← Chapters

အခန်း(၈၇)

Vol. 7 Ch. 87

အခန်း(၈၇)

Vol. 7 Ch. 87

ကျန်းကောပင်က သူသွားနေသည်မှာ ဆွန်းရှောင်ကျူးထံလား သူ့ရှေ့မှ ကျန်းကောရှန်ထံလား ဆိုတာကိုပင် မသိတော့ပေ။

"ဒုတိယညီလေး မင်းက အံ့သြစရာပဲ။ ငွေတွေ အားလုံးကို စကားတစ်ခွန်းထဲနဲ့ ပေးခဲ့တယ်။ မင်းက တကယ် ရည်မှန်းချက်ကြီးတာပဲ!"

ကျန်းကောပင်က ဖြတ်သွားနေရင်း ပြောလိုက်သည်။သူက ဖြတ်သွားနေချိန်တွင် ကျန်းကောရှန်၏ ပုခုံးကို ဝင်တိုက်လိုက် သေးသည်။

"မင်းနဲ့ အဲ့ဒီကောင်မလေးနဲ့ မိဘတွေ ပြန်ယူလို့မရအောင် ငွေတွေကို ခွဲယူကြမယ်လို့တော့ မပြောနဲ့နော်။ မင်းက တကယ်ကို အံ့သြစရာပဲ ကျန်းကောရှန်!"

ကျန်းကောရှန်က ငြင်းခုံရန် မလုပ်တော့ပေ။ သူ့အစ်က်ိုက အပြင်ပိုင်းတွင် ပိန်လှီနေပုံ ပေါ်ပေမယ့် အတွင်းစိတ်က ပိုဆိုးသည်။ သူက ဝနေပြီး သူ့အစ်ကိုက အသုံးမကျသလို ကြည့်ပေမယ့် တကယ်တော့ သူက အသန်မာဆုံး ဖြစ်သည်။

သူက ကလေးဘဝကပဲ မိသားစုတွင် ကောင်းတာရှ်ိလျှင် သူ့အစ်ကိုက အရင်ရပြီး အငယ်များက ရသည်။ သူက အလတ်တစ်ယောက် အနေနှင့် နေရာမရခဲ့ပေ။ သူက သူ့အဘိုးအဘွားတွေနောက် မလိုက်ဘဲ ချိုချဉ်အချို့သာ မစားခဲ့ရဘူး ဆိုရင် သူ့ခန္ဓာကိုယ်က ယခု ဇွန်းတစ်ချောင်းကိုပင် မနိုင်မည် မဟုတ်ပေ။

ဝင်တိုက်လိုက်သောကြောင့် သူ့ခန္ဓာကိုယ်က လှုပ်သွားပေမယ့် ကျန်းကောရှန်က ဘာမှ မပြောခဲ့ပေ။ ဒီအတွေးက သူ့မိဘတွေရော အစ်ကိုကြီးပါ အတူတူ ဖြစ်နေမည်ကို သိသည့်အတွက် ပြောလျှင်လည်း အသုံးမဝင်ပေ။

ကျန်းကောပင်က လှေကားထစ်များမှ ဆင်းနေချိန်တွင် အင်္ကျီကော်လံကို ပြင်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

"ကျန်းကောရှန် မင်းက ငါ့ကို အစ်ကို တစ်ယောက်လို မမြင်ဘူးပဲ။ ဒါဆို ငါ့မှာလည်း မင်းလိုညီမျိုး မရှိဘူး!"

