အခန်း(၉၄)
Vol. 8 Ch. 94
"အမေ ဒါကို ဘာမှ မဖြစ်ခဲ့သလို သဘောထားပြီး ကျန်းထျန်ရှေ့မှာ ထပ်မပြောပါနဲ့" ကုလျန်ရွှမ်က သူ ကျန်းထျန်ကို ကတိပေးထားသည်ကို သတိရကာ ရွှီကျင်းဖန်ကို သတိပေးလိုက်သည်။
ရွှီကျင်းဖန်က သူ့ကို ကြည့်လိုက်သည်။ "ငါ့ကို မင်းလို အသုံးမကျဘူးလို့ ထင်နေတာလား? မင်းက ကိုယ့်မိန်းမကိုကိုယ် ဆုံးရှုံးတော့မလို့!"
ကုလျန်ရွှမ် - "...." သူက ဒါကို မငြင်းဆန်နိုင်ပေ။
သူက ရင်ထဲမှ သက်ပြင်းချလိုက်သည်။ တကယ်ပဲ ကျန်းထျန်က သူ့ကို စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။
ကုလျန်ရွှမ်က ခေါင်းငုံ့ကာ စိတ်ခံစားချက် မကောင်းနေသည်ကို မြင်ရတော့ ရွှီကျင်းဖန်က အသံတိုးကာ ပြောလိုက်သည်။
"အမေ မပြောပါဘူး။ မင်း ထျန်ထျန်ကို စိတ်အဆင်ပြေအောင် ပြောပြသင့်တယ်"
"အင်း ကျွန်တော် သိပါတယ်" ကုလျန်ရွှမ်က အတွေးထဲတစ်ခုတွေးကာ အရှေ့ခန်းကိုသာ အဆက်မပြတ် ကြည့်နေသည်။
ရွှီကျင်းဖန်က ဒါကို သတိထားမိပြီး လက်ကာ ပြလိုက်သည်။ "ပြန်သွားပြီး အနားယူလိုက်ပါ။ ဒီမှာ အချိန် ဖြုန်းမနေနဲ့"
ကုလျန်ရွှမ်က မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "အမေနဲ့ ဦးလေးလည်း စောစော အိပ်ကြပါ"
ကုလျန်ရွှမ်က အရှေ့ခန်းထဲ ဝင်သွားသည်ကို ကြည့်ကာ ရွှီကျင်းဖန်က နှဖူးကို လက်ထောက်လိုက်ပြီး ပြောလိုက်သည်။ "ကျန်းကျင်းမင်က တကယ်ကို မကောင်းတဲ့ကောင်ပဲ!"
ရွှီကျင်းယောင်က မျက်မှန်ချွတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "သနားစရာ ကောင်းတဲ့သူက တစ်ထောင်လောက်ရှိပြီး မုန်းစရာ ကောင်းတဲ့သူက တစ်မျိုးပဲရှိတယ်"
ရွှီကျင်းဖန်က ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဘယ်တစ်မျိုးလဲ?"
"မုန်းစရာ ကောင်းတဲ့ သူမျိုးပေါ့" ရွှီကျင်းယောင်က မတ်တပ်ရပ်ကာ သူ့ညီမ ဒေါသထွက်မလာခင် အအိမ်ထဲသို့ အမြန်ဝင်သွားလိုက်သည်။
ရွှီကျင်းဖန် - "...."
