← Chapters

အခန်း(၉၆)

Vol. 8 Ch. 96

အခန်း(၉၆)

Vol. 8 Ch. 96

"ချစ်ခွင့်ပန်တာလား?"

ကုလျန်ရွှမ်က စိတ်ရှုပ်ထွေးနေသည်။ သူက ထိုစကားကို ပထမဆုံး ကြားခြင်း ဖြစ်သည့်အတွက် စကားအဓိပ္ပါယ်ကို နားမလည်ပေမယ့် ခဏတာ စဉ်းစားပြီးနောက် အနည်းငယ် နားလည်လာသည်။ လူတစ်ယောက်၏ ခံစားချက်ကို ထုတ်ပြခြင်းနှင့် တူသည်။

ကျန်းထျန်က ခေါင့းငြိမ့်လိုက်သည်။ "အင်း၊'သဘောကျတယ်'ဆိုပြီး ရှင်သဘောကျတဲ့သူကို ပြောလိုက်လေ"

သူမ ကုလျန်ရွှမ်ကို ကြည့်ကာ သူ့တုန့်ပြန်မှုကို စောင့်ကြည့်နေသည်။

"ရှင်းရှင်းလင်းလင်း လုပ်ကြတာပေါ့ ရှင်ခုနက ပြောလိုက်တဲ့ စကားကို ထည့်မတွက်ဘူး။ ပြီးတော့ ကျွန်မလည်း မကျေနပ်ဘူး"

သူက လူသိရှင်ကြား ပြောရမှာ ရှက်သလိုနဲ့ သူမအိပ်နေတုန်း ပြောတာက ဘာလို့လဲ?

ကျန်းထျန်က စကားပြောပြီးနောက် ခေါင်းငုံ့ကာ လက်သည်းများကို ကြည့်နေသလို ခံစားရသည်။

ကုလျန်ရွှမ် - "..." ဒါက ကိုယ်ခြေထောက်ကို ခြေထောက်ကို ပစ်ခတ်လိုက်သလို သဘောလား?

ဒါပေမယ့် စိတ်ရှုပ်နေချိန်မှာပဲ ကျန်းထျန်က သူထင်ထားသလောက် သူ့ကို မမုန်းဘူးဆိုတာ ကုလျန်ရွှမ်က နားလည်လိုက်သည်။

ကံကောင်းရင် သူမက သူ့လိုပဲ ခံစားချက် ရှိနေနိုင်သည်။

"ကျန်းထျန် ကိုယ် မင်းကို သဘောကျတယ်!" ကုလျန်ရွှမ်က သတ္တိမွေးကာ ကျန်းထျန်၏ နားအနီးကပ်၍ ပြောလိုက်သည်။

"တစ်ခါပြောရင် လုံလောက်ပြီလား?"

ကျန်းထျန်က နားကို ကာလိုက်သည်။

ဘုရားသခင်၊ သူမက အဆိပ်ပြင်းတဲ့ ဇာတ်ပို့နေရာကို ရောက်သွားတာပဲ။ လအတော် ကြာပြီးနောက်မှာ ကုလျန်ရွှမ်၏ အသံက အလွန်ဆွဲဆောင်မှု ရှိသည်ကို သူမ သိခဲ့ရသည်။

သူ့လက်အောက်မှ နားက ပူလာပြီး ကျန်းထျန်က လွန်ခဲ့သည့် လအနည်းငယ်တွင် ကြီးမားသော ဆုံးရှုံးမှု ခံစားခဲ့ရသည်ဟု ထင်မြင်လာသည်။

သူမသာ အရင်က သိခဲ့လျှင် အိပ်ယာမဝင်ခင် ကုလျန်ရွှမ်ကို ပုံပြင်ပြောပြရန် တောင်းဆိုခဲ့မိမည် ဖြစ်သည်။

"ဟင့်အင်း...မလုံလောက်ဘူး" ကျန်းထျန်က ခေါင်းခါလိုက်ပြီး ကုလျန်ရွှမ် ဆက်မပြောစေရန် ရပ်လိုက်ပြီး ပြောလိုက်သည်။

"ဒါပေမယ့် ဒီနေ့မကြားချင်တော့ဘူး မနက်ဖြန်မှ ပြောတော့"

"ပြီးတော့ ဒီနေ့ ကျွန်မ မကျေနပ်ဘူး။ ရှင် ကျွန်မ လက်မခံမချင်း အနည်းဆုံး တစ်လလောက် ပြောနေရမယ်"