ကျန်းကောရှန်က ရှုပ်ထွေးနေသော မျက်နှာ အမူအရာနှင့် မမျှော်လင့်ထားသော လေသံနှင့် ပြောလိုက်သည်။ "အစ်ကို ပြောတာ နည်းနည်းတော့ များနေပြီ"

သူက သူ့မိသားစု၏ အပြုအမူများကို အထင်သေးပေမယ့် သူက မိသားစုနှင့် သေခန်းဖြတ် အဆက်အသွယ် မလုပ်ဘဲတော့ မနေလိုပေ။

"တော်စမ်းပါ မင်းသာ ဒီလိုတွေးတယ်ဆိုရင် မိသားစုကို သစ္စာဖောက်ပါ့မလား" ကျန်းကောပင်က သူ့ကို အလိုမကျစွာ ကြည့်ကာ လက်ကို နောက်ပစ်ပြီး ကျန်းမိသားစုအိမ်မှ ထွက်သွားလိုက်သည်။

ကျန်းကောရှန်က အဝင်ဝတွင် ရပ်နေကာ မျက်တောင်ခတ်လိုက်ပြီး အတော်ကြာမှ ခြံဝန်းထဲ ခြေလှမ်းလှမ်းလိုက်သည်။

လျိုစန်းချောင်က ကျန်းကောရှန် ပြန်လာသည်ကို ပြတင်းပေါက်မှ လှမ်းမြင်လိုက်တော့ ကလေးချီထားကာ ပြေးလာပြီး ကျန်းကောရှန်၏ ရင်ခွင်ထဲ ပြေးဝင်ကာ ငိုလိုက်သည်။ "ကောရှန် ကျွန်မတို့ မိသားစုက ဒီလို မနေနိုင်တော့ဘူး!ကောရှန်!"

ကျန်းကောရှန်က အပိုင်းပိုင်း ပျက်စီးနေသော အိမ်တံခါးကို အံ့သြစွာ ကြည့်လိုက်ပြီး လျိုစန်းချောင်နှင့် ကလေးကို နှစ်သိမ့်လိုက်သည်။

လျိုစန်းချောင်က ကျယ်လောင်စွာ အော်ငိုလိုက်သည်။

"ကောရှန် ရှင့်အဖေက ကျွန်မတို့ အိမ်တံခါးကို ဖျက်စီးသွားပြီး ကျွန်မက သူတို့ချွေးမ မဖြစ်ထိုက်ဘူးလို့ ပြောတယ်။ သူက ကျွန်မကို ရှင်နဲ့ ကွာရှင်း စေချင်နေတယ် ကောရှန်!"

ကျန်းကောရှန်က မျက်မှောင်ကြုတ်ကာ ငြိမ်သက်သွားသည်။ "မဟုတ်ဘူး စန်းချောင် ကိုယ် မင်းကို မကွာရှင်းပါဘူး!"

သူက ဘာအမှားမှ မလုပ်ခဲ့သလို စန်းချောင်ကလည်း ဘာမှမလုပ်ခဲ့ဟု သူ ထင်သည်။ နေ့ခင်းက ဖြစ်ခဲ့သည့်ကိစ္စက သူ့မိဘတွေ၏ အမှားသာ ဖြစ်သည်။ ဒါပေမယ့် အဆုံးမှာတော့ သူ့မိဘတွေက အမှားကို လက်မခံဘဲ စန်းချောင်ကို အပြစ်တင်နေတာလား?

ဒီလိုအရာမျိုး ကမ္ဘာပေါ်မှာ မရှိဘူး!

ကျန်းကောရှန်က ငါးစွပ်ပြုတ်ကို လျိုစန်းချောင်၏ လက်ထဲ ထည့်ပေးလိုက်သည်။ "စန်းချောင် မင်းပစ္စည်းတွေကို ထုတ်ပိုးလိုက်ပြီး ကျင်းရှန်နဲ့ ပေါင်ရှန်ကို ခေါ်ပြီး မင်းအမေအိမ်ကို အရင်ပြန်လိုက်ပါ"

"ဒါက ထျန်ထျန် ဝယ်လာတဲ့ ငါးနဲ့ လုပ်ထားတဲ့ စွပ်ပြုတ်ပဲ။ မင်းနဲ့ ကလေးတွေ သောက်ဖို့ မမေ့နဲ့နော်"

"ကိုယ် မနက်ဖြန် မင်းကို လာတွေ့မယ်" ကျန်းကောရှန်က ငုံ့လိုက်ပြီး ကလေးများကို တစ်ဖက်စီ ချီလိုက်ကာ အိမ်ထဲခေါ်သွားလိုက်သည်။

