← Chapters

အခန်း(၉၁)

Vol. 8 Ch. 91

အခန်း(၉၁)

Vol. 8 Ch. 91

ဆယ်ရက်ကျော်လောက် အိပ်ယာတွင် နေပြီးနောက်မှာ ကျန်းထျန်၏လက်က အားရှိလာသည်။

ကျန်းထျန်က အင်အားပြည့်လာသလို ခံစားရသည်နှင့် အားပြည့်စေသော သစ်သီးဖျော်ရည်ကို တိတ်တဆိတ်ယူကာ ပုလင်းထက်ဝက် သောက်လိုက်သည်။ မိနစ်အနည်းငယ်ကြာတော့ အင်အားများ ပြန်ပြည့်လာသည်။

ဒါက ဆောင်းဦးလယ် ပွဲတော် မတိုင်ခင် နေ့ကဖြစ်သည်။

ကျန်းထျန်က အတွေးများနှင့် ခုံတွင်ထိုင်နေသည်။ သူမက မနက်ဖြန် ထွက်သွားရမည်။

သူမက ကုမိသားစုနှင့် ရွှီကျင်းမြို့မှ ထွက်သွားကာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဆန္ဒအတိုင်း ဆက်လုပ်ချင်သည်။

ကျန်းထျန်က ကုမိသားစုနှင့် အချိန်အတော်များများ မကုန်ဆုံးခဲ့ပေမယ့် သူမက ထွက်မသွားခင် စိတ်လေးလံနေသည်။

သူမက စားပွဲပေါ်တွင် ခေါင်းတင်ကာ အပူခံခွက်၏ ပုံစံများကို ကြည့်နေသည်။

သူမက ဒီရက်များတွင် ထောက်ခံစာယူမည့် ကိစ္စများကို တွေးတောနေသည်။ အခြားသူတွေအတွက် ခက်ခဲပေမယ့် သူမအတွက်တော့ မခက်ခဲပေ။

သူမက အေးဆေးသော နေရာတွင် အတော်ကြာ နေခဲ့၍လား မသိပေမယ့် ယခု သူမက သူမ၏ သဘာဝလွန် အစွမ်းများနှင့် ပြသနာအားလုံးကို မဖြေရှင်းလိုပေ။

သူမက တပ်မဟာ၏ ဌာနချုပ်ကိုသွားကာ တရားဝင် အမိန့်စာကို ကူးယူပြီး ပုံစံအတိုင်း ထောက်ခံစာ ဖြည့်ကာ မြို့ကို သွားပြီး လက်မှတ်ဝယ်ရုံသာ ဖြစ်သည်။

ကြိုက်သလောက် ဝယ်လို့ရပြီး သွားချင်သည့်နေရာ သွားနိုင်သည်။

သူမက လ်ိုချင်သမျှ ရနေသည့် ခံစားချက်ကို သဘောကျခဲ့ပေမယ့် ယခု မပျော်ရွှင်တော့ပေ။

သူမက အချိန်ခရီးသွားလာပြီးနောက် အစွမ်းများ ရလာသည်ကိုပင် မေးခွန်းထုတ်ချင်နေသည်။

ဒါက သူမကို ထူးခြားသည့်ပုံ ပေါ်စေကာ ဇာတ်ဆောင်ကဲ့သို့ ဖြစ်နေသည်။

ကျန်းထျန်က နှုတ်ခမ်းကို ကွေးလိုက်ကာ ပြောလိုက်သည်။ "ဘယ်လိုလို့ သူမလို မကောင်းတဲ့ လူတွေကြောင့် စိတ်ရှုပ်ပြီး ထွက်သွားတဲ့ ဇာတ်ဆောင် ရှိမှာလဲ?"