ကျန်းထျန်က ဆက်နေချင်သေးသည်ကို ကုလျန်ရွှမ်က နားလည်လိုက်သည်။

"မင်း ကြိုက်သလောက် နားထောင်လို့ ရတယ်"

ကျန်းထျန်၏ နားကို အုပ်ထားသော လက်များက သူမ၏ ပူလောင်နေသော ပါးပေါ် ရောက်သွားပြီး စိတ်ထဲမှ အော်ဟစ်နေမိသည်။

အခု သူမက ဘာကြောင့် ရုပ်ရှင်များနှင့် ဝတ္ထုများမှ ဇာတ်ကောင်များက ချစ်ခွင့်ပန်သောအခါ သူတို့ကို မကြည့်ရဲကြအောင် ရှက်နေကြသည်ကို နားလည်သွားပြီ ဖြစ်သည်။

ထိုအချိန်က သူက သူမကို ကြည့်ပြီး ပြောလိုက်သည်။ "ချစ်ခွင့်ပန်တာပဲလေ ဘာများ ရှက်စရာ ရှိနေတာလဲ?စကား တစ်ခွန်းပဲ မလား?"

ယခု သူမက သူမစကားကို နောင်တရကာ အမှားကို ဝန်ခံနေမိသည်။

"ဒါဆို ကျွန်မ ရှင် ပုံပြင်ပြောပြတာ နားထောင်ချင်တယ်"

ရှက်နေ ပြီးနောက်မှာ ကျန်းထျန်က အကျိုးရှိသည့် အရာလုပ်ရန် ကြိုးစားလိုက်သည်။

ဒီလို သာယာသောအသံက အိပ်ဆေးကောင်း ဖြစ်မည်။

ကျန်းထျန်က အအိပ်မက်သူ ဖြစ်သည့်အတွက် သူ့ရင်ထဲမှ ရှက်နေပေမယ့် ပြောလိုက်သောအခါ တည်ငြိမ်နေသည်။

"ရတာပေါ့" ကုလျန်ရွှမ်က လက်ခံလိုက်သည်။

"ဘယ်ပုံပြင် နားထောင်ချင်လဲ?"

ကျန်းထျန်က လက်များကို ဖြေလိုက်ကာ အရောင်လက်နေသော မျက်လုံးနှစ်လုံးကို ဖော်ပြလိုက်သည်။

"ဟိုလို ပုံပြင်မျိုး" ဒီနယ်မြေမှာ ပြောလို့မရတဲ့ ပုံပြင်မျိုး။

ကုလျန်ရွှမ်က ခဏကြာတော့ တွေဝေစွာ ပြောလိုက်သည်။

"ဘယ် တစ်ခုလဲ?" သူမ သေချာပြောလို့ မရဘူးလား?

ဒါမှ မဟုတ် ဖြစ်နိုင်တာက..?

ကျန်းထျန်ကို ဖက်ထားသော ကုလျန်ရွှမ်၏ လက်က ရုတ်တရက် တင်းကျပ်သွားသည်။ "ဒါက မကောင်းပါဘူး"

ကျန်းထျန်က ပါးကိုဖောင်းလိုက်သည်။ ဒါက ဘာဖြစ်လို့လဲ?

နှစ်ယောက်ထဲပဲလေ တစ်ယောက်က ပြောပြီး နောက်တစ်ယောက်က နားထောင်တယ်လေ အခြား ဘယ်သူကမှ မသိနိုင်ဘူး။

"မဟုတ်ဘူး၊ ကျွန်မတို့ နှစ်ယောက်ပဲ သိမှာလေ"

ကျန်းထျန်က အခြား စိတ်ပျော်စရာ အစီအစဉ်မရှိသည့် အတွက် စိတ်လှုပ်ရှားစရာ တစ်ခု လုပ်ချင်နေသည်။

ဒါက ညဘက် အိပ်ယာမဝင်ခင်ဘဲ နားထောင်ရတဲ့ ပုံပြင်မျိုးလေ။

ကုလျန်ရွှမ်၏ လက်ကို သူ့လက်နှင့် တွန်းကာ ကျန်းထျန်က တောင်းဆိုလိုက်သည်။ "ဘယ်လိုပဲ ဖြစ်ဖြစ် ရှင် ကျွန်မကို မပြောဘဲ ကျွန်မက ရှင့်ကို မပြောရင် ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး"

စိတ်ခံစားချက်ကြောင့်လား ဆင်ခြင်ဉာဏ်ကြောင့်လား မသိပေမယ့် ကုလျန်ရွှမ်က လက်ခံရန် ခက်ခဲနေသည်။

