အခန်း(၉၈)
Vol. 8 Ch. 98
ကျန်းထျန်က သူမကိုယ်သူမ သေချာ ဖက်ထားပြီး တစ်ဖက်လှည့်ကာ သူမက နောက်ထပ်နှစ်ရက်သာ ခံစားရမည် ဖြစ်ပြီး အိပ်ယာခင်းနှင့် စောင်များ ခြောက်သွားလျှင် သူမက နွေးထွေးသော အိပ်ယာတွင် တစ်ယောက်ထဲ အိပ်နိုင်မည်ဟု သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။
ကုလျန်ရွှမ်က မျက်လုံး ပိတ်ထားပေမယ့် အိပ်မပျော်သည့်အတွက် သူ့ဘေးမှကျန်းထျန်ကို ကြည့်နေသည်။
သူက ခဏစောင့်လိုက်ပြီး စောင်က ကွာသွားကာ သူ လအတော်ကြာ ကြားနေခဲ့ရသော ရင်းနှီးသော အသက်ရှူသံကို ကြားလိုက်ရသည်။
ကုလျန်ရွှမ် - "...."
ကျန်းထျန်က သူ့အပေါ် အကောင်းမြင်ရဲ့လား ဆိုသည်ကို ကုလျန်ရွှမ်က စတင်၍ သံသယရှိလာသည်။
သူမက သူမဘေးတွင် အိပ်နေသူက စိတ်ခံစားချက် မရှိသော အသားတုံး တစ်ခုကဲ့သို့ သဘောထားနေသည်။
ဟင့်အင်း၊ ကုလျန်ရွှမ်က ဒီအတွေးကို ငြင်းလိုက်သည်။
အသားတုံးကမှ သူ့ထက် ပို၍အရေးပါလိမ့်မည်။
ဒီအတွေးက သူ့စိတ်ထဲ ဝင်လာသည်နှင့် ဒီလူက ပို၍ အရေးပါမည် ဆိုသော အတွေးကို ကုလျန်ရွှမ်က ငြင်းလိုက်သည်။
နောက်ထပ် အိပ်မပျော်နိုင်သော ညတစ်ည ဖြစ်သည်။ ကုလျန်ရွှမ်က မျက်လုံးဖွင့်ကာ မျက်နှာကျက်ကို ကြည့်နေသည်။
သူ့ပခုံးက ရုတ်တရက် လှုပ်သွားပြီး လက်က လှုပ်မရတော့သဖြင့် ကုလျန်ရွှမ်က ခေါင်းလှည့်၍ ကြည့်လိုက်သည်။
ကျန်းထျန်က သူ့ထံ လှိမ့်လာခြင်း ဖြစ်သည်။
သူမက သူမနဖူးကို သူ့ပခုံးပေါ်တင်ကာ သူမကိုယ်ကို သူ့လက်ပေါ် တင်ထားသည်။
ကုလျန်ရွှမ်က အနေရခက်စွာ လှုပ်လိုက်ပြီး သူ့လက်က တစ်ခုခုကို သွားထိသောအခါ သူက ရုတ်တရက် ရပ်လိုက်သည်။
ကုလျန်ရွှမ် - "..."