တံခါးက ညင်သာစွာ ပွင့်သွားသည်။
ကုလျန်ရွှမ်က အိပ်ယာပေါ်တွင် ငြိမ်သက်စွာ အိပ်နေသူကို မြင်ရသောအခါ ရင်ထဲ နူးညံ့သွားသည်။
ထိုအချိန်က ကျန်းထျန်က ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေပေမယ့် စိတ်က အလွန်ရှင်းလင်းနေသည်။
ခံစားချက်က ထူးဆန်းနေသည်။
သူမက အပြင်လောက၏ အသံများကို ရှင်းလင်းစွာ ကြားနေရသော်လည်း တုန့်ပြန်န်ိုင်စွမ်း မရှိပေ။
အသံထွက်ရန်ပင် မတတ်နိုင်ပေ။
တံခါးကို ဖွင့်ပြီး ပြန်ပိတ်သံကို ကြားရသည်။ ဒါက ကုလျန်ရွှမ် ဖြစ်မည်။ သူမက သက်ပြင်းချလိုက်သည်။
ဒါက သာမန် သက်ပြင်းချခြင်း ဖြစ်သည်။
ကျန်းထျန်၏ ဦးနှောက်ကသာ ယခုအချိန်တွင် တွေးတောနေသော တစ်ခုတည်းသော အရာလား မသိပေမယ့် သူ့အတွေးများက တက်ကြွနေသည်။
သူမက ရှုပ်ထွေးပြီး ခန့်မှန်းရခက်သော "စိတ်သက်သာမှု" "စိတ်ပျက်မှု" "နားလည်မှု" "ပျော်ရွှင်မှု" စသော စိတ်ခံစားချက်များကို သာမန်သက်ပြင်းချသံမှ ကြားနိုင်သည်။
ကျန်းထျန် - "..." သူမက ပုံမှန် မဟုတ်ပုံ ပေါ်သည်။
ကုလျန်ရွှမ်က အနီးသို့ လျှောက်လာသည်။
အခန်းက အလွန်တိတ်ဆိတ်နေသည့်အတွက် ကျန်းထျန်က သူမ၏ အသက်ရှူသံကိုပင် ကြားနေရသည်။
ဒီလို တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ကုလျန်ရွှမ်၏ ခြေသံက ရှင်းလင်းစွာ ကြားနေရသည်။
ကျန်းထျန်က သူ့ကိုယ်သူ ထိန်းချုပ်ကာ ခြေလှမ်းကို ထိန်းနေသော်လည်း အကျိုး သက်ရောက်ပုံ မပေါ်ပေ။
သူမရှေ့မှ မြင်ကွင်းက ရုတ်တရက် မှောင်မိုက်သွားကာ သူ့၏ နောက်ဆုံး ခြေလှမ်းက သူမနားအနီး ကပ်လာသည်။ ကုလျန်ရွှမ်က သူ့ဘေး ထိုင်နေသည်ကို ကျန်းထျန်က သိလိုက်သည်။
ထို့နောက် သူက ထပ်မလှုပ်ရှားတော့ပေ။
ကုလျန်ရွှမ် ဘာဖြစ်နေသည်ဆိုတာ သူမက မသိလိုက်ခင် သူက ရုတ်တရက် ပြောလိုက်သည်။ "ကျန်းထျန် မင်း..."
ကျန်းထျန်က ကုလျန်ရွှမ် ဘာပြောမည်ကို အာရုံစိုက်နေသည်။
ဒါပေမယ့် ကုလျန်ရွှမ်က ဘာမှ မပြောတော့ဘူးလား?
ကျန်းထျန် - "..." သူမက သူ သူမကို သိချင်စိတ် ပေါ်လာအောင် လုပ်နေသည့်အတွက် သူမက စိတ်တိုနေသည်။
အတော်ကြာတော့ ကျန်းထျန်က အိပ်ပျော်တော့မည့် အချိန်တွင် ကုလျန်ရွှမ်၏ အသံက သူမစိတ်ထဲ ရောက်လာပြန်သည်။
"ကျန်းမိသားစုက ကိုယ်တို့မိသားစုကို ဒုက္ခပေးမှာ စိုးလို့ မင်းထွက်သွားဖို့ လုပ်ခဲ့တာလား?"
