အခန်း(၁၀၁)
Vol. 9 Ch. 101
ကျန်းထျန်က သူမကိုယ်ကို စောင်နှင့်ပတ်ထားပြီး အထဲတွင် ကျုံ့နေသည်။
ကုလျန်ရွှမ် ယနေ့ ပြောနေပုံက သူက တရုတ်စာပေနှင့် ယဉ်ကျေးမှု တက္ကသိုလ်တွင် တက်ခဲ့သလို ဖြစ်နေသည်။
"အဲ့ဒီ ကလေးမလေးက ဆယ်စုနှစ်က လူကောင်းတစ်ယောက် ဝင်စားတာတဲ့။ သူမက မြေရှင် မိသားစုမှာ မွေးဖွားလာခဲ့တာ။ ဒါက ကောင်းတဲ့အရာ ဆိုပေမယ့် မထင်ထားတာက..." ကုလျန်ရွှမ်က စကားပြော ရပ်လိုက်သည်။
ကျန််းထျန်၏ သွားများက ဟသွားသည်။ "ဆက်ပြောလေ"
ကုလျန်ရွှမ်က ဘယ်အချိန်မှာ ကလေးအလောင်းကို တံတားဆောက်သူတွေ တွေ့ခဲ့တယ်ဆိုတာ ပြောမယ် မသိပေမယ့် သူမယခင်ဘဝက မြင်ခဲ့ရသော သွေးသံရဲရဲ ပုံရိပ်များက ကျန်းထျန်၏ စိတ်ထဲ ပေါ်လာသည်။
ဒါက ရုပ်ရှင် ပြနေသလို ဖြစ်သည်။ ဇာတ်လမ်း မဆုံးခင်မှာပင် ကျန်းထျန်က ကြောက်ရွံ့နေသည်။
"ထျန်ထျန် မင်းကြောက်နေတာလား?" ကုလျန်ရွှမ်က ကျန်းထျန်၏ မျက်လုံးများကို ကြည့်ကာ စကား ဆက်မပြောနိုင်တော့ပေ။
ဘာလို့ သူက တတိယညီလေးရဲ့ အဓိပ္ပါယ်မရှိတဲ့ ဇာတ်လမ်းကို နားထောင်ခဲ့တာလဲ?
ကျန်းထျန်က ခေါင်းခါပြီး ပြောလိုက်သည်။ "ကျွန်မ မကြောက်ပါဘူး"
အဆိုးဆုံးက သူမ နောက်တစ်ကြိမ် ထိုတံတားကို ဖြတ်လျှင် မြန်မြန် ဖြတ်တော့မည် ဖြစ်သည်။
"တကယ်တော့ ဒါက ကောလဟာလပါပဲ" သူမ ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ ကုလျန်ရွှမ်က ဆက်မပြောချင်တော့ပေ။
"ဒါက အဲ့ဒီနှစ်တွေမှာ ကိစ္စကြီး ဖြစ်ခဲ့ပြီး ရှီချောင်က မြို့က မြေရှင်နဲ့ ဆက်နွယ်နေတယ်။ ဒီကောလဟာလက ဘယ်လိုထွက်လာလဲ ကိုယ်လည်း မသိပါဘူး"
ကျန်းထျန် - "..."
သူမက စောင်အစွန်းကို ကိုက်ပြီး ကုလျန်ရွှမ်ကို ကြောက်စရာကောင်းစွာ ကြည့်လိုက်သည်။
'ရှင် ဇာတ်လမ်းအဆုံးကို ထုတ်ပြောလိုက်ရင် မိုးကြိုးပစ်ခံရမယ် ကုလျန်ရွှမ်!'
'ဘာလို့ သုံးလောကကို နှစ်လောကနဲ့ ရောထွေးချင်နေတာလဲ?'
'စာအုပ်ထဲက လူတွေကို သူတို့ဘာသာ လှနေခွင့် ပေးလိုက်တာက ပိုကောင်းမယ်မလား?'
ကျန်းထျန်က အံကြိတ်ပြီး ပြောလိုက်သည်။ "ကုလျန်ရွှမ် ရှင်က အရမ်း စ်ိတ်ရှုပ်စရာ ကောင်းတာပဲ!"