"အိမ်ထဲက မင်းပိုင်တဲ့ ပစ္စည်းအားလုံး ယူသွားလိုက်" သူက လျိုစန်းချောင်ကို ပြောလိုက်သည်။

လျိုစန်းချောင်က အထုပ်များထုပ်ပိုးနေရင်းမှ ရပ်သွားကာ မျက်ရည်များ ကျလာသည်။သူက ကျန်းကောရှန်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။

"ကောရှန် မိဘတွေက အများဆုံး စကားနည်းနည်း ပြောတာက လွဲလို့ ဘာမှ မလုပ်နိုင်လောက်ပါဘူး။ ပြီးတော့ ကျွန်မတို့ အဆက်ပြေနေရင် သူတို့က မ်ိဘတွေအနေနဲ့ ကွာရှင်းခိုင်းလို့ ရပါ့မလား? မဟုတ်ဘူးဆိုရင် ကျွန်မ စက်ရုံခေါင်းဆောင်တွေကို ဒီကိစ္စကို ဆုံးဖြတ်ခိုင်းလိုက်မယ်လေ ခေါင်းမမာပါနဲ့ ကောရှန်!"

မိသားစု လုပ်ငန်းကို ခွဲထွက်ဖို့က လွယ်ကူပါ့မလား?

သူတို့ ညီအစ်ကို မောင်နှမတွေက နေစရာမရှိသေးသလို ဒုတိယဇနီးမပြောနှင့် ပထမဇနီးကပင် မရှိသေးပေ။ သူတို့က ခွဲထွက်လိုက်လျှင် အပြစ်တင် ဝေဖန်ခံရကာ အလုပ်ကို ထိခိုက်လိမ့်မည်။

ပြီးတော့ သူမ ယောက္ခထီးနှင့် ယောက္ခမက ယခု စိတ်ဆိုးနေသည်။ ငွေအမြောက်အများက သူတို့နှင့် လွဲချော်သွားသည်။ အခု ကောရှန်က ခွဲနေရန် ပြောလျှင် သူ့ကိုယ်သူ သူတို့နှင့် ဝေးကွာသွားအောင် လုပ်မိမည် မလား?

ခွဲနေခြင်းက အဆင်ပြေသွားခဲ့လျှင်တောင် အခက်အခဲ အတိုက်အခိုက် များစွာ ရှိလိမ့်မည်။

ကျန်းကောရှန်က ခေါင်းခါလိုက်သည်။ "ကိုယ် အခုမပြောပါဘူး။သူတို့ကို အရင် လွှတ်ထားလိုက်မှာပါ"

သူနှင့် လျိုစန်းချောင်က အဆင်ပြေနေရာမှ သူ့မိဘများက သူတို့ စိတ်မကြည်၍ ကွာရှင်းခိုင်းသည်။သူတို့က သူအဆင်ပြေနေတာကို မမြင်နိုင်တာ မလား?

သူက သူတို့ သူ့ကို နှောင့်ယှက်သည့်အတွက် အကျိုးဆက်ကို ကောင်းကောင်း ခံစားရအောင် လုပ်ရန် လိုအပ်သည်။

ဒါကိုကြားတော့ လျိုစန်းချောင်က ချက်ချင်း စိတ်သက်သာရာ ရသွားသည်။ သူမက မြန်ဆန်စွာ အဝတ်များကို ထုတ်ပိုးကာ အိမ်မှ ငွေအားလုံးကို အင်္ကျီခေါက်ထဲထည့်ပြီး ကလေးနှစ်ယောက်ကို ခေါ်ကာ ကျန်းမိသားစုမှ ထွက်သွားလိုက်သည်။

.....

ထိုညက ကုမိသားစုဝင်များက သေသေချာချာ အိပ်မပျော်ခဲ့ကြပေ။

ရွှီကျင်းဖန်က မကြာခဏထကာ ကျန်းထျန်တို့အိမ်မှ တံခါးကို ခေါက်သည်။ "လျန်ရွှမ် အိပ်နေလား? ထပြီး ထျန်ထျန်ကို ကြည့်ပါဦး"

ကုလျန်ရွှမ်က မျက်တောင်တစ်ခတ်စာပင် မအိပ်ဘဲ မကြာခဏ ဘေးမှ မီးအိမ်ကို ထွန်းကာ ကျန်းထျန်၏ အခြေအနေကို ကြည့်နေသည်။ "အမေ ကျန်းထျန်က ဖျားနေတယ်!"

