← Chapters

အခန်း(၉၅)

Vol. 8 Ch. 95

အခန်း(၉၅)

Vol. 8 Ch. 95

"မင်း..."

"ရှင်..."

သူတို့နှစ်ယောက်လုံးက တစ်ချိန်ထဲတွင် စကားပြောလိုက်သည်။

တိုက်ဆိုင်စွာပဲ တစ်ချိန်ထဲတွင် ရပ်လိုက်ကြသည်။

ကျန်းထျန်က စောင်အစွန်းကို ယူကာ မျက်နှာကို ကိုင်လိုက်ပြီး ကုလျန်ရွှမ်ကို မကြည့်ဘဲ ပြတင်းပေါက်နှင့် အိမ်ခေါင်မိုးများကို ကြည့်နေသည်။

ကုလျန်ရွှမ်က နှုတ်ခမ်းကို စေ့ထားကာ ဒီအခြေအနေအတွက် အကူအညီမဲ့နေသည်။

ခဏကြာတော့ သူက ပြောလိုက်သည်။ "မင်း မင်း အားလုံး ကြားလိုက်တယ်မလား?"

ကျန်းထျန်က ကုလျန်ရွှမ်ကိုကြည့်ကာ နှုတ်ခမ်းကိုက်လိုက်ပြီး တိုးတိတ်စွာ ပြောခဲ့သည်။ "အင်း"

"ကျွန်မ...ကျွန်မ ကြားလိုက်တယ်"

ကုလျန်ရွှမ် - "!" သူက စိတ်လှုပ်ရှားနေသဖြင့် လက်သီးဆုပ်လိုက်သည်။

"ဒါဆို...ဒါဆို မင်း မကြားသလို ဟန်ဆောင်လိုက်ပါ" သူက ကျန်းထျန်ကို အလျင်အမြန် ကြည့်ကာ အကြည့်လွှဲလိုက်သည်။

ကျန်းထျန်က အံ့သြ သွားသည်။ "ဘာလို့လဲ?"

သူမက ကြားလိုက်ပြီးသားကို မကြားလိုက်သလို ဘယ်လို ဟန်ဆောင်ရမှာလဲ?

ကျန်းထျန်က ဘာမှ မလုပ်နိုင်သေးခင် ကုလျန်ရွှမ်က တောင်းပန်လိုက် ပြန်သည်။ "ကိုယ် တောင်းပန်ပါတယ် "

ကျန်းထျန် - "?"

သူမက စောင်ကို တိတ်တဆိတ် မလိုက်သည်။"ဘာလို့ ဒီလို ဖြစ်ရတာလဲ?"

ကုလျန်ရွှမ်၏ မျက်နှာက ရုတ်တရက် နီရဲသွားသည်။ "ကိုယ် မင်းကို ခိုးမနမ်းခဲ့သင့်ဘူး"

ကျန်းထျန်က တစ်ခုခု မှားနေသလို ခံစားရသည်။

သူက သူမကို နမ်းခဲ့ပြီး ယခု တောင်းပန်နေသည်။ သူ့တွင် ရောဂါ ပြင်းပြင်းထန်ထန် တစ်ခုရှိသည် ထင်သည်။

ကျန်းထျန်က မျက်နှာကို အုပ်ပြီး တစ်ဖက်လှည့်လိုက်သည်။ ကုလျန်ရွှမ်က ဒီလို ဖြစ်နေလျှင် သူက ချစ်သူ ရမည် မဟုတ်ပေ။

ထိုအတွေးက သူ့စိတ်ထဲဝင်လာတော့ အေးချမ်းနေသည့် ကျန်းထျန်၏ မျက်နှာက နီရဲသွားပြန်သည်။

သူမက ထိုချစ်သူ ဖြစ်သည်။

မဟုတ်ဘူး၊ သူမက ကုလျန်ရွှမ်နှင့် လက်ထပ်စာချုပ် ရှိသည့်အတွက် ချစ်သူ မဟုတ်တော့ဘူးမလား? တစ်ခါထဲနှင့် အားလုံး ပြီးသွားသည်။

