← Chapters

အခန်း(၈၉)

Vol. 8 Ch. 89

အခန်း(၈၉)

Vol. 8 Ch. 89

"ကျန်းမိသားစုကို အထည်တွေ ခိုးရောင်းတဲ့ ကိစ္စနဲ့ ဂျုံတွေ ပြန်ရောင်းတဲ့ ကိစ္စ ပြောကြပြီး ကျန်တာတွေကို ခဏထားလိုက်ကြတာပေါ့"

ကုလျန်ရွှမ်က မတ်တပ်ရပ်လိုက်သည်။ "တတိယညီလေး အစ်ကို့ကို အထည်ချုပ်စက်ရုံ ခေါ်သွားပေး"

ကုလျန်ရွှမ်က အထည်ချုပ်စက်ရုံက သူငယ်ချင်းတစ်ယောက်နှင့် တွေ့သည်။ သူ့သူငယ်ချင်းက မိသားစုကောင်းကောင်းမှ လာသူဖြစ်ပြီး အထက်တန်းကျောင်းမှ ဘွဲ့ရသည်နှင့် သူ့မိသားစု၏ အစီအစဉ်အတိုင်း အထည်ချုပ်စက်ရုံတွင် အလုပ်ရခဲ့သည်။ သူကအခု ဌာနမှူးအဖြစ် ရာထူးတိုးနေပြီ ဖြစ်သည်။

နယ်ရှိ အထည်ချုပ်စက်ရုံက လတ်တလောတွင် မြို့ပေါ်မှ စက်ရုံက အမှာများ ရထားသည်။ အမှာများကို အချိန်မီပြီးစေရန် စက်ရံအလုပ်သမားများက မကြာခဏ အချိန်ပို ဆင်းရသည်။

ကုလျန်ရွှမ် ရောက်လာတော့ အလုပ်သမားများက ရှိနေသေးသည်။

ဟွမ်ယွီရှားနှင့် ချွေးမနှစ်ယောက်က အလုပ်ရုံတွင် အလုပ်လုပ်ရပြီး ကျန်းကျင်းမင်က အခြား အလုပ်ရုံတစ်ခုမှ ခေါင်းဆောင်လေး တစ်ယောက် ဖြစ်သည်။

ကုလျန်ရွှမ်နှင့် ကုလျန်ရုန်က အလုပ်ရုံ အချို့၏ ပြတင်းပေါက်များမှ ဖြတ်သွားကာ ဂိုဒေါင်ဘက်ကို လာခဲ့ပြီး ကျန်းမိသားစု၏ အာရုံစိုက်မှုအောက်တွင် ကုလျန်ရွှမ်၏ သူငယ်ချင်းဟောင်း ရုံးခန်းထဲ ဝင်သွားလိုက်သည်။

"လျန်ရွှမ်? အစောင့်တွေက မင်းငါ့ကို လာတွေ့တယ်လို့ ပြောတော့ ငါက နားကြားမှားတယ်လို့ ထင်တာ!"

ကျောက်ချန်ကျင်းက စားပွဲခုံ အနောက်မှ ထလာကာ အံ့သြသည့်အကြည့်နှင့် လာနှုတ်ဆက်ခဲ့သည်။

"လာ ထိုင်ပါဦး၊ ဒါက လျန်ရုန်ပဲ မင်းက အရွယ်ရောက်နေပြီပဲ"

"အစ်ကိုကျောက် ကျွန်တော့်ကို မှတ်မိသေးတာလား?" ကုလျန်ရုန်က ခုံမှာထိုင်လိုက်ရင်း သူ့ကို နှုတ်ဆက်လိုက်သည်။

ကျောက်ချန်ကျင်းက သူတို့အတွက် ရေထည့်ပေးလိုက်သည်။ "ဘာလို့ မမှတ်မိရမှာလဲ? တပ်မဟာမှာ လျန်ရွှမ်ကို လာရှာတုန်းက မင်းက ငါ့ကို ငါးဖမ်းဖို့ မြစ်ကို ခေါ်သွားတယ်လေ"

