အခန်း(၉၀)
Vol. 8 Ch. 90
အားလုံးကို ထမင်း မြန်မြန်စားခိုင်းပြီး ကျန်းကျင်းမင်က ဟွမ်ယွီရှားကို ကျန်းကောရှန်ကို ပင်မအခန်း ခေါ်သွားရန် ပြောလိုက်သည်။
ကျန်းကောပင်က စိတ်ရှုပ်နေသည်။ "အဖေ ကျွန်တော် အဲ့ဒီနှစ်ယောက် ဌာနမှူးကျောက်ရဲ့ ရုံးခန်းထဲ ဝင်သွားတာ တွေ့လိုက်တယ်။ သူတို့ သတင်းသွားပို့တယ် ထင်လား?"
ကျန်းကျင်းမင်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူလည်း မသေချာပေ။
ဟွမ်ယွီရှားက ကျန်းကောရှန်ကို အထဲခေါ်သွားကာ နားထောင်ချင်ပေမယ့် ကျန်းကျင်းမင်က လက်ကာ ပြလိုက်သည်။
ကျန်းကျင်းမင်က ကျန်းကောရှန်ကို ကြည့်၍ မေးလိုက်သည်။ "ဒုတိယကလေး ကုမိသားစုက လူတွေ ဘာပြောသွားလဲ?"
ကျန်းကောရှန်က သူ့အိမ်မှ လောဘကြီးသူများကြောင့် သူပါ ပတ်သတ်နေသည်ကို တွေးကာ မျက်နှာထား တင်းမာနေသည်။သူက အလိုမကျစွာ ပြောလိုက်သည်။
"အစ်ကိုတို့ စက်ရုံက အထည်လိပ်တွေ ခိုးပြီး ပြန်ရောင်းစားတယ်တဲ့"
"အချက်အလက် ကျကျရော?"ကျန်းကောပင်က မေးလိုက်သည်။ "သူ အခြား ဘာတွေပြောသေးလဲ?"
ကျန်းကျင်းမင်က သူ့ကို ကြည့်ကာ မေးခွန်းပေါင်းများစွာ မေးချင်ပေမယ့် ဒုတိယသားရှေ့တွင် မမေးချင်ပေ။
ကျန်းကောရှန်က ပြောလိုက်သည်။ "အသေးစိတ်ပေါ့ အစ်ကိုကြီး၊ အစ်ကို အထည်လိပ် ဘယ်နှလ်ိပ်ကို စက်ရုံက ဘယ်ရက် ဘယ်လ ဘယ်နှစ်က ဘယ်အရောင်ကို ရောင်းခဲ့တယ်ဆိုတာ သိချင်လား?"
ဒီလို လှောင်ပြောင်ခံရတော့ ကျန်းကောပင်၏ မျက်နှာက ချက်ချင်းပျက်သွားသည်။
ဒါပေမယ့် ကျန်းကောရှန်က ဆက်ပြောလိုက်သည်။ "အခြား ကိစ္စတွေကတော့ ကုမိသားစုက အကုန်သိနေတယ်ဆိုတော့ နောက်ပိုင်း ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ?"
"အဖေ၊ အစ်ကိုကြီး အစ်ကိုတို့က တကယ်ကို ကောင်းတယ်။ အစ်ကိုတို့က ကျွန်တော့် ဝမ်းကွဲ အလုပ်ရဖို့အတွက် ရှောင်စန်းရဲ့ အမွေစာအုပ်ကို အတင်းတောင်းခဲ့ပြီး သူ့ဘဝအကြောင်းပါ ပြောလိုက်သေးတယ်။နောက်ဆုံးတော့ အစ်ကိုတို့ကြောင့် ကုမိသားစုက ဒီကိစ္စတွေကို စုံစမ်းပြီး ခြိမ်းခြောက်လာနေပြီ"
"အဖေ ကျွန်တော်တို့လို သားအရင်းတောင် ဒီလိုမျိုး ဂရုစိုက်မခံရဘူး။ မသိတဲ့သူတွေက ဟွမ်ကျင်းရှင်းကို အဖေ့ရဲ့ တရားမဝင်သားလို့ ထင်နေတော့မှာပဲ!"
