← Chapters

အခန်း(၈၆)

Vol. 7 Ch. 86

အခန်း(၈၆)

Vol. 7 Ch. 86

ကုလျန်ရွှမ်က တူကိုချကာ ပြောလိုက်သည်။ "သူတို့က လိုချင်တဲ့အရာ ရှိနေတယ်ဆိုရင် သူတို့ကြောက်တဲ့ အရာလည်း ရှိမှာပဲ"

သူတို့ ဆေးရဲ့ အရသာကို သူတို့ကို ပြန်မြည်းခိုင်း ရမှာပေါ့။

ရွှီကျင်ယောင်က ကုလျန်ရွှမ်၏ ဆိုလိုရင်းကို သဘောပေါက်သဖြင့် ပြောလိုက်သည်။ "ထျန်ထျန်ရဲ့ မွေးစားအဖေ ကျန်းကျင်းမင်က သူ့သားကြီးကို ဂရုအစိုက်ဆုံးပဲ"

ကုလျန်ရွှမ်က ခေါင်းငြိမ့်လိုက်သည်။"ကျွန်တော် သိပါပြီ"

ဒါပေမယ့် အကြီးဆုံးသား တစ်ယောက်ထဲနှင့် မလုံလောက်ပါ။

အရေးအကြီးဆုံးဖြစ်သည့် ဝှက်ဖဲအဖြစ် သုံးလို့ရနိုင်သော အရာနှင့် အခြား အသုံးချနိုင်သော အရာများအားလုံးက လက်ထဲတွင် ရှိနေရန် လိုအပ်သည်။

သူတို့က ညစာစားသောက် ရှင်းလင်းပြီးနောက်တွင် ကုပေါင်ကောနှင့် တတိယအဒေါ်က ဆယ့်ငါးမိနစ်လောက် နေခဲ့ပြီးနောက် ကုမိသားစုမှ ထွက်သွားလိုက်သည်။ရွှီကျင်းယောင်က ကုလျန်ရုန်၏ အခန်းတွင် နေခဲ့သည်။

ညစာ စားပြီးနောက် ကုလျန်ရွှမ်က အခန်းထဲ ဝင်သွားပြီး ပြန်ထွက်လာသည်။သူက ကုလျန်ရုန်ကို ခေါ်ပြီး ပြောလိုက်သည်။

"ရှို့ရှန်ကို တစ်ယောက်ယောက်ကို လွှတ်ပြီး ကျန်းမိသားစုနဲ့ ဟွမ်မိသားစုအကြောင်း တတ်နိုင်သလောက် မြန်မြန် စုံစမ်းပေးဖို့ ပြောလိုက်ပါ"

ကုလျန်ရွှမ်က အိတ်ထဲမှ စာအိတ်တစ်အိတ် ထုတ်ကာ ကုလျန်ရုန်ကို ပေးလိုက်သည်။ "ဘယ်လောက်ပဲ ကုန်ကျပါစေ ကိစ္စမရှိဘူး"

ဒါပေမယ့် ကုလျန်ရုန်က စာအိတ်ကို ယူလိုက်တော့ အထဲမှ ငွေအမြောက်အမြားကို တွေ့လိုက်ရသည်။ သူက ခဏ တိတ်သွားပြီးနောက် မေးလိုက်သည်။ "အစ်ကို ဒီလို ငွေတွေအများကြီး ယူထားတာ မရီး သိရဲ့လား?"

ကုလျန်ရွှမ်က နှုတ်ခမ်းကို စေ့လိုက်ပြီး ပြောလိုက်သည်။ "သူ မသိဘူး"

ဒါပေမယ့် သူက ဒီငွေတွေကို ယူသင့်မယူသင့်ကို အိပ်နေသည့် ကျန်းထျန်ကို လှုပ်နှိုး၍ မမေးသင့်ဘူး မလား?