ကျန်းထျန်က ရှက်ရွံ့မှုနှင့် ဒေါသထွက်မှုကြောင့် မျက်နှာကို အုပ်ထားကာ နှုတ်ခမ်းကို ကိုက်ထားသည်။

ယခင်အချိန်များက ခိုးနမ်းခံရခြင်းကို တောင်းပန်ခံရသည်က ရှက်စရာ အကောင်းဆုံး အဖြစ်အပျက်များမှ တစ်ခု ဖြစ်သည်။

ကုလျန်ရွှမ်က ကျန်းထျန် တစ်ဖက်လှည့်ကာ ပခုံးများ တုန်နေသည်ကိုမြင်တော့ သူမ စိတ်တိုနေသည်ဟု သူထင်မိသည်။

ကုလျန်ရွှမ်က စိတ်ပူကာ သူမကို ခေါ်လိုက်သည်။ "ကျန်းထျန်?"

ကျန်းထျန်က သူမနာမည်ကို ကြားလိုက်တော့ စောင်ကို ကိုင်လိုက်ကာ သူမက အရာအားလုံးကို တစ်ခါထဲ ရှင်းပြချင်သည့်အတွက် ထထိုင်လိုက်သည်။

ကုလျန်ရွှမ်က အနားကပ်လာသည်။

ကျန်းထျန်က မျက်လုံးဖွင့်ကာ ကုလျန်ရွှမ်နှင့် မနီးကပ်စေရန် အနောက်ကို မှီလိုက်သည်။

ကုလျန်ရွှမ်က သူမ သေချာ မထိုင်ထားသလို ထိုင်နေပုံကလည်း မတည်ငြိမ်သည်ကို တွေ့လိုက်ရသည်။ သူမသာ အနောက်ကို ဆုတ်လိုက်လျှင် ခေါင်းနှင့် ခုတင်အစွန်းနှင့် တိုက်မိတော့မည်။ သူက အလျင်အမြန် လက်ဆန့်ကာ ကျန်းထျန်၏ ခါးကို ကိုင်လိုက်ပြီး သူ့ဘက်သို့ ဆွဲလိုက်သည်။

တစ်ယောက်က အခြားတစ်ယောက်၏ ရုတ်တရက် လှုပ်ရှားမှုကို မထင်ထားကာ စိတ်ပူပြီး လက်မှအားကို လစ်လျူရှုကာ တွန်းလိုက်သည်။ နောက်ဆုံးရလဒ်က-

ကျန်းထျန်၏ သွားက ကုလျန်ရွှမ်၏ နှုတ်ခမ်းကို ပြင်းထန်စွာ ဆောင့်မိသွားသည်။

ရုတ်တရက် အဖြစ်အပျက်ကြောင့် ကျန်းထျန်က သူ့လှုပ်ရှားမှုကို ရပ်တန့်၍ မရလိုက်ဘဲ ထိုလူကို မြေပြင်ပေါ် ကျသွားစေသည်။

"လျန်ရွှမ် ထျန်ထျန်ကို ကြည့်လိုက်..."

တံခါးက တွန်းပွင့်သွားပြီး ပြန်ပိတ်သွားသည်။

ရွှီကျင်းဖန်၏ အသံက ချက်ချင်း ရပ်သွားသည်။

သူတို့နှစ်ယောက် အချင်းချင်း ဆုံမိချိန်တွင် မျက်လုံးများက လှုပ်ခတ်နေသည်။

ကျန်းထျန်၏ ပါးက နီရဲနေပြီး မျက်လုံးကျယ်များနှင့် စိတ်ထဲတွင် အတွေး မရှိတော့ပေ။

ကုလျန်ရွှမ်က ကိစ္စများ ဒီလိုဖြစ်သွားစေရန် မရည်ရွယ်ခဲ့ပေ။

သူ့လည်စလုပ်က လှုပ်ရှားသွားကာ တစ်ကိုယ်လုံး အေးစက်ပြီး ရင်ခုန်သံများ မြန်လာသည်။

ကျန်းထျန်က ကုလျန်ရွှမ်၏ ပခုံးကို လက်ထောက်ကာ ထရန် ကြိုးစားလိုက်ပေမယ့် သူမခါးပေါ်မှ လက်က သံမဏိကဲ့သ်ို့ လေးလံနေကာ သူမ မထနိုင်ခင် ပြန်ဆွဲချ ခံလိုက်ရသည်။

