အခန်း(၉၇)
Vol. 8 Ch. 97
စောင်ထဲတွင် ခန္ဓာကိုယ်ကို ကွေးထားပြီး ကျန်းထျန်က ခေါင်းကို အပြင်ထုတ်ကာ မျက်တောင်ခတ်ပြီး တံခါးကို စိုက်ကြည့်ကာ ကုလျန်ရွှမ် ပြန်လာမည်ကို စောင့်နေသည်။
သံပါတ်နာရီမှ လက်တံလှုပ်ရှားသံက အကောင်းဆုံး အိပ်မွေ့ချသံ ဖြစ်သည်။
ကျန်းထျန်က သမ်းလိုက်ကာ သူ့လက်နှင့် စောင်အစွန်းကို ဆွဲလိုက်သည်။
ဒီရက်ပိုင်းတွင် မိုးရွာနေသည့်အတွက် ရာသီဥတုက တစ်ရက်ထက်တစ်ရက် ပိုအေးလာသည်။ သူမက ညဘက်တွင် ခြေထောက်ကို စောင်အပြင်သို့ အချိန်ကြာကြာ မထုတ်ထားရဲပေ။
အသံတစ်သံ ထွက်လာကာ တံခါးပွင့်လာသည်။
ကျန်းထျန်က မျှော်လင့်ချက် အပြည့် အကြည့်များနှင့် လှည့်ကြည့်လိုက်သည်။ "ကုလျန်ရွှမ် မြန်မြန်လာ!"
ကုလျန်ရွှမ်က တံခါးသော့ပိတ်နေရင်း ရပ်တန့်သွားသည်။ သူ့ရေစိုနေသော ဆံပင်မှ ရေစက်က ကျလာကာ သူ့မျက်တောင်များက စိုသွားသည်။
ကုလျန်ရွှမ်က တွေဝေကာ ရပ်နေသည်ကို မြင်ရတော့ ကျန်းထျန်က သူ့ကို တွန်းအားပေးလိုက်သည်။ "ကုလျန်ရွှမ် ဘာလို့ အဲ့မှာ ရပ်နေသေးတာလဲ?ဒီကို လာပြီး ပုံပြင် ပြောပြလေ!"
သူမ၏ ခုနက အိပ်ချင်မှုက ပျောက်ကွယ်သွားသည်။ဘယ်သူက သရဲပုံပြင် နားထောင်ပြီး အိပ်ချင်မှာလဲ?
ကုလျန်ရွှမ် -"..." သူက လည်ပင်းမှ တဘက်ကို ယူကာ မျက်နှာကို သုတ်လိုက်သည်။
"လာပြီ"
ကုလျန်ရွှမ်က ခုံတွင်ထိုင်ကာ သူ့ဆံပင်ကို ခြောက်အောင် သုတ်လိုက်ပြီး ဖိနပ်ချွတ်ကာ အိပ်ယာပေါ် တက်လိုက်ပြီး ခေါင်းအုံးကို ဖက်၍ ကျန်းထျန်နှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
ကျန်းထျန်က မေးလိုက်သည်။ "ရှင် ပုံပြင် မပြောချင်ဘူးလား?"
ပြောပြမှာပါဟု ကုလျန်ရွှမ်က စိတ်ထဲမှ ပြောလိုက်သည်။ ဒါပေမယ့် ပြသနာက "ထျန်ထျန် ကိုယ့်မှာ စောင်မရှိဘူး"
ကျန်းထျန်က သူမကိုယ်သူမ နှစ်ယောက်ခြုံစောင်ထဲ ပတ်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်မမှာ တစ်ခုပဲ ရှိတယ်။ ရှင် တတ်ိယကလေးနဲ့ ရှောင်းဝူ အခန်းထဲ သွားအ်ိပ်ရင်ရော?"
ပုံပြင်ကတော့ မနက်ရော ညရော အချိန်တိုင်း နားထောင်လို့ ရသည်။
ကုလျန်ရွှမ် - "..."ရွေးချယ်စရာ ကောင်းတဲ့အရာ ရှိနေတာကို ဘာလို့ ဆိုးတဲ့ ရွေးချယ်မှု လုပ်ရမှာလဲ?
အတော်ကြာ တိတ်ဆိတ်နေသည်။
ဒါက သူ မလုပ်ချင်တဲ့ အရာပဲ။
ကျန်းထျန်က သူ့ကို မေးလိုက်သည်။ "ဒါဆို ရှင်ဘာလုပ်မှာလဲ?"