ထိုသို့ ပြောပြီးနောက် ကျန်းထျန်က စိတ်တိုစွာဖြင့် တစ်ဖက်လှည့်ကာ ကုလျန်ရွှမ်ကို ကျောခိုင်းပြီး မျက်လုံးမှိတ်လိုက်သည်။
ကုလျန်ရွှမ် - "..." သူက ဘာလို့ ကျန်းထျန်ကို စိတ်ဆိုးသွားစေသည်ကို မသိပေ။
ညလယ်တွင် ကုလျန်ရွှမ်က အိပ်ယာမှ ထကာ ကျန်းထျန်ကို စောင်ခြုံပေးပြီး တတိယညီလေးနှင့်အတူ မြစ်ကမ်းတွင် ယုန်ထောင်ရန် ထွက်လာခဲ့သည်။
ကုလျန်ရွှမ်က မီးဖိုချောင်သုံး ဓားနှင့် ဝါးခြင်းတောင်း ယူပြီး တတ်ိယညီလေးက ဂွမ်းအနွေးထည်ဝတ်ထားပြီး တုန်နေကာ သူ့နောက်မှ လိုက်ခဲ့သည်။
သူက ထမင်းစားချိန်ပြီးနောက် သူ့အစ်ကိုကြီး မေးသော အရာကို သတိရသွားသည်။ "အစ်ကို၊ အစ်ကို့ရဲ့ ပုံပြင်က ဘယ်လိုလဲ?မရီးက သဘောကျရဲ့လား?"
ကုလျန်ရွှမ်က သူ့ကို ပုံမှန်အတိုင်း ကြည့်လိုက်သည်။
ဒါက အသုံးမဝင်ဘဲ ကျန်းထျန် သူ့ကို မုန်းသွားစေသည်ဟု သူက မပြောချင်ပေ။
သူ့အမူအရာက ဘာမှ မထူးခြားတာ မြင်ရတော့ ကုလျန်ရုန်က မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားပြီး အံ့သြစွာ ပြောလိုက်သည်။"မဖြစ်နိုင်ဘူး! မရီးက အရမ်းသတ္တိရှိတာပဲလား?"
"မဖြစ်နိုင်ဘူးလား?" ကုလျန်ရုန်က မျက်မှောင်ကြုတ်လိုက်သည်။
"အစ်ကို ကျွန်တော် ပြောပြမယ် ဒီလို ဇာတ်လမ်းက ယောက်ျား၊ မိန်းမ၊ကလေး အားလုံး ဘယ်သူမှ ကြောက်မှာ မဟုတ်ဘူး"
"ထုံထိုင်းတဲ့ ကလေးတွေနဲ့ ဘာမှနားမလည်တဲ့ အရူးတောင် မကြောက်နိုင်ဘူး!"
ကုလျန်ရုန်က သူ့လက်ကို ပွတ်လိုက်သည်။ "ဒါပေမယ့် အစ်ကိုကတော့ ခြွင်းချက်ပါ"
ကုလျန်ရွှမ် - ငါလည်း ဒီထဲ မပါချင်ပါဘူး ကျေးဇူးပဲ!
သူက တစ်လမ်းလုံး ဘာမှ မပြောခဲ့ပေမယ့် ကုလျန်ရုန်က မကြောက်လန့်ဘဲ ဆက်ပြောလိုက်သည်။"အစ်ကို အစ်ကို့ ခြေထောက်က ကောင်းသွားပြီဆိုတော့ ကျွန်တော်တို့ ဘယ်တော့ ခရိုင်မြို့ကို သွားမှာလဲ?"
"အစ်ကို သမားတော်ယန်က အစ်ကို့ ခြေထောက်က အဆင်ပြေသွားပြီလို့ ပြောရင် အစ်ကို တပ်ထဲ ပြန်ဝင်မှာလား?"
"အစ်ကို မရီးက တောကြက် ဖမ်းခဲ့တယ်မလား?သူက ကြက်စွပ်ပြုတ် လုပ်မှာလား အရင်ကလို သူဖုန်းစားကြက်သားဟင်းပဲ လုပ်မှာလား?"