ရိုးသားစွာ ပြောရလျှင် သူက တပ်ထဲတွင် ရဲဘော်များ ပြောသည့်အရာကို ကြားဖူးပြီး တစ်ကြိမ် နားထောင်ဖူးလျှင်တောင် မှတ်မိနေပြီး မေ့မရပေ။ ယခု သူက ကျန်းထျန်ကို ပြောပြချင်လျှင်တောင် ခက်ခဲသည်။

သူက ယခင်က ဘာကိုမှ သတိမပြုမိပေ။ သူ့ရဲဘော်များက စိတ်လှုပ်ရှားနေပေမယ့် သူက ဘာမှ မခံစားရပေ။

ဒါပေမယ့် အခု ကုလျန်ရွှမ်က ခေါင်းငုံ့ကြည့်ကာ ကျန်းထျန်၏ ကြည်လင်သော အကြည့်နှင့် တွေ့ရတော့ ဘာကိုမှ အာမမခံနိုင်တော့ပေ။

"အလုပ်ဖြစ်မှာ မဟုတ်ဘူး။ သုံးပြည်ထောင် အချစ်ဇာတ်လမ်းအကြောင်း ပြောပြမယ် ဆိုရင်ကော?" ကုလျန်ရွှမ်က အတွေးထဲ ပေါ်လာသည့် အရာကို ပြောလိုက်သည်။

ကျန်းထျန် - "..."ဘယ်သူက ဒီလို ဦးနှောက်ကို လှည့်စားနေတဲ့ ပုံပြင် နားထောင်မှာလဲ?

"ကျွန်မ ရှင့်ကို ဖက်ခွင့် မပေးတော့ဘူး" ကျန်းထျန်က သူ့ကို တွန်းလိုက်သည်။

သူ့ကို အကြာကြီး ဖက်ခွင့်ပေးပေမယ့် သရဲပုံပြင်တောင် မပြောပြချင်ဘူး!

မင်း နားထောင်ချင်တာ နားထောင်လို့ရတယ်ဆိုပဲ။ယောက်ျားတွေက စကား အပြောကြီးပေမယ့် လက်တွေ့လုပ်ရပ်ကတော့ လူပုလေးလိုပဲ!

ကုလျန်ရွှမ်က တွန်းခံရကာ ကျန်းထျန်၏ စိတ်တိုနေသော မျက်နှာနှင့် ဆုံမိသွားသည်။သူက ရှက်ရွံ့စွာ ပြောလိုက်သည်။ "ထျန်ထျန် အခုက အဲ့ဒီလို ပုံပြင်ပြောဖို့ မသင့်တော်ဘူး"

သူ့အတွက်တော့ ဘယ်အချိန်မှ မသင့်တော်ပေ။

ကျန်းထျန်က သူ့ကိုကြည့်လိုက်သည်။ "ဘယ်သူမှ မသိပါဘူး သရဲပုံပြင်ပဲ မဟုတ်ဘူးလား?"

ကုလျန်ရွှမ် - "..."သူက အံ့သြသွားသည်။

သရဲပုံပြင်လား?

ဟိုလို ပုံပြင်မျိုး မဟုတ်ဘူးလား?

ကျန်းထျန်၏ ဝေခွဲမရ ဖြစ်နေသော အကြည့်များနှင့် ဆုံသောအခါ ကုလျန်ရွှမ်က စိတ်မသက်မသာနှင့် အဝေးသို့ ကြည့်လိုက်သည်။ "အင်း ကိုယ်ပြောချင်တာက မင်း သရဲပုံပြင် နားထောင်ရင် မကြောက်ဘူးလား?"

သူပြောသည်က အဓိပ္ပါယ်ရှိသည်ဟု ခံစားရသည့်အတွက် သူမက အလျင်အမြန် ပြောလိုက်သည်။ "ဘာလို့ ကြောက်ရမှာလဲ?ဒါက အမှန်မှ မဟုတ်တာ"

သူမ ကြောက်သည် မကြောက်သည် ဆိုသည်က ပုံပြောသူ ကုလျန်ရွှမ်၏ ပြောနိုင်စွမ်း အပေါ် မူတည်သည်။

သူမက ကုလျန်ရွှမ်၏ လက်မောင်းကို ခါပြီး ပြောလိုက်သည်။ "မပူပါနဲ့။ ကျွန်မ ဘယ်သူ့ကိုမှ ပြန် မပြောပါဘူး"

ကုလျန်ရွှမ် - "ဟုတ်ပြီ"

ကျန်းထျန် - "ဒါဆို ညဘက် နားထောင်မယ်"

ထိုအချိန်တွင် အခန်းတံခါး ခေါက်သံ ထွက်လာကာ ရွှီကျင်းဖန်၏ အသံက ထွက်ပေါ်လာသည်။ "ထျန်ထျန်၊ လျန်ရွှမ် အမေ ညစာချက်ပြီးပြီ ယူလာခဲ့ရမလား?"

