← Chapters

အခန်း(၉၉)

Vol. 8 Ch. 99

အခန်း(၉၉)

Vol. 8 Ch. 99

ခြင်းတောင်းက ကုလျန်ရွှမ်၏ ကျောပေါ်တွင် ဖြစ်သည်။ ကျန်းထျန်က ကန်စွန်းဥမီးဖုတ်ကို လက်က ကိုင်ထားပြီး အိတ်ထဲတွင် နို့ချိုချဉ် အနည်းငယ်သာ ရှိသည်။

လမ်းလျှောက်ရင်း စားလို့ရသည်။

ကျန်းထျန်က တောင်ကိုကြည့်ပြီး ပြောလ်ိုက်သည်။

"ကုလျန်ရွှမ် ကျွန်မတို့ ဘယ်နားမှာ မှိုသွားခူးမှာလဲ?"

"ဝါးရုံတောထဲ သွားပြီး မျှစ်သွားခူးကြတာပေါ့။ အိမ်မှာ မျှစ်တွေ အများကြီး မကျန်တော့ဘူး"

ကုလျန်ရွှမ်က ရေဘူးအဖုံး ဖွင့်ကာ ကျန်းထျန်ကို ပေးလိုက်သည်။ "ရေနည်းနည်း သောက်လိုက် ပြီးတော့ ဝါးရုံတောထဲ ရောက်ရင် အနားယူလိုက်"

ကန်စွန်းဥ စားပြီးနောက် သူမက လက်ကို ခါလိုက်ပြီး ရေဘူးမှ ရေအနည်းငယ်နှင့် လက်ဆေးလိုက်သည်။ သူမက လက်ညစ်ပတ်နေသည်ကို သဘောမကျပေ။

ချွေးထွက်ပြီး အဆီပြန်နေသည်ကိုလည်း မကြိုက်ပေ။

ကျန်းထျန်က တောင်ခြေမှ ဝါးရုံတောအထိ မကြာခဏ ရောက်ဖူးပြီး လာသည့်အခါတိုင်း တစ်ခုခု ရရှိခဲ့ပြီး ဒီတစ်ခါလည်း ခြွင်းချက်မရှိပေ။

ကျန်းထျန်က ယုန် ဖမ်းမိခဲ့သည်။

ယုန်က မီးခိုးရောင် အမွှေးရှိပြီး တောက်ပနေသည်။ရာသီဥတုက အေးလာပြီ ဖြစ်သည့်အတွက် ယုန်က အမွှေးများ ရှည်လာပြီ ဖြစ်သည်။

ကုလျန်ရွှမ်က လျှောက်လာပြီး ယုန်ကို နားရွက်နှစ်ဖက်မှ ကိုင်လိုက်ကာ ကြည့်လိုက်သည်။

"ဒီနားမှာ ယုန်တွင်း ရှိနိုင်တယ်။ သွားကြည့်မလား?" သူက ကျန်းထျန်ကို မေးလ်ိုက်သည်။

ကျန်းထျန်က အံ့သြသွားသည်။ "ယုန်တွင်းလား?" ယုန်တွေ အများကြီး ရှိတယ်ဆိုတဲ့ သဘောလား?

"အင်း" ကုလျန်ရွှမ်က ယုန်ကို နောက်မှ ဝါးခြင်းတောင်းထဲ ပစ်ထည့်လိုက်သည်။

"လည်တဲ့ ယုန်ဆိုရင် သစ်ခေါင်းထဲ နေလိမ့်မယ်။ ယုန်တွင်းက ဘာမှမရှိတာ ဖြစ်န်ိုင်တယ်"

သစ်သားတုတ်ကို ကိုင်ပြီး ကုလျန်ရွှမ်က မြက်ခင်းများကို ရှင်းလင်းကာ နောက်ဆုံးမှာ မြေတွင်းပေါက် တစ်ခုရှေ့ ရပ်လိုက်သည်။

သူ့နောက်မှ ခေါင်းက ဘေးဘီကြည့်ကာ မေးလိုက်သည်။ "ဒါက ယုန်တွင်းလား?"

ကျန်းထျန်က အထဲကို ငုံ့ကြည့်လိုက်ပြီး ကုလျန်ရွှမ်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။ "ရှင် ဒါကို တူးမှာလား?"