ကျန်းထျန်က ရှက်ရွံ ဒေါသထွက်မှုနှင့် သေချင်စိတ် ဆိုသည့်အရာကို နောက်ဆုံးတော့ နားလည်ခဲ့ပြီ။

"ကုလျန်ရွှမ် ကျွန်မကိုလွှတ်!" သူမက မျက်နှာကို လက်ဖြင့်အုပ်ကာ ဒေါသပြေစေရန် ကုလျန်ရွှမ်ကို ခြေထောက်ဖြင့် ကန်လိုက်သည်။

ကုလျန်ရွှမ်က အသိပြန်ဝင်လာကာ သူ့နှုတ်ခမ်းမှ နွေးထွေးသည့် အထိအတွေ့က အခုဖြစ်သွားသည်က စိတ်ကူးယဉ်မှု မဟုတ်ဘူးဆိုသည်ကို သတိပေးနေသည်။

"ကိုယ် ကိုယ်က မင်းခေါင်းနဲ့ ကုတင်အစွန်း တိုက်မိမှာ စိတ်ပူလို့ပါ" ကုလျန်ရွှမ်က သေချာ ရှင်းပြလိုက်သည်။

ကျန်းထျန် - "..." ဒါက ဒီလိုအရာကို ရှင်းပြလို့ ကောင်းတဲ့ အချိန်လို့ ထင်နေတာလား?"

"ရှင့် လက်ကို ဖယ်ပေးလို့ ရမလား?" ကျန်းထျန်၏ အသံက လက်ကြားမှ ထွက်လာပြီး အမှန် မဟုတ်ပေ။

ရိုးသားစွာ ပြောရလျှင် သူမက သူမကျောပေါ်တွင် မီးပူကပ်နေသလို ခံစားရသည်။

တကယ်ကို ပူနေသည်။

"အင်း"

ကုလျန်ရွှမ်က လက်ကို ပြန်ဆွဲယူလိုက်ရာ ကျန်းထျန်၏ ခါးအနီးမှ ဖြတ်သွားပြီး လက်နှင့် မတော်တဆ ထိသွားသည်။

ဒါက ကျန်းထျန်ကို တုန်လှုပ်သွားစေသည်။

ကုလျန်ရွှမ်ထံမှ လွတ်လာသောအခါ ကျန်းထျန်က သူမအိပ်သည့်နေရာသို့ ရွေ့ကာ စောင်ကို တင်းနေအောင် ခြုံလိုက်သည်။

"ကျွန်မ ညစာ မစားဘူး"ကျန်းထျန်က အထဲမှ အော်လိုက်သည်။

သူမက အိမ်သားများနှင့် တွေ့ရန် ရှက်နေသည်။

အမေက တစ်ခုခုကို နားလည်မှူ လွဲသွားသည်ဟု ကျန်းထျန်က ထင်နေသည်။

အားလုံးက ကုလျန်ရွှမ်ရဲ့ အမှားပဲ!

ကုလျန်ရွှမ်က ထိုအချိန်တွင် မှိုင်တွေ နေသေးပြီး ဒါကိုကြားတော့ ချက်ချင်း ငြင်းလိုက်သည်။ "မရဘူး!"

ပြောပြီးနောက် လေသံမာသွားသည်ကို နားလည်သွားကာ အသံလျော့လိုက်ပြီး အကြံပေးလိုက်သည်။ "မင်းက အခုမှ နေပြန်ကောင်းတာ မစားလို့ မရဘူး"

"ဘာစားချင်လဲ ပြောလိုက်ပါ ကိုယ်လုပ်ပြီး ယူလာခဲ့မယ် မင်း အခန်းထဲမှာပဲ စားလို့ရတယ်"

"ကျွန်မ မစားချင်ဘူး!" ကျန်းထျန်က ငြင်းနေသေးသည်။

ကုလျန်ရွှမ်က ငြင်းဆန်လိုက်သည်။ "ကိုယ် သွားချက်လိုက်မယ်။ မင်း ဘာစားချင်လဲ?"

