှင့် တတိယအဒေါ်ကိုပြောပြလိုက်သည်။ တတိယအဒေါ်က ချက်ချင်းကုပေါင်ကောကိုခေါ်ကာ ကုမိသားစုအိမ် ထွက်လာခဲ့သည်။
လမ်းတွင်တတ်ိယအဒေါ်က ပြင်းထန်စွာပြောလိုက်သည်။
"ရဲဘော်ရွှီကျင်းဖန်က ကောင်းတာဆိုးတာတွေကိုတော်လှန်ရေးရဲဘော်တွေနဲ့ မျှဝေချင်စိတ်ကိုမရှိဘူး။ပြသနာတစ်ခုခုဖြစ်လာရင် ရှောင်နေဖို့ပဲပြောတယ်။ သူက ကျွန်မကျိုးချူးလန်ကို ဘယ်လိုလူထင်နေတာလဲ?"
"ကျွန်မက သာမန်တပ်တစ်ခုက အမျိုးသမီးရဲဘော်တစ်ယောက်ဆိုရင်တောင် ကျွန်မယောက်ျားက တပ်မဟာရဲ့ခေါင်းဆောင်ပဲ!ပြီးတော့ တပ်မဟာခေါင်းဆောင်ကကျွန်မပြောတာ အားလုံးနားထောင်တယ်!"
တတိယအဒေါ်က ပြောနေရင်းနှင့် နောက်ကိုလှည့်ကြည့်ကာ ကုပေါင်ကောကို သတိပေးလိုက်သည်။
"ကုပေါင်ကော၊ လျန်ရွှမ်နဲ့အခြားသူတွေက ရှင့်ညီကိုကောင်းရဲ့ သားတွေပဲ။ ရှင် ညီအစ်ကို စိတ်ဓာတ်ကို မေ့လို့မရဘူး၊ ဟုတ်ပြီလား?"
ကုပေါင်ကောက ထိုအချိန်တွင် စီးကရက်သောက်ချင်နေသည်။
သူကဘယ်တုန်းက ညီအစ်ကို စိတ်ဓာတ်မရှိခဲ့တာလဲ?
သူက သူ့အစ်ကိုတွေကို ကုချန်ချင်းလောက် မကောင်းခဲ့ဘူး!
သူက ကုချန်ချင်းရဲ့ကလေးတွေကို သူ့ကလေးတွေလိုပဲဆက်ဆံခဲ့တာ!
ကုပေါင်ကော တကယ်နာကျင်သွားသည်။ သူ့ဇနီးက သူ့က်ို ဒီလိုမြင်နေမည်ဟု မထင်ခဲ့ပေ။