ကုလျန်ရွှမ်က သူ့ကို ကြည့်လိုက်သည်။ ကုလျန်ရုန်က ကျောက်ချန်ကျင်းက သူ့ကိုမှတ်မိသည့်အတွက် ဝမ်းသာနေရာမှ သူက ဖြစ်ရပ်ကို သေချာ မှတ်မိသည့်အတွက် ရုတ်တရက် ကြောက်သွားသည်။ "တကယ်တော့ ကျွန်တော်က အစ်ကိုကျောက်ကို ကျွန်တော်ငါးဖမ်းနေတာကိုပဲ ကြည့်ခိုင်းခဲ့တာပါ"

ကျောက်ချန်ကျင်းက ဒါကိုမြင်တော့ နှစ်ဆရယ်မောလိုက်သည်။ "လျန်ရွှမ် မင်းဒီလို မျက်နှာတည်တည် လုပ်နေရင် လျန်ရုန်တင်မက ငါလည်း ကြောက်တယ်။ ငါတို့ အထက်တန်းကျောင်းက ဆရာမတွေလည်း ကြောက်တယ်ဆိုတာ မင်းသိလား?"

"ငါတို့ ကျောင်းမှာတုန်းက မင်းကချောလို့ ကျောင်းက မိန်းကလေးတွေက မင်းလို ကောင်လေးမျိုး သဘောကျတယ်။ ဒါပေမယ့် မင်းက မျက်နှာတည်တည်ကြီး လုပ်နေတော့ ကောင်မလေးတွေကို ကြောက်ပြီး ငိုအောင် လုပ်ခဲ့တာပဲ"

"ဘယ်လို မိန်းကလေးက မင်းရဲ့ဒေါသကို သည်းခံနိုင်မလဲဆိုတာ ငါမသိဘူး" ကျောက်ချန်ကျင်းက စနောက်လိုက်သည်။

ကုလျန်ရွှမ်က သူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ "အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ ငါက လက်ထပ်ပြီးပြီ"

"မင်း လက်ထပ်ပြီးပြီလား?ဘယ်သူနဲ့လဲ?" ကျောက်ချန်ကျင်းက အံ့သြစွာ ထရပ်လိုက်သည်။ "ဘာလို့ ငါ့ကို မပြောတာလဲ? ငါ မင်းကို လက်ဆောင်ပေးရမှာပေါ့!"

"အဲ့ဒီတုန်းက အလျင်စလို လုပ်ခဲ့ရလို့ မင်းကို မပြောနိုင်ခဲ့ဘူး" အဓိကကတော့ ထိုအချိန်က လက်ထပ်ခြင်းက ကြာကြာခံမည်မဟုတ်ဟု ကုလျန်ရွှမ်က ထင်သည့်အတွက် ဘယ်သူ့ကိုမှ မပြောခဲ့ခြင်း ဖြစ်သည်။

"အစ်ကိုကျောက် အဓ်ိက အကြောင်းအရင်းက ကျွန်တော့် မရီးကလှတော့ အခြားသူတွေ သူ့ကိုကြည့်ရင် အစ်ကိုက သဝန်တိုလို့ပါ" ကုလျန်ရုန်က အတိုချုံး ရှင်းပြလိုက်သည်။

ကျောက်ချန်ကျင်းက လှေကားအောက်ဆင်းကာ ပြောလိုက်သည်။ "ဒီလိုတော့ မရပါဘူး။ ဆောင်းဦးလယ် ပွဲတော်က လာတော့မယ်။ ငါ့မိန်းမကိုခေါ်ပြီး သူ့ကိုတွေ့ဖို့ လာခဲ့မယ်"

"ဒါပေမယ် လျန်ရွှမ် မင်းဒီနေ့ တစ်ခုခုလုပ်မလို့ လာတာလား?" ကျောက်ချန်ကျင်းက မေးလိုက်သည်။

"အင်း။ကိစ္စတစ်ခု ရှိတယ်" ကုလျန်ရွှမ်က ကျောက်ချန်ကျင်းကို ကြည့်လိုက်သည်။ "မှောင်ခိုစျေးကွက်ထဲမှာ ခိုးရောင်းနေတဲ့ အနာအဆာရှိတဲ့အထည်တွေ အများကြီးရှိတယ်လို့ ကြားတယ်"