ကုလျန်ရွှမ်၏ အကြည့်က အနီရောင် စောင်အပေါ် ရောက်နေပြီး ကျန်းထျန်၏ နှင်းဆီရောင် မျက်နှာပေါ်တွင် အကြည့်ရပ်သွားသည်။ "ဒါက နှစ်ယောက်ခြုံတဲ့ စောင်လေ"
ဆိုလိုသည်က သူလည်း ခြုံ၍ ရသည်။
ကျန်းထျန်က သူ့အကြည့်ကြောင့် စိတ်မလုံ ဖြစ်လာကာ မရိုးသားမှုကို ခံစားမိပြီး ငြင်းလိုက်သည်။ "မရဘူး!"
ကုလျန်ရွှမ်က တွန်းအား မပေးပေ။ "ဒါဆိုလည်း ဟုတ်ပြီ"
ဒါပေမယ့် သူက ချက်ချင်း ခေါင်းအုံးကို ကျန်းထျန်၏ ခေါင်းအုံးဘေး ချလိုက်ပြီး ကျန်းထျန်၏ ထိတ်လန့်ပြီး အလိုမကျသည့် အကြည့်ကို မြင်တော့ ရှင်းပြလိုက်သည်။ "မင်းက စောင် အတွင်းဘက်ကို ခြုံ ကိုယ်က အပြင်ဘက်ကို ခြုံမယ်"
ကျန်းထျန် - "..."
ထို ထူးဆန်းသော အကြံပြုချက်က အံ့သြစရာတော့ ကောင်းသည်။
"ရှင့်မှာ ဂွမ်းကပ် အနွေးထည် ထူထူ မရှိဘူးလား?" ကုလျန်ရွှမ်တွင် စောင်မရှိသည့်အတွက် ကျန်းထျန်က စိတ်မကောင်း ဖြစ်မိပေမယ့် သူမကိုယ်သူမတော့ ဘယ်တုန်းကမှ ထိခိုက် မခံနိုင်ပေ။
ကုလျန်ရွှမ်က လှဲလိုက်ကာ ကျန်းထျန်ကို မျက်နှာချင်းဆိုင်လိုက်သည်။ "မရှိဘူး"
သူက ပြောလိုက်သည်။ "ကိုယ်က အိမ်မှာ အမြဲမရှိဘူး။ ကိုယ် ထွက်လာခဲ့တော့ တပ်ကပေးတဲ့ ဂွမ်းကပ် အနွေးထည် ထူထူကို ရဲဘော်တွေကို ပေးခဲ့တယ်"
ကျန်းထျန်က သူ့လည်ပင်းကို ကျုံ့လိုက်ပြီး ပြောလိုက်သည်။ "ရှင်က အရမ်း ရက်ရောတာပဲ။ တစ်နေ့က ဒီကိစ္စ အကျိုးဆက်ရဲ့ အကြောင်းအရင်းပဲ ဒါကြောင့် ရှင် အအေးခံနေတာ ပိုကောင်းမယ်"
သူမက ကုလျန်ရွှမ် ဘာမှ မပြောနိုင်တော့ချိန်အထိ ဆက်ပြောနေသည်။
"ဒါဆို မင်း ပုံပြင် နားထောင်ချင်လား?" သူက စကားလမ်းကြောင်းပြောင်းရန် ကြိုးစားလိုက်သည်။
ကျန်းထျန် - "အင်း"
ကုလျန်ရွှမ်က သူ့စိတ်ထဲ ခဏတာ တွေးတော ရှာဖွေလိုက်ပြီး ပြောလိုက်သည်။ "ဆေးခြယ်ထားတဲ့ အသားအရေနဲ့ မြေခွေးမ အကြောင်း ဆ်ိုရင်ရော?"
ကျန်းထျန် - "!" "ဒီ ပုံပြင်လား?"
သူ မှတ်မိတာသာ မှန်လျှင် ဆေးခြယ်ထားသော အသားအရေက ပုံပြင်ဖြစ်ပြီး မြေခွေးအကြောင်းက ပုံပြင်အတော်များများတွင် ပါသည်။
"အင်း ကိုယ်လည်း အခြားသူတွေဆီက ကြားခဲ့တာ"
ကုလျန်ရွှမ်က ပြောလိုက်သည်။
ကျန်းထျန်က ချက်ချင်း မျှော်လင့်ချက်များနှင့် ပြည့်သွားသည်။ "ဒါဆို မြန်မြန် ပြောပြ!"
