အခန်း(၁၀၀)
Vol. 8 Ch. 100
အသက်ရှူ ရပ်သွားသည်နှင့် ကျန်းထျန်၏ အရှေ့မှ မြင်ကွင်းများက ဝိုးတဝါး ဖြစ်လာခဲ့သည်။
သူ့ပါးစပ်အတွင်းမှ ချိုချဉ်က အပူချိန်ကြောင့် အရည်ပျော်ကာ လည်မြိုထဲ ဝင်သွားပုံပေါ်သည်။
ကျန်းထျန်၏ ခြေထောက်များက အားပျော့လာကာ ဝါးတောထဲ လျှောကျသွားသည်။ကျန်းထျန်က သူမကိုယ်က မတင်ခံလိုက်ရကာ သူ့ပေါင်ပေါ် ထိုနေသလို ခံစားရသည်။ သူမက သူမရှေ့မှလူနှင့် တစ်တန်းထဲ ဖြစ်သွားသည်။
"ထျန်ထျန် အသက်ရှူ"
သူ့မျက်ခုံးများက ကျန်းထျန်၏ နဖူးတွင် ကပ်နေကာ ကုလျန်ရွှမ်က အသက် ပြင်းပြင်း ရှူလိုက်သည်။ သူက သူကိုက်သည်ကို ခံလိုက်ရသော သနားစရာ အနီရောင် နှုတ်ခမ်းတစ်စုံကို သူ့လက်မနှင့် ကိုင်ကာ ဖိလိုက်သည်။
ကျန်းထျန်က အသိစိတ် လွတ်နေပုံရကာ သူမ၏ လှပသော မျက်ဝန်းများက နီရဲနေပြီး ပါးစပ်ဟကာ ဒေါသတကြီးနှင့် ထိုပြဿနာ ရှာနေသော လက်ကို ကိုက်လိုက်သည်။
"ကုလျန်ရွှမ် ရှင် ကျွန်မ လျှာကို ကိုက်တယ်"
လက်ချောင်းထိပ်မှ နာကျင်မှုက ပေါ်လာသောအခါ ကုလျန်ရွှမ်၏ မျက်ဝန်းနက်များက မှောင်မိုက်သွားသည်။
"ပထမဆုံး အကြိမ်မလို့ပါ ထျန်ထျန်"
သူမ၏ ခေါင်းက ကုလျန်ရွှမ်၏ လည်ပင်းကို မှီထားသည်။ ယခု ဖြစ်သွားသည်က စိတ်လှုပ်ရှားစရာ ကောင်းသည့်အတွက် ကျန်းထျန်၏ အတွေးများက တုန့်ပြန်ရန် နှေးကွေးနေသည်။
"ထျန်ထျန် ကျောင်းတက်တုန်းက ဆရာမ သင်ပေးတဲ့ ကဗျာကို မှတ်မိသေးလား?"
ကုလျန်ရွှမ်က ခေါင်းငုံ့ကာ ကျန်းထျန်၏ နားရွက်နားမှ ဆံပင်များကို သူ့လက်နှင့်ဖယ်ကာ သူမနားထဲ ကပ်၍ ပြောလိုက်သည်။ "လမ်းက ရှည်ပြီး ခက်ခဲကြမ်းတမ်းတယ်-"
ကျန်းထျန်က နားမလည်ပေမယ့် သူက သူမတွေးနိုင်သည်ထိ ပို၍ မြန်မြန် စကားပြောနေသည်။ "ကျွန်မ မှတ်မိမှာပါ....."