ကျန်းထျန်က တိတ်ဆိတ်နေသည်။ သူမက စောင်ကို ပြန်ဆွဲလိုက်ပြီး သူမ၏ ရှုပ်ပွနေသော ဆံပင်များက ပေါ်လွင်နေသည်။သူမက သူ့ကို မျက်လုံးကျယ်များနှင့် စိုက်ကြည့်လိုက်သည်။ "ကုလျန်ရွှမ် ကျွန်မ မစားချင်ဘူး!"

"မစားဘူး။ မစားဘူး။" အရေးကြီးသည့် အရာက သုံးကြိမ် ပြောသင့်သည်။

ကုလျန်ရွှမ်က ကျန်းထျန်ကို ကြည့်လိုက်သည်။ "မရဘူး"

ကျန်းထျန်က စိတ်တိုကာ ပါးကို ဖောင်းထားသည်။ "ရှင် ကိုယ့်ဘာကိုယ်စား ကျွန်မ မစားဘူး"

သူမက စောင်ကို ဆွဲယူကာ ခေါင်းကို ခြုံရန် ကြိုးစားလိုက်စဉ် သူမလှုပ်ရှားမှုက ရုတ်တရက် ရပ်သွားသည်။သူမက အပေါ်ကို ကြည့်လိုက်တော့ ကုလျန်ရွှမ်က သူမလက်ကို ဆွဲထားသည်။

ကျန်းထျန်က ပျော့ညံ့သူ မဟုတ်ပေ။ သူမက ဘယ်လိုလုပ် ဒီလို အင်အားကို ကျရှုံးရမှာလဲ?

သူမက အားစိုက်ရန် လုပ်လိုက်စဉ် ကုလျန်ရွှမ်၏ လက်က သူမပါးဘေးကို ရောက်သွားကာ မလိုက်သည်။

ကျန်းထျန်က ခေါင်းလှည့်လိုက်ချိန်တွင် အရိပ်တစ်ခုက သူမရှေ့က ပေါ်လာသည်။ သူမကြည့်လိုက်သည်။

ကုလျန်ရွှမ်က ရုတ်တရက် အနားကပ်လာသည်။

ကျန်းထျန်က ချက်ချင်းပဲ စောင်ကို ဆွဲလိုက်ကာ အသံတုန်ရီစွာ ပြောလိုက်သည်။ "ကျွန်မ..ကျွန်မ ဗိုက်မဆာဘူး"

"သူမက ကုလျန်ရွှမ်ကို မကြည့်ရဲပေမယ့် ကုလျန်ရွှမ်က တကယ်ကြည့်ကောင်းသည်ကို နားလည်သည်။ ကုမိသားစုဝင်များ၏ ရုပ်ရည်က မလျော့ပေမယ့် သူတို့ထဲတွင် ကုလျန်ရွှမ်က အချောဆုံး ဖြစ်သည်။

ဒီဝတ္ထု၏ အဓိကဇာတ်ဆောင် ကုလျန်ရုန်ကတောင် သူ့လောက် မချောပေ။

ကျန်းထျန်က ပထမဆုံး ကျော်သွားချိန်က ကုလျန်ရွှမ်၏ ရုပ်ရည်ကို သတိထားမိပေမယ့် သူမက အများကြီး အာရုံမစိုက်မိပေ။ သူမက ဒီအိမ်တွင် ကြာကြာ မနေရဟု ထင်ခဲ့သည်။ ကုလျန်ရွှမ်က မူလခန္ဓာကိုယ် ပိုင်ရှင်၏ ခင်ပွန်း ဖြစ်သည့်အတွက် သူမက သူ့ချောမောမှုကို နေ့တိုင်း ကြည့်နေရန်က ထူးဆန်းသည်ဟု ထင်မိသည်။

ယခု ကျန်းထျန်က ဒီလူကို သူ့အချစ်ဦးနှင့် တူသည်ဟု ခံစားမိပြီး ဒီအကြောင်းကို မကြာခဏ တွေးမိနေသည်။

ကုလျန်ရွှမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ဗိုက်မဆာဘူး ဆိုရင်တောင် နည်းနည်းတော့ စားလိုက်ပါ"