ကုလျန်ရွှမ် - "..."ဝေးကွာနေခြင်းက ပ်ိုကောင်းသည်ဆိုတာ မှန်သည်။သူက တပ်ထဲမှာ နေချ်ိန်က အိမ်မှ စာများ လက်ခံရကာ တတိယကလေးက အရွယ်ရောက်ပြီး ရင့်ကျက်နေပြီဟု ထင်ခဲ့မိသည်။
အခုတော့ သူက ပိုပြီး တည်ငြိမ်လာတာ မဟုတ်ဘဲ ဖုံးကွယ်ထားနေပုံ ပေါ်နေသည်။
ကုလျန်ရုန်က စကားအများကြီး ပြောပြီးနောက် ရေဆာလာသဖြင့် စကားပြော နှေးသွားသည်။ "အစ်ကို နောက်ပိုင်း ရှိူရှန်နဲ့အတူ လုပ်ထားတဲ့ အဆာပြေမုန့်တွေအတွက် ငွေ မသုံးနဲ့။ ကျွန်တော် အစ်ကို့ကို ပေးထားတဲ့ ငွေ အကြိမ်နည်းနည်းက ရှို့ရှန်ရဲ့ နှစ်လ လစာနဲ့ ညီမျှတယ်။ ကျွန်တော် ဘယ်နှကြိမ်ပဲ အစ်က်ို့ကို ပေးပေး အရှုံးမရှိဘူး"
ကုလျန်ရွှမ်က ယုန်ကို သတ်ကာ မကြည့်ဘဲ ခြင်းတောင်းထဲ ပစ်ထည့်လိုက်သည်။ "ယူပြီး စုထားလိုက်။ ဒါဆို မင်းမင်္ဂလာပွဲအတွက် ပေးစရာ မလိုတော့ဘူး"
ကုလျန်ရုန် - "...ကျွန်တော် အတည်ပြောနေတာ။အခု ကျွန်တော်က ကတ်တွေ အများကြီးနဲ့ မိသားစုမှာ အချမ်းသာဆုံး သူပဲ"
ကုလျန်ရွှမ် - ဒါက မဖြစ်နိုင်ဘူး။ အချမ်းသာဆုံးသူက မင်းမရီးပဲ။
"ဒါပေမယ့် လက်ထပ်မယ့်ကိစ္စနဲ့ ပတ်သက်ရင်တော့ ကျွန်တော်က ငယ်သေးလို့ နောက်ထပ် ငါးနှစ် ခြောက်နှစ် စောင့်ပြီး တစ်ယောက်ယောက် ရှာတွေ့မလား ကြည့်ရတာပေါ့"
ကုလျန်ရုန်က တစ်ခုခုကို သတိရကာ ရယ်မောလိုက်သည်။ "ကျွန်တော့် အနာဂတ် လက်တွဲဖော်ကို မရီးလို ကျွန်တော့်ကို ကာကွယ်ပေးနိုင်မယ့် လူမျိုး လိုချင်တယ်"
သူ့မရီးက တောဝက်ကိုပင် သတ်နိုင်သည်!