ကျောက်ချန်ကျင်းက သူ့ခေါင်းကို လှည့်လိုက်ကာ ကုလျန်ရွှမ်၏ ဆိုလိုရင်းကို စဉ်းစားလိုက်သည်။ "ငါတို့က ပုံမှန်ဆိုရင် အနာအဆာရှိတဲ့ အထည်တွေကို အတွင်းမှာပဲ သေချာစီစဉ်တယ် ဒါမှမဟုတ် အဝတ်အစား စက်ရုံတွေကို ပြန်ရောင်းတယ် မဟုတ်ရင် ပြန်အသုံးချတယ်။ ဒီလိုသာဆို စျေးကွက်ထဲမှာ အနာအဆာရှိတဲ့ အထည်လိပ်တွေ လည်ပတ်မှု သိပ်မရှိဘူး"

"လျန်ရွှမ် မင်းဘယ်လိုကြားထားလဲ ပမာဏ များတယ်တဲ့လား?" ကျောက်ချန်းချင်က သူ့ကို အတည်ပေါက် အမူအရာနှင့် မေးလိုက်သည်။

ကုလျန်ရွှမ်က ခေါင်းခါလိုက်သည်။ "ငါ မသ်ိပါဘူး။ငါက ဒီတိုင်းကြားခဲ့တာပါ။ မင်းအလုပ်နဲ့ ဆက်စပ်နေမယ်ထင်လို့ ငါက အထည်ချုပ်စက်ရုံကို ဖြတ်သွားရင်း ဝင်ပြောခဲ့တာပါ"

ကျောက်ချန်ကျင်းက ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ငါသိပါပြီ။ လျန်ရွှမ် မင်းက အပြင်ပိုင်း အေးစက်ပေမယ့် အတွင်းစိတ်က နွေးထွေးပါတယ်။ ဒါကို စေတနာအဖြစ် မှတ်ထားလိုက်ပါမယ်။ မင်းနဲ့မရီးကို ပိတ်ရက်မှာ လက်ဆောင် လာပေးပါ့မယ်"

ကုလျန်ရွှမ်က မငြင်းပေ။သူက စကားအချို့ ဆက်ပြောလိုက်သည်။ "ပမာဏက ပုံမှန်မဟုတ်ဘူးလို့ ထင်တယ်။မင်း စက်ရုံကို စစ်ဆေးကြည့်သင့်တယ်။ ဥပမာ ဂိုဒေါင်က အလုပ်သမားတွေက ခိုးထားနိုင်တယ်လေ"

"အင်း ငါနားလည်ပါတယ်" ကျောက်ချန်ကျင်းက ခေါင်းငြိမ့်ကာ စိတ်ထဲ မှတ်ထားလိုက်သည်။ အမှန်သာဆိုရင် သူက အမှားရှာတွေ့နိုင်လို့ နာမည်ကောင်း ရလိမ့်မည်။

ကျန်းကောပင်က ရုံးခန်းနှင့် မလှမ်းမကမ်းတွင် ပုန်းနေကာ မျက်တောင်မခတ်တမ်း တံခါးကို ကြည့်နေသည်။ ကုမိသားစုဝင် ညီအစ်ကို နှစ်ယောက်က ဝင်သွားသည်ကို သူမြင်လိုက်ပြီး အတော်ကြာသည်အထိ ပြန်ထွက်မလာသေးပေ။ သူတို့ထွက်လာတော့ ကျောက်ချန်ကျင်းက ရယ်မောကာ စကားပြောနေသေးသည့်အတွက် သူတို့က ဆက်ဆံရေး ကောင်းပုံရသည်။

ကျန်းကောပင်က မျက်မှောင်ကြုတ်လိုက်ပြီး သူဘာတွေးနေသည်ကို ဘယ်သူမှ မသိနိုင်ပေ။

အထည်ချုပ်စက်ရုံမှ ထွက်လိုက်ပြီး ကုလျန်ရွှမ်က ပြောလိုက်သည်။ "စားသောက်ဆိုင်ကို သွားကြတာပေါ့"

ကျန်းရှို့ရှန် လုပ်နေသော စားသောက်ဆိုင်က ကျန်းကောရှန်လုပ်နေသော စားသောက်ဆိုင်လောက် မကောင်းပေ။တစ်ခုက မြို့အစွန်တွင် ဖြစ်ပြီး တစ်ခုက မြို့လယ်ခေါင်တွင် ဖြစ်သည့်အတွက် ကျန်းကောရှန်က အလုပ်မဆင်းလောက်သေးပေ။

