← Chapters

အခန်း(၈၅)

Vol. 7 Ch. 85

အခန်း(၈၅)

Vol. 7 Ch. 85

မီးဖိုချောင်နောက်တစ်ဖက်မှာတော့ ရွှီကျင်းဖန်က ခြံဝင်းဝင်ဝမှ ဆူညံသံများ ကြားလိုက်ရသည်။ သူမလက်ကို သူမ၏မီးဖိုချောင်သုံးအဝတ်တွင် သုတ်လိုက်ပြီး ပြတင်းပေါက်မှ ထွက်ကြည့်လိုက်သည်။

"ဘာလို့ ဒီကိုရောက်နေတာလဲ? မလာနဲ့လို့ ကျွန်မ မပြောထားဘူးလား?" ရွှီကျင်းဖန်က တံခါးတွန်းဖွင့်ကာ သူတို့ထံလျှောက်လာသော တတိယအဒေါ်ကိုမြင်တော့ ပြောလိုက်သည်။

"ဒါကကိစ္စကြီးမဟုတ်ပါဘူးအိမ်ပြန်ပြီးညစာစားဖို့စောင့်နေလိုက်ပါ။"

တတိယအဒေါ်က ကြောက်စရာကောင်းသည့်ပုံပေါ်နေသည်။ "ဘာဖြစ်လို့လဲ?ရွှီကျင်းဖန် ကျွန်မက အစ်မနဲ့အတူထမင်းစားလို့မရဘူးလား?"

ကုပေါင်ကောက ပတ်ဝန်းကျင်ကိုကြည့်ပြီး ပြောလိုက်သည်။ "ရှောင်ရွှီ၊ လျန်ရွှမ် ဘယ်မှာလဲ?"

ရွှီကျင်းကကုပေါင်ကောကိုရှေ့ဘက်အခန်းကိုလက်ညှိုးထိုးပြလိုက်သည်။ "ထျန်ထျန်ကို အထဲမှာဂရုစိုက်ပေးနေတယ်။ ရှို့ရှန်လဲရှိတယ် သူက လျန်ရုန်အခန်းထဲမှာ။ ဝင််မသွားနဲ့။ အစ်မတို့ ရောက်နေပြီဆိုတော့ ကျွန်မကို ကူပေး။ နောက်ကိုသွားပြီး ထင်းနည်းနည်းယူပေး။"

တတိယအဒေါ်က လက်ကိုတင်ပါးပေါ် တင်လိုက်သည်။

"တော်လိုက်တာ ဘာလို့ကိုယ့်ကောင်းကျိုးအတွက်ကိုယ်လုပ်နေတယ် မပြောတာလဲ ပြီးတော့ ကျွန်မတို့မရောက်ခင်ကတော့ ပြီးရင်ခေါ်လိုက်မယ်ပြောတယ်မလား?ကျွန်မတို့ ရောက်တာနဲ့ ခိုင်းနေပြီလား?" တတိယအဒေါ်က အရှုံးမပေးပေ။

ရွှီကျင်းဖန် လက်ကာပြလိုက်သည်။ "ကျွန်မ မှားသွားပါတယ်ဟုတ်ပြီလား? လာပြီးအစားအစာတွေ ကူလုပ်ပေးပါ။ တတိယကလေးကို အစ်ကိုကြီးကို ခေါ်ခိုင်းလိုက်မယ်။ ညီမနဲ့ ကုပေါင်ကောနဲ့အတူဆိုရင် စားဖို့စောင့်နေတဲ့ သူတွေက အများကြီးပဲ။"

တတိယအဒေါ်က ဒါကိုကြားတော့ သူမအင်္ကျီလက်ကိုခေါက်တင်ကာ လမ်းလျှောက်လာရင်း ပြောလိုက်သည်။

"ဖန်၊ ကျွန်မတို့စောစောရောက်ခဲ့ရင် အစ်မက ပေါင်ကောကို အသားပေါင်မုန့် လုပ်ပေးဖို့ပြောလို့ရတယ်။ မြို့ကို အသားဝယ်ဖို့ မသွားခဲ့ဘူးလား?"