ကုလျန်ရွှမ် - "..." သူက လက်ထဲမှ ဓားကို မြေပေါ်ချပြီး ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး။ မေ့လိုက်တော့"
ကုလျန်ရွှမ်က ဓားကို ပြန်ကိုင်ကာ ယုန်၏ ခေါင်းမှစ၍ မြန်မြန်ဆန်ဆန် ခုတ်ထစ်လိုက်သည်။ "မင်း အခုကစပြီး ဘယ်ငွေမှ မရတော့ဘူး"
ကုလျန်ရုန် - "..." သူ ပါးစပ်ပိတ် နေခဲ့သင့်သည်။
နောက်တစ်နေ့ မနက်စောစောတွင် ရွှီကျင်းဖန်က မိသားစု အားလုံး စုစည်းကာ ခြံထဲတွင် ဆောင်းဦးလယ်ပွဲတော် ပြန်လည်တွေ့ဆုံ စားသောက်ပွဲ လုပ်ရန် စီစဉ်နေသည်။
ရွှီကျင်းဖန်က လည်ချောင်းရှင်းကာ ပြောလိုက်သည်။
"လျန်ရွှမ် မင်းနဲ့ ထျန်ထျန်က ယုန်ကင်နဲ့ သူဖုန်းစားကြက်သားဟင်း ချက်ပြီးရင် မြို့ပေါ်ကိုသွား"
"တတိယကလေးက ယုန်နှစ်ကောင်ယူပြီး ဦးလေးအိမ်ကို အရင်သွား။ ပြီးရင် အိမ်ပြန်လာ အနောက်ခြံဝင်းမှာ မီးဖိုလုပ်ပြီး အသားလုံးကြော်ရမယ်"
"ရှောင်းမင် အမေက အသားတွေ ခုတ်ထစ်ပြီး ဂျုံနယ်ရမယ် သမီးက အမေ့ကို ဖက်ထုပ်လုပ်ဖို့ ကူညီ"
"ပဥ္စမကလေးနဲ့ ဆဌမကလေးက တူလေးနဲ့ တူမလေးကို ထိန်းထား"
"အလုပ်ပြီးသွားရင် လျန်ရွှမ်နဲ့ ထျန်ထျန်က ပြန်လာပြီး စချက်ပြုတ်ကြ။ ညနေ ၄နာရီ မတိုင်ခင် စားသောက်ပွဲ လုပ်နိုင်အောင် ကြိုးစားရမယ်"
ရွှီကျင်းဖန်က လက်ခုပ်တီးလိုက်သည်။ "ဟုတ်ပြီ!လူစုခွဲလိုက်တော့!"
တောကြက်က ညက ကုလျန်ရွှမ် ယုန်နှစ်ကောင်နှင့်အတူ မိလာပြီး ပြန်ရောက်သည်နှင့် ဆားရည်စိမ်ထားသည်။
သူဖုန်းစားကြက်သားဟင်းက ယခင်က လုပ်ဖူးပြီး လုပ်နည်းက ရင်းနှီးနေသည်။ ကျန်းထျန်နှင့် ကုလျန်ရွှမ်က အရင်ဆုံး အိမ်နောက်မှ မြေအနည်းငယ် တူးကာ ပြန်လာပြီး တောကြက်ကို အရွက်များဖြင့် ပတ်ပြီး အပေါ်မှ ရွှံ့မြေနှင့် အုပ်ထားလိုက်သည်။
မီးဖို ဖိုပြီးချိန်တွင် အထဲကို ထည့်လိုက်ရန်သာ ကျန်တော့သည်။
ယုန်ကင်က ပို၍ လွယ်သည်။ နောက်ဘက်တွင် စောစောက လုပ်ထားသော မီးဖို ရှိပေမယ့် မိုးရွာသောကြောင့် ပျက်သွားပြီ ဖြစ်သည်။ ကုလျန်ရုန်က ဦးလေးအိမ်သို့ ယုန်သွားပို့ပြီး အချိန်ကိုက် ယုန်ကင်ရန် မီးဖိုပြင်ဖို့ ရောက်လာသည်။
ယုန်နှစ်ကောင်ကို သန့်ရှင်းသော သစ်သားတုတ်ချောင်းတွင် ထိုးစိုက်ကာ အရှေ့ အနောက် ကင်လ်ိုက်ပြီး ပျားရည်နှင့် အခြားအမွှေးအကြိုင်များ ထည့်သောကြောင့် ကျန်းထျန်က ဗိုက်ဆာလာသည်။
ကုလျန်ရွှမ်က ယုန်သားအချို့ ဖဲ့လိုက်ပြီး ကျန်းထျန်ကို ပေးလိုက်သည်။ "ကိုယ့်ကို အရသာ ကူမြည်းပေးပါ"
ကျန်းထျန်က နှစ်ကြိမ် မှုတ်လိုက်ပြီး မစောင့်နိုင်တော့ဘဲ ပါးစပ်ထဲ ထည့်လိုက်သည်။။"ကောင်းတယ်!" အရသာက တကယ်ကောင်းပြီး အတွင်းသားက နူးညံ့ကာ အပြင်ဘက်က ကြွပ်ရွသည်။