သူက ကျန်းထျန်ကို အသာအယာ တစ်ဖက်သို့ လှည့်လိုက်ပြီး သူ့လက်ကို ကျန်းထျန်၏ ခန္ဓာကိုယ်အောက်မှ ဆွဲယူလိုက်ပေမယ့် သူက နေရာလွတ် လုပ်လိုက်သည်နှင့် ကျန်းထျန်၏ ခေါင်းက တိုးဝင်လာသည်။
ဒါတင်မကဘဲ ကုလျန်ရွှမ်က သူ့ခြေထောက်ဘေးမှ စောင်က ရွေ့သွားသည်ဟု ခံစားလိုက်ရပြီး သူ့ပေါင်နှင့် ခါးကလည်း ဖိခံလိုက်ရသည်။
ကုလျန်ရွှမ် - "..." ယခု သူက လူသားတစ်ယောက် အဖြစ်ပင် မခံစားရတော့ပေ။
ကုလျန်ရွှမ်က ပက်လက်အိပ်နေကာ မိုးလင်းသည်အထိ မျက်လုံးများနှင့် ဟိုဟိုဒီဒီ ကြည့်နေသည်။
သူ့လက်နှင့် ခြေထောက်များက ထုံနေသည်။
သူ့ဘေးမှ မျက်နှာလေးက ပါးစပ်ကို အနည်းငယ်ဟပြီး အသက်ရှူနေရာ လေပူများက သူ့လည်ပင်းကို လာရောက်နေသည်။ သူက တစ်ညလုံး အိပ်မပျော်ခဲ့ပေ။
တစ်ဖက်မှာတော့ ကျန်းထျန်က တကယ်ပဲ ထိုအနေအထားအတိုင်း ရှေ့တိုးလိုက် နောက်ဆုတ်လိုက် လုပ်နေသည်။ သူမ၏ ယခင်က ပျင်းစရာ အိပ်ပုံမျိုးနှင့် ယှဉ်လိုက်လျှင် မနေ့ညက အတော်ကို ကွာခြားသည်။
ကုလျန်ရွှမ်က အိပ်ယာမှ တိတ်တဆိတ် ထကာ အပြင်တွင် အေးစက်သော လေထုဒဏ်ကို ခံကာ လှဲအိပ်လိုက်ပြီး စိတ်ငြိမ်အောင် လုပ်လိုက်သည်။
ရွှီကျင်းဖန်က ဒီရာသီတွင် အလုပ်မရှိသည့်အတွက် နောက်ကျမှထလိုက်သည်။
ကုလျန်ရွှမ်က ဆေးကြောသန့်စင်ရန် နောက်ဘက်သို့ သွားလိုက်ပြီး မီးဖိုချောင်တွင် မနက်စာအတွက် ဆန်ပြုတ်လုပ်လိုက်သည်။ အခန်းနှစ်ခန်းမှ လူများက တစ်ယောက်ပြီးတစ်ယောက် နိုးလာကြသည်။
တစ်ည အနားယူပြီးနောက် သူ့နှုတ်ခမ်းထောင့်မှ ဒဏ်ရာက သတိမပြုနိုင်လောက်တော့ပေ။
စားနေချိန်မှာ ကုလျန်မင်က အရှေ့ခန်းကိုကြည့်ကာ မေးလိုက်သည်။ "ယောက်မက အိပ်နေတုန်းလား? ဘုရားပွဲအတွက် မြို့ကို ဘယ်တော့လသွားကြမှာလဲ?"
ရွှီကျင်းဖန်က ဆန်ပြုတ်တစ်ခွက် ထည့်ပေးကာ ကုလျန်မင်ကို ကြည့်လိုက်သည်။ "ရှောင်းမင် ဒီနေ့ တတိယအစ်ကိုနဲ့ သွားလိုက်။ နောက်ကျနေရင် ရှို့ရှန်ရဲ့ အိမ်မှာပဲ အိပ်လိုက်"
ကုလျန်ရုန်က ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဟုတ်ပြီလေ ဒီနှစ် အသစ်အဆန်းတွေ အများကြီး ပါတယ် ကြားထားတယ်"