လက်ချောင်း ဆယ်ချောင်းက ရုတ်တရက် တင်းကြပ်သွားကာ ကျန်းထျန်က နစ်မျောသွားပြန်သည်။
ကုလျန်ရွှမ်က လက်တစ်ဖက်နှင့် ကျန်းထျန်၏ ဆံပင်များကို ကိုင်ကာ နောက်တစ်ဖက်နှင့် သူမ၏ ခါးကို ကိုင်လိုက်ပြီး ချိုချဉ် အခွံကို ကြမ်းတမ်းစွာ ခွာလိုက်သည်။
ကျန်းထျန်က တစ်ကိုယ်လုံး ထုံနေသလို ခံစားရပြီး သူမရှေ့မှလူ၏ အင်္ကျီကော်လံကို တင်းတင်းဆုပ်ကိုင်ထားရာ သူမလက်ထိပ်များက ထိုအားကြောင့် ဖြူဖျော့လာသည်။
သူမက ခြေထောက်ကို အားကုန်ဆန့်လျှင်တောင် မြေကြီးနှင့် မထိသည့်အတွက် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ကုလျန်ရွှမ်အပေါ် မှီလိုက်သည်။
သူမ၏ ဆံပင်ကို စည်းထားသော ခေါင်းစည်းကြိုးက မြက်ခင်းပြင်ပေါ်သို့ တိတ်တဆိတ် ကျသွားသည်။
ဆောင်းဦးအစောပိုင်း၏ နေ့လည်ခင်းတွင် သစ်ပင်အရိပ်များက လှုပ်ခတ်နေကာ လေညှင်းများ တိုက်နေပြီး ဝါးရွက်များ ပွတ်တိုက်သံ ထွက်ပေါ်နေသည်။
နေမြင့်လာသည့်အတွက် ရွှေရောင်သမ်းနေသော နေရောင် ထွက်ပေါ်လာကာ အပူဓာတ်များ ဖြန့်ကျက်နေသည်။
ကုလျန်ရွှမ်က ကျန်းထျန်ကို ကုန်းပိုး၍ အိမ်ပြန်သယ်လာခဲ့ပြီး ဘုရားပွဲကို နှစ်ရက်သွားလည်ခဲ့သော ကုလျန်ရုန်နှင့် ကုလျန်မင်တို့က အိမ်ပြန်ရောက်လာပြီ ဖြစ်သည်။
သူတို့ နှစ်ယောက်က ပစ္စည်းအများကြီး ဝယ်လာပြီး ပင်မအခန်းတွင် စကားပြောကာ ရယ်မောလာကြသည်။
သူတို့နှစ်ယောက် ပြန်လာသည်ကို ရွှီကျင်းဖန်က မြင်တော့ အမြန်ထပြီး ကြိုဆိုလိုက်သည်။"ထျန်ထျန် ဘာဖြစ်လို့လဲ?"
ကျန်းထျန်က ကုလျန်ရွှမ် နောက်တွင် ပုန်းနေပြီး ကုလျန်ရွှမ်ကို ပြင်းထန်စွာ ကိုက်ထားသည်။
ကုလျန်ရွှမ်က ပြုံးပြီး ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ တောင်ပေါ်မှာ နေ့ခင်းတစ်ခင်းလုံး လမ်းလျှောက်လိုက်တော့ ပင်ပန်းနေတာပါ"
"ဒါဆို ထျန်ထျန်ကို အခန်းထဲ ပြန်ခေါ်သွားလိုက် ပြီးတော့ အစားအသောက်အတွက် မပူနဲ့။ အမေ ပြင်ဆင်ပြီးတော့ မင်းတို့ ပြန်လာမှာကို စောင့်နေတာ။ ခဏနေ ယူလာခဲ့မယ်"
ရွှီကျင်းဖန်က ကုလျန်ရွှမ်၏ လက်ထဲမှ ခြင်းတောင်းကို ယူလိုက်သည်။။"အရမ်း လေးတာပဲ"
ကုလျန်ရွှမ်-"အောက်မှာ ထျန်ထျန် ဖမ်းလာတဲ့ တောကြက်တစ်ကောင် ပါတယ်"
ရွှီကျင်းဖန်က မအံ့သြတော့ပေ။ "ဟုတ်ပြီလေ။ မနက်ဖြန် သူဖုန်းစားကြက်သားဟင်း ချက်စားကြတာပေါ့"
အခန်းပြန်ရောက်တော့ ကုလျန်ရွှမ်က တံခါးကို သော့ပိတ်လိုက်သည်။
ထိုအသံက ကျန်းထျန်၏ ရင်ကို တုန်လှူပ်စေသည်။
သူမက ခုန်ဆင်းကာ ကုလျန်ရွှမ်ကို တွန်းလိုက်ပြီး ခုတင်သို့ ပြေးကာ ခေါင်းအုံးကို ကောက်ယူလိုက်ပြီး သူ့ထံ ပစ်လိုက်သည်။
"ကုလျန်ရွှမ်!"