ယုန်နှစ်ကောင်က်ို မြန်မြန်ကင်လိုက်ပြီး မီးဖိုချောင်သို့ ပို့လိုက်သည်။
ကျန်းထျန်၏ အကြည့်များက ယုန်ပင်အပေါ် ကျနေသည်ကို မြင်သည့်အတွက် ရွှီကျင်းဖန်က ယုန်ခြေထောက်တစ်ဖက်ကို ယူလိုက်သည်။ "ထျန်ထျန် ဒါကိုယူသွားပြီး လမ်းမှာစားလိုက်။ ယုန်နှစ်ကောင်နဲ့အရင် ဗိုက်ဖြည့်ထားသင့်တယ်"
ထိုနည်းကြောင့် ယုန်နှစ်ကောင်က ကင်ပြီးသည်နှင့် ချက်ချင်း ကုန်သွားတော့သည်။
ကုလျန်ရွှမ်က တတိယအဒေါ်အိမ်သို့ သွားကာ စက်ဘီးငှားပြီး အိမ်ရှေ့တွင် ရပ်ထားသည်။
ကျန်းထျန်က အသံကြားတော့ ယုန်ခြေထောက်ကိုင်ကာ ပြေးထွက်လာသည်။ "ကုလျန်ရွှမ် ရှင်က စက်ဘီးနင်းနေရင်း စားဖို့ မသင့်တော်ဘူးဆိုတော့ ကျွန်မစေတနာနဲ့ ကူစားပေးမယ် အဆင်ပြေလား?"
ကုလျန်ရွှမ်က ရယ်လိုက်သည်။ "ဟုတ်ပြီလေ။ ဒါဆိုလည်း ကျေးဇူးတင်ပါတယ် ထျန်ထျန်"
"ရပါတယ်!" ကျန်းထျန်က စက်ဘီး နောက်ခုံတွင် ထိုင်လိုက်သည်။ "ကျွန်မက ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ မိန်းမလှလေးပါ"
စက်ဘီးက ကျောက်တံတားကို ဖြတ်သည်နှင့် ကျန်းထျန်က ယုန်ကို မစားတော့ဘဲ တံတားကို သတိနှင့်ကြည့်ကာ ကုလျန်ရွှမ်ကို သတိပေးလိုက်သည်။ "ဖြည်းဖြည်းနင်းပါ"
ကုလျန်ရွှမ် - "ထျန်ထျန် အဲ့ဒါက လုပ်ကြံဇာတ်လမ်းပါ"
သူက ကျန်းထျန် တံတားအောက်တွင် ကလေးအလောင်း မြှုပ်ထားသည်ကို တကယ်ယုံကြည်နေသည်ဟု ထင်မိသည်။
"မဟုတ်ဘူး"ကျန်းထျန်က ခေါင်းခါလိုက်သည်။ "တံတားက ချိုင့်ခွက်တွေ များတယ်။ ကျွန်မ စားနေတုန်း နင်သွားမှာစိုးလို့"
ကုလျန်ရွှမ် - "..." သူက အတွေးလွန်မိတာပဲ။
မြို့ပေါ်မှ ဘုရားပွဲက နောက်သုံးရက်မှ ပြီးမှာ ဆိုပေမယ့် ဒီနေ့က ဆောင်းဦးလယ်ပွဲတော် ဆိုတော့ အားလုံးက အိမ်တွင် ပြန်လည်တွေ့ဆုံစားသောက်ပွဲအတွက် ပြင်ဆင်နေသည့်အတွက် လမ်းပေါ်တွင် လူနည်းသည်။
မြို့ထဲ ဝင်လိုက်ပြီးနောက် ကုလျန်ရွှမ်က အရင်ဆုံး ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမတွင် လိမ္မော်ရည် နှစ်ပုလင်းဝယ်ကာ အသားဆိုင်သွားပြီး အသားနှစ်ကီလို ဝယ်ခဲ့သည်။
ထို့နောက် ကျန်းထျန်က အသ်ိတစ်ယောက်နှင့် တွေ့မည်ဟု ဆိုကာ လမ်းကြားထဲ ဝင်ခဲ့ပြီး ရှင်းလင်းသောနေရာ ရောက်သောအခါ ဟင်းလင်းပြင်မှ ပစ္စည်းများ ထုတ်ယူလိုက်သည်။
အဖြူရောင်လမုန့်၊ ဝက်ပေါင်ခြောက်၊ ကြာစေ့ကိတ်မုန့်၊ဟော့ပေါ့ အသားလုံးများ၊ ဆန်၅ဘူး၊ ဂျုံ၅ဘူး၊ တို့ဟူး၃ခု၊ သိုးသား၂ပ်ိဿာနှင့် မုန့်ကြွပ်တစ်အိတ်...