မနက်စာစားပြီးနောက် ရွှီကျင်းယောင်က နှုတ်ဆက်လိုက်သည်။ "ညီမလေး အစ်ကို အိမ်သွားလည်မယ်။ ဆောင်းဦးလယ်ပွဲတော် ပြီးမှ ပြန်လာမယ်"
ရွှီကျင်းဖန်က အိမ်ထဲဝင်ပြီး အထုပ်အပိုးအချို့ ယူလိုက်သည်။ "ဒါတွေက ကျင်းကောနဲ့ ကျင်းယီ အတွက်ပါ။ယူသွားလိုက်ပါ အစ်ကို"
ဆောင်းဦးလယ်ပွဲတော်က နောက်နှစ်ရက်တွင် ကျင်းပပြီ ဖြစ်သည်။ ရွှီကျင်းဖန်က ထိုနေ့ မိတ်ဆုံစားပွဲတွင် ဘယ်ဟင်း ချက်ပြုတ်ရမည်ကို တိုင်ပင်နေကြသည်။
မိသားစုနှစ်ခုက သေချာပေါက် ထမင်းအတူစားမည်တော့ မဟုတ်ပေ။ ကုပေါင်ကော၏ အဖေ အမေနှင့် အစ်ကိုက အသက်ရှင်နေသေးသည့်အတွက် သူက ညစာစားပွဲ လုပ်လျှင်တောင် သူတို့နှင့်အတူ လုပ်လိမ့်မည်။
ဒီရက်ပိုင်း ရာသီဥတုက မသာယာသည့်အတွက် အိပ်ယာခင်းများ လျှော်ရန် လုပ်ထားသော ရွှီကျင်းဖန်က သက်ပြင်းချကာ ကျန်းထျန်၏ အခန်းပြတင်းပေါက်ထံ သွားလိုက်သည်။
"ထျန်ထျန် စောင်က လျှော်လို့ မရသေးဘူး။ လျန်ရွှမ်နဲ့ စောင်အတူခြုံရတာ မအေးဘူးမလား? ကြိုသိခဲ့ရင် မိုးရွာတဲ့ည မအေးရအောင် စောင်ကို သိမ်းထားခဲ့ပါတယ်"
ကျန်းထျန် - "..." ကိုယ်ပိုင် အိပ်ယာတွင် အိပ်နိုင်ရန် မကြာခင် ကံကောင်းတော့မည် ထင်မိသည်ကို ဘုရားသခင်က မပူးပေါင်းပေးပါလား။
ကျန်းထျန်က ရှုပ်ပွနေသော ဆံပင်များနှင့် ထိုင်းမှိုင်းသော အကြည့်များဖြင့် စောင်ကို ကြည့်လိုက်သည်။
အိပ်ယာထဲတွင် လူတစ်ယောက် ပိုရှိနေသည်က ပြဿနာ မရှိပေမယ့် တစ်ယောက်ထဲ နေရသည်က ပိုကောင်းသည်ဟု ကျန်းထျန်က ခံစားမိနေသည်။
ကျန်းထျန်က နေ့လည်စာ မစားခင်အထိ အခန်းထဲ နေခဲ့ပြီးနောက် ထလာခဲ့သည်။
သူမ၏ လက်ရှိဘဝက အလွန် အဆင်ပြေသည်။ သူမက သူမ အချိန်တွေကို စိတ်တိုင်းကျ သုံးန်ိုင်သလို စားချင်သည့်အချိန် စားနိုင်ပြီး အိပ်ချင်သည့်အချိန်တွင် အ်ိပ်နိုင်သည်။
နေ့လည်စာ မစားခင် ထပြီး နေ့လည်စာ စားပြီးချိန်တွင် တစ်ရေးအိပ်သည်။
ကျန်းထျန်က တကယ်ကို ဒီလို အိပ်လိုက် စားလိုက်ဘဝကို သဘောကျသည်။
ထို တာဝန်ကျသူကဲ့သို့ ပြဿနာ ရှာနေမည့်အစား မြန်မြန် သေလိုက်ခြင်းက ပိုကောင်းသည်။