ဒီလူက တကယ်ကို...တကယ်ကို...
ကုလျန်ရွှမ်က တစ်ဖက်လှည့်လိုက်သည်နှင့် သူ့ထံ ပစ်လိုက်သော ခေါင်းအုံးကို မြင်လိုက်ရသည်။သူက အလျင်အမြန် ဖမ်းလိုက်ပြီး ပြုံးလိုက်သည်။
"ထျန်ထျန် မင်းအိပ်ပျော်နေတယ်လို့ ကို အခုပဲ အမေ့ကို ပြောခဲ့တာ"
ကျန်းထျန် - "..." သူမ ယခု အော်လိုက်သော အသံက မကြားနိုင်ဘူး မလား?
ကျန်းထျန်က အပြင်ဘက်မှ အသံကို အာရုံစိုက် နားထောင်ကာ ဘာတုန့်ပြန်သံမှ မကြားရတော့ စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်သည်။
ကုလျန်ရွှမ် အနားကပ်လာသည်ကို မြင်သောအခါ ကျန်းထျန်က သူမရှေ့မှ စောင်ကို ယူပြီး ကာလိုက်ကာ စိတ်ပူသည့်အကြည့်နှင့် ပြောလိုက်သည်။ "ရှင် ဘာလုပ်ချင်နေတာလဲ?"
ကုလျန်ရွှမ်က ခေါင်းအုံးကို ကျန်းထျန်၏ အဝေးကိုချပြီး ပြောလိုက်သည်။ "ထျန်ထျန် မင်းက ကိုယ့်ကို သင်ယူနေတဲ့ အခြေအနေမှာ သတိရှိဖို့လိုတယ်လို့ ပြောခဲ့တာလေ"
ကျန်းထျန် - "..."
သူမက အရမ်းစိတ်ဆိုးနေပြီး တစ်ဖက်မှ ခေါင်းအုံးကို ယူပြီး အရှက်မရှိသော သူထံ ပစ်လိုက်သည်။ "ရှင် အရှက်မရှိဘူးလား?"
ဒါက သူမပြောသည်လား?
"ဒါက ရွှီယွမ် ပြောခဲ့တာပဲ!"
ပြီးတော့ ဒီအခြေအနေတွင် သူမက သူမကျောင်းတုန်းက သင်ခဲ့သည်များကို အခြေအနေအရ မှတ်မိလာသည်။
သူမက ဘယ်လိုများ ဒီလူကို သင်ယူဖို့ သတ္တိရှိရမယ်လို့ သင်ပေးနိုင်တာလဲ?
ကုလျန်ရွှမ်က မျက်နှာကို ကွယ်လိုက်ကာ ခေါင်းအုံးကို သူ့အနောက် ပို့လိုက်ပြီး နားမလည်နိုင်သည့်ပုံ ပေါ်နေသည်။ "ထျန်ထျန်က ဘာကို ဆိုလိုတာလဲ?"
ကျန်းထျန် - မကောင်းတဲ့ကောင်....
"ရှင်မေးလို့ ကျွန်မဖြေတာ မဟုတ်ဘူးလား?" ကျန်းထျန်က ဒါကို တွေးမိတော့ စိတ်ရှုပ်သွားသည်။သူမလို သတင်းအချက်အလက်များ ပေါက်ကွဲနေသော နေရာမှ လာသူက ကုလျန်ရွှမ်လို ပထမဆုံးအနမ်းမှာ လျှာကိုက်မိသူထံမှ လှည့်စားခံရသည်တဲ့လား?