ကုလျန်ရွှမ်က အလျင်အမြန် ခုတင်မှ ထလိုက်သည်။ "အမေ ဟင်းချက်ဖို့ ဘာလို့ ကျွန်တော့်ကို မစောင့်တာလဲ?"

သူက အခန်းထဲမှ ထွက်သွားကာ ကျန်းထျန်ကို အထဲတွင် ထားခဲ့သည်။

"အမေ မီးဖိုထဲမှာ ပြာတွေ ပူနေသေးလား?ထျန်ထျန်က ကန်စွန်းဥမီးဖုတ် စားချင်နေတယ်"

ရွှီကျင်းဖန်က ခြေနှစ်လှမ်း နောက်ဆုတ်ကာ ကုလျန်ရွှမ်ကို အလိုမကျသည့် အကြည့်နှင့် ကြည့်လိုက်သည်။

"လျန်ရွှမ် နောက်တစ်ခါ ပိုဂရုစိုက် သင့်တယ်။ ဘာလို့ အခန်းတံခါး သော့ခတ်ထားဖို့တောင် မသိတာလဲ? နည်းနည်း ထိလိုက်တာနဲ့ ပွင့်သွားတယ်"

သူမကသာ ဖွင့်လိုက်လျှင် ကိစ္စမရှိပေမယ့် ကလေးတွေ မြင်သွားရင်ရော? ဘယ်လောက်တောင် မကောင်းကျိုး သက်ရောက်မလဲ?

ကုလျန်ရွှမ် - "..." ဒါက သူ မထင်ထားခဲ့ဘဲ ဖြစ်သွားခြင်း ဖြစ်သည်။

"ကောင်းပြီ ကောင်းပြီ မရှက်နဲ့တော့။ အမေ စားစရာ ယူပေးမယ်" ရွှီကျင်းဖန်၏ အကြည့်က သူ့သားကြီး၏ အောက်နှုတ်ခမ်းမှ ကွဲရာမှ သွေးထွက်နေသည်ကို တွေ့သွားသည်။ သူမ စိတ်သက်သာရာ ရသွားသည်။အနည်းဆုံးတော့ ဒီကလေးက မတုံးအတော့ဘူး။

ရွှီကျင်းဖန်က ချက်ပြုတ်ထားသည့်အတွက် ပင်ပန်းနေသောကြောင့် ကုလျန်ရွှမ်က အစားအသောက် ထည့်ပေးပြီး ပိုပင်ပန်းအောင် မလုပ်ချင်ပေ။"အမေ ကျွန်တော် သွားလုပ်လိုက်ပါမယ်"

ရွှီကျင်းဖန် - "..."

သူမက ဒီကလေးက ဘယ်လောက်ထိ ရှက်စရာ ကောင်းနေသည်ကို မသိပုံ ပေါ်တာကြောင့် သတိပေးလိုက်သည်။ "လျန်ရွှမ် အပြင်ထွက်မလာခင် ထျန်ထျန်ရဲ့ မှန်မှာ မင်းကိုယ်မင်း ကြည့်ခဲ့စမ်းပါ"

ကုလျန်ရွှမ်က မတွေးနိုင် ဖြစ်သွားသည်။

ရွှီကျင်းဖန်က လက်ကာ ပြပြီး ပြောလိုက်သည်။ "အမေ ယူလာခဲ့မယ်။ အခန်းထဲ ပြန်ပြီး မှန်အရင် ကြည့်လိုက်"

ထိုသို့ပြောပြီး သူက မျက်နှာချင်းဆိုင်အခန်းထဲ ဝင်သွားလိုက်သည်။

ကုလျန်ရွှမ်က စိတ်ရှုပ်နေသည်။

ထိုအချိန်တွင် တစ်ချိန်လုံး အိမ်ထဲ အိပ်နေသော ကုလျန်ရုန်က အပြင်ထွက်လာပြီး နောက်ဘက်တွင် ခြေလက်ဆေးကြောကာ ပင်မအခန်းသို့ ထမင်းစားရန် လာခဲ့သည်။ ကုလျန်ရွှမ်က တတိယညီလေးကို မြင်လိုက်သည့်အတွက် လှည့်ကြည့်လိုက်သည်။

ဒါပေမယ့် တတိယညီလေးက သရဲ မြင်ရသကဲ့သို့ ထူးဆန်းအံ့သြသည့် အကြည့်နှင့် ကြည့်နေသည်။

ကုလျန်ရွှမ် - "..."