ခုံပေါ်မှ မီးအိမ်က မီးရောင်ကြောင့် ကျန်းထျန် အိပ်နေရာမှ နိုးသွားမည်စိုး၍ ကုလျန်ရွှမ်က တစ်နာရီတစ်ခါသာ ကြည့်လိုက်သည်။ နောက်ဆုံးတစ်ခါ ကြည့်ခဲ့သည်က မကြာသေးဘဲ သူထပ်ကြည့်သောအခါ သူမပါးများက နီရဲနေပြီး နှုတ်ခမ်းများတုန်နေကာ သူမက ဆက်တ်ိုက် ကယောင်ကတမ်း ပြောဆိုနေသည်။ သူမက ပုံမှန်အခြေအနေ မဟုတ်တာ သေချာသည်။

"သူက ဖျားနေတာလား?" ရွှီကျင်းဖန်က ပြတင်းပေါက်မှ ခေါင်းဝင်၍ မေးလိုက်သည်။

"ဖျားနေတာ ဘယ်လောက်ကြာပြီလဲ? ကိုယ်အရမ်းပူနေလား?အမေ သမားတော်လျိုကို သွားခေါ်လိုက်မယ်!"

ကုလျန်ရွှမ်က လက်မြှောက်ကာ ကျန်းထျန်၏ နှဖူးမှ အပူချိန်ကို စမ်းလိုက်သည်။အရမ်းပူနေတော့ သူက လက်ကို ပြန်ယူလိုက်သည်။

"အမေ အထဲဝင်လာပြီး ကျန်းထျန်ကို ဂရုစိုက်လိုက်ပါ။ကျွန်တော် မီးဖိုချောင်မှာ ရေနွေးသွားတည်လိုက်မယ်"

ရွှီကျင်းဖန်က အခြေအနေမကောင်းသည်ကို ကြားရတော့ အမြန်ပြေးဝင်လိုက်သည်။"လျန်ရွှမ် တတိယညီလေးကိုနှ်ိုးပြီး သမားတော်လျိုကို အိမ်ကိုပင့်ခိုင်းလိုက်ပါ"

ကုလျန်ရွှမ်က တတိယညီလေး၏ အခန်းရှေ့သွားကာ ခေါ်လိုက်သည်။ "တတိယညီလေး မင်းမရီးက ဖျားနေတယ်။သမားတော်လျိုကို အိမ်ကိုသွားပင့်လာခဲ့!"

ကုလျန်ရုန်က ချက်ချင်း အဝတ်အစားဝတ်ကာ ထွက်လာခဲ့သည်။ "အခု သွားလိုက်ပါ့မယ်"

သူပြန်ဖြေတာ ကြားရတော့ ကုလျန်ရွှမ်က ရေနွေးတည်ရန် မီးဖိုခန်းထဲ အမြန်ထွက်လာခဲ့သည်။

ကုလျန်ရွှမ်က ပျားရည်နှင့် ရေနွေးကို ရောပြီး ကြွေကရားထဲထည့်ကာ အိမ်ထဲယူလာခဲ့သည်။ "အမေ အပြင်မှာ လေတိုက်နေတယ်။ မိုးရွာတော့မယ် ထင်တယ်"

ရွှီကျင်းဖန်က အိပ်ယာပေါ်မှ စောင်ထူထူကို ယူကာ ကျန်းထျန်ကို ခြုံပေးလိုက်ပြီး ပျားရည်နွေးနွေးကို ကျန်းထျန်၏ ပါးစပ်ထဲ ဇွန်းနှင့် နည်းနည်းချင်း ထည့်ပေးလိုက်သည်။