ကုလျန်ရွှမ် -"ဟင့်အင်း" သူက ယုန်တွင်းဘေးတွင် တုတ်ချောင်း စိုက်လိုက်သည်။

"အမှတ်အသား အရင်လုပ်ပြီး အိမ်ပြန်ပြီး မီးခြစ်ဆံ ယူလာပြီးမှ မီးခိုးငွေ့တိုက်ရမယ်"

ကျန်းထျန်က အိတ်ထဲမှ မီးခြစ်ဆံ ဘူးကို ထုတ်လိုက်သည်။ "ကျွန်မ ယူလာခဲ့တယ်!"

သူ့အကြည့်က ကျန်းထျန် လက်ထဲမှ မီးခြစ်ဆံဘူးအပေါ် ရောက်သွားပြီး ကုလျန်ရွှမ်က အံ့သြသွားသည်။ "မင်း ဘာလို့ မီးခြစ်ဆံ ယူလာတာလဲ?"

ကျန်းထျန်က ရယ်လိုက်ပြီး ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။ "ကြိုတင် ပြင်ဆင်ထားတာက ပိုကောင်းတယ်။ ကျွန်မ အိတ်ထဲမှာ မီးခြစ်လည်း ရှိတယ်"

ကုလျန်ရွှမ် - "?"

ကုလျန်ရွှမ်က ခြင်းတောင်းကို အောက်ချလိုက်ပြီး ကျန်းထျန်ကို ပြောလိုက်သည်။ "ထျန်ထျန် ဝေးဝေးမှာနေ"

ကျန်းထျန်က ခြင်းတောင်းကို ယူပြီး ငါးမီတာလောက် နောက်ဆုတ်လိုက်သည်။ "အဆင်ပြေပြီလား?"

ကုလျန်ရွှမ်က နောက်လှည့်ကြည့်ပြီး ပြောလိုက်သည်။

"မီးခိုး မမွမ်းရအောင် ခပ်ဝေးဝေးမှာနေ"

ကျန်းထျန်က နောက်ထပ် ငါးမီတာ ထပ်ဆုတ်လိုက်သည်။

ကုလျန်ရွှမ်က အရင်ဆုံး ယုန်တွင်း အနီးမှ သစ်ရွက်ခြောက်များကိုရှင်းလင်းကာ ယုန်တွင်း ဘေးဘက်များတွင် ပုံလိုက်ပြီး မီးခြစ်ဆံနှင့် မီးရှို့လိုက်သည်။

မနေ့ကမှ မိုးရွာထားသည့်အတွက် သစ်ရွက်များက စိုထိုင်းထိုင်း ဖြစ်နေသေးပြီး မီးရှို့လိုက်သောအခါ မီးခိုးဖြူနှင့် မီးခိုးနက်များ ထွက်လာသည်။

ကုလျန်ရွှမ်က သူ့အပေါ်ဝတ် အင်္ကျီကိုသုံးကာ မီးခိုးများကို တွင်းပေါက်ဝ ရောက်သွားစေရန် လုပ်လိုက်သည်။

ကျန်းထျန်က လည်ပင်းဆန့်၍ ကြည့်ကာ ယုန်သားနှပ်၊ယုန်အစပ်ချက်၊ ယုန်ကင်များကို တီးတိုးပြောနေသည်။

တွင်းထဲတွင် အငွေ့များ ပြည့်သွားသည်။ ကုလျန်ရွှမ်က လက်တစ်ဖက် ဆန့်ထားပြီး တွင်းထဲမှ လှုပ်ရှားမှုက်ို နားထောင်လိုက်သည်။ ယုန်က ခုန်ထွက်လာသည်နှင့် သူက အလျင်အမြန် ဖမ်းလိုက်သည်။

ထိုနေရာမှ အခြေအနေကို သတိထားမိ၍ ကျန်းထျန်က ခြင်းတောင်းကိုကိုင်ပြီး ရှေ့တိုးလာသည်။ "ကုလျန်ရွှမ် ကျွန်မ ကူညီမယ်"

ယုန်တစ်ကောင် မိသည်နှင့် ယုန်အမြောက်အများက သွေးရူးသွေးတန်း ပြေးထွက်လာသည်။ ကုလျန်ရွှမ်က သတိပြုမိပြီး ပြောလိုက်သည်။ "ထျန်ထျန် ဝါးခြင်းတောင်း!"