ဒါက အဓိပ္ပါယ်မရှိတာပဲ!
ကုလျန်ရွှမ်က ခေါင်းငြိမ့်လိုက်သည်။"ဟုတ်ပါတယ်"
သူက စက္ကန့်အနည်းငယ် ရပ်နေပြီး ကျန်းထျန်ကို ကြည့်လိုက်သည်။"ဒါပေမယ့် ထျန်ထျန် မင်း အမူအရာတွေက အဲ့အချိန်က အရမ်း ထူးခြားနေတာ။ ကိုယ်က ဘယ်လိုလုပ်ရမယ်ဆိုတာ မင်းသင်ပေးနေသလိုပဲလို့ ခံစားမိသေးတယ်"
"ဆရာမ ထျန်ထျန်?"
ကျန်းထျန်၏ နားအနီး ကျနေသော ဆံပင်များက တုန်လှုပ်သွားကာ မျက်လုံးများ ကျယ်သွားသည်။
ကုလျန်ရွှမ်က တကယ်ကို ကစားချင်နေတာပဲ!
ဒါက သူမ အင်တာနက်ပေါ်က ဝဘ်ဆိုက်များတွင် မြင်ဖူးသော အရာဖြစ်ပြီး ကုလျန်ရွှမ်လို ဆယ်စုနှစ် အရင်မှာ နေနေသူက ဒါကို ဘယ်လို တတ်လာတာလဲ?
"ကျွန်မကို ဆရာမလို့ မခေါ်နဲ့!" ကျန်းထျန်က ငြင်းဆန်လိုက်သည်။ သူမတို့ ဆက်ဆံရေးက ဒီလောက် မကောင်းသေးဘူးဟု ထင်မိသည်။
ကျန်းထျန်က သူမခန္ဓာကိုယ်ကို ဆန့်ကာ နောက်ကို မှီလိုက်သည်။ "ရဲဘော် ကုလျန်ရွှမ်"
သူမ စကားမဆုံးခင် ထိုသူက သူမဘေး ရုတ်တရက် လှဲအိပ်လိုက်သည်။
ကျန်းထျန်က နေရာရွှေ့လိုက်သည်။ သူမက ကုလျန်ရွှမ်နှင့် နီးကပ်နေလျှင် အနေရခက်သည်။
ဒါပေမယ့် အသုံးမဝင်ပေ။ သူမရွှေ့လျှင် သူက လိုက်ရွှေ့သည်။
ကျန်းထျန်က သည်းမခံနိုင်တော့ပေ။ "မရွှေ့နဲ့တော့! ကျွန်မ ဖျာပေါ် ပြုတ်ကျတော့မယ်"
မြေသားနှင့် လုပ်ထားသော ကုတင်က အခန်းတစ်ဖက်တွင် ဖြစ်ပြီး ထိုနေရာအရှည်ကြီးက အိပ်ရာခင်းသော အပြည့် မဟုတ်ပေ။ ဘယ်ဘက်တွင် လူနှစ်ယောက် အိပ်ရန် နေရာ ရှိပြီး ကျန်သည်က ဖျာခင်းထားသည်။
ကုလျန်ရွှမ်က မရွှေ့တော့ပေ။
ကျန်းထျန်က အလွန်စိတ်ဆိုးမိသည်။
"ထျန်ထျန် ကိုယ် မှားသွားပါတယ်" ကုလျန်ရွှမ်က ရုတ်တရက် သူမနှင့် မျက်နှာချင်းဆိုင် လှည့်လိုက်သည်။
ကျန်းထျန်က တစ်ဖက်လှည့်ကာ အမှားဝန်ခံနေပြီး အမူအရာ မပြောင်းသူကို မယုံကြည်နိုင် ဖြစ်နေသည်။ "တကယ်လား?"