ကျန်းထျန်က သူမ မူလခန္ဓာကိုယ်ပိုင်ရှင်ဟု ထင်ထားသူက စည်းကမ်းဖောက်ပြီး တာဝန်ဆောင်ရွက်နေချိန်တွင် အချိန်မှား ရောက်လာခဲ့ပြီး ကျန်းထျန်၏ အမည်နှင့် အကြောင်းအရာများကို ခိုးယူထားသော သူခိုးဖြစ်ကြောင်း မနေ့ကမှ သိခဲ့ရသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က အခြား ဝတ္ထုမှ ဇာတ်ကြောင်းက ဤနေရာတွင် လာစတင်နေပြီး တာဝန်ကျသူက မူလဇာတ်ကြောင်းကို ခိုးပြင်ခဲ့ခြင်း ဖြစ်သည်။
ပြီးတော့ သူမက တာဝန်ကျသူ၏ ကန်ထုတ်ခြင်း ခံရသော မူလခန္ဓာကိုယ် ပိုင်ရှင် ဖြစ်နေသည်။
အစီအစဉ်အရဆ်ိုလျှင် သူမက ဒီကမ္ဘာတွင် ခြောက်နှစ်အထိ နေခဲ့ပြီး အပြင်းဖျားသော အချိန်က တာဝန်ကျသူ၏ အတင်းနေရာယူခြင်း ခံလိုက်ရခြင်း ဖြစ်သည်။
ထို့နောက် သူမက အခြားကမ္ဘာတစ်ခုကို အပို့ခံလိုက်ရပြီး ထိုကမ္ဘာက နှစ်ပေါင်းများစွာကပဲ အပျက်ကပ်ကို ရင်ဆိုင်နေရသည် ဖြစ်သည်။
ထိုအချိန်က တာဝန်ကျသူက ဇာတ်ကြောင်း၏ အစွမ်းကြောင့် ဖယ်ထုတ်ခံရပြီး ရုတ်တရက် သေဆုံးသွားခြင်း ဖြစ်သည်။
ဒါကြောင့် မူလခန္ဓာကိုယ် ပိုင်ရှင် ဖြစ်သည့် သူမက နေရာပြန်ယူရန် ခေါ်ခံရခြင်း ဖြစ်သည်။
ကျန်းထျန်က အလွန်ပျော်ရွှင်နေသည်။
သူမ ယခင်က ခန့်မှန်းခဲ့သော ဇာတ်ကြောင်းက တကယ်ပဲ ရှိနေခဲ့ပေမယ့် စနစ်ပေါ်လာပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
စနစ်တစ်ခုလုံးက သူမထံ မူတည်သွားပြီးနောက်တွင် သူက လုံးဝ ပျောက်ကွယ်သွားသည်။
ကျန်းထျန် - "..."
မူလ တိုးတက်မှု အရဆိုလျှင် တာဝန်ကျသူသာ ပေါ်မလာခဲ့လျှင် သူမကံကြမ္မာက ဒီလောက်ကောင်းမည် မဟုတ်ပေ။ သူမက သူမမိဘအရင်းနှင့် မတွေ့ရခင် လူကုန်ကူးသူများထံမှ အဖမ်းခံရမည် ဖြစ်သည်။
ဒီအကြောင်းအရာက လူကုန်ကူးသူများနှင့် ထူးခြားသည့် ဆက်နွယ်မှု ရှိရမည်ဟု ကျန်းထျန် ထင်နေသည်။
အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်လျှင် လူကုန်ကူးသူများနှင့် ကြုံခဲ့ရသည်က ဘယ်နှခါတောင်လဲ?
မူလဇာတ်ကြောင်းတွင် နှစ်ခါ ဖြစ်ခဲ့ပြီး တစ်ခါက တာဝန်ကျသူကြောင့် ဖြစ်ပြီး နောက်တစ်ခါက သူမကြောင့် ဖြစ်သည်။
ဒါက အရမ်းကို မထူးဆန်းလွန်းဘူးလား?