ကျန်းထျန်က စိတ်ထဲမှ ခေါင်းငြိမ့်လိုက်သည်။ ဒါက အကြောင်းပြချက် တစ်ခုဆိုပေမယ့် အကုန်လုံးတော့ မဟုတ်ပေ။
အဓိက အကြောင်းအရင်းက ဇာတ်ညွှန်း၏ တစ်ခါထက်တစ်ခါ ကြောက်စရာ ကောင်းလာသော ရှင်းမပြနိုင်သည့် အစွမ်းကြောင့် ဖြစ်သည်။
ဖြစ်နိုင်လျှင် ဘယ်သူက စားစရာ သောက်စရာအတွက် ပူစရာ မလိုသော ဘဝတွင် မနေချင်ရမှာလဲ?
အပြင်ထွက်ကာ ခက်ခဲစွာ အလုပ်လုပ်ရသည့် ဘဝက ရောဂါတစ်ခုနှင့် တူသည်။
ဒါပေမယ့် ဇာတ်ညွှန်းက ဒါကို ခွင့်မပြုဘူး မလား?
သူမက ငြိမ်းချမ်းစွာ နေရမည့် ဘဝမဟုတ်ဟု ကျန်းထျန်က ထင်မိသည်။
သူမ၏ ယခင်ဘဝက ကမ္ဘာ မပျက်ခင်က အပူအပင်ကင်းသည့် ဘဝတွင် နေခဲ့ရသည်။ သူမ၏ အဘွားက သူ၏ ပညာရေးကိုသာ ဂရုစိုက်ပြီး သူမကို ဂရုမစိုက်ပေ။သူမက တစ်ခါတစ်လေ စားစရာပင် မရှိပေ။ သူမအဘွား လစာနှင့် ထောက်ပံ့နေသော ကျောင်းသားများက သူမထက် ပို၍ ကောင်းကောင်းစားရသည်။
ဒါကြောင့် ကျန်းထျန်က အစားအသောက်နှင့် ပတ်သက်လျှင် အထူးတလည် တန်ဖိုးထားသည်။
ကံကောင်းစွာနဲ့ သူမအဘွားက သူမ၏ ဘဝအကြောင်း ဂရုမစိုက်ပေမယ့် ပညာရေးကိုတော့ ဂရုစိုက်သည်။ ကျန်းထျန်၏ မိဘများ ချန်ခဲ့သော ပစ္စည်းများနှင့် သူမက ကိုယ်တိုင် အထူးသင်တန်းများ တက်ခဲ့သည်။
ကျန်းထျန်က အများကြီး ခံစားခဲ့ရသလို ဆိုပေမယ့် မခံစားခဲ့ရပုံ ပေါ်သည်။ သူမက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိပေမယ့် သူမ၏ စိတ်ဝိဉာဉ် လောက ကတော့ အထူး ကောင်းမွန်သည်။
ကမ္ဘာကြီး အဆုံးတွင် အသက်ရှင်ကျန်နေသူများက လိုက်လံရှင်းလင်းခြင်း ခံရတော့ ကျန်းထျန်က တစ်ရက်မှ အေးချမ်းစွာ မနေခဲ့ရပေ။
ကမ္ဘာသစ်တွင် အဆင်ပြေမည်ဟု သူမက ထင်ခဲ့ပေမယ့် ဇာတ်ညွှန်း၏ ဆန်းကြယ်သော အရာက ခွင့်မပြုဟု ဘယ်သူက ထင်မှာလဲ?
ကုလျန်ရွှမ်က ဆက်ပြောလိုက်သည်။ "ဒါက ကိုယ့်ကြောင့်လား?"