ကုလျန်ရွှမ်၏ နက်ရှ်ိုင်းပြီး သာယာသော အသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
'_လွန်ခဲ့တဲ့ အချိန်တွေက ထျန်မင်းဆက် အနောက်ပိုင်း အချိန်မှာပေါ့။
နန်းတွင်း အင်အား ကျဆင်းလာတာ နှင့်အမျှ လူတွေရဲ့ မကောင်းတဲ့ စိတ်ဝိဉာဉ်တွေက ထကြွလာပြီး ပျက်ကိန်း ဆိုက်လာခဲ့တယ်။
အဲ့ဒီအချိန်က မင်းကြီးက ကမ္ဘာတစ်ဝှမ်းက သာမန်မဟုတ်တဲ့ သူတွေကို ဟုစည်းပြီး "မကောင်းဆိုးဝါး ရှာဖွေရေး အဖွဲ့ အစည်း"ကို တည်ထောင်ခဲ့တယ်။
နာမည်အတိုင်းပဲ အဲ့ဒီအဖွဲ့အစည်းက ပျက်ကိန်းဆိုက်စေမယ့် မကောင်းတဲ့ စိတ်ဝိဉာဥ်နဲ့ အရာတွေကို ရှာဖွေပြီး ရှင်းလင်းရတာပေါ့။
မကောင်းဆိုးဝါး ရှာဖွေရေး အဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ မင်းကြီးရဲ့ သဘောကျမှု ခံရတဲ့ မိန်းမစိုး ဟူပုဝေ့ပဲ။
အဖွဲ့အစည်းကို ဖွဲ့စည်းပြီးတဲ့နောက် သူတို့ရဲ့ ပထမဆုံး အလုပ်က ပေကျင်းမြို့ အပြင်ဘက်မှာ မကြာခဏ ဖြစ်နေတဲ့ မျက်နှာမဲ့ အလောင်းတွေ ကိစ္စပဲ။'
ကျန်းထျန်က တံတွေးမြိုချလိုက်သည်။ ဒီလောက်ထိ စိတ်ဝင်စားစရာ ကောင်းမည်ဟု သူမ မထင်ထားပေ။
အခု မျက်နှာမဲ့ အလောင်းကောင် ပေါ်လာပြီဆိုတော့ လျှာအရှည်ကြီးနဲ့ သရဲမ ပေါ်လာမှာလား?
ကုလျန်ရွှမ်က စကားပြောရပ်ပြီး ပြောလိုက်သည်။ "မကြောက်ပါနဲ့ ဒါက ပုံပြင်ပါပဲ"
ကျန်းထျန်က ခေါင်းခါပြီး ပြောလိုက်သည်။ "ကျွန်မ မကြောက်ပါဘူး"
'_ဟူပုဝေ့က မကောင်းဆိုးဝါး နှိမ်နင်းမယ့် အရာရှိတွေကို ခေါ်ပြီး သုသာန်မှာ မျက်နှာမဲ့ အလောင်းကောင်တွေကို ကြည့်ပြီး သဲလွန်စ ရှာဖို့ သွားခဲ့တာပေါ့။
အဲ့ဒီညက သုသာန်တစ်ခုလုံး အရိပ်မဲတွေနဲ့ ပြည့်နေပြီး လေပြင်းတွေ တိုက်ခတ်နေတယ်။
စောင့်ကြပ်နေတဲ့ လူကြီးတစ်ယောက်က လက်ထဲမှာ မီးအိမ်ကိုင်ထားပြီး သူတို့ကို နှုတ်ဆက်လိုက်တယ်။ အမှောင်ထုထဲမှာ ပဲစေ့လောက် အလင်းရောင်လေးက ပေါ်လွင်နေပြီး အားလုံးရှေ့မှာပဲ ရပ်သွားလိုက်တယ်။
"ကျွန်တော်က မျက်မမြင်ပါ။ ကျွန်တော့်ရဲ့ ဧည့်သည်တော်တွေကို သေသေချာချာ မကြိုဆိုမိလို့ တောင်းပန်ပါတယ် "
သူက ပါးစပ် ဟလိုက်တာနဲ့ အသံက အက်ရှရှထွက်လာပြီး ပဲနို့လုပ်နေတဲ့အချိန် ဂျုံစေ့တွေက ကြိတ်ခွဲခံရ သလိုပဲ။