"အင်း" ကုလျန်ရွှမ်က ခေါင်းငြိမ့်လိုက်ပေမယ့် သူ့အကြည့်က အံ့သြမှုကြောင့် အနည်းငယ်ဟနေသည့် ကျန်းထျန်၏ အနီရောင် နှုတ်ခမ်းများကို ကြည့်နေပြီး သူက နေ့လည်က ဝါးရုံတောမှ ကိစ္စကို မမေ့နိုင်ပေ။
"တကယ်ပါ"
ကုလျန်ရွှမ်က အမှား ဝန်ခံနေစဉ် သူမ၏ ခါးကိုကိုင်ကာ သူ့ရင်ခွင်ထဲထည့်လိုက်သည်။တစ်ချိန်ထဲမှာပဲ ကျန်းထျန်က အံ့သြနေစဉ် သူက သူမနားအနီး ကပ်၍ ပြောလိုက်သည်။ "ကိုယ် လောဘကြီးပြီး ချိုချဉ်တွေအားလုံး မစားလိုက်သင့်ဘူး"
ကျန်းထျန် - ရှင့်အမေ မဟုတ်ဘူး ရှင့်အဖေ!
သူမနားတွေက သူရှူထုတ်လိုက်သော လေပူကြောင့် ပူလောင်နေကာ ယားယံသော ခံစားမှူက ရုတ်တရက် ကျောဘက်မှ ခံစားလာရသည်။ ကျန်းထျန်က အသက်ပြင်းပြင်းရှူကာ ဘာမှန်းမသိသည့် ခံစားချက် ပျောက်စေရန် အားထုတ်ကာ ကုလျန်ရွှမ်နှင့် ခွာလိုက်သည်။
သူမက သူမခါးမှ သံမဏိလက်ကို မခွာနိုင်ပေမယ့် သူမမျက်နှာက ၂၀စင်တီမီတာလောက် ကွာသွားသည်။
"ကုလျန်ရွှမ် ရှင် ဒီလိုလုပ်လို့ မရဘူး! ကျွန်မပြောတာ ကြားလား?" ကျန်းထျန်က မျက်မှောင်ကြုတ်လိုက်သည်။ "ရှင် ဒီလိုလုပ်ရင် ကျွန်မ ကျွန်မ...."
သေချာပေါက် အခုက ကုလျန်ရွှမ်က သူမကို အလိုလိုက်ရမည့် အချိန် ဖြစ်သည့်အတွက် သူက သူမတောင်းဆိုချက်များကို ဖြည့်ဆည်းပေးသင့်သည်။
ယခု လက်ရှိအခြေအနေက မမှန်သလို ကျန်းထျန်က ခံစားရသည်။
ကုလျန်ရွှမ်က အတင့်ရဲလွန်းသည်။
"ဟုတ်ပြီလေ" ကုလျန်ရွှမ်က ပြုံးကာ လက်လွှတ်လိုက်သည်။
ကျန်းထျန်က ခံစားချက် ဖော်ပြရာတွင် နှေးကွေးသည့်အတွက် နောက်ဆုံး အတွေ့အကြုံအရ ကုလျန်ရွှမ်က ပို၍ တည့်တိုးဆန်ရန် လိုအပ်သည်။
ပြီးတော့ သူက သူမကို မပြောလျှင်တောင် သူမက တွေးရင်းနှင့် ခေါင်းကိုက်လိမ့်မည်။
ဒီတစ်ချိန်တွင် သူက အတည်ပေါက် ပုံစံ ဖြစ်သည့်အတွက် ကျန်းထျန်က စိတ်သက်သာရာ ရသွားသည်။
အခန်းထဲ ညစာစားပြီးနောက် ညနေခင်း ရေချိုးရန် ရေနွေးတည်လိုက်သည်။
ရေမချိုးခင် ကျန်းထျန်က ညအိပ်ဝတ်စုံ ရှာလိုက်သည်။