သူက ဒီလိုပြောနေချိန်တွင် အသံတိုးနေသည့်အတွက် သူ့မျက်နှာတွင် ဘယ်လို နာကျင်သည့် အမူအရာ ရှိနေမည်ဆိုတာ ကျန်းထျန်က တွေးကြည့်နိုင်သည်။
ကျန်းထျန် ရင်ထဲမှ ခေါင်းငြိမ့်လိုက် ပြန်သည်။
ဒါကလည်း အကြောင်းအရင်း တစ်ခု ဖြစ်သည်။
ကျန်းထျန်က အခြားသူ၏ ကိုယ်ရေးအချက်အလက်နှင့် သူများကို မြှူဆွယ်တတ်သော အောက်တန်းကျပြီး အဆိပ်ပြင်းသည့် ဇာတ်ပို့ တစ်ယောက် မဖြစ်ချင်ပါ။
ဒါကြောင့် သူမ၏ လက်ရှိ ကိုယ်ရေးအချက်အလက်ကြောင့် ထွက်သွားခြင်းက ပိုကောင်းသည်။
ခဏတာ နာကျင်မှုက တစ်သက်တာထက် ပိုကောင်းသည်။
ပြီးတော့ ကုလျန်ရွှမ်၏ ခြေထောက်က သက်သာသွားပြီ ဖြစ်သည့်အတွက် သူ့ပုံစံနှင့် မိသားစု အသိုင်းအဝိုင်း အရဆိုလျှင် နောက်တစ်ယောက် ရှာရန်က မခက်ခဲပေ။
ဒါပေမယ့် ဘာကြောင့်မှန်းမသိဘဲ ဒီအကြောင်း တွေးမိတိုင်း သူမရင်ထဲ အစိုင်အခဲ တစ်ခု ဖြစ်နေသလို ခံစားရသည်။
"မင်း ကိုယ့်ကို မုန်းတယ်ဆိုရင် ကိုယ်တို့..."
ကျန်းထျန်က အတော်ကြာသည်အထိ အဖြေမရပေ။သူမက အလျော့ပေးတော့မည့် အချိန်တွင် သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။ "ကွာရှင်းလို့ရတယ်"
"ဒါပေမယ့် မင်း...ဘာမှမပြောဘဲ ထွက်မသွားပါနဲ့။အပြင်မှာ တစ်ယောက်ထဲ အန္တရာယ် များလွန်းတယ်"
ကုလျန်ရွှမ်က စိတ်ရှုပ်စွာ ပြောလိုက်သည်။
"မင်း ကုမိသားစုက ထွက်သွားမယ် ဆိုရင်တောင် မိသားစုကို အသိပေးသင့်တယ်"
ကျန်းထျန် - "..." အခု သူတို့ သိသွားပြီကို သူမက ဘယ်လို သွားရတော့မှာလဲ?
"ကျန်းထျန် ကိုယ်..." ကုလျန်ရွှမ်က မဝံ့မရဲ အမူအရာနှင့် ပြောနေသည်။ သူက သူ့ခံစားချက်များကို ကျန်းထျန် အိပ်နေချိန်မှသာ ပြောရဲသည်။
ဒီနေ့ ကျန်းထျန် လက်ထဲမှ မြင်လိုက်ရသော ရထားလက်မှတ်ကြောင့် ကုလျန်ရွှမ်က အရင်လို နေလို့မရတော့ကြောင်းနှင့် ထွက်သွား မသွားကို ကျန်းထျန်က ရွေးချယ်ရမည် ဖြစ်ကြောင်း ကုလျန်ရွှမ်က နားလည်သွားသည်။
ကျန်းထျန် တကယ်ပဲ ဒီနေ့ ထွက်သွားလျှင် သူက ဘယ်လိုလုပ်ရမည် ဆိုသည်ကို တွေးကြည့်၍ မရနိုင်ပေ။
သူက တစ်ခါလောက်တော့ တစ်ကိုယ်ကောင်း ဆန်ချင်မိသည်။ "ကျန်းထျန် ကိုယ် မင်းကို သဘောကျတယ်"
တီးတိုးပြောသံ ပြီးနောက်မှာ ကျန်းထျန်က နဖူးမှ နွေးထွေးသော အထိအတွေ့ကို ခံစားလိုက်ရသည်။
ဒါက လျင်မြန် လွန်းသည်။
သူမ၏ စိတ်ထဲ ဗလာကျင်းသွားသည်။
တိတ်တဆိတ် အော်ဟစ်သံ ထွက်ပေါ်လာသည်။
ကျန်းထျန် - "ဘုရားသခင်!"