"မစားဘူး...." သူမ စကား မဆုံးလိုက်ခင်မှာ ကုလျန်ရွှမ်က သူမအနီးကပ်လာသဖြင့် သူမ ပြောရန်သတ္တိ မရှိတော့ပေ။

"ကျန်းထျန် ဆန်ပြုတ်တစ်ခွက်တော့ သောက်လိုက်ပါ။မဟုတ်ရင် ညဘက် ဗိုက်ဆာနေမယ်"

ကုလျန်ရွှမ်က အသံတိုးတိုးနှင့် ပြောလိုက်သည်။ "ဒါဆ်ို ဆန်ပြုတ် ထက်ဝက်တော့ သောက်လိုက် မဟုတ်ဘူးဆိုရင် ကိုယ်..."

သူက ရပ်လိုက်ကာ ကျန်းထျန် စိတ်ရှုပ်စွာ ကိုက်ထားသော နှုတ်ခမ်းကို ကြည့်လိုက်သည်။

ဒီလို အမူအရာနှင့် ကြည့်ခဲ့ရတော့ ကျန်းထျန်က ကြောက်ရွံ့စွာ မျက်နှာကို စောင်နှင့်အုပ်လိုက်ပြီး ထိတ်လန့်နေသော အကြည့်များ ပေါ်လာသည်။

သူမ မယုံကြည်န်ိုင်ပေ။

လွန်ခဲ့သည့် နာရီဝက်က ခိုးနမ်းခဲ့သည့်အတွက် တောင်းပန်ခဲ့သူက ယခု သူမကို ဒီလိုအရာများနှင့် ခြိမ်းခြောက်နေပြီ ဖြစ်သည်။

"ကျွန်မ စားမယ်။ စားရင် ရပြီမလား?" ကျန်းထျန်၏ အသံက စောင်အောက်မှ ထွက်လာသည်။ "သွား ချက်လိုက်တော့။ ကျွန်မ တကယ်စားမယ်"

ကုလျန်ရွှမ်က အနားကပ်လာသည်ကို ရပ်ကာ နောက်ဆုတ်လိုက်သည်။ "ကိုယ်က မင်းအခု မစားချင်ဘူးဆိုရင် ညဘက် မုန့်လုပ်ပေးမယ်လို့ တွေးနေတာ"

ကျန်းထျန် - "?"

"လူလိမ်!" ကျန်းထျန်က ရုတ်တရက် ထိုင်လိုက်ကာ ကုလျန်ရွှမ်ကို အော်ဟစ် ပြောဆိုလိုက်သည်။

ကုလျန်ရွှမ်က သူမကို အတော်ကြာ စိုက်ကြည့်ကာ နှုတ်ခမ်းကိုစေ့လိုက်ပြီး သူမကို သူ့ရင်ခွင်ထဲ ထည့်လိုက်သည်။

ကျန်းထျန်က ကုလျန်ရွှမ်၏ ရင်ဘတ်ကို တွန်းလိုက်သည်။

"ကျန်းထျန် အခုဖြစ်သွားတာက မတော်တဆပါ။ မင်း အစားမစားလို့ မရဘူး"

ကုလျန်ရွှမ်က ပြောလိုက်သည်။ "မင်းကို နှစ်မိနစ်လောက် ဖက်ထားခွင့်ပေးပါ ပြီးရင် ကိုယ် မနက်ဖြန် မင်းကို မြို့ပေါ် ခေါ်သွားပေးမယ်"

ကျန်းထျန်က လှုပ်ရှားမှု ရပ်သွားသည်။ သူမက ခေါင်းလှည့်ကာ ခဏ စဉ်းစားလိုက်သည်။ "ဒါပေမယ့် ဒါကို စားသောက်ဆိုင်မှာ ပြောပြီးသားလေ။ အခု ဒါနဲ့ လာညှိနှိုင်းနေရင် ကျွန်မက လက်ခံမှာ မဟုတ်ဘူး"

"ဒါဆို ဘာလိုချင်လဲ ကိုယ့်ကိုပြောလေ?" ကုလျန်ရွှမ်က စကားပြောရ လွယ်ပုံပေါ်သည်။

ကုလျန်ရွှမ်၏ လေသံက သူမလိုချင်သမျှ အားလုံးပေးမည် ဆိုသော အသံအဖြစ် ကျန်းထျန်က ကြားနေရသည်။