ညနေခင်းတွင် ရုတ်တရက် လေတိုက်လာကာ မှောင်မဲနေသော နယ်၏ လမ်းများတွင် မီးရောင်များက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ ကုလျန်ရုန်က သူ့လည်ပင်းကို ကျုံ့လိုက်ကာ ရွာမြောက်ဘက်မှ သမားတော်လျို၏ အိမ်သို့ ထွက်လာခဲ့သည်။

ရွှီကျင်းဖန်က ကျန်းထျန်ကို စောင်ထူထူခြုံပေးကာ အပြင်ဘက်ကို ကြည့်လိုက်သည်။ "မိုးရွာနေပြီ"

ကုလျန်ရွှမ်က မီးဖိုခန်းသို့ ထပ်သွားကာ ရေနွေးတစ်ဇလုံ ယူလာပြီး ဓာတ်ဘူးနှစ်ဘူးအပြည့် ရေနွေးများလည်း ယူလာခဲ့သည်။

တစ်ဖက်တွင် ကုလျန်ရုန်နှင့် သမားတော့လျိုက လမ်းထက်ဝက်အရောက်တွင် မိုးရွာတော့သည်။သူတို့နှစ်ယောက်က မိုးရေစက်များကို လက်ဖြင့်ကာပြီး ကုမိသားစုအိမ်သို့ အမြန်ပြေးခဲ့ကြသည်။

ဒါကိုမြင်တော့ ကုလျန်ရွှမ်က မီးဖိုခန်းထဲသွားကာ ချင်းကို လှီးဖြတ်လိုက်ပြီး ဟင်းရည်လုပ်ရန် ပြင်လိုက်သည်။

အခန်းထဲတွင် သမားတော်လျိုက အပူချိန်စမ်းသပ်ကာ သွေးခုန်နှုန်းစမ်းပြီး ရွှီကျင်းဖန် ပြောပြသော ကျန်းထျန်၏ အခြေအနေကို နားထောင်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။

"ဒါက ခန္ဓာကိုယ် ပြန်ကောင်းလာမယ့် ဖြစ်ရပ် ဖြစ်နိုင်တယ်။ ဖျားတာက သာမန်ပါပဲ"

"နောက်ရက်နည်းနည်းလောက် စောင့်ကြည့်နေပါ၊ အပူ အရမ်းမတက်စေနဲ့ တတ်နိုင်သလောက် အပူကျအောင် လုပ်ပါ"

"လက်ကို အရက်ပျံနဲ့ သုတ်ရမယ် အခန်းက အရမ်းမအေးစေနဲ့ ပြီးတော့ စောင်ကလည်း အရမ်းထူလို့ မရဘူး..."

သမားတော်လျိုက ဂရုစိုက်ရမည့်အရာများကို အသေးစိတ်ပြောသွားသည်။

"အစ်မက ကျွန်တော့်ထက် ပိုနားလည်မှာပါ"

သူက နောက်ဆုံးအနေနှင့် ပြောလိုက်သည်။

ရွှီကျင်းဖန်က ကလေးခြောက်ယောက်ကို ပျ်ိုးထောင်လာပြီး ယခုမြေးနှစ်ယောက်ကိုလည်း ထိန်းနေရသည်။သာမန် ဖျားနာ အအေးမိချောင်းဆိုး ကိစ္စများတွင် သူမက ပုံမှန်သမားတော်တစ်ယောက်နှင့် သိပ်မကွာပေ။

ရွှီကျင်းဖန်က ခေါင်းခါလိုက်သည်။ "ဒါက မတူဘူး။ "

ကျန်းထျန်၏ အခြေအနေက ပိုပြင်းထန်ပေမယ့် သူမက အခြားသူတွေကို မပြောပြချင်သည့်အတွက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"လျန်ရွှမ်က ချင်းပြုတ်ရည် လုပ်ထားတယ် မသွားခင် သောက်သွားပါဦး။ ဆရာ့ကို ဒီနေ့ နှောင့်ယှက်မိလို့ တကယ်အားနာမိပါတယ်"