သူမက အဆုံးမှာတော့ အဆိပ်ပြင်းတဲ့ ဇာတ်ပို့တစ်ယောက် ဖြစ်သွားတာလား?
ကျန်းထျန်က ခေါင်းကို မြေပေါ်ဦးတိုက်ကာ သူမဒီလို မရည်ရွယ်ကြောင်း ကျိန်ဆိုနေသည်။
ဇာတ်ညွှန်းဆရာ အချိန်ခရီးသွားဆရာကြီး စီမံသူ ကျွန်မ တကယ် မရည်ရွယ်ခဲ့ပါဘူး! အမျိုးသားဇာတ်ဆောင် အစ်ကိုက အရင်စတာပါ!
နမ်းပြီးနောက်တွင် ကုလျန်ရွှမ်က ချွေးထွက်လာကာ လက်သီးဆုပ်လိုက်သည်။ သူက အမြဲတမ်း သူမအပေါ် အခွင့်ကောင်း ယူနေသည်ဟု ခံစားရကာ သူ့သတ္တိများက အပြစ်ရှိစိတ်ကြောင့် ကွယ်ပျောက်နေသည်။
ကံကောင်းစွာနဲ့ အရေးအကြီးဆုံး စကားကို ပြောလိုက်သည်။
ကုလျန်ရွှမ်က ကျန်းထျန်၏ နဖူးပေါ်မှ ဆံပင်များကို ပြန်ပြင်ဆင်ပေးလိုက်ကာ ပြောလိုက်သည်။ "မင်းက သူမ မဟုတ်ဘူးဆိုတာ ကိုယ်သိတယ်"
ကျန်းထျန်က စိတ်ထဲမှ မျက်တောင်ခတ်လိုက်သည်။
ကျန်းထျန် - "?" ဒါက ဘာအဓိပ္ပါယ်လဲ?
သူမက အိုးအဖုံးနှင့် သူမခေါင်းကိုကွယ်ထားကာ နားစွင့်နေလိုက်သည်။
"မင်းက သူမနဲ့ မတူဘူး။ ကိုယ် ပထမဆုံး နေ့ကထဲက သိနေတယ်" ကုလျန်ရွှမ်က ဆက်ပြောနေသည်။
သူက သူ့ကိုယ်သူ ပြောနေသည် ဆိုပေမယ့် အိပ်နေသည့် ကျန်းထျန်နှင့် စကားပြောနေသည့် ပုံစံ ပေါ်သည်။
ကျန်းထျန် - "!"
သူမက အိုးအဖုံးနောက်မှ ခေါင်းထွက်လာကာ မျက်လုံးဝေ့ကြည့်ပြီး လက်သည်းကို ကိုက်နေကာ အံ့သြပြီး မသေချာသည့် အမူအရာ ပေါ်နေသည်။
သူမက ပထမဆုံးနေ့ကပဲ ဒီလူထံမှ သိရှိမှု ခံခဲ့ရတာလား?
ဒါက မဖြစ်နိုင်ဘူး?