"မင်းရဲ့ မရီးက စိတ်ထဲမထားပါဘူး" ကုလျန်ရွှမ်၏ အသံက လေးလံနေကာ အမူအရာကလည်း စိတ်ဓာတ်ကျနေပုံပေါ်သည်။

အိမ်က ငွေတွေက ကျန်းထျန်ကို ပေးတယ်ဆိုပေမယ့် ကျန်းထျန်က စာအိတ် နှစ်အိတ်ကိုသာ ယူပြီး နှစ်ယောက်လုံးအတွက် ငွေများကို ထည့်ကာ အံဆွဲထဲမှ သံသေတ္တာထဲတွင် ထည့်ထားသည်။ အံဆွဲ၏ သော့က နောက်ထပ် အံဆွဲတစ်ခုတွင် ဖြစ်ပြီး ထိုအံဆွဲက သော့မခတ်ထားပေ။

သူမက ဖုံးကွယ်ထားလိုစိတ် မရှိပေ။

"မင်း မရီးနိုးလာရင် အစ်ကို ရှင်းပြလိုက်ပါ့မယ်"

ကုလျန်ရွှမ်က တတိယညီလေးကို လက်ကာပြလိုက်သည်။

"တကယ်လို့ ငွေက မလောက်ရင် မင်းဘာမင်း စိုက်ထားလိုက်" သူ့တွင် ရှိသည့်ငွေအကုန်က စာအိတ်ထဲတွင် ဖြစ်သည်။

ကုလျန်ရုန် -"...." သူက စာအ်ိတ်ကို ပိတ်လိုက်ကာ သူ့အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်သည်။

"ဟုတ်ပြီ ကျွန်တော်နဲ့ ရှို့ရှန်နဲ့ မနက်စောစော မြို့ကိုသွားပြီး ညနေခင်းမှာ သတင်းယူလာနိုင်အောင် ကြိုးစားလိုက်ပါ့မယ်"

ကုလျန်ရွှမ်က စကားပြောပြီးနောက် တတ်ိယညီလေး၏ ဘေးမှဖြတ်လျှောက်ကာ အခန်းသို့ပြန်ရန် လုပ်လိုက်သည်။"ဟုတ်ပြီ မနက်ဖြန် ညကျရင် အစ်ကို့ကို မြို့ကို ခေါ်သွားပေး"

ကုလျန်ရုန်က ခေါင်းငြိမ့်ကာ နောက်မှလိုက်သွား လိုက်ပေမယ့် သူက သူ့အစ်ကိုကြီးကို အံ့သြသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ "အစ်ကိုက မရီးဘေးမှာ မနေဘူးလား?"

"ကျွန်တော် ပြောပြမယ် အစ်ကို။ လူတွေက နေမကောင်းတဲ့ အချိန်မှာ ပိုပြီး အားနည်း နေကြတယ်။ မရီးရဲ့ ခင်ပွန်းတစ်ယောက် အနေနဲ့ အစ်ကိုက ဒီမှာ ရှိနေသင့်တယ်။ အစ်ကိုသာ ဒီမှာ ရှိမနေဘူးဆိုရင် မရီးက သေချာပေါက် စိတ်ပျက်သွားလိမ့်မယ်" ကုလျန်ရုန်က ရှင်းလင်းစွာ ပြောလိုက်သည်။

တကယ်တော့ ဒါတွေက သူအပြင်တွင် ကားမောင်းလေ့ကျင့်စဉ်က အခြားသူများ ပြောသည်ကို ကြားခဲ့ခြင်း ဖြစ်သည်။

ကုလျန်ရွှမ်က သူ့တတ်ိယညီလေး ပြောသည်က အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသည့်အတွက် ရပ်လိုက်ပြီး ပြောလိုက်သည်။

"အစ်ကို အလုပ်ပြီးရင် ပြန်လာမှာပါ"