ထိုလေးကြိမ်ထဲတွင် သူမက သုံးကြိမ်ထိခိုက်မိကာ တစ်ကြိမ်သာ လွတ်ခဲ့သည် ဖြစ်သည်။
ကျန်းထျန်က သူမကိုယ်သူမ သေချာ ဖက်ထားလိုက်ပြီး အနာဂတ်တွင် အပြင်သိပ်မထွက်ရန် ဆုံးဖြတ်လိုက်သည်။
တစ်ရေးမအိပ်ခင်တွင် ကုလျန်ရွှမ်က ဘာလုပ်မည် မသိဘဲ အပြင်ထွက်သွားသည်။ ကျန်းထျန်က သမ်းလိုက်ပြီးနောက် အိပ်ပျော်သွားတော့သည်။
နေ့ခင်းဖက်တွင် မိုးဖွဲများ ကျလာသည်။
ကျန်းထျန်က အိပ်ယာမှထလာပြီးလက်ကို ပွတ်လိုက်သည်။ သူမက ဖိနပ်ကို စီးကာ အပြင်မထွက်ခင် အဝတ်ဗီရိုထဲမှ အနွေးထည် ထူထူကို ထုတ်ဝတ်လိုက်သည်။
ရွှီကျင်းဖန်က ပင်မခန်း၏ တံခါးအနီး ထိုင်နေသည်။ ကျန်းထျန် ရောက်လာသည်ကိုမြင်တော့ သူမက လက်ပြနှုတ်ဆက်လိုက်သည်။
"ထျန်ထျန် ဒီမှာ ဖရဲစေ့ စားလာ"
"သမီး ရေတစ်ခွက် သွားယူလိုက်မယ်"
ဖရဲစေ့များက အဖွဲ့ခေါင်းဆောင် ကုပေါင်ကော လုပ်ထားခြင်း ဖြစ်သည်။
သူက အရသာ လေးလေး ကြိုက်ပြီး အမြဲတမ်း ဆားအများကြီးထည့်သည်။ အလွန်ဆားများသည့်အတွက် ကျန်းထျန်က ရေတစ်ခွက် အမြဲယူထားရသည်။
ပင်မခန်း၏ တံခါးအနီးတွင် နောက်ထပ် ခုံတစ်ခု ချလိုက်သည်။
လေအေးကြောင့် ကြက်သီးထသည့်အတွက် ကျန်းထျန်က အပေါ်ဝတ်ကို သေချာပြင်လိုက်သည်။
"အမေ သမီးတို့ ညစာ ဘာစားမှာလဲ?"
ရွှီကျင်းဖန်က ခေါင်းငြိမ့်လိုက်ပြီး ရာသီဥတုကို ကြည့်လိုက်သည်။
"မသိသေးဘူး။ လျန်ရွှမ်က မြို့က စာတိုက်မှာ တစ်ခုခုယူဖို့ သွားတယ်။ သူက သူငယ်ချင်းအချို့နဲ့ သွားတွေ့ပြီး စားသောက်ဆိုင်က ဟင်းဝယ်လာမယ် ပြောသွားတယ်။အိမ်မှာ ပန်ကိတ်ပဲ လုပ်ခဲ့တယ်"
စားသောက်ဆိုင် အကြောင်းပြောတော့ ကျန်းထျန်က မနေ့က စားခဲ့သော ဖက်ထုပ်ကို သတ်ိရသွားသည်။
"အမေ ဆောင်းဦးလယ်ပွဲတော်အတွက် ဖက်ထုပ် လုပ်ကြတာပေါ့!"
"အထဲမှာ အစာသွပ်ပြီး အနံ့ကလည်း အရမ်းမွှေးတယ်"
ကျန်းထျန်က စားချင်စိတ် ပေါ်လာသည်။ သူမက စားချင်စိတ်ပြေစေရန် ဖရဲစေ့ သုံးစေ့ စားလိုက်ပြီး ရေတစ်ခွက် သောက်လိုက်သည်။
ရွှီကျင်းဖန်က လက်ခံလိုက်သည်။ "ကောင်းပြီလေ။ လျန်ရွှမ်က်ို အသားနည်းနည်း ဝယ်လာခိုင်းလိုက်မယ်။ ဖက်ထုပ်ပေါင်းလား ဖက်ထုပ်ပြုတ်လား?"
"ဖက်ထုပ်ပေါင်း!" ကျန်းထျန်က ကျယ်လောင်စွာ ဖြေလိုက်သည်။
"ဖက်ထုပ်ပေါင်းက အရသာရှိတယ်လို့ အမေလည်း ထင်တယ်။ ပဲနီဆန်ပြုတ်လည်း ထည့်ကြတာပေါ့။ ဖက်ထုပ်လေး တစ်ရာကျော်က လောက်မယ် မထင်ဘူး"
ရွှီကျင်းဖန်က ဖရဲစေ့စားပြီး ရေသောက်လိုက်သည်။ "ကုပေါင်ကောက ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေး သမဝါယမက ဆားတွေကို ခိုးပြီး အိမ်ယူသွားတာလား မသိဘူး?"