သူမသာ အစီအစဉ် ချသူကို ထပ်မြင်ရလျှင် သူမက သေချာပေါက် မေးခွန်းထုတ်မ်ိ လိမ့်မည်။

ထွက်မသွားခင်တွင် ကျန်းထျန်က ကုလျန်ရွှမ်၏ ခြေထောက် ဒဏ်ရာကို ကုပေးရန် လိုအပ်သည်။

စာအုပ်ထဲတွင် ရေးထားသည်အရ အမျိုးသားဇာတ်ဆောင်၏ အစ်ကိုကြီးက မူလခန္ဓာကိုယ်ပိုင်ရှင် ထွက်သွားပြီးနောက် လက်မထပ်တော့ပေ။ ကုလျန်ရွှမ်က မူလခန္ဓာကိုယ်ပိုင်ရှင်ကို နက်ရှိုင်းစွာ ချစ်သည် ဟူသော အကြောင်းပြချက် ရှိနိုင်ပေမယ့် နာကျင်စေသည့် အမှန်တရားက ကုလျန်ရွှမ်က သူ့ခြေထောက်ဒဏ်ရာကြောင့် အခြား အမျိုးသမီးများနှင့် ဆက်သွယ်ရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ကျန်းထျန်က သူမ မူလခန္ဓာကိုယ်ပိုင်ရှင်ကဲ့သို့ ထွက်သွားပြီးနောက်တွင် ရွှီကျင်းဖန် စိတ်မကောင်း မဖြစ်စေရန် ကုလျန်ရွှမ်က စာအုပ်ထဲမှအတိုင်း အဆုံးမသတ်ရန်ကိုသာ မျှော်လင့်သည်။

ကျန်းထျန်က သကြားညိုကို ဖျော်ကာ ချင်းရည် အစက်ချပြီး အားပြည့်စေသော အသီးဖျော်ရည်နှင့် ရောလိုက်ကာ တစ်လုပ် သောက်လိုက်ပြီး ကုလျန်ရွှမ် ဝင်လာမည်ကို စောင့်နေကာ မသောက်နိုင်တော့သလို ဟန်ဆောင်လိုက်သည်။

"ကုလျန်ရွှမ် ကျွန်မ သကြားအများကြီး ထည့်လိုက်မိတယ်ထင်တယ် ချိုလွန်းလို့ မသောက်နိုင်တော့ဘူး"

ကုလျန်ရွှမ်က အများကြီး မပြောတော့ပေ။ သူက ခွက်ကိုယူကာ သကြားရည်ကို သောက်လိုက်ပြီး အပူခံခွက်ကို စားပွဲပေါ် တင်လိုက်သည်။

ကျန်းထျန်က ခေါင်းငုံ့ကာ အထဲကို ကြည့်လိုက်ပြီး ဘာမှ မကျန်တော့သည်ကို မြင်လိုက်ရတော့ စိတ်သက်သာရာ ရသွားသည်။

ဘုရားပွဲက ရက်များစွာ ကျင်းပပြီး များသော အားဖြင့် ကစားစရာ အဆိုအကများနှင့် စျေးဆိုင်တန်းများ ရှိသည့်အတွက် မထူခြားသောကြောင့် ကုမိသားစုက ယခင်က တစ်ခါမှ မသွားခဲ့ပေ။

ဒီနှစ်မှာတော့ ကျန်းထျန်ကို စိတ်ပြေပြီး ကျန်းမိသားစုနှင့် ပြသနာများကို မေ့ပျောက်စေရန် ရွှီကျင်းဖန်က ကုလျန်မင်ကို ခေါ်သွားသည်။ ကျန်းထျန်နှင့် ကုလျန်ရွှမ်အပါအဝင် လူလေးယောက် ဖြစ်သည်။

ရွှီကျင်းဖန်က ဝါးခြင်းတောင်းကို နောက်တွင်လွယ်ကာ ကျန်းထျန်ကို ပြောလိုက်သည်။ "တတိယအဒေါ်က အခြား အမျိုးသမီး နှစ်ယောက်နဲ့အတူ ခြံထဲက သီးနှံတွေယူပြီး ဘုရားပွဲမှာ ဆိုင်တန်း ဖွင့်ထားတယ်။ အမေ အဲ့ဒီမှာ ကူညီနေလိုက်မယ် သမီးတို့က ကိုယ့်ဘာသာ ပတ်ကြည့်လိုက်ကြပေါ့"

