← Chapters

အခန်း(၉၃)

Vol. 8 Ch. 93

အခန်း(၉၃)

Vol. 8 Ch. 93

ကုလျန်ရွှမ်က ကျောလှည့်ကာ ခန္ဓာကိုယ်ကို ငုံ့ပေးလိုက်သည်။ "တက်လိုက်။ နေ့လည်စာ သွားစားကြမယ်"

ကျန်းထျန်က လက်ချောင်းများကို ဆုပ်ကိုင်ကာ ခဏတာ တွေဝေနေသည်။ သူမ၏ ဆုံးဖြတ်လျက် မချရသေးသော စိတ်က ချက်ချင်း ရိုက်ခတ်လာသည်။ သူမ မျက်လုံးတွေက မျက်ရည်ဝဲလာပြန်သည်။ သူမက ကုလျန်ရွှမ်၏ ကျောပေါ်တက်ကာ လည်ပင်းကို ဖက်လိုက်သည်။

"ဝက်နံရိုး ချိုချဉ် စားချင်တယ်" သူမအသံက ငိုသံ ပါနေသည်။

"ဟုတ်ပြီ" ကုလျန်ရွှမ်က ကျန်းထျန်၏ ဒူးကို မကာ မတ်တပ်ရပ်လိုက်ပြီး မျက်နှာချင်းဆိုင်မှ စားသောက်ဆိုင်သို့ ထွက်လာခဲ့သည်။

လမ်းတွင် အလျင်စလို လာနေသော ကုလျန်မင်နှင့် ကျန်းရှို့ရှန်တို့နှင့် ဆုံခဲ့သည်။ သူတို့က ကုလျန်ရွှမ်က ချိုင်းထောက်မသုံးဘဲ ကျန်းထျန်ကို ကျောပိုးလာသည်ကို မြင်ရတော့ အံ့သြမှုကြောင့် သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ပါးစပ်များ ဟသွားကြသည်။

ကုလျန်မင်က ပြောလိုက်သည်။ "အစ်ကိုကြီး...အစ်ကိုကြီး...." အစ်ကို့ ခြေထောက်က ဘယ်လို ပြန်ကောင်းသွားရတာလဲ?

ကျန်းရှို့ရှန်ကလည်း အလွန် အံ့သြသွားသည်။ "အစ်ကို့ ခြေထောက်က လုံးဝ ကောင်းသွားတာလား?" သူက ပုံမှန်လူ ကဲ့သို့ ဖြစ်နေပြီး ခြေမသန်သူ ဖြစ်ခဲ့သည်ဟုပင် မပြောနိုင်လောက်ပေ။

ဒါက အလွန် ထူးဆန်းသည်။

ကုလျန်ရွှမ်က ထိုစကားများကို ကြားရတော့ အံ့သြသွားကာ ရပ်လိုက်သည်။

ဟုတ်တယ်။ သူ့ခြေထောက်က ဘယ်လိုများ ပြန်ကောင်းသွားတာလဲ?

သူက မနေ့က ပြန်လည် ကျန်းမာလာရန် လေ့ကျင့်ခန်း လုပ်စဉ်က တစ်ခုခုနှင့် ပစ်ခံရသလို ခံစားရပြီး လှုပ်ရှားလိုက်တိုင်း အားမပါသလို ခံစားရသည်။

ကျန်းထျန်က ကုလျန်ရွှမ်၏ ပခုံးနောက်တွင် ကွယ်နေပြီး အသံ မထွက်ရဲပေ။ ဒါပေမယ့် သူမက အတော်ကြာ ငိုထားသည့်အတွက် ယခု သူမ ရပ်လိုက်ချင်လျှင်တောင် ငိုထားသော ပုံစံကို ဖျောက်၍ မရပေ။

ဒါကြောင့် အောင်မြင်စွာပဲ အာရုံစိုက်မှု ရသွားကာ ကုလျန်မင်၏ မျက်နှာမှ အံ့သြမှုက စိတ်ပူပန်မှု အဖြစ်သို့ ပြောင်းလဲသွားသည်။ "အစ်ကို ယောက်မက ဘာဖြစ်တာလဲ? သူ တကယ်ပဲ အနိုင်ကျင့်ခံရတာလား?"