ကျန်းထျန်က သူ့ကို ခြင်းတောင်း ပေးလိုက်သည်။

ကုလျန်ရွှမ်က တစ်ဖက်လှည့်လိုက်ပြီး ခြင်းတောင်းကို တွင်းဘက်လှည့်ကာ တွင်းမှ ထွက်လာသော ယုန်ကို ခေါင်းမှ ဖမ်းလိုက်သည်။

တစ်နှစ်လုံးတွင် တောင်ပေါ်သို့ လူအရောက်နည်းပြီး ယုန်များ၏ မျိုးပွားစွမ်းရည်က ကြောက်စရာ ကောင်းသဖြင့် ခြင်းတောင်းနှင့်အပြည့် ယုန်များ မိလျှင်တောင် နောက်ထပ် တွင်းမှ ထွက်လာသော ယုန်အများကြီး ရှိသေးသည်။

သွေးရူးသွေးတန်း ပြေးနေသော ယုန်များကို ကြည့်ပြီး ကုလျန်ရွှမ်က ခြင်းတောင်းကို ကိုင်ကာ ရပ်လိုက်သည်ကို မြင်တော့ ကျန်းထျန်က ပျော်ရွှင်စွာ ပြောလိုက်သည်။

"စောစောက ကြိုသိခဲ့ရင် ခြင်းတောင်း အပိုတွေ ယူလာပါတယ်"

ကုလျန်ရွှမ်က ခြင်းထဲမှ ယုန်များကို တစ်ကောင်ပြီး တစ်ကောင် ထုတ်ကာ ထုလိုက်ပြီး ပြန်ထည့်လိုက်သည်။သူက ဒါကိုကြားတော့ သူမကို နှစ်သိမ့်လိုက်သည်။

"ဝမ်းမနည်းပါနဲ့။ အဖွဲ့က နှစ်သစ် မရောက်ခင် အမဲလိုက်ဖို့ စီစဉ်ထားတယ်။ ဒီနှစ် တောဝက်တွေ အောက်ဆင်းလာတာလည်း ရှိတယ်လေ။ အမဲလိုက်ရတာက စိတ်အပန်းပြေမယ် ထင်တယ်"

"ရှင်လည်း သွားမှာလား?" ကျန်းထျန်က ကုလျန်ရွှမ်ကို မေးလိုက်ပြီး ကျောက်တုံးများ ကောက်ကာ ယုန်များကို ပစ်လိုက်သည်။ အနည်းဆုံးတော့ သူမရင်ထဲမှ နှမြောစိတ် ပျောက်သွားရန် ဖြစ်သည်။

ကုလျန်ရွှမ်က ခေါင်းငြိမ့်လိုက်သည်။ "သွားမှာ။ ကိုယ် မင်းကို ယွမ်တစ်ရာ အကြွေးတင်နေသေးတယ်"

သူက သတင်းစုံစမ်းစဉ်က ငွေကို ပြောခြင်း ဖြစ်သည်။

ကျန်းထျန်က စိတ်ထဲမှ တွက်ချက်လိုက်သည်။ ဝက်သားတစ်ပေါင်က ၈၀ဆင့်၊ ယွမ်တစ်ရာဆိုရင် တစ်ရာနှစ်ဆယ့်ငါးပေါင် ဖြစ်မည်။

"ရက်ရှည် အတ်ိုး ထည့်ပေါင်းတော့ အသား တစ်ရာ့ငါးဆယ်ကီလို ရှ်ိရမယ်"

ကုလျန်ရွှမ် - "...ဖြစ်နိုင်ပါတယ်၊အသားက လျှော့စျေးနဲ့ ရောင်းတဲ့ အချိန်ကျရင်ပေါ့"

အဖွဲ့အစည်းက အဖွဲ့သားများကို အသား ဒီလောက်အများကြီး ပေးဖို့က မဖြစ်နိုင်ပေ။

ကျန်းထျန် - "ဒီလိုလည်း ရပါတယ်"

သူတို့က ယုန်တွေ အများကြီး မိမည်ဟု မထင်ထားပေ။ခြင်းတောင်းက ယုန်များနှင့် ပြည့်သွားသည်။ ကုလျန်ရွှမ်နှင့် ကျန်းထျန်က တောင်အောက်ဆင်းရန် လုပ်လိုက်သည်။