******

မြို့ပေါ်၊ ကျန်းမိသားစု အနီးတွင်

ကျန်းထျန်နှင့် ရွှီကျင်းဖန် ပြန်သွားပြီးနောက်မှာ ကျန်းကျင်းမင်နှင့် ကျန်းကောပင်က ကျန်းကောရှန်နှင့် ရန်ပွဲ ထပ်ဖြစ်ခဲ့သည်။

ဆူညံသည့်နေ့ အပြီးတွင် ကလေးငိုသံက ကျယ်လွန်းသည့်အတွက် အိမ်နီးချင်းများကို ရယ်မောစေနိုင်ခဲ့သည်။

ဆိုရိုးစကား အတိုင်းပဲ သတင်းကောင်းက အဝေးကြီးမရောက်ဘဲ သတင်းဆိုးက မိုင်ပေါင်းထောင်ကျော်ထိ ရောက်သည်။ နေ့လည်ခင်းက ရန်ပွဲသတင်းက ကျန်းမိသားစု၏ အလုပ်နေရာကို ရောက်လာသည်။စားသောက်ဆိုင်တွင် လုပ်နေသော ကျန်းကောရှန်မှ လွဲ၍ ကျန်သော ကျန်းမိသားစုဝင်များက အထည်ချုပ် စက်ရုံတွင် အလုပ်လုပ်ကြသည်။ စက်ရုံခေါင်းဆောင်၊ အလုပ်သမားအသင်း ခေါင်းဆောင်၊ အမျိုးသမီး အသင်း၏ ခေါင်းဆောင်တို့က အလုပ်ပြီးတော့ ကျန်းမိသားစုကို ဒီကိစ္စ လာပြောခဲ့ကြသည်။

တစ်ယောက်ယောက်က ခေါင်းဆောင်များ လာမေးသည်ကို အခွင့်ကောင်းယူကာ ကျန်းမိသားစု၏ အတွင်းဇာတ်လမ်းကို သိနိုင်ပေမယ့် ကျန်းကျင်းမင်က အရူးမဟုတ်သည့်အတွက် သူက မေးခွန်းများကို လှည့်စား၍ ဖြေလိုက်သည်။

ခေါင်းဆောင်များနှင့် လူအုပ်များကို ပြန်ပို့ပြီးနောက် ကျန်းကျင်းမင်၏ မျက်နှာက ဖြူဖျော့လာသည်။ သူက အမွေစာအုပ်ကို မရခဲ့သည်သာမက သူ့ ဒုတိယသားက ဒီလိုသတင်းများကို ဖြန့်နိုင်ခဲ့သေးသည်။ ကျန်းထျန်နှင့် သူတို့မိသားစုက ရန်သူလုံးလုံး ဖြစ်သွားကြပြီ။

ကျန်းကျင်းမင်က ဘယ်လိုပဲ ဖြစ်ဖြစ် အမွေစာအုပ်ကို ရအောင်ယူမည်ဟု ဆုံးဖြတ်ထားပြီး ကျန်းထျန်က ကျန်းမိသားစု၏ သမီးရင်း မဟုတ်ဘူးဆိုသည်ကိုပင် ပြောခဲ့သည်။ ဘာပဲ ဖြစ်ဖြစ် အမွေစာအုပ်က လက်ထဲတွင် ရှိနေလျှင် အရာအားလုံး လွယ်ကူမည် ဖြစ်သည်။ ကျန်းထျန်က အမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူ့အမျိုးသား မိသားစုကလည်း ခက်ခဲသည့် အခြေအနေတွင် ရှိနေသည်။ အမွေစာအုပ် မရှိဘူးဆိုလျှင် သူမက မိဘအိမ်ကို မှီခိုရမည် ဖြစ်ပြီး သူမနှင့် ကျန်းမိသားစု ဆက်ဆံရေးက ပို၍ ကောင်းမွန်လာမည် ဖြစ်သည်။

ဒိလိုဆိုရင် ပေကျင်းက မိသားစုက ကလေးက သူတို့ကလေး မဟုတ်ဘူးဆိုတာ သိလျှင်တောင် သူတို့မှာ ကျန်းထျန် ရှိသေးသည် မဟုတ်လား?