ပစ္စည်းအပြည့်နှင့် အိတ်ကြီးက စက်ဘီးရှေ့လက်ကိုင်တွင် ချိတ်လိုက်ပြီး ကုလျန်ရွှမ်က ရှေ့ကို သေချာမြင်ရစေရန် အနောက်ကို မှီပြီး ကြည့်ရသည်။
ကျန်းထျန်က လက်ခုပ်တီးလိုက်သည်။ "ဒါက ငွေအများကြီး ကုန်ကျပြီး ကတ်တစ်ကတ် ကုန်တော့မလိုပဲ"
ဒီနေရာ၏ ကောင်းကျိုးက စျေးလျော့ခြင်း ဖြစ်ပြီး ဆယ်ယွမ်လောက်နှင့် အများကြီး ဝယ်လို့ရသည်။
"တတိယကလေးက မနေ့က ကြက်ဥကိတ်အတွက် ပိုက်ဆံပေးလိုက်တယ်" ကုလျန်ရွှမ်က စက်ဘီးကို သေချာနင်းလိုက်သည်။"ကိုယ် သေတ္တာထဲ ထည့်လိုက်တယ်"
ကျန်းထျန် - စားသောက်နေရင်းနဲ့ ပိုက်ဆံတွေ အလိုလို တိုးလာတာက တကယ်ကောင်းတာပဲ!
"စောစောက သိခဲ့ရင် ပိုဝယ်ပါတယ်"ကျန်းထျန်က သက်ပြင်းချလိုက်သည်။
အိမ်ပြန်ရောက်ပြီး ပစ္စည်းများ ချပြီးနောက် ကုလျန်ရွှမ်က စက်ဘီးကို တတ်ိယအဒေါ်အိမ်သို့ သွားပို့ရမည့်အတွက် ကျန်းထျန်ကို မေးလိုက်သည်။ "ကိုယ်နဲ့အတူ လမ်းလျှောက်မလား?"
ကျန်းထျန်က ခြေဆန့်နေသည်။ ဒါကိုကြားတော့ သူမက ခေါင်းခါလိုက်သည်။ "ဟင့်အင်း" သူမက ယခုမှ အိုးထဲမှချသော အသားလုံးနှင့် ဖက်ထုပ်များကို စားချင်နေသည်။
"မဝေးပါဘူး။ ပြန်လာရင် ကိုယ်ကျောပိုးမယ်လေ" ကုလျန်ရွှမ်က သူမလက်ကို ဆွဲလိုက်သည်။
ရွှီကျင်းဖန်က ပြောလိုက်သည်။ "သွားလိုက် ထျန်ထျန် ဦးလေးပေါင်ကော ဘာတွေ ချက်ပြုတ်ထားလဲ သွားကြည့်လိုက်။ တတ်ိယအဒေါ်က သမီးကို သဘောကျတာမလို့ ပန်းကန်ထဲ စားစရာထည့်ပြီး ယူသွားလိုက်။ လျန်ရွှမ်က အဲ့လို မျက်နှာချို မသွေးနိုင်ဘူး"
မျက်နှာချို မသွေးနိုင်သော ကုလျန်ရွှမ်က ခေါင်းငြိမ့်လိုက်သည်။ "အင်း ကိုယ်မလုပ်တတ်ဘူး"
ကျန်းထျန် - "ဒါဆို ဟုတ်ပြီလေ"
စက်ဘီး နောက်ခုံတွင်ထိုက်ကာ ကျန်းထျန်က ကုလျန်ရွှမ်၏ ကျောကို မှီလိုက်သည်။ "ကုလျန်ရွှမ် တကယ်လို့ ဦးလေးပေါင်ကောက ဖရဲစေ့နဲ့ မြေပဲကြော်တွေ ပေးရင် ငြင်းရမယ်နော်"
ကုလျန်ရွှမ်က မေးလိုက်သည်။ "အရသာ မရှိလို့လား?"