သူမက အစပိုင်းက မူလခန္ဓာကိုယ် ပိုင်ရှင်ထံမှ မကောင်းသည့် စကားများ သင်ယူကာ သူမ၏ ပုံစံကို ပြောင်းရန် ကြိုးစားခဲ့ရကြောင်း ရှင်းလင်းစွာ မှတ်မိနေသည်။
သူမ၏ စိတ်ထဲမှ မကောင်းသည့်သူက အိုးအဖုံးကို မလိုက်ကာ သူမ၏ စိတ်ရှုပ်မှုကို ရှင်းသွားစေရန် သူမခေါင်းကို ရိုက်လိုက်သည်။
"ကျန်းထျန် မင်း ထွက်သွားဦးမှာလား?" အပြင်မှ အသံက ဆက်ပြောနေသေးသည်။
ဒါပေမယ့် စကားဆုံးသည်နှင့် တစ်ခန်းလုံးက တိတ်ဆိတ်သွားသည်။
သေချာပေါက် ဒါက တည်ငြိမ်သွားခြင်း ဖြစ်သည်။
ကျန်းထျန်က စိတ်ထဲတွင် ပတ်ပြေးနေမိပြီး သူမမျက်နှာက ရှက်ရွံ့မှုကြောင့်လား ပင်ပန်းမှုကြောင့်လား မသိပေမယ့် နီရဲနေသည်။
ကုလျန်ရွှမ်၏ စိတ်ထဲမှ မကောင်းသည့်အရာက တစ်နေရာလုံးကို ဆူညံအောင် လုပ်နေသည်။
တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်တွင် ဘယ်သူကမှ အိပ်မပျော်ပေ။
ကုလျန်ရွှမ်၏ အသံ ပျောက်သွားပြီးနောက် အခြားအသံတစ်ခုက ထွက်ပေါ်လာသည်။
ကျန်းထျန်က စိတ်ထဲ ပတ်ပြေးနေရာမှ ရပ်သွားသည်။
.....
နေ့လည်ခင်းတွင် ခြံဝင်းက ရုတ်တရက် စည်ကားလာသည်။
ကုပေါင်ကောနှင့် တတ်ိယအဒေါ် ရောက်လာသောကြောင့် ဖြစ်သည်။ကုပေါင်ကောက အဝတ်ဖိနပ်ကို ချွတ်ကာ ဖုန်ခါလိုက်သည်။
"မရီး မကြာခင် အမျိုးသားနေ့ ရောက်တော့မယ် မလား?အမျိုးသားနေ့ ပြီးရင် ပညာတတ်လူငယ်တွေ လာကြလိမ့်မယ်။ ကျွန်တော်တို့ အဖွဲ့နဲ့ အခြားအဖွဲ့ခုနစ်နဲ့ ရှစ်က လူတွေက ထွန်စက်တွေမောင်းပြီး သူတို့ကို ဘူတာရုံမှာ သွားကြိုမလို့ စီစဉ်ထားတယ်။ မရီး မောင်းပြီး လိုက်ခဲ့မလား?"
ရွှီကျင်းဖန်က တတိယအဒေါ်နှင့် မနက်က အသီးအရွက် ရောင်းသည့်အကြောင်း ပြောနေသည်။ သူမက ဒါကိုကြားတော့ ခေါင်းလှည့်ကာ ပြောလိုက်သည်။
"မောင်းရမှာလား? အပျော် မရှာချင်ပါဘူး။ လျန်ရွှမ်ရဲ့ ခြေထောက်က ကောင်းသွားပြီ ဆိုတော့ သူ့ကိုပဲ သွားခိုင်းလိုက်ပါ"
ကုလျန်ရွှမ်က ကားမောင်းတတ်သည်။ သူက ပို့ဆောင်ဆက်သွယ်ရေးရုံးမှ ရဲဘော်ထံမှ သင်ယူထားသည်။
ကုပေါင်ကောက အံ့သြသည့်အကြည့်နှင့် ရပ်တန့်သွားသည်။ "တကယ်လား? ဘာလို့ ဒီလောက် မြန်ရတာလဲ?"
တတိယအဒေါ်က သူ့ပခုံးကို ပုတ်လိုက်သည်။ "ရှင် ဘယ်လိုစကားပြောရမလဲ မသိဘူးလား ကုပေါင်ကော? ဒီလို အရာမျိုးကို မြန်တယ်လို့ ဘယ်လိုပြောနိုင်တာလဲ?"