ကျန်းကောရှန်က လက်သီးဆုပ်ကာ အလိုမကျစွာ ပြောလိုက်သည်။
တူတစ်ယောက်က ဘယ်လောက်ပဲ ကောင်းကောင်း မိသားစုလောက်ပဲ ကောင်းပါ့မလား?
ကျန်းကောရှန်က တကယ်ပဲ ကျန်းကျင်းမင် ဘာတွေးနေသည်ကို သဘောမပေါက်ပေ။ သူက သူ့ကို ဂရုစိုက် မထောက်ပံနိုင်သော တူတစ်ယောက်အတွက် သူ့မိသားစုကို ဒီအခြေအနေရောက်အောင် ဖျက်စီးနေသည်။
ကျန်းကျင်းမင်က အတော်ကြာကြာ တိတ်ဆိတ်နေသည်။
ကျန်းကောရှန်က အလွန် ဒေါသထွက်မိသဖြင့် ခေါင်းမူးလာသလိုပင် ခံစားရသည်။ ကုလျန်ရွှမ်၏ စကားကို ကြားချိန်က မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သည်။တစ်ခုခု မှားသွားလျှင် အလုပ်ပြုတ်မည်က ဒုတိယဖြစ်သည်။ အဖမ်းခံရကာ ထောင်ချခံရမည်က သေချာသည်။
သူ့မိန်းမ လျိုစန်းချောင်ကိုလည်း ပတ်သက်လာပြီး သူ့ကလေးများကလည်း လူထု၏ ပြစ်တင်ရှုံ့ချမှု ခံရမည်။
ကျန်းကောရှန်က အနည်းငယ် ကြောက်ရွံလာကာ ချက်ချင်း လျိုစန်းချောင်၏ မိဘအိမ်သို့ ထွက်သွားလိုက်သည်။
ဟွမ်ယွီရှားက ဒါကိုမြင်တော့ အိမ်ပြင်ပြေးထွက်ကာ တံခါးအထိ လိုက်ခဲ့ပြီး အလျင်အမြန်သွားနေသော ကျန်းကောရှန်၏ နောက်ကျောကိုကြည့်ကာ ခြေဆောင့်လိုက်သည်။
"သူ ဘာပြောလိုက်တာလဲ? ကျင်းမင်က တစ်ခုခု ပြောလိုက်တာပဲ!" ဟွမ်ယွီရှားက ပင်မအခန်းကို ပြေးလိုက်သည်။ "ကျင်းမင် ဒုတိယသားက မိန်းမအိမ်ကို သွားပြန်ပြီ၊ ရှင် ဘာပြောလိုက်ပြန်တာလဲ?"
ကျန်းကျင်းမင်က သူမကို အေးစက်စွာကြည့်ကာ ပြောလိုက်သည်။ "သွားပါစေ။ ငါ့မှာ သူ့လိုသား မရှိဘူး။ငါအသက်ကြီးရင်လည်း သူထောက်ပံပေးဖို့ မမျှော်လင့်ထားဘူး"
ကျန်းကောပင်က သူလုပ်ထားသည့်အရာများ ပေါ်သွားမည်ကို ကြောက်သောကြောင့် နှုတ်ခမ်းများ တုန်နေသည်။ ဟွမ်ယွီရှား၏ အသံကြောင့် သူက အသိပြန်ဝင်လာကာ ကျန်းကျင်းမင်ကို မေးလိုက်သည်။ "အဖေ ကျွန်တော်တို့ ဘာလုပ်သင့်လဲ?"