"အစ်ကို အစ်ကိုကြီး ကျွန်တော်သွားပြီ" ကုလျန်ရုန်က လက်မြှောက်ကာ ဝှေ့ယမ်း နှုတ်ဆက်လိုက်ပြီး ပင်မခန်းသို့ ခြေနှစ်လှမ်း သုံးလှမ်းနှင့် အမြန် သွားလိုက်သည်။

ရွှီကျင်းဖန်က မီးဖိုခန်းမှ ထွက်လာကာ အပြင်တွင် ရပ်နေသော ကုလျန်ရွှမ်ကို အစားအသောက်များ ကမ်းပေးလိုက်သည်။ "စားပြီးရင် အိမ်ထဲ ပြန်ယူလာခဲ့။ကန်စွန်းဥ မီးဖုတ်ထားခဲ့တယ်။ ထျန်ထျန် ဗိုက်ဆာလာရင် စားလို့ရတယ်"

ပြောပြီးနောက် ရွှီကျင်းဖန်က ပင်မအခန်းကို ထမင်းစားရန် ထွက်သွားလိုက်သည်။ လမ်းခုလတ်မှာ သူမက တစ်ဖက်လှည့်ကာ တံခါးပိတ်နေသော ကုလျန်ရွှမ်ကို ပြောလိုက်သည်။

"လျန်ရွှမ် ထမင်းစားပြီးရင် အိပ်ယာခင်းတွေကို အသစ်လဲလိုက်။ တတိယအဒေါ်နဲ့ အမေနဲ့ မနက်ဖြန် အဝတ်လျှော်ဖို့ မြစ်ကို သွားမှာ"

ကုလျန်ရွှမ်က ခေါင်းငြိမ့်လိုက်သည်။ "အမေ ကျွန်တော် မနက်ဖြန် လိုက်ကူပေးမယ်"

ရွှီကျင်းဖန်က လက်ကာပြလိုက်သည်။ "မလိုပါဘူး၊ တတိယကလေး ရှိတယ်လေ။ မင်းခြေထောက်က အခုမှ ပြန်ကောင်းလာတာ မလို့ သတိထားသင့်တယ်။ နှစ်သစ်မရောက်ခင် သမားတော်ယန် ကိုသွားတွေ့ရမယ်။ ပြဿနာ မရှိတော့ဘူးဆိုမှ ဆက်ပြောကြတာပေါ့။"

အဓိက အကြောင်းအရင်းက သူ့ဒဏ်ရာက အလျင်အမြန် ကောင်းသွားသည့်အတွက် ရွှီကျင်းဖန်က မယုံကြည်နိုင် ဖြစ်နေခြင်း ဖြစ်သည်။

"မီးဖိုခန်းထဲမှာ ရေနွေးတည်ခဲ့တယ်။ ထျန်ထျန်က ခဏနေ ရေချိုးမှာမလို့ မင်းရောက်ရင် မီးသတ်ထားလိုက်"

ထိုသို့ပြောကာ ရွှီကျင်းဖန်က ပင်မအခန်းကို ထွက်သွားခဲ့သည်။

ကုလျန်ရွှမ်က တစ်ဖက်လှည့်ကာ အိမ်ထဲ ဝင်သွားလိုက်ပြီး စားစရာများကို စားပွဲပေါ်ချကာ ရွှီကျင်းဖန်၏ ညွှန်ကြားမှုအတိုင်း တံခါးကို သော့ပိတ်လိုက်သည်။

ကျန်းထျန်က စားပွဲထံလာကာ စားစရာများကို ဖွင့်ကြည့်လိုက်သည်။ "ကြက်သားနဲ့ မြေပဲတွေပဲ"

"ပန်းကန်လုံးထဲမှာ ထမင်းရှိတယ် နည်းနည်းစားမလား?" ကုလျန်ရွှမ်က ပြန်လာပြီး ထိုင်လိုက်သည်။ ကျန်းထျန် ခေါင်းငြိမ့်သည်ကို မြင်ရတော့ သူက သူမကို ပန်းကန်လုံးထက်ဝက် ထမင်းထည့်ပေးလိုက်သည်။