"အဲ့ဒီ လူတွေနဲ့ သွားရှင်းရအောင်!"

ကျန်းရှို့ရှန်က ခေါင်းငြိမ့်လိုက်သည်။ "ဒီကိစ္စကို ရှင်းရမယ်"

ကုလျန်ရွှမ်က တွေဝေနေရာမှ အသိဝင်လာသည်။ "အရင်ဆုံး နေ့လည်စာ သွားစားရအောင်။ ရှို့ရှန် ဝက်နံရိုးချိုချဉ် လုပ်ပေးနိုင်မလား?"

"ပြဿနာ မရှိပါဘူး" ကျန်းရှို့ရှန်က လက်ခံလိုက်သည်။

သူတို့ လေးယောက်က ကျန်းရှို့ရှန်၏ စားသောက်ဆိုင်သို့ သွားခဲ့ကြသည်။ ကုလျန်ရွှမ်က ဟင်းပွဲ အနည်းငယ် မှာလိုက်ပြီး ကျန်းရှို့ရှန်က အစားအသောက်စာရင်းကို မီးဖိုခန်းထဲ ယူသွားကာ ကိုယ်တိုင် ချက်ပြုတ်ရန် သွားလိုက်သည်။

အစိုးရ ဟိုတယ်က အစွန်အဖျား နေရာတွင် ဖြစ်ပြီး အနားတွင် တည်းခိုခန်း အချို့သာ ရှိပြီး မျက်နှာချင်းဆိုင်တွင် ပို့ဆောင်ဆက်သွယ်ရေး အသင်းရှိပြီး ဘူတာရုံကို လာသော ခရီးသည်များသာ လာကြသည်။

ဒါပေမယ့် ကျန်းရှို့ရှန်က စားဖိုမှုးကောင်း ဖြစ်သည့်အတွက် မြို့ပေါ်မှ စားသုံးသူ အများက သူ့လက်ရာကို ကြိုက်သဖြင့် မကြာခဏ အစာစားရန် လာကြသည်။

ယခု ရက်များတွင် မြို့ပေါ်နှင့် အဖွဲ့အစည်းတွင် ဘုရားပွဲ ကျင်းပနေသည့်အတွက် ဟိုတယ်တွင် လာရောက်သူ ပိုနည်းသည်။

ကျန်းထျန်က ဟိုတယ် ဧည့်ခန်းနေရာတွင် အခြားနှစ်ယောက်နှင့် အတူထိုင်နေသည်။

ထိုင်လိုက်ပြီးနောက် ကုလျန်မင်က မြန်မြန် မေးလိုက်သည်။"ယောက်မ ဘာဖြစ်ခဲ့တာလဲ?"

ကျန်းထျန်က ငိုရှိုက်ကာ ခန္ဓာကိုယ်က တွန့်နေသေးပြီး သူ့ကိုယ်သူ မထိန်းနိုင်သေးပေ။ သူမ စကားပြောချင်လျှင်တောင် မပြောနိုင်ပေ။

ရေနွေးနွေး တစ်ခွက်က သူ့လက်ထဲ ရောက်လာသဖြင့် ကျန်းထျန်က တစ်ငုံသောက်လိုက်ရာ စိတ်ငြိမ်သွားသည်။

"ရှောင်းမင် ကိစ္စက ဖြေရှင်းပြီးပါပြီ။ မင်းယောက်မက အနိုင်ကျင့် မခံရပါဘူး။ သူက သန့်စင်ခန်း ရှာမတွေ့လို့ လမ်းပျောက်နေတာမလို့ အစ်ကိုတို့ စိတ်ပူနေမယ်လို့ တွေးမိပြီး ငိုလိုက်တာပါ" ကုလျန်ရွှမ်က ပြောလိုက်သည်။

ကုလျန်မင် - "...." သူမ မယုံကြည်ပေ!