မီးရောင် မှိန်မှိန်အောက်မှာ ဟူပုဝေ့၏ အကြည့်က ထိုလူကြီးရဲ့ ပိန်နေတဲ့ လက်အပေါ်ကို ရောက်သွားခဲ့တယ်။လက်က ဖြူဖျော့နေပြီး ထူးဆန်းစွာပဲ ဖြူဖျော့နေတယ်။
ဟူပုဝေ့က ပုံဖော်ပြရမယ်ဆိုရင် ပေ့ကျန်းဖူစီ ထောင်ထဲမှာ အရေခွံဆုတ်ခံထားရပြီး အရိုးကို အသားတစ်ထပ်ပဲ အုပ်ထားတော့ သလိုပဲ။'
"ကျွန်မ သိတယ်!အဲ့ဒီ ဆေးခြယ်ထားတဲ့ အသားအရေနဲ့ သရဲက အဲ့ဒီလူကြီးမလား?" ကျန်းထျန်က စိတ်လှုပ်ရှားမှု ပြည့်နေသော အသံနှင့် ရုတ်တရက် ပြောလိုက်သည်။
ကုလျန်ရွှမ်က ဖြတ်ပြောခံရသည့်အတွက် စိတ်မတိုဘဲ အံ့သြသွားသည်။ "မင်း ဘယ်လို ခန့်မှန်းလိုက်တာလဲ?"
ကျန်းထျန်က ဂုဏ်ယူစွာ သူမလက်များကို တင်ပါးပေါ် တင်လိုက်သည်။
ရှင်သာ မပြီးနိုင်တဲ့ နေ့စဉ် ပုံပြင်တွေနဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေကို နောက်ပိုင်းခေတ်မှာ သိခဲ့ဖူးရင် ဒီလို အရိပ်ပြတာနဲ့ အကောင်မြင်တာပေါ့။
"ကျွန်မ ထပ်ခန့်မှန်းဦးမယ် ဟူပုဝေ့က မြေခွေးမ မလား?"
ကျန်းထျန်က သက်သေများနှင့် ခန့်မှန်းလိုက်သည်။ "ပထမဆုံး သူ့နာမည်က ဟူ မြေခွေးဆိုတဲ့ သဘော ပြီးတော့ မြေခွေးမတွေက အပြောချိုတော့ မင်းကြီးရဲ့ နှစ်သက်သဘောကျ ခံရတာ ဖြစ်နိုင်တယ်"
ကုလျန်ရွှမ်က တိတ်ဆိတ်သွားသည်။ "မင်းမှန်းတာ မှန်တယ်"
"ပြီးတော့" ကျန်းထျန်က ပြောရင်းနှင့် စိတ်လှုပ်ရှား လာသည်။
"ဆေးခြယ်ထားတဲ့ အသားအရေနဲ့ သရဲက မြေခွေး ဝိဉာဉ်နဲ့ တစ်ခုခု ပတ်သက်နေရမယ်။ မြေခွေးဝိဉာဉ်က ဖန်တီးထားတာ ဖြစ်နိုင်တယ်"
ကုလျန်ရွှမ်က တိတ်ဆိတ်သွား ပြန်သည်။ "အင်း။ဟူပုဝေ့က စစ်ဆေးရေးဌာနမှာ အလုပ်လုပ်ခဲ့ဖူးပြီး အကျဉ်းသားတွေကို အရေခွံ ဆုတ်ခဲ့ဖူးတယ်"
ကျန်းထျန်က ဆက်ပြောလိုက်သည်။ "သုသာန်ကို လာတဲ့ညက ဟူပုဝေ့ရဲ့ လက်အောက်ကလူတွေက အန္တရာယ်ကြုံခဲ့ရလို့ ဟူပုဝေ့က တစ်ခုခု သိသွားတာ ဖြစ်မယ်"
ကုလျန်ရွှမ် - ဘောပင် ပေးမယ် မင်းဘာသာပဲ ရေးလိုက်ပါတော့။
"မင်း အားလုံးကို ခန့်မှန်းလိုက်ပြီ" ကုလျန်ရွှမ်က ပြောစရာ မရှိတော့ပေ။ သူ့ရဲဘော်က ဒီပုံပြင် ပြောချိန်က အခန်းထဲမှ လူအားလုံးက ထိတ်လန့်သွားကြသည်။