ရွှီကျင်းဖန် သက်ပြင်းချလိုက်ပြန်သည်။ "အသားဝယ်သင့် မဝယ်သင့်ဂရုမစိုက်ပါဘူး။ မနက်အိမ်က မထွက်ခင်က ထျန်ထျန်ကို အသားလုံးကြော်ပေးပြီး ဝက်သားနှပ်ပေးမယ်ပြောခဲ့တာ။ အခုတော့ ဝက်ပေါင်ခြောက်ပဲကြော်နိုင်တယ်။"

"ဘာလို့လဲ? ထျန်ထျန်ရဲ့မိသားစုက တစ်ခုခုဖြစ်လို့လား?" တတိယအဒေါ်က လက်ဆေးလိုက်ကာ အသီးအရွက်များနှင့်အသားကို လှီးဖြတ်နေသည်။

"ဝက်ပေါင်ခြောက်ကြော်ကလည်း မဆိုးပါဘူး။ ပြီးတော့ ငါးနှစ်ကောင်ကင်လိုက်မယ်လေ။ အိမ်မှာကြက်ဥတွေရှိသေးတယ် ရှန်းလီကို နောက်တစ်ခြင်းယူလာခိုင်းလိုက်မယ်၊ ကြက်ဥကြော်၊ အားလူးနဲ့ပဲကြော်နဲ့အဓိကပန်ကိတ်။ ဗိုက်ပြည့်သွားရင်ကိစ္စအကြောင်းပြောကြမယ်၊ ဒီကိစ္စက အရေးအကြီးတယ်။"

တတိယအဒေါ်က အလုပ်တွေကို တပြိုင်ထဲလုပ်နေသည်။ သူမက လက်တစ်ဖက်နှင့် ကြက်ဥခွဲကာနောက်တစ်ဖက်နှင့် တူကိုင်ပြီး မွှေလိုက်ရင်း တစ်ချိန်ထဲမှာပဲ ရွှီကျင်းဖန်နှင့် စကားပြောနေသည်။

ရွှီကျင်းဖန်က ယောင်းမကို ဟင်းလှီးသည့်အပြားပေါ်တင်လိုက်သည်။ "ရပါပြီ။ အိမ်မှာရှိပါတယ်။ စိတ်မပူပါနဲ့"

"ဒါဆိုဘာဖြစ်ခဲ့လဲ အရင်ပြောပါ" တတိယအဒေါ်ကငုံ့ကာ မီးဖိုထဲမှမီးကိုကြည့်ကာ ထင်းအနည်းငယ် ထည့်လိုက်ပြီး ဟင်းချက်လိုက်သည်။

"တရုတ်ဂေါ်ဖီထုပ်ကို ရှာလကာရည်နဲ့ ကြော်ထားတာ။ထျန်ထျန်က ဒီလိုချိုချဉ်အရသာကို သဘောကျတယ်။"

တတိယအဒေါ်က ကုအိမ်တွင် မကြာခဏလာစားနေကြဖြစ်သည်။ တစ်ခါတစ်လေ သူမက ကြက်ဥယူလာသည်၊တစ်ခါတစ်လေ ပြောင်းယူလာကာ တစ်ခါတစ်လေ ပဲနီတွေယူလာတတ်သည်။ သူမကဘယ်တော့မှ လက်ဗလာနှင့်မလာပေ။ ဒါကြောင့် သူမက ကျန်းထျန်၏ အကြိုက်တွေနှင့် ရင်းနှီးနေသည်။

ရွှီကျင်းဖန်က ခေါင်ငြိမ့်ကာ မီးဖိုခန်းတံခါးကိုကြည့်လိုက်သည်။ ဘယ်သူမှမရှိတာတွေ့တော့ သူမကယ တတ်ိယအဒေါ်ကို တီးတိုးပြောလိုက်သည်။ "ချူလန်၊ ထျန်ထျန်က ဦးလေးကျန်းနဲ့အဒေါ်ကျောက်ရဲ့မြေးအရင်းမဟုတ်ဘူး။"

သူမစကားမဆုံးခင်မှာပဲ တတိယအဒေါ်၏ လက်ထဲမှသံယောင်းမက အိုးထဲပြုတ်ကျသွားရာ အသံကျယ်ကျယ်မြည်လာတော့မှ သူမ အသိပြန်ဝင်လာသည်။

"မဟုတ်သေးပါဘူး။ ဖန်၊ ထျန်ထျန်က မြေးအရင်းမဟုတ်ဘူးလား?"