ကုလျန်ရွှမ်က တစ်ယောက်ကို ခေါ်ပြီး ဝက်နံရိုး ချိုချဉ် တစ်ပွဲ မှာလိုက်သည်။ သူနှင့် ကုလျန်ရုန်က ကျန်းကောရှန် ထွက်လာမည်ကို စောင့်နေကြသည်။

ဝယ်သူများက စားသောက်ဆိုင်သို့ စုဝေးကာ ရောက်လာပြီး ပြင်ဆင်ထားသော ဟင်းပွဲများ ကုန်သွားသည်။ကျန်းကောရှန်က အဝတ်လဲကာ ကုလိန်ရွှမ် အရှေ့တွင် လာထိုင်သည်။

"နံရိုးဟင်းက ရပြီ။ ထျန်ထျန်ကို ယူသွားပေးလိုက်ပါ။"

ကျန်းကောရှန်က စိတ်ပူနေပုံ ပေါ်သည်။ "ရှောင်စန်းက ဘယ်လိုလဲ?"

ကုလျန်ရွှမ်က ထမင်းဘူးကို နွေးစေရန် အဝတ်ဖြင့် ပတ်ပြီး ကျန်းကောရှန်ကို ငွေပေးလိုက်သည်။ "ထျန်ထျန်က ဘယ်သူ့ကိုမှ အကြွေးမတင်ချင်ဘူး"

ကျန်းကောရှန်၏ မျက်နှာက ဖြူဖျော့သွားပြီး သူက ပြောလိုက်သည်။ "ဒါက ကျွန်တော်တို့မိသားစုက ရှောင်စန်းကို တောင်းပန်တာပါ"

ကုလျန်ရွှမ်၏ မျက်နှာတွင် ဘာအမူအရာမှ မရှိပေ။ သူ အရင်က ဘာလုပ်နေခဲ့တာလဲ? "အိမ်ပြန်ပြီး ကျန်းကျင်းမင်နဲ့ ကျန်းကောပင်ကို မင်းတို့မိသားစုရဲ့ အကြံက မကြာခင် ပျက်စီးတော့မယ်လို့ သွားပြောလိုက်ပါ"

"ကျန်းကောပင်က အလွဲသုံးစားလုပ်မှုနဲ့ အများပိုင်ငွေကို ပျက်စီးအောင် လုပ်မှုကြောင့် ရက်စက်တဲ့ ရာဇဝတ်မှု မြောက်တယ်"

"မင်းနဲ့သူနဲ့က တကယ့်ကို ညီအစ်ကိုတွေပဲ"

ကုလျန်ရွှမ်က တစ်ဖက်စောင်းနင်း စကားပြောနေသည်ကို ရပ်လိုက်ပြီး သူနှင့် ကုလျန်ရုန်အတူ ဟိုတယ်ကို ထွက်သွားခဲ့သည်။

အနည်းငယ် ခပ်လှမ်းလှမ်းရောက်တော့ ကုလျန်ရုန်က နောက်ခုံမှ ကုလျန်ရွှမ်ကို မေးလိုက်သည်။ "ကျန်းကောရှန်က အစ်ကိုပြောတာကို သဘောပေါက်မယ် ထင်လား?"

သူ့အထင်တွင် သူက ကျန်းကောရှန် အလုပ်ပြီးအောင်စောင့်၍ လမ်းကြားထဲခေါ်ကာ ခြိမ်းခြောက်ပြီး သက်သေများနှင့် သူ့ကို တိတ်သွားစေရန် သက်သေများနှင့် ပစ်ပေါက်မည်ဟု ထင်ထားသည်။

ဒါပေမယ့် သူ့အစ်ကိုကြီးက ဘယ်လို ထိုးနှက်ချက်မှ မပါဘဲ တည်ငြိမ်စွာ ပြောမည်ဟု မထင်ပေ။

ရှက်စရာ ကောင်းလိုက်တာ။

ကုလျန်ရွှမ်က မျက်လုံးမှိတ်ထားပြီး လက်တစ်ဖက်က ဝက်နံရိုးချိုချဉ် ထည့်ထားသော ထမင်းဘူးကို ကိုင်ထားသည်။ဒါကိုကြားတော့ သူက မျက်လုံးဖွင့်ကာ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ "ကျန်းကောရှန်က အရူး မဟုတ်ဘူး"