ကုလျန်မင်က သူ့အစ်ကိုကြီး ကုလျန်ရွှမ်၏ လုပ်ကြံပြောသော အဖြေအပေါ် လုံးဝ မကျေနပ်ပေ။ သူမ၏ သံသယအကြည့်များက သူ့အစ်ကိုကြီးနှင့် ယောက်မကို ကြည့်နေသည်။

"ယောက်မ လမ်းပျောက် သွားတာလား?" ကုလျန်မင်က ကျန်းထျန်၏ အင်္ကျီစကို ဆွဲကာ မေးလိုက်သည်။

ကျန်းထျန်က ကုလျန်ရွှမ်ကို အကူအညီတောင်းသည့် အကြည့်နှင့် ကြည့်လိုက်သည်။

ကုလျန်ရွှမ်က မတ်တပ်ရပ်ကာ ကျန်းထျန်နှင့် ကုလျန်မင် အကြားကို ခုံရွှေ့လိုက်သည်။ သူက ကျန်းထျန်၏ လက်ကို ကိုင်ထားသော ကုလျန်မင်ကို ကြည့်လိုက်သည်။ "ဒီမှာ ထိုင်လို့ ရမလား?"

ဒါက မေးခွန်းဆိုပေမယ့် သူ့စကား၏ ဆိုလိုရင်းကို ကုလျန်မင်က ဘယ်လိုလို့ မသိဘဲ နေမှာလဲ?

အကြည့်ခံရသူက အကြည့်နှင့် နှိပ်စက်သည်ကို လက်မခံနိုင်သောကြောင့် လက်ပြန်သိမ်းလိုက်သည်။ ကုလျန်မင်က တ်ိတ်တဆိတ် နေရာရွှေ့လိုက်ကာ တိုးတိတ်စွာ ရေရွတ်လိုက်သည်။

"အစ်ကို အနည်းဆုံးတော့ ကျွန်မကို အရူးလုပ်ဖို့ သင့်တော်တဲ့ အကြောင်းပြချက် ပေးသင့်ပါတယ်။ ယောက်မက ဒီမြို့မှာ ကြီးလာတာလေ။ သူမက ဘယ်လိုများ ပွဲနေရာကနေ ဘူတာရုံအထိ လမ်းပျောက်ပြီး ရောက်သွားမှာလဲ? ကျွန်မကို အရူးလို့ ထင်နေတာလား?"

"မဟုတ်ဘူးဆိုတာ သိနေရင် အများကြီး ထပ်မမေးနဲ့"

ကုလျန်ရွှမ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ကုလျန်မင်က အလွန် ဒေါသ ထွက်နေသည်။

သူမက အလိုမကျသဖြင့် ခြေဆောင့်လိုက်သည်။

ကျန်းထျန်က ထိန်းမထားနိုင်ဘဲ ပြုံးမိသွားသည်။

ကျန်းရှို့ရှန်က ဟင်းပွဲ အချို့နှင့် ဖက်ထုပ်ပေါင်းနှင့် အသားပေါင်မုန့်များ ထပ်ထည့်ကာ အလျင်အမြန် ယူလာသည်။

ဖက်ထုပ်က တောင်ပိုင်းဒေသတွင် စားလေ့မရှိသလို ရွှီကျန်းမြို့မှ စားသောက်ဆိုင်များတွင်လည်း ရောင်းခဲသည်။ ဒါပေမယ့် ဖက်ထုပ်က အသားမထည့်ဘူး ဆိုလျှင်တောင် မကြိုက်သူ မရှိသော စားစရာ ဖြစ်သည်။

"အဖေက ဒီရက်ပိုင်း ဒါကို စားချင်နေတယ်။ အခုက ပိတ်ရက်တွေမလို့ စားသောက်ဆိုင်က ဟင်းပွဲ အသစ်တွေ တင်တယ်။ ဒါကြောင့် ကျွန်တော်နဲ့ အလုပ်သင် နှစ်ယောက်က အများကြီး ထုပ်ပိုး ထားတယ်။"