ကျန်းထျန်က ခေါင်းငြိမ့်လိုက်သည်။ "အရသာ ရှိလွန်းလို့ လက်မခံနိုင်တာ"
ကုလျန်ရွှမ်က ရယ်လိုက်သည်။ "ဒါက ဘယ်လို ဖော်ပြချက်လဲ?"
"အရမ်းဆားငန်တယ်" ကျန်းထျန်က သက်ပြင်းချလိုက်သည်။ "အရသာ ရှိပါတယ် ဒါပေမယ့် အမြဲတမ်း ရေသောက်နေရပြီး လည်ချောင်းနာတဲ့အထိ စားမိသွားတယ်"
"ဒါဆို အဲ့ဒါမစားနဲ့။ ကိုယ်လုပ်ပေးမယ်" ကုလျန်ရွှမ်က ကျန်းထျန်ကို ပြောလိုက်သည်။ "သေချာကိုင်ထား"
"ဟေး၊ဟေး..." စက်ဘီးက ရုတ်တရက် အရှိန်မြင့်သွားသောကြောင့် ကျန်းထျန်က ဟန်ချက် ပျက်သွားသည်။သူမက လက်မြှောက်ကာ ကုလျန်ရွှမ်ကို ဖက်လိုက်သည်။ "ကုလျန်ရွှမ် ဘာလို့ မြန်မြန်နင်းနေတာလဲ?"
ဒါက အနီးလေးပဲကို ဘာလို့ မြို့ပေါ် အသွားအပြန်ထက် ပိုမြန်နေရတာလဲ?
"မြန်မြန်သွားပြီး မြန်မြန် ပြန်လာမယ်လေ" ကုလျန်ရွှမ်က မြို့ပေါ် အသွားအပြန်လုပ်ရန် မသင့်တော်သည့်အတွက် ယခုမှ အခွင့်အရေး အသုံးချနေသည်လား?
သေချာထိုင်လိုက်ပြီး ကျန်းထျန်က လက်ဖယ်ရန် လုပ်နေသည်ကို မြင်ရတော့ ကုလျန်ရွှမ်က ပြောလိုက်သည်။
"အမြင့်ကနေ ဆင်းတော့မှာ သေချာကိုင်ထား"
ကျန်းထျန် - "..." သူမ လှည့်စားခံလိုက်ရပြန်ပြီ!
သူမတို့ လမ်းမကြီးပေါ် ရောက်သောအခါ လူအများက အိမ်ရှေ့ဘက်များတွင် စကားပြောနေကြသည်။ ကုလျန်ရွှမ် စက်ဘီးစီးလာသည်ကို မြင်ရတော့ သူတို့က သူ့ခြေထောက်ကို ကြည့်လိုက်သည်။
"လျန်ရွှမ် ခြေထောက် ကောင်းသွားပြီလား?"