"ဝက်အူချောင်း၊ မုန်လာဥနီနဲ့ ကြက်ဥလည်းပါတယ်"

အားလုံးက ကျန်းထျန်၏ အကြိုက်များ ဖြစ်သည်။သေချာစွာ ပြောရလျှင် သူမ မကြိုက်သည့်အရာ မရှိပေ။

မြေပဲများက ကြွပ်ရွနေအောင် ကြော်ထားသည့်အတွက် တစ်ကိုက်ကိုက်လိုက်လျှင် ကျန်းထျန်အတွက် ပျော်စရာ ဖြစ်နေသည်။

ဒါပေမယ့် သူမ စားချင်စိတ် မရှိသည့်အတွက် ပန်းကန်လုံးထက်ဝက် စားပြီးသည်နှင့် ဗိုက်ပြည့်သွားသည်။ ကျန်သောအရာများက ကုလျန်ရွှမ်၏ ဗိုက်ထဲ ရောက်သွားသည်။

ညစာ စားပြီးနောက် ကုလျန်ရွှမ်က ဟင်းပွဲများကို သန့်ရှင်းကာ မီးဖိုခန်းထဲ ပို့ရန် လုပ်လိုက်သည်။ထွက်မသွားခင် ကုလျန်ရုန်၏ ထည့်လန့်သွားသော ပုံစံကို ပြန်တွေးမိကာ ကျန်းထျန်၏ မှန်ကိုယူပြီး သူ့ကိုယ်သူ ကြည့်လိုက်သည်။

မှန်က ကျန်းထျန်၏ လက်ဝါးလောက်သာ ကြီးသည့်အတွက် ကုလျန်ရွှမ်၏ လက်ထဲတွင် သေးငယ်နေသည်။သူက အတော်ကြာ ရှာပြီးနောက် နှုတ်ခမ်းထောင့်မှ သွေးထွက်နေသော ဒဏ်ရာကို တွေ့လိုက်သည်။

ကုလျန်ရွှမ်က မှန်ကြည့်နေသောအခါ ကျန်းထျန်က သူ့ကို ထူးဆန်းသည့်အကြည့်နှင့် ကြည့်လိုက်သည်။ သူ့လို ရေချိုးဆပ်ပြာနှင့် ခေါင်းလျှော်သောသူက မှန်ကြည့်ဖို့ တွေးတတ်သည်လား?

ကုလျန်ရွှမ်၏ အကြည့်က တစ်နေရာတွင် ရောက်သွားသည်ကို မြင်သောအခါ သူမကလည်း ထိုနေရာကို ကြည့်လိုက်သည်။

သူမက သိသာထင်ရှားသော အနီရောင် ဒဏ်ရာတစ်ခုကို သူ့နှုတ်ခမ်းထောင့်တွင် တွေ့လိုက်ရသည်။

ကျန်းထျန် - အန္တရာယ်ပဲ!

သူမ အော်ပြောလိုက်သည်။ "အားလုံး ရှင့်ကြောင့်ပဲ!"

ကုလျန်ရွှမ်က မှန်ကို ပြန်ချကာ မျက်မှောင်ကြုတ်ပြီး ကြည့်နေသည်။

သူက စိတ်တိုသွားသည်ဟု ကျန်းထျန် ထင်နေချိန်တွင် သူကပြောလိုက်သည်။ "ထျန်ထျန် ကိုယ် ဒါကို ဖုံးဖို့လိုတယ်"

ကျန်းထျန် - "..." သူမ ငြင်းလိုက်သည်။ "မဖြစ်နိုင်ဘူး"

ကုလျန်ရွှမ်က နာကျင်သွားပုံ ပေါ်ကာ ပြောလိုက်သည်။

"ကိုယ် ဟင်းပွဲတွေ သွားပို့ရမယ်" သူက ပြောပြီးသည်နှင့် ထွက်သွားရန် ပြင်လိုက်သည်။

ကျန်းထျန်က ခဏတာ ငြိမ်သက်နေပြီး အိပ်ယာမှ ထကာ သူ့ကို ဆွဲလိုက်သည်။ "မရဘူး မရဘူး!ရှင် ဒီလို ထွက်သွားရင် အခြားသူတွေ နားလည်မှု လွဲကြလိမ့်မယ်"

ကုလျန်ရွှမ်က ခေါင်းငုံ့ကြည့်ကာ ကျန်းထျန်၏ ခြေဗလာကို မြင်တော့ အသံမာမာနှင့် ပြောလိုက်သည်။