ကျန်းရှို့ရှန်က ထမင်းဘူးကို လက်ထဲ ကိုင်ထားသည်။ "အိမ်ကိုသွားပြီး အဖေ့ကို ဖက်ထုပ်သွားပေး လိုက်ဦးမယ်။ အစ်ကိုတို့ ဒီမှာ စားနေကြပါ။ မဝသေးရင် ကျွန်တော့် အလုပ်သင်ကို ခေါ်လိုက်ပါ"

"ဒါဆို ဖြည်းဖြည်းသွားပါ" ကုလျန်ရွှမ်က ပြောလိုက်သည်။

စားသောက်ဆိုင်တွင် သူတို့စားပွဲမှလွဲ၍ အခြားစားပွဲများမှ လူများက ထွက်သွားကြပြီ ဖြစ်သည်။မျက်နှာချင်းဆိုင် ထောင့်ဝိုင်းတွင် စားသောက်ဆိုင် ဝန်ထမ်းများက အတူတကွ စားသောက်နေကြသည်။

ကုလျန်မင်က အရသာ အပြည့်နှင့် ဟင်းပွဲအစုံကို ကြည့်ကာ ဘယ်အရာကို အရင်စားရမည် မသိဖြစ်နေသည်။

ကုလျန်ရွှမ်က ကျန်းထျန်ကို မေးလိုက်သည်။ "ထမင်းစားမလား ဖက်ထုပ်စားမလား?"

သူမက အကုန်စားချင်သည်ဟု ပြောရန် ရှက်နေသည်။

ဒါပေမယ့် ကုလျန်ရွှမ်က သူမ၏ သဘောကို နားလည်သည်။ သူက ပန်းကန်လုံးကို ယူကာ ထက်ဝက်လောက် ထမင်းထည့်လိုက်ပြီး ဖက်ထုပ် အနည်းငယ် ထည့်ကာ ကျန်းထျန်ရှေ့ ချပေးလိုက်သည်။

ကုလျန်ရွှမ်က ပျော်ရွှင်စွာ စားသောက်နေသော ကုလျန်မင်ကို ကြည့်ကာ ကျန်းထျန်ကို တီးတိုးပြောလိုက်သည်။

"အမေ့ကို မပြောပါဘူး။ စိတ်မပူပါနဲ့"

ကျန်းထျန်က စိတ်ရှုပ်ထွေးသွားကာ ဖက်ထုပ်စားနေသည်ကို ရပ်လိုက်ပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။

ကုလျန်ရွှမ်က တစ်ခုခုကို သိထားပုံရသည်ဟု သူမက အမြဲတမ်း ခံစားရသည်။

ဒါပေမယ့် နောက်တစ်ကြိမ် ပြန်တွေးကြည့်တော့ ဒါက မဖြစ်နိုင်ပေ။

ပြီးတော့ ကုလျန်ရွှမ်၏ ဒီနေ့ အမူအရာက ထူးဆန်းသည်။ သာမန်ဆိုလျှင် လက်ထပ်ထားသူ တစ်ယောက်က သူတို့ကို အသိမပေးဘဲ လက်မှတ်ဝယ်ကာ ထွက်သွားလျှင် ဒါကို ထွက်ပြေးသည် ဖောက်ပြန်သည်ဟု ထင်မိကြမည်။

ကောင်းသောအရာ မဟုတ်ပေ။

ဒါပေမယ့် ကုလျန်ရွှမ်က တကယ်ပဲ သူမအတွက် သင့်တော်တဲ့ အကြောင်းပြချက်ကို သိထားသည်တဲ့လား?

ပြီးတော့ သူက ကုလျန်မင်အရှေ့တွင် ကာပြောပေးခဲ့သေးသည်။

ကျန်းထျန်က ဖက်ထုပ်ကို ကိုက်လိုက်ကာ စားနေရင်း တွေးလိုက်သည်။

သူမက ဒီလိုတွေ ဖြစ်ပြီးနောက်မှာ ထွက်သွားနိုင်ဦးမလား?

ဒါပေမယ့် ထွက်မသွားလျှင် စာအုပ်ရဲ့ ဇာတ်ညွှန်းက ကုမိသားစုကို ဒုက္ခပေးရင်ရော?