ညအိပ်ဝတ်စုံကဲ့သို့ အရာမျိုးက ဒီခေတ် နယ်ဘက်တွင် မရှိသည့်အတွက် မူလခန္ဓာကိုယ်ပိုင်ရှင်မှာလည်း မရှိပေ။
ကျန်းထျန်က သူမကိုယ်တိုင် ညအိပ်ဝတ်စုံ ချုပ်ထားသည်။
ထိုအချိန်က နွေရာသီ ဖြစ်ပြီး အပူချိန်က ပြင်းထန်နေသည်။ ရွှီကျင်းဖန်က မြို့ပေါ်သို့သွားကာ အစိမ်းရောင် အဝတ်စ ဝယ်လာသည်။
ပိတ်စသားကောင်းသော မြစိမ်းရောင် ဖြစ်သည်။
အများစုက ဒီလိုအရောင် ဝယ်ချင်ပေမယ့် ဒါက တကယ်ကို သာမန်လူများ အဝတ်ချုပ်ရန် မကိုင်တွယ်နိုင်သော အရာဖြစ်သည်။
ဒါပေမယ့် ရွှီကျင်းဖန်က အိမ်တွင် တစ်ခု ရှိသည့်အတွက် သူမလို အသားဖြူသည့်သူက ဝတ်လိုက်လျှင် နေရောင်အောက် ရပ်လိုက်လျှင် အရောင် တောက်နေသည်။
အစိမ်းရောင် တောက်တောက်က အခြားသူများကို မှောင်သွားစေပေမယ့် သူမကိုတော့ ပို၍ အသားဖြူစေသည်။
ဒါကြောင့် သူမက စြေးခြျိူခြျိုနှငျ့ ဝယ်ပြီး ကျန်းထျန်ကို ပေးလိုက်ခြင်း ဖြစ်သည်။
ကျန်းထျန်က ညအိပ်ဝတ်စုံ ချုပ်လိုက်ပြီး မြစိမ်းရောင် ဖြစ်သည့်အတွက် ကြည့်ရဆန်းသည်။
သေချာပေါက် နောက်ဆုံးရလဒ်ကလည်း ဆန်းသည်။
လက်ပြတ် အင်္ကျီနှင့် ဘောင်းဘီတို ပွပွ ဖြစ်သည်။
ထိုဝတ်စုံက အစအနည်းငယ်သာ လိုအပ်သည်။ ကျန်းထျန်က အတွေးပေါက်သည်နှင့် ကတ်ကြေးနှင့် ပုံဖော်ကာ ညှပ်ပြီး ချုပ်လိုက်သည်။
လုပ်ငန်းစဉ် တစ်ခုလုံးက တစ်နာရီ မကြာပေ။
ကျန်းထျန်က ချုပ်ပြီးသည်နှင့် ဝတ်ရန် မဖြစ်နိုင်ကြောင်း နားလည်သွားသည်။
သူမက အခန်းထဲတွင် တစ်ယောက်ထဲ မဟုတ်ဘဲ ကုလျန်ရွှမ်လည်း ရှိသည်။
သူ သံသယ မဝင်စေရန် ကျန်းထျန်က ထိုဝတ်စုံကို ဗီရိုအောက်တွင် ဝှက်ထားပြီး သူမက တစ်သက်လုံး မဝတ်တော့ဘူးဟု ဆုံးဖြတ်ထားသည်။
ပြီးနောက် ကျန်းထျန်က သူမကိုယ်တိုင် ပခုံးထိ ဖုံးသော လက်ပြတ်နှင့် ဒူးထိရှည်သော ဘောင်းဘီရှိသော ညအိပ်ဝတ်စုံ နှစ်ထည် ချုပ်လိုက်သည်။
တစ်ထည်က နက်ပြာရောင် ဖြစ်ပြီး နောက်တစ်ထည်က ကာကိီရောင် ဖြစ်သည်။
အရိုးသားဆုံး ပြောရလျှင် ကျန်းထျန်က ကာကီရောင်ကို မကြိုက်သလို သူမလို လှပသူကလည်း ကာကီရောင်နှင့်ဆိုလျှင် အရောင်မှိန်သည်။