"ကျန်းထျန် အိပ်ယာပေါ် ပြန်တက်"

"ဒါဆို မသွားနဲ့။ ကျွန်မ သွားပို့လိုက်မယ်" ကျန်းထျန်၏ မျက်လုံးများက သဘောကောင်းပုံ ပေါ်နေသည်။ သူမ၏ ကူညီလိုစိတ်ကို ပြရန် တစ်ဖက်လှည့်ကာ ဖိနပ်စီးလိုက်ပြီး ကုလျန်ရွှမ်ထံမှ ဟင်းပွဲများကို ယူလိုက်ကာ တံခါးဖွင့်ပြီး အပြင်ထွက်သွားလိုက်သည်။

"အမေ သမီး ဟင်းပွဲတွေကို မီးဖိုပေါ် ထားခဲ့ပြီ"

ရွှီကျင်းဖန်က ထမင်းစားနေရင်း မော့ကြည့်လိုက်သည်။

"အမေ သိပြီ"

ကျန်းထျန်က အိမ်ခန်းထဲ အမြန် ပြန်ဝင်လာကာ စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်ပြီး ကုလျန်ရွှမ်က ဗီရိုတွင် အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသည်။

ကျန်းထျန်က သူအထဲမှ အိပ်ယာခင်းအသစ်ထုတ်ကာ ခင်းလိုက်ပြီး အဟောင်းကို အပြင်သို့ ယူသွားရန် လုပ်နေသည်ကို မြင်လိုက်တော့ စိတ်ပူစွာ အရှေ့လျှောက်သွားလိုက်သည်။ "ကျွန်မ လုပ်လိုက်မယ်။ ကျွန်မ လုပ်လိုက်မယ်!"

"ကုလျန်ရွှမ် ရှင့်ခြေထောက်က ဒဏ်ရာ ရနေတုန်းပဲ။ အနားယူသင့်တယ်။ ဒါတွေကို ကျွန်မ လုပ်လိုက်ပါ့မယ်"

ကျန်းထျန်၏ ယခုစိတ်အခြေအနေက ဆရာလုပ်တတ်သူများနှင့် တူနေသည်။ သူမက ကုလျန်ရွှမ်ကို အခန်းထဲ ပိတ်ထားပြီး ဘယ်မှ မသွားစေချင်ပေ။

ကျန်းထျန်က သူ့ကို ပြုံးပြလိုက်သည်။"ကျွန်မက သန်မာပါတယ်။ ကျွန်မ ပို့ပေးန်ိုင်တယ်"

လူနာက လူနာနှင့် တူသင့်သည်။ သူက အသားအရေ နည်းနည်းလေး ထိခိုက်နေရင်တောင် အိပ်ယာပေါ် လှဲနေသင့်သည်။

"ဘယ်အခန်းကို ပို့ရမှာလဲ?" ကျန်းထျန်က အိပ်ယာခင်းကို ပိုက်ကာ သူမ မေးနှင့် တေ့ထားလိုက်ပြီး ကုလျန်ရွှမ်ကို မေးလိုက်သည်။

ကုလျန်ရွှမ်က အခင်းနှစ်ခုကို ဆွဲထုတ်ကာ ပြောလိုက်သည်။ "အနောက်ဘက်က ဒုတိယအခန်းကို ပို့လိုက်ပါ"

စုစုပေါင်း နှစ်ကြိမ် ပို့ခဲ့ရသည်။ ကျန်းထျန်က ရွှီကျင်းဖန် အရှေ့တွင် ရပ်နေကာ သူမ အရေအတွက် စစ်နေသည်ကို စောင့်နေလိုက်သည်။

ရွှီကျင်းဖန်က ခေါင်းငြိမ့် ခေါင်းခါ လုပ်လိုက်ပြီး ကျန်းထျန်ကို ကြည့်လိုက်သည်။ "ထျန်ထျန် အိမ်မှာ စောင်အထူတွေ ကျန်သေးလား?အရေအတွက်က မှားနေတယ်။ဆောင်းမရောက်ခင် ရာသီဥတုက သိပ်ကောင်းမှာ မဟုတ်ဘူး။အမေ ဒါတွေကို မနက်ဖြန် လျှော်ပြီး အခြောက်လှမ်းရမယ် ဒါမှ နောက်ပိုင်း အဆင်ပြေမှာလေ"