"ကျွန်မ..ကျွန်မ ဘာမှ လိုချင်ပုံ မရဘူး" ကျန်းထျန်က အကြာကြီးတွေးပေမယ့် အဖြေမရပေ။ ရုတ်တရက် သူမက သူမတွင် လိုအင်ဆန္ဒများ မရှိသည့်အတွက် နိဗ္ဗာန် ရောက်တော့မည်လား ဟုပင် တွေးမိနေသည်။

"ကျွန်မက အရမ်း ကျွေးမွေးရ လွယ်တာပဲ" ကျန်းထျန်က သက်ပြင်းချလိုက်သည်။

ကုလျန်ရွှမ်က နာရီမှ မိနစ်လက်တံများကို ကြည့်ကာ နှစ်မိနစ် ကျော်သွားပြီ ဆိုသည်ကို မြင်လိုက်ရပေမယ့် လစ်လျူရှုလိုက်သည်။

"ဒါဆို မင်းမအိပ်ခင် ဘာစားချင်လဲ?"

ကုလျန်ရွှမ်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။ "မင်း လိုချင်တာ ရှိလား?"

ကျန်းထျန်က ခေါင်းငြိမ့်ကာ သူမမေးစေ့နှင့် ကုလျန်ရွှမ်၏ သန်မာသော ကြွက်သားများကို တွန်းလိုက်သည်။

ကုလျန်ရွှမ်ကလည်း အတော်သန်မာသည်ဟု ကျန်းထျန်က နားလည်သွားသည်။ သူက အစားကောင်းကောင်း စားသလို နေ့တိုင်း ပုံမှန် လေ့ကျင့်ခန်း လုပ်သည်။သူက သူမခွန်အားကို ထိတ်မလန့်သည်က မဆန်းပေ။

"အဆင်ပြေပါတယ်"

ကျန်းထျန်က သူစားချင်သည့် အရာကို ပြောလိုက်သည်။ "ကျွန်မ ကန်စွန်းဥ မီးဖုတ် စားချင်တယ်"

"ဒါပေမယ့်"

ကျန်းထျန်က ခေါင်းမော့ကာ နာရီကို ကြည့်လိုက်သည်။ "နှစ်မိနစ် ကျော်သွားပြီမလား?"

"ဟင့်အင်း" ကုလျန်ရွှမ်က မတွေဝေဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းထျန် - "..." သူမက အလိမ်ခံရမယ့်ပုံ ပေါ်နေတာလား?

ဒါပေမယ့် သူမက ဒီနေ့ အမှားလုပ်ခဲ့ပြီး ကုလျန်ရွှမ်က မြို့ပေါ်မှ ဖြစ်ရပ်ကို ဖုံးကွယ်ပေးထားသည့်အတွက် နောက်ထပ် ငါးမိနစ်လောက်က အဆင်ပြေသည်ဟု ကျန်းထျန်က ထင်မိသည်။

မိနစ်အတော်ကြာတော့ ကျန်းထျန်က သူမ၏ ထုံကျင်နေသော နံရိုးများကို လှုပ်ကာ သူ့ပခုံးပေါ်တွင် မှီပြီး သမ်းလိုက်သည်။ "ကုလျန်ရွှမ် ရှင် သွားပြီး ချက်ပြုတ်သင့်ပြီ"

ကုလျန်ရွှမ်က မသွားချင်ပေ။ ကျန်းထျန်က မနက်ဖြန် မြို့ပေါ်မှ ပြန်ရောက်လာမည်က မသေချာသည့်အတွက် သူက သူမကို လွှတ်ရန် တွေဝေနေသည်။

"ကိုယ် မင်းကို မပြောရသေးဘူး" ကုလျန်ရွှမ်က စကားပြောရန် အခွင့်အရေး ရှာလိုက်သည်။

ကျန်းထျန် - "ဟမ်?" သူမက ခန္ဓာကိုယ် အနေအထား ပြောင်းကာ တစ်ကိုယ်လုံးကို ကုလျန်ရွှမ်အပေါ် အားပြုလိုက်သည်။