ကုပေါင်ကောက အိတ်ကပ်ထဲမှ စီးကရက် ထုတ်လိုက်ကာ ပြောလိုက်သည်။ "ကိုယ် တကယ် အံ့သြသွားတာ။ ဆရာဝန်က လျန်ရွှမ်ရဲ့ ခြေထောက် ဘယ်အချိန် ပြန်ကောင်းမယ်လို့ မပြောခဲ့ဘူးလေ။ လွန်ခဲ့တဲ့ နှစ်လက ဒါက နှစ်နှစ်ကနေ သုံးနှစ်လောက် ကြာနိုင်တယ်လို့ သူပြောခဲ့တယ်လေ။ အခု ဘယ်လို မြန်မြန် ကောင်းသွားတာလဲ?"
"အဆင်ပြေပါတယ်။ ပြန်ကောင်းသွားတာက မြန်တယ်လို့ ခံစားမိတယ်။ ဝမ်းသာပေမယ့် မယုံနိုင်သေးဘူး" ရွှီကျင်းဖန်က သူမရင်ဘတ်ကို ပုတ်လိုက်သည်။
"အရင်နှစ်တွေက မိသားစုမှာ ကောင်းတဲ့အရာတွေ မဖြစ်ခဲ့တာကြောင့်လည်း ပါတယ်"
"မဟုတ်ပါဘူး" တတိယအဒေါ်က လက်မခံဘဲ ပြောလိုက်သည်။
"မိသားစုက ဒီနှစ် ကောင်းတာတွေ ဖြစ်ခဲ့ပါတယ်"
ကုပေါင်ကောက ဘယ်လို ကောင်းသည့်အရာများ ဆိုတာ သိရရန် နားစွင့်လိုက်သည်။
"ပထမဆုံး အနေနဲ့ လျန်ရွှမ်က ထျန်ထျန်နဲ့ လက်ထပ်ခဲ့တယ်မလား? ဒါက ကောင်းတဲ့အရာ မဟုတ်ဘူးလား?"
တတိယအဒေါ်က စားပွဲမှ လူများကို ကြည့်ကာ မေးလိုက်သည်။
ရွှီကျင်းဖန်က ခေါင်းငြိမ့်လိုက်သည်။"ဟုတ်တယ်"
တတိယအဒေါ်က ပြောလိုက်သည်။ "ရှောင်းမင်က ကျွန်မတို့ ခရိုင်မှာ ဝင်ခွင့်စာမေးပွဲ အမှတ်မြင့်သူ တစ်ယောက် မဟုတ်ဘူးလား?"
တစ်ချိန်လုံး တိတ်ဆိတ်နေသော ရွှီကျင်းယောင်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဟုတ်တယ်"
တတိယအဒေါ်က ဆက်ပြောလိုက်သည်။ "တတ်ိယကလေးကလည်း ပို့ဆောင်ဆက်သွယ်ရေး အသင်းမှာ ဒရ်ိုင်ဘာ အလုပ် ရထားတယ်မလား?"
ကုပေါင်ကောက ခေါင်းငြိမ့်လိုက်သည်။"ဟုတ်တာပေါ့"
"နောက်ဆုံး ကောင်းတဲ့အရာက "
တတိယအဒေါ်က ခေါင်းမော့လိုက်သည်။ "လျန်ရွှမ်ရဲ့ ခြေထောက်က မျှော်လင့်ချက်ကနေ အဆင့်တက်ပြီး လုံးဝကောင်းသွားပြီ မလား?"
ရွှီကျင်းဖန်က ဒါကို တွေးလိုက်ကာ အမှန်ပဲဟု နားလည်သွားသည်။
"တကယ်တော့ ဒီနှစ်မှာ ကောင်းတဲ့အရာတစ်ခု လိုနေသေးတယ် ထင်တယ်" ပြောပြီးနောက် တတိယအဒေါ်က စိတ်မကျေနပ်သကဲ့သို့ ခေါင်းခါလိုက်သည်။
"ဘာလဲ?"