တတိယအဒေါ် ပါးစပ်ဟလိုက်သည်။ "ဘယ်လိုဖြစ်တာလဲ?"

ထျန်ထျန်က နယ်ကလူတွေနဲ့မတူသလို မြို့နယ်ကလူတွေနဲ့လဲ မတူဘူးဆိုပေမယ့် သမီးအရင်းမဖြစ်နိုင်ဘူးဟုတော့ တတိယအဒေါ်က တစ်ခါမှမထင်ထားပေ။

ရွှီကျင်းဖန်က အောက်ငုံ့လိုက်ကာ နှယ်ထားသောဂျုံကိုအပိုင်းပိုင်းလုပ်နေသည်။ "သူမက မွေးခါစကပဲ လူကုန်ကူးသူတွေ ဖမ်းတာခံခဲ့ရတာ။ နောက်တော့ ထျန်ထျန်ကိုပြန်ပေးဆွဲတဲ့သူတွေက အဖမ်းခံရပြီး ထျန်ထျန်ကရဲစခန်းရောက်လာခဲ့တယ်။ အရာရှိတွေက ထျန်ထျန်ရဲ့မိဘတွေကို ဆက်သွယ်မရတာကြောင့် ဦးလေးကျန်းနဲ့အဒေါ်ကျောက်ကို မွေးစားဖို့ပေးခဲ့တာ။"

တတိယအဒေါ်က ဂေါ်ဖီထုပ်ကြော်ကို ပန်းကန်ထဲထည့်လိုက်ကာ ပြောလိုက်သည်။ "ဒါဆိုကျန်းမိသားစုက အခုမှဘာလို့ပြောတာလဲ? သူတို့က ထျန်ထျန်က်ို အသိအမှတ်မပြုနိုင်တော့ဘူးတဲ့လား?"

ရွှီကျင်းဖန် ခေါင်းခါလိုက်သည်။ "ဒီလ်ိုမဟုတ်ပါဘူး။ထျန်ထျန်က သူတို့သမီးရင်းမဟုတ်တာ အားလုံးက အရင်ထဲက သ်ိတယ်။"

သူမ ပန်ကိတ်နှယ်နေသည်ကိုရပ်ကာ တစ်နေရာကိုကြည့်လိုက်ပြီး တိုးတိတ်စွာ ရေရွတ်လိုက်သည်။ "ကိစ္စတွေ အများကြီးဖြစ်လာဖို့ ရှိသေးတယ်။"

ကုလျန်ရုန်နဲ့ရွှီကျင်းယောင်က ကုမိသားစုအိမ်ကို နေမြင့်မှရောက်လာသည်။

ရွှီကျင်းယောင်က လက်ထဲတွင် ယုန်ကိုကိုင်ထားကာခန္ဓာကိုယ်မတ်မတ်နှင့် မျက်မှန်တပ်ထားကာ သပ်ရပ်စွာဝတ်စားထားပြီး ဆံပင်ကို နောက်လှန်ဖြီးကာပေါ့ပါး၍ တည်ငြိမ်သောပုံစံဝတ်ထားသည်။ သူကအရပ်မရှည်ပေမယ့်လူတွေကို သူ့အပေါ်ယုံကြည်စေသော ရှင်းမပြနိုင်သည့် အရောင်အဝါတစ်ခုရှိနေသည်။

ရွှီကျင်းဖန် သူ့ကိုနှုတ်ဆက်ရန် ထွက်လာတော့ရွှီကျင်းယောင်က ပြုံးလိုက်သည်။ သူကရွှီကျင်းဖန်ကိုခေါင်းစခြေဆုံးကြည့်လိုက်ပြီး ပြောလိုက်သည်။ "ညီမ ပိန်သွားတယ်။"

သူက ယုန်ကို ကုလျန်ရုန်ဆီပေးလိုက်သည်။ "ဒါကိုကင်ပြီးမင်းအမေကို သူ့ခန္ဓာကိုယ် အားဖြည့်ဖို့ပေးလိုက်"