တစ်ဖက်လှည့်အနေနှင့် သူ့တွင် အတွေးအချို့ ရှိသည်။

"ကောင်းပါတယ်" ကုလျန်ရုန်က သူ့အစ်ကို၏ စကားများက မပြင်းထန်သည့်အတွက် သာမန်လူများ နားမလည်နိုင်မည်ကို စိတ်ပူမိသည်။

အမှန်အတိုင်း ပြောရလျှင် ကျန်းကောပင်နေရာမှာ သူသာဆိုလျှင် သူက သူ့အစ်ကိုကြီး၏ ရုတ်တရက် စကားများကို နားလည်နိုင်ရန် အချိန်လိုလိမ့်မည်။

ကုလျန်ရွှမ်နှင့် ကုလျန်ရုန် ထွက်သွားပြီးနောက် ကျန်းကောရှန်က တွေဝေစွာ ခုံတွင်ထိုင်နေပြီး ကုလျန်ရွှမ်၏ စကားများကို နားလည်ရန် အချိန်ယူလိုက်ရသည်။

ကျန်းကောရှန်၏ မျက်နှာက ရုတ်တရက် ဖြူဖျော့သွားသည်။

သူက အမေအိမ်တွင်နေသော လျိုစန်းချောင်နှင့် ကလေးများအတွက် ဝက်သားနှပ်ကိုပင် မယူနိုင်တော့ဘဲ အိမ်သို့ ပြေးလိုက်သည်။

အိမ်သို့ မောပန်းစွာ ရောက်သွားပြီးနောက် ကျန်းကောရှန်က မှုန်ကုပ်နေသော မျက်နှာနှင့် ပင်မအခန်းကို သွားလိုက်သည်။

ပင်မအခန်းတွင် ကျန်းမိသားစုက ထမင်းစားပွဲတွင် စားသောက်နေကြသည်။

ကျန်းကောရှန် ပြန်လာသည်ကို တွေ့ရတော့ ကျန်းကျင်းမင်၏ မျက်နှာက မသာမယာ ဖြစ်ကာ ဖြူဖျော့သွားသည်။ သူ့ဒုတိယသားက သစ္စာဖောက် မိန်းမကြောင့် မနေ့က သူနှင့်ရန်ဖြစ်ကာ မိသားစုမှ ခွဲနေရန် ပြောခဲ့သည်ကို စဉ်းစားမ်ိတိုင်း သူက အသည်းများ ပေါက်ထွက်တော့မလို ခံစားရသည်။

သူက ဟိုမိန်းမနှင့် အနေကြာသည့်အတွက် မိသားစုနှင့် ဝေးကွာသွားခြင်းဖြစ်မည်။

ကျန်းကျင်းမင်၏ ရင်ထဲတွင် သူ့သား ကျန်းကောရှန်အပေါ် မျှော်လင့်ချက် မရှိတော့ပေ။

ဟွမ်ယွီရှားကတော့ မတူပေ။ သူမက သူ့ကို ပြုံး၍ နှုတ်ဆက်ကာ ပြောလိုက်သည်။ "ဒုတိယကလေး မိသားစုက စောင့်နေတာ။ အမေ မင်းကို ပန်းကန်ယူပေးမယ်" ဟွမ်ယွီရှားက ပင်မအခန်းမှ ထွက်ကာ မီးဖိုချောင်သို့ သွားရန် လုပ်လိုက်သည်။

ဒါပေမယ့် ကျန်းကောရှန်က လက်ဆန့်ကာ သူမကို တားလိုက်သည်။ "အမေ ကျွန်တော် မစားချင်ဘူး"

ကျန်းကောရှန်က အိမ်တွင် အမြဲလိုလို လူကောင်းတစ်ယောက် ဖြစ်ကာ ဘယ်သူနှင့်မှ ရန်မဖြစ်ပေ။ မနေ့က သူက ကျန်းကျင်းမင်က ဒေါသများကို လျိုစန်းချောင်အပေါ် ပုံချသည့်အတွက် ရန်ဖြစ်ခဲ့ရသည်။ သူက မိသားစုမှ ခွဲထွက်ရန်ပင် ခြိမ်းခြောက်ခဲ့သေးသည်။ ဒါက ပထမဆုံး ရန်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဒါပေမယ့် မနေ့က ဖြစ်ရပ်က ဒီလို အရင်က ဒေါသထွက်ခြင်း မရှိသူတစ်ယောက်က ဒေါသထွက်လာလျှင် ကြောက်စရာကောင်းကြောင်း သိစေနိုင်သည်။