ကျန်းကျင်းမင်က ဆီအိုးထဲတွင် ထည့်ကြော်ခံနေရသလို ခံစားရသည်။ သူက အပြင်းအထန် တွန်းအားပေးခဲ့သည်ကို နောင်တရနေပြီး ကျန်းကောရှန်ကိုလည်း စကားစောင့်ထိန်းရန် မသိသည့်အတွက် ဒေါသထွက်နေသလို ကျန်းထျန်ကိုလည်း မိသားစု ဂုဏ်သိက္ခာကို ဂရုမစိုက်သည့်အတွက် စိတ်တိုနေသည်။ သူက စိတ်ရိုင်းဝင်သွားပြီး ကျောက်စားပွဲကို ချေမွခဲ့သည်သာမက အပြာရောင်နံရံကိုပါ ဖြိုခဲ့သေးသည့်အတွက် လူတိုင်းအတွက် လှောင်ရယ်စရာ ဖြစ်နေသည်။

ကျန်းကျင်းမင်က ထိုနေ့အကြောင်းတွေးလေလေ သူ့ရင်ထဲတွင် အမျက်ဒေါသများ ပို၍ တောက်လောင်လာလေလေ ဖြစ်သည်။ သူက ဘာမှမရှိဘဲ ညစ်ပတ်နေသော ခြံဝင်းကိုကြည့်ကာ ပြိုနေသော နံရံအနီးတွင် ရပ်လိုက်ပြီး ပုဆိန်ကို ယူကာ ဒုတိယအခန်းထံ ထွက်လာလ်ိုက်သည်။

မထင်မှတ်ထားလောက်အောင်ဘဲ ကျန်းကျင်းမင်က ဒုတိယအခန်းရှေ့သွားကာ တံခါးကို ပုဆိန်နှင့် ပေါက်လိုက်သည်။

စိတ်တ်ို၍ ထိတ်လန့်နေသော လျိုစန်းချောင်နှင့် မြေးနှစ်ယောက်ကို တွေ့သောအခါ ကျန်းကျင်းမင်က ကျယ်လောင်စွာ အော်လိုက်သည်။ "သစ္စာဖောက် မင်းသာ ဒုတိယသားကို မစည်းရုံးဘူး ဆိုရင် သူက အပြင်လူဘက်က ရပ်တည်ပါ့မလား?"

"ကွာရှင်းလိုက်!" ကျန်းကျင်းမင်က လျိုစန်းချောင်နှင့် မြေးနှစ်ယောက်ကို ပုဆိန်နှင့် ရွယ်ကာ ပြောလိုက်သည်။

"ငါတို့ ကျန်းမိသားစုက မင်းလို ချွေးမမျိုး မလိုအပ်ဘူး!!" ကျန်းကျင်းမင်က သူ့လည်ချောင်းများပွဲကာ နားအူမတတ် အော်ဟစ်၍ ပြောလိုက်သည်။

လျိုစန်းချောင်က ကလေးများကို နောက်တွင် ကွယ်လိုက်သည်။ သူမက ကျန်းကျင်းမင်က သူမနှင့် ကျန်းကောရှန်ကို ကွာရှင်းခိုင်းတာ ကြားတော့ ခဏ အံ့သြ သွားသည်။ သူမက အသိပြန်ဝင်လာတော့ ဒေါသတကြီး ရယ်လိုက်သည်။

ဒီအဘိုးကြီးက ကျန်းမိသားစုက ကောင်းတဲ့ မိသားစုလို့ ထင်နေတာလား?

အကြီးတွေက ကြင်နာမှုမရှိသလို အလွန်အကျွံ မျက်နှာလိုက်သည်။ မောင်နှမ အငယ်များကလည်း တစ်ကိုယ်ကောင်း ဆန်သည်။ သူတို့က အကျိုးရမည့်ဘက်ကို သာ ကြည့်ကာ အခက်တွေ့နေလျှင် ကျောခိုင်းသွားကြသည်။ ဒါကို ဘယ်က သင်လာတာ ဖြစ်မလဲ?