ကုလျန်ရွှမ်က ပြောလိုက်သည်။ "ယုန်မွှေးက အကောင်းအတိုင်း ရှိသေးတယ် ကိုယ်တို့ ခွာပြီး အိမ်က လူတွေအတွက် ယုန်မွှေးလက်အိတ် လုပ်ပေးရမယ်"

"ကျွန်မ တာဝန် ထားလိုက်ပါ။ လက်အိတ်သာမက ယုန်မွှေးဖိနပ်နဲ့ ယုန်မွှေး အပေါ်ဝတ်ပါ လုပ်ပေးလို့ရတယ်"

သူတို့က အမြင့်နေရာ ရောက်သည်နှင့် ကျန်းထျန်က ကုလျန်ရွှမ်၏ အကူအညီနှင့် ခုန်ဆင်းလိုက်သည်။

ရှစ်နာရီမှာ တောင်ပေါ်တက်ပြီး ဆယ်နာရီမှာ အိမ်ပြန်ရောက်လာသည်။

အိမ်တံခါး ပွင့်သွားသည်နှင့် ကလေးများ အိမ်စာလုပ်နေသည်က်ို ကြည့်နေသော ရွှီကျင်းဖန်က အံ့အားသင့်စွာ မေးလိုက်သည်။

"ဘာလို့ စောစော ပြန်ရောက်လာတာလဲ?" လျန်ရွှမ်က တကယ်ကို တစ်ခုခုပဲ။ အခွင့်အရေးကို သေချာမယူဘဲ စောစောပြန်လာတယ်။

ကျန်းထျန်က ပြုံးပြီး ပြောလိုက်သည်။ "အမေ သမီးတို့ ယုန်အများကြီး ဖမ်းမိလာတယ်"

ကုလျန်ရွှမ်က ခြံတံခါးကို ပိတ်လိုက်ပြီး ခြင်းတောင်းက်ို အောက်ချလိုက်ပြီး အပေါ်မှ သစ်ရွက်များကို ဖယ်လိုက်သည်။

"တောင်ပေါ်မှာ ယုန်တွင်း တွေ့ခဲ့တာ"

"ဘာလို့ ဒီလောက်တောင် များရတာလဲ?"

ရွှီကျင်းဖန်က အပြောကောင်းသူ ဖြစ်သည်။ ယုန်တစ်ခြင်းက ကျန်းထျန် ထိုနေ့က ဖမ်းလာသော ငါးတစ်ခြင်းလောက် အံ့သြစရာ မကောင်းပေ။

ကျန်းထျန်က ရွှီကျင်းဖန်၏ လက်ကိုဖက်ပြီး ပြောလိုက်သည်။။"အမေ ဒီည ယုန်သားနှပ် စားကြမယ်!"

"ကောင်းပြီ၊ကောင်းပြီ!" ရွှီကျင်းဖန်က အလွန် စိတ်လှုပ်ရှားနေသည်။

"ထျန်ထျန် သမီး တောင်ပေါ်သွားတိုင်း ဘာလို့ ဒီလို ကောင်းတဲ့အရာတွေ အမြဲ ရလာတာလဲ?" တောကြက်ရော တောယုန်ရော ဖြစ်သည်။

"သမီးကို အပြင်တောင် မသွားခိုင်းရဲတော့ဘူး"

ကျန်းထျန်ကလည်း တကယ်တော့ အပြင် မထွက်ချင်ပေ။ သူမက အပြင်ထွက်လိုက်သည်နှင့် လူကုန်ကူးသူများ ဝန်းရံခံရမည်။ ဒီလောက က တကယ်ကို အန္တရာယ် များသည်။

"ဘာလို့လဲ အမေ?" ဒါပေမယ့် ကျန်းထျန်က ရွှီကျင်းဖန်၏ အတွေးကို နားမလည်ပေ။

ရွှီကျင်းဖန်က နှုတ်ခမ်းကို စေ့ထားပြီး တိတ်တဆိတ် ပြုံးလိုက်သည်။ "ဘာဖြစ်ရမှာလဲ?"