"အရမ်း ငန်တာပဲ ဒါပေမယ့် တတိယအဒေါ်က အရသာရှိတယ်လို့ ထင်နေတယ်" ရွှီကျင်းဖန်က နားမလည်နိုင်ပေ။
ကျန်းထျန်က ရယ်လိုက်သည်။"လက်ဘက်ရည်အိုးက အဖုံးရှိမှ ဖြစ်မှာပေါ့ အမေ"
ရွှီကျင်းဖန်က မြေပဲခွံခွာနေရင်း ဒါကိုကြားတော့ ရယ်လိုက်သည်။ "အမှန်ပဲ!သမီး ဦးလေး ပေါင်ကော ဘာပဲချက်ချက် တတိယအဒေါ်က အရသာရှိတယ်လို့ ထင်နေတယ်"
"ဒါပေမယ့် နောက်တစ်ခါ အခွင့်အရေးရရင် ပြောဦးမယ်။ ဆားတွေ အများကြီး စားတာက ကျန်းမာရေးအတွက် မကောင်းဘူး။ သူတို့နှစ်ယောက်က မငယ်တော့ဘူး။ အနာဂတ်မှာ အရသာ ပေါ့ပေါ့ စားသင့်တယ်"
မိုးတိတ်သွားပြီး ခဏနေတော့ ကုလျန်ရွှမ်က ပစ္စည်းတစ်အိတ်နှင့် ရောက်လာသည်။
"အမေ ကျွန်တော် အမဲသားငါးပေါင်နဲ့ ဝက်အူချောင်း နှစ်ခု၊ နောက်ပြီး ဟင်းနည်းနည်း ဝယ်လာတယ်" ကုလျန်ရွှမ်က သူ့အပေါ်အင်္ကျီကို ချွတ်ကာ ပင်မအခန်းကို လျှောက်သွားပြီး ပစ္စည်းများကို စားပွဲပေါ် တင်လိုက်သည်။
ကျန်းထျန်က အိမ်ထဲမှ ရေတစ်ခွက်ယူလာကာ ကုလျန်ရွှမ်ကို ပေးလိုက်ပြီး စားပွဲပေါ်မှ ပစ္စည်းများကို ကြည့်လိုက်သည်။ "ကုလျန်ရွှမ် ဘာချက်စရာတွေ ဝယ်လာတာလဲ?"
ရွှီကျင်းဖန်က ထမင်းဘူးကို အပြင်ထုတ်လိုက်သည်။သူမက ဒါကိုကြားတော့ ဖွင့်ကြည့်လိုက်သည်။ "ဝက်သားနှပ် တစ်ပွဲ၊ ငါးကြော်တစ်ပွဲနဲ့ ဖက်ထုပ်တွေပဲ"
"ထျန်ထျန် သမီး ခုနက ဖက်ထုပ်စားချင်တယ် ပြောတာကို အခု လျန်ရွှမ်က ဝယ်လာတယ်။ ဒါက စိတ်ချင်းဆက်နေတာပဲ"
ရွှီကျင်းဖန်က သူမစိတ်ထဲမှ စကားလုံးများကို ထုတ်ပြောမိသဖြင့် ပေါင်ကို ရ်ိုက်လိုက်သည်။
ရေခွက်ကို ကိုင်ထားသော ကျန်းထျန်၏ လက်က တုန်သွားသည်။
ကုလျန်ရွှမ်က မြင်တော့ အလျင်အမြန် ယူလိုက်သည်။
သူတို့လက်များ ထိလိုက်သည်နှင့် ကျန်းထျန်က လန့်သွားကာ အလိုအလျောက် ရေခွက်ကို ကျန်းထျန်၏ လက်ထဲ ထည့်ပေးလိုက်သည်။
"အမေ ဖက်ထုပ်တွေက မျှစားဖို့ မလောက်ဘူး ဟင်းအဖြစ် ဖက်ထုပ်ကြော်လိုက်ရင်ရော?"