သူ့တို့အထက်က လူကြီးတွေထံက သင်ခဲ့တာပဲ မလား?

လျိုစန်းချောင်က ဒီမိသားစု၏ စရိုက်ကို အတော်ကြာကြာ သိခဲ့ရပြီးပြီ ဖြစ်သည်။

ကျန်းထျန်က ကံကောင်းသည်ဟု ယခုသူမက ခံစားရသည်။ ကံကောင်းစွာနဲ့ ဒီကလေးက ဒီမိသားစုက မဟုတ်ခဲ့ဘူး။ မဟုတ်ဘူးဆိုရင် သူမလက်ထဲက အမွေစာအုပ်က တစ်နည်းနည်းနဲ့ ဒီလူတွေလက်ထဲ ရောက်သွားမည် ဖြစ်သည်။

လျိုစန်းချောင်က စိတ်တိုပေမယ့် ဘာမှမပြောခဲ့ပေ။ကျန်းကောရှန်က အိမ်မှာ မရှ်ိသလို ကျန်းကျင်းမင်က စိတ်တိုနေကာ ပုဆိန်ကို ကိုင်ထားသည့်အတွက် ပုဆိန်နှင့် ခုတ်လိုက်လျှင်......

လျိုစန်းချောင်က ဒီလို အရူးတစ်ယောက်ကို အာမမခံနိုင်ပေ။

ဆွန်းရှောင်ကျူးက ပင်မအခန်းထဲမှ ဒီမြင်ကွင်းကို ချောင်းကြည့်နေသည်။ အိမ်တွင် ညစာ မရှိသည့်အတွက် ဆွန်းရှောင်ကျူးက ပဲကိတ်မုန့်များ ဝယ်လာကာ စားနေရင်း ဒါကိုကြည့်နေသည်။

သူမက ဒီပဲကိတ်မုန့်ကို မှောင်ခိုစျေးကွက်မှ ဝယ်လာခြင်း ဖြစ်သည်။ သူက ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမမှ ရောင်းသော ကိတ်ထက် ပို၍ ပါဝင်ပစ္စည်းများကာ ပို၍ ချိုသည်။

ကိတ်မုန့်ကို ကိုင်ထားရင်း ဆွန်းရှောင်ကျူးက နောက်ဘက်သို့ ခေါင်းလှည့်ကာ ပါးစပ်ဟပြီး မုန့်စားလိုက်သည်။ ပြီးနောက် သူမက အစားအသောက်ကို မဖြုန်းတီးချင်သည့်အတွက် လက်ချောင်းများကြားကိုပါ လျှာဖြင့်လျက်လိုက်သည်။

ကျန်းကောပင်က အိပ်နေသည်။ သူက တစ်ဖက်သို့ လှည့်လိုက်ချိန် ဒီမြင်ကွင်းကို မြင်တော့ ရင်ထဲတွင် မအီမသာ ခံစားလိုက်ရသည်။

ကျန်းကောပင်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးများက အလိုမကျမှုများနှင့် ပြည့်နေသည်။

"မင်းက သစ်သားတုံးကြီးလို အရမ်းဝနေပြီ အစားလျှော့စားလို့ မရဘူးလား? ကလေးတွေမှာ စားစရာမရှိပေမယ့် မင်းက ဒီမှာ ပျော်ပျော်ကြီး စားနေတယ်။ သပေါင်နဲ့ အခြားသူတွေက မင်းကို သဘောမကျတာ မဆန်းပါဘူး"

ဆွန်းရှောင်ကျူးက ခေတ္တငြိမ်သက်သွားကာ သူမလက်ထဲမှ ဆီစက္ကူကို ကြည့်လိုက်သည်။ သူမက ပဲကိတ်မုန့်လေး တစ်အိတ်ပဲ စားတာမလား?ဘာလို့ သူက ဒီလို အပြစ်တင်နေရတာလဲ?