ကျန်းထျန်က ကာကီရောင်ကို တကယ် သဘောမကျပေ။
သူမက နက်ပြာရောင်ကို ဝတ်ပြီး မလျှော်ဘဲ တစ်ရက်နေနိုင်ပေမယ့် ကာကီရောင်ကိုတော့ မဟုတ်ပေ။ ရလဒ်အနေနှင့် သူမ မကြာခဏ ဝတ်သောကြောင့် နက်ပြာရောင်က အရောင်ကျလာပြီ ဖြစ်သည်။
ကံကောင်းစွာနှင့် သူမ ဒီနေ့ ဝတ်မည်က နက်ပြာရောင် ဖြစ်သည်။
ကျန်းထျန်က ပျော်ရွှင်စွာ သူ့အင်္ကျီကို ကိုင်ကာ ရေချိုးရန် သွားလိုက်သည်။
သူမ အကြိုက်ဆုံး အဝတ်ကို လဲပြီးနောက် ကျန်းထျန်က လေညှင်းခံကာ အိမ်ထဲ ပြန်ဝင်ပြီး အိပ်ယာပေါ် တက်လိုက်သည်။ သူမက ကူလျန်ရွှမ်၏ သရဲပုံပြင်ကို နားထောင်ရန် အစီအစဉ် မရှိပေ။
အသစ်အဆန်း မရှိဘူး။
ကျန်းထျန်က မျက်လုံးပိတ်ကာ ကုလျန်ရွှမ် ဝင်လာသည်အထိ အတော်ကြာ စောင့်လိုက်သည်။
သူမက စိတ်ဝင်စားစွာ တံခါးကို ကြည့်နေပြီး စားပွဲပေါ်မှ နာရီကို ကြည့်လိုက်သည်။
အနည်းဆုံး မိနစ်နှစ်ဆယ်လောက် ကုန်သွားသည်။
အခုအချိန် မြစ်နားမှာ ယုန်သွားဖမ်းဖို့က မဖြစ်နိုင်ဘူး။ညဘက် သွားမယ်လို့လည်း မပြောထားဘူးမလား?
ကျန်းထျန်က အိပ်မပျော်နိုင်ဘဲ တစ်ဖက်လှည့်လိုက်ပြီး စိတ်ရှုပ်နေသည်။ ကုလျန်ရွှမ်သာ ပြန်မလာသေးလျှင် သူမ၏ လှပသော အိပ်ချိန်က နှောင့်နှေးသွားလိမ့်မည်။
ကံကောင်းစွာပဲ မိနစ် အနည်းငယ်ကြာတော့ တံခါးပွင့်လာသည်။
ကုလျန်ရွှမ် မမြင်သေးခင် ကျန်းထျန်က မျက်လုံးမှိတ်ကာ အိပ်ချင်ယောင် ဆောင်လိုက်သည်။
ကုလျန်ရွှမ်က တံခါးပိတ် ဖိနပ်ချွတ်ကာ စောင်ကိုမပြီး အိပ်ရာပေါ် လှဲအိပ်လိုက်သည်။
"ထျန်ထျန် နောက်ထပ် ပုံပြင် နားထောင်ချင်လား?"
ကျန်းထျန်က မျက်လုံးဖွင့်ပြီး ပြောလိုက်သည်။ "ကျွန်မ ခန့်မှန်းလို့ရတယ်"
ဇာတ်လမ်း မကောင်းလျှင် ပြောသူ၏ အသံ ဘယ်လောက်ကောင်းကောင်း ကျန်းထျန်က ငြင်းမည်။
သူမက ဇာတ်အိမ်နှင့် အကြောင်းအရာများကို နားထောင်သူ ဖြစ်သည်။
ကုလျန်ရွှမ် - "မဟုတ်ဘူး။ ကိုယ် ပုံပြင် အသစ် သိထားတယ်"
ကျန်းထျန်က ဂရုမစိုက်ပေ။ "ကျွန်မ မယုံဘူး"
ကုလျန်ရွှမ်က မေးလိုက်သည်။ "ကိုယ် အရင် ပြောပြရင်ရော?"