ရွှီကျင်းဖန်က တတိယအဒေါ်ကို ကြက်ဥအနှစ်ကြော် တစ်ပိုင်းပေးကာ ပြောလိုက်သည်။ "ပြောပါဦး"
တတိယအဒေါ်က စားစရာကို အနည်းငယ် ကိုက်စားလိုက်ကာ ကြာပန်းခြောက် စိမ်ထားသော ရေသောက်လိုက်သည်။သူမက အရှေ့ခန်းဘက်သို့ ကြည့်ကာ ခေါင်းအနည်းငယ် စောင်းလိုက်ပြီး တီးတိုးပြောလိုက်သည်။
"ထျန်ထျန်က လျန်ရွှမ်နဲ့ လက်ထပ်ထားတာ တစ်နှစ်ပြည့်တော့မယ် အခုထိ ဘာလို့ ကိုယ်ဝန်မရသေးတာလဲ?"
ရွှီကျင်းဖန် - "..." သူမက ဒါကို ဘယ်လိုပြောရမည် မသိပေ။
သူတို့က အိပ်ယာနှစ်ခု အိပ်နေကြတယ်လို့ ပြောလိုက်လို့ မရဘူးလေ။
ဒီကိစ္စကို ထုတ်ပြောလိုက်လျှင် အားလုံးက လျန်ရွှမ်တွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိသည်ဟု ထင်ကြလိမ့်မည်။
ဒါက ဦးနှောက်တင် မကလောက်ဘူး။
ရွှီကျင်းဖန်က သူ့သား၏ ခံစားချက်ကို ဂရုစိုက်သော အမေတစ်ယောက် ဖြစ်သည်။ သူက ပတ်ဝန်းကျင်တွင် သူ့သား၏ ပုံရိပ် ထိခိုက်စေသော လုပ်ရပ်မျိုး မလုပ်နိုင်ပေ။
ဒါပေမယ့် သူမကိုယ်တိုင်လည်း စိတ်ပျက်မိသည်။
အရှေ့ခန်းကို ကြည့်ကာ ရွှီကျင်းဖန်က တစ်ခါတစ်လေ ခေါင်းမာသည့် သူ၏ ခေါင်းကို ကောင်းကောင်း ရိုက်ပေးသင့်သည်ဟု ထင်မိသည်။
အရှေ့ခန်းတွင်။
လူကြီးများ ပြောနေသည်ကို ကြားရတော့ ကျန်းထျန်နှင့် ကုလျန်ရွှမ်က အချင်းချင်း စိုက်ကြည့်နေကြသည်။
ပတ်ဝန်းကျင်က အနေရခက်နေသည်။
ကျန်းထျန်က သူမအိပ်နေစဉ်က သူပြောခဲ့သည်များကို တွေးကာ မျက်နှာက နီရဲနေသည်။
သူ့မျက်လုံးကို ဘယ်သူမှ မကြည့်ရဲပေ။
ကုလျန်ရွှမ်က ပထမဆုံး အမူအရာ မပြခဲ့ပေ။နှစ်အတော်ကြာ သူ့မျက်နှာတွင် အမူအရာ မရှိသည့်အတွက် တစ်ခါတစ်လေ သူ့အမေ ရွှီကျင်းဖန်ကပင် သူ့သား ဘာတွေးနေသည်ကို မသိနိုင်ပေ။
ဒါပေမယ့် သူကြည့်လိုက်တော့ ကျန်းထျန်က စောင်နှင့် မျက်နှာကို ကာထားကာ သူ့အကြည့်ကို ရှောင်နေသည်ကို တွေ့လိုက်ရသည်။
ကုလျန်ရွှမ်က ရုတ်တရက် တစ်ခုခုကို တွေးမိကာ လည်ပင်းမှ မျက်နှာအထိ နီရဲသွားသည်။
သူက တစ်နှစ်ကျော် အိမ်တွင် အနားယူနေသည့်အတွက် စစ်တပ်ထဲတွင် ညိုနေခဲ့သော သူ့အသားအရေက ဖြူလာခဲ့သည်။ ဒါကြောင့် ကျန်းထျန်က ပြောင်းလဲမှုကို သိသာစွာ မြင်နေရသည်။