ဘာဖြစ်လို့လဲ?သူမက အထည်ချုပ်စက်ရုံမှာ တစ်နေ့လုံး ပင်ပန်းခဲ့ရတာလေ အခု သူမက ပဲကိတ်မုန့်တောင် စားလို့ မရဘူးလား?

သားကြီးနဲ့ ဒုတိယကလေးက သူမနှင့် မရင်းနှီးတာက ဘာမှားလို့လဲ? သူတို့က သူမ ဆယ်လ တိုင်အောင် ခက်ခက်ခဲခဲ ကိုယ်ဝန်ဆောင်ပြီး မွေးထားရတာလေ။ သူတို့က အနာဂတ်မှာ သူမကို မသိတတ်ဘူးဆိုရင် သူမက သူတို့ကို ကုန်သည်အသင်းနှင့် အမျိုးသမီး အစုအရုံးတွင် တိုင်ကြားမည်။

ဆွန်းရှောင်ကျူးက ဆီစက္ကူကို ပြောင်နေအောင် လျက်လိုက်ကာ တစ်ဖက်လှည့်လာသော ကျန်းကောပင်ကို စိုက်ကြည့်လိုက်ပြီး ကန်လိုက်သည်။ "ရှင် ဘာကို ဆိုလိုတာလဲ? ကျွန်မ ဝနေတယ်လို့ ရှင်ထင်တာလား?"

"ကျွန်မက ရှင့်ကို သဘောမကျတာ မဟုတ်ပေမယ့် ရှင်က ကျွန်မကို သဘောမကျဘူး မလား? ရှင်က လူကောင်းတစ်ယောက်ပါ ကျန်းကောပင် ပြောစမ်းပါ ရှင် အပြင်မှာအခြားမိန်းမ ရှိနေတာလား?

ကျန်းကောပင်က စိတ်မရှည်စွာ ဖြေလိုက်သည်။ "မင်း အိပ်ဦးမှာလား? မနက် အလုပ် သွားရဦးမယ်!"

ဆွန်းရှောင်ကျူးက အရှုံးမပေးဘဲ သူ့က်ို ဆက်ကန်လိုက်သည်။ "ကျွန်မ ရှင်နဲ့ မအိပ်နိုင်ဘူး! ရှင်လည်း ရှင်းရှင်းလင်းလင်း မပြောဘူးဆိုရင် မအိပ်ရဘူး! ကျွန်မက ငယ်ငယ်ထဲက ရှင့်နောက် လိုက်ခဲ့တာ။ အဲ့ဒီအချိန်တုန်းက ကျွန်မကို လက်ထပ်ဖို့ လာတောင်းဆိုတဲ့သူတွေ ရှိပေမယ့် ကျွန်မက ငြင်းခဲ့တာလေ။ နောက်ဆုံးမှာ ကျွန်မက ရှင့်နောက် လိုက်လာခဲ့တာကို ဒါက ရှင်ကျွန်မကို ဆက်ဆံတဲ့ ပုံစံလား?"

ဆွန်းရှောင်ကျူးက ပြောနေရင်းနှင့် သူမ ကျန်းကောပင်နှင့် လက်ထပ်ခဲ့ပြီး နှစ်များတွင် ခံစားခဲ့ရသည်များကို ထုတ်ပြောလာသည်။

သူမက ချက်ပြုတ် လျှော်ဖွပ် ဆေးကြောပြီး မိသားစုကို ဆယ်နှစ်ကျော်လောက် ဂရုစိုက်လာခဲ့ပေမယ့် ဒီလူထံမှ ဘယ်လိုနှစ်သိမ့်မှုမျိုးမှ မရခဲ့ပေ။ ထိုအစား သူက သူမက အများကြီး စားသည်ဆ်ိုပြီး အပြစ်တင်ခဲ့သည် မလား?