ကုလျန်ရုန်က ယုန်ကိုယူကာ မီးဖိုခန်းထဲပြေးသွားသည်။ "ဟုတ်ကဲ့ဦးလေး"

ရွှီကျင်းဖန် ပြောလိုက်သည်။ "အစ်ကို"

"အရင်စားကြတာပေါ့ စားနေရင်းစကားပြောကြမယ်။"

ရွှီကျင်းယောင်က သူမပုခုံးကို ပုတ်လိုက်သည်။"မီးဖိုချောင်ကိစ္စတွေ လျန်ရုန်ကို လုပ်ခိုင်းလိုက်ညီမက အရင်လာစားပါ။"

ရွှီကျင်းဖန်က မျက်လုံးကိုသုတ်လိုက်ကာ မီးဖိုချောင်အဝတ်ကို ကုလျန်ရုန်ကို ပေးလိုက်ပြီး ပင်မအခန်းသို့ရွှီကျင်းယောင်နောက်မှ လိုက်သွားလိုက်သည်။

တတိယအဒေါ်က နောက်ကိုသွားကာ ကုပေါင်ကောကိုခေါ်လိုက်ပြီး ရွှီကျင်းဖန်ကို မေးလိုက်သည်။ "ကလေးတွေကို ခေါ်ထားပြီလား?"

ရွှီကျင်းဖန် - "ဟင့်အင်း သူတို့ကိုအစားအသောက်တွေအခန်းထဲပေးလိုက်ပြီး အခန်းထဲ စားခိုင်းလိုက်မယ်။ကျွန်မတို့ ပြောစရာရှိနေလို့ သူတို့ကို ဂရုမစိုက်နိုင်ဘူး။"

ရွှီကျင်းဖန်က ထ၍ အစားအသောက်များ သွားပေးရန်လုပ်လိုက်စဉ် တတ်ိယအဒေါ်က တားလိုက်သည်။ "မလုပ်နဲ့၊ အကိုကြီးနဲ့ စကားပြောနေပါ။ ရှောင်းမင်နဲ့အခြားသူတွေကို ကျွန်မသွားပေးလိုက်မယ်။"

ရွှီကျင်းယောင်က ပတ်ဝန်းကျင်ကိုကြည့်ကာ မေးလိုက်သည်။ "လျန်ရွှမ်ဘယ်မှာလဲ?"

"ထျန်ထျန်က ဒဏ်ရာရထားတယ်။ သူက သူမကိုအခန်းထဲမှာ ဂရုစိုက်ပေးနေတယ်။" ရွှီကျင်းဖန်က အရှေ့အခန်းကို စိတ်ပူစွာကြည့်လိုက်သည်။ "ထျန်ထျန် နိုးပြီလားမသိဘူး?"

ရွှီကျင်းယောင်က မျက်မှန်ကိုပင့်တင်ကာ ပြောလိုက်သည်။ "သူမက ဘယ်လိုဒဏ်ရာရသွားတာလဲ? ဆရာဝန်နဲ့ပြပြီးပြီလား? ဆေးရောရထားပြီလား?"

ရွှီကျင်းဖန်က ထပ်ခါထပ်ခါခေါင်းငြိမ့်လိုက်သည်။ "ပြပြီးပြီ ဆေးလည်းရထားပါပြီ။"

"အစ်ကို ဒီညအိမ်မှာနေမယ်။ လိုတာရှိရင် ခေါ်လိုက်။ကျောင်းအတွက်ကတော့ အစ်ကိုအသင်းထဲက ကျောင်းပြီးသွားတဲ့သူတွေကို ပြောထားတာမလို့ နားရက်ဆယ်ရက်ရထားတယ်။"

ရွှီကျင်းယောင်က ဟုန်ချီအဖွဲ့အစည်းလက်အောက်ကတပ်မဟာအချို့ ပေါင်းစပ်ဖွင့်ထားသော မူလတန်းကျောင်းမှ ကျောင်းအုပ်ဖြစ်သည်။