သူတို့က မေးခွန်းမေးသောအခါ ကုလျန်ရွှမ် ပြန်ဖြေရန် မမျှော်လင့်ပေ။ သူတို့က အိမ်နီးချင်းများနှင့် အပြန်အလှန် ဆွေးနွေးလိုက်သည်။
"သူ့ကြည့်ရတာ အဆင်ပြေနေသလိုပဲ"
"ဒါက ကောင်းတဲ့အရာပဲ။ ကျင်းဖန်ကို ဂုဏ်ပြုသင့်တယ်"
သူတို့က ရွာအလယ်ရှိ အိမ်ကို ရောက်လာသောအခါ ခြံတံခါး ဖွင့်ထားပြီး အထဲတွင် စားပွဲနှစ်လုံး ချထားသည်။လူများက စားပွဲတွင် ထိုင်ပြီး အချို့က ဖရဲစေ့စားကာ အချို့က မြေပဲစားနေကြသည်။
ကုပေါင်ကော၏ သားအကြီးက ကုလျန်ရွှမ် လာသည်ကို မြင်ရတော့ မြန်မြန်ထလာပြီး နှုတ်ဆက်လိုက်သည်။
"လျန်ရွှမ် ပြန်လာပြီ အမေနဲ့ အဖေကို ခေါ်လိုက်မယ်"
ကုလျန်ရွှမ်က သူ့ကို တားလိုက်သည်။ "မလိုပါဘူး။ ကျွန်တော် စက်ဘီးလာပို့ပြီး ဒါလာပေးတာပါ"
ကုလျန်ရွှမ်က ပန်းကန်လုံးကို ကမ်းပေးလိုက်သည်။ "အမေက တတိယအဒေါ်ကို ပေးခိုင်းလိုက်တာပါ"
"ဟုတ်ပြီ။ ခဏစောင့်ပါ" သူက မီးဖိုချောင်သို့ ဝင်သွားလိုက်သည်။
စားပွဲပေါ်မှ လူများက စကားပြောရပ်ပြီး ကျန်းထျန်နှင့် ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။
ကုလျန်ရွှမ်က နှုတ်ဆက်လိုက်သည်။ "ဦးလေးတို့ အဒေါ်တို့"
"ဟုတ်ပါပြီ" အားလုံးက တစ်ပြိုင်တည်း ပြန်ပြောလိုက်သည်။
ကုလျန်ရွှမ်က ကျန်းထျန်ကို မိတ်ဆက်ပေးလိုက်သည်။
"ဒါက အနီးအနား တပ်မဟာတွေက လူတွေလေ ဦးလေးပေါင်ကောရဲ့ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုရဲ့ မိသားစုတွေ ပြီးတော့ လာလည်ကြတဲ့ ဆွေမျိုးအချို့လေ"
ကျန်းထျန်က လူကြီးများနှင့် တွေ့ရလျှင် အနည်းငယ် စိတ်ရှုပ်သည်။ ရိုးသားစွာ ပြောရလျှင် သူမက ခြံထဲမှ လူများကို တွေ့ချ်ိန်ကပဲ ခေါင်းမူးမိသည်။
ကံကောင်းစွာနဲ့ ဦးလေးပေါင်ကောရဲ့ သားအကြီးဆုံးက မြန်မြန် ရောက်လာပြီး ပန်းကန်လုံးနှင့် အိတ်တစ်လုံး ကိုင်ထားသည်။
"လျန်ရွှမ် ပန်းကန်ထဲမှာ အဖေကြော်ထားတဲ့ ငါးကြော်နဲ့ အသားလုံးတွေနဲ့ ဝက်အူချောင်းပါ ပါတယ်။ အိတ်ထဲမှာက နေကြာစေ့နဲ့ မြေပဲကြော်တွေပါ"
ဒုတိယစကား ကြားတော့ ကျန်းထျန်က ကုလျန်ရွှမ်ကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။
ကုလျန်ရွှမ်က ပန်းကန်ကို ယူလိုက်ပြီး အိတ်ကို မယူခဲ့ပေ။ "အိမ်သားတွေက ဒီရက်ပိုင်း နည်းနည်း နေမကောင်းလို့ ဒါတွေတော့ မစားတော့ပါဘူး"
ကုအိမ်မှ အစ်ကိုကြီးက ခေါင်းငြိမ့်လိုက်သည်။ "ဒါဆို ဟုတ်ပြီ။ ကျွန်တော်တို့ အိမ်မှာ အများကြီးရှိတယ် စားချင်ရင် လာယူလို့ရတယ်နော်"
ထိုအိမ်မှ ထွက်လာပြီးနောက် ကျန်းထျန်က စိတ်သက်သာရာရစွာ သက်ပြင်းချပြီး ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။ "ကံကောင်းလို့ ရှင် မယူလိုက်တာ!"