ကျန်းထျန်က သူမလက်များကို ကိုင်ကာ ပြောလိုက်သည်။ "အင်း စောင်အထူ နှစ်ထည်ရှိတယ်" တစ်ခုက နှစ်ထပ်စောင် နောက်တစ်ခုက အရင်လက ယူထားတဲ့ စောင်အပါးပဲ။

"စောင်တွေ အများကြီး သုံးတာက ဖြုန်းတီးတာပဲ။အမေ သွားယူလိုက်မယ်" ရွှီကျင်းဖန်က မတ်တပ်ရပ်ကာ သွားယူရန် လုပ်လိုက်သည်။

ကျန်းထျန်က သူမကို ဘယ်လိုလွှတ်ရမှာလဲ? သူမ သေချာ ဖုံးကွယ်ထားတဲ့ အရာကို မြင်သွားရင်ရော?

"အမေ မသွားတာကောင်းမယ်။ ဒါက စောင်လေးပါပဲ အရမ်း မညစ်ပတ်ပါဘူး" ကျန်းထျန်က ရွှီကျင်းဖန် လက်လျှော့သွားစေရန် ပြောဆို လိုက်သည်။

ရွှီကျင်းဖန်က ထိုနှစ်ယောက်အတွက် အခြေအနေတစ်ခု ဖန်တီးပေးရန် ရည်ရွယ်ထားသဖြင့် လွယ်လွယ်နှင့် အလျှော့မပေးပေ။

"မဖြစ်ပါဘူး။ စောင်က စျေးမပေါဘူး။ ဂွမ်းစောင်တွေက ရှားတယ်။ ပျက်စီးသွားရင် အမေ ဝမ်းနည်းရလိမ့်မယ်"

ကျန်းထျန်က သူမလက်ကို ဆွဲထားသည့်အတွက် သူမက လှုပ်မရပေ။

ဒါကြောင့် သူမက ပြတင်းပေါက် ဖွင့်ကာ အော်လိုက်သည်။ "လျန်ရွှမ် အခန်းထဲက စောင်အပါးကို ယူလာခဲ့!"

ကျန်းထျန် - "!!!"

"မဟုတ်ဘူး အမေ သမီး သွားယူလိုက်ပါမယ်" ကျန်းထျန်က ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် ကျန်းထျန်က နောင်တရသွားသည်။

စောင်တစ်ခုပဲ ကျန်တော့သည့်အတွက် သူမတို့ ဘယ်လို ဝေမျှသုံးရမှာလဲ?

ရွှီကျင်းဖန်က ပြုံးလိုက်ကာ ကျန်းထျန်၏ ကျောကို ပွတ်လိုက်သည်။ "လိမ္မာတဲ့ကလေး၊ လျန်ရွှမ်ပဲ ယူလာသင့်တယ် ထင်တယ်"

ကျန်းထျန်က တံတွေးမြိုချကာ စိတ်ထိန်းလိုက်သည်။ "မလိုပါဘူး အမေ၊ သမီး သွားလိုက်ပါ့မယ်"

ကျန်းထျန်က ပခုံးအောက်စိုက်ကာ အိမ်ခန်းထဲ ပြန်ဝင်လာပြီး ကုလျန်ရွှမ် ခြုံသည့် စောင်ကို စိတ်မချမ်းသာစွာ ယူလိုက်ကာ သက်ပြင်းချပြီး ထွက်သွားလိုက်သည်။

"ကုလျန်ရွှမ် ရှင့် အဝတ်စင်ကို ရှင်းလင်းပြီး အနွေးထည် ဂွမ်းသား အင်္ကျီအထူ ဒါမှမဟုတ် တစ်ခုခု ရှိလား ကြည့်လိုက်ပါဦး" သူ့ကိုယ်သူ လေတိုက်ခြင်းမှ ကာကွယ်ရန် လိုအပ်သည်မလား?

ကုလျန်ရွှမ် - "..." သူက ငတုံး မဟုတ်ပေ။ သူ့အမေရဲ့ အကြံက ဘာဆိုတာ သူ မသိစရာလား?

စောင်က နှစ်ရက်အတွင်း လျှော်ဖြစ်မှာ မဟုတ်ပေ။

စောင်ကို ပို့ပေးပြီးနောက် ကျန်းထျန်က ရေချိုးခန်းသုံး ပစ္စည်းများယူကာ ရေချိုးလိုက်ပြီး စောင်ခြုံထဲ ဝင်ကာ ကုလျန်ရွှမ် ဒီညပြောပြမည့် သရဲပုံပြင်ကို မျှော်လင့်စောင့်စားနေသည်။

All Chapters