"ကိစ္စမရှိပါဘူး။ ကျွန်တော်က ငွေတောင် ယူပြီးပြီလေ"

သမားတော်လျိုက ထလိုက်ပြီး အပြင်ထွက်သွားလိုက်သည်။

အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာနေသည်။ သမားတော်လျိုက ချင်းပြုတ်ရည် သောက်လိုက်ကာ ကုမိသားစုထံမှ ဆောင်းစရာတစ်ခု ငှားလိုက်ပြီး မိုးသည်းထဲ ထွက်သွားလိုက်သည်။

ချင်းပြုတ်ရည် သောက်ပြီးနောက် ကုလျန်ရုန်က အရှေ့ခန်းသွားကာ တံခါးနားမှနေ၍ ကျန်းထျန်၏ အခြေအနေကို မေးလိုက်ပြီးနောက် ရွှီကျင်းဖန်က သူ့ကို အနားယူရန် အခန်းပြန်လွှတ်လိုက်သည်။

ကုလျန်ရွှမ်က အိမ်ထဲဝင်ကာ မိုးစက်များ ကျနေသည့်အသံကို ပျောက်သွားအောင် လုပ်လိုက်သည်။ "အမေ ပြန်ပြီး နားလိုက်တော့။ ကျွန်တော် ကျန်းထျန်ကို ကြည့်ထားလိုက်ပါ့မယ်"

ရွှီကျင်းဖန်က ပင်ပန်းနေပုံ ပေါ်သည်။ "ဟုတ်ပြီ ငါက အသက်ကြီးပြီမလို့ မခံနိုင်တော့ဘူး"

သူမက ကျန်းထျန် စောင်ကို ကန်လိုက်မည််ကို စိုးရိမ်သောကြောင့် ကိုင်ထားသော လက်ကို လွှတ်လိုက်သည်။

"ဒီကိုလာပြီး ထျန်ထျန်ကို အရင်ကိုင်ထားလာ။ အမေ ပင်မအခန်းကနေ အရက်ပျံ သွားယူလိုက်မယ်"

ကုလျန်ရွှမ်က ဖိနပ်ချွတ်ကာ ခုတင်ပေါ်တက်လိုက်သည်။ အစကတော့ သူက ရွှီကျင်းဖန်ကဲ့သို့ ထိုင်ပြီး လက်ကို စောင်ပေါ် တင်ထားသည်။ ဒါပေမယ့် သူ့အမေ၏ ညွှန်ကြားမှူနှင့် ကုလျန်ရွှမ်၏ ခွဲစိတ်ထားမှုကြောင့် ကျန်းထျန်ဘေးတွင် လှဲပြီး လက်တစ်ဖက်နှင့် ကျန်းထျန်၏ အပေါ်ပိုင်းကို ဖက်ထားကာခြေတစ်ဖက်လည်း တင်ထားရသည်။

ကုလျန်ရွှမ်-"..." သူ့အမေက တကယ်ပဲ ဒီလို မရည်ရွယ်တာလား?

"ဒီည မအိပ်နဲ့။ မင်းက တစ်ညမအိပ်လို့ မပင်ပန်း သွားဘူး။ သေချာကိုင်ထား။ ထျန်ထျန်က အားရှိတယ်။သူက လွတ်သွားပြီး အအေးမိရင် မင်းတာဝန်ယူရမယ်"

ကုလျန်ရွှမ်က လွတ်ချင်နေသည်ကို မြင်တော့ ရွှီကျင်းဖန်က သူ့ကို ရိုက်လိုက်သည်။ "မလွှတ်နဲ့လို့ပြောတာကို ဒီလို ကိစ္စလေးတောင် မလုပ်နိုင်ဘူးလား။ ထျန်ထျန်က မင်းကို အထင်မသေးတာ တော်သေးတယ်"

ကုလျန်ရွှမ်က မျက်နှာကို အရိုက်ခံလိုက်ရပြီး မလှုပ်ရဲတော့ပေ။

ရွှီကျင်းဖန်က အရက်ပျံကို ယူလာပြီး ကျန်းထျန်၏ လက်မောင်း ခြေထောက်နှင့် နားအနောက်ကို သုတ်ကာ စောင်ခြုံပေးလိုက်ပြီး ကုလျန်ရွှမ်ကို ဆက်လုပ်ရန် ခေါ်လိုက်သည်။

ကုလျန်ရွှမ် - "..."