ကျန်းထျန်က နှုတ်ခမ်းတွန့်လိုက်သည်။ "ပျင်းစရာ ကောင်းတယ်။ ဒီပြောနည်းက ရိုးနေပြီ။ ကျွန်မ လှည့်ကွက် နည်းနည်း သင်ပေးမယ်"
ကုလျန်ရွှမ်က ပြောလိုက်သည်။ "မင်း ပြောပါ"
ကျန်းထျန်က လည်ချောင်းရှင်းလိုက်သည်။ "ရှင် အရိပ်အခြေ အရမ်းမပြသင့်ဘူး။ အဓိက ကျတဲ့အချက်က သိမ်းထားသင့်တယ်။ ရှင် ဒီလို ပြောသင့်တယ်။ ဟူပုဝေ့ရဲ့ အကြည့်က လူကြီးရဲ့ လက်ကို ရောက်သွားပြီး သူက မျက်မှောင်ကြုတ်လိုက်တယ်။ အများကြီး မတွေးတော့ဘဲ သူက လူကြီးနောက်က လိုက်ပြီး သုသာန်ထဲ သွားလိုက်တယ်"
ကုလျန်ရွှမ်က ခေါင်းငြိမ့်လိုက်သည်။ "ကိုယ် သဘောပေါက်ပြီ"
ကျန်းထျန်က ပြောလိုက်သည်။ "အခြားဟာ ရှိသေးလား?"
ကုလျန်ရွှမ်က နဖူးကို ပွတ်ပြီး ပြောလိုက်သည်။ "ဒါပဲ။ဒါက ကိုယ်စဉ်းစားလို့ရတဲ့ အရာပဲ။ မနက်ဖြန်မှ နောက်တစ်ခု စဉ်းစားရင်ရော?"
ကျန်းထျန်က သက်ပြင်းချလိုက်သည်။ "ကျွန်မ ကလေးတုန်းက အတန်းဖော်တွေက လူကြီးတွေမှာ ပုံပြင်တွေ အများကြီးရှိတယ်လို့ ကြားဖူးတယ်"
ကုလျန်ရွှမ်-"?" သူက ခဏတာ တွေဝေနေသည်။
"အားလုံးက မတူညီတဲ့ ပုံစံနဲ့ ပုံပြင်ပြောတာ ထင်တယ်"
ကျန်းထျန်က သူ့ကိုကြည့်ကာ စိတ်ထဲမှ ပြောလိုက်သည် - ရှင်ကတော့ မရဘူး။
ကုလျန်ရွှမ် - "...."
နားထောင်စရာ ပုံပြင် မရှိတော့ပေ။ ကျန်းထျန်က အိပ်ချင်လာသဖြင့် သမ်းပြီး အိပ်ယာဝင်ရန် လုပ်လိုက်သည်။
ကုလျန်ရွှမ်က အလျင်အမြန် ပြောလိုက်သည်။ "ထျန်ထျန် ကိုယ်အေးတယ်"
ထိုသို့ပြောကာ သူ့ခန္ဓာကိုယ်ကို ကျန်းထျန်အနီး ကပ်လိုက်သည်။
ကျန်းထျန် - "ရှင် စောင် အပြင်ဘက်မှာ နေမှာ မဟုတ်ဘူးလား?"
ကုလျန်ရွှမ်က အနီးကပ်လာသည်။ "ဒါပေမယ့် ကိုယ် အထဲဘက်ကို ခြုံချင်တယ်"
သူ ထပ်ပြောလိုက်သည်။"အပြင်ဘက်က အေးတယ်"
ကျန်းထျန်က မျက်လုံးပိတ်လ်ိုက်ပြီး ဘာမှ မပြောတော့ပေ။
သူမက ယခု ကုလျန်ရွှမ်နှင့် စောင်အတူ မခြုံချင်ပေ။
"ကိိုယ် အတွင်းဘက် ဝင်လို့မရရင် အပြင်ဘက်ကနေ ပိုယူလို့ ရမလား?" ကုလျန်ရွှမ်က မေးလိုက်ပြန်သည်။
ကျန်းထျန်က ကုလျန်ရွှမ်ကို ကြည့်လိုက်ပြီး စပ်စုစွာ မေးလိုက်သည်။ "ဘာလို့ ပိုခြုံချင်တာလဲ?"