သူ့ရဲ့ကျောင်းအုပ်အလုပ်အပြင် သူက မတူညီတဲ့ ဘာသာတွေကို ကျောင်းသားအရွယ်စုံကိုသင်ပေးနေရတာမလို့ နေ့တိုင်းအလုပ်ရှုပ်နေသည်။

အတန်းမရှိလျှင်လဲ သူကအနားမယူပေ။ သူကအသင်းတွင်သွားအလုပ်လုပ်ကာ အလုပ်အမှတ်အချို့ရအောင်လုပ်ပြီးနှစ်ဆုံးမှာ အစားအသောက်တစ်ဆယ်ကီလိုဂရမ်ရသည်။

ဒါက တကယ်ကို မအားလပ်ပေ။

"အစ်ကို့ကို ကျွန်မခေါ်တာက တကယ်လို့ ထျန်ထျန်ရဲ့အခြေအနေက မနက်ဖြန်အထိ ကောင်းမလာဘူးဆိုရင်အစ်ကို ကျွန်မနဲ့ ထျန်ထျန်ကို မြို့ကဆေးရုံကိုခေါ်သွားပေးဖို့်ပြောမလို့ပါ။ အဲ့ဒီမှာအစ်ကို့ သူငယ်ချင်းရှိတယ်လို့ပြောထားတာ မှတ်မိနေတယ်။"

ရွှီကျင်းယောင်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။အဲ့ဒီဆရာဝန်က အစ်ကိုတို့အသင်းနံပါတ်ရှစ်ကနေကျောင်းပြီးတာဆယ်နှစ်ကျော်ပြီ။ နောက်ပိုင်းမှာသူကမြို့မှာဆေးကျောင်းတက်ပြီး အခုမြို့ပေါ်ကဌာနမှာဒါရိုက်တာဖြစ်နေပြီ"

"မသွားခင် သူ့ကိုစာပို့ထားပြီး စီစဉ်ထားဖို့ပြောလိုက်မယ်။ အဲ့ဒီကိုရောက်ရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလုပ်ရမယ်။"

ရွှီကျင်းယောင်က ရပ်ပြီးဆက်ပြောလိုက်သည်။ "အစ်ကို့ကို ဘာလို့ခေါ်တာလဲ? အခြားကိစ္စတစ်ခုခုရှိလို့လား?"

"ဟုတ်တယ်" ရွှီကျင်းဖန် သက်ပြင်းချလိုက်သည်။

"အစ်ကို ကျွန်မဒီကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းမသေချာဖြစ်နေတာ။ အစ်ကိုကျန်းကျင်းမင်နဲ့ ဆုံဖူးတယ်မလား သူကဘယ်လိုလူမျိုးလဲ ပြောပြလို့ရမလား?"

ရွှီကျင်းယောင်က ခဏပြန်စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "သူနဲ့နည်းနည်းပဲဆုံဖူးပြီး ဦးလေးကျန်းပြောပုံအရဆိုရင် သူကစိတ်ပျော့ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိတဲ့သူမျ်ိုးတဲ့။ အစ်ကိုသိရတာကတော့ သူက သူ့သားကြီးမိသားစုကို အရမ်းတန်ဖိုးထားပုံရတယ်တဲ့။"

အခုခေတ်မှာ ရှေးအယူအဆတွေလို သားကြီး၊ဒုတိယသားဆိုတာက အရေးမပါတော့ပေမယ့် ထိုမိသားစုကတော့ ဒီကိစ္စကို အလေးထားပုံရသည်။

"ဟုတ်တယ် ။ကျန်းကျင်းမင်က စိတ်လိုက်မာန်ပါလုပ်တတ်တဲ့သူမျိုးမလို့ သူ့အကြောင်းသေချာတွေးကြည့်လို့မရဘူး။"

ရွှီကျင်းဖန်က အမွေစာအုပ်အကြောင်း ရွှီကျင်းယောင်ကို သေချာရှင်းပြလိုက်သည်။

"ကျွန်မအတွက်မပူပါဘူး ဒါပေမယ့် ကျွန်မက ရှောင်းမင်နဲ့အခြားသူတွေ ပြီးတော့ တတိယကလေးတို့အတွက်ပဲပူတာ။ သူတို့က အပြင်မှာ ပညာသင်အလုပ်လုပ်နေကြတာ။ တကယ်လို့ သူတ်ို့သာအဲ့ဒီလူတွေရဲ့ပစ်မှတ်ထားခံရရင်အကျိုးဆက်က မတွေးရဲစရာပဲ။"