အတွေးလွန်နေရင်း ကျန်းထျန်က ဗိုက်ပြည့်သွားတော့ တူကို ချလိုက်ကာ ကုလျန်မင် သူ့ကို စိုက်ကြည့်နေသည်ကို သတိမထားမိဘဲ နံရံကို ငေးကြည့်နေသည်။

"အစ်ကို ယောက်မရဲ့ မျက်လုံးတွေက ငိုထားလွန်းလို့ နီရဲနေပြီ။ အိမ်ပြန်ရောက်လို့ အမေမေးရင် ဘယ်လိုလုပ်မလဲ?"

ကုလျန်မင်က ပေါင်မုန့်ကို တစ်ကိုက် ကိုက်လိုက်ပြီး ကုလျန်ရွှမ်ကို မေးလိုက်သည်။

"ဒါကို ပြန်ရောက်တော့မှ ပြောကြတာပေါ့" ကုလျန်ရွှမ်က ပြောလိုက်သည်။

နေ့လည်စာ စားပြီးနောက် ကျန်းထျန်က အတွေးလွန်နေသည်ကို မြင်တော့ ကုလျန်ရွှမ်က မေးလိုက်သည်။ "အိမ် ပြန်ချင်လား?"

ကျန်းထျန်က သမ်းလိုက်သည်။ နေ့လည်စာ စားပြီးလျှင် တစ်ရေးအိပ်သည်က လွန်ခဲ့သည့်လများတွင် ရလာခဲ့သော အလေ့အကျင့် ဖြစ်သည်။ ပြီးတော့ သူမ ညက ကောင်းကောင်း မအိပ်ထားရသည့်အတွက် ထိုအချိန်တွင် အိပ်ငိုက်နေသဖြင့် ခေါင်းငြိမ့်လိုက်သည်။

ဟင်း အချို့က ကုန်သွားပြီး ထမင်းဘူးများက မသုံးရသေးသလို ငွေကလည်း ကြိုရှင်းပြီး ဖြစ်သည့်အတွက် ဝန်ထမ်းများကို အကြောင်းကြားရန် မလိုတော့ပေ။

ကုလျန်ရွှမ်က ငုံ့ပေးလိုက်ကာ ကျန်းထျန်က သူ့ကျောပေါ် တက်လိုက်သည်။

စားသောက်ဆိုင်မှ ထွက်လာပြီးနောက် ကျန်းထျန်က မျက်လုံးများကို ပွတ်နေသည်။ သူမက ကုလျန်ရွှမ် ပြောလိုက်သည်ကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ "မင်း မနက်ဖြန် ထပ်လာချင်သေးရင် ကိုယ် ခေါ်လာပေးမယ်"

ကုလျန်မင်က သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး မေးလိုက်သည်။ "ညီမ ကရော?"

"ညီမလည်း ဒီနေ့ ဘာမှ မမြင်ခဲ့ရဘူး။ ညဘက် ဖျော်ဖြေပွဲတွေ ရှိမယ် ကြားတယ်"

ကုလျန်ရွှမ်က နှစ်စက္ကန့်လောက် ငြိမ်နေပြီး ပြောလိုက်သည်။ "တတိယညီလေးကို လိုက်ပို့ခိုင်းလိုက်"

ကုလျန်မင်က သူတို့နှစ်ယောက်ကို ကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပြီ။မနှောင့်ယှက် တော့ပါဘူး" သူမက နောက်ပြောင်သည့် အကြည့်နှင့် ကျန်းထျန်ကို မျက်စပစ်ပြလိုက်သည်။

ဒါပေမယ့် သူမက အံ့သြသွားသည်။ "ယောက်မက အိပ်ပျော်နေတယ် ထင်တယ်"

ကုလျန်မင်က ခြေဖျားထောက်ကာ ကြည့်လိုက်သည်။ "ဟုတ်တယ်"

ကုလျန်ရွှမ်က ကျန်းထျန် သက်တောင့်သက်သာ အိပ်နိုင်စေရန် ခြေလှမ်းများကို ငြိမ်ငြိမ်နှင့် မြန်မြန် လျှောက်လိုက်သည်။