ကျန်းကျင်းမင်က သက်ပြင်းချလိုက်သည်။ "ကုမိသားစုက သွားရှုပ်ဖို့ မလွယ်ဘူး"
သူက ကုမိသားစုဝင်များကို နယ်မှလူများ ဖြစ်သည့်အတွက် အထင်သေးကာ ခမည်းခမက်များအဖြစ် အသ်ိအမှတ် မပြုလိုသော်လည်း တကယ်တမ်းတော့ ကုမိသားစုက သွားရှုပ်ရန် မလွယ်ပေ။
ကုမိသားစု မျိုးဆက်သုံးခုက တပ်ထဲတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကုချန်ချင်းက တပ်ရင်းမှူးအဆင့်ထိ ရောက်ခဲ့သည်။ ကုလျန်ရွှမ်က ငယ်စဉ်က တပ်မှူးအဆင့် ဖြစ်ခဲ့ပြီး သူသာ တာဝန်အတွင်း ခြေထောက် မထိခိုက်ခဲ့လျှင် အခုအချိန် အနည်းဆုံးတော့ တပ်စုခေါင်းဆောင် ဖြစ်နေလောက်သည်။ သူသာ နောက်ထပ် တစ်နှစ် နှစ်နှစ် ပြသနာ မရှိဘဲ နေနိုင်ခဲ့လျှင် တပ်ရင်းမှူး သို့မဟုတ် တပ်ခွဲမှူး ဖြစ်နေလောက်သည်။
ဒါပေမယ့် ကျန်းမိသားစုတွင်တော့ တပ်ထဲဝင်ချင်သူ မရှိသည့်အတွက် ကုမိသားစု၏ အဆက်အသွယ်များ အသုံးချစရာ မရှိပေ။
တစ်ဖက်တွင် ကုမိသားစုက ယခု ခက်ခဲသည့် အခြေအနေ ဖြစ်ကာ ငွေလိုအပ်နေသည်။ ကျန်းမိသားစုက သူတို့နှင့် ရင်းနှီးလျှင် သူတို့က ဂုတ်သွေးစုပ်လိမ့်မည်။
ဒါကြောင့် ကျန်းကျင်းမင်က ကုမိသားစုအပေါ် တစ်ခါမှ အကောင်း မမြင်ခဲ့ပေ။
ဟယ်လီကျွင်းက ကုအိမ်၏ အလုပ်ကို သူ့သားကို ပေးခဲ့သည်က်ို သိထားသော်လည်း ကျန်းကျင်းမင်က ကုမိသားစုကို အသိမပေးပေ။
ဒါပေမယ့် ကုမိသားစုက သွားရှုပ်ရန် မလွယ်ကြောင်း ကျန်းကျင်းမင်က ကောင်းကောင်း သိလိုက်သည်။
ကုမိသားစုတွင် လူစွမ်းကောင်း နှစ်ယောက်ရှိပြီး လေးယောက်က တပ်ထဲတွင် တာဝန် ထမ်းဆောင်ခဲ့သည့်အတွက် သူတို့က ဖြောင့်မတ်သော မိသားစု ဖြစ်သည်။
ကျန်းကျင်းမင်က သက်ပြင်းချလိုက်သည်။ "အခု မတွေးနဲ့ဦး"
အမွေစာအုပ်ကလည်း ချက်ချင်း မရနိုင်သေးသလို စက်ရုံမှ အထည်လိပ်များကလည်း ခိုးထုတ်၍ မရသေးပေ။
ကျန်းကောပင်က သူအဖေ၏ ဆိုလိုရင်းကို သဘောပေါက်ပေမယ့် လက်မခံနိုင်သေးပေ။ "အဖေ သူတို့က ကျွန်တော်တို့ကို လှည့်စားနေတာ ထင်တယ်"
ကျန်းကောပင်က ဒီလိုပြောနေပေမယ့်လည်း ကုမိသားစုက ဒီထက်ပ်ိုပြီး သိနိုင်သည် ဆိုသည်ကို သ်ိနေသည်။
သူ၏ ယခု အမူအရာက ကြောက်လန့်မှုကြောင့် ဆိုတာ ပေါ်လွင်နေသည်။
ကျန်းကျင်းမင်က ခေါင်းခါလိုက်ပြီး ဘာမှမပြောတော့ပေ။ သူက စီးကရက်ကို မီးညှိလိုက်သည်။ဆေးလိပ် သောက်နေရင်းနဲ့ပဲ အဖြေတစ်ခု စဉ်းစားမိကာ အခန်းအလယ်တွင် ရပ်နေသော ဟွမ်ယွီရှားကို လှည့်ကြည့်လိုက်သည်။
"ဒီရက်တွေမှာ အချိန်ယူပြီး လမုန့်နည်းနည်းနဲ့ အသားနှစ်ပိဿာလောက် ဝါ်ပြီး ကုမိသားစုအိမ်ကို သွားကြည့်လိုက်။ အရင်ဆုံး အလျော့ပေးကြတာပေါ့"
ဟွမ်ယွီရှားက ခေါင်းငြိမ့်လိုက်ပြီး မေးလိုက်သည်။ "ဒါဆို ကျန်းထျန်က လက်မခံရင်ရော?"