ပထမအကြိမ်က အသားမကျပေမယ့် ဒုတ်ိယအကြိမ်က အသားကျသွားပြီ ဖြစ်သည်။ သူက ကျန်းထျန် မနက် အဖျားကျသွားချိန်တွင် သူ့ကို မရိုက်ရန်သာ မျှော်လင့်နေသည်။

အနည်းဆုံး မျက်နှာကို မရိုက်ရန် ဖြစ်သည်။

တောင်ခြေရင်းမှ ခြံငယ်လေးက တိတ်ဆိတ်နေသည်။ဆူညံသံများပြီးသွားတော့ မိုးကလည်း စဲသွားသည်။လေတ်ိုက်သောကြောင့် သစ်ရွက်များက လှုပ်ခတ်ကာ မိုးစက်ကျသံများ ကြားနေရသည်။

ခြံထဲမှ လူတိုင်း အိပ်ပျော်နေပေမယ့် ကုလျန်ရွှမ်ကတော့ အသက်ပင် ပြင်းပြင်း မရှူရဲပေ။

သူ့တစ်ကိုယ်လုံးက တောင့်တင်းနေပြီး နှာခေါင်းထဲတွင် သူ့ဘေးမှ အိပ်နေသူ၏ ရနံက ပြည့်နေသည်။

ဒါပေမယ့် ထိုအချိန်တွင် ကျန်းထျန်က အပြင်းဖျားနေပြီး စောင်အောက်တွင် ချွေးထွက်နေသည် ဖြစ်၍ ရနံက ပို၍ လွှမ်းမိုးလာသည်။

ကုလျန်ရွှမ်က အသက်ပင် မရှူရဲ ဖြစ်လာသည်။သူ့နှလုံးခုန်သံများက ရုတ်တရက် မြန်လာသည်။

သူ့တစ်ကိုယ်လုံး လောင်မြိုက်နေသလို ခံစားရကာ ချွေးများ စတင်၍ ထွက်လာသည်။

ကုလျန်ရွှမ်၏ စိတ်ထဲတွင် ဗလာကျင်းနေသည်။

သူငြိမ်သက်နေချိန်မှာ ရုတ်တရက် သူ့ပုခုံးပေါ်မှ အလေးချိန်တစ်ခုကို ခံစားမိကာ ခြင်က နားနားကပ်၍ အော်သကဲ့သို့ အသံတိုးတိုးတစ်ခုကို ကြားလိုက်ရသည်။

"ကုလျန်ရွှမ်....ကျွန်မ ရေသောက်ချင်တယ်...."

"အင်း ကိုယ်ရှိပါတယ်"ကုလျန်ရွှမ်က အလျင်အမြန် ခုတင်ပေါ်မှ ထလိုက်သည်။

"ကိုယ် ရေသွားယူပေးမယ်၊ မလှုပ်နဲ့၊ စောင်ကိုလည်း မဖယ်နဲ့နော် နားလည်လား?"

ကျန်းထျန်က အားလျော့စွာ မျက်လုံးများကို လှုပ်လိုက်သည်။

ကုလျန်ရွှမ်က သူမလက်ခံသည်ဟု တွေးလိုက်ပြီး တစ်ဖက်လှည့်ကာ စားပွဲပေါ်မှ ဓာတ်ဘူးကို ယူပြီး အဖုံးဖွင့်ကာ ရေနွေးထည့်လိုက်သည်။ သူတစ်ဖက်လှည့်လိုက်တော့ ကျန်းထျန်၏ ဂျုံကဲ့သို့ ဖြူဖွေးနေသော လက်မောင်းကို မြင်လိုက်ရသည်။

ကုလျန်ရွှမ် -"...."