"အိမ်ရောက်ရင် အမေ့ကို အစ်ကို ပြောလိုက်မယ်" ကုလျန်ရွှမ်က ဘေးမှ ကုလျန်မင်ကိုတီးတိုး ပြောလိုက်သည်။

"ညီမ နားလည်ပါတယ်" ကုလျန်မင်က အသံတိုးတိုးနှင့် ပြန်ပြောလိုက်သည်။ "ဘာလို့ဆိုတာ ညီမ ခန့်မှန်းမိပါတယ်"

"ဘာလို့လဲ?"ကုလျန်ရွှမ်က ခေါင်းလှည့်ကာ မေးလိုက်သည်။

ကုလျန်မင်က နှုတ်ခမ်းက်ို တွန့်လိုက်သည်။ "ဒါက ယောက်မရဲ့ မိသားစု ကြောင့်ပဲ။ သူတို့က ယောက်မရဲ့ ပစ္စည်းတွေကို လိုချင်တော့ ညီမတို့ကို ခြိမ်းခြောက်တယ်။ ဒါက ကျွန်မတို့ မိသားစုအတွက် အန္တရာယ် ဖြစ်မှာစိုးလို့ ယောက်မက လက်မှတ်ဝယ်ပြီး ထွက်သွားမလို့ လုပ်တာပဲ"

ထိုသို့ ပြောပြီးနောက် ကုလျန်မင်က ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။ "တော်သေးလို့ ရထားလက်မှတ်က ထောက်ခံစာလိုနေတာ။ ယောက်မက ထောက်ခံစာ မရှိရင် လက်မှတ်ဝယ်လို့ မရဘူး!"

ကုလျန်ရွှမ်က သူ့အိတ်ကပ်ထဲမှ အရာအကြောင်း စဉ်းစားကာ မင်းယောက်မက အရမ်း လုပ်နိုင်စွမ်းရှိပြီး တကယ် လုပ်နိုင်ခဲ့တယ် ဟု တွေးမိနေသည်။

ဒါပေမယ့် ကျန်းထျန်က ရထားထွက်ချိန်ကို မမီလိုက်ဟု ကုလျန်ရွှမ်က တွေးမိသည်။

ကုလျန်ရွှမ်က သူမ မမီလိုက်သည်က ကံကောင်းသည်ဟု တွေးနေမိသည်။ ကျန်းထျန်က ထိုနေရာတွင် တစ်ယောက်ထဲ မည်သို့ ရှင်သန်ရမည်ကို သူက မတွေးကြည့်နိုင်ပေ။

ကျန်းထျန်က ထွက်သွားချင်လျှင်တောင် အားလုံး စီစဉ်ပြီးမှ သွားရမည်ဟု သူမက တွေးနေသည်။

သူက ကျန်းထျန်ကို ကုမိသားစုတွင် နေရန် တွန်းအားမပေးပေ။ သူတို့က အေးချမ်းစွာ ကွာရှင်း၍ ရသည်။ ကျန်းထျန်က ခရိုင်မြို့မှာ နေသည်ဖြစ်စေ မြို့မှာ နေသည်ဖြစ်စေ သူနှင့် သူ့အမေက အနည်းဆုံးတော့ သူမဘယ်မှာနေသည်ကို သိထားသင့်သည်။ သူမ အခက်အခဲနှင့် ကြုံရလျှင် သူက အရင်ဆုံး ကူညီသူ ဖြစ်ရမည်။

ထိုအစား ယခု ကျန်းထျန်က နှုတ်မဆက်ဘဲ ထွက်သွားရန် လုပ်ခဲ့သည်။

ဒါက ယခင် လအနည်းငယ်က ဆိုလျှင် သူနှင့် ကုမိသားစုက လက်ခံနိုင်လိမ့်မည်။ ထိုအချိန်က ကျန်းထျန်က ကုမိသားစုဝင်တစ်ယောက် မဟုတ်သေးပေ။

ကုလျန်ရွှမ်က မျက်လွှာချလိုက်သည်။ သူ့အမေက ခဏလောက် ဝမ်းနည်းနိုင်ပေမယ့် မကျော်လွှားနိုင်လောက်အောင် မဟုတ်ပေ။ ဘဝက ဆက်လျှောက်ရမည် ဖြစ်သည့်အတွက် သူ့အမေက မေ့နိုင်သွားမည်။