ရွှီကျင်းဖန်က ကျန်းထျန် လုပ်ပေးထားသော အပေါ်ဝတ်အင်္ကျီကို ဝတ်ထားသေးသည်။

သူတို့ ဘုရားပွဲကို သွားသောအခါ အားလုံးက လမ်းလျှောက်နေကြသည်။ ဘုရားပွဲတွင် လူများသည့်အတွက် စက်ဘီးစီးခြင်း မြင်းလှည်းစီးခြင်းထက် လမ်းလျှောက်ခြင်းက ပိုသင့်တော်သည်။

ကုအိမ်မှ ထွက်သွားချိန်တွင် ကျန်းထျန်က အနောက်ကို ပြန်လှည့်ကြည့်လိုက်သည်။

အနာဂတ်တွင် ပြန်လာခွင့် ရနိုင်မလားဟု တွေးကာ သူ့မျက်ဝန်းထဲတွင် မသေချာမှုများ ဖြစ်နေသည်။

ဆောင်းဦးလယ် ပွဲတော်မှ ဘုရားပွဲက အလွန် စည်းကားသည်။

ဒါက ရွှီကျန်းမြို့တွင် စည်ကားသိုက်မြိုက်စေသည့် ရှားပါးအခွင့်အရေးများထဲမှ တစ်ခုဖြစ်သည်။

အဖွဲ့ခြောက်နှင့် သိပ်မဝေးသည့်အတွက် လူအများက အဖွဲ့အစည်း၏ ပင်မလမ်းမတွင် ဆိုင်တန်းရှည်များ ဖွင့်ကာ အိမ်မှယူလာသော အသီးအရွက်များကို ရောင်းနေကြသည်။အချို့က ဝါးခြင်းတောင်းများ ရောင်းပြီး အဝတ်နှင့် လုပ်ထားသော ခေါင်းစည်းကြိုးများ ရောင်းပြီး ပွဲလာသူများနှင့် နေရာက လူထူနေသည်။

ဘုရားပွဲအကြောင်း ထပ်ပြောရလျှင် အချို့လူတွေက အဖွဲ့အစည်းသို့ လတိုင်း၏ အလယ်နှင့် လကုန်ပိုင်းတွင် လာရောက်ကာ ဆိုင်တန်းများ ဖွင့်ကြသော်လည်း ငွေကြေး အလဲအလှယ်ကို ခွင့်မပြုထားသည့်အတွက် အများစုက အစားအသောက်နှင့် လဲလှယ်ကြသည်။

ကျန်းထျန်က ပတ်ဝန်းကျင်ကို ပတ်ကြည့်နေသည်။သူမသာ အလျင်မလိုဘူးဆိုရင် တကယ်ပဲ ဘုရားပွဲကို ပတ်၍ ကြည့်ချင်မိသည်။

ကုလျန်မင်က စိတ်လှုပ်ရှားမှု အပြည့်နှင့် ကျန်းထျန်၏ အင်္ကျီလက်ကို ဆွဲထားသည်။ "ယောက်မ ကျွန်မ အတန်းဖော် ပြောတာတော့ ခရိုင်မြို့မှာ နဂါးနဲ့ ခြင်္သေ့ အကတွေ ရှိတယ်တဲ့"

ယခု အချိန်မှာ ဇာတ်ပွဲတွေကို ခွင့်မပြုထားပေမယ့် ခရိုင်မြို့မှ ပွဲစင်ကြီးကတော့ အသက်ဝင်နေလိမ့်မည်။

ရွှီကျင်းဖန်က တစ်ဖက်လှည့်ကာ ပြောလိုက်သည်။ "တတိယအဒေါ်က ပြောတာတော့ ဒီနှစ် ကပြဖျော်ဖြေမှုတွေ ရှိမယ်တဲ့။ နောက်တော့ သွားကြည့်လိုက်လေ"

ကျန်းထျန်က ဘာမှ မတွေးတောဘဲ နားထောင်လိုက်သည်။

သူမက မနေ့ညက အိပ်ယာပေါ် လှဲနေကာ ကောင်းစွာ မအိပ်ခဲ့ရဘဲ မနက်စောစောထရသည့်အတွက် အနည်းငယ် ပင်ပန်းနေသည်။

ကုလျန်ရွှမ်က ကျန်းထျန်ကို တင်းကြပ်စွာ ကိုင်ကာ သူမ အားလျော့နေသည်ကို မြင်တော့ မေးလိုက်သည်။ "မင်း ပင်ပန်းနေတာလား?"