သူက ရေခွက်ကို ကျန်းထျန်၏ ပါးစပ်ထဲ တေ့ပေးလိုက်သည်။ "ကိုယ် ကိုင်ပေးထားမယ်။ ရေက နည်းနည်းပူတယ်။ ဖြည်းဖြည်း သောက်"

ကုလျန်ရွှမ်က ကျန်းထျန်၏ လည်ပင်းကို လက်တစ်ဖက်နှင့် ကိုင်ကာ နောက်တစ်ဖက်နှင့် ရေနွေးခွက်ကို ကျန်းထျန်၏ နှုတ်ခမ်းအနား တေ့ပေးလိုက်သည်။ "ဖြည်းဖြည်း သောက်ပါ"

ကျန်းထျန်၏ စိတ်ထဲ ရှုပ်ထွေးနေသေးသည်။ သူမက ရေနွေးခွက်ကို ကိုင်ကာ အနည်းငယ် သောက်လိုက်သည်။ သူမသောက်၍ ပြီးသွားသောအခါ ဖယ်လိုက်ရန် မတွေးမိပေ။ ကုလျန်ရွှမ်က ထိုအနေအထားမှ ရေခွက်ကို ဆက်ကိုင်ထားသည်ဖြစ်၍ ရုတ်တရက် ရေများက စောင်ပေါ်ကျလာသည်။

ကျန်းထျန် - "...."

သူမက ခေါင်းမော့ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ကျွန်မက ထပ်မသောက်ချင်တော့တာကို ရှင်က တိုက်နေတုန်းပဲ"

သူမအသံက အလွန် အလိုမကျသလို ဖြစ်နေသည်။

ကုလျန်ရွှမ်က အဝတ်ကို အမြန်ယူလိုက်ကာ ရေများကို သုတ်လိုက်သည်။ ကျန်းထျန်ကို ပြန်ချလိုက်ပြီး စောင်အနားများကို သေချာ ပြန်ထည့်လိုက်သည်။ နောက်ဆုံးတော့ သူက တောင်းပန်လိုက်သည်။ "ကိုယ် တောင်းပန်ပါတယ်"

ကျန်းထျန်က နိုးလာပြီးသည့်နောက် အိပ်မပျော်တော့ပေ။ သူမမျက်ခွံများက လေးလံကာ ပင်ပန်းနေပေမယ့် သူမက စိတ်မသက်မသာ ခံစားနေရသည်။

သူမ လည်ချောင်းက ခြောက်သွေ့ပြီး နာကျင်နေသလို ခန္ဓာကိုယ်ကလည်း အားနည်းနေပြီး အဆိုးဆုံးကတော့ ပုခုံးနှင့် လက်မောင်း ဖြစ်သည်။ ဘာဖြစ်နေသည်ဆိုတာ မသ်ိပေမယ့် တစ်ခုခုက ဖိထားသလို ခံစားရကာ လှုပ်ရှားရန် ခက်ခဲပြီး နာကျင်ယားယံနေသည်။

သူမက ချွေးများထွက်ကာ အဝတ်များက စ်ိုစွတ်နေသည်။

သူမ၏ ချွေးများက ခုတင်ပေါ်တွင် ရေချ်ိုး၍ ရသလို အဝတ်ပါ လျှော်လို့ရနေလောက်သည်ဟု ကျန်းထျန်က ခံစားမိသည်။

"ကုလျန်ရွှမ် ရှင်ဘာလို့ ကျွန်မဘေးမှာ အိပ်နေတာလဲ?"

ကျန်းထျန်က အိပ်မပျော်သည့်အတွက် စကားပြောချင်နေသည်။

"ပြီးတော့ ကျွန်မကိုယ်ပေါ် ခြေထောက် တင်ထားသေးတယ်။ အသက်တောင် ရှူလို့မရဘူး"

ကုလျန်ရွှမ်က သူ့လက်နှင့် ခြေထောက်ကို အနည်းငယ် ဖြေလျော့လိုက်သည်။ "မင်း ပူတယ်ဆိုပြီး စောင်ကို ကန်ချလိုက်မှာ အမေက စိုးရိမ်လို့လေ"

All Chapters