သူမက မျက်မှောင်ကြုတ်ထားပေမယ့် မျက်လုံးကဂုဏ်ယူမှုကြောင့် တောက်ပနေသည်။ "သမီးက အနောက်က တောင်ပေါ်က ကောင်းတဲ့အရာအားလုံး အိမ်ယူလာမှာ စိုးရိမ်လို့ပါ"

"ဒါက ကျန်တဲ့ အဖွဲ့သားတွေ ကောင်းဖို့ အတွက်ပါ။ လက်ထဲမှာ ကောင်းတဲ့အရာတွေ မရှိဘူးလေ။"

ကုလျန်ရွှမ် - စကားပြောချိန် နှုတ်ခမ်းကို စေ့ထားလျှင် ပိုကောင်းမည်။

ကျန်းထျန် - "..." သူမတွင် မရှိ၍ မဟုတ်ပေ။

"ဒါက တိုက်ဆိုင်တာပါ" သူမက သူမကိုယ်သူမ ကာပြောလိုက်သည်။

"အခြားသူတွေက သမီးလို မလုပ်နိုင်လို့ပါ။ အခြားသူတွေက တောကြက် ခုန်သွားတာ ကြည့်ပြီး ဘာမှ မလုပ်နိုင်တာ ဖြစ်မယ်"

"သမီးကတော့ မတူဘူး။ လက်ထဲက ကျောက်ခဲက တောကြက်ထက် မြန်တယ်"

ဒါပေမယ့် ရိုးသားစွာ ပြောရလျှင် ဒီလို စွမ်းအားများ ရှိနေခြင်းက သေချာမလေ့ကျင့်ထားသော ကျန်းထျန်၏ ခန္ဓာကိုယ်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေသည်။

ခန္ဓာကိုယ် အားပြင်းမှုကို မပြောနှင့် ခံန်ိုင်ရည်ကလည်း မကောင်းသေးပေ။

နေ့လည်ခင်း ဝက်သားနှပ်စားပြီး အနားယူကာ ကုလျန်ရွှမ်နှင့် ကျန်းထျန်က ခြင်းတောင်းလွယ်ကာ တောင်ပေါ် တက်သွားပြန်သည်။

ဒီတစ်ကြိမ်တော့ မှိုခူးရန် ဖြစ်သည်။

ဒါက အနည်းဆုံးတော့ ကျန်းထျန်၏ အတွေးသာ ဖြစ်သည်။

ကျန်းထျန်၏ လက်က ယားယံလာပြီး လမ်းထက်ဝက်တွင် တောကြက်မိခဲ့သည်မှလွဲ၍ ခရီးလမ်း ချောမွေ့စွာ ဝါးရုံတောသို့ ရောက်ခဲ့သည်။

ကုလျန်ရွှမ်က ထိုင်လိုက်ပြီး မှိုခူးပြီး မျှစ်များလည်း ယူလိုက်သည်။ ထိုအချိန်တွင် ကျန်းထျန်က ဘေးတွင်ထိုင်ကာ ဖရဲစေ့နှင့် ချိုချဉ်များ စားနေသည်။

"ကုလျန်ရွှမ် မနက်ဖြန်က ဆောင်းဦးလယ်ပွဲတော်ပဲ။မြို့ကို သွားပြီး လမုန့်သွားဝယ်ကြမယ်"

လက်ထဲမှ ဖရဲစေ့များ စားပြီးနောက် ကျန်းထျန်က မေးကို လက်ထောက်ပြီး ကုလျန်ရွှမ်၏ အလုပ်ရှုပ်နေသော ကျောပြင်ကို ကြည့်ပြီး ပြောလိုက်သည်။

"ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေး သမဝါယမက လမုန့်က အရသာမရှိဘူး။ အရမ်းချိုတယ်။ ရေနွေးထဲထည့်ပြီး ကလေးတွေကို တစ်ခါထဲ ကျွေးလို့ရတယ်"

လမုန့်ရဲ့ ပုံစံက ပျော့တွဲတွဲဖြစ်နေပြီး ပါးစပ်ထဲ ဝါးစားလိုက်လျှင် ပဲပ်ိစပ် အရသာနှင့် တူနေသည်။

အမွှာ အငယ်နှစ်ယောက်က ယခု ဖြည့်စွက်စာ စားနိုင်ပြီ ဖြစ်သည်။ ရွှီကျင်းဖန်က မကြာခဏ ဖက်ထုပ်စွပ်ပြုတ်လုပ်ကာ နှမ်းဆီအနည်းငယ် ထည့်ပြီး ကျွေးလေ့ရှိသည်။ ကလေးနှစ်ယောက်က အစားအသောက်ကို အလွန်သဘောကျသည်။

"မနက်လား နေ့လည်လား?"