သူက သူမထံက စောင်ကိုယူပြီး သူ့ဘာသာ ခြုံချင်တာလား?
ကုလျန်ရွှမ်၏ အဖြေက _ သူက လက်ဆန့်ကာ ကျန်းထျန်ကို စောင်နှင့်ပတ်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
ကျန်းထျန်က သူမခန္ဓာကိုယ် ရုတ်တရက် ဆွဲခံလိုက်ရတော့ ရုတ်တရက် အော်လိုက်သည်။ "ရှင်!.."
"ရှူး၊ မအော်နဲ့ ထျန်ထျန်! အခြားသူတွေ မကြားအောင် ဂရုစိုက်"။ကုလျန်ရွှမ်က သူမပါးစပ်ကို အုပ်လိုက်ကာ အပြင်မှ အသံကို နားထောင်သကဲ့သို့ ခေါင်းစောင်းပြီး ဘေးမှ ပြတင်းပေါက်ကို ကြည့်လိုက်သည်။
သူ့အပြုအမူကြောင့် ကျန်းထျန်ကအသက်ရှူသွင်းကာ မျက်လုံးဝိုင်းများနှင့် ပြတင်းပေါက်ကို စိုက်ကြည့်လိုက်သည်။
အခန်းက အလွန်တိတ်ဆိတ်သွားပြီး သံပါတ်နာရီမှ အသံကိုသာ ကြားနေရသည်။
"ကုလျန်ရွှမ် အဆင်ပြေရဲ့လား?"ကျန်းထျန်၏ မျက်နှာက နီရဲလာကာ သူမက ထိန်းမထားနိုင် တော့သည့်အတွက် သူ့ကို အသံတိုးတိုးနှင့် မေးလိုက်သည်။
ကုလျန်ရွှမ်က သူ့လက်ဖဝါးက ပူလာသည်ဟု ခံစားရသည်။ ဒါက ကျန်းထျန် စကားပြောသောအခါ ရှူထုတ်လိုက်သော လေပူများကြောင့် ဖြစ်သည်။သူက ပူလောင်နေသလို ခံစားရပြီး နဖူးတွင် ချွေးစိုလာသည်။ သူက သူ့လက်ကို ဖယ်ပြီး ပြောလိုက်သည်။ "ရပါပြီ"
"ဟူး~" ကျန်းထျန်က သက်ပြင်းချလိုက်သည်။
ထ်ို့နောက် သူမက ကုလျန်ရွှမ်ကို ကြည့်ပြီး ပြောလိုက်သည်။ "ရှင့်လက်ကို ဖယ်ပေးလို့ရမလား?" ဒါက အရမ်းလေးနေပြီး သူမ အသက်ရှူလို့ မရပေ။
ကုလျန်ရွှမ်က မှားနေသလို ခံစားရသည်။ "ဒါပေမယ့် ကိုယ်အေးတယ်"
ကျန်းထျန်က စောင်အထဲမှ သူ့ကို ကန်လိုက်သည်။
မကျေနပ်ဘဲ နှစ်ကြိမ် သုံးကြိမ် ကန်လိုက်သည်။
သူက မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတာပဲ!
သူမက ယခင်က ကုလျန်ရွှမ်ကို လျော့တွက်ထားမိသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်က လူကောင်းဖြစ်နေသည်က ကောင်းသည်ဟု သူမက တွေးထားပေမယ့် အခုတော့ အားလုံးက မတန်မရာ ဖြစ်နေသည်!