အဖွဲ့ခြောက်နှင့် အဖွဲ့အစည်းကြီးက အနည်းငယ် ဝေးသည့်အတွက် ကျန်းထျန် ပင်ပန်းနေမည်ဟု ကုလျန်ရွှမ်က ထင်မိသည်။

ကျန်းထျန်က ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး"

ကုလျန်ရွှမ်က ယနေ့ ချိုင်းထောက်ကို အသုံးပြုနေသည်။ သူက ကျန်းထျန် အားစိုက်ထုတ်စရာ မလိုရန် ခြေလှမ်းကို နှေးလိုက်သည်။

ရွှီကျင်းဖန်က တတိယအဒေါ်၏ ဆိုင်တန်းကို ရှာတွေ့ခဲ့သည်။ အနီးအနားတွင် စုနေသော လူအနည်းငယ်လဲ ရှိသည်။ ရွှီကျင်းဖန်က စကား အနည်းငယ်ကို အလျင်အမြန် ပြောလိုက်သည်။

"ထျန်ထျန် သဘောကျတာကို ဝယ်လိုက်ပါ။ တစ်နှစ်မှာတစ်ခါ ဘုရားပွဲကို ရောက်ဖို့က မသေချာဘူး။ နေ့ခင်းဘက်မှာ ရှို့ရှန်ဆိုင်မှာ ထမင်းစားပြီး ပြန်လာလို့ရတယ်။အမေ့ကို စောင့်စရာ မလိုဘူး!"

ပြောပြီးနောက် ရွှီကျင်းဖန်က တိုးဝှေ့၍ ဝင်လိုက်ကာ တတိယအဒေါ်ကို ငွေများ ကူသိမ်းပေးကာ ပစ္စည်းများ အလေးချိန် ချိန်ပေးလိုက်သည်။

ကုလျန်ရွှမ်က ကျန်းထျန်ကို ကြည့်ပြီး မေးလိုက်သည်။ "ကိုယ်တို့ ခရိုင်မြို့ကို ခုပဲ သွားတော့မလား?"

ကျန်းထျန် - "အင်း"

ကျန်းထျန်က လမ်းကို ငုံ့ကြည့်လိုက်သည်။ ခရိုင်မြို့နှင့် နီးလာလေလေ ရင်ထဲ လေးလံလာလေလေ ဖြစ်သည်။

ခရိုင်မြို့မှ ဘုရားပွဲက အဖွဲ့အစည်းမှပွဲထက် ပို၍ လူစည်သည်။ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမနှင့် စားသောင်ဆိုင်များ ကဲ့သို့နေရာများတွင် လူအရမ်းများသည်ဖြစ်၍ ကျန်းထျန်က သူမ၏ ယခင်ဘဝတွင် ပေကျင်းသွားမည့် ရထားဘူတာသို့ တိုးဝှေ့သွားခဲ့ရသည်။

အရှေ့သို့သွားရန် ခက်ခဲသည်။

သူတ်ို့က ခရိုင်မြို့မှ ပွဲနေရာသို့ ရောက်သောအခါ ကျန်းထျန်က ရုပ်တရက် ရပ်လိုက်ကာ ပြောလိုက်သည်။

"ကုလျန်ရွှမ် ကျွန်မ သန့်စင်ခန်း သွားချင်တယ်။ ရှင်နဲ့ ရှောင်းမင် အရင်သွားပြီး ထိုင်နေလိုက်ပါ။ ကျွန်မ သန့်စင်ခန်းက ပြန်လာရင် လာခဲ့မယ်"

ထိုသို့ ပြောပြီးနောက် ကျန်းထျန်က သူမလက်ကို ကိုင်ထားသော ကုလျန်ရွှမ်၏ လက်ကို အသာအယာ ဖယ်လိုက်သည်။