ကုလျန်ရွှမ်က ခြင်းတောင်းကို ဘေးချလိုက်ပြီး လက်ဆေးလိုက်သည်။ "မနက်ဖြန် နေ့လည်စာက နေ့လည် ဖြစ်လောက်တယ်"

မှ်ိုအပြည့်နှင့် ခြင်းတောင်းကို ကြည့်ပြီးကျန်းထျန်က ဘောင်းဘီကို ခါကာ ထလိုက်သည်။ "ဒါဆို နေ့ခင်း သွားကြတာပေါ့။ အိမ်ပြန်တော့မလား?"

ကုလျန်ရွှမ်က ကောင်းကင်ကို မော့ကြည့်ပြီး ပြောလိုက်သည်။ "အခု ပြန်မှာလား?"

ကျန်းထျန် - "အင်း၊ဘာကျန်သေးလို့လဲ?"

"ထျန်ထျန် မင်းဒီနေ့ တစ်ခုခုကို မေ့နေပုံရတယ်" ကုလျန်ရွှမ်က မျက်နှာတည်တည်နှင့် ပြောလိုက်သည်။

ကျန်းထျန်က အိတ်ထဲမှ ချိုချဉ်ကို ထိလိုက်ပြီး ထုတ်လိုက်တာ ကုလျန်ရွှမ်ကို တစ်ခုပေးလိုက်သည်။ "တကယ်လား?ကျွန်မ ချိုချဉ်စားဖို့ မေ့နေတယ်"

ကုလျန်ရွှမ် - "...အဲ့ဒါအပြင်ရော?"

ကျန်းထျန်က ခေါင်းခါလိုက်သည်။ "မရှိတော့ဘူး"

သူမက တောင်ပေါ်မှာ ဘာဖြစ်နိုင်မှာလဲ?သူမက ပြောရမည် ဆိုလျှင် ညစာ မစားရသေးတာပဲ ရှိသည်။

ကုလျန်ရွှမ်က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ "ထျန်ထျန် မင်းဒီနေ့ ခံစားချက် ထုတ်မပြောရသေးဘူး"

ကျန်းထျန်က ချိုချဉ်ဝါးနေသည်ကို ရပ်လိုက်ကာ ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။ "ဒါဆို အမြန်ပြော။ ကျွန်မ နားထောင်နေတယ်။"

သူမအသံက အလျင်စလို ဖြစ်နေပြီး 'မြန်မြန်ပြောမှ အိမ်ပြန်ပြီး စားနိုင်မယ်'ဆိုသောအသံ ဖြစ်နေသည်။

ချ်ိုချဉ် တစ်ခု စားပြီး ကျန်းထျန်က နောက်တစ်ခု ခွာလိုက်သည်။ သူမက ကုလျန်ရွှမ် ပြောလိုက်သည်ကို မကြားပေ။ သူမက စိတ်ရှုပ်စွာ ကြည့်လိုက်သည်။

"ရှင် ဘာပြောလိုက်တာလဲ?" သူမ၏ နားက ပြသနာမရှိပေ။တောင်ပေါ်က လေပြင်း၍ များလား?

"ထျန်ထျန်" ကုလျန်ရွှမ်က ရုတ်တရက် စကားပြောပြီး ကျန်းထျန်အနီး ကပ်လာသည်။

ကျန်းထျန်က နောက်ဆုတ်လိုက်ရာ သူ့ကျောက ဝါးပင်နှင့် ကပ်သွားသည်။

သူမပါးစပ်ထဲရှိ ချိုချဉ်က သူမပါး တစ်ဖက်ကို အတွန်းခံလိုက်ရသည်။ ကျန်းထျန်က ဘာလုပ်ရမည် မသိတော့ဘဲ ကုလျန်ရွှမ်ကို မျက်လုံးကျယ်များနှင့် စိုက်ကြည့်လိုက်သည်။

သူမက သူ ဒီလိုရဲတင်းမည်ဟု မထင်ထားပေ။

"စကား ကောင်းကောင်းပြော!" ကျန်းထျန်က တစ်ခုခု မှားနေသလို ခံစားရသည်။ "ကျွန်မ နားတွေ ကောင်းသေးတယ်။ ရှင် အဝေးကပြောလည်း ကြားရတယ်"

"တကယ် ကြားတယ်!"