ကျန်းထျန်က နားကို ပွတ်ပြပြီး ပြောရန် အချက်ပြလိုက်သည်။
ကုလျန်ရွှမ်က လည်ချောင်းရှင်းကာ ပြောလိုက်သည်။
"အဖွဲ့ခြောက်က မြို့ပေါ်သွားဖို့ ဖြတ်ရတဲ့ တံတားကို သိတယ်မလား?"
ကျန်းထျန် - "အင်း သိတယ်" သူမက မျက်ကန်း မဟုတ်ပေ။
"အဲ့ဒီ တံတားအောက်မှာ ကလေးအလောင်း မြှုပ်ထားတယ်လို့ ကိုယ်ကြားထားတယ်" ကုလျန်ရွှမ်က ရုတ်တရက် အသံလျှော့ကာ ကျန်းထျန်၏ နားအနီး ကပ်၍ပြောလိုက်သည်။
ကျန်းထျန်၏ ပခုံးများ တုန်သွားပြီး ချက်ချင်း ကျောဘက်မှ ကြက်သီးထလာသည်။
ကျန်းထျန်က တံတွေးမြိုချကာ သူမက ကမ္ဘာပျက်ကိန်းထဲမှ ဖုတ်ကောင်များကို မြင်ဖူးခဲ့သည်ကို ဘာလို့ ကလေးအလောင်းကို ကြောက်ရမှာလဲ?
မကြောက်ဘူး မကြောက်ဘူး သူမ မကြောက်ဘူး။
"ဘာလို့လဲ?"ကျန်းထျန်က စောင်ကို ဆွဲကာ ခေါင်းကို အုပ်လိုက်ပြီး မျက်လုံးနှစ်လုံးသာ ဖော်ပြကာ ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။
ကုလျန်ရွှမ်က ခေါင်းခါလိုက်သည်။ "ဒီတံတားက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြန်မတည်ထောင်ခင်ကပဲ ဆောက်ထားတာ။ မြို့က ဆောက်လုပ်ရေး အဖွဲ့က နိုင်ငံအနှံက လူတွေအများကြီး ခိုင်းပြီး ငှားခဲ့ရတာ။ ဆောက်ဖို့အတွက် ဆယ်နှစ်ကျော် ကြာခဲ့တယ်"
ကျန်းထျန်က မျက်လုံး ကျယ်သွားသည်။ "မဖြစ်နိုင်ဘူး။ တံတားက သိပ်မကြီးဘူး"
ကျောက်တံတားက မြစ်ရဲ့ အကျဥ်းဆုံးနေရာကို ဖြတ်ပြီး ဆောက်ထားပြီး ဆယ်မီတာလောက်ပဲ ရှည်သည်။
"ဒါက သာမန် တံတား ဆောက်လုပ်ရေးသာ ဆိုရင် ဆယ်နှစ်ကျော် ကြာမှာ မဟုတ်ဘူး ဒါပေမယ့် ဇာတ်လမ်းတစ်ခု ပါဝင်နေတယ်"
ကုလျန်ရွှမ်က ရှင်းလင်းစွာ ပြောပြီး ဇာတ်ကြောင်းကို ဖြည်းဖြည်းချင်း ပုံဖော်ပြနေသည်။
ဒါက သူ့ကို တတိယညီလေး သင်ထားခြင်း ဖြစ်သည်။
သူက ကျန်းထျန်ကို ကျေနပ်စေရန် ဇာတ်လမ်းကောင်း မပြောနိုင်သောကြောင့် လှည့်ကွက်များ သုံးနေခြင်း ဖြစ်သည်။