ကျန်းထျန်က သူမဘက် လှည့်လာတာမြင်တော့ ရွှီကျင်းဖန်က ချက်ချင်း အကြည့်ကို တုန့်ပြန်လိုက်သည်။
"ဟုတ်ပြီ။ အမေ နည်းနည်း ကြော်လိုက်ပြီး ပန်ကိတ်တွေ ပြန်နွှေးပြီး ဆန်ပြုတ်တစ်ခု လုပ်လိုက်မယ်"
"ထျန်ထျန် ပစ္စည်းထုပ်ထဲ ဘာတွေပါလဲ ဆိုတာ လျန်ရွှမ်နဲ့အတူ ကြည့်လိုက်။ အမေ သွားပြီး ချက်ပြုတ်လိုက်မယ်"
စကားပြောပြီးသည်နှင့် ရွှီကျင်းဖန်က ထမင်းဘူးယူကာ မီးဖိုချောင်သို့ ထွက်သွားလိုက်သည်။
ကျန်းထျန်၏ လက်က ထုံသွားသလို ခံစားရသည်။ "အဲ့ဒီ..."
ကုလျန်ရွှမ်က ကြွေခွက်ကို နှုတ်ခမ်းနှင့်တေ့ကာ ရေသောက်လိုက်သည်။ သူက စကားစပြောလိုက်သည်။
"ဒါက တပ်ထဲမှာတုန်းက ကိုယ်တို့လို လူငယ်တွေကို အရန်ပစ္စည်း ထောက်ပံ့ပြီး ဂရုစိုက်တတ်တဲ့ ခေါင်းဆောင်ကြီးပါ"
"ငွေနည်းနည်း၊ လေ့ကျင့်ရေးဝတ်စုံ နှစ်ထည် တပ်ထဲက စားစရာနဲ့ စစ်စိမ်းရောင် အင်္ကျီစ"
ကျန်းထျန်က ခုံတွင်ထိုင်ကာ ဖရဲစေ့များ စားနေသည်။ကျန်းထျန်က ဖရဲစေ့စားပြီး ပြောလိုက်သည်။ "ခေါင်းဆောင်က အရမ်းသဘောကောင်းတာပဲ"
ကုလျန်ရွှမ်က ခေါင်းငြိမ့်လိုက်သည်။ "ခေါင်းဆောင်ကြီးက ကိုယ့်အဖေရဲ့ ခေါင်းဆောင်ပဲလေ"
ကုလျန်ရွှမ်၏ အဖေက တပ်မှူးတစ်ယောက် ဖြစ်သည်။တာဝန်အတွင်း မကျဆုံးခဲ့လျှင် ယခုဆိုလျှင် အနည်းဆုံး တပ်ရင်းခေါင်းဆောင် ဖြစ်နေလောက်သည်။
ဒီအခြေအနေက အနည်းငယ် အနေရခက်သည်ဟု ကျန်းထျန်က ခံစားမိသည်။ သူမက တိတ်နေလို့ မဖြစ်သလို ဘာပြောရမည်လည်း မသိပေ။
"အဖေကလည်း အံ့သြစရာ ပါပဲ" ကျန်းထျန်က ပြောလိုက်သည်။
ကုလျန်ရွှမ်က ရေခွက်ကို ချပြီး ပြောလိုက်သည်။ "ကိုယ်လည်း မဆိုးပါဘူး"
ကျန်းထျန် - "...." ဟုတ်ပြီ ဒီလို မလုပ်ပါနဲ့။
စစ်သားတစ်ယောက်အဖြစ် ဘယ်သူက ပိုတော်တယ်ဆိုတာ မသိဘူးလေ။
အဓိကအချက်က သူမက သူတို့အဖေကို မမြင်ဖူးခြင်း ဖြစ်သည်။
ဘာပြောရမည် မသိသည့်အတွက် ကျန်းထျန်က ဒီနေရာမှ ထွက်သွားရန် အကြောင်းရှာလိုက်သည်။
ကျန်းထျန် ထွက်သွားသည်ကို ကြည့်ပြီး ကုလျန်ရွှမ်က သူလည်း မဆိုးကြောင်းကို ဘယ်လိုပြောရမည်ကို သိချင်နေသည်။
ကျန်းထျန်က အိမ်ထဲနေပြီး ညစာစားချိန်မှသာ အရသာရှိသော ဖက်ထုပ်ကြော်စားရန် ထွက်လာခဲ့သည်။
ကုလျန်ရွှမ်က ဘာမှ မတွေးနိုင်တော့ပေ။သူက ယခုမှ မိုးရွာနေသော ခြံဝင်းကို ကြည့်ပြီး ပြောလိုက်သည်။
"အမေ မနက်ဖြန် ကျွန်တော် တောင်ပေါ်မှာ မှိုသွားခူးလို့ ရမလား?"