ရွှီကျင်းယောင်က ခဏစဉ်းစားပြီးပြောလိုက်သည်။ "ဒါက တကယ့်ပြဿနာပဲ။"

သူကပိတ်ထားသော အိမ်ရှေ့အခန်းကိုကြည့်ကာ ရွှီကျင်းဖန်ကို မေးလိုက်သည်။ "ထျန်ထျန်က ငွေတွေကိုအဖွဲ့အစည်းကို လှူမယ်လို့ တကယ်ပြောခဲ့တာလား?"

အဖွဲ့အစည်းက တကယ်တော့ ငွေမပြတ်လပ်နေပေ။ နှစ်သောင်းသုံးသောင်းက အထွေထွေအသုံးစရိတ်ဖြစ်နေသည်။

"သူမ ပြောခဲ့တယ်။ ဒါပေမယ့် သူမမှာရွေးစရာမရှိလို့ပြောခဲ့တာနေမယ်။" ရွှီကျင်းဖန်က အမွေစာအုပ်အဓိပ္ပါယ်ကိုမသိဘဲ နေပါ့မလား?

ပြဿနာဆိုတဲ့ သဘောလေ။

ဒါပေမယ့် ဒါက ကျန်းထျန်အတွက် အဘိုးအဘွားတွေချန်ခဲ့တဲ့ တစ်ခုတည်းသောအရာပဲ။

ပြောစရာမလိုဘဲ အမွေစာအုပ်ထဲတွင် ကျန်းထျန် မိဘအရင်းများ၏ ငွေများရှိနေနိုင်သည်။

"နည်းလမ်းရှိမှာပါ။" ရွှီကျင်းယောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျန်းကျင်းမင်ကလည်း ငွေလိုချင်တယ်။ သူက မလိုအပ်ဘဲ သတင်းပြန့်သွားစေချင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူက လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်ဘူး။ သူ တတိယကလေးနဲ့ အခြားသူတွေက်ို တိုက်ခိုက်မှာက ပိုဖြစ်နိုင်တယ်။"

ဒါက ရွှီကျင်းဖန် အမြဲစိတ်ပူနေသောအရာဖြစ်သည်။

အစားအသောက်တွေပို အိုးထဲမှ အပြင်ထုတ်လိုက်တော့ကုလျန်ရုန်နဲ့ တတိယအဒေါ်က ဇလုံတွေခြင်းတွေကိုပင်မအခန်းဆီ ယူလာကြသည်။

ကုပေါင်ကောက နောက်ဖက်မှာ လက်ဆေးပြီးနောက်ရောက်လာသည်။ ကုလျန်ရုန်က အထဲမှ ကျန်းရှို့ရှန်ကိုခေါ်လိုက်သည်။ "ရှို့ရှန် မင်းအခန်းထဲမှာစားမှာလား ပင်မအခန်းမှာ စားမှာလား?"

ကျန်းရှို့ရှန်က ဒီရက်များတွင် ကောင်းကောင်းမနားရသေးပေ။ သူ့အဖေက နေမကောင်းဖြစ်ကာ ဆေးရုံတွင်လဝက်ကျော်နေခဲ့ရသည်။ သူက အိမ်တွင်တစ်ဦးတည်းသောကလေးဖြစ်သည့်အတွက် ညစောင့်အိပ်ပေးရသည်။

သူက စောင်ကိုမကာ မျက်ခုံးပင့်ပြလိုက်သည်။ "မင်းစားပြီးရင်ခေါ်လိုက်။ ငါတစ်ရေးအိပ်လိုက်ဦးမယ်။"

"ရပါတယ်။ မင်းအတွက် မီးဖိုပေါ်မှာ နည်းနည်းချန်ထားလိုက်မယ်။" ကုလျန်ရုန်က ထိုသို့ပြောကာ တံခါးပိတ်လိုက်ပြီး အရှေ့အခန်းကိုသွားကာ ကုလျန်ရွှမ်ကိုခေါ်လိုက်သည်။ "အစ်ကို၊ဦးလေးက အစ်ကို့ကို ပင်မခန်းကိုလာပြီးထမင်းစားစေချင်နေတယ်။"