မိသားစုမှ ခွဲထွက်မည့်ကိစ္စက အဆင်မပြေလျှင် ကျန်းကောရှန်က အနာဂတ်တွင် သူ့လစာကို မအပ်တော့ဘူးဟု ပြောခဲ့သည်။

လျိုစန်းချောင်လည်း အတူတူပဲ ဖြစ်သည်။

ဒါပေမယ့် ကျန်းကျင်းမင်နှင့် ဟွမ်ယွီရှားကတော့ အလွန် စိတ်တိုနေသည်။

ဆွန်းရှောင်ကျူးက သိသွားတော့ ပြသနာရှာချင်ပေမယ့် သူမက နေလို့မကောင်းသည့်အတွက် စကားအနည်းငယ် ဝင်ပြောပြီးနောက် သတ်ိလစ်သွားသည်။

မနေ့က ကိစ္စပြီးနောက် ကျန်းကောရှန်က ပြောစရာရှိသလို သုန်မှုန်နေသည့် မျက်နှာထားနှင့် ဖြစ်သည့်အတွက် မိသားစုထဲမှ မည်သူကမှ သူ့ကို လစ်လျူမရှုရဲပေ။

ဟွမ်ယွီရှားက မေးလိုက်သည်။ "ဘာကိစ္စလဲ ဒုတိယကလေး? ဘာကများ အစားအသောက်ထက် ပိုပြီး အရေးကြီးတာလဲ?"

ကျန်းကောရှန်က အေးအေးဆေးဆေး ထမင်းစားနေသော ကျန်းကောပင်ကို ကြည့်လိုက်သည်။သူက နှုတ်ခမ်းကိုကွေးလိုက်ကာ ပြောလ်ိုက်သည်။ "အဖေ၊ အမေနဲ့ အစ်ကိုကြီးတို့က တကယ်ကို လုပ်နိုင်ကြတာပဲ!"

"ကုမိသားစုက ထျန်ထျန်ရဲ့အမျ်ိုးသား ကုလျန်ရွှမ်က စားသောက်ဆိုင်ကို လာသွားတယ်။ သူဘာပြောသွားလဲ သိလား?"

ကျန်းကောပင်က အစားအသောက် ယူနေရာမှ ရပ်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။

သူက ကုလျန်ရွှမ် စက်ရုံ ဌာနမှူး၏ ရုံးခန်းကို နေ့လည်ခင်းက လာခဲ့သည်ကို မှတ်မိနေသည်။

"သူ ဘာပြောသွားတာလဲ?" ကုလျန်ရွှမ်ကဲ့သ်ို့ နယ်မှကောင်လေးတစ်ယောက်က တုန်လှုပ်စရာ ကိစ္စမျိုး ပြောမည်ဟု ဟွမ်ယွီရှားက မထင်ပေမယ့် ကျန်းကောရှန်၏ အမူအရာကို မြင်တော့ စိတ်ပူသွားသည်။

ကျန်းကျင်းမင်က တူကိုချကာ ကြည့်လိုက်သည်။ "ပြောစရာရှိရင် မြန်မြန်ပြောလေ ငါတို့ကို စဉ်းစားခိုင်းမနေနဲ့"

ကျန်းကျင်းမင်က သူ့မိသားစုထက် အတွင်းရေးကိစ္စများကို ပိုသိသည်။

ဥပမာ ဟယ်လီကျွင်းက ကုမိသားစု၏ ပ်ို့ဆောင်ဆက်သွယ်ရေး အသင်းမှ အလုပ်ကို ဟယ်ရှင်းကွမ်ကို ပေးခဲ့ပေမယ့် အတွင်းရေးမှူး အသစ်ကြောင့် ပေါ်သွားခါနီး ဖြစ်ခဲ့သည်။ ဟယ်လီကျွင်းက ဒီကိစ္စကို ဖုံးရန် ငွေအများကြီး သုံးခဲ့ရသည်။

ကုမိသားစုမှ ကလေးက ပို့ဆောင်ဆက်သွယ်ရေး အသင်းကို ဝင်နိုင်သွားသည်ဟုလည်း သူက ကြားထားသည်။ ဒါပေမယ့် ဟယ်လီကျွင်း၏ စီစဉ်မှုကြောင့် ကလေးက သကြားစက်ရုံသို့ ရောက်သွားသည်။

ဒီကိစ္စတွင် ဘယ်သူမှ မပါဝင်ဘူးဆိုတာ ကျန်းကျင်းမင်က မယုံကြည်ပေ။

ကျန်းကောရှန် ပြောချင်သည်က ဒီကိစ္စဟု ထင်သည့်အတွက် သူက သိပ်ဂရုမစိုက်ပေ။

အဲ့တော့ ကုမိသားစု သိသွားတော့ ဘာဖြစ်လဲ?

ဒါက ကျန်းမိသားစုနဲ့ ဘယ်လို ပတ်သက်လို့လဲ?

"အစ်ကို စက်ရုံက အထည်လိပ်တွေကို ယူပြီး မှောင်ခိုစျေးကွက်မှာ ရောင်းနေတာလား?" ကျန်းကောရှန်က ဒေါသတကြီး မေးလိုက်သည်။

သူ့အတွေးတွင် သူလုပ်ထားသည့်အရာက သေချာပြီး သူက ဟိုတယ် ဝန်ထမ်းများနှင့်လည်း ပေါင်းကြံထားသည်။ သူ့ကိုယ်သူ ကာကွယ်ရန် တင်ပြချက်ကို အကြံအဖန် လုပ်ထားသည်။ ဂျုံနှင့် အသားများကို မှောင်ခိုစျေးကွက်တွင် ရောင်းကြသူများက ဟိုတယ်ဝန်ထမ်းများ ဖြစ်သည့်အတွက် တစ်ယောက်ယောက်က စုံစမ်းလျှင်တောင် သူတို့က သူ့ကို နောက်ကျော ဓားနှင့်မထိုးနိုင်ပေ။

သူ မဟုတ်ဘူးဆိုလျှင် သူ့အစ်ကိုကြီး ကျန်းကောပင်က တစ်ခုခု လုပ်ထားခြင်း ဖြစ်ရမည်။ ကျန်းမိသားစုက ဒီကိစ္စကို အတူကြံစည်သည်ဟု ကုမိသားစုက ထင်သည့်အတွက် သူ့က်ို သံသယဝင်ခြင်း ဖြစ်မည်။

ကျန်းကောပင်၏ အမူအရာက ပြောင်းလဲသွားပြီး ရုံးခန်းတံခါး ရှေ့မှ မြင်ကွင်းကို ပြန်သတိရလာသည်။သူက ထိတ်လန့်သွားပေမယ့် အမှားကို ဝန်မခံသေးပေ။ "ဘာ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ?!"

"ဒုတိယညီလေး မင်းက ငါ့ညီဆိုတာနဲ့ မင်းငါ့ကို စွပ်စွဲနေတာကို သည်းခံနေမယ် ထင်မနေနဲ့!" အများပိုင်ပစ္စည်း ခိုးမှုက ထောင်ချခံရကာ ပစ်သတ်ခံရနိုင်သည်။ သူကိုယ်တိုင်လည်း ဘယ်လောက်ထိ ယူထားသည်ကို မသိပေမယ့် အထက်လူကြီးများ မမိခင်အထိ ရပ်မှာမဟုတ်တာတော့ သေချာသည်။

သူ့အမူအရာကို မြင်တော့ သူလုပ်ထားသည်ဆိုတာ ကျန်းကောရှန်က သိသွားသည်။

သူတင်မက ကျန်းကျင်းမင်၏ အမူအရာကလည်း ပြောင်းသွားသည်။

အလုပ်ရုံမှ ခေါင်းဆောင်တစ်ယောက်အနေနှင့် သူက ဂိုဒေါင်ကိစ္စများအတွက် တာဝန်ရှိသည်။ သူတို့သားအဖက လှည့်ကွက်အချို့ လုပ်ထားပြီး သူတို့ စက်ရုံမှ ယူထားသည်များက အချိန်အတော်ကြာ စားနေရန် လုံလောက်လိမ့်မည်။

သူတို့က ဒီအရာမျိုးကို မကြာခဏ လုပ်လေ့ရှိပြီး တစ်ခါထက် တစ်ခါ ပိုကျွမ်းကျင်လာကာ နောက်ရက်အနည်းငယ်တွင် ထပ်လုပ်ရန် စီစဉ်ထားသေးသည်။

ဟွမ်ယွီရှား၏တူ ကျန်းထျန်၏ နေရာကို ယူထားသောသူ ဟွမ်ကျင်းရှင်းက သကြားစက်ရုံတွင် အလုပ်လုပ်ချင်သော်လည်း စာမေးပွဲ မအောင်ခဲ့ပေ။ ဒါကြောင့် ဟွမ်ယွီရှား၏ အစ်ကိုကြီးက သကြားစက်ရုံမှ အလုပ်နေရာ ရောင်းလိုသော အလုပ်သမားများကို စုံစမ်းလိုက်ရာ ယွမ်ရှစ်ရာနှင့် စက်ရုံလက်မှတ် အချို့ကို ကမ်းလှမ်းထားသည်။

ဟွမ်မိသားစုတွင် အလုပ်သမားအဖြစ် ဟွမ်ယွီရှား၏ အစ်ကိုကြီး တစ်ယောက်သာ ရှိပြီး သူတို့က ကျန်းမိသားစုထက် ကလေးပိုများသည်။ သူတို့က လွန်ခဲ့သည့် ဆယ်နှစ်က ရခဲ့သော ငွေအားလုံးကို သုံးစွဲ ပြီးသည့်အတွက် ရွေးစရာမရှိဘဲ ကျန်းမိသားစုထံမှ ငွေတောင်းရသည်။

ကျန်းကျင်းမင်နှင့် ကျန်းကောပင်က မပေးချင်ပေမယ့် ဟွမ်ယွီရှား၏ အစ်ကိုကြီးက သူတို့မပေးလျှင် ဖြစ်ခဲ့သည့်ကိစ္စများကို ကျန်းထျန်ကို ပြောကာ အဆိုးဆုံး အနေနှင့် ရဲစခန်းကို သတင်းပို့မည်ဟု ခြိမ်းခြောက်ထားသည်။

ဘယ်လိုဖြစ်ဖြစ် သူ့သမီးက နစ်နာသူဖြစ်ကာ သူကလည်း တွန်းအားပေးခံရသူဟု ပြောနိုင်သည်။ ဘယ်သူက သူ့ကို အစထဲက ရှေ့ဆက်မတိုးဖို့ ပြောခဲ့တာလဲ?

ဒါပေမယ့် ကျန်းမိသားစုက ဒုက္ခရောက်လိမ့်မည်။ သူတို့က ဝေစုကို ခွဲယူခဲ့သည်။ သူတို့ သတင်းပို့လိုက်ပြီး ပေကျင်းက မိသားစုက သိသွားလျှင် ကံကောင်းတော့မည် မဟုတ်ပေ။

နှစ်ပေါင်းများစွာကပဲ ကားမောင်းနိုင်နေသည့် သူတွေက ဒီကိစ္စကို အလွတ်ပေးမည် မဟုတ်ပေ။

ကျန်းကျင်းမင်က ရွေးစရာမရှိဘဲ သူအခွင့်ကောင်း ယူခံနေရသည်ကို လက်ခံနေရသည်။

သူက ကျန်းထျန်ထံမှ အမွေစာအုပ်ကို ရမှသာ ယွမ်ရှစ်ရာတင်မက ယွမ်ရှစ်ထောင် တစ်သောင်း ရနိုင်မည် ဖြစ်သည်။

ဒါပေမယ့် မနေ့က ကိစ္စပြီးနောက်မှာ အချိန်တိုအတွင်း မဖြစ်န်ိုင်သည်ကို သိလိုက်သည့်အတွက် ကျန်းကျင်းမင်နှင့် ကျန်းကောပင်က စက်ရုံမှ အမှာများကို ထပ်စဉ်းစားနေခြင်း ဖြစ်သည်။

ဒါပေမယ့် ကုမိသားစုက သိသွားမည်ဟု သူက မထင်ထားပေ။

All Chapters