ဒါပေမယ့် ယခုအချိန်မှာ ကျန်းထျန်သာ ထွက်သွားလျှင် နောက်ဆက်တွဲကို ကုလျန်ရွှမ်က မတွေးရဲပေ။

မြို့မှ ကုအိမ်သို့ ပြန်သည့်လမ်းတွင် အဖွဲ့အစည်းကို ဖြတ်လျှောက်သောအခါ ရွှီကျင်းဖန်နှင့် ကျန်းထျန်၏ အသီးအရွက်ဆိုင်က လမ်းပေါ် မရှိတော့ပေ။

ကုလျန်မင်က တံခါးကို ဖွင့်လိုက်ကာ ကျန်းထျန်ကို ကျောပိုးထားသော ကုလျန်ရွှမ်ကို အရင်ဝင်ခိုင်းပြီး နောက်မှ လိုက်ဝင်ခဲ့သည်။

ရွှီကျင်းယောင်နှင့် ရွှီကျင်းဖန်တို့ မောင်နှမက ခြံထဲတွင် စကားပြောနေသည်။ ဆူညံသံများ ကြားရတော့ သူမတို့က နောက်လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံးက အံ့သြ သွားကြသည်။

"လျန်...လျန်..လျန်ရွှမ်?" ရွှီကျင်းဖန်က ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ လက်များက တုန်နေပြီး ဘာပြောရမှန်း မသိဖြစ်နေသည်။

ရွှီကျင်းယောင်ကလည်း ထိတ်လန့်မှု မလျော့ပေ။ သူက သူ့တူ အရွယ်ရောက်လာသည်ကို ကြည့်ခဲ့ရသည့်အတွက် သူတို့ဆက်ဆံရေးက သူနှင့် သူ့သားအရင်း၏ ဆက်ဆံရေးနှင့် မကွာခြားပေ။

ထိုအချိန်တွင် သူက ခေါင်းငုံ့ကာ မျက်မှန်ချွတ်ပြီး မျက်ရည်များ သုတ်လိုက်သည်။

ကုလျန်ရွှမ်က သူတို့ရှေ့ ရပ်ကာ ပြောလိုက်သည်။ "အမေ ကျွန်တော် ကျန်းထျန်ကို အိမ်ထဲအရင် ပို့လိုက်မယ်"

"အင်း သွားပါ" ရွှီကျင်းဖန်က မျက်ရည်သုတ်ကာ ကျန်းထျန်၏ နီရဲယောင်ယမ်းနေသော မျက်လုံးများကို မြင်လိုက်ရတော့ ထိတ်လန့်သွားပြီး မေးလိုက်သည်။

"ထျန်ထျန် ဘာဖြစ်လာတာလဲ?"

"နောက်မှ ပြောတာပေါ့ အမေ" ကုလျန်ရွှမ်က အိပ်ပျော်နေသော ကျန်းထျန်ကို ကြည့်ကာ အိမ်ထဲလျှောက်သွားလိုက်သည်။

ရွှီကျင်းဖန်က ထိုအချိန်တွင် စိတ်ငြိမ်သွားပေမယ့် ကုလျန်ရွှမ်၏ ခြေထောက်ဒဏ်ရာ ကောင်းသွားသည့်အတွက် သူမက အပြုံး မရပ်နိုင်သေးပေ။

ကုလျန်ရွှမ်က ကျန်းထျန်ကို ခုတင်ပေါ်ချကာ အနေအထား ပြင်ပေးလိုက်ပြီး စောင်ခြုံပေးလိုက်ကာ အပြင်ထွက်လာခဲ့သည်။

"အမေ ဒီနေ့ ကျန်းထျန်က ရွှီကျန်းမြို့က ထွက်သွားဖို့ စီစဉ်ထားတာ" ကုလျန်ရွှမ်က သွယ်ဝိုက်မနေဘဲ တည့်တိုး ပြောလိုက်သည်။