ကုလျန်ရွှမ်က ကျန်းထျန်ကို စောင်ခြုံပေးလိုက်ပြီးဖိနပ်စီးကာ အိပ်ယာမှထလာခဲ့သည်။

ကုလျန်ရွှမ် တစ်ယောက်ထဲ ထွက်လာတာမြင်တော့ရွှီကျင်းဖန် မေးလိုက်သည်။ "ထျန်ထျန် မနိုးသေးဘူးလား?"

"ဟင့်အင်း။ သူမက တစ်ချိန်လုံးအိပ်နေပေမယ့်ကောင်းကောင်းအိပ်မပျော်ဘူး။"

ကုလျန်ရွှမ်က စားပွဲတွင်ထိုင်လိုက်ကာ အားလုံးကိုခေါ်လိုက်သည်။ "ဦးလေး၊ တတ်ိယအဒေါ်၊ ဦးလေးပေါင်ကော"

ရွှီကျင်းယောင် ခေါင်းငြိမ့်ပြလိုက်သည်။ "ကျင်းဖန်ကအားလုံးကို ပြောပြီးပြီ။ လူစုံနေတော့ အတူတူစဉ်းစားကြတာပေါ့။"

ရွှီကျင်းဖန်က လည်ချောင်း မချောက်စေရန်ကြက်ဥစွပ်ပြုတ်ကို အရင်သောက်လိုက်ပြီး ကျန်းအိမ်တွင်ဖြစ်ခဲ့သမျှကိုပြောပြလိုက်သည်။

နောက်ဆုံးမှာ သူမ ပင်ပန်းနေသည့်ပုံနှင့် ပြောလိုက်သည်။ "ဒါကဖြစ်ခဲ့တာအကုန်ပဲ။ ကျန်းကျင်းမင်ရဲ့ ဒုက္ခရောက်အောင်လုပ်မယ်ဆိုတဲ့ အတွေးပျက်သွားအောင် ထျန်ထျန်က ကျောက်ခုံကိုထုခွဲပြီး နံရံကိုလည်း ဖြိုခဲ့သေးတယ်။"

"အဲ့ဒီအချိန်မှာ မိသားစုဝင်တွေက ထျန်ထျန်ကြောင့်ထိတ်လန့်နေကြပြီး ကျွန်မတို့ကို ထျန်ထျန်ရဲ့ဒုတိယအစ်ကိုက ခေါ်ထုတ်လာခဲ့တာ။ မဟုတ်ဘူးဆိုရင် အဲ့ဒီမိသားစု ငွေမက်တဲ့ပုံစံနဲ့ ကျွန်မတို့ဆီက ကျောက်စားပွဲနဲ့နံရံပြာအတွက် လျော်ကြေးတောင်းမှာ စိုးရတယ်။"

ကုပေါင်ကော ခေါင်းခါလိုက်သည်။ "အဲ့ဒီဟွမ်မိသားစုက ငွေအတွက်နဲ့ သူတို့သမီးအရင်းကို လျန်ရွှမ့်မိန်းမရဲ့မိဘတွေကို ပေးလိုက်တာလား?"

ကုပေါင်ကောက ထိုသူနေရာမှ ဝင်စဉ်းစားကြည့်လိုက်ကာ သူက ထိုလူ၏ အတွေးများကို ဘယ်လိုမှနားလည်နိုင်မှာ မဟုတ်ကြောင်း သိလိုက်ရသည်။

တတိယအဒေါ်က ကုပေါင်ကော၏ လက်ကိုရိုက်လိုက်ကာ အမှန်ပြင်ပေးလိုက်သည်။ "သူတို့က ထျန်ထျန်ရဲ့မိဘအရင်း မဖြစ်နိုင်ဘူး။ သူတို့ကအယောင်ဆောင်ဆိုရင်ကော? သူတို့က သမီးရင်းကိုတောင်မှားတယ်လေ။ ဒါကသူတို့က အရင်းဟုတ်မဟုတ်ဆိုတာ ကိစ္စမရှိတဲ့သဘောမဟုတ်ဘူးလား?"