"ကျွန်မ ခဏနေ ပြန်လာခဲ့မယ်" သူမက ကုလျန်ရွှမ်ကို မကြည့်ရဲသဖြင့် ခေါင်းငုံ့ထားသည်။

မလှမ်းမကမ်းတွင် ပွဲနေရာ ဖြစ်သည်။ ဆူညံ၍ ပျော်ရွှင်နေစွာ သီချင်းဆိုနေသံများနှင့် အကများက အသံချဲ့စက်များမှ မကြာမကြာ ထွက်ပေါ်လာသည်။ စပ်စုတတ်သော ကုလျန်မင်က လူအုပ်ထဲ တိုးဝှေ့ဝင်သွားလိုက်ပြီ ဖြစ်ပြီး ကုလျန်ရွှမ်က စိတ်ပူစွာ အထဲကို ကြည့်နေသည်။

ကျန်းထျန်က ပြုံး၍ ပြောလိုက်သည်။ "ကျွန်မက ခရိုင်မြို့မှာ ကြီးလာခဲ့တဲ့သူပါ။ သန့်စင်ခန်း သွားတာပါပဲ။အဆင်ပြေပါတယ်။ ရှောင်းမင်ကို သွားရှာလိုက်ပါ။ အထဲမှာ လူမိုက်တွေ ရှိနေရင်ရော?"

ကုလျန်ရွှမ်က ကျန်းထျန်နှင့် ပတ်သက်ပြီး တစ်ခုခု မှားနေသလို ခံစားရပေမယ့် စကားလုံးနှင့် မဖော်ပြနိုင် ဖြစ်နေသည်။ "ကျန်းထျန်...."

သူ့စကား မဆုံးခင်မှာပင် ကျန်းထျန်က ရုတ်တရက် ကုလျန်ရွှမ်က်ို တွန်းလိုက်သည်။ "ကျွန်မ ခဏနေ ပြန်လာမယ်!"

လူအုပ်ထဲ ရောက်သွားသည် မလို့ ကုလျန်ရွှမ်က ရွေးစရာမရှိဘဲ ကုလျန်မင်နောက်ကို လိုက်ခဲ့သည်။

သူက နောက်ပြန် လှည့်ကြည့်လိုက်တော့ ခဏလေး အတွင်းမှာပဲ ကျန်းထျန်၏ ပုံရိပ်က နေရာမှ ပျောက်သွားသည်။

ကုလျန်ရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ကုလျန်မင်ကို ရှာတွေ့ပြီး အန္တရာယ်ကင်းသည်ကို တွေ့လိုက်ရတော့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ပွဲနေရာတွင် ဆိုနေကနေကြသည်များက စိတ်ဝင်စားစရာ ပေမယ့် ကုလျန်ရွှမ်၏ အာရုံက ထိုနေရာတွင် မရှိပေ။ ထိုအစား သူက ခေါင်းလှည့်ကာ လာခဲ့သောလမ်းကို ပြန်ကြည့်နေသည်။

ကျန်းထျန်က တစ်ဖက်လှည့်ကာ နှုတ်ခမ်းကို ကိုက်လိုက်ပြီး လူအုပ်ထဲမှ အလျင်အမြန် ထွက်သွားလိုက်သည်။

သူမက ရပ်လိုက်ကာ နောက်လှည့်ကြည့်ပြီး မျက်ရည်သုတ်လိုက်ကာ လူရှင်းသည့် နေရာသွားလိုက်ပြီး အစိမ်းရောင် စစ်လွယ်အိတ်ကို ဟင်းလင်းပြင်ထဲမှ ထုတ်ယူလိုက်သည်။

သူမက ဘူတာသို့သွားသည့် တစ်လမ်းလုံး ငိုနေသည်။သူမက လက်မှတ်ဝယ်မည့်နေရာ ရောက်သောအခါ လက်မှတ်ရောင်းသူက ကျန်းထျန်၏ နီရဲနေသော မျက်လုံးများကို မြင်ရတော့ သူမ အနိုင်ကျင့်ခံရသည်ဟု ထင်မိကာ မေးခွန်းအချ်ို့ မေးလိုက်သည်။ "ကလေးမလေး ဘာများ ဖြစ်လို့လဲ? အိမ်မှာ တစ်ခုခု ဖြစ်လို့လား?"