ကျန်းထျန်းက တစ်ဖက်လှည့်ကာ ပြေးရန် လုပ်လိုက်ပေမယ့် ကုလျန်ရွှမ်က တားလိုက်သည်။ "ထျန်ထျန် လမ်းလျှောက်ရင် အောက်ကို သေချာကြည့် မင်းအနောက်မှာ ကျောက်တုံးရှိတယ်"

ကျန်းထျန်က ခေါင်းလှည့်ကြည့်လိုက်သည်။ တကယ်ပဲ ရေညှိဖုံးနေသော ကျောက်တုံး ရှိသည်။ "ကျွန်မ မမြင်မိဘူး"

ပြန်လှည့်လိုက်တော့ ကုလျန်ရွှမ်၏ ချောမောသော မျက်နှာက ချဉ်းကပ်လာသည်။ "ထျန်ထျန် ကိုယ် မင်းကို နမ်းလို့ ရမလား?"

ကျန်းထျန် - "..." ဘာလို့ ဒီကိစ္စကို ဒီလို မေးနေတာလဲ?

ကျန်းထျန်၏ ခြေထောက်များက ရှက်ရွံ့မှုကြောင့် ထုံသွားသည်။

"ရှင် ရှင်...." ကျန်းထျန်က သူမမျက်နှာကို အုပ်လိုက်သည်။ အဓိက အချက်က သူမပြောချင်သလို မသင့်တော်ခြင်း ဖြစ်သည်။

"ရတယ်လေ"ဟု ပြောလိုက်လျှင် ထိုလူက အမြဲတမ်း တောင်းဆိုနေမှာလား?

"မရဘူး"ဟု ပြောလျှင်လည်း နဖူးကို နမ်းသည့် အနမ်းတစ်ခု ဖြစ်သည့်အတွက် ကိစ္စကြီး မဟုတ်ပေ။

ကျန်းထျန်က နှုတ်ခမ်းကို ကိုက်ကာ လက်ဖယ်လိုက်ပြီး နဖူးကို ဖော်ပြလိုက်ကာ လက်ချောင်းများ ကြားမှ ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။ "ရှင် နမ်းလို့ရတယ် ဒါပေမယ့် တစ်ခါပဲ"

ကုလျန်ရွှမ်က ခေါင်းငုံ့ကာ ကျန်းထျန်၏ နဖူးကို နမ်းလိုက်သည်။

ကျန်းထျန်က အတော်ကြာစောင့်ပေမယ့် သူက မဖယ်သေးပေ။

"ရှင်..." ကျန်းထျန်၏ အသံက ရပ်သွားသည်။သူမလက်က ဖယ်ရှားခံလိုက်ရပြီး သူမမျက်လုံးကျယ်များက ကုလျန်ရွှမ်၏ မေးစေ့က သူမနှာခေါင်းကို ပွတ်မိသည်ကို မြင်လိုက်ရကာ....

သူမနောက်ဆုံး မြင်လိုက်ရသည်က မျက်ဝန်းနက် တစ်စုံ ဖြစ်သည်။

ကျန်းထျန်၏ စိတ်ထဲ ဗလာကျင်းသွားသည်။

ယုန်သားနှပ်နှင့် ယုန်အစပ်ချက် များက မရှိတော့ပေ။

"ထျန်ထျန် နဖူးပြီးတော့ ဒီနေရာ ရောပဲ"အက်ရှရှအသံကို သူမက ကြားလိုက်ရသည်။

ကျန်းထျန်က သူမ၏ သွားများ တွန်းဖွင့်ခံရသို ခံစားရကာ သူမပါးစပ်ထဲမှ ချိုချဉ်က အခြားနွေးထွေးသည့် အရာတစ်ခု၏ ဆွဲယူမှုကို ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမက ပြန်ယူရန် ကြိုးစားလိုက်ပေမယ့် သူမ၏ လျှာက အကိုက်ခံလိုက်ရသည်။

ကျန်းထျန်က နာကျင်မှုကြောင့် မျက်ရည်ကျတော့မလို ဖြစ်သွားသည်။ သူမက ညနေခင်းတွင် ဝက်သားနှပ် စားချင်ပေမယ့် ဒဏ်ရာရနေသော လျှာဖြင့် မစားနိုင်ပေ!

All Chapters