မနေ့က ကိစ္စကြီး ဖြစ်သွားခဲ့သည်။ ကျန်းထျန်၏ အမူအရာအရ ရွှီကျင်းဖန်သာ မတားခဲ့လျှင် သူမက ပုဆိန်ကို ယူပြီး တစ်အိမ်လုံးကို ဖြိုချပစ်လောက်သည်။
"ဒါဆို မကြာခဏသွားပေါ့။ဘာပဲ ဖြစ်ဖြစ် သူက သွားစရာ မရှိတဲ့ မိန်းကလေး တစ်ယောက်ပဲ။ မိဘတွေကို မှီခိုဖို့ လိုသေးတယ်"
ကျန်းကျင်းမင်က ဆေးလိပ်ပြာကို အဝတ်တွင် သုတ်လိုက်ပြီး မျက်လုံးမှ်ိတ်ကာ အသက်ပြင်းပြင်းရှူ၍ ဆေးလိပ်ငွေ့များ မှုတ်ထုတ်လိုက်ပြီး ချောင်းနှစ်ကြိမ်ဆိုးကာ ဆက်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငွေတွေက အမွေစာအုပ်ထဲမှာပဲ။ ငါဘဏ်က လူယုံကို အကူအညီတောင်းထားတယ်။ တကယ်လို့ ကျန်းထျန်က ငွေလာထုတ်ရင်ချက်ချင်း သိရမှာပဲ"
ကျန်းကောပင်က လက်မခံနိုင်သေးပေမယ့် ဒါက ယခုအချိန်တွင် အသင့်တော်ဆုံးဟု နားလည်သည်။ ငွေတွေက သူတို့လက်ထဲ မရောက်ဘူးဆိုရင်တောင် ကျန်းထျန်နှင့် ကုမိသားစုက မသုံးသင့်ပေ။
ဒါပေမယ့် ဟွမ်ယွီရှားက အခြားတစ်ခုကို စိတ်ပူနေသည်။ "ကျင်းမင် ကျင်းရှင်းရဲ့ အလုပ်ကိစ္စကရော?"
ကျန်းမိသားစုက ငွေကို ထုတ်ယူနိုင်ခဲ့လျှင်တောင် ယွမ်ရှစ်ရာက အဆုံးသတ် ပေါင်းလဒ် ဖြစ်ပြီး ငွေထုတ်ယူရန် အများကြီး ကုန်ကျလိမ့်မည်။
ထပ်ပြောရလျှင် စတုတ္ထကလေး ကျန်းကျွင်းဖန် အထက်တန်းဘွဲ့ရရန် ကျန်းကျင်းမင်က ငွေအများကြီးသုံးကာ လူစားထိုး ရှာခဲ့သည်။ နောက်ပိုင်းမှာ သူ သကြားစက်ရုံကို ဝင်ရန် ငွေသုံးခဲ့ရသေးသည်။နောက်ထပ် ယွမ်ရှစ်ရာထပ်သုံးရန် ကျန်းမိသားစုအတွက် တကယ် ခက်ခဲသည်။
ဒါကိုကြားတော့ ကျန်းကောပင်၏ မျက်နှာက ပြိုလဲသွားသည်။ သူက မတ်တပ်ထရပ်ကာ အဝတ်အစားများကို ပြန်ပြင်ဆင်လိုက်ပြီး ထွက်သွားလိုက်သည်။
ဒါက သူ မပေးချင်ဘူးဆိုတာ သေချာစွာ သိနိုင်သည်။
ကျန်းမိသားစုတွင် အလုပ်သမား ခြောက်ယောက်ရှိပြီး ကျန်းကျွင်းဖန် ပြီးနောက်တွင် ခုနစ်ယောက် ဖြစ်သည်။ဒါက အထင်ကြီးစရာ ဆိုပေမယ့် ကျန်းကျင်းမင်နှင့် ဟွမ်ယွီရှားတွင် တကယ်ကို ငွေအများကြီး မရှိပေ။
ပထမဆုံးသားက ကျန်းကျင်းမင်နှင့် ဟွမ်ယွီရှား၏ တန်ဖိုးအထားဆုံး ဖြစ်သည်။ ကျန်းကောပင် အလုပ်စလုပ်ချိန်ကပဲ အသုံးစရိတ် ငွေများမှလွဲ၍ ဟွမ်ယွီရှားနှင့် ကျန်းကျင်းမင်ကို ပေးသည်က ရှားသည်။