ကျန်းထျန်က ခေါင်းခါလိုက်ကာ သူမ၏ သက်သေခံကဒ်ပြားကို ထုတ်ပြလိုက်သည်။ "မဟုတ်ပါဘူး၊ ကျေးဇူးတင်ပါတယ် အစ်မ"

ရထားလက်မှတ် ဝယ်ပြီးနောက် ကျန်းထျန်က ထိုင်စရာရှာကာ စောင့်ဆိုင်းသည့်နေရာတွင် ထိုင်လိုက်သည်။ သူမ၏ မျက်လုံးများက ထိုင်းမှိုင်နေကာ လက်ကိုမြှောက်၍ မျက်ရည်များကို သုတ်နေသည်။

အနားမှ ဖြတ်သွားသူများကလည်း တွေဝေကာ စိတ်မကောင်း ဖြစ်မိကြသည်။

အစ်ကိုလျိုက သူ့ဒရိုင်ဘာနှင့်အတူ လွန်ခဲ့သည့် ရက်အနည်းငယ်က မြို့ကို ကားမောင်းပြီး လာခဲ့ခြင်း ဖြစ်သည်။ သူက ဆောင်းဦးလယ်ပွဲတော် နှင့် အမျိုးသားနေ့ ပိတ်ရက်တို့က နီးကပ်သည့်အတွက် အချိန်ကောင်းကို အရယူကာ သူ့ချစ်သူအိမ်သို့ လက်ဆောင်များနှင့် သွားကာ လက်ထပ်ခွင့်တောင်းရန် စီစဉ်ထားသည်။

ဒါက သူတာဝန်ကျသော နေ့ဖြစ်သည်။ သူက တာဝန်ကျနေသော အခန်းမှ အပြင်ဘက်သို့ ကြည့်ကာ လှုပ်ရှားမှုကို ရပ်လိုက်သည်။ အစ်ကိုလျိုက မျက်လုံးကို ပိတ်ကာ ပြန်ကြည့်လိုက်သည်။

သူက မျက်တောင်ခတ်ကာ သူမှားမြင်မိသည်ဟု ကောက်ချက်မချမီ ထိုနေရာကို အတော်ကြာ စိုက်ကြည့်နေသည်။

ကုမိသားစုရဲ့ ချွေးမကြီးက ဘယ်မှာလဲ?

ကုမိသားစုရဲ့ အစ်ကိုကြီးက ဒီနေ့ မြို့ကို ဆရာဝန်နဲ့ သွားတွေ့မယ်လို့ လျန်ရုန်က သူ့ကို ကြိုမပြောထားပါဘူး။

မှားမြင်သည်ဟု ယူဆကာ အစ်ကိုလျိုက အပူခံခွက်ထဲမှ သကြားရည်ကို ဆက်သောက်လိုက်ပြီး သူနှင့်မိဘများက သန်ဘက်ခါ သူ့ချစ်သူအိမ်တွင် လက်ထပ်ခွင့် သွားတောင်းမည့်အချိန်ကို တွေးကြည့်နေသည်။

ကျန်းထျန်က အခု တကယ်ပဲ သန့်စင်ခန်း သွားချင်လာသည်။ သူမ မနက် ထွက်မလာခင်က စိတ်လှုပ်ရှားသည့်အတွက် ရေအများကြီး သောက်ခဲ့သည်။

ခရိုင်ဘူတာရုံမှ သန့်စင်ခန်းက အပြင်လူများအတွက် အဖိုးအခ ပေးရပေမယ့် လက်မှတ်ဝယ်ထားသော ခရီးသည်များအတွက်တော့ အခမဲ့ ဖြစ်သည်။ အစောင့်က ကျန်းထျန် လက်မှတ်ကိုင်ထားသည်ကို အတည်ပြုပြီးနောက် ပျင်းရိစွာ မျက်လုံးတစ်ဖက် ပင့်ပြပြီး သန့်စင်ခန်းကို လမ်းညွှန်ကာ သူမ ဝင်လို့ရကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။

ဘူတာရုံမှ သန့်စင်ခန်းက အခြောက်ခံရသော သန့်စင်ခန်း ဖြစ်သည့်အတွက် မကြာခဏ ရေဆွဲချရန် လိုအပ်သည်။ ကျန်းထျန်က ထိုနေရာမှ ထွက်လာတော့ အန်ချင်စိတ်ကို ထိန်းထားရသည်။