ဆွန်းရှောင်ကျူးက အလွန်ဒေါသထွက်နေကာ ကန်လိုက်ပြန်ပေမယ့် သူမက ရှင်းရှင်းလင်းလင်း မမြင်ရသည့်အတွက် ကျန်းကောပင်၏ ခါးကိုကန်မိသည်။

သူမက လက်ထပ်ပြီး ကျန်းမိသားစုကို ရောက်ချိန်ကပဲ နှစ်ပေါင်းများစွာ အခက်အခဲများ ရင်ဆိုင်ခဲ့ရသည်။အမျိုးသမီးများ၏ ဘဝက အမျိုးသားများထက် ပိုခက်ခဲသည်။ သူတို့က ကလေးမွေးရသည့်အပြင် ချက်ပြုတ် လျှော်ဖွပ်ကာ မနက်စောစောထ၍ စက်ရုံသို့ အလုပ်လုပ်ရန် သွားရသေးသည်။ ဒါပေမယ့် ဆွန်းရှောင်ကျူးက သာမန်အမျိုးသမီးများထက် ပိုအားလပ်သည်။သူမ၏ ကလေးသုံးယောက်လုံးကိုလည်း သူမယောက္ခမက ထိန်းသည်။ သူမ၏ ဟင်းချက်စွမ်းရည်က မကောင်းသဖြင့် သူမက ပန်းကန်သာ ဆေးရသည်။

ဒါပေမယ့် ကျန်းမိသားစုက အခြားများထက် တစ်ကွက်သာသည်။ မိသားစုထဲမှ တစ်ယောက်က စားသောက်ဆိုင်တွင် အလုပ်လုပ်သည့်အတွက် အိမ်မှ အစားအသောက်များက အခြားသာမန် မိသားစုများထက် ပိုကောင်းသည်။ ဆွန်းရှောင်ကျူးက အပိုငွေများကို အစားအသောက်ဝယ်နေလျှင် သူမခန္ဓာကိုယ်က ပူဖောင်းကဲ့သို့ ဖြစ်နေလိမ့်မည်။

မသိသည့် အပြင်လူဆိုလျှင် ဆွန်းရှောင်ကျူးနှင့် သူ့ယောက္ခမ ဟွမ်ယွီရှားကို သားအမိရင်းဟု ထင်ကြလိမ့်မည်။

ဒါကြောင့် သူမက ကျန်းကောပင်ကို ကန်သောအခါ အသက်အောင့်ထားပြီး အားသိပ်မစ်ိုက်ခဲ့ပေ။ ဒါပေမယ့် ကျန်းကောပင်က နာကျင်မှုကြောင့် ခေါင်းမူးဝေလာကာ ရုတ်တရက် ခန္ဓာကိုယ်ကို ကွေးလိုက်ပြီး ချွေးစေးများ ထွက်လာသည်။

ဆွန်းရှောင်ကျူးက ကျန်းကောပင်၏ အမူအရာကို မြင်တော့ ရင်ထဲ တုန်လှုပ်သွားပြီး စိတ်ငြိမ်သွားသည်။ "ကောပင် ကောပင် အဆင်ပြေရဲ့လား?" ဆွန်းရှောင်ကျူးက အလျင်အမြန် ကျန်းကောပင်၏ အခြေအနေကို ကြည့်လိုက်သည်။

ကျန်းကောပင်က ပြန်ကောင်းလာပြီး ဆွန်းရှောင်ကျူးကို အဝေးသို့ တွန်းပို့လိုက်သည်။ သူ့မျက်နှာက ခက်ထန်နေကာ နှုတ်ခမ်းများက ဖြူဖျော့နေသည်။ သူက အံကြိတ်ကာ အော်လိုက်သည်။ "ငါက မင်းလို မကောင်းတဲ့ မိန်းမကို ကန်းနေလို့ သဘောကျခဲ့မိတာပဲ!"