သူက ဆွန်းရှောင်ကျူး၏ လစာထက်ဝက်ကို ပေးကာ ကျန်ထက်ဝက်ကို သူ့အတွက်သူ သိမ်းထားပြီး ဒါကလည်း ကျန်းကျင်းမင်နှင့် ဟွမ်ယွီရှား လက်ခံထားသောအရာ ဖြစ်သည်။
ဒုတိယအိမ်မှ ကျန်းကောရှန်က သူ့အဘိုး၏ အလုပ်ကို ဆက်ခံကာ လျိုစန်းချောင်က သူ့အမေဘက်မှ အလုပ်ကို ဆက်လုပ်သည်။ ဆွန်းရှောင်ကျူးကဲ့သို့ သူတို့က လစာထက်ဝက်ကို ပေးကြသည်။
ကျန်းကျင်းမင်က သူ့ကိုယ်ပိုင်လစာကို ဟွမ်ယွီရှားကို မပေးပေ။ သူက သူ့လစာထက်ဝက်နှင့် ဟွမ်ယွီရှား၏ လစာကိုပေါင်းကာ မိသားစုတစ်ခုလုံး၏ အစားအသောက် အဝတ်အစားနှင့် သွားလာရေးအတွက် သုံးရသည်။ မလွယ်ကူသော အရာဆိုသည်ကို တွေးကြည့်၍ ရနိုင်သည်။
ဟွမ်ယွီရှားက သူ့အမေဘက်မှ အကိုကြီးကို ထောက်ပံ့ရန် မကြာခဏ ငွေသုံးရသည်။ လစာရသည့် နေ့ဆိုလျှင် သူက ကုန်စုံဆိုင်တွင် အစားအသောက်များ ဝယ်ကာ သူမမုန့်ဖိုးများကို သုံးရသည့်အတွက် ဟွမ်ယွီရှားတွင် ဘာမှ မကျန်တော့ပေ။
ဆရာကျန်း အသက်ရှိနေစဉ်က ဟွမ်ယွီရှားက ထိုနေရာကို မျက်စိကျခဲ့ပေမယ့် အကြောင်းအရင်း အမျိုးမျိူးကြောင့် ဆရာကျန်းနှင့် ကလေးနှစ်ယောက်က အဆင်မပြေဖြစ်လာကာ သူက မိသားစုနှစ်ခုလုံးကို မကြိုဆိုပေ။ဟွမ်ယွီရှားက မကြာခဏသွားပေမယ့် လစ်လျူရှု ခံရကာ အဘိုးကြီးက ရက်စက်ပြီး သူမက သူ့ထံမှ ဘာအကျိုးအမြတ်မှ မရနိုင်သည်ကို သိရတော့ သူမက လက်လျော့လိုက်သည်။
ဒါကြောင့် ကျန်းမိသားစုက ကြွယ်ဝချမ်းသာပုံ ပေါ်နေပေမယ့် တကယ်တန်းတော့ ငွေအများကြီး မရှိပေ။
ဟွမ်ယွီရှားက အလုပ်အကြောင်းပြောတော့ ကျန်းကျင်းမင်က မျက်မှောင်ကြုတ်လိုက်သည်။ သူက စီးကရက်ထက်ဝက်ကို ကုန်အောင်သောက်လိုက်ကာ စိတ်မရှည်စွာ ပြောလိုက်သည်။
"အိမ်မှာ ငွေဘယ်လောက်ရှိလဲ? ထက်ဝက် ယူသွားလိုက်။မလောက်ဘူးဆိုရင် မင်းက နာရီကို အမြဲမှမဝတ်တာ သွားရောင်းလိုက် ပြီးတော့ မီထောင်ရဲ့ နာရီကိုလည်း ရောင်းလို့ရတယ်"
ဟွမ်ယွီရှားက ချက်ချင်း ပြန်ပြောလိုက်သည်။ "ကျွန်မက နာရီဝယ်ထားတာ မကြာသေးသလို ဘယ်နှခါမှ မဝတ်ရသေးဘူး။ ပြီးတော့ မီထောင်ရဲ့ ပစ္စည်းကို ယူရင် သူက ပြသနာရှာမယ် မဟုတ်လား?"