"ဟုတ်ပြီ ဟုတ်ပြီ ရှင့်ဘာသာ ခြုံလိုက်။ ဒီမှာ စောင်"
ကျန်းထျန်က စိတ်မကြည်စွာ ပြောလိုက်သည်။ သူမက သူမအောက်မှ စောင်အနည်းငယ်ကို ထုတ်ပေးလိုက်သည်။
"ရှင်းအောင် ပြောလိုက်မယ်။ ရှင် ကျွန်မကို ထိရဲရင် ကျွန်မ... ကျွန်မ"
သူလိုချင်သည့် ရလဒ်ကို ရသွားတော့ ကုလျန်ရွှမ်က ကျန်းထျန် စိတ်ပြောင်းသွားမည် စိုးသဖြင့် အိပ်ယာဝင်ရန် အမြန်လုပ်လိုက်သည်။
ကျန်းထျန်က "ကျွန်မ"ဆိုသည်ကို အတော်ကြာ ပြောနေပေမယ့် ဘာရလဒ်မှ ထွက်မလာပေ။ နောက်ဆုံးတော့ သူမက ပြောလိုက်သည်။
"ကျွန်မ ရှင့်ကို ဟူပုဝေ့လို လုပ်ပစ်မယ်"
ကုလျန်ရွှမ်-"..." သူ မလှုပ်ရဲတော့ပေ။
သူ ဘယ်လောက်ထိ ရိုးသားတာ မြင်ရတော့ ကျန်းထျန်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး တစ်ဖက်လှည့်ကာ အိပ်လိုက်တော့သည်။
စက္ကန့် အနည်းငယ် ကြာတော့ ကျန်းထျန်က ကျောဘက်မှ အအေးဓာတ်ကို ခံစားရသည်။
သူမက တစ်ဖက်လှည်ကြည့်လိုက်တော့ သူမနှင့် ကုလျန်ရွှမ် ကြားကစောင်က အတန်းလိုက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ခြုံထားတာနဲ့ မခြုံထားတာနဲ့ ကွာခြား သေးလို့လား?
ကျန်းထျန်က သူမကိုယ်မှ စောင်ကို အနည်းငယ် လျှော့ချလိုက်ပြီး ထိုဟနေသော အတန်းက အောက်ကျသွားစေရန် လုပ်လိုက်သည်။
ဒါပေမယ့် ကုလျန်ရွှမ်က ပခုံးကျယ်သည့်အတွက် ကျန်းထျန်က စောင်အားလုံး လျှော့ချရင်တောင် ထိုအတန်းက အောက်ကျသွားမည် မဟုတ်ပေ။
လေအေးများက ဝင်နေသေးသည်။
ကျန်းထျန်က စိတ်ရှုပ်လာပြီး ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။ "ရှင် ပက်လက်အိပ်လို့ မရဘူးလား?"
ကုလျန်ရွှမ်က နှုတ်ခမ်းကို တင်းတင်း စေ့လိုက်သည်။ "ထျန်ထျန် ကိုယ် ပက်လက်အိပ်လိုက်ရင် စောင်က မလောက်ဘူး"
ကျန်းထျန် - "ဒါဆို အပြင်ထွက်လိုက်တော့" သူမ၏ တန်ဖိုးရှိသော အိပ်ချိန်ကို နှောင့်ယှက်သည်က ဒီနေ့ကုန်သွားသော အချ်ိန်စက္ကန့်တိုင်းအတွက် အနာဂတ်တွင် သူမမျက်နှာ၌ အရေးအကြောင်းများ ပေါ်လာမည့် သဘောဖြစ်သည်။
ကုလျန်ရွှမ်ကို ခွင့်မလွှတ်နိုင်ဘူး!
"ဒါဆို က်ိုယ် ပက်လက်အိပ်လိုက်မယ်"။ကုလျန်ရွှမ်က ချက်ချင်း အမိန့်နာခံမှုကို ပြလိုက်ပေမယ့် သူ့အမိန့်နာခံမှုက တစ်ကိုယ်ကောင်းဆန်မှုနှင့် ရောနေသည်။ သူက ပက်လက်အိပ်လိုက်သောအခါ လွှတ်လိုက်သော စောင်က သူ့ပခုံးအောက်တွင် ပေါ်လာသည်။
ကျန်းထျန်က သူမနဖူးနှင့် ၅စင်တီမီတာလောက်သာ ဝေးသော ကုလျန်ရွှမ်၏ ပခုံးကို ကြည့်လိုက်သည်။ ကုလျန်ရွှမ်က ပက်လက် အိပ်နိုင်ပေမယ့် သူမက မအိပ်နိုင်ပေ။
သူမက သူမဘက်တွင် ဘေးစောင်းအိပ်လိုက်ပြီး လုံးဝ မလှုပ်နိုင်ပေ။ လှုပ်လိုက်လျှင် ကုလျန်ရွှမ်ကို ထိမိလိမ့်မည်။
ကျန်းထျန်က ယခု နောင်တရနေသည်။