"ကျန်းမိသားစု ကိစ္စက ဖြေရှင်းပြီးသွားပြီ" ကုလျန်ရွှမ်က အားလုံးကို သူသိထားသည့် အရာများ ထုတ်ပြောလာသည်။

"ကျန်းမိသားစုမှာ ပြသနာတွေ အများကြီးပဲ။ အခု သူတို့အချင်းချင်း ပြဿနာ ဖြေရှင်းနေရလို့ ကိုယ်တို့ကို နှောင့်ယှက်ဖို့ မအားဘူး"

ကျန်းထျန်က မျက်တောင်ခတ်လိုက်သည်။ သူမက ကျန်းမိသားစုနှင့် ဖြေရှင်းရန် ကိစ္စ မရှိတော့၍ မဟုတ်ဘဲ သူမစိတ်က အခြားတစ်ခုကို အာရုံရောက်နေသည့်အတွက် နောက်ပိုင်း ကိစ္စများကို အာရုံ မစိုက်နိုင်ပေ။

"ဒါဆို ရှောင်းမင် ရှောင်းဝူနဲ့ ရှောင်းလျိုက ကျောင်းသွားလို့ ရပြီလား?" ကျန်းထျန်က မေးလိုက်သည်။

ကုလျန်ရွှမ်က ခေါင်းငြိမ့်လိုက်သည်။ "ရပြီ။ ဒါပေမယ့် ဘုရားပွဲနဲ့ အမျိုးသားနေ့ ပြီးတော့မှ ကျောင်းသွားတာ ကောင်းမယ်"

"အမျိုးသားနေ့မှာ လူထုအဖွဲ့အစည်းက အဖွဲ့တိုင်းကို ရုပ်ရှင်ပြဖို့ စီစဉ်ထားတယ်တဲ့။ ဒီနှစ်မှာ ကိုယ်တို့ အဖွဲ့ခြောက်က ပြမယ့် အဖွဲ့ပဲ။မင်း သွားကြည့်ချင်လား?"

ကျန်းထျန်က ခေါင်းလှုပ်လိုက်တော့ သူမ၏ ဆံပင်များက ကုလျန်ရွှမ်၏ လည်ပင်းနှင့် မေးစေ့ကို ပွတ်တိုက်မိသည်။"ဘာ ရုပ်ရှင်လဲ?ကောင်းလား?"

"သေချာ မသ်ိဘူး" ကုလျန်ရွှမ်က လက်မြှောက်ကာ သူမဆံပင်များကို ပြင်ပေးလိုက်သည်။

"မြို့ပေါ်က ရုပ်ရှင်ရုံမှာလည်း ရုပ်ရှင်ကားတွေ ပြမယ်။မင်းကြည့်ချင်ရင် ကိုယ်တို့ မနက်ဖြန် သွားလို့ရတယ်"

"မနက်ဖြန်" ကျန်းထျန်က စိတ်ထဲတွင် ငြင်းဆန်နေသည်။ သူမက ဒီရက်များတွင် သေချာ အနားမယူရသေးပေ။ သူမက မနက်ဖြန် စောစော မထချင်ပေ။အိပ်ရေးဝရန် လိုအပ်နေသည်။

"ထားလိုက်ပါတော့"

ကုလျန်ရွှမ်က ရပ်ပြီး ဆက်ပြောလိုက်သည်။ "ကောင်းပါပြီ။ မင်း ကြည့်ချင်တဲ့အချိန် ကြည့်လို့ ရပါတယ် "

ကျန်းထျန်က ခေါင်းငြိမ့်လိုက်သည်။

"ဒါပေမယ့် ကုလျန်ရွှမ်၊ ရှင် ကျွန်မကို ဖက်ထားတာ အရမ်းကြာနေပြီ!"

ကျန်းထျန်က သူမနဖူးနှင့် ထိုလူ၏ မေးစေ့ကို တိုက်လိုက်သည်။ "ရှင် ကျွန်မကို တရားဝင်တောင် ချစ်ခွင့် မပန်ရသေးဘဲ အကြာကြီး အခွင့်ကောင်း ယူနေတာပဲ!"

All Chapters