"ဘာကို ဆိုလိုတာလဲ?" ရွှီကျင်းဖန်က ထရပ်လိုက်သည်။

"ထွက်သွားမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ?" သူမက ကုလျန်ရွှမ်၏ လက်ကို ကိုင်ကာ မေးလိုက်သည်။

"ပြောစမ်းပါ လျန်ရွှမ် "

ကုလျန်ရွှမ်က စားပွဲအောက်တွင် လက်သီးဆုပ်ထားကာ အမှန်တရားကို ပြောသင့် မပြောသင့် မသိဖြစ်နေသည်။

"လျန်ရွှမ်! " ရွှီကျင်းယောင်က အသံမာမာနှင့် ပြောလိုက်သည်။

"ဒါက ကိစ္စသေးသေးလေး မဟုတ်ဘူး"

ကုလျန်ရွှမ်က နှုတ်ခမ်းကို စေ့လိုက်ပြီး ပြောလိုက်သည်။ "ကျန်းမိသားစုက ကျွန်တော်တို့ကို ဒုက္ခပေးမှာ စိုးလို့ ကျန်းထျန်က ထွက်သွားဖို့ စီစဉ်ထားတာ....နောက်တော့ ကျွန်တော် သူ့ကို ဘူတာရုံမှာ ရှာတွေ့ခဲ့တာပါ"

ရွှီကျင်းဖန်၏ မျက်နှာက ဖြူဖျော့သွားပြီး အံကြိတ်ကာ ဆဲဆိုလိုက်သည်။ "မကောင်းတဲ့ကောင် ကျန်းကျင်းမင်! သူက ဦးလေးကျန်းရဲ့ ကလေးနဲ့ လုံးဝမတူဘူး!"

ဆဲဆိုပြီးနောက် ရွှီကျင်းဖန်၏ အမူအရာက ပြောင်းသွားကာ သက်ပြင်းချလိုက်သည်။ "အမေ့အမှားတွေပါ။ အမေက အရင်ရက်တွေက အလုပ်ရှုပ်နေလို့ ဒီကိစ္စ ဖြေရှင်းပြီးပြီ ဆိုတာ ထျန်ထျန်ကို မပြောခဲ့ရဘူး"

ရွှီကျင်းယောင်က ခေါင်းခါလိုက်သည်။ "မင်း ပြောပြခဲ့ရင်တောင် လျန်ရွှမ်ရဲ့ဇနီးက ထွက်သွားမှာ စိုးရိမ်မိတယ်"

ကုလျန်ရွှမ်က မျက်မှောင်ကြုတ်လိုက်ပြီး ရွှီကျင်းယောင် ဆက်ပြောသည်ကို ကြားလိုက်ရသည်။ "ကျန်းမိသားစုက လူတွေက ဘယ်လိုဆိုတာ ဘယ်သူသိမှာလဲ?လူတွေရဲ့ စ်ိတ်က ခန့်မှန်းရခက်တယ်။ ပြီးတော့ ငွေရှိနေသ၍ ကျန်းမိသားစုက ပြဿနာရှာဖို့ အကြောင်းရှာ နေမှာပဲ။ အခု ဖြေရှင်းနိုင်ပေမယ့် နောက်တစ်ခါ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ?"

ရွှီကျင်းဖန်၏ နှုတ်ခမ်းက တုန်နေသည်။ "ဒါပေမယ့် ထျန်ထျန်က ထွက်သွားဖို့...မတွေးသင့်ဘူး မလား? အပြင်မှာက အန္တရာယ်များတယ် ထျန်ထျန်က တစ်ယောက်ထဲဆိုရင်..."

"စိတ်မပူပါနဲ့။ ဒီတစ်ကြိမ် အဆင်မပြေဘူး ဆိုရင်တောင် အစ်ကို ထင်တာတော့ လျန်ရွှမ်ရဲ့ ဇနီးက ထက်မြက်တဲ့ သူမလို့ နောက်တစ်ခါ ထွက်သွားတော့မှာ မဟုတ်ပါဘူး" ရွှီီကျင်းယောင်က ပြောလိုက်သည်။

All Chapters