ဆွန်းရှောင်ကျူးက လျိုစန်းချောင်နှင့် အဆင်မပြေဘဲ သူမကို အသံမာမာနှင့် အမြဲပြောဆိုပေမယ့် ဆွန်းရှောင်ကျူးက သူမလူ၏ ရင်ထဲတွင် လျိုစန်းချောင်လို အနေအထားတစ်ခု မဟုတ်ပေ။

လျိုစန်းချောင်နှင့် ကျန်းကောရှန်က အရာရာကို အတူတကွတိုင်ပင်ကာ အတွဲညီညီ လုပ်ကိုင်ကြပေမယ့် ကျန်းကောပင်နှင့် ဆွန်းရှောင်ကျူး၏ အခန်းတွင်တော့ ကိစ္စကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ အရာအားလုံးက ကျန်းကောပင်၏ သဘောဖြစ်ပြီး ဆွန်းရှောင်ကျူးက ဘာကိုမှ ဝင်ပြောရန် အခွင့်အရေး မရှိပေ။

ကျန်းကောပင်ထံမှ အော်ခံလိုက်ရပြီးနောက် ဆွန်းရှောင်ကျူး၏ မျက်နှာက နီရဲသွားကာ စကားများထစ်သွားပြီး ရောထွေးစွာ ပြောလိုက်သည်။ "ကောပင် ကျွန်မ ကျွန်မ..."

"မင်းက အပေါက်ဆိုးတဲ့ မိန်းမပဲ!" ကျန်းကောပင်က သူ့ခါးကို အုပ်ကာ သူ ဘယ်နေရာကို ကန်လိုက်သည်ကို မသိလိုက်ဘဲ ဆွန်းရှောင်ကျူးကို ကန်လိုက်သည်။ ဆွန်းရှောင်ကျူးက ညည်းညူလိုက်ကာ မျက်နှာက ဖြူဖျော့ သွားသည်။ သူမက စကားပင် မပြောနိုင်တော့ပေ။

"ငါက တကယ်ကို တကယ်ကို ကန်းနေခဲ့တာပဲ" ကျန်းကောပင်က ခါးကို ကိုင်ကာ ဆွန်းရှောင်ကျူးကို အပြစ်တင် ကြိမ်းမောင်းနေသည်။ သူက အဝတ်အစားဝတ်ကာ အိပ်ယာမှ ထလိုက်ပြီး ဖိနပ်စီးကာ အပြင်ထွက်သွားရင်း ပြောလိုက်သည်။

"ငါ ဒီလို ဆက်မနေနိုင် တော့ဘူး!"

ဆွန်းရှောင်ကျူးက စိတ်ရှုပ်ထွေးကာ အကန်ခံလိုက်ရသည့် နာကျင်မှုကိုပင် ဂရုမစိုက်နိုင်ပေ။သူမက လက်ဆန့်၍ သူ့ကိုတားရန် လုပ်လိုက်သည်။

"ကောပင် ကောပင်! ကျွန်မ မှားတာကို သိပါပြီ!ထွက်မသွားပါနဲ့ ကောပင်!"

ခြံထဲတွင် စိတ်လွတ်နေသော ကျန်းကျင်းမင်ကို အိမ်ထဲပြန်ဝင်ရန် ဟွမ်ယွီရှားက ဖျောင်းဖျနေသည်။

ကျန်းကောပင်က အိမ်တံခါးဝသို့ ရောက်လာချိန်တွင် အလုပ်မှပြန်လာသော ကျန်းကောရှန်နှင့် တွေ့သည်။အိမ်အကျယ်ကြီး ထဲတွင် ဆွန်းရှောင်ကျူး၏ ဝက်ကဲ့သို့ အော်နေသံက ကြားနိုင်သေးသည်။

"ကောပင် ကျွန်မ မှားသွားပါတယ်!ပြန်လာခဲ့ပါ"

All Chapters