ကျန်းကျင်းမင်က သူ့ကိုကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။ "ဒါဆို ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ?"
"မင်းအမေဘက်က တူကို ဂရုမစိုက်ချင်ဘူးဆိုရင် အလုပ်ထွက်ပြီး နယ်ဘက်ကို သွားလိုက်!" ကျန်းကျင်းမင်က စိတ်မကြည်လင်စွာပြောလိုက်သည်။
ဟွမ်ယွီရှား၏ နှုတ်ခမ်းများက တုန်လှုပ်သွားကာ သူမက ဘာမှမပြောရဲတော့ပေ။ သူမမိသားစုက အတိတ်က ရှက်စရာ အမှားကို အသုံးချကာ ငွေတောင်းနေသည်က မှားနေသော်လည်း သူတို့က ပစ်ပယ်ထားလို့ မရပေ။
နောက်တစ်ရက်မှာတော့ ကျန်းကောပင်က အလုပ်လုပ်နေချိန်တွင် ရုတ်တရက် ဝင်ရောက်စစ်ဆေးမှုနှင့် ကြုံရသည်။
သူက မနေ့က ဖြစ်ခဲ့သည်များကို ချက်ချင်း တွေးမိသွားသည်။ သူ့မျက်နှာက ဖြူဖျော့သွားပေမယ့် ရင်ထဲတွင် မျှော်လင့်ချက် ရှိနေသေးသည်။
ကံကောင်းစွာနဲ့ သူက ဂိုဒေါင်မှ အမှာများကို ထိရန် အချ်ိန် မရခဲ့ပေ။
အထက်လူကြီးများက ကျောက်ချန်ကျင်းထံမှ တိုက်တွန်းခံရခြင်း ဖြစ်သည်။ ဒီအမှာက စက်ရုံ၏ တတိယအပိုင်းတွင် အကြီးဆုံးအမှာ ဖြစ်ပြီး မြို့ပေါ်စက်ရုံမှ အမှာဖြစ်သည်။ ခေါင်းဆောင်များက ဒီကိစ္စကို အလေးထားကာ အချိန်ယူပြီး အလုပ်ရုံနှင့် ဂိုဒေါင်များကို စစ်ဆေးခဲ့သည်။
အဆုံးမှာတော့ ပြသနာ အနည်းငယ် သိရှိခဲ့ရပြီး ကျောက်ချန်ကျင်းက အထက်လူကြီးများထံမှ ချီးကျူးခြင်းများ ခံခဲ့ရသည်။
နောက်ပိုင်းတွင် ကျန်းမိသားစုက ခဏတာ ငြိမ်သက်စွာ နေခဲ့သည်။
***
ကုလျန်ရွှမ်က ဝက်နံရိုးချိုချဉ်ဟင်းနှင့် အိမ်ပြန်ချိန်တွင် ကျန်းထျန်ကလည်း အဖျား မရှိတော့ပေ။
တံခါးနား ရောက်ချိန်တွင် ကုလျန်ရွှမ်က ရွှီကျင်းဖန်၏ အသံကို ကြားရသည်။ "သမီး အသက်လေးနှစ်အရွယ်က အမေ လျန်ရွှမ်နဲ့အတူ ဦးလေးကျန်းကို လာတွေ့ခဲ့တာ မှတ်မိတယ်။ အဲ့ဒီအချိန်က သမီးက အမေ့ခြေထောက်လောက်တောင် အရပ်မရှည်သေးဘူး။ သမီး အမေ့နားလာပြီး ချိုချဉ် ပေးခဲ့တယ်လေ"