ရွှီကျင်းဖန်လည်း ဒီလိုပဲမျှော်လင့်သည်။ ဒါကသူမဖျားနေချိန် သူမမိဘတွေနဲ့လွဲသွားသည်ဟုသိထားရတာထက်ပိုကောင်းသည်။

ကုလျန်ရုန်က ဒါကိုကြားရပြီး သူ့နာမည်နှင့် မျိုးရိုးနာမည်ကိုပင် မေ့သွားသည်။ မသိသူတစ်ယောက်ယောက်သာဆိုလျှင် သူပုံပြင်နားထောင်နေသည်ဟု ထင်မိလိမ့်မည်။

ပြီးတော့ပုံပြင်က လက်တွေ့ဘဝနဲ့ မတူဘူးမလား?

ထိုလူတွေက သမီးအတုကို ဆွေမျိုးတွေကိုပေးခဲ့တယ်။ဒါက အဓိပ္ပါယ်မရှိတာပဲ။

"မဟုတ်သေးပါဘူး။ အမေ၊ ဘာလို့မရီးရဲ့မွေးစားမိဘတွေက သူ့က်ို သူ့ဆွေမျိုးတွေဆီမပေးဘဲ အတုလုပ်ခဲ့တာလဲ? ဒါက လုံးဝအဓိပ္ပါယ်မရှိဘူး။" ကုလျန်ရုန်က ဘီစကစ်တစ်ကိုက်ကိုက်ကာ ရွှီကျင်းဖန်ကို စိတ်ဝင်စားစွာကြည့်လိုက်သည်။

ရွှီကျင်းဖန် - "...ဘာလို့လဲဆိုတာ သူမ ဘယ်လိုသိမှာလဲ?"

ဒီလူတွေရဲ့အတွေးကို ဘယ်သူကသိမှာလဲ?

ပျောက်နေတဲ့သူက သူတို့ရှေ့တင်ရှိတာကို သူတ်ို့ကသိသွားပြီးအရေးယူခံရမှာမကြောက်ဘဲ အတုလုပ်ခဲ့သေးတယ်။

အဲ့ဒီမိသားစုက ပေကျင်းကနေ ကားမောင်းလာခဲ့တယ်ကြားတယ်။ သူတို့က သေချာပေါက် ချမ်းသာတဲ့သူတွေဖြစ်ရမယ်။

"ထျန််ထျန်နဲ့ သူ့မွေးစားမိဘတွေရဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူးလို့ ကြားတယ်။" ရွှီကျင်းယောင်က ရွှီကျင်းဖန်က်ို ဝက်ပေါင်ခြောက်တစ်ပိုင်း ပေးလိုက်ပြီးစကားမပြောတော့ဘဲ စားရန်ပြောလိုက်သည်။

"သူတို့်က ထျန်ထျန်ကို တစ်ခုခုလုပ်ထားလို့ဖြစ်မယ်။ ဒါကြောင့် သူတို့က ထျန်ထျန်မိသားစုဆီ ပြန်ရောက်သွားရင် သူမ မိသားစုက နောက်ကပါလာမှာကြောက်လို့ဖြစ်မယ်။"

ဒါက မဖြစ်နိုင်ဘူး။

ဒါပေမယ့် ကုလျန်ရွှမ်က ဒါကိုကြားတော့ သူ့တူကိုဆုပ်ကိုင်လိုက်သည်။

အဲ့ဒီအချိန်က ကျန်းထျန်က အခု ကျန်းထျန်မဟုတ်ဘူးဆိုတာသိပေမယ့် သူက ထိုမကောင်းသည့် အတွေ့အကြုံများကို ယခု ကျန်းထျန်အပေါ် မသက်ရောက်စေချင်ပေ။

"လျန်ရွှမ် မင်း ဘယ်လိုထင်လဲ?" ရွှီကျင်းယောင်က ကုလျန်ရွှမ် ငြိမ်နေတာက်ိုမြင်တော့ သူ့ထင်မြင်ချက်ကို မေးလိုက်သည်။

All Chapters