မြို့ကိုသွားမည့် ပထမဆုံးရထား လက်မှတ်ဖြတ်ရန် နှစ်နာရီ ကျန်သေးသည့်အတွက် ကျန်းထျန်က လှေကားခုံပေါ်တွင် သတင်းစာခင်းကာ နေရာယူလိုက်သည်။

မြို့ကို ရောက်လျှင် နှစ်လမ်းအကွာမှ ရထားဘူတာသို့ သွားကာ လက်မှတ်ဝါ်ရမည်။

သူမက တစ်ကိုယ်ထဲ ဆိုလျှင် အိပ်ခန်းပါသည့်နေရာကို ဝယ်မရသလို အစားထိုးလက်မှတ်လည်း ဝယ်လို့ရမည် မဟုတ်ပေ။ ရွှီကျန်းမြို့မှ ကွမ်မြို့နယ်သို့ တိုက်ရိုက်သွားရန် ရထား မရှိသည့်အတွက် သူမက တစ်နေရာမှ ပြောင်းစီးရန် လိုအပ်သည်။

ကွမ်မြို့နယ်သို့ ရောက်လျှင် သူမက အကြာကြီး နေရန် မတွေးဘဲ မူလခန္ဓာကိုယ်ပိုင်ရှင်၏ အစီအစဉ်အတိုင်းသီးသန့်လှေနှင့် ပင်လယ်ဘက် ထွက်မည် ဖြစ်သည်။

ရွှီကျန်းမြို့မှ တစ်ခါမှ ထွက်မသွားဖူးသော မူလခန္ဓာကိုယ် ပိုင်ရှင်က သီးသန့်လှေ အကြောင်းကိုပင် ဘယ်လ်ိုသိရှိပြီး အစီအစဉ်တကျ စီစဉ်ထားနိုင်သည်ဆိုသည်ကို သူမက မသိပေ။

သူမ မျက်လုံးတွေက ဘူတာ ဝင်ပေါက်ကို မလှုပ်မယှက် စိုက်ကြည့်နေပြီး ဖြတ်သွားသည့် သူများကို စိုက်ကြည့်နေသည်။ သူတို့အားလုံးက မရင်းနှီးသည့် အဝတ်အစားများနှင့် မရင်းနှီးသည့် သူများ ဖြစ်သည်။

သူမက အမူအရာ မဲ့လာသည်။

သူမ မျက်လုံးများက မျက်ရည်ဝဲလာကာ အရှေ့မြင်ကွင်းက ဝေဝါးလာသည်။

ကျန်းထျန်က လက်မြှောက်ကာ မျက်ရည်သုတ်လိုက်သည်။

သူမက တစ်ခါမှ အငိုလွယ်သူ မဟုတ်ပေ။ သူမက လက်နက်ကိုင် လေ့ကျင့်ချိန်က ပုခုံးနှင့် လဲကျချိန်က မငိုခဲ့ဖူးပေ။ ဒါက မူလခန္ဓာကိုယ် ပိုင်ရှင်၏ စိတ်အခြေအနေကြောင့် ဖြစ်မည်!

စောင့်နေရချိန်က အမြဲ ပျင်းစရာ ကောင်းသည်။

တစ်ဖက်တွင် ကျန်းထျန် ပြန်ရောက်လာရန် အတော်ကြာ စောင့်ပြီးနောက် ကုလျန်ရွှမ်က ကုလျန်မင်ကို အပြင်ခေါ်ထုတ်လာပြီး ပြောလိုက်သည်။ "ရှောင်းမင် ညီမယောက်မက လမ်းပျောက်နေလောက်တယ်။ အစ်ကို သွားရှာလိုက်မယ်"

"ဘုရားပွဲမှာ မလုံခြုံဘူး။ အစ်ကို ညီမကို ရှို့ရှန် အိမ်ကို ပို့ပေးပြီး နေ့လည်စာစားချိန် မရောက်ခင် ညီမယောက်မကို ခေါ်လာခဲ့မယ်"

ကုလျန်မင်က ဘယ်အရာက အရေးကြီးသည်ကို သိသည့်အတွက် ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။

All Chapters