ဒါက ထူးဆန်းသည်။ ရွှီကျင်းဖန်သာ ဒီနေ့ မပြောခဲ့ဘူးဆိုရင် သူမက မူလခန္ဓာကိုယ်ပိုင်ရှင်၏ ခြောက်နှစ်မတိုင်ခင်က မှတ်ဉာဏ်များကို မှတ်မိမည် မဟုတ်ပေ။
သူမ အသက်ခြောက်နှစ်အရွယ်က အပြင်းဖျားခဲ့သောကြောင့် ကလေးတစ်ယောက်၏ မှတ်ဉာဏ်များကို မေ့သွားသည်ဟု ကျန်းထျန်က ခန့်မှန်း မိသည်။
ဒါပေမယ့် လုံးဝမေ့သွားခြင်းက အနည်းငယ် ပုံမှန် မဟုတ်ပေ။
ဒါပေမယ့် ကျန်းထျန်က ဒီလောကကစာအုပ်ထဲမှအတိုင်း ဖြစ်သည့်အတွက် သူက စိတ်ချမ်းသာစေရန် လက်ခံလိုက်ရသည်။
နေရာလဲသွားသည့် ထူးဆန်းဖြစ်ရပ်မျိုး ဖြစ်သွားပြီး စာအုပ်ထဲမှ ဇာတ်ကြောင်း မဟုတ်သည့်အရာများ ဖြစ်လာပြီး သူမ၏ အထူးစွမ်းအင်များပင် ပျောက်သွားသည့်အတွက် အတိတ်မေ့သည့် ကိစ္စမျိုးက ဘာမှမဟုတ်တော့ပေ။
ကုလျန်ရွှမ်က ဝက်နံရိုးချိုချဉ်ကိုကိုင်ကာ တံခါးကို တွန်းဖွင့်လိုက်သည်။ "အမေ ကျွန်တော်ပြန်လာပြီ"
"လျန်ရွှမ် ပြန်ရောက်ပြီ။ ထမင်းဘူးထဲ ဘာတွေပါလဲ?"
ကျန်းထျန်က အစားအသောက် ကြိုက်သည့်အတွက် ရွှီကျင်းဖန်က ဒါကိုအရင် မေးလိုက်ခြင်း ဖြစ်သည်။
ကျန်းထျန်က ခေါင်းလှည့်ပြီး ကုလျန်ရွှမ်လက်ထဲမှ ထမင်းဘူးကို ကြည့်လိုက်သည်။
"ဝက်နံရိုးချိုချဉ် ပါ" ကုလျန်ရွှမ် စကားဆုံးတော့ ကျန်းထျန်၏ မျက်လုံးများက အရောင်လက်သွားသည်။
ရွှီကျင်းဖန်က ပြုံးကာ အိပ်ယာမှ ထလိုက်သည်။ "ကောင်းတယ်။အမေ ထမင်းနည်းနည်း နွှေးလိုက်ပြီး ငါးစွပ်ပြုတ် လုပ်လိုက်မယ်။ ဒီနေ့ အခန်းထဲမှာ စားလိုက်နော် ထျန်ထျန် "
ရွှီကျင်းဖန်က ထမင်းဘူးကို ယူသွားလိုက်သည်။ထွက်မသွားခင် သူမက အဖုံးဖွင့်ကာ အထဲမှ ဝက်နံရိုးများကို ကျန်းထျန်ကို ပြလိုက်သည်။
"ကိုယ် အမြန်ပြန်လာခဲ့ရလို့ ဝက်နံရိုးပဲ ဝယ်နိုင်ခဲ့တယ်"
ကုလျန်ရွှမ်က ထိုင်လိုက်ကာ ကျန်းထျန်ကို ရှင်းပြလိုက်သည်။
ကျန်းထျန်က ခေါင်းခါကာ သူ့ကိုကြည့်လိုက်သည်။ "ရှင် အများကြီး ဝယ်ခဲ့တာပဲ။ ကျွန်မ စားစရာတွေက အခုအရသာ မရှိဘူး။ နောက်တော့မှပေါ့..."