ကုလျန်ရွှမ်က ဒါကို ပြောနေချိန်တွင် အစားစားနေသော ကျန်းထျန်အပေါ် အကြည့်ရောက်နေသည်။
ရွှီကျင်းဖန်က ချက်ချင်းပဲ သူ့သားကြီး၏ အတွေးကို နားလည်သဖြင့် လည်ချောင်းရှင်းပြီး ပြောလိုက်သည်။ "ထျန်ထျန် အိမ်မှာ မှ်ိုတွေကုန်နေပြီ။ မနက်ဖြန် လျန်ရွှမ်နဲ့အတူ မှိုသွားခူးလိုက်ပါလား"
"အမေ ဒီရက်ပိုင်း ခြေထောက်တွေ နေလို့ မကောင်းဘူး။အနားယူချင်နေတယ်။ ရှောင်းဝူနဲ့ ရှောင်းလျိုကလည်း အိမ်မှာ အလုပ်ကူလုပ်ရမယ်"
"ဟုတ်လား?"
ကျန်းထျန်က ခေါင်းမော့ကာ စိုးရိမ်စွာ ကြည့်လိုက်သည်။ "အမေ ဆေးခန်းမှာ သမားတော်လျိုနဲ့ သွားပြပြီး ဒဏ်ရာ ကပ်ခွာကပ်မလား?"
ရွှီကျင်းဖန်က နေမကောင်းသလို ဟန်ဆောင်နေခြင်း ဖြစ်ပြီး အမှန်တကယ် နေမကောင်းခြင်း မဟုတ်ပေ။သူမက သူမခန္ဓာကိုယ်အကြောင်း သိသည်။ သူမက တောဝက်ကို မသတ်နိုင်ပေမယ့် ရိုက်နိုင်သေးသည်။
"မလိုပါဘူး။ အမေက အနားယူရတာနဲ့ နေသားမကျသေးလို့ပါ"
ကျန်းထျန် - "တကယ်လို့ အမေနေမကောင်းဘူး ဆိုရင် ချက်ချင်း ပြောရမယ်နော်"
ရွှီကျင်းဖန်က ခေါင်းငြိမ့်လိုက်သည်။။"အင်း အမေ သိပါပြီ"
ထိုသို့ပြောပြီး သူမက ကုလျန်ရွှမ်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ အမေက ဒီလောက်ပဲ ကူနိုင်မယ်။
သူတို့ ညဘက် အခန်းပြန်ရောက်တော့ ကုလျန်ရွှမ်က ပုံပြင် ပြောပြပြီး ကျန်းထျန်က ဇာတ်လမ်းထက်ဝက်တွင် အဆုံးထိိ ခန့်မှန်းလိုက်သည်။
နောက်ရက် မနက်စောစောတွင် ကျန်းထျန်နှင့် ကုလျန်ရွှမ်က ဝါးခြင်းတောင်း လွယ်ကာ တောင်ပေါ် တက်လာခဲ့သည်။