နောက်တစ်ခါမှဟု ကျန်းထျန်က ပြောနေပေမယ့် သူမက ထွက်သွားရန် ဆုံးဖြတ်ထားသည့်အတွက် နောက်တစ်ခါဆိုတာ မရှိနိုင်တော့ပေ။
ကျန်းထျန်က တိတ်ဆိတ်နေသည်ကို တွေ့တော့ ကုလျန်ရွှမ်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။ "မကြာခင် ဆောင်းဦးလယ် ပွဲတော် ရောက်ပြီ။ အဖွဲ့အစည်းနဲ့ ခရိုင်မြို့မှာ ဘုရားပွဲတွေ လုပ်ကြလိမ့်မယ်။ မင်း နေကောင်းသွားရင် သွားကြည့်လို့ရတယ်"
ကျန်းထျန်၏ ခေါင်းက ရုတ်တရက် မော့လာသည်။
ဒီအခွင့်အရေးကို အရယူပြီး ရွှီကျန်းမြို့က ထွက်သွားလို့ ရနိုင်တယ်။
"ဘုရားပွဲမှာ လူများလား?"ကျန်းထျန်က မေးလိုက်ပြီး ထိုအကြောင်းကို ကာပြောလိုက်သည်။ "ကျွန်မ အရင်က တစ်ခါမှ မရောက်ဖူးဘူး"
သူမက မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို တွေးကြည့်တော့ သူက ပျော်ပွဲရွှင်ပွဲများကို သဘောကျပုံ မရပေ။
"အများကြီးပဲ ဒါကြောင့် အဲ့အချိန်ကျရင် အဝေးကြီး မသွားနဲ့။ ဘုရားပွဲမှာက မလုံခြုံဘူး"
ထိုနေရာလေးတွင် လူရမ်းကား လူမိုက်များက လူထုကို အသုံးချကာ ပစ္စည်းများ ခိုးယူပြီး မကောင်းမှုလုပ်ရန် အခွင့်အရေး စောင့်ကာ လူထုထဲတွင် ပုန်းနေကြသည်။
လူကုန်ကူးသူများလည်း ရောထွေးနေနိုင်သည်။နောက်ဆုံး ရထားစီးခဲ့စဉ်က ကြုံတွေ့ခဲ့ရသည့်အတွက် ကုလျန်ရွှမ်က "လူကုန်ကူးသူ" ဆိုသည့်စကားကို စိတ်စွဲနေသည်။
ညစာကိုတော့ ကျန်းထျန်က ခုတင်ပေါ်တွင်သာ စားခဲ့သည်။
အံ့သြစရာ ကောင်းစွာ ကုလျန်ရွှမ်က သူ့ကို ဇွန်းနှင့် တူနှင့် ခွံ့ကျွေးခဲ့သည်။
ဒီတစ်ခါ ကျန်းထျန်၏ လက်မောင်းမှ နာကျင်မှုက တောဝက်ဖမ်းခဲ့ချိန်ကထက် ပိုပြင်းထန်သည်။ ရက်အနည်းငယ် ကြာပေမယ့် အားမရှိသေးဘဲ သူ့လက်တွေက နာကျင်ကိုက်ခဲနေကာ အရိုးများကြားမှ နာကျင်နေသည်။
ရွှီကျင်းယောင်က ရွှီကျင်းဖန် နေစေလိုသောကြောင့် ကုအိမ်တွင် နေထိုင်စားသောက်နေသည်။ "အစ်ကို ဒီမှာ ခဏနေပါ။ အဖွဲ့ခြောက်နဲ့ အဖွဲ့ရှစ်က သိပ်မဝေးလို့ စောစောထပြီး ကျောင်းသွားလို့ရတယ်။ အစ်ကို့ကို အားရှိစေချင်လို့ပါ။ အိမ်က ငါးတွေ အားလုံး စားမသွားရင် မကောင်းဘူး။ အသားတွေနဲ့ မုန့်တွေကတော့ ဝေမျှပြီး စားလိုက်ပါ"
ရွှီကျင်းယောင်က ဘာထပ်ပြောနိုင်မှာလဲ? သူက အိမ်မှ အစားအသောက်အိတ်ကို ယူကာ သူ့သားများနှင့် သူတို့ဇနီးများကို သူက နောက်တစ်လလောက် နေနိုင်ကြောင်း ပြောခဲ့သည်။
ခန္ဓာကိုယ် အာဟာရဖြစ်ရန်က ဒုတိယဖြစ်သည်။ သူက ဒီမှာနေလျှင် အကူအညီ ရလိမ့်မည်။ ကျန်းမိသားစုက စိတ်မပြောင်းနိုင်ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ?